သိဒ္ဒိ-Theik Di Pharmaceuticals

သိဒ္ဒိ-Theik Di Pharmaceuticals သိဒ္ဒိ တိုင်းရင်းဆေးအမျိုးမျိုး ထုတ်လုပ်ရေး

ခါးနာခြင်းကိုကာကွယ်ဖို့ရှောင်ကျဥ်ရမယ့်အချက် ၅ချက်။ #သိဒ္ဒိအကြောပြေဒဏ်ကြေးလိမ်းဆေး
06/11/2025

ခါးနာခြင်းကိုကာကွယ်ဖို့ရှောင်ကျဥ်ရမယ့်အချက် ၅ချက်။
#သိဒ္ဒိအကြောပြေဒဏ်ကြေးလိမ်းဆေး

သိဒ္ဒိ မှထုတ်လုပ်ထားတဲ့ ဆေးတွေထဲကမှ လိမ်းဆေး အဖြူရောင်နဲ့ အစိမ်းရောင်က ဘာကွာလဲဆိုတာကို ပြောပြပေးမယ်နော်...အစိမ်းရောင်လေး...
05/11/2025

သိဒ္ဒိ မှထုတ်လုပ်ထားတဲ့ ဆေးတွေထဲကမှ လိမ်းဆေး အဖြူရောင်နဲ့ အစိမ်းရောင်က ဘာကွာလဲဆိုတာကို ပြောပြပေးမယ်နော်...

အစိမ်းရောင်လေးက အားကစားတွေလုပ်လို့ဖြစ်စေ၊ အခြားသော အကြောင်းအရာများကြောင့်ဖြစ်စေ ကြွက်သား နာကျင်မှုတွေဖြစ်လာတဲ့အခါ အသုံးပြုနိုင်ပါတယ်။ သင်းပျံ့တဲ့ မွှေးရနံ့လေးနဲ့ လိမ်းဆေးအပူလေးဖြစ်တာကြောင့် ရုံးမှာဖြစ်စေ၊ ကျောင်းမှာဖြစ်စေ၊ လူအများကြားမှာ ဆေးလိမ်းထားလည်း အဆင်ပြေစေမယ့် လိမ်းဆေးလေးပါ။

အဖြူရောင်လေးကတော့ အဆစ်မြစ်နာကျင်ကိုက်ခဲမှုတွေကို အမြန်ဆုံး သက်သာစေနိုင်တဲ့ လိမ်းဆေးလေးပါ။ Gel Type လေးဖြစ်တာကြောင့် အသားထဲကို အလွယ်တကူစိမ့်ဝင်နိုင်ပြီး ခံစားနေရတဲ့ ဝေဒနာတွေကို အမြန်ဆုံးသက်သာသွားစေနိုင်ပါတယ်။
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး
#ဒူနာခါးနားဇတ်ကြောတတ်

“အကောင်းမြင်စိတ်နဲ့ ပျော်အောင်နေတတ်တဲ့သူတွေက ပိုပြီးလည်း ကံကောင်းတတ်ကြတယ်”တခါတရံ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံလာရင်တော...
04/11/2025

“အကောင်းမြင်စိတ်နဲ့ ပျော်အောင်နေတတ်တဲ့သူတွေက ပိုပြီးလည်း ကံကောင်းတတ်ကြတယ်”

တခါတရံ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ကြုံလာရင်တောင်
အဲဒီအခက်အခဲတွေထဲမှာ သင်ခန်းစာကို ရှာနိုင်ကြလို့
မကြာခင်မှာပဲ ပိုကောင်းတဲ့ အရာတွေကို ဆက်လက်တွေ့မြင်ရကြတတ်ပါတယ်။

သူတို့ရဲ့ အပြုံး၊ အပြော၊ အပြုအမူတွေက
ပတ်ဝန်းကျင်ကလူတွေအတွက်ပါ အကြောင်းပြန်ကောင်းစေပြီး
ကံကောင်းမှုအသစ်တွေကို ဆွဲဆောင်လာစေပါတယ်။

အကောင်းမြင်စိတ်နဲ့ နေတတ်တာ၊
ပျော်ရွှင်မှုကို ကိုယ့်စိတ်အတွင်းမှာ ဖန်တီးတတ်တာဟာ
ကံကောင်းမှုတွေ၊ အခွင့်အလမ်းအသစ်တွေကို
အလိုအလျောက် ဆွဲဆောင်ပေးတဲ့ သဘောမျိုးပါပဲ….

ပျော်ရွှင်တတ်သူတွေက ပိုကောင်းတဲ့ အရာတွေကို ဆက်လက်တွေ့မြင်နိုင်ပြီး ဘဝလည်း ပိုမိုတောက်ပလာပါမယ်….

ခါးနာတတ်သူများအတွက်။ #ဒူးနာခါးနာဇတ်ကြောတတ်  #သိဒ္ဒိအကြောပြေဒဏ်ကြေးလိမ်းဆေး
02/11/2025

ခါးနာတတ်သူများအတွက်။

#ဒူးနာခါးနာဇတ်ကြောတတ်
#သိဒ္ဒိအကြောပြေဒဏ်ကြေးလိမ်းဆေး

အကြောတင်းတဲ့သူတွေရှိလား ???တစ်ကိုယ်လုံးအကြောတွေကိုပြေလျော့စေပြီး အညောင်းအညာပြေစေမယ့် ယောဂလေ့ကျင့်ခန်း #သိဒ္ဒိအကြောပြေဒဏ်...
29/10/2025

အကြောတင်းတဲ့သူတွေရှိလား ???

တစ်ကိုယ်လုံးအကြောတွေကိုပြေလျော့စေပြီး အညောင်းအညာပြေစေမယ့် ယောဂလေ့ကျင့်ခန်း
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး

မိမိတို့နေ့စဥ်နဲ့အမျှခံစားနေရတဲ့-ဒူးနာ,ခါးနာ-အုံးလွဲတာ/အကြောလွဲ-ကြွက်သားနာကျင်တာ-အဆစ်အမြစ်ကိုက်ခဲတာ-ဇက်ကြောတက်တာ-ကြွက်သာ...
28/10/2025

မိမိတို့နေ့စဥ်နဲ့အမျှခံစားနေရတဲ့
-ဒူးနာ,ခါးနာ

-အုံးလွဲတာ/အကြောလွဲ

-ကြွက်သားနာကျင်တာ

-အဆစ်အမြစ်ကိုက်ခဲတာ

-ဇက်ကြောတက်တာ
-ကြွက်သားနှင့်အဆစ်များနာကျင်ကိုက်ခဲခြင်း၊
-အာရုံကြောနာကျင်မှုမျာ ထုံကျဉ်မှုများကိုလဲသက်သာစေပါတယ်
မှာယူလိုပါကpage massenger မှာတဆင့်မှာယူနိင်သည့်အပြင်

ဖုန်းနံပါတ်09457317322မှာလည်းဆက်သွယ်မှာယူနိုင်ပါသည်ရှင့်။
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး

လည်ပင်းကျီးပေါင်း၊ဇာတ်ကြောတက် သက်သာစေဖို့ လေ့ကျင့်ခန်းများ ☑  ပုခုံးအား မလှုပ်ရှားစေဘဲ မေးစေ့နှင့် ရင်ဘတ်အား တတ်နိုင်သမျ...
26/10/2025

လည်ပင်းကျီးပေါင်း၊ဇာတ်ကြောတက်
သက်သာစေဖို့ လေ့ကျင့်ခန်းများ

☑ ပုခုံးအား မလှုပ်ရှားစေဘဲ မေးစေ့နှင့် ရင်ဘတ်အား တတ်နိုင်သမျှ ထိကပ်ပါ။
☑ ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
☑ တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
☑ တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

☑ ပုခုံးအား မလှုပ်ရှားစေဘဲ မျက်နှာကြက်ပေါ်သို့ တတ်နိုင်သမျှ မော့ကြပါ။
☑ ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
☑ တခါလုပ်လျှင် ၁၀ ကြိမ်လုပ်ပါ။
☑ တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

☑ ပုခုံးအား ငြိမ်ငြိမ်ထား၍မေးစေ့အား ပုခုံးတဖက်သို့ ကြည့်ပါ။
☑ ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
☑ တခါလုပ်လျှင် ဘယ် ညာ ၁၀ ကြိမ်စီလုပ်ပါ။
☑ တစ်နေ့ ၃ ကြိမ်ပြုလုပ်ပါ။

