𝗦𝗔𝗡 𝐂𝐥𝐢𝐧𝐢𝐜 & 𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲

  • Home
  • Myanmar
  • Tachileik
  • 𝗦𝗔𝗡 𝐂𝐥𝐢𝐧𝐢𝐜 & 𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲

𝗦𝗔𝗡 𝐂𝐥𝐢𝐧𝐢𝐜 & 𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲 "စံ" ဆေးခန်း နှင့် ဆေးဆိုင်

 #မဟာသက်ြန်လည်းပီးသွားပီ အရက်ကိုပျော်ပျော်ကြီးသောက်ခဲ့တဲ့ ဘော်ဒါတို့အတွက် အသည်းအားဆေးလေးလာပါပီနော်🍀🍀🍀Livolin Forte က အသည...
19/05/2024

#မဟာသက်ြန်လည်းပီးသွားပီ အရက်ကိုပျော်ပျော်ကြီးသောက်ခဲ့တဲ့ ဘော်ဒါတို့အတွက် အသည်းအားဆေးလေးလာပါပီနော်🍀🍀🍀
Livolin Forte က အသည်းရှိ အဆိပ်အတောင်များကိုသန့်စင်ဖယ်ရှားပေးခြင်း အသည်းကိုပြန်လည်အားဖြည့်ပေးခြင်း စတဲ့အာနိသင်တွေပြည့်ဝစွာ ပါဝင်တဲ့ အသည်းအတွက်အကောင်းဆုံးဆေးစွမ်းလေးပါနော်🍀🍀
Livolin Forte ကို နည်းစနစ်တကျ ဘယ်လို သောက်သုံးရမလဲ?

အသည်းလေး ကျန်းကျန်းမာမာရှိဖို့ဆိုရင် Livolin Forte ကို တစ်နေ့ ၂လုံး မနက် (၁) ကြိမ်နဲ့ ည (၁) ကြိမ် သောက်သုံးသင့်ပြီး အရက် ဘီယာ သောက်ချိန်နဲ့ ၆ နာရီ ခြားပြီးသောက်သုံးသင့်ပါတယ်။

အခုခေတ်မှာဆို စားသောက်နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတော့ ရောဂါတွေလည်း ပိုပေါလာသလို အစားအသောက်တွေကနေ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ အသည်းအဆီဖုံးတာတွေက လူကြီးပိုင်းတင်မဟုတ်တော့ဘဲ လူငယ်တွေမှာ အများဆုံးဖြစ်လာပါတယ်။ အဆီအဆိမ့်တွေ၊ Fast Food တွေ အမြဲလိုစားဖြစ်တဲ့သူဆိုရင် ကိုယ့်အသည်းလေး မပျက်စီးအောင် ထိန်းသိမ်းဖို့တော့ လိုမယ်နော်။
Crd,

06/03/2024

လူကြီးမင်းတို့‌ နေမကောင်းလို့ဆေးရုံ၊ဆေးခန်းမသွားချင်ဘူး
အိမ်မှာပဲအေးဆေးလေးနေပြီးအားဆေးချိတ်ချင်တယ်
အကြောဆေးသွင်းချင်သူ၊ ဖျားနာ၊ညောင်းကိုက်လို့ဆေးထိုးချင်သူတွေကို
စံဆေးခန်းမှအိမ်တိုင်ရာရောက်ဝန်ဆောင်မူ့ပေးပါတယ်ရှင့်💉💊
Helloလုပ်လိုက်တာနဲ့ လူကြီးမင်းတို့ဆီမြန်ဆန်စွာရောက်ရှိလို့လာပါမယ်ရှင့်😚🛵
📞 09893545363
🏥လွယ်တော်ခမ်းတံတားအနီး၊တာချီလိတ်မြို့။

💎နာကျင်ကိုက်ခဲမှုများအလျင်အမြန် ပျောက်ကင်းစေသော  ဂိုးဖန်ဆေး  Gofen💎အကျိုးကျေးဇူးများClearcap Technology  for Fast Pain R...
06/03/2024

💎နာကျင်ကိုက်ခဲမှုများအလျင်အမြန် ပျောက်ကင်းစေသော ဂိုးဖန်ဆေး Gofen💎
အကျိုးကျေးဇူးများ

Clearcap Technology for Fast Pain Relief
Clearcap Technology ဆိုသည်မှာ အိုင်ဗျူပရိုဖန် ဆေးရည်အား ဆေးတောင့် အတွင်းထည့်သွင်းထားသော နည်းပညာဖြစ်တယ်။
အစာအိမ်နှင့် အူလမ်းကြောင်းတွင် ပျံနှံ့စုပ်ယူနိုင်စွမ်းစေပြီး ကိုက်ခဲမှုများကို အလျင်အမြန်ပျောက်ကင်းစေပါတယ်။
Clearcap Technology ဖြင့် ထုတ်လုပ်ထားသောကြောင့် အစာအိမ်ထိခိုက်မှုအနည်းဆုံးဖြစ်ပါတယ်။

ဘယ်သူတွေသောက်သုံးသင့်ပါသလဲ ?
နာကျင်ကိုက်ခဲမှုအမျိုးမျိုးဖြစ်သော
ဖျားနာကိုက်ခဲခြင်း
သွားများနာကျင်ကိုက်ခဲခြင်း
အရိုးအဆစ်များရောင်ရမ်းနာကျင်ခြင်း
အာသီးရောင်ခြင်း
ခေါင်းကိုက်ခြင်း
ဓမ္မတာမလာမီ နှင့် လာနေစဉ် နာကျင်ကိုက်ခဲခြင်း
ကြွက်သားများနာကျင်ကိုက်ခဲခြင်း

ဘယ်အရွယ်ကစပြီး သောက်လို့ရလဲ ?

12 နှစ် အထက်မှ စပြီး သောက်သုံးလို့ရပါတယ်။

ဘယ်လိုသောက်ရမလဲ ?

အစာနှင့်အတူ ဆေးတစ်လုံးအား 6 နာရီ ကြားတစ်ခါ သောက်သုံးလို့ရပါတယ်။
တစ်နေ့လျှင် တစ်လုံး 4 ကြိမ်အထိ လိုအပ်သလို သောက်သုံးသင့်ပါတယ်။
Crd

06/03/2024

ယားနာအမျိုးမျိုးအတွက်🔸🔹

- Skineal cream ,
- fungiderm cream

၀ကျခွံ နဲ့အဆီဖု အတွက်🔸🔹

- Clindamycin cream

ပ ွန်းပဲ့ ဒဏ်ရာအတွက်🔸🔹

- Bioplacetam cream, - Blue Gel

ထိခိုက်ရှနာနဲု့ ဒူးနာ ခါးနာအတွက် 🔸🔹

- Voltex
- Diclo gel,
- Go gel

မီးပူလောင် အပူလောင် အိပ်ယာနာ ( အရမ်းမကြီလ ွန်းတဲ့ ဒဏ်ရာအတွက်)🔸🔹

အပူလောင်တဲ့ ဒဏ်ရာကို အေးအောင် ရေနဲ့လောင်းပေး ,ရေခဲကပ်ပေးပါ...။
ပြီးမှဆေးလိမ်းပါ...။

- Silvo cream

ချောင်းဆိုး ချွဲကြပ် အတွက် ငုံဆေး🔸🔹

- Woods,
- Mybacin

ချောင်းခြောက်ဆိုးတာ အတွက်🔸🔹

- ု Woods sy (အနီရောင်)
(ဒါမှမဟုတ်)
- Dextro +cevit

ချွဲပါတဲ့ ချောင်းဆိုးတာအတွက်🔸🔹

- Woods sy (အပြာရောင်) or
- Musol + cevit
Or
- solvin + cevit

လတ်တလော သွေးတိုးတာအတွက်🔸🔹

- Amlong 5mg

ရိုးရိုး ဖျားနာကိုက်ခဲအတွက်🔸🔹

- Para + Ibuprofen 400mg + Omeprazole + cevit

မူးမော် ပျို့အန်အတွက်🔸🔹

- Stemetil,
- stugin ,
- B6,
- Domperidone

၀မျးပြော့ဆေး 🔸🔹

- Avolac sy (ရေများများသောက် အမျှင်ဓာတ်ပါတဲ့ အသီးအရွက် များများစား

၀မ်းပိတ်ဆေး 🔸🔹

- Dicotil + ORS (BBI ဓာတ်ဆား)

မပြင်းထန်သော လေထိုးလေအောင့်🔸🔹

- Air x , (or)
- Kremils (or)
- Ranitidine(1) BD.
Silo (1) tds

သွားဖုံးရောင် သွားဖုံး သွေးထွက်🔸🔹

- Limcee (1) BD 5day
Denzo (1) tds 5day

ရေများများသောက် အညှီအဟောက်ရှောင်

လျှာနာ ပါးစပ်နာ🔸🔹

- Cevit (1) tds
B2 (1) tds
Multivitamin (1) OD
5 day
,
ရေများများသောက် ဆီး၀မ်းမှန်အောင် ဂရုစိုက်ပေး...။

Menstruation လာစဉ် နာကျင်ကိုက်ခဲရင်🔸🔹

- Mefenamic aicd (1) BD
Antacid (1) BD
Ferrovit (1) OD

(ရိုးရိုးတုပ်ကွေး )တစ်ကိုယ်လုံး ညောင်းညာကိုက်ခဲ နှာမွှန်ဖျား🔸🔹

Para(1) tds
Cefixime (1) bd
Cetrizine (1) bd
Antacid (1) bd
Cevit(1) bd

3 Day ဆက်တိုက် သောက်နိူင်ပါတယ်.

မျက်လုံးအသုံးများပီး ခေါင်းကိုက် မျက်ရိုးကိုက် သူများအတွက်🔸🔹

Betex (or)
Princi B fort

ခန္ဓာကိုယ် ကြွက်သားတောင့်တင်း နာကျင်နေသူများအတွက်🔸🔹

Norgetex (or)+ Omeprazole
Myomethol+Omeprazole

အအန်ပျောက်ဆေး🔸🔹

Domperidone
Maxomet(metoclopramide)

ကိုယ်လက်နာကျင် ကိုက်ခဲရင် 🔸🔹

Diclo + Antacid(or)
Mustad +Antacid (or)
Ibuprofen +Antacid

ဒေါက်တာ မေဇင်စိုးမြင့်

Crd

💊သိုင်းရွိုက်ဟော်မုန်းနဲ့ ပတ်သက်တဲ့ ကင်ဆာရှိသောသူအများစုဟာ ကုသမှုအောင်မြင်ကြတဲ့အပြင် ရောဂါကို စေားစီးစွာ တွေ့ရလေ့ရှိတယ်။...
06/01/2024

💊သိုင်းရွိုက်ဟော်မုန်းနဲ့ ပတ်သက်တဲ့ ကင်ဆာရှိသောသူအများစုဟာ ကုသမှုအောင်မြင်ကြတဲ့အပြင် ရောဂါကို စေားစီးစွာ တွေ့ရလေ့ရှိတယ်။

🖇️ဒါပေမဲ့ ကံမကောင်းစွာဘဲ ကုသပြီးနှစ်တွေကြာလာရင် အဲဒီကင်ဆာက ပြန်လည်ဖြစ်ပွားတတ်တယ်။

♀️သိုင်းရွိုက်ကင်ဆာက အမျိုးသားတွေထက် အမျိုးသမီးတွေ ပိုအဖြစ်များတယ်။အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။

🚫သိုင်းရွိုက်ကင်ဆာက ကနဦးအစမှာ လက္ခဏာမပြပါဘူး။အခြေနေဆိုးလာရင် ပြတတ်တဲ့လက္ခဏာတွေက -

‼️လည်ပင်းတွင် အကျိတ်လုံးထွက်လာခြင်း

‼️ချောင်းဆိုးခြင်း

‼️အသံဝင်ခြင်း၊ အသံဩခြင်း

‼️လည်ပင်းနှင့် လည်ချောင်းနာကျင်ခြင်း

‼️အစာမျိုချရန်ခက်ခဲခြင်း

‼️လည်ပင်းရှိ ပြန်ရည်ကြောအိမ်များ ရောင်ရမ်းခြင်း အပြင် အခြားလက္ခဏာတွေလည်း ရှိနိုင်သေးတယ်။

❔ဘာတွေက သိုင်းရွိုက်ကင်ဆာ ‌ဖြစ်စေတာလဲဆိုတော့

🖇️မိဘဆီကနေ မျိုးရိုးလိုက်ခြင်း (သို့) အသက်ရွယ်ကြီးလာတဲ့အခါမှ သူ့အလိုလိုဖြစ်ပွားလာခြင်း တွေကြောင့် ဖြစ်နိုင်တယ်။

#ကျန်းမာရေးအသိပညာ
#သိုင်းရွိုက်ကင်ဆာ
#ကျန်းမာရေး

ခေါင်းမူးနေတယ်၊ ဘာဖြစ်တာလဲ? 🏥-----------------------------------------ခေါင်းမူးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အများကြ...
27/12/2023

ခေါင်းမူးနေတယ်၊ ဘာဖြစ်တာလဲ? 🏥
-----------------------------------------
ခေါင်းမူးတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက အများကြီး ရှိပါတယ်။ အဲဒီက စ ပြောရင်တော့ ပိုမူးသွားဖို့ပဲ ရှိပါတယ်။ 😅 😵‍💫

အကြောင်းရင်းရှာတာက ဆရာဝန်လုပ်ပါလိမ့်မယ်။ ကိုယ်က အန္တရာယ်ရှိတဲ့လက္ခဏာတွေကို ကြိုသိထားဖို့နဲ့ ဆရာဝန်ဆီမရောက်ခင် ကိုယ်လုပ်လို့ရတာလုပ်ထားဖို့ ပဲ လိုတာပါ။

အထိုင်အထ ရိပ်ခနဲ ဖြစ်တာ၊ မျက်စိပြာသွားတာ နဲ့ ချာချာလည်အောင် ခေါင်းမူးတာက မတူပါဘူး။
အထိုင်အထ ရိပ်ခနဲ ဖြစ်တာ၊ မျက်စိပြာတာက သပ်သပ်တလိုင်းပါ။ နောက်မှ ဆွေးနွေးပါမယ်။

အခု ချာချာလည်အောင် မူးတဲ့သူတွေ အတွက် အရင်ရေးပေးပါမယ်။
အဲဒါကြောင့် လက်တွေ့မှာ ချာချာလည်အောင် ခေါင်းမူးရင် ဘာ နဲ့စမလဲအရင်ကြည့်ရအောင်။

(၁) သတိလစ်ခြင်း ➡️ ပြန်ကောင်းသွားရင်တောင် ဆရာဝန်ချက်ချင်းပြရမယ့် လက္ခဏာပါ။ ‼️

(၂) ခေါင်းမမူးခင်က ခေါင်းကို ထိခိုက်မိထားတာရှိလား🤕 ➡️ ရှိတယ်ဆိုရင် မပေါ့ပါနဲ့၊ အရေးကြီးပါတယ်။

(၃) ခေါင်းမူးတာအပြင် ➡️
- ရုတ်တရက် ပြင်းပြင်းထန်ထန် ခေါင်းကိုက်တာရှိလား?
- မျက်နှာ၊ ခြေ၊ လက်၊ ထုံတာကျဥ်တာ၊ အားနည်းတာရှိလား?
- မျက်စိအမြင်ဝေဝါးတာ?
- စကားပြောရတာ ခက်ခဲနေတယ် ထင်လား?
- ရုတ်တရက် နှလုံးခုန်မူမမှန်ဖြစ်လား? မြန်တာ၊ နှေးတာ?
- ကိုယ်အလေးချိန် သိသိသာသာလျော့လား?
(အသက်ကြီးတဲ့သူတွေမှာ အိမ်သားက မေးပေးမှ သူတို့က ပြောတာပါ၊ နဂိုကလည်း အဲ လက္ခဏာတွေရှိတယ်ဆိုရင် မူးတာနောက်ပိုင်း အဲလက္ခဏာတွေ ပိုဆိုးလာလား သိဖို့ အရေးကြီးပါတယ်)
*** အဲဒီလက္ခဏာတွေက ဆရာဝန် အမြန်ပြသင့်တဲ့ လက္ခဏာတွေပါ။ ‼️

(၄) မူးနေတဲ့အချိန် သွေးပေါင် တိုင်းကြည့်လို့ရပါတယ်။ (ဆရာဝန်မဟုတ်ဘဲ အတွေ့အကြုံရှိတဲ့သူတိုင်း လုပ်လို့ရပါတယ်) ကျတာရော၊ တက်တာရော ဖြစ်နိုင်ပါတယ်။
သွေးပေါင်ကျနေရင် ဓါတ်ဆားရည်အရင်တိုက်ပြီး အကြောင်းရင်း လိုက်ရှာရပါမယ်၊

တက်နေတယ်ဆိုရင် -
သာမာန်လူတွေတောင် မူးနေတဲ့အချိန်မှာ သွေးပေါင်တက်တတ်ပါတယ်။ သွေးပေါင်တက်တိုင်း သွေးပေါင်ကျဆေး မလိုပါ။ ဒါပေမယ့် နဂိုက သွေးတိုးအခံ ရှိတဲ့သူ၊ ဆေးသောက်နေကျသူနဲ့ သွေးပေါင် ၁၆၀/၉၀ အထက်‌ တွေမှာဆိုရင်တော့ သွေးပေါင်ကျဆေးလိုကောင်းလိုမှာ ဖြစ်တဲ့အတွက် နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။

(၅) သွေးတွင်းအချိုဓါတ်က မူးနေတဲ့အချိန် စက်ရှိရင် တိုင်းကြည့်ပါ။
သူလည်း ကျတာရော၊ တက်တာရော ဖြစ်နိုင်ပါတယ်။ ချွေးစေးထွက်၊ ရင်တလှပ်လှပ်ဖြစ်တာတွေပါ တွဲနိုင်ပါတယ်။
ကျရင် အချိုရည်သောက်ရပြီး တက်ရင်တော့ အင်ဆူလင်ဖြစ်ဖြစ်၊ ဆီးချိုဆေး ဖြစ်ဖြစ် လိုကောင်းလိုမှာဖြစ်တဲ့အတွက် သူလည်း ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါတယ်။

(၆) သာမာန်မူးတာက (၁၄) ရက်ထက်ပိုမကြာသင့်ပါ။ ပိုကြာရင် သတိထားပြီး ဆရာဝန်နဲ့ထပ် တိုင်ပင်ပါ။ ဖြူဖျော့နေရင်တော့ သွေးအားနည်းတာ ဖြစ်နိုင်ပြီး သေချာအောင် သွေးဖောက်စစ်မှရမှာပါ။
-----------------------------
(၁) ကနေ (၆) အထိ လက္ခဏာတစ်ခုမှ မရှိရင်တော့ ချာချာလည်အောင် မူးနေရင်တောင် သိပ်မစိုးရိမ်ပါနဲ့။
အရေးပေါ် ကုသတာထက် ဖြည်းဖြည်းချင်းပဲ ဆေးသောက်၊ ဖြည်းဖြည်းချင်းပဲ သက်သာတဲ့ အခြေအနေတွေ ဖြစ်ဖို့များပါတယ်။

(၇) မူးတာက (၁၄) ရက်မပြည့်သေးဘူး၊ ပျို့အန်တာလည်း ရှိတယ်ဆိုရင် ဆက်စဥ်းစားရမှာက
- မကြာခင်က 💊 ဆေးသောက်ထားတာရှိလား၊ ဆေးအသစ်? ဆေးအပြောင်းအလဲ? တစ်ခါတစ်ရံ အချို့ဆေးတွေက စစချင်း မဖြစ်ဘဲ လနဲ့ ချီသောက်မှ ခေါင်းမူးတာ ရှိပါတယ်။
- အရက်
- ကား၊ လေယာဥ်ပျံ၊ သင်္ဘော (၂ ရက်ထက်ပိုမကြာသင့်ပါ)✈️ 🚢 🚐

(၈) အပေါ်က ပြောသမျှနဲ့ တစ်ခုမှ မကိုက်ရင် ထပ်မေးရမှာက - 👂
နားအူတာ၊ နားပြည်ယိုတာ၊ အကြားအာရုံချို့ယွင်းတာရှိလား? နားထဲ အရည်ကျည်ဖုလေးတွေ ရှိလား? ➡️
ရှိရင်တော့ နားကြောင့် ဖြစ်တဲ့ ခေါင်းမူးတာဖြစ်နိုင်ပါတယ်။ နား နှာခေါင်း ဆရာဝန်နဲ့ တိုင်ပင်ဖို့လိုပါတယ်။

အဲဒီ လက္ခဏာတွေ မရှိလည်း နားထဲက အာရုံကြောတွေ ရောင်ရင်လည်း ခေါင်းမူးတာ တစ်မျိုးတည်းနဲ့ လာနိုင်ပါတယ်။

(၉) နားက ဘာမှ မဖြစ်ဘူး၊ ဒါပေမယ့် ခေါင်းအလှည့်အပြောင်း တအားမူးတယ်၊ အိပ်နေတုန်းလည်း ဟိုဖက် ဒီဖက်စောင်းရင် မူးနေတယ်ဆိုရင်တော့ အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ BPPV လို့ခေါ်တဲ့ ခေါင်းမူးတာ ဖြစ်နိုင်ပါတယ်။ ယူဆတာကတော့ နားထဲက အရည်နဲ့ အစိုင်အခဲလေးတွေ မူမမှန်လို့ ဖြစ်တာပါ။ ခဏခဏ ပြန်ဖြစ်တတ်ပြီး စိုးရိမ်စရာမရှိပင်မယ့် ‌ဆေး သောက်ပြီး တော်ရုံမသက်သာတတ်ပါ။ ရုတ်တရက်ခေါင်းကို နောက်ပြန်လှန်ချတဲ့ Physio လုပ်ရင် အကျိုးရှိတယ်ပြောပါတယ်၊ ပြီးရင် လည်ပင်းကို မနက်ကတည်းက အပတ်ပတ်ပြီးငြိမ်အောင်ထား၊ တနေကုန် မလှဲဘဲ ငုတ်တုပ်ထိုင်၊ ညဖက်ကျမှ ဖြုတ်ပြီး အိပ် ရပါတယ်။
နမူနာကို အောက်ကလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
https://www.youtube.com/watch?v=CPLOd6vqWKI

(၁၀) မုတ်ဆိတ်ရိတ်တုန်း၊ လည်ပင်းကော်လာပတ်ထားတုန်း၊ ခေါင်းအလှည့်အပြောင်းမှ ဖြစ်တာဆိုရင်တော့ လည်ပင်းက အကြောကို ထိမိတာ ဖြစ်ဖို့များပါတယ်။ ဆေးပေးတာထက် ကော်လာတွေ မပတ်ဖို့ သတိထားခိုင်းရတာပါ။

(၁၁) မျက်စိပြန်စမ်းဖို့လည်း မမေ့ပါနဲ့။

(၁၂) ယေဘူယျအားဖြင့် အထက်ပါအစဥ်အတိုင်း စဥ်းစားတယ်ဆိုပေမယ့် အခြားရောဂါအခံ ရှိတဲ့သူတွေမှာ ရောဂါနဲ့ လူနာအခြေအနေပေါ်မူတည်ပြီး စဥ်းစားပုံစဥ်းစားနည်းက ကွဲလွဲနိုင်တာမလို့ ရောဂါအခံရှိတဲ့သူတွေဆိုရင် မိမိပြနေကျဆရာဝန်နဲ့ အနည်းဆုံးတစ်ခါတော့ ပြန်ပြသင့်ပါတယ်။
---------------------------------
ဒီစာက မူးနေတဲ့သူတွေအတွက် ကိုယ်မူးတာ အရေးပေါ် အန္တရာယ်ရှိလား၊ မရှိလား တီးမိခေါက်မိရုံရေးပေးတာပါ။
* နံပါတ် (၇) ကနေ (၉) မှာပေးတဲ့ အမူးပျောက် ဆေးတွေ အကြောင်းကနောက်မှ ထပ်ရေးပေးပါမယ်။

အခုတောင် စာကတော်တော်ရှည်သွားပါပြီ၊
စာဖတ်ဖို့ အချိန်မရှိတဲ့သူတွေ၊ မျက်စိကောင်းကောင်း မမြင်ရတဲ့ အဖိုးအဖွားတွေ အတွက်လည်း လုပ်ထားတဲ့ အစီအစဥ်လေးတွေ ရှိပါတယ်။ မကြာခင်လာမှာ ဖြစ်တဲ့အတွက် Like & Share လုပ်ထားပြီး မျှဝေထားနိုင်ပါတယ်။

Photo: credit
Crd

အစာအိမ်နာ နှင့် အစာအိမ်ဆေးများ 💊💊———————————လူတိုင်း တစ်နေ့မဟုတ် တစ်နေ့တော့ အစာအိမ်ရောဂါ ဖြစ်ဖူးကြပါတယ် 😣😣အပူအစပ်လည်း စာ...
27/12/2023

အစာအိမ်နာ နှင့် အစာအိမ်ဆေးများ 💊💊
———————————
လူတိုင်း တစ်နေ့မဟုတ် တစ်နေ့တော့ အစာအိမ်ရောဂါ ဖြစ်ဖူးကြပါတယ် 😣😣

အပူအစပ်လည်း စားတယ်၊ စားချိန်လည်း မမှန်ဘူး၊ တခါစားတော့လည်း အများကြီး စားတယ် အရက်လည်း တခါတေလေသာက်တယ်၊ အကိုက်အခဲ ပျောက်ဆေးနဲ့ စတီးရွိက်ပါတဲ့ဆေး တွေ သုံးတယ် 🍻🍻

အဲဒါဆိုရင် တော့ အစာအိမ် ဗိုက်အောင့်ဖို့က မလွဲမသွေပါပဲ
အစာအိမ်ဆေးကတော့ လူတိုင်းရင်းနှီးပီးသား ဖြစ်သလို ဆေးဆိုင်တော်တော်များများမှာလည်း အလွယ်တကူ မေးဝယ်လို့ ရပါတယ်👨‍⚕️👨‍⚕️

လူတွေ မသိသေးတဲ့ အချက်က ဘယ်ဆေးကို ဘယ်လို နေရာမှာ သုံးလဲဆိုတာနဲ့ ဘယ်အချိန်မှာ ဆေးသောက် ရုံနဲ့ မပီးဘဲ လိုအပ်တာတွေ ထပ်စစ်သင့်လဲ ဆိုတာပါ🔬🔬

အစာအိမ်နာဆိုတာက အစာအိမ်ထဲက အက်ဆစ်တွေကြောင့် ဖြစ်နိုင်သလို အစာအိမ်နံရံက အလွှာတွေ ပါးလို့လဲ ဖြစ်နိုင်ပါတယ်

✅ ပထမအုပ်စု ဖြစ်တဲ့ အစာအိမ်နာရင် အရင်ဆုံး ပေးတဲ့ဆေးကေတာ့ ဂျယ် လို Antacid သောက်ဆေးတွေပါ သူတို့က အစာအိမ်ထဲက အက်ဆစ်ကို အားနည်းသွားအောင် လုပ်တဲ့ဆေးတွေပါ 😶‍🌫️😶‍🌫️
ဥပမာ Siloxogene, Kremil S, Tricaine gel

တစ်နေ့ကို ၃ ကြိမ်ခန့် သောက်လို့ ရသလို နာရင် နာသလိုလည်း သောက်လို့ရပါတယ်
အခဲဆိုရင်တော့ ဝါးစားတာ ပိုကောင်းပါတယ်

✅ ဒုတိယ အုပ်စုကတော့ အစာအိမ်က ထွက်တဲ့ အက်ဆစ်ကို ပိတ်တာပါ
ဥပမာ Omeprazole, Pantoprazole, Rabeprazole, Ranitidine, Famotidine
ဒီဆေးတွေကတော့ အက်ဆစ်ကို ပိတ်တဲ့ ဆေးတွေဖြစ်ပီး အနည်းဆုံး တစ်ပတ်ခန့်ကနေ အများဆုံး ၃ လ ထိ ပေးလေ့ ရှိပါတယ်

အစာအိမ်နာရင် ပထမအုပ်စုက မပါမဖြစ်ပါ၊ ဒုတိယ အုပ်စုက ဆေးအာနိသင် ပြတာကြာပီး ထွက်ပီးသား အက်ဆစ်ကို သက်ရောက်မှု မရှိတဲ့ အတွက် ပထမ အုပ်စုနဲ့ပဲ တွဲပေးလေ့ ရှိပါတယ်

✅ တတိယ အုပ်စုကတော့ အစာအနာကို အပေါ်က အလွှာတစ်ခုနဲ့ ဖုံးလိုက်သလိုမျိုး အာနိသင်ရှိတဲ့ ဆေးပါ
ဥပမာ sucrate gel လိုဆေးပါ
အစာအိမ်နာ ရှိမှ ဆေးက အာနိသင် ရှိပါတယ်
ပထမ နဲ့ တတိယ အုပ်စုကို တူတူတွဲမသောက်ရတာလည်း ရှိပါတယ်

နိုင်ငံခြားမှာ ဆိုရင်တော့ ဆေးပေးလို့မှ မသက်သာရင် အစာအိမ်ပိုး ⚠️H.pylori စစ်တာ၊ ⚠️မှန်ပြောင်း ကြည့်တာတွေ လုပ်ရပါတယ်

‼️အကယ်လို့ အစားအသောက်ပျက်တာ၊ ရုတ်တရက် ဝိတ်ကျတာ၊ သွေးအားနည်းတာ အစ ရှိတာတွေ ဖြစ်နေရင်လည်း မှန်ပြောင်း တခါတည်း တန်းကြည့်တတ်ပါတယ်

❗️အစာအိမ်ရောင်ရမ်းတာ ကာလကြာရှည်တယ်၊ အစာအိမ်ပိုးလည်း ရှိတယ်ဆိုရင်တော့ တစ်ချိန်ကျရင် အစာအိမ်ကင်ဆာ ဖြစ်ဖို့ အလားအလာ ပိုများပါတယ်

အဲဒါကြောင့် အစာအိမ်ရောင်ရမ်းတာကို ပုံမှန်လေးပဲ ထင်ပီး ဂရုမစိုက်သလို မလုပ်ဘဲ နီးစပ်ရာ ဆရာဝန်နှင့် သေချာ ပြသပီး ကုသမှု ခံယူသင့်ပါတယ်

Dr. Kevin
MBBS, MRCP (UK)
#အစာအိမ်
#အစာအိမ်နာ
#အစာအိမ်ဆေး
#ဆေးဝါး

အမျိုးသမီးတိုင်း ကျန်းမာတဲ့ နေ့ရက်တိုင်းအတွက် သံဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ လှပတဲ့ အနာဂတ်ကို ကိုယ်တိုင် ပုံဖော်တည်ဆ...
25/12/2023

အမျိုးသမီးတိုင်း ကျန်းမာတဲ့ နေ့ရက်တိုင်းအတွက် သံဓာတ်ပြည့်ဝနေဖို့က အရေးကြီးပါတယ်။ လှပတဲ့ အနာဂတ်ကို ကိုယ်တိုင် ပုံဖော်တည်ဆောက်နိုင်ဖို့ ပြည့်ဝတဲ့ သံဓာတ်ကို နေ့တိုင်းဖြည့်ဆည်းပေးမှာ အမျိုးသမီးတိုင်းအတွက် Ferrovit ပါပဲ။​​

Ferrovit နဲ့ နေ့တိုင်း သံဓာတ်မြှင့်တင်လိုက်ရအောင်နော်။
Crd

 #ကင်ဆာရောဂါဆိုသည်မှာကင်ဆာဘာကြောင့်ဖြစ်သလဲဘယ်လိုကုသမှုတွေလုပ်ရမလဲဘယ်လိုကာကွယ်နိုင်မလဲ (  မြန်မာ OG ဒေါက်တာ page မှ ကူးယူ...
24/12/2023

#ကင်ဆာရောဂါဆိုသည်မှာ
ကင်ဆာ
ဘာကြောင့်ဖြစ်သလဲ
ဘယ်လိုကုသမှုတွေလုပ်ရမလဲ
ဘယ်လိုကာကွယ်နိုင်မလဲ

( မြန်မာ OG ဒေါက်တာ page မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါတယ်။)

🎗️ 🎗️ 🎗️ 🎗️ 🎗️ 🎗️ 🎗️ 🎗️ 🎗️ 🎗️ 🎗️

လူနာအများစုရဲ့ အကြောက်ဆုံး ရောဂါတခု ဖြစ်တဲ့အတွက် ကင်ဆာဖြစ်မှာလား???
ဆိုတဲ့ မေးခွန်းက အဂ်လိပ်လို ဘဲဖြစ်ဖြစ် မြန်မာလိုဘဲဖြစ်ဖြစ် မကြာခဏ အမေးခံရတတ်တဲ့ မေးခွန်းတခုဖြစ်နေလို့ မျှဝေလိုက်ပါတယ်.

ကင်ဆာရောဂါ ဆိုသည်မှာ နှင့် ကာကွယ်ကုသနည်းများ

#ကင်ဆာရောဂါဆိုသည်မှာ

ကင်ဆာရောဂါဆိုသည်မှာ ကိုယ်ခန္ဓာရှိဆဲလ်/ ကလပ်စည်း များ၌ဖြစ်သော ရောဂါဖြစ်ပါသည်။

ပုံမှန်အားဖြင့် ဆဲလ်များကြီးထွားခြင်းနှင့်များပြားခြင်းသည် စနစ်တကျဖြစ်ပွားပြီး ဆဲလ်အသစ်များကို လိုအပ်သော အခါမှသာလိုအပ်သလောက် ပွားများခြင်းဖြစ်သည်။
ဤပုံမှန်ဖြစ်စဉ်မှားယွင်းမှုဖြစ်သောအခါ ပုံမှန်မဟုတ်သော ဆဲလ်များ အဆမတန်များပြား ကြီးထွားပွားများခြင်းကို ကင်ဆာရောဂါဟု ခေါ်ပါသည်။
👉 ပုံ (၂) ကို ကြည့်ပါ

ထိုသို့ကိုယ်ခန္ဓာက မထိန်းချုပ်နိုင်အောင် ဆဲလ်များပွားများလာသောအခါ အနီးပတ်ဝန်းကျင်တွင်ရှိသော ကိုယ်ခန္ဓာတွင်းရှိ ကျန်းမာသန်စွမ်းသော တစ်သျှူးများကိုပါ ထိုးဖောက်ဝင်ရောက် သွားလေ့ရှိသည်။
များသောအားဖြင့် ကိုယ်ခန္ဓာ၏ အစိတ်အပိုင်းတခုတွင် ‘စ’တင်ဖြစ်ပွားပြီး နီးစပ်သော ကိုယ်တွင်း အင်္ဂါများအတွင်း ထိုးဖောက်ဝင်ရောက်နိုင်သကဲ့သို့ သွေးကြောများ၊ သငံရည်ကြောများမှ တဆင့်လည်း အခြားကိုယ်တွင်းအင်္ဂါများသို့လည်း ရောက်ရှိပြီး ဆက်လက်ပွားများနိုင်ပါသည်။
👉 ပုံ (၃) ကိုကြည့်ပါ

လူ၏ ခန္ဓာကိုယ်တွင် ကင်ဆာရောဂါအမျိုးအစားပေါင်း ၂၀၀ ကျော်ဖြစ်ပွားနိုင်ပါသည်။ အမျိုးအစားပေါ်မူတည်၍ ရောဂါလက္ခဏာ၊ ရောဂါရှာဖွေတွေ့ရှိပုံနှင့် ကုသပုံကုသနည်း အသေးစိတ် တို့ကွာခြားပါလိမ့်မည်။

⚠️– ကင်ဆာရောဂါ လက္ခဏာများကို ဘယ်လိုသတိထားစောင့်ကြည့်နိုင်ပါသလဲ?

ကင်ဆာရောဂါ အမျိုးအစားပေါ်မှာ မူတည်ပြီး ရောဂါလက္ခဏာများ ကွာခြားနိုင်သော်လည်း၊ ရေဘူယျအားဖြင့် အောက်ပါလက္ခဏာများကို သတိထားသင့်ပါသည်။

အထူးသဖြင့် အမျိုးသမီးကင်ဆာရောဂါအများစုသည် မီးယပ်သွေးဆုံးခါနီးနှင့် မီးယပ်သွေး ဆုံးပြီး နောက်ပိုင်းတွင် ဖြစ်ပွားလေ့ရှိသဖြင့် အသက်ကြီးလာခြင်းသည် ကင်ဆာဖြစ်နိုင်ချေ ပိုများလာခြင်းနှင့် ညီမျှပါသည်။

– မိမိတွင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာတခုခု သတိထားမိခြင်း။
– ဝိတ်မချဘဲ အစားအသောက်ပျက်ပြီး ပိန်လာခြင်း။
– ကိုယ်ခန္ဓာတွင် အကြိတ်၊ အလုံး ရုတ်တရက်ပေါ်လာခြင်း။
– ပုံမှန်မဟုတ်သော သွေးဆင်းခြင်း။
– ဝမ်းသွားခြင်း အလေ့အကျင့် ပုံမှန်မဟုတ်သော ပြောင်းလဲမှုဖြစ်ခြင်း။
– အစာမကျေ ရင်ပြည့်ရင်ကယ် မကြာခဏဖြစ်ခြင်း။

အထက်ပါ ရောဂါလက္ခဏာရှိသူ အများစုတွင် ကင်ဆာမဟုတ်ဘဲ အခြားရိုးရှင်းသော ရောဂါတခုခုကြောင့် ဖြစ်နိုင်ချေများသော်လည်း ကင်ဆာရောဂါ၏ အစောပိုင်းရောဂါ လက္ခဏာများလည်း ဖြစ်နိုင်ချေရှိသောကြောင့် ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးကြည့်ရန် လိုအပ်ပါသည်။

⚠️- ကင်ဆာရောဂါကို ဘယ်လိုကုသနိုင်ပါသလဲ?
ကင်ဆာအမျိုးအစားပေါ်တွင် မူတည်၍ အသေးစိတ်ကုသနည်းများကွာခြားနိုင်သော်လည်း ယေဘုယျအားဖြင့် (၃)နည်းရှိပါသည်။ ကင်ဆာတမျိုးတွင် ကုသနည်းတနည်းထက် ပိုလိုအပ်နိုင်ပါသည်။

(၁) ခွဲစိတ်ကုသခြင်း
အကြိတ်အလုံးကင်ဆာအများစုတွင် အသုံးပြုသော ကုသနည်းဖြစ်ပါသည်။

(၂) ဓါတုကုထုံး ( ပုံ ၄ )
ကင်ဆာဆဲလ်များကို သတ်နိုင်သော အစွမ်းထက်ဆေးများဖြင့် ကုသနည်းဖြစ်ပါသည်။

(၃) ဓါတ်ရောင်ခြည်ကုထုံး (ပုံ ၄)
စွမ်းအားဖြင့် ဓါတ်ရောင်ခြည်များကို ထိန်းချုပ်အသုံးချခြင်းဖြင့် ကင်ဆာဆဲလ်များကို သတ်သောနည်းဖြစ်ပါသည်။

⚠️ – ကင်ဆာရောဂါကို ကုသလို့ပျောက်ကင်းနိုင်ပါလား?

ကင်ဆာအမျိုးအစားနှင့် ဖြစ်ပွားမှုအဆင့်ပေါ်တွင် မူတည်ပါသည်။
ကင်ဆာအများစုတွင် Remission ဟုခေါ်သော ကင်ဆာဆဲလ်အားလုံးကို သတ်နိုင်ပြီး၊ ဆက်လက်ပြန့်ပွားမှုမရှိသော အဆင့်ထိ ကုသနိုင်သော အခွင့်အလမ်းရှိပါသည်။

⚠️– ကင်ဆာရောဂါ ပျောက်ကင်းပြီး ပြန်လည်ဖြစ်ပွားနိုင်ပါသလား
Recurrence ဟုခေါ်သော ကင်ဆာရောဂါပြန်လည်ဖြစ်ပွားမှုဖြစ်နိုင်ပါသည်။ ထို့ကြောင့် ကုသမှု ခံယူပြီးနောက်ပိုင်းတွင် ပုံမှန်စစ်ဆေးမှုများကို မပျက်မကွက်ပြုလုပ်သင့်ပါသည်။

⚠️– ကင်ဆာရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်နိုင်ပါသလဲ?
ကင်ဆာရောဂါအများစုတွင် ဘာကြောင့်ဖြစ်သလဲဆိုသောအကြောင်းရင်းခံကို မသိသေးပါ။ သို့ပေမယ့် ကင်ဆာရောဂါဖြစ်နိုင်ချေများစေသော အချက်အလက်များကို တွေ့ရှိထားသဖြင့် ထိုအချက်အလက်များကို သတိထားရှောင်ကျဉ်ပြုပြင်ခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်နိုင်ချေ မများအောင် ကာကွယ်၍ ရပါသည်။ (ပုံ ၅)

လူအများစုတွင် ကင်ဆာရောဂါဖြစ်နိုင်ချေများစေသော အချက်အလက်တခု သို့မဟုတ် တခုထက် ပို၍ ရှိနိုင်သည်။ တခုထက်ပို၍ရှိသောကြောင့် ကင်ဆာဖြစ်လိမ့်မည် ဟု ယူဆ၍ မရသကဲ့သို့ အချက်အလက်တခုမှ မရှိသောကြောင့် ကင်ဆာ မဖြစ်နိုင်ပါဟူ၍ လည်း ယူဆ၍ မရပါ။

အောက်ပါဘဝနေထိုင်မှု နည်းလမ်းများကို လိုက်နာခြင်းအားဖြင့် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျှော့ချနိုင်ပါသည်။

(၁) ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းခြင်း /အဝလွန်သူများသည် ကင်ဆာဖြစ်နိုင်ချေပို များပါသည်။

(၂) ကျန်းမာမျှတသော အစားအစာများပုံမှန်စားခြင်း
ကျန်းမာပြီး အာဟာရမျှတသော အစားအစာများကို ပုံမှန်စားခြင်းသည် အချို့သော ကင်ဆာများရောဂါများ၏ ဖြစ်နိုင်ချေကို လျှော့ကျစေရုံသာမက ကျန်းမာသော ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းထားနိုင်ပါမည်။

(၃) ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုခြင်း
ဆေးပညာဆိုင်ရာ အထောက်အထားများအရ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုခြင်းသည်၊ ကင်ဆာရောဂါများဖြစ်နိုင်ချေကို လျှော့ကျစေနိုင်ပါသည်။
တနေ့လျှင် ကိုယ်လက်လှုပ်ရှားမှုအနည်းဆုံး မိနစ် ၃၀ ပြုလုပ်သင့်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုပိုများများပြုလုပ်နိုင်လေ၊ ကင်ဆာရောဂါဖြစ်နိုင်ချေ၊ ပိုနည်းလေဟု တွေ့ရှိရပါသည်။

(၄) ဆေးလိပ်မသောက်ခြင်း
ဆေးလိပ်ငွေ့ပုံမှန်ရှုခြင်းသည် ကင်ဆာရောဂါအများစုကို ဖြစ်နိုင်ချေ သိသာစွာပိုများစေ ပါသည်။

(၅) အရက်မသောက်ခြင်း
အရက်သောက်ခြင်းသည် အချို့သောကင်ဆာရောဂါများကို ပိုမိုဖြစ်ပွားစေတတ်ပါသည်။

(၆) မိသားစု ရာဇဝင်
မိသားစု အမျိုးအဆွေများတွင် ကင်ဆာရောဂါဖြစ်ခဲ့သည့် ရာဇဝင်ရှိခဲ့လျှင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးကြည့်ပါ။ သွေးစစ်ကြည့်ပြီး မိမိ၏ ကင်ဆာဖြစ်နိုင်ချေကို စမ်းသပ်ကြည့်ရန် လိုအပ်နိုင်ပါသည်။

ထိုသို့ ကျန်းမာသော လူမှု ဘဝ နေထိုင်မှု နည်းလမ်းများကျင့်ဆောင် လိုက်နာ သူများသည် ကင်ဆာ ဖြစ်နိုင်ချေ နည်းသည့်အပြင် ကံမကောင်း၍ ကင်ဆာဖြစ်ခဲ့လျှင်လည်း စောလျှင်စွာတွေ့ရှိကုသနိုင်ခြင်း နှင့် ကုသမှုများကို ခံနိုင်ရည် ရှိခြင်းတို့ကြောင့် အကောင်းဆုံး ရလဒ်များကို ရရှိ ကြလေ့ရှိပါသည်...

စာဖတ်သူနှင့်မိသားစုတို့
ရောဂါကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ။

Helping Hands, Caring Heart
ဒေါက်တာမျိုးနန္ဒာ
သားဖွားနှင့် မီးယပ်/ အမျိုးသမီး ရောဂါ အထူးကု (UK)

 #ဆေးဝါးများနှင့်ဆေးအညွှန်း
24/12/2023

#ဆေးဝါးများနှင့်ဆေးအညွှန်း

𝐒𝐀𝐍 𝐂𝐥𝐢𝐧𝐢𝐜 & 𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲"စံ" ဆေးခန်း နှင့် ဆေးဆိုင်လွယ်တော်ခမ်းရပ်ကွက်၊လွယ်တော်ခမ်းတံတားအနီး၊ တာချီလိတ်မြို့။☎️ 09-89354536...
24/12/2023

𝐒𝐀𝐍 𝐂𝐥𝐢𝐧𝐢𝐜 & 𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲
"စံ" ဆေးခန်း နှင့် ဆေးဆိုင်
လွယ်တော်ခမ်းရပ်ကွက်၊
လွယ်တော်ခမ်းတံတားအနီး၊ တာချီလိတ်မြို့။
☎️ 09-893545363


#စံ #ဆေးခန်း #ဆေးဆိုင် #လွယ်တော်ခမ်း

Address

Tachileik
06271

Website

Alerts

Be the first to know and let us send you an email when 𝗦𝗔𝗡 𝐂𝐥𝐢𝐧𝐢𝐜 & 𝐩𝐡𝐚𝐫𝐦𝐚𝐜𝐲 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram