Arakan Medic

Arakan Medic General Medical Knowledge

03/09/2024

မျောက်ကျောက်ရောဂါဆိုတာဘာလဲ?
+ + + + + + + + + +
မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။

မျောက်ကျောက်ရောဂါ လက္ခဏာတွေက ဘာတွေလဲ?

ရောဂါလက္ခဏာအနေဖြင့် ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ ထို့နောက် အ‌ရေပြားပေါ်တွင် အဖုအပိန့်များအနေဖြင့်လည်းကောင်း၊ အရည်ကြည် သို့မဟုတ် အဝါရောင်အရည်များပြည့်နေသည့် အရည်ကြည်ဖု၊ ပြည်ဖု အနေအထားဖြင့်လည်းကောင်း တွေ့ရှိရပါသည်။ ထို့နောက် ၎င်းအရည်ကြည်ဖုများသည် ပေါက်ပီး ခြောက်သွေ့ကာ အနာဖေးအနေဖြင့် ကွာကျသွားပါလိမ့်မည်။ လူနာတစ်ယောက်စီတွင် အဖုအပိန့်များကို အရေအတွက် အနည်းငယ်မှ ထောင်ပေါင်းများစွာအထိ တွေ့ရတတ်ပါသည်။ အဖုအပိန့်အများစုကို မျက်နှာ၊ လက်ဖဝါးနှင့် ခြေဖဝါးတို့မှာ တွေ့ရတတ်ပါသည်။ ၎င်းတို့ကို ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။

အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။

မျောက်ကျောက်ရောဂါကြောင့် သေဆုံးနိုင်သလား?

လူနာအများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို လူတစ်ချို့မှာတော့ နောက်ဆက်တွဲ ရောဂါဆိုးကျိုးများဖြစ်ပွားပြီး သေဆုံးသည်အထိလည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ပါသည်။

မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။

မျောက်ကျောက်ရောဂါကုသနိုင်သည့် ဆေးရှိသလား?

မျောက်ကျောက်ရောဂါလက္ခဏာတွေဟာ ကုသမှုခံယူစရာမလိုဘဲ ပျောက်ကင်းသွားတတ်ပါသည်။ ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ခြောက်သွေ့အောင်ထားခြင်း သို့မဟုတ် လိုအပ်ပါက အနာများကို ဆေးထည့်ပေးခြင်းဖြင့်တို့ကလည်း အရေးကြီးပါသည်။ ပါးစပ်ထဲ သို့မဟုတ် မျက်လုံးထဲမှ အနာများကို ကိုင်တွယ်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ စတီးရိုက်ပါဝင်သော ဆေးအမျိုးစားကို ရှောင်ရှားပြီး အခြား ပါးစပ်သန့်ဆေးရည်နှင့် မျက်စဉ်းခပ်ဆေးတို့ကို အသုံးပြုနိုင်ပါသည်။

ကလေးငယ်များ မျောက်ကျောက်ရောဂါ ကူးစက်ခံရနိုင်လား?

ကလေးငယ်များသည် လူငယ်လူရွယ်များနှင့် လူကြီးများထက် ရောဂါလက္ခဏာ ပိုမိုပြင်းထန်စွာ ခံစားရနိုင်ပါသည်။ ရောဂါပိုးသည် သန္ဓေသား သို့မဟုတ် မွေးကင်းစ ကလေးငယ်မွေးဖွားသည့်အချိန် သို့မဟုတ် မွေးကင်းစကလေးငယ်များအား ကနဦး ကိုင်တွယ်ထိတွေ့ခြင်းစသည်တို့မှ ကူးစက်နိုင်ပါသည်။

မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ မိမိကိုယ်တိုင်နှင့် အခြားသူများကို ဘယ်လို ကာကွယ်မလဲ?
သံသယ သို့မဟုတ် အတည်ပြု မျောက်ကျောက်ရောဂါဖြစ်ပွားနေသူများနှင့် ကိုင်တွယ်ထိတွေ့မှုကို ကန့်သတ်ခြင်းဖြင့် ကူးစက်ခံရနိုင်ခြေကို လျှော့ချနိုင်ပါသည်။

အကယ်၍ သင်ကိုယ်တိုင်သည် ကျန်းမာရေးဝန်ထမ်း သို့မဟုတ် အတူနေမိသားစုဝင်ဖြစ်ပြီး မျောက်ကျောက်ရောဂါလူနာကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင် ရောဂါဖြစ်ပွားနေသူကို သီးခြား နေထိုင်စေခြင်းနှင့် ဖြစ်နိုင်ပါက အရေပြားအဖုအပိန့်များကို ဖုံးအုပ်ခြင်း (ဥပမာ- အဖုအပိန့်များကို ဖုံးသော အဝတ်အစားများ ဝတ်ဆင်ခြင်း) တို့ကို လုပ်ဆောင်ရန် အားပေးပါ။ ချောင်းဆိုးနေသော သို့မဟုတ် ပါးစပ်တွင် အနာရှိသော လူနာများနှင့် နီးကပ်စွာရှိနေပါက ၎င်းတို့ကို ဆေးရုံသုံးနှာခေါင်းစည်း (Mask) တပ်ဆင်ထားစေပါ။ သင်ကိုယ်တိုင်လည်း နှာခေါင်းစည်း တပ်ဆင်ထားပါ။ သင့်အနေဖြင့် ဖြစ်နိုင်ပါက အရေပြားခြင်း ထိတွေ့ခြင်းကို ရှောင်ကြဉ်ပြီး အကယ်၍ အရေပြားအဖုအပိန့်များကို ကိုင်တွယ်ထိတွေ့ရမည်ဆိုလျှင်လည်း တစ်ခါသုံး လက်အိတ်များကို အသုံးပြုပြီး ကိုင်တွယ်ပါ။ လူနာများကိုယ်တိုင် အဝတ်အစားဝတ်ခြင်း သို့မဟုတ် အိပ်ယာခင်းခြင်း၊ ပြင်ဆင်ခြင်းတို့ကို မလုပ်ဆောင်နိုင်၍ မိမိက ကိုင်တွယ်ပေးရမည်ဆိုပါက နှာခေါင်းစည်း (Mask) တပ်ဆင်ပါ။

Credit : WHO

မျောက်ကျောက်ရောဂါနှင့်ပတ်သက်ပြီး သံသယရှိပါက 7887 ဂဏန်းလေးလုံးကို ATOM ဖုန်းနဲ့အခမဲ့ခေါ်ဆိုပြီး ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးလိုက်ပါ

03/09/2024
အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး၂၀၂၄ ခ...
23/05/2024

အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃)၊ သင်တန်းဆင်းပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီး

၂၀၂၄ ခုနှစ်၊ မေလ (၂၃) ရက်

အနာဂတ်အာရက္ခတပ်တော်ကို ဦးစီးဦးဆောင်ပြုနိုင်သော၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော စစ်သည်တော်ကောင်းများနှင့် စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ ပေါ်ထွန်းလာရေး၊ အာရက္ခ‌ဒေသနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်နိုင်ရေး စသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်များဖြင့် အာရက္ခတပ်တော် (AA) ၊ စစ်ရုံးချုပ်မှ ဦးဆောင်ကျင်းပသည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲနှင့် မိုခါမုန်တိုင်းကြားမှ အာရက္ခမြေပြင်ထက်တွင် ၂၀၂၄ ခုနှစ်၊ မေလ (၂၀) ရက် နေ့၌ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပါသည်။

အာရက္ခတပ်တော်၊ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) အား ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစ၍ သင်တန်းသူ/ သား (၃၂၆) ယောက်ဖြင့် ရက္ခိုင်ပြည်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ဤအရာရှိ များကို ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့တွင် "အရာရှိလောင်း"အဖြစ် အသိအမှတ်ပြုပေးသောအခမ်းအနားကို ပြုလုပ်ခဲ့ပြီး (၁၁) လခန့် အကြာတွင်မှ သင်တန်းဆင်းနိုင်ခဲ့ခြင်းဖြစ်သည်။ အာရက္ခမြေတွင် ပထမဆုံးအကြိမ်ပြုလုပ်သော ဤသင်တန်းကာလသည် (၁) နှစ် နှင့် (၇) လနီးပါးကြာမြင့်ခဲ့သည်။

အာရက္ခတပ်တော်၏ အရာရှိလေ့ကျင့်ရေးသင်တန်းကျောင်းအား (၉) နှစ်မြောက်၊ ရက္ခိုင့်တပ်တော်နေ့ဖြစ်သည့် ၂၀၁၈ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် တပ်တော်နေ့အခမ်းအနားနှင့်အတူ အရာရှိလောင်း လေ့ကျင့်ရေးသင်တန်း အမှတ်စဉ် (၁) အား ကချင်ပြည်တွင် သင်တန်းသူ/ သား (၁၃၈) ဦးဖြင့် စတင်ဖွင့်လှစ်ခဲ့နိုင်ခဲ့သည်။ ထို့အတူ အမှတ်စဉ် (၂) ကိုလည်း ကချင်ပြည်တွင် ဖွင့်လှစ်နိုင်ခဲ့သည်။

အာရက္ခတပ်တော်၊ အရာရှိသင်တန်း၊ အမှတ်စဉ် (၄) နှင့် အခြေခံစစ်ပညာသင်တန်းများကိုလည်း လာမည့်ကာလများတွင် ဖွင့်လှစ်သွားရန် လျာတားထားပြီး ဖွင့်လှစ်မည့်အချိန်အား အာရက္ခပြည်သူ/သားများအား ထပ်မံအသိပေးသွားမည် ဖြစ်ပါသည်။

အာရက္ခဒေသအတွင်း မှီတင်းနေထိုင်ကြသော လူငယ်၊ လူရွယ်များသည် အမျိုးသားရေးအသိစိတ်ဓာတ်၊ မွေးရာပါအသိစိတ်ဓာတ်တို့ဖြင့် သမိုင်းပေးတာဝန်ကို လူတိုင်းထမ်းဆောင်ကြရမည်။ အာရက္ခတပ်တော်တွင် စစ်မှုထမ်းရွက်ပြီး အာရက္ခဒေသအတွက် တာဝန်ယူလိုကြသည့် လူငယ်၊ လူရွယ်များအနေဖြင့် နီးစပ်ရာစစ်ဒေသများမှတစ်ဆင့် စုံစမ်းပြီး အာရက္ခဒေသတည်ဆောက်ရေး၊ ကာကွယ်ရေးနှင့် တည်တံ့ရေး လုပ်ငန်းများတွင် ပါဝင်နိုင်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