☑ ပုခုံးအား ငြိမ်ငြိမ်ထား၍ နားရွက်နှင့် ပုခုံးအား ထိကပ်နိုင်သမျှ ထိကပ်ပါ။
☑ ထိုအနေအထားအား ၅ စက္ကန့်ခန့် ထိန်းထားပါ။
☑ တခါလုပ်လျှင် ဘယ်ဘက် ၁၀ ခါ ညာဘက် ၁၀ ခါ ပြုလုပ်ပါ
☑ တနေ့ ၃ ကြိမ်ပြုလုပ်ပါ
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး #ကျန်းမာရေးဗဟုသုတရကြပါစေ

24/10/2025

ဆီးချိုရောဂါဆိုတာ ကုလို့ပျောက်ပါသလား
ဆိုတာကို ​​ဝေမျှပေးထားပါတယ်ရှင်
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး
#ကျန်းမာရေးဗဟုသုတရကြပါစေ

ကိုယ့်အတွက်မဟုတ်ရင်မသိမသာလေးတောင်မကြည့်နဲ့...။ပိတ်ထားတဲ့တံခါးတွေကိုလည်းလက်အနာခံပြီးမခေါက်နဲ့....။စိတ်လည်းမဝင်စားနဲ့...။မ...
23/10/2025

ကိုယ့်အတွက်မဟုတ်ရင်
မသိမသာလေးတောင်မကြည့်နဲ့...။

ပိတ်ထားတဲ့တံခါးတွေကိုလည်း
လက်အနာခံပြီးမခေါက်နဲ့....။
စိတ်လည်းမဝင်စားနဲ့...။

မချိုတဲ့မျက်နှာတွေကိုမပြုံးပြနဲ့
မလိုတဲ့တံခါးရှေ့လည်းမရပ်နဲ့
လူတချို့ပြတ်တယ်ဆိုတာထက်
ပိုပြတ်နိုင်တဲ့လုပ်ရပ်မျိုးကို
ပိုလုပ်နိုင်တဲ့သူဖြစ်ရင်
ပိုကောင်းတယ်...။

စိတ်တိုင်းမကျရင်
စိတ်အမောမခံနဲ့
သဘောမကျရင်မရောနဲ့....။
အပေါစားဆန်စရာ
ဘာအကြောင်းမှမရှိဘူး..။

အေးအေးလေးပဲနေ..
ရိုးရိုးရှင်းရှင်းလေးပဲစိတ်ကိုထား
မာနထားတတ်အောင်လည်းကြိုးစား..။

တစ်ခါတစ်ရံမှာ..
မာနထားလိုက်ခြင်းက
ကိုယ့်အတွက်..
အဆိုးတွေကိုဖယ်ရှားပေးပါတယ်။
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး #ဘဝအတွတ်စာဖတ်ပါ

အသည်းရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်းအသည်းရောဂါ လက္ခဏာတွေ ကတော့အသားဝါခြင်း၊ မျက်လုံးဝါ ခြင်းဗိုက်နာခြင်း၊ အောင့်ခြင်းခြေခ...
22/10/2025

အသည်းရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်း

အသည်းရောဂါ လက္ခဏာတွေ ကတော့

အသားဝါခြင်း၊ မျက်လုံးဝါ ခြင်း

ဗိုက်နာခြင်း၊ အောင့်ခြင်း

ခြေချင်းဝတ်၊ ခြေထောက် ရောင်ခြင်း

ဗိုက်ဖောခြင်း

အသားယားခြင်း

ဆီးအရောင်ရင့်ခြင်း

ဝမ်း အရောင် ဖျော့သွားခြင်း

ပျို့အန်ခြင်း

အစားအသောက်ပျက်ခြင်း

အညိုအမည်း စွဲလွယ်ခြင်း တွေပဲ ဖြစ်ပါတယ်။

အသည်းရောဂါဖြစ်ပွားစေတဲ့ အခြားအကြောင်းရင်းတွေ ကတော့

-အရက်သောက်ခြင်း

-အဝလွန်ခြင်း

-ဆေးဝါးများနဲ့ အဆိပ်အတောက်များကြောင့် ဖြစ်ပါတယ်။

အသည်းရောဂါရှိနေရင် ဘယ်လိုဆင်ခြင် နေထိုင်မလဲ။

အာာဟာရပြည့်ဝ မျှတအောင် စားပါ။

ကိုယ့်ကျန်းမာရေးပေါ် မူတည် ပြီး ရေကို တွက်ချက်သောက် ပါ။

ဆားကို လျှော့စားပါ။

ဘယ်အာဟာရကို ဘယ်လောက်ပဲမာဏစားသင့် တယ်ဆိုတာကို အာဟာရ ဆရာဝန်နဲ့ တိုင်ပင်ပါ။

အရက်ကို လုံးဝဖြတ်ပါ။

ဆေးဝါးတွေကို ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်ဖို့ အကြံပြုလိုပါတယ်။

ဘယ်အချိန်မှာ ဆရာဝန် ပြ သင့်သလဲ။

အထက်ပါ ရောဂါလက္ခဏာ တွေဟာ ပျောက်မသွားဘဲ ရေရှည် ကြာမြင့်နေမယ်ဆိုရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါ တယ်။ ဒါ့ပြင် တခြား လက္ခဏာတွေ ခံစားနေရမယ်၊ အသည်းရောဂါရှိတယ်လို့ ကိုယ့်ကိုယ်ကိုယ် သံသယရှိရင် လည်း ဆရာဝန်နဲ့ ပြသသင့်ပါ တယ်။
#သိဒ္ဒိအကြောပြေဒဏ်ကြေလိမ်းဆေး #ဘဝအတွတ်စာဖတ်ပါ

💗💗 ဇက်ကြောတက်တတ်သူတွေ ကျီးပေါင်းမဖြစ်အောင် ကာကွယ်နိုင်မယ့် (၅)မိနစ်စာလေ့ကျင့်ခန်း💗💗အထိုင်များတဲ့အလုပ်၊ အာရုံစူးစိုက်မှုမ...
21/10/2025

💗💗 ဇက်ကြောတက်တတ်သူတွေ ကျီးပေါင်းမဖြစ်အောင် ကာကွယ်နိုင်မယ့် (၅)မိနစ်စာလေ့ကျင့်ခန်း💗💗

အထိုင်များတဲ့အလုပ်၊ အာရုံစူးစိုက်မှုများတဲ့ အလုပ်တွေလုပ်တဲ့အခါ ညောင်းညာပြီး ဇက်ကြောတက်တတ်ပါတယ်။ ဇက်ကြောတက်တာက ဆိုးကျိုးသိပ်မရှိသလို ထင်ရပေမယ့် ရေရှည်မှာ ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေနိုင်ပါတယ်။ ဇက်ကြောတက်တာကို ဒီတိုင်းပဲနေနေမယ်ဆိုရင်တော့ ဇက်ကျီးပေါင်းဖြစ်ပြီး အလုပ်ပျက်အကိုင်ပျက်ဖြစ်ရပါလိမ့်မယ်။ ဒီတော့ ဇက်ကြောတက်တတ်တဲ့သူတွေအနေနဲ့ အဲ့ဒီလောက်အခြေအနေမဆိုးခင်မှာ လေ့ကျင့်ခန်းလေးတွေ လုပ်ထားသင့်ပါတယ်။ ဒါကြောင့် ဇက်ကြောတတ်တဲ့သူတွေ နေ့တိုင်းလုပ်သင့်တဲ့ လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဒီဝါလီ (သို့ ) ဒီပါ၀လီယနေ့ကျရောက်သော ဒီဝါလီ (သို့ ) ဒီပါ၀လီ  နေ့သည် ဟိန္ဒူဘာသာဝင်များအတွက် အရေးပါသော မီးထွန်းပွဲတော်နေ့တ...
20/10/2025

ဒီဝါလီ (သို့ ) ဒီပါ၀လီ

ယနေ့ကျရောက်သော ဒီဝါလီ (သို့ ) ဒီပါ၀လီ နေ့သည် ဟိန္ဒူဘာသာဝင်များအတွက် အရေးပါသော
မီးထွန်းပွဲတော်နေ့တစ်နေ့ ဖြစ်သကဲ့သို့ အမှောင်ပျောက်ပြီး အလင်းရလာခြင်း၊ ဆိုးသွမ်းမှုများ ကင်းစင်ပြီး ကောင်းမှုအောင်မြင်ခြင်းနဲ့အတူ မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေဟု ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#သိဒ္ဒိတိုင်းရင်းဆေးဝါး

Address

Lelti 2nd Street
Taikkyi

Telephone

+959457317322

Website

Alerts

Be the first to know and let us send you an email when သိဒ္ဒိ-Theik Di Pharmaceuticals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to သိဒ္ဒိ-Theik Di Pharmaceuticals:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram