Min Kyaw Thu Clinic and Health Care Service

Min Kyaw Thu Clinic and Health Care Service ကျန်းမာရေး ဆေးဝါးဗဟုသုတ

ရာသီတုတ်ကွေးကို ကာကွယ်ဖို့အတွက် အဓိကအချက် (၅) ချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 🦠🛡️၁။ လက်ဆေးပါ 🧼 - လက်ကို ဆပ်ပြာဖြင့...
10/05/2026

ရာသီတုတ်ကွေးကို ကာကွယ်ဖို့အတွက် အဓိကအချက် (၅) ချက်ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင် 🦠🛡️

၁။ လက်ဆေးပါ 🧼 - လက်ကို ဆပ်ပြာဖြင့် စနစ်တကျ မကြာခဏ ဆေးကြောပေးပါ။

၂။ Mask တပ်ပါ 😷 - လူထူထပ်သောနေရာများတွင် နှာခေါင်းစည်း တပ်ဆင်‌ပေးပါ။

၃။ ခပ်ခွာခွာနေပါ 🤒 - ဖျားနာနေသူများနှင့် အနီးကပ် ထိတွေ့ခြင်း ရှောင်ကြဉ်ပါ။

၄။ ခုခံအားကိုမြှင့်တင်ပါ 💪 - အာဟာရရှိအောင်စားပါ၊ ရေများများသောက်ပြီး အိပ်ရေးဝဝ အိပ်‌ပေးပါ။

၅။ ကာကွယ်ဆေးထိုးပါ 💉 - တစ်နှစ်တစ်ကြိမ် တုတ်ကွေးကာကွယ်ဆေးကို ထိုးနှံ‌ပေးပါရှင်။

*မိမိတွင် ဖျားနာခြင်း လက္ခဏာဖြစ်‌ပေါ်နေပါက အိမ်မှာပဲ အနားယူပြီး အခြားသူများကို မကူးစက်အောင် မိမိကစနစ်တကျ စောင့်ရှောက်ဖို့ မမေ့ပါနဲ့နော် 🏠🤒*


#ကျန်းမာရေး

09/05/2026

သီချင်းလေး သဘောကျလို့ ဆော့လိုက်ပီနော်🥰

#ကျန်းမာရေး

08/05/2026

ဆရာဝန်နှင့် သူနာပြုတွေကို ကျန်းမာရေးသူရဲကောင်းတွေလို့ သတ်မှတ်လို့ရလား ဆိုတာ ဆွေးနွေးဝေမျှပေးတာပါတယ်ရှင်

#ကျန်းမာရေး

အမျိုးသားတွေမှာအဖြစ်များလေ့ရှိတဲ့ဆီးကျိတ်‌ရောင်ရောဂါဆိုတာဘာလဲ?အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာ Prostate လို့ခေါ်တဲ့ ဆီးကျ...
07/05/2026

အမျိုးသားတွေမှာအဖြစ်များလေ့ရှိတဲ့ဆီးကျိတ်‌ရောင်ရောဂါဆိုတာဘာလဲ?

အမျိုးသားတွေရဲ့ ဆီးအိမ်အောက်မှာ Prostate လို့ခေါ်တဲ့ ဆီးကျိတ်လေးရှိပါတယ်။ ဒီဆီးကျိတ်လေးဟာ အမျိုးသားသုတ်ရည်ကြည်တွေ ထုတ်လွှတ်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပါတယ်။ ဒီကနေ့မှာတော့ ဆီးကျိတ်ကလေးကို ပိုးဝင်ပြီး ရောင်ရမ်းမှုဖြစ်ပွားစေတဲ့ ဆီးကျိတ်ရောင်ရောဂါ (Prostatitis) အကြောင်း တင်ဆက်ပေးလိုက်ပါတယ်။

ဆီးကျိတ်ရောင်ရခြင်း အကြောင်းအရင်းများ

အများစုကတော့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကတစ်ဆင့် ဆီးကျိတ်ကိုပါ ပိုးဝင်စေပြီး ရောင်ရမ်းစေတာပါ။

ဆီးလမ်းကြောင်းပိတ်တဲ့ အခြေအနေတွေ (ဥပမာ – ဆီးကျိတ်ကြီးရောဂါ​) မှာဆိုရင်လည်း ဆီးတွေစုပုံပြီး ပိုးပေါက်ပွားလာတာကြောင့် ဆီးကျိတ်ကို ပိုးဝင်ရောင်ရမ်းစေပါတယ်။

ဘယ်သူတွေမှာ ဆီးကျိတ်ရောင်ရောဂါ ပိုပြီးဖြစ်စေသလဲ ?

– ဆီးကျိတ်ကြီးရောဂါရှိတဲ့ သက်ကြီးအမျိုးသားတွေ

– ဆီးလမ်းကြောင်း ပိုးဝင်သူတွေ

– ဆီးကျိတ်ခွဲစိတ်မှု ပြုဖူးသူတွေ

– အရင်က ဆီးကျိတ်ရောင်ဖူးသူတွေ

– နာတာရှည် ဆေးရုံတက်ကုသမှုခံယူရပြီး ရက်ရှည်လများ ဆီးပိုက်နဲ့နေရသူတွေမှာ ပိုပြီးအဖြစ်များပါတယ်။

ဆီးကျိတ်ရောင် ရောဂါလက္ခဏာတွေကတော့

• ချမ်းတုန်ပြီး အဖျားကြီးမယ်
• ပေါင်ခြံတစ်ဝိုက်၊ အမျိုးသားလိင်အင်္ဂါတစ်ဝိုက် နာကျင်မယ်
• တစ်ခါတစ်ရံ ကပ္ပါယ်အိတ်၊ စအိုတစ်ဝိုက်နဲ့နောက်ကျောတစ်ဝိုက်နေရာတွေ နာကျင်တတ်တယ်။
• ဆီးသွားရခက်တာ၊ ဆီးသွားရနာကျင်တာ၊ ဆီးပူဆီးကိုက်တာ
• ဆီးခဏခဏသွားချင်တာ၊ ညအချိန် ဆီးခဏခဏ ထပေါက်ရတာ၊ ဆီးမထိန်းနိုင်တာ
• ဆီးသွားတဲ့အခါ ဆီးလုံးသေးတာ
• ဆီးထဲသွေးပါတာ စတဲ့လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။

ဒါ့ကြောင့်ဆီးအောင့်တာ ဆီးသွားရခက်နေတာမျိုးရှိတဲ့အခါ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ကုသနိုင်ပါတယ်ရှင်။


❤️❤️


ပေါင်းသင့်သူလူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို ဆုံးဖြတ်ပေးတဲ့ အရာတွေထဲမှာမည်သူတွေနဲ့ အချိန်ကုန်ဆုံးနေသလဲ ဆိုတာက အရေးကြီးပါတယ်။...
06/05/2026

ပေါင်းသင့်သူ

လူတစ်ယောက်ရဲ့ ဘဝအရည်အသွေးကို ဆုံးဖြတ်ပေးတဲ့ အရာတွေထဲမှာ
မည်သူတွေနဲ့ အချိန်ကုန်ဆုံးနေသလဲ ဆိုတာက အရေးကြီးပါတယ်။

လူတိုင်းဟာ မပြည့်စုံကြပါဘူး။
ဒါပေမယ့် ကိုယ့်ဘဝကို တိုးတက်စေမယ့်သူ၊ စိတ်ဓာတ်ကို မြှင့်တင်ပေးမယ့်သူ၊ အမြင်ကျယ်စေမယ့်သူတွေနဲ့ ပေါင်းသင်းနိုင်ဖို့တော့ လိုပါတယ်။

ပေါင်းသင့်တဲ့သူတွေက

• ကိုယ့်ရဲ့အမှားကို အပြစ်တင်ဖို့မဟုတ်ဘဲ
ပြင်ဆင်တိုးတက်စေဖို့ အကြံပေးတတ်သူ။

• ကိုယ့်ရဲ့အောင်မြင်မှုကို မနာလိုမဖြစ်ဘဲ
တကယ်ဝမ်းမြောက်ပေးနိုင်သူ။

• အကျိုးစီးပွားထက်
အမှန်တရားနဲ့ တန်ဖိုးကို ဦးစားပေးသူ။

• ငွေကြေး၊ အာဏာ၊ အဆင့်အတန်းအပေါ်မူတည်ပြီး
လူကို မခွဲခြားတတ်သူ။

• ကိုယ်မရှိတဲ့နေရာမှာလည်း
ကိုယ့်ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးနိုင်သူ။

• ကိုယ်အခက်အခဲကြုံတဲ့အချိန်
ဝေးမသွားဘဲ နားလည်မှုနဲ့ ရပ်တည်ပေးသူ။

• ရိုးသားမှုကို အားနည်းချက်မမြင်ဘဲ
တန်ဖိုးထားတတ်သူ။

• မိမိအကျိုးအတွက် သူတစ်ပါးထိခိုက်အောင်
မလုပ်တတ်သူ။

• ကိုယ့်ကို အောက်ဆွဲမချဘဲ
ပိုကောင်းတဲ့ version တစ်ခုဖြစ်လာအောင် တွန်းတင်ပေးသူ။

လူမှုဆက်ဆံရေးမှာ
ဘယ်သူနဲ့ ပေါင်းသလဲဆိုတာက ကိုယ်ဘယ်လိုလူဖြစ်လာမလဲဆိုတာနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်။

ဒါကြောင့်
ကိုယ့်ဘဝကို မီးညှိပေးမယ့်သူတွေနဲ့ နီးစပ်ပါ၊
မီးငြိမ်းစေမယ့်သူတွေနဲ့တော့ အကွာအဝေးထားပါ။

အချို့သော လူတွေကို မမုန်းဖို့ လိုတယ်၊
ဒါပေမယ့် မနီးကပ်ဖို့တော့ ပိုလိုတယ်။

#အတွေးအခေါ်များ

❤️❤️

ဆီးအရောင်နောက်ပြီး ဆီးသွားရခက်နေပြီလား? ဆီးလမ်းကြောင်းပိုးဝင်တာလား၊ ဆီးကျိတ်ကြီးတာလား ဘယ်လိုခွဲမလဲ?အမျိုးသားတော်တော်များ...
05/05/2026

ဆီးအရောင်နောက်ပြီး ဆီးသွားရခက်နေပြီလား? ဆီးလမ်းကြောင်းပိုးဝင်တာလား၊ ဆီးကျိတ်ကြီးတာလား ဘယ်လိုခွဲမလဲ?

အမျိုးသားတော်တော်များများ ဆီးသွားရတာ တစ်ခုခု အဆင်မပြေဖြစ်ပြီဆိုရင် "ငါ ဆီးကျိတ်များ ဖြစ်နေပြီလား" ဒါမှမဟုတ် "ဆီးလမ်းကြောင်း ပိုးဝင်တာလား" ဆိုပြီး ဝေခွဲမရ ဖြစ်တတ်ကြပါတယ်။ ဒီရောဂါနှစ်ခုလုံးက ဆီးသွားရခက်တာချင်း တူပေမဲ့ ဖြစ်ရတဲ့ အကြောင်းရင်းနဲ့ လက္ခဏာတွေကတော့ မတူညီကြပါဘူး။

ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI)
ဒါဟာ ဘက်တီးရီးယားပိုးကြောင့် ဆီးလမ်းကြောင်း တစ်လျှောက်မှာ ရောင်ရမ်းမှုဖြစ်တာပါ။
အဓိကလက္ခဏာကတော့ ဆီးသွားရင် အလွန်ပူလောင်နာကျင်ပါတယ်။ဆီးက ကြည်မနေဘဲ နောက်ကျိကျိဖြစ်နေတတ်ပြီး တခါတရံ သွေးစလေးတွေ ပါတတ်သလို၊ အနံ့ကလည်း ပြင်းပြင်းထန်ထန် နံတတ်ပါတယ်။

တခြားလက္ခဏာတွေကတော့ ဆီးခဏခဏ သွားချင်ပေမဲ့ သွားလိုက်ရင် နည်းနည်းပဲထွက်တာ၊ ဆီးအိမ်နားက အောင့်တာ၊ ပိုးဝင်တာ ပြင်းထန်ရင် ဖျားတာ၊ ချမ်းတုန်တာမျိုး ဖြစ်နိုင်ပါတယ်။

ဆီးကျိတ်ကြီးခြင်း (BPH)
ဒါကတော့ အသက်အရွယ်ကြောင့် ဆီးကျိတ်ဂလင်း ကြီးလာပြီး ဆီးပြွန်ကို သွားပိတ်မိတာပါ။ (အသက် ၅၀ ကျော် အမျိုးသားတွေမှာ အဖြစ်များပါတယ်)အဓိကလက္ခဏာကတော့ ဆီးသွားရတာ အားစိုက်ညှစ်ရတာပါ။ ဆီးသွားဖို့ အကြာကြီး စောင့်ရတာ၊ ဆီးပန်းအား မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။

ပုံမှန်အားဖြင့် ဆီးအရောင်က မပြောင်းလဲတတ်ပါဘူး။ ဒါပေမဲ့ ဆီးကျိတ်ကြီးလို့ ဆီးကျန်နေရင်တော့ နောက်ပိုင်းမှာ ပိုးဝင်ပြီး ဆီးနောက်လာနိုင်ပါတယ်။
တခြားလက္ခဏာတွေကတော့ ဆီးသွားပြီးရင်လည်း မကုန်သလို ခံစားရတာ၊ ညဘက်မှာ ဆီးခဏခဏ ထသွားရတာ (၂ ကြိမ်ထက်ပိုခြင်း) တွေက ထင်ရှားတဲ့ လက္ခဏာတွေပါပဲ။

💡 ဘာကြောင့် နှစ်မျိုးလုံး တွဲဖြစ်နိုင်တာလဲ?
ဆီးကျိတ်ကြီးတဲ့သူတွေမှာ ဆီးလမ်းကြောင်းက ကျဉ်းနေတဲ့အတွက် ဆီးသွားရင် အကုန်မထွက်ဘဲ ဆီးအိမ်ထဲမှာ "ဆီးကျန်" နေတတ်ပါတယ်။ အဲဒီလို ဆီးကျန်နေတာဟာ ဘက်တီးရီးယားတွေ ပေါက်ဖွားဖို့ အကောင်းဆုံးနေရာ ဖြစ်သွားတာကြောင့် ဆီးကျိတ်ကြီးတဲ့သူတွေဟာ ဆီးလမ်းကြောင်းပိုးဝင်ဖို့ အခွင့်အလမ်း ပိုများသွားရတာပါ။

ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?
* ဆီးလုံးဝ သွားမရတော့ဘဲ ဗိုက်အောက်ပိုင်း အလွန်နာကျင်ခြင်း
* ဆီးထဲတွင် သွေး အသိသာကြီး ပါလာခြင်း
* ဆီးသွားရခက်တာနဲ့အတူ အဖျားတက်ပြီး ချမ်းတုန်ခြင်းတို့ဖြစ်ပါတယ်။

ဆီးလမ်းကြောင်း ပြဿနာတွေဟာ စောစောကုသရင် အမြန်ပျောက်ကင်းနိုင်သလို နောက်ဆက်တွဲ ကျောက်ကပ်ထိခိုက်တာတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ဆီးအရောင်နောက်တာ ဒါမှမဟုတ် ဆီးသွားရခက်တာတွေ ကြုံနေရရင် ရှက်မနေဘဲ ကျွမ်းကျင်ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆီးစစ်ကြည့်ဖို့ တိုက်တွန်းပါရစေ။

ဒါကြောင့်သင့်ရဲ့ ဆီးလမ်းကြောင်းပြဿနာကို တိတိကျကျ သိရှိနိုင်ဖို့ အမြန်ဆုံး ဆရာဝန်နဲ့ကုသဖို့လိုအပ်ပါတယ်ရှင်။


#ကျန်းမာရေးဗဟုသုတများမျှဝေမည်
❤️❤️

 #ဟာသလေးများ🤣🤣🤣      ❤️❤️
04/05/2026

#ဟာသလေးများ🤣🤣🤣


❤️❤️

သဘာဝတရားရဲ့ အလှတရားတွေက လူတွေကိုစိတ်ချမ်းသာစေတယ်... ဆေးခန်းရှေ့က မြင်ကွင်းလေးက သက်သေပါပဲရှင် 🥰❤️
03/05/2026

သဘာဝတရားရဲ့ အလှတရားတွေက လူတွေကိုစိတ်
ချမ်းသာစေတယ်...
ဆေးခန်းရှေ့က မြင်ကွင်းလေးက သက်သေပါပဲရှင် 🥰❤️

ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာများအမျိုးသားများမှာ ဖြစ်ပွားတဲ့ ဆီးလမ်းကြောင်း ပြဿနာက အများအားဖြင့် ဆီးအိမ်တွင်းသို့ ပိ...
03/05/2026

ဆီးလမ်းကြောင်းပိုးဝင်ခြင်းလက္ခဏာများ

အမျိုးသားများမှာ ဖြစ်ပွားတဲ့ ဆီးလမ်းကြောင်း ပြဿနာက အများအားဖြင့် ဆီးအိမ်တွင်းသို့ ပိုးမွှားများ ဝင်ရောက် ပေါက်ဖွားရာမှ စတင်ပါတယ်။ ပေါက်ဖွားမှုများလာပါက ဆီးလမ်းကြောင်းတွင် ရောဂါလက္ခဏာဖြစ်စေပြီး တစ်ခါတစ်ရံ ရောဂါပိုးတွေက လိင်တံရှိ ဆီးထွက်ပေါက်မှ ဝင်ရောက်တတ်ပြီး ကျောက်ကပ်မှ ပိုးမွှားများလာကာ ဆီးများနှင့်အတူ ဆီးအိမ်ထဲသို့ ရောက်ရှိလာပါ။

ဆီးလမ်းကြောင်း ပိုးဝင်ခြင်းက အသက်အရွယ်မရွေး၊ ကျား၊မ မရွေး ဖြစ်နိုင်ပြီး အမျိုးသမီးတွေမှာတော့ ဆီးလမ်းကြောင်းပိုးဝင်နိုင်ချေဟာ အမျိုးသားတွေထက် ၂ ဆ ထက်မက ပိုများပါတယ်။

ဆီးလမ်းကြောင်းပိုးဝင်ရတဲ့ကြောင်းရင်းကတော့ -
❗ အကာအကွယ်မပါဘဲ အတူနေခြင်း
❗ တကိုယ်ရည်သန့်ရှင်းမှုအားနည်းခြင်း
❗ အတွင်းခံများကို ကြပ်တည်းအောင်ဝတ်ခြင်းနှင့် မလျှော်ဘဲဝတ်ခြင်း
❗ ဆီးသွားချင်သည့်အချိန်တွင်မသွားဘဲ ဆီးအောင့်ထားတတ်ခြင်း
❗ ကျောက်ကပ်ကျောက်တည်ခြင်း စသည့်အခြေအနေများကြောင့် ဖြစ်နိုင်ပါတယ်။

ဆီးလမ်းကြောင်း ပိုးဝင်တာက တစ်ခါတလေမှာ လက္ခဏာ မပြတာမျိုး ရှိနိုင်ပါတယ်။ များသောအားဖြင့် ကတော့

📍 ဆီးသွားတဲ့အခါနာကျင်ခြင်း
📍 ဆီးမကြာခဏသွားချင်နေခြင်း
📍 ဆီးသွားနည်းနေခြင်း
📍 ဆီးကျန်သလိုခံစားရခြင်း
📍 ဆီးမထိန်းနိုင်ခြင်း
📍 ဆီးထဲသွေးပါခြင်း
📍 ဆီးအရောင့်ရင့်နေခြင်း
📍 ဆီးအနံ့ပြင်းနေခြင်း တို့ဖြစ်ပါတယ်။

တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုလောက် ခံစားနေရမယ် ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။

ဆီးလမ်းကြောင်းပိုးဝင်တာက စောစောသိပြီး စောစော ကုသမယ်ဆိုရင် မြန်မြန် သက်သာမှာဖြစ်သလို ကုသရတာလည်း လွယ်ကူပါတယ်။ တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာကို မကုသဘဲ ထားမယ်ဆိုရင် ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပြီး အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် မိမိမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ လက္ခဏာတွေကြုံတွေ့နေရရင် ကုသမှုခံယူပြီးပျောက်ကင်းသက်သာနိုင်ဖို့ ဆေးရုံ၊ဆေးခန်းတွေပြသသင့်ပါတယ်ရှင်။



❤️❤️

02/05/2026

trendဖြစ်နေလို့joinလိုက်ပြီ🤭



❤️❤️

01/05/2026

အသားဆေးထိုးပြီးရင်တင်ပါးကိုချေသင့်သလားဆိုတာကိုဝေမျှထားပါတယ်ရှင်။



❤️❤️

Address

No. 385, Laldi 2nd Street
Taikkyi
11381

Telephone

09457317322

Website

Alerts

Be the first to know and let us send you an email when Min Kyaw Thu Clinic and Health Care Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Min Kyaw Thu Clinic and Health Care Service:

Share