Thu Kha Aung Specialist Clinic

Thu Kha Aung Specialist Clinic နေ့စဉ် နံနက် (၈)နာရီမှည(၇)နာရီအတွင်း ကြိုတင်ဖုန်းဆက် စာရင်းပေးသွင်းပါရန် မေတ္တရပ်ခံအပ်ပါသည်။

10/05/2024

၁၀.၅.၂၀၂၄ ယနေ့ (သောကြာနေ့) ညနေ (၄ :၃၀ )

အချိန်တွင် ကလေးအထူးကု ဆရာဝန်ကြီး နှင့်

ပြသနိုင်ရန် ကြိုတင်စာရင်းပေးသွင်း

နိုင်ပါပြီရှင့်.......🤍

☎️09 443961233
09 758488117

အပူလှိုင်းတွေ ထပ်လာပါဦးမယ်...။😢လာမယ့် စနေ၊ တနင်္ဂနွေနေ့ကစပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ...
26/04/2024

အပူလှိုင်းတွေ ထပ်လာပါဦးမယ်...။😢

လာမယ့် စနေ၊ တနင်္ဂနွေနေ့ကစပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေ့အပူချိန်တွေ ထပ်တိုးလာပါဦးမယ်တဲ့။

44 ကနေ 46 Degree Celsius ကြားအထိတောင် ရှိနိုင်တာမို့ ကလေးငယ်လေးတွေ၊ အသက်ကြီးပိုင်းတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေကို အထူးပဲ ဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်နော်။

အပူလှိုင်းဖြတ်တဲ့အချိန်မှာ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ထပ်မံဖော်ပြသွားမှာမို့ စောင့်မျှော်ပေးကြပါဦးနော်။

04/04/2024

သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး

နှင့် ယခု(၄) လပိုင်းမှ စတင်၍ အပါတ်

စဉ်(တနင်္လာ)နေ့တိုင်း ပြသနိုင်ရန်

ကြိုတင်စာရင်း ပေးသွင်းနိုင်ပါ‌ကြောင်း

သတင်းကောင်းပါးအပ်ပါတယ် ရှင့်။🤗
☎️09 443961233
09 758488117

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️Southeast Asia နိုင်ငံအကုန်ပါပါတယ်။ ဆိုတော့ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်...
04/04/2024

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ ‼️‼️‼️

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ ဆိုတော့ 6/7/8 သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

🔥အပူချိန် 35°C - 37°C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

🔥 37°C ကနေ upper 40°C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်‌ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။
မနက် 10 - ညနေ 5 ကြားတကယ်ဆို ရေမချိုးပါနဲ့ ! ပူတယ်ဆိုပီးရေခနခနချိုးတာတွေစိမ်တာတွေ လုပ်မယ်ဆိုရင် ဆင်ခြင်စေချင်တယ်။

အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မ‌ဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြ‌နော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ။

အပူဒဏ်လွန်ကဲမှု့မဖြစ်စေရန်သတိပြုရမည့်ရှောင်ရန်ဆောင်ရန်အချက်များ---------------------------------------------------------...
02/04/2024

အပူဒဏ်လွန်ကဲမှု့မဖြစ်စေရန်သတိပြုရမည့်ရှောင်ရန်ဆောင်ရန်အချက်များ
----------------------------------------------------------------
မင်္ဂလာပါ ကျွန်တော်တို့ ရာသီဥတု ကပူပြင်းတဲ့ နွေဦးရာသီကိုကူးပြောင်းလာပြီဖြစ်တဲ့ အတွက် အချို့ အပူအအေးမမျှခြင်းကြောင့် အဖျားအနာနှင့် အပူလွန်ရောဂါဖြစ်ပွားလာတာကိုတွေ့ရှိလာရတာကြောင့် သတိပေး Shareထပိပြုလုပ်ပေးလိုက်ရပါတယ်

