နတ်ရေစင် ဆေးဆိုင်

နတ်ရေစင် ဆေးဆိုင် we care your health

💉 သွေးချိုတိုင်းစက်နှင့် လိုက်နာသင့်သည်များ  (အပိုင်း၁)နေအိမ်တွင် တိုင်းသော သွေးချိုတိုင်းစက်နှင့် ဆေးခန်းတွင် တိုင်းသော...
31/10/2025

💉 သွေးချိုတိုင်းစက်နှင့် လိုက်နာသင့်သည်များ (အပိုင်း၁)

နေအိမ်တွင် တိုင်းသော သွေးချိုတိုင်းစက်နှင့် ဆေးခန်းတွင် တိုင်းသော သွေးချိုးစက်၏ အဖြေ ကွာခြားမှု ‼️‼️

သွေးချိုရောဂါရှိသောသူများမိမိ၏အိမ်တွင် သွေးချိုတိုင်းစက်ဖြင့်တိုင်းသောအဖြေနှင့်
ဆေးရုံ/ဆေးခန်းသို့သွားပြီးတိုင်းသောအဖြေနှစ်ခုကွာခြားနိုင်ပါသည်။
အကယ်၍ အဖြေနှစ်ခု ကွာနေရင်တော့ ကွာခြားနိုင်သည့်အကြောင်းရင်းများစွာရှိပါသည်။❤️
🔥အ‌ဖြေနှစ်ခု အဓိကကွာခြားသည့်အကြောင်း အရင်းများကတော့🔥

♦️ဆေးရုံဆေးခန်း.....
ဆရာဝန်များသည်လက်ကိုရေနွေးနှင့်ဆေးကြောခြင်း(သွေးကြောများပွင့်စေရန်) ၊လက်ချောင်းထိပ်ကိုအရက်ပျံသန့်စင်ပြီးခြောက် သွေ့အောင်ထားမှ သွေးထုတ်ယူခြင်းစသည့်စံပြုထားသောနည်းလမ်းကိုအသုံးပြုပါသည်။

♦️အိမ်တွင်း.....
အိမ်တွင်းတိုင်းရာတွင်လက်ကိုသေချာမဆေးမိခြင်း(အစားအကြွင်းအကျန်များ၊
အချိုရည်စသည်တို့ကပ်ငြိနေခြင်း)၊အရက်ပျံကိုလုံလောက်စွာမခြင်း(သို့မဟုတ်)အရက်ပျံစိုနေစဉ်သွေးထုတ်ယူမိခြင်း(အသုံးရက်ပျံကရလဒ်ကိုသက်ရောက်မှုရှိနိုင်)၊လက်ချောင်းကိုညှစ်ပြီး‌သွေးထုတ်ယူခြင်း(တစ်ရူးအရည်များ ရောနှောကာ ရလဒ်ကိုလွဲမှားစေနိုင်)တို့ဖြစ်တတ်ပါသည်။

❗စက်၏သန့်ရှင်းမှု/အသုံးပြုမှု......
အိမ်တွင်အသုံးပြုသောစက်သည်ညံ့ဖျင်းစွာသိုလှောင်ထားမိခြင်း၊မသန့်ရှင်းခြင်း(သို့မဟုတ်) Test Strip များသက်တမ်းလွန်နေခြင်းတို့ကြောင့်မှားယွင်းသောရလဒ်ပေးနိုင်ပါသည်။

❗စက်အမှား (Machine Error)......
အိမ်သုံးသွေးချိုတိုင်းစက်များတွင်ခွင့်ပြုထားသောစက်အမှားချိန်ညှိချက်(တစ်နည်းအတည်ပြုချက်)ရှိပါသည်။ ယေဘုယျအားဖြင့် ±15% ခန့်ကွာခြားမှုရှိနိုင်ပါသည်။ဆေးရုံ/ဆေးခန်းမှသုံးသည့်စက်သည်းပို၍တိကျပြီးပုံမှန်စစ်ဆေးထားကာ ကယ်ရီဘ‌ရေးရှင်းပြုလုပ်ထားသည့်စက်များဖြစ်နေနိုင်ပါသည်

❗ တိုင်းတာသည်သွေးနမူနာ၏ ကွာခြားချက်
♦️သွေးနမူနာအမျိုးအစား....
ဆေးရုံ/ဆေးခန်းတွင် သွေးပြန်ရည်(Venous Plasma)ကိုယူ၍ဓာတ်ခွဲခန်းစက်ကြီးများဖြင့်တိုင်း တာပါသည်။ ဤနည်းလမ်းကို စံအဖြစ်သတ်မှတ်ထားပါသည်။

၏♦️အိမ်.....
အိမ်သုံးစက်များသည်သွေးကြောထိပ်ဖျား ( Capillary Whole Blood ) မှသွေးစက်ကိုယူ၍ တိုင်းတာပါသည်။

❗❗တိုင်းတာသည့်အချိန်....
အစာစားပြီးမည်မျှကြာသည်ကိုမှတ်သားထားရန်အရေးကြီးပါသည်။ဆေးခန်းသို့သွားရန်ခရီးသွားခြင်း၊စောင့်ဆိုင်းခြင်းတို့ကြောင့်အိမ်တွင် တိုင်းချိန်နှင့်ဆေးခန်းတွင်တိုင်းချိန်ကွာခြားနေပါက သွေးချိုတန်ဖိုးပြောင်းလဲမှုရှိနိုင်ပါသည်။

❗❗ရေဓာတ်ခန်း‌ခြောက်မှု....
ဆေးခန်းသို့သွားရာတွင်ရေငတ်ခြင်း၊ရေသောက်နည်းခြင်းတို့ကြောင့် သွေးချိုပမာဏအနည်းငယ်ပိုမိုမြင့်တက်နေနိုင်ပါသည်။

❗❗စိတ်ဖိစီးမှု...
ဆေးခန်းသို့သွားရသည့်စိတ်ဖိစီးမှု၊ လမ်း လျှောက်ရသည့်ပင်ပန်းမှုတို့ကြောင့်ခန္ဓာကိုယ်မှဟော်မုန်းများ(Cortisol, adrenaline) ထွက်ကာသွေးချိုတက်လာနိုင်ပါသည်။ဤအချက်ကို(White Coat Syndrome)ဟုခေါ်ဆိုနိုင်ပြီးဆေးခန်းရောက်မှသွေးတိုးတက်သကဲ့သို့သွေးချိုလည်းတတ်နိုင်ပါသည်။

👉သွေးချိုတိုင်းစက်ဖြင့် ဆက်တိုက်တိုင်းလျှင် ပထမအကြိမ် နှင့် ဒုတိယအကြိမ်အ‌ဖြေမတူညီခြင်းသည်ပုံမှန်ဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ယင်းကိုဖြစ်ပေါ်စေသောအကြောင်းရင်းများစွာရှိနိုင်ပါသည်။❤️
Credit to Nyi Nyi Shin Thant company

🩺 ပြန်လာဖို့ အချိန်တန်ပြီ!သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့—အခုလိုအချိန်က အကောင်းဆုံးပါ။ကျွန်ုပ်တို့ဆေးဆိုင်မှာ customer မျ...
06/09/2025

🩺 ပြန်လာဖို့ အချိန်တန်ပြီ!

သင့်ကျန်းမာရေးကို ဂရုစိုက်ဖို့—အခုလိုအချိန်က အကောင်းဆုံးပါ။ကျွန်ုပ်တို့ဆေးဆိုင်မှာ customer များအတွက် အထူးအကျိုးခံစားခွင့်များစွာရှိပါတယ်။

💊 အထူးအခွင့်အရေးများ

အခမဲ့ ကျန်းမာရေးအကြံဉာဏ်

အထူးလျှော့စျေး (သတ်မှတ်ဆေးပစ္စည်းများအတွက်)

ဖောက်သည်အမြဲတမ်းအဖြစ် စာရင်းသွင်းခြင်း

သင့်အတွက်သီးသန့် reminder service (ဆေးဝါးများပြတ်တော့မည်ကိုအသိပေးခြင်း၊ ပြန်ဝင်လာချိန်ဖုန်းဆက်ပေးခြင်း)

📍 ဆေးဆိုင်တည်နေရာ[နတ်ရေစင်ဆေးဆိုင်][အမှတ် ၆ မဂ္ဂင်လမ်း၊ ကျောက်မြောင်း၊

တာမွေ]
ဖုန်း- 09672776708

🧠 ဗီတာမင်များ၏ အရေးပါမှုနှင့် မြန်မာ့လူနေမှုပုံစံ  "ဗီတာမင်များသည် လက်လှမ်းမမှီတဲ့ အပန်းဖြေပစ္စည်းမဟုတ်ပါဘူး၊ နေ့စဉ်လိုအ...
04/08/2025

🧠 ဗီတာမင်များ၏ အရေးပါမှုနှင့် မြန်မာ့လူနေမှုပုံစံ

"ဗီတာမင်များသည် လက်လှမ်းမမှီတဲ့ အပန်းဖြေပစ္စည်းမဟုတ်ပါဘူး၊ နေ့စဉ်လိုအပ်သော အခြေခံအာဟာရဖြစ်ပါသည်။"ကျန်တော်တို့နေစဥ်စားသောက်နေတယ့် အစားအစာတွေကနေ အဓိကရရှိပါတယ်။

မြန်မာနိုင်ငံတွင် အလုပ်သွားချိန်မနက်စာမစားဘဲ သွားလေ့ရှိသူများအတွက် ဗီတာမင်ချို့တဲ့မှုများကို သတိပြုရန် အထူးလိုအပ်ပါသည်။ ဗီတာမင်ဓာတ်များ မလုံလောက်ပါက မောပန်းလွယ်ခြင်း၊ အရေပြားပြဿနာများနှင့် ကိုယ်ခံအားကျဆင်းမှုများ ဖြစ်ပေါ်တတ်ပါသည်။

🌟 အဓိကဗီတာမင် (၅) မျိုး

| ဗီတာမင်အမျိုးအစား | ကောင်းကျိုး | ပါဝင်သောအစားအစာများ |
|----------------------|-------------|--------------------------|
| ဗီတာမင် အေ
အမြင်အာရုံနှင့် အရေပြားကျန်းမာရေး | မုန်လာဥနီ၊ ကန်စွန်းဥ၊ ငါးကြီးဆီ |
| ဗီတာမင် ဘီ အုပ်စု
စိတ်ဖိစီးမှုကာကွယ်ခြင်း၊ ဦးနှောက်လုပ်ဆောင်မှု | ပဲအမျိုးမျိုး၊ ကြက်ဥ၊ ဂျုံကြမ်း |
| ဗီတာမင် စီ
ကိုယ်ခံအားစနစ်မြှင့်တင်ခြင်း | သံပုရာသီး၊ မာလကာသီး၊ ခရမ်းချဉ်သီး |
| ဗီတာမင် ဒီ
အရိုးသန်မာစေခြင်း | နေရောင်ခြည်၊ နို့ထွက်ပစ္စည်း |
| ဗီတာမင် အီး
အရေပြားလှပမှုနှင့် အိုမင်းမှုကာကွယ်ခြင်း | သစ်အယ်သီး၊ နေကြာစေ့ |

📌သတိပြုရန်

- ဗီတာမင်ဓာတ်ချို့တဲ့လျှင် နေ့စဉ်လုပ်ငန်းဆောင်တာများ ထိခိုက်နိုင်ပါသည်
- အားဆေးများသောက်သုံးခြင်းမပြုမီ ကျန်းမာရေးပညာရှင်နှင့် တိုင်ပင်တာက အကောင်းဆုံးဖြစ်ပါတယ်။
- သဘာဝအစားအစာများမှ ဗီတာမင်စာတ်ကိုအဓိကရယူသင့်ပါသည်။

(မှတ်ချက် - ဤအချက်အလက်များသည် အထွေထွေအသိပညာပေးရန်သာဖြစ်ပြီး ကျန်းမာရေးအကြံပေးချက်များအတွက် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်)

( အဆင်ပြေတယ်ဆိုရင် သင်သောက်သုံးနေရတယ့်အားဆေးလေးများရှိရင် comment မှာရေးပေးခဲ့ပါအုံးခင်ဗျ)

🌟 သင့်ခန္ဓာကိုယ်က Vitamin C နည်းနေပီဆိုတာကို ဘယ်လိုသိရမလဲ?မောပန်းတာမြန်လာတယ်။သွားကြားကသွေးယိုစိမ့်မှုတွေဖြစ်လာတယ်။အသားအရ...
21/06/2025

🌟 သင့်ခန္ဓာကိုယ်က Vitamin C နည်းနေပီဆိုတာကို ဘယ်လိုသိရမလဲ?

မောပန်းတာမြန်လာတယ်။

သွားကြားကသွေးယိုစိမ့်မှုတွေဖြစ်လာတယ်။

အသားအရေတွေ စိုပြေမှုမရှိဘူး

အဆင်ပြေမှု မရှိတော့ဘူး…😓

အဲ့တာတွေက တခုပဲပြောနေတာပါ—"ငါ့ကို Vitamin C ထောက်ပံ့ပေးပါ!" လို့ ခန္ဓာကိုယ်ကဖော်ပြနေခြင်းပါ။

🍊 C – သောက်သုံးခြင်းကြောင့် ရရှိလာမယ့် အကျိုးကျေးဇူးများ✔ ကိုယ်ခံအား တိုးတက်✔ နူးညံ့တောက်ပတဲ့အရေပြား✔ သွေးလည်ပတ်မှု​အဆင်ပြေခြင်း✔ Cell ပြုပြင်ပေးတဲ့ antioxidant ပါဝင်မှု

📏 နေ့စဉ်သောက်သင့်တဲ့ ပမာဏကဘာလဲ?WHO အဆိုအရ—
🔹 လူကြီးမင်း (Male) – 90mg/day
🔹 အမျိုးသမီး (Female) – 75mg/day…
ဒါပေမယ့် စိတ်ဖိစီးမှုများတဲ့အခါ နဲ့ အစားအသောက်မျှတမှုမရှိတဲ့အခါဆို ပမာဏတိုးဖို့ လည်း လိုတတ်ပါတယ်။

🧪 ဒါကြောင့် Vitamin C ကိုရွေးတဲ့အခါ Dr. C ကို ဘာကြောင့် ရွှေးချယ်ရတဲ့အကြောင်းရင်းက

✔ တခြား supplement တွေထက် ကောင်းမွန်စွာစိမ့်ဝင်နိုင်တဲ့ formula
✔ ဆေးဝါးထုတ်လုပ်မှုဆိုင်ရာလမ်းညွှန်ချက်နဲ့အညီ ထုတ်လုပ်ထားပြီး ယုံကြည်စိတ်ချရ​သာ brand
✔ ပုံမှန်နေ့စဉ်သောက်သုံးသူတွေအတွက် မျှတတဲ့ဈေးနှုန်း

📲မှာယူလိုတယ်ဆိုရင် #နတ်ရေစင် Pharmacy မှာ ရှိပါတယ်။Messenger, Viber, Phone…နောက်တစ်ချက်က free delivered 😎



သိသာလာမယ့် glow တစ်ခု, မျှော်မှန်းထားတဲ့ freshness တစ်ခုကို စတင်ဖို့– တစ်နေ့တစ်လုံး Dr. C Vitamin C 💊ကိုသောက်ကြပါစို့
#09421713570, 09402503425

📌 မကြာခဏမေးလေ့ရှိသော မေးခွန်းများ (FAQ)နတ်ရေစင် Online Pharmacy🟣 Q1: နတ်ရေစင်ဆေးဆိုင်မှာ ဆေးဝယ်ဖို့ ဘယ်လိုလုပ်ရမလဲ?➡️ ဝယ...
21/06/2025

📌 မကြာခဏမေးလေ့ရှိသော မေးခွန်းများ (FAQ)နတ်ရေစင် Online Pharmacy

🟣 Q1: နတ်ရေစင်ဆေးဆိုင်မှာ ဆေးဝယ်ဖို့ ဘယ်လိုလုပ်ရမလဲ?➡️ ဝယ်ယူလိုသောဆေးအတွက် ဆေးအမည် (Brand name) သို့မဟုတ် Generic name ကို ပြောပြပေးပါ။➡️ မျှော်မှန်း dosage (ဥပမာ - 500mg, 10mg စသည်) ကိုလည်း ထည့်သွင်းဖော်ပြပါ။➡️ ကျသင့်စျေးနှုန်းကို ပြန်လည်အကြောင်းကြားပေးပါမည်။➡️ ဝယ်ယူမည့် အရေအတွက် ကိုအတည်ပြုပါက invoice ပြုလုပ်ပေးပြီး၊ ထုတ်ပိုးကာ ပို့ဆောင်ပေးပါမည်။

🟣 Q2: ဘယ်လိုဆက်သွယ်ရမလဲ?📩 Page Messenger📞 ဖုန်းနံပါတ် (Contact number)📱 Viber — ဖုန်းနံပါတ်မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

🟣 Q3: မေးမြန်းချင်တာတွေရှိရင် ဘယ်အချိန်မှာမေးလို့ရမလဲ?🕒 နတ်ရေစင် pharmacy သည် မည်သည့်အချိန်မဆို မေးမြန်းမှုများကို ကြိုဆိုဖြေကြားနေပါတယ်။ ချက်ချင်းမဖြေနိုင်တဲ့အခါ Messenger auto-reply မှတစ်ဆင့် တုံ့ပြန်မှုရရှိနိုင်ပါသည်။

📦 ယုံကြည်စိတ်ချလို့ရတဲ့ ဝန်ဆောင်မှုနဲ့ အိမ်အရောက်ဆေးဝယ်ယူဖို့ နတ်ရေစင်ဆေးဆိုင်ကို ယခုဘဲဆက်သွယ်လိုက်ပါ!

🩵 စိတ်ရှိသလောက် မေး၊ ကျနော်တို့က ဖြေမှာမလွဲ 😉
Ph: 09421713570(Viber), 09402503425(Viber)

လွန်ခဲ့တဲ့ ၆ နှစ်ခန့်က စစ်တွေမြို့မှာ စတင်ခဲ့သည့် ချစ်ခြင်းနဲ့ယုံကြည်မှုရဲ့အမည်—နတ်ရေစင်၂၀၁၈ ခုနှစ်။ ရခိုင်ပြည်နယ်၊ စစ်တ...
18/06/2025

လွန်ခဲ့တဲ့ ၆ နှစ်ခန့်က စစ်တွေမြို့မှာ စတင်ခဲ့သည့် ချစ်ခြင်းနဲ့ယုံကြည်မှုရဲ့အမည်—နတ်ရေစင်

၂၀၁၈ ခုနှစ်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်နတ်ရေစင်ဆေးဆိုင်က လူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်အဖြစ် မျှော်မှန်းချက်နဲ့ဖွင့်လှစ်ခဲ့ပါတယ်။ မနက်ခင်းတိုင်းမှာ ထိရောက်တဲ့ဝန်ဆောင်မှုလေးကနေ စိတ်ချမ်းသာမှုကို ဖော်ဆောင်ခဲ့ကြပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှာ သာမန်အတိုင်းဆက်လက်မလုပ်နိုင်တော့တဲ့အခြေအနေတွေကြောင့် ယာယီပိတ်ခဲ့ရပါတော့တယ်။ ဒါပေမယ့်... ဒီပိတ်သိမ်းမှုက ကျန်တော်တို့အတွက်အဆုံးသတ်မဟုတ်ပါဘူး။

ယခုအခါ—ရန်ကုန်မြို့မှာ Online pharmacy အဖြစ် နတ်ရေစင်ဟာ နောက်တစ်ကြိမ် ပြန်လည်ရပ်တည်လာခဲ့ပြီဖြစ်ပါတယ်။

ဖောက်သည်တွေထဲမှာ မရင်းနှီးတဲ့လူမရှိဘူး။ စစ်တွေကတည်းက ချစ်ခဲ့ကြသူတွေ။ သူတို့အချို့က ရန်ကုန်ကိုရွှေ့လာကြပြီး... ဆေးဝယ်ရတဲ့အခါမှာ အခက်အခဲလေးတွေကြုံလာတိုင်း “နတ်ရေစင်” ဆိုတဲ့နာမည်ကို ပြန်သတိရလှုပ်ရှားလာကြတယ်။

ဒီယုံကြည်မှုတွေကြောင့်ပဲ ကျွန်​တော်တို့ဒီခရီးကိုရှေ့ဆက်ဖို့ အားအင်တွေရခဲ့တာပါ။

ကျွန်ုပ်တို့ နတ်ရေစင်မှ အထူးကျေးဇူးတင်ပါတယ်။ မေတ္တာနဲ့ အားထားမှုကို မဖြတ်နိုင်တဲ့အထိ ဆက်လက်ဝန်ဆောင်မှုပြုပါ့မယ်။

🌿 Online pharmacy ရဲ့ convenience နဲ့ လျင်မြန်မှုကို ပေါင်းစပ်ထားပါတယ်။🫶 ကျွန်တော်တို့ ဒီမှာ ဆေးဝယ်ဖို့အတွက် သင့်ကို မျှော်နေပါတယ်။

Ph: 09421713570, 09402503425

18/06/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!


#နတ်ရေစင် ဆေးဆိုင် #

**💎 ဝယ်ယူသူများအတွက် အထူးဝန်ဆောင်မှု 💎ကျွန်ုပ်တို့ *နတ်ရေစင်ဆေးဆိုင်* တွင် ဈေးဝယ်ယူသူတိုင်းကို အထူးဂုဏ်ပြုလေးစားခြင်းဖြင...
18/06/2025

**💎 ဝယ်ယူသူများအတွက် အထူးဝန်ဆောင်မှု 💎

ကျွန်ုပ်တို့ *နတ်ရေစင်ဆေးဆိုင်* တွင် ဈေးဝယ်ယူသူတိုင်းကို အထူးဂုဏ်ပြုလေးစားခြင်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ မကြာသေးမီက ကျွန်ုပ်တို့၏ VIP customer တစ်ဦးအတွက် *မြန်မာနိုင်ငံတွင် မရနိုင်တဲ့ VISLUBE မျက်စဥ်းဆေးကို ထိုင်းနိုင်ငံမှ တိုက်ရိုက်မှာယူပြီး ပို့ဆောင်ပေးခဲ့ပါတယ်။*

ဒါဟာ စျေးဝယ်သူတစ်ဦးအတွက် သာမန်မဟုတ်တဲ့ကိစ္စဖြစ်ပြီး ကျွန်ုပ်တို့ရဲ့ customer များအပေါ် တာဝန်ယူမှုနဲ့ ရည်ရွယ်ချက်ရှင်းလင်းမှုကို ပြသပါတယ်။

🙏 **မိတ်ဆွေတိုင်းရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်သည့် ဆေးများကို တိုက်ရိုက်စီစဉ်ပေးနိုင်ဖို့ ကျွန်ုပ်တို့အဖွဲ့က အစွမ်းကုန်ကြိုးစာဆောင်ရွက်လျက်ရှိပါတယ်။**

#သင့်အတွက်စိတ်ချရသော ဆေးဆိုင် နတ်ရေစင်ဆေးဆိုင် #
Phone 09421713570, 09402503425

16/06/2025

လုပ်ငန်းတစ်ခု အစပြုခြင်း

အိမ်ထဲမှာတနေကုန် မိသားစုအတွက် တာဝန်ယူပြီး နေ့စဥ်လိုအပ်တဲ့အရာများကို စီမံဆောင်ရွက်နေတဲ့ မေမေများအတွက်၊ ဆေးဝယ်ဖို့ဆိုတာ မျ...
16/06/2025

အိမ်ထဲမှာတနေကုန် မိသားစုအတွက် တာဝန်ယူပြီး နေ့စဥ်လိုအပ်တဲ့အရာများကို စီမံဆောင်ရွက်နေတဲ့ မေမေများအတွက်၊ ဆေးဝယ်ဖို့ဆိုတာ မျှော်လင့်သလို လွယ်ကူတာမဟုတ်ပါဘူး။

🩺 အခုချိန်ကာလမှာ ဆေးဝယ်ယူတဲ့အခါမှာအခက်အခဲတွေအများကြီးရှိပါတယ်

# ဆရာဝန်စာအုပ်မှာပြထားတဲ့ ဆေးနာမည်ကို တိတိကျကျ မသိလို့ ဝယ်ရခက်ခြင်း

# ဆေးဈေးများတက်နေခြင်း

# ဆေးကိုဘယ်အချိန် ဘယ်လိုသောက်ရမယ်ဆိုတာ နားလည်စေဖို့ ရှင်းပြပေးမယ့်ကျွမ်းကျင်သူမရှိခြင်း

# ရှာရခက်တဲ့ဆေးအမျိုးအစားများ မရှိဘဲ ပြန်လှည့်ရတဲ့အခါမျိုးများ

ဒါပေမဲ့... 💫အဲဒီအခက်အခဲတွေကို ထိရောက်စွာကူညီ ဖြေရှင်းပေးနိုင်တဲ့နေရာတစ်ခု ရှိနေပါပြီ — နတ်ရေစင်ဆေးဆိုင်

✨ နတ်ရေစင်ဆေးဆိုင်က ပေးနိုင်တဲ့ ဖြေရှင်းချက်များ

♥ ဆရာဝန်၏ဆေးညွန်းပါ တိကျသေချာစွာရွေးချယ်ဝယ်ယူနိုင်ရန် အတော်အတန် အတွေ့အကြုံရှိသော ဝန်ထမ်းများရှိခြင်း

♥ ရိုးရှင်းရှင်းနဲ့ နားလည်လွယ်အောင် ဆေးသောက်နည်း၊ သတိထားဖို့အချက်များကို ရှင်းပြပေးခြင်း

♥ စျေးနှုန်းသင့်တင့်ခြင်း ၊ ပမာဏအမျိုးမျိုးနဲ့ ရွေးချယ်စရာများ

♥ ဆေးမရှိခဲ့ရင်တောင် ရှာဖွေပို့ဆောင်ပေးရန်ကြိုးစားမှု

♥ လူနာတစ်ဦးချင်းစီအတွက် မဖြစ်ဖြစ်အောင် လုပ်ပေးတတ်သော ကြင်နာမှုနဲ့ လုပ်ဆောင်မှု

📍နတ်ရေစင် ဆေးဆိုင် ဟာ သင့်အတွက် “စိတ်အေးချမ်းခြင်း” ဆိုတဲ့စကားလုံးကို အမှန်တကယ် ခံစားရစေမယ့် နေရာတစ်ခုဖြစ်ပါတယ်။

မေမေတိုင်းအတွက်... မိသားစုအတွက်... ဘယ်အချိန်မဆို ဆေးဝယ်ဖို့ စိတ်ပူစရာမလိုတော့တဲ့ နေရာ။💚 နတ်ရေစင် ဆေးဆိုင် — သင့်တို့အတွက်အသင့်ရှိနေပါတယ်။

ဆက်သွယ်ရန် - 09421713570 , 09402503425

**ဆေးတွေကို အေးတဲ့နေရာမှာ သိမ်းတာက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။**နွေရာသီဆိုတာ ဆေးတွေအပူလွန်သွားနိုင်တဲ့ အချိန်ပါ။  နေရ...
16/06/2025

**ဆေးတွေကို အေးတဲ့နေရာမှာ သိမ်းတာက ကျန်းမာရေးအတွက် အရေးကြီးပါတယ်။**

နွေရာသီဆိုတာ ဆေးတွေအပူလွန်သွားနိုင်တဲ့ အချိန်ပါ။ နေရောင်ခြည်အနည်းငယ်ထိရင်တောင် အကျိုးဆက်တွေ ကြီးမားနိုင်ပါတယ်။

ဒီတော့ဆေးလုံးတစ်လုံးမှ ကိုယ်သောက်သုံး​ရေတဲ့​ဆေးပမာဏအထိ မှန်မှန်ကန်ကန်သောက်သုံးပြီးရင် အေးမြပြီး အစိုဓာတ်ကင်းတဲ့နေရာမှာ သိမ်းတာအကောင်းဆုံးပါ။

ဓာတ်ပုံထဲမှာ ပြထားသလို
ဆေးကို ရေမစိုအောင်။
နေရောင်မထိအောင်။
အေးမြတဲ့နေရာမှာသေချာစွာ သိမ်းဆည်းထားတာမျိုး အသုံးပြုကြဖို့ တိုက်တွန်းချင်ပါတယ်။

**သေချာသိမ်းမှသာ သေချာသုံးနိုင်တယ်။**
မိတ်ဆွေတို့ ကျန်းမာရေးအတွက် ကျွန်တော်တို့ Nat Ray Sin Pharmacy မှလည်း အမြဲရှိနေပါတယ်။

ဆက်သွယ်ရန် 09421713570, 09402503425

Address

အမှတ် (၆) မဂ္ဂင်လမ်း၊ မြေညီထပ်၊ ကျောက်မြောင်း၊ တာမွေမြို့နယ်
Minbya

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 15:00

Telephone

+959421713570

Website

Alerts

Be the first to know and let us send you an email when နတ်ရေစင် ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share