Unicity - Health Care Product

Unicity - Health Care Product X = Y
(224)

ဝိတ်လည်းကျချင်တယ် ကော်ဖီလည်းမရှောင်နိုင်ဘူး သောက်မယ့်ကော်ဖီတွေကလည်း သကြားတမုန်းပါတော့ ဘယ်တော့များ ဝိတ်ကြမလည်းလို့ စဉ်းစာ...
09/10/2021

ဝိတ်လည်းကျချင်တယ်
ကော်ဖီလည်းမရှောင်နိုင်ဘူး
သောက်မယ့်ကော်ဖီတွေကလည်း သကြားတမုန်းပါတော့
ဘယ်တော့များ ဝိတ်ကြမလည်းလို့ စဉ်းစားရင်း ခေါင်းခဲရတဲ့သူတွေအတွက်
BioReishi FX ကတော့ အကောင်းဆုံး အဖြေပါ ။
သကြားလုံးဝမပါ အုန်းသီးရဲ့အချိုဓာတ်နဲ့ ကော်ဖီရဲ့အခါးဓာတ်လေးကတော့ ပြောလို့မရအောင် အရမ်းကောင်းပါကြောင်း …

အချိန်တိုင်း နေရာတိုင်း မရှိမဖြစ် Product ❤️
09/10/2021

အချိန်တိုင်း နေရာတိုင်း မရှိမဖြစ် Product ❤️

ကော်ဖီသောက်ပြီး ဝိတ်တက်မှာကြောက်တဲ့သူတွေအတွက် BioReishi FX ကော်ဖီဟာအသင့်တော်ဆုံးပါ သကြားလုံးဝမပါတာကြောင့် ဝိတ်တက်မှာကြော...
08/10/2021

ကော်ဖီသောက်ပြီး ဝိတ်တက်မှာကြောက်တဲ့သူတွေအတွက်

BioReishi FX ကော်ဖီဟာအသင့်တော်ဆုံးပါ
သကြားလုံးဝမပါတာကြောင့် ဝိတ်တက်မှာကြောက်ဖို့မလိုတော့ပါ ။ အုန်းသီးအနံ့မွေးမွေးလေးနဲ့ ခါးသက်သက်ကော်ဖီအရသာလေး

တစ်ဗူး ၁၀ ထုပ်ပါ 350฿
ကော်ဖီချစ်သူတွေအတွက်သတင်းကောင်း ☕️

မနက်တိုင်း အပြင်မသွားခင် ကိုယ့်ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းနေအောင် အမြဲသောက်သုံးနေရတယ် ။ နေ့တိုင်းလိုလိုတစ်ရက်ကို ယောက...
11/08/2021

မနက်တိုင်း အပြင်မသွားခင် ကိုယ့်ရဲ့ခန္ဓာကိုယ်ခုခံအားစနစ်ကောင်းနေအောင် အမြဲသောက်သုံးနေရတယ် ။

နေ့တိုင်းလိုလိုတစ်ရက်ကို ယောက်၂၀၀ သေဆုံးနေတဲ့ထိုင်းနိုင်ငံ …

အားလုံးလည်းဒီရောဂါဆိုးကြီးကနေ ဘေးကင်းကြပါစေ 🙏

စိတ်မကောင်းပါဘူး … ဒီသတင်းအမှန်ဆိုရင် 😥
03/08/2021

စိတ်မကောင်းပါဘူး …

ဒီသတင်းအမှန်ဆိုရင် 😥

ရန်ကုန်မြို့တွင် နှစ်ပတ်အတွင်း ရုပ်အလောင်းပေါင်း၁၇,၀၀၀ ကျော်ကို မီးသင်္ဂြိုဟ် ပေးခဲ့ရ

ထွန်းထွန်းဝင်း/ သြဂုတ် ၃ ရက်၊ ၂၀၂၁ ခုနှစ်

ရန်ကုန်မြို့က သုသာန်ကြီးလေးခုမှာ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့တဲ့ ရုပ်အလောင်း ၁၇,၇၁၅‌လောင်းကို နှစ်ပတ်အတွင်း မီးသင်္ဂြိုဟ် ပေးခဲ့ရတယ်လို့ မဇ္ဈိမကလက်ခံရရှိထားတဲ့ စာရင်းတွေအရ သိရပါတယ်။
ဇူလိုင် ဒုတိယပတ်နဲ့ စတုတ္ထပတ်အတွင်းမှာ ရုပ်အလောင်းတွေကို မီးသင်္ဂြိုဟ် ပေးခဲ့ရတာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ လက်အောက်ခံ ဖြစ်တဲ့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူစာရင်း‌တွေကို ညစဉ် ည၈နာရီအချိန်မှာ ထုတ်ပြန်ပါတယ်။ အဲဒီထုတ်ပြန်ချက်ထဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ ဇူလိုင် ၃၁ တစ်ရက်အတွင်းမှာပဲ သေဆုံးသူ အရေအတွက် ၃၉၇ ဦးနဲ့ အများဆုံး သေဆုံးခဲ့တာဖြစ်တယ်လို့ ကြေညာသွားခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်တွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အ‌ရေအတွက်နဲ့ ပတ်သက်ပြီး ဇူလိုင်လ-၁၀ ရက်မှာ ၇၁ ဦး၊ ၁၁ ရက်မှာ ၈၂ ဦး၊ ၁၂ ရက်မှာ ၈၉ဦး ၊ ၁၃ ရက်မှာ ၁၀၉ဦး၊ ၁၄ ရက်မှာ ၁၄၅ ဦး၊ ၅ ရက်မှာ ၁၆၅ ဦး၊ ၁၆ ရက်မှာ ၁၉၀ဦး၊ ၁၇ ရက်မှာ ၂၃၃ဦး ၊ ၁၈ ရက်မှာ ၂၃၁ ဦး၊ ၁၉ ရက်မှာ ၂၈၁ ဦး၊ ၂၀ ရက်မှာ ၂၈၆ ဦး၊ ၂၁ ရက်မှာ ၂၄၇ ဦး၊ ၂၂ ရက်မှာ ၃၁၉ ဦး ၊ ၂၃ ရက်မှာ ၃၂၆ ဦး ၊ ၂၅ ရက်မှာ ၂၉၇ ဦး ၊ ၂၆ ရက်မှာ ၃၉၆ ဦး ၊ ၂၇ ရက်မှာ ၃၃၈ ဦး ၊ ၂၈ ရက်မှာ ၃၆၅ ဦး ၊ ၂၉ ရက်မှာ ၃၄၂ ဦး၊ ၃၀ ရက်မှာ ၃၉၂ ဦး နဲ့ ၃၁ ရက်မှာ ၃၉၇ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

အဆိုပါ သေဆုံးသူစာရင်းနဲ့ မြေပြင်ကအမှန်တကယ် သေဆုံးသူစာရင်း ကွာခြား‌နေတာဟာ ဆေးရုံမှာ သေဆုံးတဲ့ အရေအတွက်ကိုသာ ယူထားတာကြောင့် ဖြစ်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံဖြစ်တဲ့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက သူရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဇူလိုင်လ ၂၄ ရက်က ရေးသားထားပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်-၁၉ ကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်က စစ်ကောင်စီထုတ်ပြန်ချက်ထဲကထက် အဆမတန်များပြားတယ်လို့ ပရဟိတအဖွဲ့အစည်းအသီးသီးက တညီတညွတ်ထဲ မှတ်ချက်ပြုထားကြပါတယ်။

မဇ္ဈိမ သတင်းဌာနကရရှိထားတဲ့ စာရင်းတွေအရ ဇူလိုင်၁၄ ရက်ကနေ ဇူလိုင်၂၉ ရက် အထိ ရုပ်အလောင်းပေါင်း ၁၇,၇၁၅ ဦးကို ရန်ကုန်မြို့မှာရှိတဲ့ ရေဝေး ၊ ထိန်ပင် ၊ ကျူချောင်း ၊ ကျီစု သုသာန်‌ တွေမှာ မီးသင်္ဂြိုဟ် ခဲ့တာပါ။အဆိုပါ စာရင်းထဲမှာ ကျန်ရှိတဲ့ သုသာန် ငါးနေရာမှာ မီးသင်္ဂြိုဟ်ခဲ့တဲ့ ရုပ်အလောင်း အရေအတွက် မပါဝင်သေးပါဘူး။

သုသာန်ကြီး လေးခုက စာရင်းတွေအရ ဇူလိုင်လ- ၁၄ ရက်မှာ ၅၇၄လောင်း ၊ ၁၅ ရက်မှာ ၆၅၇ လောင်း ၊ ၁၆ ရက်မှာ ၇၅၆ လောင်း ၊ ၁၇ ရက်မှာ ၉၃၄ လောင်း ၊ ၁၈ ရက်မှာ ၁,၄၀၃ လောင်း ၊ ၁၉ ရက်မှာ ၁,၂၆၆ လောင်း ၊ ၂၀ ရက်မှာ ၁,၀၇၂ လောင်း ၊ ၂၁ ရက်မှာ ၁၃၁ လောင်း ၊ ၂၂ ရက်မှာ ၁,၃၁၂ လောင်း၊ ၂၃ ရက်မှာ ၁,၄၅၀ လောင်း ၊ ၂၄ ရက်မှာ ၁,၂၇၆ လောင်း ၊ ၂၅ ရက်မှာ ၁,၂၁၇ လောင်း ၊ ၂၆ ရက်မှာ ၁,၀၅၃ လောင်း ၊ ၂၇ ရက်မှာ ၁,၂၂၇ လောင်း ၊ ၂၈ ရက်မှာ ၁,၁၉၁ လောင်း နှင့် ၂၉ ရက်မှာ ၁,၀၁၃ လောင်းတို့ကို မီးသင်္ဂြိုဟ် ပေးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ပရဟိတအဖွဲ့‌တွေက မြောက်ဥက္ကလာပမြို့နယ်မှာရှိတဲ့ ရေဝေးသုသာန်နဲ့ လှိုင်သာယာမြို့နယ်မှာရှိတဲ့ ထိန်ပင်သုသာန်မှာ ဇူလိုင် ၁၀ ရက်က‌နေ ဇူလိုင် ၂၁ ရက် အထိ နေ့စဉ် ရုပ်အလောင်း ၅၀၀ နဲ့ ၆၀၀ ကြား ၊ ရွှေပြည်သာမြို့နယ် မှာရှိတဲ့ ကျူချောင်းသုသာန်မှာ ရုပ်အလောင်း ၄၀၀ ဝန်းကျင် နဲ့ ဒဂုံဆိပ်ကမ်းမြို့နယ် မှာရှိတဲ့ ကျီစု သုသာန်မှာ ရုပ်အလောင်းပါင်း ၃၀၀ ဝန်းကျင်ကို မီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ မဇ္ဈိမ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

မြို့နယ်တစ်မြို့နယ်မှာ ပရဟိတအဖွဲ့ပေါင်း ၂၀ ဝန်းကျင်ရှိပြီး ရန်ကုန် တစ်မြို့လုံးမှာဆိုရင် ပရဟိတ အဖွဲ့ပေါင်း ၂၀၀ ဝန်းကျင်ခန့်ရှိပါတယ်။

ပရဟိတအဖွဲ့များက မီးသင်္ဂြိုဟ်ပေးခဲ့တဲ့ သေဆုံးသူ‌ တွေကို ကိုဗစ်-၁၉ နဲ့ သေတဲ့သူ‌‌တွေဖြစ်ကြောင်း ဘယ်လိုသိနိုင်သလဲဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး "သေဆုံးတဲ့ ရုပ်အလောင်း‌ တွေကို သွားသယ်ရင် ကိုဗစ်ကြောင့် အောက်စီဂျင် ကျလို့ သေဆုံးတာလို့မိသားစု ဝင်တွေက ပြောကြတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ ၉၀ ရာခိုင်နှုန်းက ကိုဗစ်ကြောင့် သေတာ “ လို့ပရဟိတအဖွဲ့ဝင်တစ်ဦးကဖြေကြားပါတယ်။

လက်ရှိအချိန်မှာ သုသာန်တွေက ရုပ်အလောင်‌းတွေကို နံနက် ၉နာရီဝန်းကျင်အချိန်ကနေ ည ၁၀ နာရီဝန်းကျင်အချိန်ထိ မီးသင်္ဂြိုဟ် ပေးနေတယ်လို့သိရပါတယ်။

ရုပ်အလောင်းတွေကို ရေဝေး သုသာန်မှာ မီးသင်္ဂြိုဟ်စက် ခြောက်လုံး ၊ ထိန်ပင် သုဿာန်မှာ မီးသင်္ဂြိုဟ်စက် လေးလုံး ၊ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ် စက် နှစ်လုံးနဲ့ ကျူချောင်းသုသာန်မှာ မီးသင်္ဂြိုဟ် တစ်လုံး တို့နဲ့ သင်္ဂြိုဟ်ပေးနေရပါတယ်။

ထိုင်းမှာ တစ်ရက် ၂၀၀၀၀နီးပါး ကူးဆက် တစ်ရက် ၂၀၀နီးပါးသေဆုံး ကာကွယ်ဆေးလည်း အညံ့စား Sinovac ထိုးချင်တယ်ဆိုတောင် ထိုးဖို့ အဆ...
31/07/2021

ထိုင်းမှာ တစ်ရက် ၂၀၀၀၀နီးပါး ကူးဆက်
တစ်ရက် ၂၀၀နီးပါးသေဆုံး

ကာကွယ်ဆေးလည်း အညံ့စား Sinovac
ထိုးချင်တယ်ဆိုတောင် ထိုးဖို့ အဆင်သင့်မဖြစ်တဲ့နိုင်ငံ

ကိုယ့်ကိုယ် ကာကွယ်တာအကောင်းဆုံးနည်းလမ်းပဲ
ဒါလည်း ကူး မယ်ဆိုရင်တော့ မသတ်နိုင်ဘူးတော့ဘူး 🤤

မြန်မာနိုင်ငံမှာနေတဲ့ ကိုယ့်မိတ်ဆွေတွေရဲ့ မိသားစုဝင်သတင်းတွေနေ့တိုင်းကြားရတာလည်း စိတ်မကောင်းပါဘူး

ထိုင်းမှာနေတယ်ဆိုပေမယ့် အခုခေတ်က Online ခေတ်ဆိုတော့ ဘယ်နေရာမှာနေနေ အရောင်းဝယ်လုပ်လို့ရတယ် ။ မန်းလေးက အသိရဲ့မိတ်ဆွေက covi...
30/07/2021

ထိုင်းမှာနေတယ်ဆိုပေမယ့်

အခုခေတ်က Online ခေတ်ဆိုတော့ ဘယ်နေရာမှာနေနေ အရောင်းဝယ်လုပ်လို့ရတယ် ။

မန်းလေးက အသိရဲ့မိတ်ဆွေက covid19 Positive ဖြစ်လို့
ခုခံအားစနစ်မြင့်တင်ပေးတဲ့ Product တွေကိုပို့

အောက်ဆီဂျင်အရမ်းကျတဲ့အချိန်မှာ Chlorophyll များများသောက်ပေးတာ အရမ်းကောင်းပါတယ် ။

Unicity ရဲ့အခြေခံအတွင်းပိုင်း သန့်ရှင်းရေးအုပ်စုထဲမှာပါတဲ့ Red Clover ။ တကယ်တမ်း Red Clover ရဲ့အကျိုးအာနိသင်အရမ်းများပါတ...
26/07/2021

Unicity ရဲ့အခြေခံအတွင်းပိုင်း သန့်ရှင်းရေးအုပ်စုထဲမှာပါတဲ့
Red Clover ။ တကယ်တမ်း Red Clover ရဲ့အကျိုးအာနိသင်အရမ်းများပါတယ် …

✅သွေးသန့်ရှင်းမှုကိုလုပ်ဆောင်ပေးနိုင်တယ်
✅အသက်ရှုလမ်းကြောင်းမှာရှိတဲ့ ပိုးတွေကိုဖယ်ရှင်းပေးတယ် ( အဆုပ်သမားတွေအရမ်းသောက်သင့်တယ် )
✅ ပိုးသတ်ဆေး အစားထိုးသောက်သုံးနိုင်တယ် ဆိုးကျိုးလုံးဝမရှိ
✅ ရောင်ရမ်းမှုကို လျှော့ချပေးတယ်
✅ အသည်း ကျောက်ကပ် သန့်ရှင်းပေးတယ်

တစ်ဗူး ၁၀၀လုံးပါ [ ၂၉,၅၀၀ ကျပ် ]

Chlorophyll ထပ်ရောက်ပါပြီ လိုချင်တဲ့သူတွေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နယ်စပ် က နေကားဂိတ်နဲ့ မြို့နယ်အလိုက်ပို့ပေးပါတယ် ။တစ်...
24/07/2021

Chlorophyll ထပ်ရောက်ပါပြီ

လိုချင်တဲ့သူတွေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်
နယ်စပ် က နေကားဂိတ်နဲ့ မြို့နယ်အလိုက်ပို့ပေးပါတယ် ။

တစ်ဗူး ၃၅,၀၀၀ ကျပ်ပါ 🙏🙏🙏

မန္တလေး က customer အရေးတကြီးမှာလို့ မနက်ဖြန်ပစ္စည်းရောက်တာနဲ့ ကားဂိတ်ကိုပို့ပေးလိုက်မယ် ။ မြန်မာနိုင်ငံ Covid19 အခြေနေတေ...
22/07/2021

မန္တလေး က customer အရေးတကြီးမှာလို့ မနက်ဖြန်ပစ္စည်းရောက်တာနဲ့ ကားဂိတ်ကိုပို့ပေးလိုက်မယ် ။

မြန်မာနိုင်ငံ Covid19 အခြေနေတော်တ်ောဆိုးဝါးနေတာသိရလို့ စိတ်မကောင်းပါဘူး ။
နေရာတိုင်း အောက်ဆီဂျင်တွေလုံလောက်မှုမရှိ
အားလုံးဒီအခြေနေဆိုးကြီး ကျော်ဖြတ်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ် ။

ဒီရက်ပိုင်းမကောင်းတဲ့သတင်းတွေကြီးကြားနေရတာ စိတ်တကယ်မကောင်းပါဘူး ကိုယ့်မိတ်ဆွေ ကိုယ့်မိတ်ဆွေမိသားစုတွေ covid19 ကြောင့်အသက...
21/07/2021

ဒီရက်ပိုင်းမကောင်းတဲ့သတင်းတွေကြီးကြားနေရတာ စိတ်တကယ်မကောင်းပါဘူး ကိုယ့်မိတ်ဆွေ ကိုယ့်မိတ်ဆွေမိသားစုတွေ covid19 ကြောင့်အသက်ဆုံးရှုံးရတဲ့သတင်းဟာ အင်မတန် ဝမ်းနည်းပါတယ် ။

Covid19 ဟာ ကူးဆက်ရောဂါဆိုတာ တော်တော်များလည်း နားလည်ကြပါပြီ အချိန်မရွေးလူတိုင်းကူးဆက်နိုင်တယ်ဆိုတာလည်း အမှန်ပါပဲ … လက်ရှိမြန်မာနိုင်ငံရဲ့အဆိုးဆုံးအခြေနေက ကာကွယ်ဆေးမရှိ ကုသမှုလည်းမထိရောက်တာကြောင့် ဆုံးရှုံးမှုတွေများပြားလာတာအမှန်ပါ ။ ဒါကြောင့်ဒီလိုအခြေနေဆိုးကြီးကို အားလုံးကျော်ဖြတ်နိုင်ကြပါစေလို့ စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ် ။

စိတ်ဓာတ်မကျပါနဲ့ စိတ်ဓာတ်ကျခြင်းဟာ ခုခံအားစနစ်ကိုကျစေတယ်ဆိုတာလည်း အမှန်တရားတစ်ခုပါ ။
ဒါကြောင့် စျေးလာရောင်းတယ်လို့ထင်ရင်
မိမိ ခန္ဓာကိုယ်ခုခံအားစနစ်မကျဆင်းအောင် နေထိုင်ကြပါလို့ပြောချင်ပါတယ် 🙏🙏🙏

ကျဆုံးသွားတဲ့မိသားစုတိုင်းအတွက် ဝမ်းနည်းပါကြောင်း

#ချမ်းမြေ့အောင်

သွေးတွင်းအညစ်ကြေးတွေ ဖယ်ရှင်းပေးရုံမက သွေးတွင်းအောက်စီဂျင် Level ကိုလည်း မြင့်တင်ပေးတဲ့ Chlorophyll 🦠
20/07/2021

သွေးတွင်းအညစ်ကြေးတွေ ဖယ်ရှင်းပေးရုံမက

သွေးတွင်းအောက်စီဂျင် Level ကိုလည်း မြင့်တင်ပေးတဲ့
Chlorophyll 🦠

Address

186 Pone Htun 4st
Tachileik
06271

Telephone

+95 1 651774

Website

Alerts

Be the first to know and let us send you an email when Unicity - Health Care Product posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Unicity - Health Care Product:

Share