သတင်းနှင့်ပြန်ကြားရေး
အာရက္ခတပ်တော်

ဓါတ်ပုံ - အာရက္ခမြေပေါ်တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ပြီးစီးသည့် အာရက္ခတပ်တော် (AA) ၏ အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) မှ သင်တန်းဆင်း သင်တန်းသူ/သားများ၏ သတင်းဓါတ်ပုံမြင်ကွင်းများ

(၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပိုအပ်သော သဝဏ်လွှာ၁၃၈၅ ခုနှစ်၊ တာကူးလဆန်း (...
10/04/2024

(၁၅) နှစ်မြောက် အာရက္ခတပ်တော်နိ အခမ်းအနားသို အာရက္ခတပ်တော် တပ်မှူးချုပ်မှ ပီးပိုအပ်သော သဝဏ်လွှာ

၁၃၈၅ ခုနှစ်၊ တာကူးလဆန်း (၂) ရက်
၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်

Necessity of water for each age range
06/04/2024

Necessity of water for each age range

29/11/2023

"အဆိပ်ဓါတ်​ငွေ့ဖြင့်တိုက်ခိုက်ခံရလျှင်"
(Edit လုပ်ပြီး ဆီ​လျော်​အောင်ဘာသာပြန်ထားပါသည်)

​အောက်ပါ အချက်များအား​တွေ့ရှိက သို့မဟုတ် ခံစားရပါက သင်သည် အဆိပ်ဓါတ်​ငွေ့ဖြင့်တိုက်ခိုက်ခံရနိုင်​ခြေများပါသည်

👉သူငယ်အိမ်ကျဥ်းခြင်း၊ မျက်လုံးနှင့် အရေပြားများ ယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ မျက်စိနာခြင်း၊ အမြင်အာရုံ ချို့ယွင်းခြင်း

👉စိတ်ရှုပ်ခြင်း၊ ပါးစပ်မှ သွားရည်ကျခြင်း၊ ချွေးထွက်ခြင်း။

👉အကြောဆွဲခြင်းနှင့် တက်ခြင်း။

👉နှာရည်ယိုခြင်း၊ လည်​ချောင်း ယားယံခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခဲခြင်း။

👉နှလုံးခုန်နှေးခြင်း သို့မဟုတ် မြန်ခြင်း၊ အသက်ရှူမြန်ခြင်း

👉ပျို့ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း။

👉မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် သတိလစ်ခြင်း။

💥အဆိပ်​ငွေ့ဖြင့်တိုက်ခိုက်မှုဟု သံသယရှိပါက ထူးဆန်း​သောအနံ့တခုခုရပါက ရောဂါလက္ခဏာ ပြ​အောင်ထိ စောင့်မနေဘဲ ထို​နေရာမှ အမြန်ခွာပါ စပ်စုလိုသည့်သ​ဘော ​သေချာ​ချင်သည့်သ​ဘောဖြင့် ရှူမကြည့်ရ ထိုသို့လုပ်​လေ အဆိပ်​ငွေ့များများရှူမိ​လေ ဖြစ်တတ်သည်

အဆိပ်ဖြင့်တိုက်ခိုက်ခံရ​သောအခါ

🌳 သင်သည် ကွင်းပြင် သို့မဟုတ် လမ်းမ​ပေါ်ရှိ​နေလျှင်

👉ထို​နေရာမှ အမြန်ဆုံး ထွက်ခွာပါ၊ ဖြစ်နိုင်ပါက ​လေဆန်ဖက်သို့ ဦးတည်ပါ။

👉အလျှင်အမြန်ဆုံးနည်းဖြင့် ထွက်ခါပါ၊ မပြေးရ၊ ​ပြေးလျှင်​မောပြီး အသက်ပိုရှူ၍ အဆိပ်ပိုသင့်နိုင်သည်

👉Goggle, Mask, မိုးကာအင်္ကျီ , လက်အိတ် ပါက ချက်ချင်းတပ်ပါ/ဝတ်ပါ။ အဝတ်အစားနှင့် အ​ရေပြားကို မထိပါ​စေနှင့်

👉အသက်ကို တတ်နိုင်သမျှ ဖြည်းဖြည်းချင်း ရှူသွင်းပါ။ ဆိုင်ကယ် စက်ဘီး ကား ​မော်​တော်ဘုတ်ရှိလျှင် အသုံးပြုပါ

👉အနီးဆုံးအဆောက်အဦတခုသို့ ​ရောက်​အောင်သွားပါ ဗုံးခိုကျင်း သို့မဟုတ် မြေအောက်ခန်းရှိလျှင် ဝင်ခိုပါ။ အိမ်နှင့်နီးလျှင် ကိုယ့်အိမ်ကိုယ်ပြန်ပါ။

👉အကယ်၍ အိမ်ပြန်​ရောက်ခဲ့လျှင် အဝတ်အစားအသစ်တစုံ လဲပါ လဲသည့်အခါ အဝတ်များကိုလက်အိပ်စွပ်၍(လက်အိပ်မရနိုင်လျှင် ပလစတစ်အိပ်ဝတ်၍) ချွတ်ပါ အဝတ်​ဟောင်းများကို ပလစတစ်အိပ်ဖြင့်အလုံပိတ်၍သိမ်းပါ

👉အိမ်ပြန်မ​ရောက်လျှင် မိုးကာ ဦးထုပ် Goggle, Mask နှင့် အ​ပေါ်အင်္ကျီများအား ချွတ်ပြီး ပလစတစ်အိပ်တွင်အလုံပိတ်၍သိမ်းပါ

👉ကိုယ်လက်ယားယံလျှင်ဆပ်ပြာဖြင့်​ဆေးပါ မျက်နှာသစ်လျှင် ဆပ်ပြာမသုံးရပါ

🏠 သင့်အိမ်တွင်ရှိ​နေပါက

👉အပြင်သို့လုံးဝမထွက်ပါနှင့် အဆိပ်​ငွေ့နှင့် ထိတွေ့နိုင်သည်။ ပြူတင်း တံခါး ​များအားပိတ်ပါ လေဝင်​လေထွက်​ပေါက်များအား ပလပ်စတစ်စဖြင့် ပိတ်ပါ အဲကွန်းပိတ်ပါ

👉အထပ်မြင့်အိမ်ဖြစ်ပါက အပေါ်ဆုံးထပ်ကိုတက်ပြီး တတ်နိုင်သမျှ ပြတင်းပေါက်နဲ့ တံခါးအနည်းငယ်ပါသည့် အခန်းကို ရှာပါ။ တံခါး ပြူတင်းအားလုံးပိတ်ပါ ​လေဝင်/ထွက်​ပေါက်များအား ပလစတစ်စဖြင့်ပိတ်ပါ အဲကွန်းပိတ်ပါ

👉စားစရာနှင့် ​ရေပုလင်းအချို့ အခန်းတွင်းသို့ယူ​ဆောင်ထားပါ

👉အဆိပ်​ငွေ့နှင့် ထိတွေ့နိုင်သော မည်သည့်အရာကိုမျှ မထိ​တွေ့ မစားမသောက်ပါနှင့် တခြားသူများနှင့်ထိ​တွေ့ခြင်းကို ​ရှောင်ပါ

👉အဆိပ်​ငွေ့သည် နာရီအ​တော်ကြာသည်ထိ မပြယ်လွင့်သည့်အတွက် အခန်းပြင်မထွက်ပဲ သတင်းနား​ထောင်ပါ စိတ်ချရသည့်အ​ခြေအ​နေကို​ရောက်​သောအခါ လုံခြုံ​သော သတ်မှတ်လမ်း​ကြောင်းအတိုင်း ​နေရာ​ရွှေ့နိုင်သည်

💥အဆိပ်​ငွေ့သင့်သည့် လက္ခဏာများ ခံစားရပါက

👉အဝတ်အစားအပေါ်ဆုံးအလွှာကို လက်ဗလာနဲ့ မထိဘဲ ဖြစ်နိုင်ရင် လက်အိတ်နဲ့ ချွတ်ပါ၊ ချွတ်ပြီးအဝတ်များအား ပလစတစ်အိပ်ထဲထည့်ပြီး ​လေအလုံပိတ်ပါ ဖြစ်နိုင်ပါက ​နောက်တအိပ်ဖြင့်ထပ်ပိတ်ပါ

👉အဝတ်များ ချွတ်ရခက်​နေပါက အချိန်ယူ၍ ခက်ခက်ခဲခဲ ကြိုးစားမ​နေပဲ ကပ်​ကျေးဖြင့် ညှပ်ထုတ်သင့်ပါသည်

👉အဆိပ်သင့်သည့် လက္ခဏာများ ပြပါက ကိုယ်လက်များအားဆပ်ပြာနှင့်​ဆေးပြီး မျက်နှာ မျက်လုံးများအား ရေဖြင့်သာ ဆေးကြောပါ ဆပ်ပြာမသုံးရ

👉တခြားလူများနှင့် ထိ​တွေ့ခြင်းကို ​ရှောင်ကျဥ်ပါ

💢စစ်​ဘေးမှ​ကျော်လွှားနိုင်ကြပါ​စေ💢

Whooping Cough (ကြက်ညှာခြောင်းဆိုး)Whooping Cough (ကြက်ညှာခြောင်းဆိုးရောဂါ) ဆိုစွာဇာလဲ? ကြက်ညှာခြောင်းဆိုးရောဂါသည် အသက်ရ...
25/10/2023

Whooping Cough (ကြက်ညှာခြောင်းဆိုး)
Whooping Cough (ကြက်ညှာခြောင်းဆိုးရောဂါ) ဆိုစွာဇာလဲ?
ကြက်ညှာခြောင်းဆိုးရောဂါသည် အသက်ရှူလမ်းကြောင်းတွင်ဖြစ်‌သော ကူးစက်‌ရောဂါတစ်မျိုးဖြစ်ပြီး လူရို့၏ ပါးစပ်၊ နှာခေါင်းနန့် လိုင်ခြောင်းရို့မှာ နီထိုင်သော Bordetella Pertussis ဘက်တီးရီးယားပိုးကြောင့် ဖြစ်ပါသည်။ အလွန်ကူးစက်မြန်သည့် ‌ရောဂါြဖစ်ပြီး အထူးသဖြင့် ကာကွယ်ဆီးမထိုးရသိမ့်သော အသျှေတိမှာ ပိုမိုကူးစက်မြန်ပါသည်။ တစ်နှစ်အောက်အသျှေနန့် ငယ်ရွယ်သောအသျှေတိမှာ ကူးစက်ခံရမှုအများဆုံးဖြစ်ပြီး ပြင်းထန်သော နောက်ဆက်တွဲပြဿနာများဖြစ်ပွားခြင်းနန့် အသက်ရှုံးခြင်းများဖြစ်နိုင်ပါသည်။ အလွယ်တကူ ကူးစက်ပျံ့နှံ့နိုင်ကေလည်း ကာကွယ်ဆီးထိုးနှံခြင်းဖြင့် ကာကွယ်နိုင်သောရောဂါတစ်မျိုးဖြစ်ပါသည်။
ရောဂါပိုးကူးစက်ပြန့်ပွားပုံ
ကြက်ညှာခြောင်းဆိုးရောဂါသည် နှာချီစဥ် (သို့) ခြောင်းဆိုးစဥ်ထွက်လာသော အစက်အမှုန်များမှ တစ်ဆင့် အသျှေတစ်ယောက်မှ တစ်ယောက်သို့ လွယ်ကူလျင်မြန်စွာ ကူးစက်ပြန့်ပွားနိုင်ပါသည်။ ဆီးကုသမှု စနစ်တကျမခံယူသော လူနာများသည် သိသိသာသာခြောင်းဆိုးခြင်း စတင်ပြီးနောက် (၃) ပတ်ကြာသည်အထိ ကူးစက်နိုင်သည်။
ရောဂါလက္ခဏာများ
ရောဂါပိုးကူးစက်ပြီး (၇) ရက်မှ (၁၀) ရက်အတွင်း ရောဂါလက္ခဏာတိစပြတတ်ပါသည်။ ယင်းထက် ကြာကောင်းကြာနိုင်ပါသည်။ အစပိုင်းအဆင့်မှာဆိုကေ အအီးမိရေလက္ခဏာလောက်ရာ ပြတတ်ပါသည်။
 နှာရည်ကျခြင်း
 နှာပိတ်ခြင်း
 မျက်စိနီခြင်း၊ မျက်ရည်ပူထွက်ခြင်း
 ဖျားခြင်း
 ခြောင်းဆိုးခြင်း
(၁) ပတ်၊ (၂) ပတ် ကြာပြီးနောက် လက္ခဏာတိက ပိုဆိုးလာနိုင်ပါသည်။ အချိန်အကြာကြီး ပြင်းပြင်း ထန်ထန် ခြောင်းဆိုးခြင်းကြောင့်
 အန်ခြင်း
 မျက်နှာနီလာခြင်း (သို့) ပြာလာခြင်း
 အလွန်မောပန်းနွမ်းနယ်ခြင်း
 ခြောင်းဆိုးပြီးနောက် အသက်ရှူသံပြင်းပြင်းထွက်ခြင်း
နို့စို့အသျှေတိမှာ ခြောင်းဆိုးခြင်းကို မတွိရတတ်ပါ။ အသက်ရှူဖို့ခက်ခဲခြင်း၊ အသက်ရှူရပ်လား ခြင်းမျိုးတိ တွိရတတ်ပါသည်။ အထက်မှာဖော်ပြထားရေ လက္ခဏာတိထဲမှာ မပါဝင်သော အခြားလက္ခဏာတိ လေ့တွိနိုင်ပါသည်။ ကိုယ့်မှာကြက်ညှာခြောင်းရောဂါဖြစ်နိုင်သော ရောဂါလက္ခဏာတစ်ခုခုဟိနီဖို့လား စိုးရိမ်နီမိ ကေ ဆရာဝန်နန့် ဆွီးနွီးတိုင်ပင်သင့်ပါသည်။
ဖြစ်နိုင်ခြီများသူများ
 ကာကွယ်ဆီးမထိုးထားနိုင်သောလူများတွင် အဖြစ်များသည်။
 ကာကွယ်ဆီးမပြည့်သိမ့်သော အသျှေတိ
စစ်ဆီးမှုများ
‌ရောဂါဖြစ်စတွင် သိဟိရန်ခက်ခဲကေလည်း ကြာလာသည်နန့်အမျှ ရောဂါရာဇဝင်မီးမြန်းခြင်း၊ စမ်းသပ် ခြင်းများနန့် နှာခေါင်းနန့် လိုင်ခြောင်းများမှယူ၍ အကောင်မွီးခြင်း၊ သွီးစစ်ခြင်းနန့် ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း များပြုလုပ်ပီးခြင်းအားဖြင့် ရောဂါယှာဖွီသိဟိနိုင်ပါသည်။
ကုသမှုပီးခြင်း
အသျှေတိမှာဖြစ်ပွားပါက ဆီးရုံတက်ကုသမှုခံယူရန်လိုအပ်ပါသည်။ အရည်နန့် အစာမဝင်ပါက သွီးပြန်ကြောမှတစ်ဆင့် အရည်များထည့်ပီးရန်နန့် တခြားအသျှေတိနန့် ခွဲထားရန်လိုအပ်ပါသည်။ အရွယ်‌ ရောက်ပြီးသောလူလတ်ပိုင်းနန့် လူကြီးများဆိုပါက အိမ်တွင်နီ၍ ကုသနိုင်သည်။ ရောဂါကူးစက်ခံရသူကို ပိုးသတ်ဆီး များပီးခြင်းအပြင် မိသားစုများကိုလည်း ပိုးသတ်ဆီးများပီး၍ ကြိုတင်ကာကွယ် ရန်လိုအပ်သည်။
လူနီမှုပုံစံပြောင်းလဲခြင်းနန့် အိမ်တွင်းကုထုံးများ
 အချိန်များများအနားယူခြင်း
 အရည်အများကြီးသောက်ခြင်း (ရီ၊ စွပ်ပြုတ်၊ အသီးဖျော်ရည်များ)
 အစားအနည်းချေနန့် မကြာမကြာစားပီးခြင်း (ခြောင်းဆိုးပြီးနောက် မအန်အောင်ကူညီပီးနိုင်)
 လီထုသန့်ယှင်းခြင်း (ဆီးလိပ်ငွေ့၊ မီးခိုးငွေ့သည် ခြောင်းဆိုးစီပါသည်။)
 ကူးစက်မှုတိကာကွယ်နိုင်ရန် ခြောင်းဆိုးလျှင် လက်ကိုင်ပဝါနန့် အုပ်ပြီးဆိုးခြင်း၊ လက်ကိုမကြာမကြာ ဆီးပီးခြင်း
နောက်ဆက်တွဲပြဿနာများ
ဆက်ကျော်သက်နန့် လူကြီးများတွင် နောက်ဆက်တွဲပြဿနာများမဖြစ်ဘဲ ပြန်ကောင်းတတ်သော် လည်း ပြင်းထန်စွာခြောင်းဆိုးခြင်းကြောင့်
 နံရိုးများအက်ခြင်း
 ဝမ်းထဲတွင် အူကျွံခြင်း
 အရီပြား/ မျက်လုံးအဖြူပေါ်တွင် သွီးကြောများပြတ်ခြင်းရို့ဖြစ်တတ်ပါသည်။
၆ လအောက် အသျှေတိမှာဖြစ်ပါက နောက်ဆက်တွဲလက္ခဏာများအနီဖြင့်
 အဆုတ်‌ရောင်ရောဂါ
 အသက်ရှူနှေးကာ ရပ်လားတတ်ခြင်း
 အစာမစားခြင်းကြောင့် ရီဓာတ်ခမ်းခြောက်ခြင်းနန့် ကိုယ်အလီးချိန်ကျခြင်း
 တက်ခြင်း
 ဦးနှောက်ထိခိုက်ခြင်းအထိ ဆိုးဆိုးရွားရွားဖြစ်စီနိုင်ပါသည်။
ကာကွယ်ခြင်း
ကြက်ညှာခြေင်းဆိုးရောဂါကို ကာကွယ်ရန်အကောင်းဆုံးနည်းလမ်းမှာ ကာကွယ်ဆီးထိုးရန်ဖြစ်သည်။ အသျှေမွီးကင်းစ ၂ လ၊ ၄ လ၊ ၆ လ၊ ၁ နှစ်ခွဲနန့် ၄-၆ နှစ်ဟူ၍ ကာကွယ်ဆီး ၅ ကြိမ်ထိုးပီးနိုင်သည်။

ကျန်းမာရီးဗဟုသုတ @ #
@ Arakan Medic
Crd; Referenced Pages # #@@

Bronchiolitis (RSV) (အဆုတ်လီပြွန်သျှေတိရောင်ခြင်း)Bronchiolitis အဆုတ်လီပြွန်သျှေတိရောင်ခြင်းသည် မွီးကင်းစအသျှေတိနန့် အသျ...
24/10/2023

Bronchiolitis (RSV) (အဆုတ်လီပြွန်သျှေတိရောင်ခြင်း)
Bronchiolitis အဆုတ်လီပြွန်သျှေတိရောင်ခြင်းသည် မွီးကင်းစအသျှေတိနန့် အသျှေတိမှာ အဖြစ်များဆုံး သောအဆုတ်ရောင်ရောဂါဖြစ်သည်။ Bronchiolitis အဆုတ်လီပြွန်ရောင်ခြင်းဆိုစွာ အဆုတ် အတွင်းလီဖြတ် လားသော လမ်းကြောင်းတစ်လျှောက်ဟိအချွဲမြှေးလွှာ (mucous membrane) ရောင်ရမ်းခြင်း ကိုခေါ်ပါသည်။ လီပြွန်ပတ်လည်ဟိ အချွဲမြှေး ရောင်ရမ်းခြင်းနန့်အတူ ချွဲသလိပ်များပြားလာခြင်းကြောင့် လီပြွန်ကျဥ်းမြောင်း လာ၍ ခြောင်းဆိုးသောအခါ သလိပ်ထွက်လာပြီး မောလာတတ်ပါသည်။ လီပြွန်၏ အဓိကလုပ်ဆောင်ချက်မှာ အဆုတ်ထဲသို့ အောက်ဆီဂျင်ဓာတ် ပို့ဆောင်ပီးရခြင်းဖြစ်လို့ လီပြွန်ရောင်ခြင်းကို ခံစားရသောအခါ အဆုတ်ထဲ သို့ အောက်ဆီဂျင်လုံလောက်စွာရောက်ရှိမှုမဟိ၍ ကျန်းမာရီးဆိုင်ရာ ဆိုးကျိုး ပေါင်းများစွာ ခံစားရမှာဖြစ် ပါသည်။
Bronchiolitis (အဆုတ်လီပြွန်သျှေတိရောင်ခြင်း) ကိုဖြစ်စီသောအကြောင်းအရင်း
Bronchiolitis အဆုတ်လီပြွန်သျှေတိရောင်ခြင်းကိုဖြစ်စီသော အကြောင်းအရင်းတိက ဘတ်တီးရီး ယားပိုး၊ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းရို့ကြောင့်ဖြစ်ပါသည်။ Bronchiolitis သည် Virus ပိုးအမျိုးအစား ဖြစ်သော RSV (Respiratory Syncytial Virus) ပိုးကြောင့် 72 % အဖြစ်များပြီး Human Rhinovirus ပိုးကြောင့် 26 % အထိ ဖြစ်တတ်ပါသည်။ အများစုမှာ RSV ပိုးကြောင့်အဖြစ်များပါသည်။ Bronchiolitis အဆုတ်လီပြွန်သျှေတိ ရောင်ခြင်းကို ဖြစ်စီသော Virus ပိုးများ-
 Respiratory Syncytial Virus (RSV)
 Influenza (Flu) Virus
 Adenovirus
 Parainfluenza
 Metapneumovirus
 SARS-Cov-2 (the virus that causes COVID)
Sign & Symptoms (လက္ခဏာများ)
 ဖျားခြင်း (Fever)
 နှာစီးခြင်း (Sneezing)
 နှာရည်ယိုခြင်း (Runny nose)
 ခြောင်းဆိုးခြင်း (Coughing)
 အသက်ရှူရ ခက်ခဲခြင်း၊ ယင်ခြင်း > 70/min (Difficulty breathing and rapid breathing)
 အသက်ရှူလျှင်တရွှီရွှီမြည်ခြင်း (Wheezing)
 အစာစားချင်စိတ်လျှော့နည်း (Decrease in appetite)
 အရီပြားပြာနှမ်းခြင်း (Bluish skin)
 အဆုပ်ထဲမှ ထူးဆန်းသောအသံများကြားရခြင်း (Crackling or rattling sounds heard in the lungs)
Treatments (ကုသမှုပီးခြင်း)
Bronchiolitis ကို ကုသဖို့ဆီးမဟိပါ။ ရောဂါပိုးပျောက်ကင်းပြီး အဆုတ်လီပြွန်ရောင်ခြင်းသက်သာရန် အတွက် ၂ ပတ် မှ ၃ ပတ် အထိကြာတတ်သည်။ အဆုတ်လီပြွန်ရောင်ခြင်းကို ပဋိဇီဝပိုးသတ်ဆီးများနန့် ကုသ မှုပီးခြင်း သည်ထိရောက်မှုမဟိနိုင်ပါ။ အသျှေအများစုမှာ အဆုတ်လီပြွန်သျှေတိရောင်းခြင်းကို အိမ်တွင် ကုသပျောက်ကင်းနိုင်သည်။ ရောဂါလက္ခဏာများ ပိုဆိုးလာခြင်း (သို့) အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ဟိ/ မဟိကို အမြဲကြည့်ရှူသင့်သည်။ အိမ်တွင်းကုသမှုများမှာ -
 အရည်ဓာတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ရန် အရည်များများတိုက်ပါ။
 နှာရည်ယိုခြင်းကို သက်သာစီရန် Nasal drops or sprays ကို အသုံးပြုနိုင်သည်။
 Syringe ကိုအသုံးပြုပြီး နှာခေါင်းထဲမှာ အကျိအချွဲများနန့် ဖယ်ယှားပီးနိုင်သည်။
 ခေါင်းအုံးအပိုတစ်ခုဖြင့် ခေါင်းကိုဆန့်ထုတ်ထားပါ။ (အသက် ၁ နှစ်အောက်အသျှေကိုမလုပ်ရ။)
အဆုတ်လီပြွန်ရောင်ရောဂါဖြစ်သော အသျှေ ၃ ရာခိုင်နှုန်းလောက် ဆီးရုံတွင် ကုသမှုပီးရန်လိုအပ်တတ် သည်။ အောက်ပါလက္ခဏာများတွိရပါက အရီးပေါ်ဆီးကုသမှုခံယူသင့်ပါသည်။
 မွီးကင်းစအသျှေ (သို့) အသျှေသည် ညဥ်းညူနီပါက (သို့) နံရိုးတစ်ဝိုက်နန့် လိုင်ခြောင်းအောက်ဟိ အရီပြားကိုထိလျှင် ပြင်းထန်စွာနာကျင်၍ တွန့်ဆုတ်ခြင်း
 မွီးကင်းစအသျှေ (သို့) အသျှေသည် ပင်ပန်းနီပါက (သို့) တုန့်ပြန်ခြင်းမဟိပါက
 မွီးကင်းစအသျှေ (သို့) အသျှေသည် အသက်ရှူရပ်လားပါက (သို့) ၁၅ စက္ကန့်မှ ၂၀ စက္ကန့်ထက်ပို၍ အသက်ရှူရပ်လားပါက
 မွီးကင်းစအသျှေ (သို့) အသျှေ၏ အသားအရောင်သည် ပြာနှမ်းနီပါက။
Bronchiolitis (အဆုတ်လီပြွန်‌သျှေရောင်ခြင်း) ပိုဆိုးစီသောအချက်များ
 လမစိဘဲစောလို့မွီးခြင်း
 မွီးရာပါ အဆုတ် (သို့) နှလုံးရောဂါဟိခြင်း
 ကိုယ်ခံအားစနစ်အားနည်းခြင်း (ရောဂါပိုးကို တိုက်ဖျက်ရန်ခက်ခဲစီသည်။)
Complications (နောက်ဆက်တွဲပြဿနာများ)
 ခန္ဓာကိုယ်တွင် ‌‌အောက်ဆီဂျင်လျော့နည်းခြင်း
 အသက်ရှူရပ်ခြင်း (လမစိဘဲ မွီးသောအသျှေနန့် ၂ နှစ်အောက် အသျှေတိမှာအဖြစ်များ)
 အရည်လုံလောက်စွာမသောက်ခြင်း၊ ခန္ဓာကိုယ်မှ အရည်ဓာတ်ဆုံးရှုံးမှုများသော အရည်ဓာတ် ခမ်းခြောက်မှုကိုဖြစ်စီနိုင်သည်။
 လိုအပ်သော အောက်ဆီဂျင်ပမာဏကို မရနိုင်၍ အသက်ရှူခက်ခဲခြင်းကိုဖြစ်စီနိုင်သည်။
Prevention (ကြိုတင်ကာကွယ်ခြင်း)
 လက်ကိုမကြာမကြာဆီးကြောပီးပါ။
 လူထူထပ်သောနီရာသို့လားတိုင်း Mask တပ်ပါ။
 အရာဝတ္ထုများကို ကိုင်တွယ်မိပြီးတိုင်း နှာခေါင်း၊ ပါးစပ်ကိုကိုင်တွယ်မိပြီးတိုင်း လက်ကိုစင်အောင် ဆီးကြောပါ။
 နှာချီ၊ ခြောင်းဆိုးသောအခါများတွင် တစ်သျှူး (သို့) တံတောင်ဆစ်ကွေ့နန့် ဖုံးအုပ်ပါ။
 အခြားလူများနန့် ဖန်ခွက်တစ်ခုတည်းဖြင့်သောက်ခြင်း၊ ထမင်းတစ်ပန်ကန်တည်းစားသောက်ခြင်းမှ ယှောင်ကြည်ပါ။
 အိမ်တွင်အနားယူပါ၊ ရီများများသောက်ပါ။
 ဆီးလိပ်မသောက်ပါနှင့် ဆီးလိပ်မီးခိုးငွေ့ကိုယှောင်ပါ။ (ဆီးလိပ်သောက်ခြင်း (သို့) ဆီးလိပ်ငွေ့ရှူခြင်း သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကို ပို၍ဆိုးဝါးစီပါသည်။)

ကျန်းမာရီးဗဟုသုတ @ #
@ Arakan Medic
Crd; Referenced Pages # #@@

Flu (တုပ်ကွေးရောဂါ)Flu (တုပ်ကွေး) ရောဂါဆိုစွာ ဇာလဲ?Flu (တုပ်ကွေး) ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်‌ရောဂါဖြစ်သည်...
22/10/2023

Flu (တုပ်ကွေးရောဂါ)
Flu (တုပ်ကွေး) ရောဂါဆိုစွာ ဇာလဲ?
Flu (တုပ်ကွေး) ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်‌ရောဂါဖြစ်သည်။ တုပ်ကွေး ရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးများ Influenza Virus ကြောင့်ဖြစ်သော ဖျားနာမှုတစ်မျိုး ဖြစ်သည်။ Virus ကို အမျိုးအစား A,B,C ဟု ခွဲခြားထားပါသည်။ အထူးသဖြင့် ရာသီအကူးအပြောင်းတွင် ဖြစ်ပေါ် တတ်ပြီး လူ့ခန္ဓာကိုယ်ထဲကို ရောဂါပိုးကူးစက်ဝင်ရောက်လာပါက ယင်း‌ရောဂါပိုးအား ကာကွယ်နိုင်သော ခုခံအားမဟိ လျှင် တုပ်ကွေးရောဂါခံစားရပါသည်။ တုပ်ကွေးသည် လူများကို ခြောင်းဆိုးခြင်း၊ လိုင်‌ခြောင်းနာခြင်းနန့် ကိုယ်ပူခြင်းရို့ကို ဖြစ်စီနိုင်ပါသည်။ နှာရည်ကျခြင်း သို့မဟုတ် နှာခေါင်းပိတ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်းဖြစ်နိုင်ပြီး အခြားနီထိုင်မကောင်းသည့် လက္ခဏာများခံစားရနိုင်သည်။ တုပ်ကွေးသည် နှစ်စိုင်ဖြစ်ပွားပြီး ဆောင်းဦးနန့် ဆောင်းဦးရာသီရို့မှာ အဖြစ်များသည်။ တုပ်ကွေးရောဂါသည် အသျှေ၊ အကြီး အရွယ်မရွီးဖြစ်ပွာနိုင်သည်။
Flu (တုပ်ကွေး) ရောဂါပိုး ဇာပိုင်ကူးစက်ပျံ့နှံ့လဲ?
တုပ်ကွေးဖြစ်နီရေလူ၏ ခြောင်းဆိုးခြင်း၊ နှာချီခြင်းရို့မှ ထွက်လာသော နှာရည်၊ သွန်ဆီး၊ သလိပ်၊ သွီးနန့် လီထုထဲကအမှုန်အမွှားထဲရို့က တစ်ဆင့်ကူးစက်တတ်ပါသည်။ ရောဂါဟိရေလူတိ နှာချီ၊ ခြောင်းဆိုး၊ စကားပြောလိုက်သောအခါထွက်သော အမှုန်အမွှားတွင် ရောဂါပိုးများ ကူးစက်နီပြီး ယင်းအမှုန်မွှားတိနန့် ထိတွိမိခြင်းဖြင့်သော်လည်းကောင်း၊ ရှူရှိုက် (သို့) ယင်းအမှုန်အမွှားဟိနီသော အရာဝတ္ထူများကို လက်ဖြင့် ကိုယ်တွယ်မိပြီး ယင်းလက်ဖြင့် မျက်စိ၊ ပါးစပ်၊ နှာခေါင်းရို့ကို ကိုယ်တွယ်ခြင်းဖြင့် ‌ရောဂါကူးစက်နိုင်ပါသည်။
Flu (တုပ်ကွေး) ရောဂါလက္ခဏာတိက ဇာတိလဲ?
တုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ပြီး၂၄ - ၄၈ နာရီအတွင်း တုပ်ကွေး၏ရောဂါလက္ခဏာများ ပေါ်ပေါက်လာ ပါသည်။ ‌ရောဂါလက္ခဏာသည် ၃ - ၅ ရက်ထိကြာနိုင်ပါသည်။ တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ
 ကိုယ်ပူခြင်း၊ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိဖျားခြင်း (Fever)
 နှာစီးခြင်း (Sneezing)
 ခြောင်းခြောက်ဆိုးခြင်း (Dry Cough)
 ခေါင်းကိုက်ခြင်း (Headache)
 ခန္ဓာကိုယ်နာခြင်း (Body pain)
 ပျို့ခြင်း၊ အန်ခြင်း (Nausea and Vomiting)
 အစားအသောက်ပျက်ခြင်း၊ အစာစားလိုစိတ်မဟိခြင်း (Anorexia)
 ပင်ပန်းခြင်း၊ အားအင်ကုန်ခမ်းခြင်း (Fatigue)
 မျက်စိ ယားယံခြင်း (Itchy eye)
 မျက်စိနီများ နီမြန်းခြင်း (Redness in eyes)
 ဝမ်းလားခြင်း (Diarrhoea)
တုပ်ကွေးရောဂါသည် ဇာလောက်ထိပြင်းပြင်းထန်ထန်ဖြစ်နိုင်လဲ၊ ဇာသူရို့မှာအပြင်းအထန်ဖြစ်နိုင်လဲ?
တုပ်ကွေး‌‌‌ရောဂါသည် အဖျားကြီးပြီး အသက်ဆုံးရှုံးနိုင်ရေအထိ ပြင်းထန်နိုင်ပါသည်။ အသက် ၆၅ နှစ် အထက် လူကြီးတိမှာ တုပ်ကွေး‌‌ရောဂါပြန်းထန်တတ်ပြီး၊ ဆီးချို‌‌ရောဂါ၊ နှလုံးရောဂါ၊ ပန်းနာရင်ကြပ်‌ရောဂါ၊ ကျောက်ကပ်ရောဂါနန့် ကိုယ်ဝန်‌ဆောင်တိမှာ တုပ်ကွေးရောဂါဖြစ်ကေ ပြင်းထန်နိုင်ပါသည်။ အသက် ၅ နှစ် အောက်အသျှေတိမှာဖြစ်ကေလေ့ ပြင်းထန်နိုင်ပြီး အသက်န္တရာယ်ဟိနိုင်သည်။
တုပ်ကွေးဖြစ်နီသောသူထံက အခြားသူများထံသို့ ရောဂါပိုးကူးစက်ဖို့အချိန်ဇာလောက်ကြာနိုင်လဲ?
‌ရောဂါလက္ခဏာမပြခင် ၁ ရက်က စပြီးကေ ရောဂါလက္ခဏာပြလို့ ၅ ရက်မှ ၇ ရက်တိုင်အောင် အခြားသူများထံသို့ တုပ်ကွေး‌ရောဂါပိုးကူးစက်ပျံ့နိုင်သည်။ ပြင်းထန်စွာဖျားနာသူများ သို့ အသျှေတိမှာ ယင်းထက်စောလို့ ကူးစက်ပျံ့နှံ့နိုင်သည်။
တုပ်ကွေးရောကို ဇာပိုင်ကုသနိုင်လဲ?
အပျော့စားတုပ်ကွေး‌ရောဂါ၏ လက္ခဏာတိမှာ ကုသစရာမလိုဘဲ ၇ ရက်မှ ၁၀ ရက်အတွင်း သက်သာ ပျောက်ကင်းနိုင်ပါသည်။ တုပ်ကွေးရောဂါလက္ခဏာတိကို သက်သာစီဖို့အတွက် -
 အချိန်များများအနားယူပါ။
 ရီဓာတ်ခမ်းခြောက်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် ရီနန့် အခြားအရက်မဟုတ်သော အရည်တိကို အများကြီးသောက်ပီးပါ။
 နွီးနွီးထွီးထွီးနီပါ။
 ကျန်းမာရီးနန့် ညီညွတ်တေ အသီးအနှံ၊ ဟင်းသီးဟင်းရွက်တိကို များများစားပီးပါ။
 ဖြစ်နိုင်ကေ ဆီးလိပ်သောက်ခြင်း၊ ဆီးလိပ်ငွေ့ရှူရှိုက်မိခြင်းကိုရှောင်သင့်ပါသည်။
 နှာစီး၍ နှာခေါင်းပိတ်ခြင်းကိုသက်သာစီရန် ရီနွီးငွေ့ရှူခြင်း (သို့) ရီနွီးနန့်ရီချိုးပီးပါ။
 ပြင်းထန်သောတုပ်ကွေးရောဂါများအတွက် Anti-Virus ပိုးသတ်ဆီးကို ဆရာဝန်ညွှန်ကြားချက်အတိုင်း ကုသမှုခံရယူရပါမည်။
ဇာလက္ခဏာတိပြကေ အသက်အန္တရာယ်စိုးရိမ်ရလဲ။
အသျှေတိမှာဆိုကေ အောက်ပါလက္ခဏာတိပြကေ အသက်အန္တရာယ်စိုးရိမ်ရသဖြင့် အရီးပေါ်ကျန်းမာ ရီးစောင့်ယှောက်မှုခံယူသင့်ပါသည်။
 အသက်ရှူမြန်ခြင်း (သို့) အသက်ရှူရခက်ခဲခြင်း
 အသားအရီပြာနှမ်းခြင်း (သို့) မီးခိုးရောင်ဖြစ်ခြင်း
 အရည်လုံလောက်စွာမသောက်သုံးခြင်း
 ပြင်းထန်စွာအန်ခြင်း
 မနိုးဘဲအိပ်ခြင်း (သို့) အပြန်အလှန်တုံ့ပြန်မှုမဟိခြင်း
 စိတ်ဆတ်ခြင်း
 ပိုမိုဆိုးရွားစွာခြောင်းဆိုးခြင်း
 ကိုယ်အပူကြီးခြင်း
အရွယ်ရောက်သူများတွင် အောက်ပါလက္ခဏာများခံစားနီရသည်ကို တွိဟိပါက အရီးပေါ်ဆီးဝါးကုသ မှုပီးရန်လိုအပ်ပါသည်။
 အသက်ရှူရခက်ခဲခြင်း (သို့) အသက်ရှူမဝခြင်း
 ရင်အုပ် (သို့) ဝမ်းဗိုက်တွင်နာကျင်ခြင်း
 ရုတ်တရက်မူးဝေခြင်း
 ကယောင်ကတမ်းဖြစ်ခြင်း
 အပြင်းအထန် (သို့) အဆက်မပြတ်အန်ခြင်း
 ကိုယ်အပူကြီးခြင်း
 ပိုမိုဆိုးရွားစွာခြောင်းဆိုးခြင်း
Flu ရောဂါကို ဇာပိုင် ကာကွယ်ရဖို့လဲ ?
တုပ်ကွေးရောဂါကို အသက်ခြောက်လမှစ၍ ကာကွယ်ဆီး ထိုးနှံခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ အသက် ၈ နှစ်အထက်၊ လူငယ်နှင့် လူကြီးများတွင် တစ်နှစ်တစ်ကြိမ်ပုံမှန် ကာကွယ်ဆီးထိုးပီးခြင်းဖြင့် ကာကွယ်နိုင်ပါသည်။ ကိုယ်ခံအားကောင်းအောင် အိပ်ရီးဝဝအိပ်ခြင်း၊ အာရဓာတ်ပြည့်ဝအောင် စားသောက် ခြင်း၊ အရည်များများသောက်ခြင်း၊ စိတ်ဖိစီးမှုများကို အတတ်နိုင်ဆုံးလျှော့ချပြီး ပျော်ပျော်နီခြင်းနန့် ကိုယ်လက် လိကျင့်ခန်းများကို ပုံမှန်လုပ်ခြင်းဖြင့်လည်း ရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါသည်။ လူများကြားလား လာသောအခါများတွင်လည်း Mask တပ်ခြင်း၊ ပါးစပ်နန့် နှာခေါင်းကို မကိုင်တွယ်မီ လက်ကို စနစ်တကျ ဆီးခြင်းများသည်လည်း ရောဂါပိုးကင်းဝီးအောင် အကောင်းဆုံးကာကွယ်နိုင်ပါသည်။
ကျန်းမာရီးဗဟုသုတ @ #
@ Arakan Medic
Crd; @ # Referenced Pages # #

ဆောင်းရာသီတွင်ဖြစ်တတ်သော ရောဂါများ ဆောင်းရာသီတွင် ယျေဘုယအားဖြင့် အဖြစ်များသော ရောဂါများကို အောက်မှာ ဖော်ပြထားပါသည်။ ယင်း...
20/10/2023

ဆောင်းရာသီတွင်ဖြစ်တတ်သော ရောဂါများ
ဆောင်းရာသီတွင် ယျေဘုယအားဖြင့် အဖြစ်များသော ရောဂါများကို အောက်မှာ ဖော်ပြထားပါသည်။ ယင်းအဖြစ်များသော ရောဂါများမှာ -
 Common Cold (သာမန်အအီးမိခြင်း)
 Strep Throat (လိုင်ခြောင်းနာခြင်း)
 Flu (ရာသီတုပ်ကွေး)
 Bronchiolitis (RSV) (အဆုတ်လီပြွန်သျှေတိရောင်ခြင်း)
 Whooping Cough (ကြက်ညှာခြောင်းဆိုး)
 Pneumonia (နမိုးနီးယာ အဆုတ်ရောင်ခြင်း)
 Norovirus (Norovirus ကြောင့်ဖြစ်တေ အစာအိမ်နန့် အူလမ်းကြောင်းရောင်ရမ်းခြင်း) ရို့ဖြစ်ပါသည်။

 Common Cold (သာမန်အအီးမိခြင်း)
Common Cold (သာမန်အအီးမိခြင်း) ဆိုစွာဇာလဲ?
Common Cold သည် လီကနီတစ်ဆင့် ကူးစက်တတ်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါဖြစ်သည်။ ဗိုင်းရပ်စ်ပိုးကူးစက်မှုကြောင့်ဖြစ်တတ်ပြီး ကမ္ဘာတစ်ဝန်းတွင် Common Cold ကိုအဓိကဖြစ်စီ သော ဗိုင်းရပ်စ်ပိုး ၂၀၀ ကျော်ခန့်ဟိပါသည်။ ဗိုင်းရပ်စ်ပိုးများသည် အရာဝတ္ထုများထက်တွင် ၂ ရက် (၄၈ နာရီ) ခန့် အသက်ရှင်သန်နီထိုင်နိုင်ပါသည်။ ပတ်ဝန်းကျင်ရာသီဥတုအီးမြသော အခြီအနီများတွင် ပို၍ရှင်သန်ပေါက် ဖွားတတ်ပါသည်။ ယင်းကြောင့် ဆောင်းရာသီတွင် ရောဂါပိုမိုအဖြစ်များကာ ကူးစက်မှုနှုန်းလည်းမြင့်မား ပါသည်။
ဗိုင်းရပ်စ်ပိုး ဇာပိုင်ကူးစက်ပြန့်ပွားလဲ ?
ဗိုင်းရပ်စ်ပိုးသည် ရောဂါကူးစက်ခံထားရသူများ နှာချီ၊ ချောင်းဆိုး၊ နှာညှစ်ခြင်းများမှ တစ်ဆင့် လီထုထဲ မှာ ပြန့်နှံ့လားပြီး အခြားသူများကို ကူးစက်စီပါသည်။ ဗိုင်းရပ်စ်ပိုးဟိသော အရာဝတ္ထုများကို လက်နန့်ကိုင်တွယ် မိခြင်း၊ ယင်းလက်ဖြင့် နှာခေါင်း၊ မျက်လုံး နန့် ပါးစပ်များကို ကိုင်တွယ်မိခြင်းမှတစ်ဆင့် ကူးစက်တတ်ပါသည်။
Common Cold ၏ ရောဂါလက္ခဏာတိက ဇာဟင့်တိလဲ ?
(၁) ခေါင်းကိုက်ခြင်း (Headache)
(၂) မျက်လုံးများနီရဲနိခြင်း (Burning sensation in eyes)
(၃) ရင်ဘတ် ပြည့်တင်းခြင်း (Chest congestion)
(၄) လိုင်ခြောင်းနာခြင်း (Sore throat)
(၅) နှာရည်ယိုခြင်း (Runny nose)
(၆) အဖျားနည်းခြင်း (Low-grade fever)
(၇) ခြောင်းဆိုးခြင်း (Cough)
Common Cold (သာမန်အအီးမိခြင်း) ကို ဇာပိုင်ကုသပီးသင့်လဲ?
အအီးမိခြင်းအတွက် သက်သာစီသောဆီးများ၊ ခြောင်းဆိုးပျောက်ဆီးများနန့် ဘာမီတွန်၊ Cetrizine, Antihistamines ဆီးများသည် အအီးမိရောဂါလက္ခဏာများကို သက်သာစီနိုင်ပါသည်။ အနားယူခြင်းနန့် အားဟိစီရန်အတွက် အားဖြည့်အချိုရည်များသောက်ခြင်းသည်လည်း ပြန်လည်ကောင်းမွန်လာဖို့အတွက် ကူညီ ပီးနိုင်ပါသည်။
ဗိုင်းရပ်စ်ပိုးမကူးစက်အောင် ဇာပိုင်ကာကွယ်ရဖို့လဲ ?
အပြင်ထွက်တိုင်း Mask တပ်ပါ။ အရာဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ကိုစင်အောင်ဆီး ကြောပါ။ နှာချီ၊ ခြောင်းဆိုးပြီး နှာခေါင်း၊ ပါးစပ်များကို ကိုင်တွယ်မိတိုင်းလည်း လက်ကို စင်အောင်ဆီးကြောပါ။ နှာချီ၊ ခြောင်းဆိုးတိုင်း နှာခေါင်း၊ ပါးစပ်ကို တစ်သျှူးဖြင့်အုပ်၍သော်လည်းကောင်း၊ တံတောင်ဆစ်ဖြင့်သော် လည်းကောင်း အုပ်၍ ချီပါ/ ဆိုးပါ။ ပတ်ဝန်းကျင်မှ ကိုယ့်ဘားသို့သော်လည်းကောင်း ကိုယ့်ဘားမှ ပတ်ဝန်းကျင် သို့သော်လည်းကောင်း ကူးစက်ပြန့်ပွားခြင်းများမဖြစ်အောင် ဂရုတစိုက်ကာကွယ်ပါ။
အအီးမိဖျားနာခြင်း ကင်းမဲ့စီရန် ကြိုတင်ကာကွယ်ရန် လိုက်နာသင့်သော အချက်များ
 ခန္ဓာကိုယ်ကို ကောင်းစွာအနားယူပါ - တစ်နိတာလုံး ရုန်းကန်လှုပ်ရှားထားသော ခန္ဓာကိုယ်ကို ညဘက် အချိန်တွင်အိပ်ရီးပျက်မခံဘဲ ကောင်းမွန်စွာအနားယူပါ။ ပြည့်ပြည့်ဝဝအိပ်စက်နိုင်ရန်အတွက် အိပ်စက် ချိန်ကို သတ်မှတ်ထားပီးပါ။
 စိတ်ဖိစီးမှုကို လျှော့ချပါ / ဖြီလျှော့ပါ - စိတ်သည်လည်း ခန္ဓာကိုယ်ကျန်းမာရန်အတွက် အများကြီး အရီးပါပါသည်။ စိတ်မကောင်းဖြစ်စရာများကို တွေးခြင်း၊ ဒေါသဖြစ်ခြင်းများသည် ခန္ဓာကိုယ်ကျန်းမာ ရီးကို ထိခိုက်စီပါသည်။
 ရီများများသောက်ပါ - ခန္ဓာကိုယ်၏ ၆၀% က ရီဓာတ်နန့်ဖွဲ့စည်းထားသောကြောင့် ခန္ဓာကိုယ်၏ လုပ်ငန်းစိုင်များ ကောင်းမွန်စွာ လုပ်ကိုင်နိုင်စီရန် ရီများများသောက်ရန်လိုအပ်ပါသည်။ ယင်းအတွက် ကြောင့် ခန္ဓာကိုယ်ကျန်းမာပြီး ကိုယ်ခံအားကောင်းစီရန်အတွက် ရီများများသောက်သင့်ပါသည်။
 ကိုယ်လက်လိကျင့်ခန်းများ ပြုလုပ်ပီးပါ - နိစိုင် ကိုယ်လက်လှုပ်ရှားမှု လိကျင့်ခန်းများ ပုံမှန်ပြုလုပ် ပီးခြင်းသည် ခန္ဓာကိုယ်က သွီးလည်ပတ်မှုကို ကောင်းမွန်စီပြီး ကိုယ်ခံအားကိုလည်း မြင့်တက်လာစီ နိုင်ပါသည်။ တစ်နိတွင် ပုံမှန် ၁၅ မိနစ်ခန့် လမ်းလျှောက်ခြင်း၊ ပေါ့ပေါ့ပါးပါးလိကျင့်ခန်းများစသည် ရို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
သာမန်အအီးမိ၊ ဖျားနာခြင်းဖြစ်လျှင် ဖြည့်စွက်စားပီးသင့်သော အာဟာရများ
(၁) ကြက်စွပ်ပြုတ်
ကြက်စွပ်ပြုတ်ကို အအီးမိဝေဒနာအတွက် ဆီးတစ်လက်ဖြစ်တေလို့ အယင်ကပင် လက်ခံထားကြ ပါသည်။ ကြက်သားမှာပါသော Amino Acid Cysteine ကြောင့် ယင်းပိုင်အစွမ်းသတ္တိဟိစွာလည်းဖြစ်ပါသည်။ N-acetyl-cysteine စွာ ချွဲသလိပ်ကို ပျော်စီပြီး ရောဂါပိုးကို သီစီနိုင်စွမ်း၊ ရောင်ရမ်းမှုကိုလျော့ကျစီနိုင်စွမ်းနန့် ဓာတ်တိုးဆန့်ကျင်အာနိသင်တိပါဝင်ပါသည်။ ကြက်စွတ်ပြုတ်စွာ အရည်ဓာတ်ရရေအပြင်၊ နီမကောင်းဖြစ် သောအချိန်မှာ ကယ်လိုရီ၊ ဗီတာမင်နန့် သတ္တုဓာတ်တိ၊ အာဟာရဓာတ်တိကို ပမာဏအများကြီးရဟိစီနိုင်သော အရင်းအမြစ်တစ်ခုဖြစ်သည်။ စွတ်ပြုတ်ကို ပူပူချေသောက်ပီးခြင်းဖြင့် ချွဲသလိပ်ပျော်စီခြင်း၊ နှာစီခြင်း၊ ခြောင်းဆိုးခြင်းကို သက်သာစီနိုင်ပါသည်။
(၂) ရီနွီးပူပူ
ရီနွီးပူပူစွာ အအီးမိဖားနာခြင်းနန့် ပတ်သက်သော လက္ခဏာအများစုကို သက်သာစီသော နည်းလမ်း တစ်ခုဖြစ်ပါသည်။ ကြက်စွပ်ပြုတ်ပိုင် ရီးနွီးပူပူက နှာပိတ်ခြင်း၊ ချွဲသလိပ်တိကို ရှင်းလင်းစီသော သဘာဝဆီး တစ်လက်ဖြစ်ပါသည်။ သတိထားရဖို့စွာက ရီနွီးကိုအတော်အသင့် ပူသောအနီအထားကိုရာ သောက်သင့်ပါ သည်။ လိုင်ခြောင်းကို ထိခိုက်စီနိုင်လို့ တဝပူစွာကို မသောက်သင့်ပါ။
(၃) ပျားရည်
ပျားရည်မှာ ဘက်တီးရီးယားပိုးကို သီစီနိုင်သော အစွမ်းသတ္တိတိပါဝင်ပြီး ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပီးပါသည်။ အသျှေတိမှာဆိုကေ ပျားရည်တိုက်ပီးကေ ခြောင်းဆိုးသက်သာစီနိုင်ပါသည်။ ပျားရည် မစစ်ကေ ခြောင်းဆိုးစွာကို ပိုလို့ဆိုးရွားစီနိုင်သောကြောင့် ပျားရည်အစစ်ကိုသောက်ဖို့လိုအပ်ပါသည်။ နွားနို့နွီးနွီးချေတစ်ခွက်ထဲ ပျားရည်ဇွန်းတစ်ဝက်ထည့်ပြီး သောက်ပီးရုံဖြင့် ရီဓာတ်ဖြည့်တင်းပီးပြီး ရောဂါပိုးသီစီ နိုင်သော အာနိသင်ရှိသည်။
(၄) နပျိုးသီး
နပျိုးသီးက ပိုတက်စီယမ်ကြွယ်ဝပြီး ချွေးစီးထွက်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ဝမ်းလျှော့ခြင်းတိကို သာက်သာစီပါသည်။ အစာကြွီလွယ်စီပြီး ကိုယ်ပူကျစီခြင်း၊ ဆုံးရှုံးထားရေ ဓာတ်ဆားဓာတ်ကို ပြန်လည်ဖြည့် တင်းပီးနိုင်ပါသည်။
(၅) ဗီတာမင် C ကြွယ်ဝသောအစားအစာများ
ဗီတာမင် C က ‌ရောဂါပိုးတိကို ခုခံတိုက်ဖျက်သောနီရာမှာ လူသိများသော ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပြီး ဗီတာမင် C ဆီးအဖြစ်သောက်ကေ လွန်ကဲမှုဖြစ်စီနိုင်ပြီး ဘေးထွက်ဆိုးကျိုးဟိနိုင်သောကြောင့် ဗီတာမင် C ကြွယ်ဝသော အစားအစာတိကို စားခြင်းစွာပိုကောင်းမွန်ပါသည်။ ပန်းငရုတ်ပွ၊ အရည်ရွမ်းသော အချဥ်သစ်သီးတိ၊ အချဥ်သီးဖျော်ရည်တိ၊ ကီဝီသီး၊ ဘယ်ရီသီး၊ ခရမ်းချဥ်သီး၊ ပန်းဂေါ်ဖီစိမ်းရို့မှာ ဗီတာမင် C ကြွယ်ဝပါသည်။

ကျန်းမာရီးဗဟုသုတ # #
@ # Medic Diclo
Crd;@ # Referenced Pages

20/10/2023

Medical Terminology (ဆီးဝါးပညာရပ်နန့် ဆိုင်သော ဝေါဟာရများ)
Lesson - 1
Three word parts
1. Beginning = Prefix (Descripation: Number, amount, size, location, colour, etc...)
2. Middle = Root (Subject: Relating to a part of the body)
3. Ending = Suffix (Condition: Pertaining to a process, amount, location, etc…)
Prefix – Size, amount
1. Macro = large
2. Micro = small
3. Hyper = High
4. Hypo = Low, decreased
5. Eu/normo = Normal
6. Pan-/Omni = All
7. A-/An- = Absent, Lacking
8. Megalo = Larger
Location
1. Epi/ Peri/ Circum = Around
2. Endo/ Intra = Inside - inner – interior
3. Exo/ Extra = Ouside, outer, exterior
4. Inter = Between
5. Trans = Across
6. Dia/ Per = Throug/ complete
7. Media/o = Middle
8. Para = Near by
9. Juxta = Next to, beside, adjacent
Numberical/ Speed
1. Mono = Single
2. Di = Two/ double
3. Tri = Three/ triple
4. Quad = Four/ quadruple
5. Poly = Many/ a lot
6. Oligo = Few/ very little
Speed
1. Tachy = Rapid, fast
2. Brady = Brach, slow
Movement
1. Ab = Away
2. Ad = Toward
3. Dis = To separate
Colours
1. Chromo/ Chromato = Colour
2. Leuko = white
3. Erythro = Red
4. Cyano = Blue
5. Chloro = Green
6. Melon = Black
7. Flav = Yellow
Body
1. Homeo = Body
2. Cephalo = Head
3. Cerv = Neck
4. Throaco = Chest
5. Abdomino = Abdominal
6. Pelvo/I = Pelvic
7. Periton = Peritoneum
8. Derm = Skin/ Dermis
9. Neuro = Nerve
10. Hemo = Blood
11. Arterio-/ Angio = Arteries
12. Veno- / Vena = Venous
13. Musculo = Muscle
14. Vasculo = Vascula
15. Myo- / Sarco = Muscle
16. Osteo = Bone
17. Skelet- = Skeleton, Bone
18. Cyto- = Cell
19. Cyte = Cell cellular
Neck and Thoracic
1. Thyro = Thyroid
2. Tracheo = Trachea
3. Esophago = Esophagus
4. Thymo- = Thymus
5. Masto- / Mammo- = Mammary gland
6. Pulmo- / Pneumo- = Lung
Abdominal Organs
1. Gastro- = Stomach
2. Hepato- = Liver
3. Cholecyto- = Gallbladder
4. Spleno- = Spleen
5. Pancreto- = Pancreas
6. Adreno- = Adrenal gland
7. Nephro- = Kidney
8. Entro- = Intetines
9. Colo- = Colon/ Large intestine
Suffixes
1. –ology = Study of
2. –phillia = Love of
3. –phobia = Fear of
4. –tension = Pressure
5. –xia = Oxygen
6. –capnea = Carbon dioxide
7. –pnea = Air
8. –ase = Enzyme
Lesson – 2 The Terminology
The basic conditions and process
Processes
1. Dys- = Problem, abnormal
2. Mal- = Bad
3. –itis = Inflammation
4. –plasia = Process of growth growing
5. –plasm = Growth, Formation
6. –oma = Tumor
7. –trophy = Growth, typically involving cellular growth
8. –pathy = Disease
9. –osis = Condition (abnormal)
10. –ia = Abnormal condition
11. –ism = State
12. –ic/ cal = Pertaining to related to some process
13. –iasis = Abnormal
More process
1. Meta- = Change: transformation
2. –stasis / -static = Maintenance of 'normal' conditions
3. –dynamic = Changing (continually
4. –lytic / -lysis = Destuction
5. –megaly = Enlarged
6. –penia = Decreased below or lower
7. –emia = Relating to a blood condition
Suffixes – Medical Procedures
1. –ectomy = Excision removal
2. –otomy = Incision cutting
3. –ostomy = To make a hole
4. –scopy = To wiew
5. –graph (y) = Process of recording
6. –gram = Recording
7. –plasty = Surgical repair
8. –therapy = Treatment

The Basics lesson – 3
Condition Modifires
1. Anti- = opposed to, counteracting relieving
2. Pro- = Before, proceeding, precursor: including, promoting
Locations
1. Centri- = Center
Cellular Modifires
1. Fibro- = Fiber
2. Thrombo- = Clot
3. –blast = Progenitor cell, stem cell, formative cell
4. Blast- = Grem cell
5. –clast = Asorbing (degrative) cell
6. –phag (o/ia) = To eat: toconsame or ingest
7. –dips(o/ia) = To drink
8. –Pepsis = Digestion
9. –emesis = Vomiting
10. –uria = urination
11. Sterco- = Denoting f***s
12. –ptosis = Lowered position of a orgam
13. Pyo- = Pus
14. Pyr- = Relating to fever (heat)
Process Modifiers - 1
1. Noso- = Denoting disease
2. Chron (o/ia) = Denoting time
3. Noct (i)- = Night (or) Dark
4. Latro- = Medicine (or) doctors
5. Steno- = Narrowing
6. Therm (o)- = Heat / Temperature
7. Psychro- = Denoting cold
8. Noci- = denoting pain or injury
9. Herni (o)- = Hernia
Process Modifiers – 2
1. Necro- = Death
2. –praria = Motor activity
3. –taxia = Relating to motor activity
4. –lexia = Condition involving reading
5. –lalia / -logia = Condition involving speech
6. –olgesia = Denoting pain
7. –olgia = Denoting pain
8. –genic = Producing
9. –genesis = Origin or development
Indicators / Markers
1. Hydro- = Water
2. Cholosterol- = Cholesterol
3. Lipid- = Lipid / fats
4. Hemoglobin(o)- = Hemoglobin
5. Glyc (o)- = Glucose sugar
6. Fruct(o)- = Fructose
7. Galact(o)- = Galactose
8. Steato- Fat: fatty tissue
9. Natre- / - natre = Sodium
10. Kal- / - kal = Potassium
11. Calci- = Calcium
12. Chlor- = Chlorine
13. Chlo(e) = Bile
Modifiers
Anatomy and Physiology
1. Histo- Tissue
2. Hidr(o)- = Sweating
3. Hema- / Hemo- / Hemato- = Blood
4. Halit- = Brath
5. Propio- = Pressure touch
Others
1. Ger- / Gero- / Geronto- = Old age
2. –lith = Stone
3. –cide = Killer or killing
4. –ceptor = Receptor / Senosor

Examples -
Polyphagia
- Poly- = Many; a lot
- Phagia = To eat / consume
- Excessive eating

Dyspepsia
- Dys- = Problem; abnormal
- Pepsia = Digestion
- Indigestion; Disordered digestion
Cholemesis
- Chol- = Bile
- Emesis = Vomiting
- Vomiting of bile
Hypercalciuria
- Hyper- = Above normal; high
- -calci- = Calcium
- Uria = Urination
- Above normal level of calcium in the urine
Nephrolithiasis
- Nephro- = Kidney
- -lith = stone
- Iasis = Condition (abnormal)
Arthralgia
- Arthr- = Joint
- Algia = Pain
- Joint pain
Lessons – 4 (Anatomical Terms)
Head and Neck Anatomy – 1
1 Cephal(o)- = Head
2 Facio- = Face
3 Crani(o)- = Skull
4 Trich(o)- = Hair
5 Stoma- / Linguo- = Tongue
6 Labio- / Cheilo- = Lips
7 Dent- / Odont(o)- =Teeth
8 Gingivo- = Gums
9 Rhino- / Naso- = Nose
10 Buccal = Cheek
11 Geni(o)- / Mento- = Chin
12 Mandibulo- = Mandible
13 Maxillo- = Maxilla
Head and Neck Anatomy – 2
1. Sialadeno- = Salivary gland
2. Trache(o)- = Trachea
3. Laryngo- = Larynx
4. Pharyngo- = Throat
5. Thyro- = Thyroid gland
6. Epiglott(i)- = Epiglottis
7. Oto- = Ear
8. Myringo- / Tympano- = Eardrum / Tympanic membrane
9. Cochleo- = Cochlea
10. Mastoido- = Mastoid Process
Eye Anatomy
1. Opto- / Optho- / Oculo- = Eye
2. Pupillo- = Pupil
3. Blepharo- / Palpebro- = Eyelid
4. Conjuctiv(o)- = Conjunctiva
5. Ophryo- = Eyebrow
6. Retin(o/i) = Retina
7. Kerat(o)- = Cornea
8. Irid(o)- = Iris
9. Hyal(o)- = Vitreous Humor of Eye
10. Dacryoaden(o)- = Lacrimal / Tear Galnd
Digestive System – 1
1. Celi(o)- / Laparo- = Abdomen or Belly
2. Gastro- = Stomach
3. Pyloro- = Pyloric spincter
4. Cholecyst- = Gallbledder
5. Choledocho- = Common Bile Duct
6. Chol(e/o)- / Bile- = Bile
7. Cholangio- = Bile Duct
8. Entero- = Intestines
9. Pancreato- = Pancreas
Digestive System – 2
1. Duodeno- = Duodenum (First Section of Small Intestine
2. Jejumi- = Jejunum- = Jejunum (Second Section of Small Intestine)
3. Ileo- = Ileum (Third Section of Small Intestine)
4. Appendo- / Appendico- =Appendix
5. Ceco- / Typhlo- = Cecum
6. Col(o)- / Colono- = Large Intestine /Colon
7. Sigmoido- = Sigmoid Colon
8. Ano- /Proct(o)- = A**s or Re**um
Lesson -5 (Anatomical Terms – 2)
Musculoskeletal System – 1
1. Arthr(o)- = Joint
2. Condyl- / -condyl- = Condyles
3. Chondro- = Cartilage
4. Osteo- = Bone
5. Musculo- / Myo- / Myoso- = Muscle
6. Om(o)- = shoulder
7. Scapulo- = Scapula/ Shoulder Blade
8. Acromio- = Acromion of Scapula
9. Axillo- = Axilla (Arm pit)
10. Brachio- Arm
11. Humero- = Humerus
12. Gleno- = Glenoid Cavity / Fossa
13. Olecrano- = Elbow (Olecranon)
14. Cubito- = Elbow / Forearm
Musculoskeletal System – 2
1. Cervic(o)- = Cervical vertebrae
2. Spino- /Rachi(o)- = Spine
3. Myelo- = Spinal cord
4. Spondylo- / Vertabrae
5. Sterno- = Sternum
6. Cleid(o)- / Calviculo- = Clavicle
7. Cost(o)- = Ribs
8. Cox(o)- = Hip
9. Acetabulo- = Acetabulum
10. Ischi(o)- = Ischium
11. Ili(o)- = Ilium
12. Pubo- P***c
13. Sacro- = Sacrum
14. Coccy-/ Coccyg-/ Coccygo- = Coccyx
15. Crur- = Leg
16. Femur(o)- = Femur
Hand and Foot Anatomy
1. Chir(o)-/ Cheiro- = Hand
2. Onych(o)- = Nail(s)
3. Phalang(o)-/ Dactyl(y/o) = Phalanges/ Digits
4. Carp(o)- = Wrist (carpal Bones)
5. Metacarp- = Metacarpals (Hand Bones)
6. Podo- = Foot
7. Tars(o)- = Ankle (Tarsal Bones)
8. Metatars- = Metatarsals (Foot Bones)
Female Reproductive Anatomy
1. Salpingo- = Fallopian Tubes/ Oviducts
2. Ovari(o)- / Oophori- = O***y
3. Ovo-/ Ovi/ Oo- = Egg/ O**m
4. Episi(o)- = V***a
5. Colpo-/ Vagin(o)- = Va**na
6. Cervic(o)- = Cervic of uterus
7. Hyster(o)-/ Metrio- = Uterus
Male Reproductive Anatomy
1. S***m(o)-/ S***mato- = S***m
8. Orchi(o)-/ Orchido- = Testicles
9. Oscheo- = Sc***um
10. Epididym(o)- = Epididymis
11. Prost- = Prostate
12. Balan(o)-/ Phallo- = P***s
Lesson – 6 (Modifiers)
Locations
1. Axio- = Axial
2. Cata- = Down; downward
3. Ec- = Outside
4. Ventr(o)- = Toward the front
5. Dorso- = Back
6. Later(o)- = Relating to the side
7. Caud(o)- = Tail
8. Meso- = Middle
Cellular Modifiers
1. Kary(o)- = Nucleus
2. Nucleo- = Nucleus
3. Poikilo- = Variation; irregularity
4. Reticulo- = Reticulocyte
5. Sphero- = Shape of sphere
General Terms – 1
1. Anthropo- = Human race
2. Corpor(o)- = Body; Relating to the body
3. Somato-/ -soma = Body
4. Organo- = Organ
5. Viscero- = Internal Organs
6. Kelo- = Tissue
7. Proteo- = Protein; relating to a protein
8. Pharm-/ Pharmaco- = Drugd; Medications
9. -morpho- = Denoting form or structure
10. Nuti(o)- = Relating to nutrition; to nourish
General Terms – 2
1. Physio- = Nature
2. Lumin(o)- = Light
3. Nomen- = Name
4. Nom(o)- = Custon; Law
5. Spectro- = Spectrum
6. -type = Class
7. Techn(o)- = Skill
8. Vir(o)- = Virus
9. Zygo- = Union; junction
Medical Conditions
1. -myco- = Fungus
2. -mycosis = Disease caused by fungus
3. Onco- = Cancer; relating to tumor or mass
4. -poiesis = Formation (blood)
5. -partum = Birth or labor
6. Sanit- = Health
General Conditions
1. Calori- = Heat
2. -coma = Deep sleep
3. -gymn(o)- = Naked
Processes and Modifiers
1. Acu- = Needle
2. Anomalo- = Abnormal/ Irregular
3. Baro- = Weight, pressure
4. -dynia = Pain; Relating to pain
5. Dynamo- = Strength; power
6. Equi- = Equal; equality
7. Eti(o)- = Cause; relating to the cause
8. Ion(o)- = Ion
9. -labile = Unstable; fragile
10. Lyo- = Loosen; dissolve
11. Radio- = Radiation
12. Scler- = Hardening or thickening
Processes and Modifiers – 2
1. Scirrh(o)- = Hard
2. Schisto- = fissure; split
3. -schisis = Cleft or split
4. Schiz(o)- = Denoting a split or division
5. -lucent = Light emitting
6. Tumesc(o)- = Swelling
7. -tumescence = Swelling
8. Tempo- = Relating to time
9. -phoria = Feeling; relating to a feeling
10. Psammo- = Sand-like quality/ material
Examples -
Anthropomorphic
- Anthropo- = Human race
- -morph = Denoting form or structure
- -ic = Pertaining to
- Pertaining to a formistructure of the human race (having human characteristics)
Baroreceptor
- Baro- = Pressure
- -recetor = Receptor
- Pressure receptor; blood pressure receptor
Dysphoria
- Dys- = Problem; abnormal
Radioluscent
- Radio- = Radiation
- -luscent = Light emitting
- Being transparent on X-ray
Hematopoiesis
- Hemato- = Blood
- -poiesis = Formation
- Formation of blood
Scleroderma
- Sclero- = Hardening; thickening
- -derma = Skin; relating to the skin
- Hardening or thickening of the skin
The Basics Lesson – 7 (Modifiers)
Locations and Directions
1. Apo- = Away from; separation
2. Acr(o)- = Extremity
3. Anter(i/o)- = In front; to the front
4. Amg(i)- = Both sides
5. Amph(i/o) = Both sides
6. Poster(i/o)- = Behind; referring to behing
7. Dextr(o)- = Right; towards the right
8. Levo- = Behind; backward
9. Alt(i)- = High
Cellular Modifiers
- Ather(o)- = Fat
- Albumin(o)- = Albumin
- Band(o)- = Bands (band cells)
- Amyl(o)- = Strach
- -coccus = Round
General Terms - 1
1. Andro- = Male
2. Gyn(o/eco) = Female
3. Anim- = Life
4. Calc- = Stone
5. Arachn(o)- = Spider
6. Aer(o)- = Air or gas
7. Abras(o)- = To rub away
8. -port- = to carry; mobile
9. Phon- = Sound
10. Cryo- = Cold
General Terms – 2
1 Auto- = Self
2 Allo- = Different (different human)
3 Xeno- = Different; foreign; alien
4 Choano- = a funnel
5 Chord- = String
6 Chym- = Juice; fluid
7 -cilia = Hair
8 Carn- = Flesh
9 Carcin(o)- = Cancer; tumor
10 Crypt- = Hidden
11 Dipl(o)- = Double
12 Dolich(o)- = Long; abnormally long
Processes and Modifiers – 1
1 Astheni(o)- = Weakness
2 Alter- = Change
3 Aspir(o)- = Inhaling; inhalation
4 Aspirat(o)- = Inhaling; inhalation
5 Ante- = Before
6 Pre- = Before
7 Post- = After
8 Primi- = Frist
9 Acoust(o)- = To hear; hearing
10 Aud(i/o)- = Hearing
11 Aux- = to grow or enlarge
12 -ben(i/e) = Good
Process and Modifiers – 2
1 Ambul- = Walk; to walk
2 Ankyl(o)- = Fused; Fusion; not straight
3 Contra- = Against; to counter
4 -crine = to secrete
5 -rrhage/ -rrhagia = Heavy flow; Bursting with blood
6 -malacia = Softening
7 -tresia = Perforation; opening
Surgical Processes
1 -rrhaphy = Suture
2 -clysis = Irrigation; washing
3 -desis = Surgical union; Surgical Fixation
4 -centesis = Removal of fluid; aspiration
5 -graft = Organ/ tissue for transplantation to replace
Examples -
Myasthenia
- My- = Muscle
- -asthen- = Weakness
- -ia = Abnormal condition
Osteomalacia
- Osteo- = Bone
- -malacia = Softening
- Softening of bones (due to inadequate mineralization)Diplococcus
- Diplo- = Double (two)
- -occus = Round (shaped cell)
Xenograft
- Xeno- = Different; foreign; alien
- -graft = Organ / tissue used for transplantation to replace
- Organ/tissue from animal of one species transplanted to animal/ human of anther species
Arthrocentesis
- Arthro- = Joint
- -centesis = Removal of fluid; aspiration
- Removal/ aspiration of fluid from a joint
Gastrorrhaphy
- Gastro- = Stomach
- -rrhaphy = Suture
- Suturing of the stomach

Diclo
Crd;@ # Referenced Pages..

Address

Rakhine
Sittwe

Website

Alerts

Be the first to know and let us send you an email when Arakan Medic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Arakan Medic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram