19/07/2024
၂၀၂၄ ခုနစ် ဇူလိုင်လ ၂၀ရက်နေ့ (စနေနေ့)တွင်ကျရောက်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) သည် "သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ နုတ်မြွက်သံချို ၊လဝါဆို" ဟူသော စာဆိုအတိုင်း -
🙏မြတ်စွာဘုရားရှင် ပဋိသန္ဓေတည်သောနေ့
🙏တောထွက်တော်မူသောနေ့
🙏ပဉ္စဝဂ္ဂီ ၅ ပါးအား ဓမ္မစင်္ကြာ တရားဦး
တရားမြတ်ဟောကြားတော်မူသောနေ့ စသည့်နေ့ထူးနေ့မြတ်များဖြစ်သောကြောင့် ဗုဒ္ဓဘာသာဝင်တို့၏ အလေးအမြတ်ထားရာနေ့အဖြစ်သတ်မှတ်ပြီး ကုသိုလ်ကောင်းမှုများပြုလုပ်လေ့ရှိကြပါသည်။
ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင်စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့်ကုသိုလ်ကောင်းမှုများပြုလုပ်ပြီး တရားဘာဝနာများ အားထုတ်နိုင်ကြပါစေကြောင်း TOP Pharmacy မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်🙏🏼🙏🏼🙏🏼
#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာအခါတော်နေ့