စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ

  • Home
  • Myanmar
  • Sittwe
  • စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ

စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ, Sittwe.

07/01/2026

ဗီဒီယိုဖိုင်ကြည့်ရှူ၍ရပါပြီ
====================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲ ဗီဒီယိုဖိုင်

(မိမိတို့၏ဖုန်းနှင့် TVကို Screen Cast လုပ်ပြီး ကြည့်ရှူရန် အကြံပြုအပ်ပါသည်)

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း====================1979မှ1986ထိ အ.ထ.က(၄)တွင် ပညာသင်ကြားခဲ့ကြ​သော ကျောင်းသား/သူ​ဟောင်းများမှ...အ....
28/12/2025

ဂုဏ်ပြုမှတ်တမ်းတင်ခြင်း
====================
1979မှ1986ထိ အ.ထ.က(၄)တွင် ပညာသင်ကြားခဲ့ကြ​သော ကျောင်းသား/သူ​ဟောင်းများမှ...

အ.ထ.က(၄)ကျောင်းမှ သက်ပြည့်အငြိမ်းစား အပူဇော်ခံဆရာ/မများ၏ ကျန်းမာ​ရေး​စောင့်ရှောက်မှု ရံပုံ​ငွေအဖြစ်...

အလှူ​ငွေ ၂၀၀,၀၀ဝိ/- (နှစ်သိန်းကျပ်) ကို "အာစရိယပူ​ဇော်ပွဲဖြစ်​မြောက်​ရေး​ကော်မတီ" ၏ ဘဏ္ဍာရေးရံပုံငွေထဲသို့ ​ထည့်သွင်းလှူဒါန်းခဲ့ပါသည်။

🙏🙏🙏🙏🙏🙏🙏🙏🙏

ဆရာ/မများအပေါ် အစဉ်အလာမပျက် နှစ်စဉ်ကန်‌တော့ရုံမျှသာမက...

ယခုကဲ့သို့ #ကျန်းမာရေးစောင့်ရှောက်မှုရံပုံငွေ ခေါင်းစဉ်ဖြင့်ပါ သီးခြားထပ်လှူကြပါသော ၁၉၈၄/၈၅ တက္ကသိုလ်ဝင်တန်းဖြေ အ.ထ.က(၄​) ကျောင်းသား/သူ​ဟောင်း အစ်ကိုကြီး၊ အစ်မကြီးများကို ဤ အ.ထ.က(၄)ပေ့ခ်ျ မှ #ဂုဏ်ပြုမှတ်တမ်းတင် ပိုစ့်တင်အပ်ပါသည်။

သာဓု သာဓု သာဓု ပါ။
🙏🙏🙏🙏🙏

နောက်ဆုံးပိတ်အစီအစဉ်များအား တင်ပြခြင်း=========================(၁) အသက်(၆၀)ပြည့်/ကျော် ကျောင်းသား/သူဟောင်း အစ်ကိုကြီး၊အစ...
23/12/2025

နောက်ဆုံးပိတ်အစီအစဉ်များအား တင်ပြခြင်း
=========================
(၁) အသက်(၆၀)ပြည့်/ကျော် ကျောင်းသား/သူဟောင်း အစ်ကိုကြီး၊အစ်မကြီးများအား ယခုထိတိုင် မြတ်ဆရာပူဇော်ပွဲ မပျက်မကွက် ဖြစ်မြောက်အောင် ဦးဆောင်ဝန်းရံမှု ပေးနေသည့်အပေါ် ကျောင်းသား/သူဟောင်း ညီ/မများက ကျေးဇူးတင်၊ ဂါရဝပြုသည့်အနေဖြင့် အခမ်းအနား၌ အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်း။

(၂) ပျော်စရာ၊ ရွှင်စရာ ကံစမ်းမဲနှိုက်ကြခြင်း

(၃) မဲပေါက်သူ ကျောင်းသား/သူဟောင်းများအား မဲဆုကြေးငွေများ ပေးအပ်ခြင်းနှင့်....

(၄) အနီးကပ်ဆုံး စာသင်နှစ်များအလိုက် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကြခြင်း။

ပြီးပါပြီ။

(၂၁)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတွင် ပြန်လည်ဆုံတွေ့ကြပါစို့။ ♥️👌👍

မှတ်တမ်းပြုစုတင်ပြခြင်း====================ဆုံးမဩဝါဒစကားပြောကြားပေးသော ဆရာ/မများ/ ကျေးဇူးတင်စကားပြောကြားပေးသူ/ ငွေစာရင်း...
23/12/2025

မှတ်တမ်းပြုစုတင်ပြခြင်း
====================
ဆုံးမဩဝါဒစကားပြောကြားပေးသော ဆရာ/မများ/ ကျေးဇူးတင်စကားပြောကြားပေးသူ/ ငွေစာရင်းရှင်းတမ်း‌ဖတ်ပြသူ/ ကန်တော့ချိုးတိုင်တည်ပေးသူ/ အခမ်းအနားမှုးများ/ မေတ္တာဖြင့်ဓါတ်ပုံရိုက်ပေးသူ/ ငွေသားဖြင့်ဆရာကန်တော့ကြသူများကို မှတ်တမ်းပြုစု တင်ပြအပ်ပါသည်။

သူတို့ခေတ်၊ သူတို့အရွယ်၊ သူတို့အချိန်က သူတို့၏ ကျောင်းတက်ဖော် ငယ်သူငယ်ချင်းများ...❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️
22/12/2025

သူတို့ခေတ်၊ သူတို့အရွယ်၊ သူတို့အချိန်က သူတို့၏ ကျောင်းတက်ဖော် ငယ်သူငယ်ချင်းများ...
❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️❤️🧡💛💚💙💜🤎🖤🤍🩷🩵🩶♥️

အပူဇော်ခံဆရာ/မကြီးများ(၂)========================၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ...
22/12/2025

အပူဇော်ခံဆရာ/မကြီးများ(၂)
========================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတော်သို့ ကိုယ်တိုင်ကြွရောက် ချီးမြှင့်လာကြသော အပူဇော်ခံ ဆရာ/မကြီးများ။

ကျန်ရှိ ဆရာ/မများကို #ပထမပိုစ့်တွင် ကြည့်ရှူပါရန်။

အပူဇော်ခံဆရာ/မကြီးများ(၁)========================၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ...
22/12/2025

အပူဇော်ခံဆရာ/မကြီးများ(၁)
========================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)၊ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ရှိ ဓမ္မသုခပရိယတ္တိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သော စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲတော်သို့ ကိုယ်တိုင်ကြွရောက် ချီးမြှင့်လာကြသော အပူဇော်ခံ ဆရာ/မကြီးများ။

ကျန်ရှိ ဆရာ/မများကို #ဒုတိယပိုစ့်တွင် ကြည့်ရှူပါရန်။

နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း========================၂၁.၁၂.၂၅(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်တွေ၊ အ.ထ.က(၄) ကျော...
22/12/2025

နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်း
========================
၂၁.၁၂.၂၅(တနင်္ဂနွေနေ့)တွင် ကျင်းပပြုလုပ်ခဲ့သည့် စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲနေ့၌...

ကွယ်လွန်လေပြီးသော ဆရာ/မများ၊ ကျောင်းသား/သူဟောင်းများ အတွက် ရည်စူးကာ...

ပွဲကျင်းပရာ ဓမ္မသုခပရိယတ္တိစာသင်‌တိုက်မှ သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း ကုသိုလ်အမှုကို ပြုလုပ်ခဲ့ကြပါသည်။

ကုသိုလ်အဖို့ကို ထ-၄ချစ်သူ၊ ကျောင်းသား/သူဟောင်းများအားလုံး ရရှိကြပါစေ။ အမျှပေးဝေပါသည်။

သာဓုခေါ် ကုသိုလ်ယူကြပါကုန်သောဝ်!!!

စစ်တွေ၊ အ.ထ.က(၄) ကျောင်းတော်ကြီးတွင် ကျောင်းတက်ရောက်ခဲ့သည့် ကျောင်းသား/သူဟောင်းတိုင်း...အလှူငွေထည့်ဝင်သည်ဖြစ်စေ၊ အလှူငွေ...
20/12/2025

စစ်တွေ၊ အ.ထ.က(၄) ကျောင်းတော်ကြီးတွင် ကျောင်းတက်ရောက်ခဲ့သည့် ကျောင်းသား/သူဟောင်းတိုင်း...

အလှူငွေထည့်ဝင်သည်ဖြစ်စေ၊ အလှူငွေမထည့်ဝင်ဖြစ်သည်ဖြစ်စေ...

(၂၀)ကြိမ်မြောက်၊ စစ်တွေ အ.ထ.က(၄) မြတ်ဆရာပူဇော်ပွဲသို့ တက်ရောက်ကြပါရန်...

မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကော်မတီဝင်များက လှိုက်လှိုက်လှဲလှဲ လက်ကမ်းကြိုဆို ဖိတ်ကြားအပ်ပါသည်။

(( ယခု ဘယ်ဘဝ၊ ဘယ်အခြေအနေပဲ ရောက်လိုနေနေ ငါတို့အားလုံး၏ တူညီမှုမှာ... ငါတို့သည် တစ်ချိန်က စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများသာ ဖြစ်ကြပါသည်)) ❤️👍👌

ဓါတ်ပုံ။ ။ ပွဲတော်ရက်မတိုင်မှီ စနေနေ့၌ အခမ်းအနားကို ကြိုတင်ပြင်ဆင်နေကြမှုမှတ်တမ်း။

19/12/2025

❤️ ကျောင်းတက်ဖော် ❤️
====================
ဟိုးလွန်ခဲ့တဲ့ နှစ်(၃၀)ကျော်အချိန်က "စစ်တွေမြို့၊ ပြည်တော်သာရပ်ကွက်တွင်းရှိ "ဟောက်ဆိန်းဘိုး" လို့ခေါ်တဲ့ အစိုးရဝန်ထမ်းတွေ အများဆုံးနေထိုင်တဲ့ စုပေါင်းအိမ်ယာတွင်းကနေ အ.ထ.က(၄)ကျောင်းကို ကျောင်းလာတက်တဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။

သူဟာ ပျော်ပျော်နေတတ်တယ်၊ ဘောလုံးကစားရတာ ဝါသနာပါတယ်။ ဂီတကိုခုံမင်တယ်။ ပေတေတေစရိုက်လည်း ရှိတယ်။

ခု နိုင်ငံရပ်ခြားမှာ သူ့ဘဝဟာ အတည်ကျ အောင်မြင်လာတော့ သူငယ်စဉ်က ကျောင်းတက်ခဲ့တဲ့ ကျောင်းတော်ကြီးကို သူဘယ်လောက် လွမ်းကြောင်း၊ ကျောင်းတက်ဖော်ငယ်သူငယ်ချင်းတွေကို သူဘယ်လောက် သတိရကြောင်းတွေကို သီချင်းတစ်ပုဒ်နဲ့ သီဆို ပြောပြချင်လာတယ်။

ခံစားချက်တွေကို လက်တွေ့ အကောင်အထည်ဖော်နိုင်ခွင့်ဘဝကို ပိုင်ဆိုင်ထားတဲ့သူဟာ.. သူ့ခံစားချက်တွေကို တေးရေးသူအားပြောပြ၊ သီကုံးစပ်ဆိုပြီး ကိုယ်တိုင်သီချင်ဆိုကာ သူ့ဘဝရဲ့ အနုပညာမှတ်တိုင်ကို စိုက်ထူခဲ့တယ်။

ဒါဟာ အ.ထ.က(၄)ကျောင်းသားဟောင်းမို့သာ လုပ်ပြနိုင်တာပါ။ 😃👌👍

MTVရဲ့ အစောပိုင်းက ပြကွက်တွေမှာ သူကျင်လည်ခဲ့ရာ "ဟောက်ဆိန်းဘိုး"အတွင်းက မြင်ကွင်းတွေ ကို ထည့်သွင်းထားပါတယ်။ အထူးသဖြင့် ဓမ္မာရုံရှေ့ မြင်ကွင်းတွေပါ။ တစ်ချိန်က စာတော်ထက်မြက်တဲ့ ထ-၄ကျောင်းသား/သူဟောင်း အများဆုံးထွက်ရှိရာ "ဟောက်ဆိန်းဘိုး" ရပ်ကွက်သူ/သား.. ထ-၄ကျောင်းသား/သူဟောင်းများအတွက် အလွမ်းပြေ၊ အမှတ်ရစရာပါ။

ကဲ... သူရဲ့ ငွေကုန်ကျခံ အရည်အသွေးမြင့်စွာ ဖန်တီးထားတဲ့ "ကျောင်းတက်ဖော်" ဆိုတဲ့ MTVသီချင်းလေးကို ကျွန်တော်တို့ နားဆင်ခံစားကြည့်ကြပါမယ်။

ဒီသီချင်းမှာ...

(၁) ဗီဒီယိုရိုက်ကူးစဉ်အချိန်က လက်ရှိကျောင်းအုပ်ကြီးဖြစ်နေဆဲ #ဆရာဦးဝင်းမောင် (ထ-၄ အား ရခိုင်ပြည်နယ်၌ "တက္ကသိုလ်တန်းဝင် စာမေးပွဲ အောင်မြင်မှုရာနှုန်း (၃)နှစ်ဆက်တိုက် အမြင့်ဆုံးဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့သူ)

(၂) #ဆရာဦးသန်းထွန်း (ခ) #ဆရာကျား (ထ-၄၏ သမိုင်းမှတ်တိုင် ပြယုခ်တစ်ခု)

(၃) တေးသံရှင်၏ လွန်ခဲ့သော နှစ်(၃၀)ကျော်က ကျောင်းတက်ဖော် ငယ်သူငယ်ချင်းများ။

(၄) ဗီဒီယိုရိုက်ကူးစဉ်အချိန်က လက်ရှိကျောင်းတက်နေကြဆဲ ထ-၄၏ ကျောင်းသား/သူဟောင်း ညီ/မများက...

တေးသံရှင် ကျောင်းသားဟောင်းရဲ့ ထ-၄ကျောင်းတော်ကြီးအပေါ် ထားရှိတဲ့ သံယောဇဉ်၊ မေတ္တာတရားတွေကို အသိအမှတ်ပြုကာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ထ-၄ချစ်သူ အများစုကတော့ ကြည့်ဖူးပြီးသား ဖြစ်မှာပါ။

ဒါပေမဲ့ ယခု (၂၀)ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲအတွက် လှုံ့ဆော်တေးသီချင်းအဖြစ် ပြန်လည်အသက်သွင်း တင်ပြလိုက်ပါတယ်။

ခံစားအားပေးကြပါအုံး ထ-၄ချစ်သူ ညီအစ်ကိုမောင်နှစ်မအပေါင်းတို့... ❤️❤️❤️

Page Admin များရဲ့တာဝန်=====================ခုလာမဲ့ ၂၁.၁၂.၂၅ (တနင်္ဂနွေနေ့) မှာ ကျင်းပတော့မဲ့ "စစ်တွေ၊ အ.ထ.က(၄) ကျောင်းသ...
18/12/2025

Page Admin များရဲ့တာဝန်
=====================
ခုလာမဲ့ ၂၁.၁၂.၂၅ (တနင်္ဂနွေနေ့) မှာ ကျင်းပတော့မဲ့ "စစ်တွေ၊ အ.ထ.က(၄) ကျောင်းသား/သူဟောင်းများရဲ့ (၂၀)ကြိမ်မြောက် မြတ်ဆရာပူ‌ဇော်ပွဲ" ကို လှုံဆော်တဲ့အနေနဲ့ ကျောင်းသူဟောင်း အစ်မကြီးတစ်ဦးရဲ့ ကိုယ်တိုင်ဂစ်တာတီးခတ်၊ သီဆိုထားတဲ့ သီချင်းကို ပေ့ခ်ျမှာတင်လိုက်တော့... ထင်မှတ်မထား‌လောက်‌အောင် အားပေးကြတာကို တွေ့ရလို့ အတိုင်းမသိ အံ့ဩကြည်နူးရပါတယ်။

သီချင်းဗီဒီယိုမှာပါတဲ့ ဆရာ/မကြီးတွေရဲ့ အေးချမ်းတည်ငြိမ်၊ မာန်ကင်းစင်တဲ့မျက်နှာတွေကို သီချင်းသီဆိုသူရဲ့ ချစ်ခြင်းမေတ္တာ၊ နုညံ့မှုကရုဏာသံများနဲ့ တွဲစပ်ပြီးကြည့်ရှူလိုက်ရတဲ့အတွက် ပို❤️ထိသွားကြတယ် ထင်ပါရဲ့။

ဒါဟာလည်းပဲ ဗီဒီယိုဖန်တီးသူ ကျောင်းသူဟောင်း အစ်မကြီးရဲ့ အနုပညာ အရည်အသွေး တစ်ခုပါပဲ။

စာပေ၊ သုခုမ၊ ဂီတ၊ အနုပညာ စွယ်စုံရကြတဲ့ တစ်ချိန်က အ.ထ.က(၄) ကျောင်းတော်သူ၊ ကျောင်းတော်သားများရဲ့ စွမ်းဆောင်ရည်တွေကို... ခုလို ချိန်ခါခွင့်သင့်ချိန်မှာ အယှဉ်သင့်သလို ဖော်ထုတ်တင်ပြရမှာက ကျွန်တော်တို့ Page Admin တွေရဲ့တာဝန်ပါ။

ဒါကြောင့် #မနက်ဖြန်မှာ (ဗီဒီယိုရိုက်ခဲ့စဉ်အချိန်က) အ.ထ.က(၄)ရဲ့ ကျောင်းတော်သူ၊ ကျောင်းတော်သား အသစ်/အဟောင်းများ၊ လက်ရှိဆရာနှင့်ဆရာဟောင်းများကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ပါဝင်သရုပ်ဆောင်ထားပြီး၊ ထ-၄ရဲ့ကျောင်းသားဟောင်းကြီးတစ်ဦးက နှလုံးသားဖြင့် ခံစားသီဆို တင်ပြထားတဲ့ ဘယ်လိုသီချင်းကောင်းလေးတစ်ပုဒ်ကို ပေ့ခ်ျမှာ တင်ပြလာမလဲဆိုတာ... စောင့်မျှော် အားပေးကြပါအုံး ထ-၄ချစ်သူ ကျောင်းတော်သူ၊ ကျောင်းတော်သား ချစ်ညီအစ်ကိုမောင်နှစ်မ အပေါင်းတို့... ❤️❤️❤️

17/12/2025

အ.ထ.က(၄) ကျောင်းသူဟောင်း မ Khin Mya Nu ရဲ့ ဆရာကန်​တော့ပွဲ ဂုဏ်ပြု သီချင်းတစ်ပုဒ်ကို ဆရာကန်တော့ပွဲမတိုင်မှီ လှုံ့ဆော်တေးအဖြစ် တင်ပြလိုက်ပါတယ်။

ခံစားနားဆင်ကြည့်ကြပါ။ ❤️❤️❤️

မူရင်းသီချင်းပိုင်ရှင် "အောင်ကိုလတ်"

Address

Sittwe

Website

Alerts

Be the first to know and let us send you an email when စစ်တွေ အ.ထ.က - ၄ကျောင်းသား/သူဟောင်းများကော်မတီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share