နံနက်(၁ဝ)နာရီမှ ညနေ(၅)နာရီအတွင်း အပူချိန်မြင့်မားပြီး နေရောင်တို တိုက်ရိုက်ထိတွေနေတဲ့ လွင်တီးခေါင်ပြင်မှာနေခြင်း၊ မြစ်ဆိပ်ကမ်းနား ရေချိုးခြင်းများကို ရှောင်ကြဉ်၍ အရိပ်အာဝါသ ကောင်းသောနေရာများတွင် နေထိုင်ရန်။
၁။ နေပူထဲမှပြန်လာပြီး ချက်ခြင်းရေချိုးခြင်းကို ရှောင်ကြဉ်ရန်။
၂။ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်။
၃။ အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ဖြစ်စေလွယ်ပြီး၊ဖြစ်ပွားပါကလည်း ပြင်းထန်သော အပူရှပ်ခြင်းဖြစ်စေကြောင့် အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန်။
၄။ နွေရာသီမှာ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိ တွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။ အနက်ရောင်တွေ၊ အရောင်ရင့်ရင့်တွေက အပူကို ပိုပြီး စုပ်ယူနိုင်တဲ့ အတွက် အဖြူ (သို့) အရောင် ဖျော့ဖျော့လေးတွေ ဝတ်သင့်ပါတယ်။ နေရောင်နဲ တိုက်ရိုက်ထိတွေ့တဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ်တစ်ခုခုဆောင်းပါ။နေ့ခင်းဘက်အပြင်ထွက်လျှင်အရိပ်ကောင်းစွာပေးနိုင်သော ထီး၊ ဦးထုပ် ဆောင်းခြင်း၊ အလင်းရောင် ပြန်သောအဖြူ (သို့) အရောင်ဖျော့ဖျော့ ပွပွချောင်ချောင် အဝတ်အထည်များဝတ်ရန်။
၅။ အိမ်အတွင်း လေဝင်/ထွက်ကောင်းစေရန် ပြတင်းတံခါးများဖွင့်ထားပါ။
၆။ မိတ်ဖု၊ ယားနာဖုများထွက်လျှင် ရေးအေးဝတ်ကပ်ခြင်း၊သ နပ်ခါးလိမ်းခြင်း ပြုလုပ်ရန်။
၇။ ချွေးထွက်များလျင်ရေများများသောက်ခြင်း၊ ဓါတ်ဆားရေသောက်ခြင်း၊ ဖျော်ရည်များ သောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်အတွင်း ရေနှင့်ဓါတ်ဆားဆုံးရှုံးမှုကို ကာကွယ်ရန်။
၈။ အပူချိန်လျော့နည်းစေရန် ပန်ကာများ အသုံးပြုခြင်း။
၉။ အပူဒဏ်လွန်ကဲခြင်းကြောင့် သတိလစ်မေ့မြောခြင်းနှင့် နောက်ဆက်တွဲ ရောဂါလက္ခဏာရပ်များ ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာသို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူရန်။
၁၀။ နေရောင်အောက်မှာ တစ်နေကုန် အလုပ်လုပ်တာကို ရှောင်သင့်ပါတယ်။ လုပ်ကို လုပ်ရမယ်ဆိုရင်တော့ အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ မကြာခဏ အနားယူပေးရပါမယ်။

၁၁။ အရမ်းပူတဲ့ အချိန်( အထူးသဖြင့် နေရောင်အောက်) မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီးထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။
၁၂။ နောက်ထပ် အရေးကြီးဆုံးတစ်ချက်ကတော့ ရေများများသောက်ပေးဖို့ပါ။ ရေဓါတ်ခန်းခြောက်နေမယ်ဆိုရင် အပူဒဏ်ကြောင့် သတိလစ်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်လည်း ရေ နဲ့ ဓါတ်ဆားတွေကို ဆောင်ထားပြီး သတိတရ သောက်ပေးဖို့ အကြံပေးချင်ပါတယ်။
၁၃။ လူကြီးတွေနဲ့ ကလေးငယ်တွေ၊ ရောဂါ အခံရှိသူတွေ၊ အဝလွန်တဲ့သူတွေ၊ အရက်အများကြီး သောက်သုံးထားတဲ့သူနဲ့ အေးတဲ့ ဒေသမှာ နေထိုင်ပြီး အခုမှ အပူပိုင်းဒေသမှာ ပြောင်းရွှေ့အလုပ်လုပ်တဲ့သူ စတဲ့သူတွေမှာ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်နိုင်ခြေ ပိုများတာ ကြောင့် အဲလို လူတွေ အနေနဲ့ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်။

အထက်ဖော်ပြပါအပူရှပ်ခြင်းအကြောင်း၊ အပူရှပ်ခြင်းလက္ခဏာရပ်များ၊ ကာကွယ်တားဆီးရန် နည်းလမ်းများကို ကျွန်တော်တို့အားလုံးသိရှိနားလည်ထားကြရန်နှင့် သတိပြုကျင့်သုံးကြခြင်းဖြင့် အပူရှပ်ခြင်းနှင့် နောက်ဆက်တွဲဆိုးကျိုးများကို ရှောင်လွဲနိုင်မှာဖြစ်ပါကြောင်း အကြံပြုတင်ပြပေးလိုက်ပါတယ်။

ဗိုလ်လေးsai
Ref; dsm

31/03/2024

၁.၄.၂၀၂၄(တနင်္လာနေ့)
ညနေ(၃)နာရီ ခွဲ အချိန်တွင်
သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး နှင့်ပြသနိုင်ပါပြီရှင့်။😊

28/03/2024

၃၁.၃.၂၀၂၄ (တနင်္ဂနွေ) နံနက် (၉ )နာရီ

အချိန်တွင် အရိုး၊အကြော ပြန်လည်

သန်စွမ်းရေး အထူးကု ဆရာဝန်ကြီး နှင့်

ပြသနိုင်ရန် ကြိုတင်စာရင်းပေးသွင်း

နိုင်ပါပြီ.....ရှင့်😊

☎️09 443961233
09 758488117

28/03/2024

*သုခအောင်*အထူးကုဆေးခန်းမှ-
ဆရာဝန်ကြီးများ၏ နေ့စဉ်ကုသမှု သတ်မှတ်ရက်များ---
အထွေထွေ အထူးကုသမားတော်ကြီး (နေ့စဉ်)၊

ခွဲစိတ်အထူးကုဆရာဝန်ကြီး (နေ့စဉ်)၊

ကလေးအထူးကုဆရာဝန်ကြီး(နေ့စဉ်)၊

သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး(တနင်္လာနေ့)၊

အရိုးအကြောခွဲစိတ် ဆရာဝန်ကြီး(တနင်္ဂနွေ)၊

အရိုးအကြော ပြန်လည်သန်စွမ်းရေးအထူးကုဆရာဝန်ကြီး (စနေ)၊

အစာအိမ်နှင့်အူလမ်းကြောင်း ခွဲစိတ်အထူးကုဆရာဝန်ကြီး (နေ့စဉ်)၊

နား၊နှာခေါင်း၊လည်ချောင်း အထူးကုဆရာဝန်ကြီး (စနေ)၊
➡️Ultrasound (colour)

လူကြီးမင်းတို့အတွက် လိုအပ်သော ကျန်းမာရေး ဝန်ဆောင်မှုများကို-
နေ့စဉ် -🕗နံနက် (၈) နာရီ မှ🕗 ည (၈) နာရီ အထိ ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိပါသည်။
ကြိုတင် စာရင်းပေးသွင်းရန်➡️
☎️09 443961233,,09 758488117

Address

Taikkyi
11381

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Website

Alerts

Be the first to know and let us send you an email when Thu Kha Aung Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram