ညောင်ပင်ကွင်းရွာ GP Clinic

ညောင်ပင်ကွင်းရွာ GP Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ညောင်ပင်ကွင်းရွာ GP Clinic, Medical and health, တနင်္သာရီမြို့  နယ် ညောင်ပငကွင်းကျေးရွာ, Tanintharyi.

 #ခေါင်းတစ်ခြမ်းက_သေလောက်အောင်ကိုက်တယ် #မျက်နှာပါအမ်းနေတယ် #ရင်ခေါင်းတောင့်လွန်းလို့_လက်ထိုးပြီးသွားသွားအန်ရတယ်         ...
18/11/2025

#ခေါင်းတစ်ခြမ်းက_သေလောက်အောင်ကိုက်တယ်
#မျက်နှာပါအမ်းနေတယ်
#ရင်ခေါင်းတောင့်လွန်းလို့_လက်ထိုးပြီးသွားသွားအန်ရတယ်

🤕
#ခေါင်းတစ်ခြမ်းကိုက်တဲ့_ဝေဒနာပါ

🙏🙏🙏

ရောဂါ သဘောသဘာဝအကြောင်းသေသေချာချာနားလည်စေချင်တဲ့ အတွက် မိမိရဲ့ *အသိပညာ၊ *အတွေ့အကြုံများအပြင် သုတေသန *စာတမ်းများပါ ဖတ်၍ အပြည့်အစုံ ရေးသားထားသောကြောင့် စာက အတော့ကို ရှည်သွားပါတယ်

အချိန်ပေးပြီး သေသေချာချာ ဖတ်ပြီးရင်တော့ Migraine (ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအတွက်) အကျိုးရစေမှာ သေချာပါတယ်

🙏🙏🙏

------

ရောဂါအကြောင်းမစ ခင် သိထားရမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် အကြောင်း အရင်ရှင်းပြချင်ပါတယ်။

နည်းနည်းတော့ ရှုပ်ပါတယ်၊ သေချာနားလည်ရင်တော့ ဘာလို့ ခေါင်း အဲ့လောက် ကိုက်ရတာလဲ နားလည် သွားကြမယ် လို့ ယူဆပါတယ်

#ပထမတစ်ခုက

အာရုံကြော အဖွဲ့အစည်းပါ
ကျွန်တော်တို့ ခံစားတာကို သိဖို့ အရေပြားမှာ
(a.) #အာရုံခံတဲ့နေရာတွေရှိပါတယ်၊ (ပူတယ်/အေးတယ်)၊ ထိတယ်၊ နာတယ်ပေါ့)
အဲ့ဒီအာရုံတွေကို ဦးနှောက်ဆီကို သယ်သွားပေးမယ့် (b.) #အာရုံကြောတွေရှိပါတယ်
ဦးနှောက်ကနေ အဲ့ဒါက ပူတာ၊ အဲ့ဒါက အေးတာ၊ အဲ့ဒါကတော့ နာတာ ဆိုပြီး (c.) #ဆုံးဖြတ်ပေးတဲ့နေရာရှိပါတယ်

အဲ့ဒီ (a) (b) (c) သုံးခုပေါင်းပြီးမှ #အာရုံတွေကို ခံစားပါတယ်
အဲ့ဒီက မှ ဦးနှောက်ကနေ ပူရင်ဘာလုပ်လိုက်၊ အေးရင်ဘာလုပ်လိုက်၊ နာရင်ဘာလုပ်လိုက် ဆိုပြီး (d.) #တုံ့ပြန်ပါတယ်။

အဲ့ဒီအာရုံကြောအဖွဲ့အစည်းအများကြီးထဲကမှ

ဦးခေါင်း + လည်ပင်းပိုင်းနဲ့ သက်ဆိုင်တာက Trigerminal/Cervical Pain system ပါ။

(( ဥပမာပြောရရင် ပါးရိုက်ခံလိုက်ရတယ်၊ ခေါင်းခေါက်ခံ လိုက်ရတယ် ဆိုပါတော့ 😁
သမခံလိုက်ရတာကို (a.) ကသိပါတယ်
အဲ့ဒီ Information ကို (b.) ကသယ်သွားပါတယ်
ငါတော့ အကျွေးခံရလိုက်ရပြီဆိုပြီး (c.) ကနေ သိပြီး နာလိုက်တာ ဆိုပြီး ဖြစ်သွားပါတယ်။
နာတာသိသွားရင် ဦးနှောက်တွင်းက ဌာနတွေ ချိတ်ဆက်ပြီးတော့ (အမေခေါက်တာ၊ ကောင်မလေးရိုက်တာဆိုရင်) (d.) အနေနဲ့က 😬 ငြိမ်ခံလိုက် ဆိုတဲ့ တုံ့ပြန်မှု ပြန်လုပ်ပါလိမ့်မယ် ))

#ဒုတိယတစ်ခုက

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အကြောင်းကြောင်းကြောင့် သွေးကြောတွေကျဉ်းသွားခဲ့ရင် (အဲ့ဒီသွေးကြောက ထောက်ပံ့ပေးနေတဲ့ cells တွေ Oxygen နဲ့ အဟာရအရနည်းသွားတဲ့ အတွက်) Vasodilator ဆိုတဲ့ သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ခန္ဓာကိုယ်က ထုတ်လိုက်ပါတယ်။

အဲ့ဒီ ဓာတ်ပစ္စည်းတွေ ထဲမှာ *Serotonin ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးလည်း အပါအဝင်ဖြစ်ပါတယ်။

Vasodilator တွေ ထွက်လာရင် သွေးကြောက ပြန်ကျယ်သွားတဲ့ အတွက် Cells တွေက Oxygen နဲ့ အဟာရတွေ ပြန်ရသွားပါတယ်။

ဒါပေမယ့် အဲ့ဒီ Vasodilator (သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်း) ခန္ဓာကိုယ်က အလွန်အမင်း တုံ့ပြန် တဲ့ အခါ 👉👉👉 သွေးကြောက အချိန်ကြာမြင့်စွာ ကျယ်နေတဲ့ အတွက် သူထောက်ပံ့ထားတဲ့ နေရာကို သွေးပမာဏများစွာ ရောက်ရှိသွားပါတယ်

သွေးရောက်တာ နည်းရင် မကောင်း သလို၊ သွေးရောက်တာ တရားလွန် များရင်လည်း အဲ့နေရာမှာ သွေးပေါင်တွေ တက်လာတတ်ပါတယ်။

👉👉👉

အဲ့လိုသဘောပါ နည်းနည်းနားလည် ပြီဆိုရင် ရှေ့ဆက်ပါမယ်

>>>>>>>>>>

18/11/2025

ကမ္ဘာနဲ့အဝန်းအဖြစ်များတဲ့ရောဂါအမျိုးအစားထဲမှာ တုပ်ကွေးရောဂါဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ တုပ်ကွေးရာသီကို တဖြည်းဖြည်းချဉ်းကပ်လာတာနဲ့အမျှ ဒီရောဂါနဲ့ပတ်သက်လို့ သတိပြုစရာလေးတွေရှိလာပါပြီ။‼️

ဒီနေ့ ဗီဒီယိုလေးမှာတော့ အဆုတ်နှင့်ရင်ခေါင်းအထူးကုသမားတော်ကြီး ပါမောက္ခဒေါက်တာ ဦးဝင်းနိုင်က "တုပ်ကွေးအကြောင်း သိကောင်းစရာ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ တုပ်ကွေးနဲ့ပတ်သက်လို့ အမေးများပြီး သိသင့်သိထိုက်တဲ့မေးခွန်းလေးတွေကို ဖြေကြားပေးထားပါတယ်။ ☑️

ဤအစီအစဉ်လေးကို Influvac Tetra နှင့် Z-waka တို့မှ ပူးပေါင်းတင်ဆက်ပေးထားတာဖြစ်ပါတယ်။


#တုပ်ကွေး
#ကာကွယ်ဆေး

08/05/2025

“မိတ်ပေါက်ခြင်း (Heat rash)"

အခုလို အပူချိန်လွန်ကဲတဲ့ နွေရာသီမှာ ကလေးကအစ သက်ကြီးရွယ်အိုတွေအထိ အပူချိန်နဲ့ပတ်သက်တဲ့ ကျန်းမားရေးပြဿနာတွေကို ဆိုးဆိုးရွားရွား ခံစားရတတ်ပါတယ်။ လျှပ်စစ်မီးတွေက မမှန်ရတဲ့ကြားထဲ ကျန်းမာရေးပြဿနာတွေကပါ ဆင့်ကဲပိုမိုခံစားရတဲ့အချိန် မိမိကျန်းမာရေးကို မိမိကိုယ်တိုင် ဂရုစိုက်ကြဖို့ အထူးလိုအပ်ပါတယ်။

အပူချိန်လွန်ကဲတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲကမှ နွေရာသီနဲ့ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ မိတ်ရောဂါအကြောင်းကို ပြောပြသွားပါမယ်။

နွေရာသီနဲ့ မိတ်ပေါက်တာ၊ မိတ်ပေါက်တာနဲ့ နွေရာသီဆိုတာ မြန်မာလူမျိုးတွေအတွက်တော့ ဘယ်လိုမှ ခွဲလို့မရတဲ့ မကြုံချင်ရဆုံး ရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။ ကလေးငယ်လေးတွေမှာ အများဆုံးပေါက်တတ်ကြပေမယ့် လူကြီးတွေမှာလည်း ဖြစ်တတ်တာကို သတိထားရပါမယ်။ ..

◾ဘာကြောင့် မိတ်ပေါက်ရသလဲဆိုရင်…

အပူချိန်လွန်ကဲတဲ့အတွက် အရေပြားထဲမှာ ချွေးတွေသွားစုနေ၊ ပိတ်နေရာကနေ မိတ်ဖုတွေအဖြစ် ထွက်လာရတာ ဖြစ်ပါတယ်။ လက္ခဏာတွေကတော့ သေးငယ်တဲ့ ‌ရည်ကြည်ဖုလေးတွေကနေ ရောင်ရမ်းနေတဲ့အဖုကြီးတွေအဖြစ် ပုံစံမျိုးစုံ ရှိတတ်ပါတယ်။ ချွေးထွက်ရမယ့်အစား မထွက်ဘဲနဲ့ ချွေးတွေက အရေပြားထဲမှာ စုနေတာကြောင့် ယားယံတာ၊ အဖုတွေအများကြီး ထွက်လာတာ ဖြစ်ပါတယ်။

အရေပြားက အေးသွားတဲ့အချိန် အပူချိန်ကျသွားတဲ့အခါမှာတော့ အဲဒီမိတ်ဖုတွေက ပျောက်သွားတတ်ပါတယ်။

လူကြီးတွေမှာတော့ အဝတ်အစားတွေ ပွတ်တိုက်မိတဲ့နေရာတွေမှာ မိတ်ဖုတွေ ထွက်တတ်လေ့ရှိပါတယ်။ မိတ်ဖုတွေက ယားယံတတ်ပြီးတော့ တစ်ခါတလေ ခပ်စူးစူး ခံစားရတတ်ပါတယ်။ ပြီးရင် အဲ့ဒီအဖုလေးတွေရှိတဲ့နေရာတွေမှာ ရောင်ရမ်းနေတတ်ပါတယ်။ ကလေးငယ်လေးတွေမှာဆိုရင်တော့ မိတ်ဖုတွေကို အဓိကအားဖြင့် လည်ပင်း၊ ပခုံး၊ ရင်ဘတ်နဲ့ နောက်ကျောတွေမှာ တွေ့ရတာများပါတယ်။ ချိုင်းကြား၊ ပေါင်ခြံနဲ့ လက်မောင်းတို့မှာလည်း မိတ်ထွက်တတ်ပါသေးတယ်။..

◾အဲဒီ မိတ်ဖုတွေကို အမျိုးအစား ခွဲခြားလို့ရပါတယ်။

- အပျော့ဆုံးနဲ့ မပြင်းထန်ဆုံး အမျိုးအစားကတော့ milia လို့ ခေါ်ပါတယ်။ အရေပြားမျက်နှာပြင်ပေါ်ကို ပွင့်တဲ့ ချွေးပေါက်လေးတွေ ပိတ်သွားတဲ့အခါ ပေါက်တတ်တဲ့ မိတ်အအမျိုးအစား ဖြစ်ပါတယ်။ အဲဒီအမျိုးအစားမှာဆိုရင်တော့ ရေကြည်ဖုလေးလိုမျိုး တွေ့ရတတ်ပြီး ပေါက်လွယ်ပါတယ်။

- ဒီထက်ပိုပြီး အ‌ရေပြားထဲကို နက်နက်ပိုပေါက်တဲ့ အမျိုးအစား ရှိပါသေးတယ်။ အဲဒီအမျိုးအစားမှာဆိုရင်တော့ မိတ်ဖုတွေက ရောင်ရမ်းနေတတ်ပြီး မိတ်ထွက်တဲ့နေရာတွေမှာ ယားယံတာ၊ ခပ်စူးစူးကျဥ်ကျဥ် ခံစားရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

- နောက်တစ်ခုကတော့ မိတ်ဖုလေးတွေက ရောင်ရမ်းရာကနေတစ်ဆင့် ပြည်တည်သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။

- သိပ်ဖြစ်လေ့ဖြစ်ထမရှိတဲ့ နောက်အမျိုးအစားတစ်ခုကတော့ အရေပြားအတွင်းဆုံးလွှာတွေထဲအထိ ပေါက်တတ်တဲ့ မိတ်အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီလိုအခါမှာတော့ အရေပြားက ယားယံရုံတင်မကဘဲ နာကျင်ပြီးတော့ အရေပြားမှာပေါက်ထွက်တတ်တဲ့ အဖုအလုံးကြီးတွေအထိ ဖြစ်နိုင်ပါတယ်။..

◾ဘယ်သူတွေမှာ မိတ်ထွက်တတ်လဲ။

- မွေးကင်းစကလေးတွေမှာ ချွေးထုတ်ပေးတဲ့ပြွန်လေးတွေနဲ့ ချွေးပေါက်လေးတွေက လူကြီးတွေလောက် ကောင်းကောင်း မဖွံ့ဖြိုးသေးတဲ့အတွက် မိတ်ပေါက်တတ်လေ့ရှိပါတယ်။

- ပူအိုက်ပြီး စိုစွတ်တဲ့နေရာဒေသမှာ နေတဲ့သူတွေမှာလည်း မိတ်ပေါက်တာများပါတယ်။ အပူချိန်လွန်ကဲ့နွေရာသီကြောင့် မြန်မာနိုင်ငံနဲ့ နွေရာသီမိတ်ပေါက်တာက ခွဲခြားလို့မရတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။

- အပူချိန်လွန်ကဲတဲ့အချိန်မှာ ပြင်းပြင်းထန်ထန် လှုပ်ရှားအလုပ်လုပ်ရတဲ့သူတွေ

- ဒါ့အပြင် အိပ်ရာမှာ အကြာကြီးနားနေရပြီး ဖျားနေတဲ့သူတွေမှာလည်း မိတ်ထွက်လေ့ရှိပါတယ်။

မိတ်ဖုတွေကတော့ အမာရွတ်မကျန်ဘဲ အလိုလို ပျောက်ကင်းသွားလေ့ရှိပါတယ်။ ဂရုမစိုက်ဘဲ ထားမယ်ဆိုရင်တော့ ပိုးဝင်ပြီး ရောင်ရမ်းတတ်တာကို သတိပြုရပါမယ်။..

◾မိတ်ဖုထွက်နေတယ်ဆိုရင်..

- ရေအေးဝတ်တင်တာ၊ ရေအေးနဲ့ရေချိုးတာတွေ လုပ်ပေးလို့ရပါတယ်။

- နေပူထဲထွက်တာမျိုး၊ အပူနဲ့ထိတွေ့ရမှာတွေကို တတ်နိုင်သလောက် ရှောင်ကြဥ်ပေးပါ။

- အဆီပါတဲ့ အလှကုန်ပစ္စည်းတွေ သုံးတာရှောင်သင့်ပါတယ်။ ဘာလို့ဆို ချွေးပေါက်တွေ ပိုပိတ်နိုင်တဲ့အတွက်ကြောင့်ပါ။

- Calamine lotion လိမ်းပေးလို့ ရပါတယ်။ anhydrous lanolin လို့ခေါ်တဲ့ ရေဓာတ်ဖြည့်ပေးတဲ့ ခရင်မ်တွေ လိမ်းပေးနိုင်ပါတယ်။

- ယားယံတာမျိုးအတွက် ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့အညီ antihistamine လို့ခေါ်တဲ့ဆေး သောက်နိုင်ပါတယ်။..

◾မိတ်ဖုတွေမထွက်အောင် ဘယ်လို ကာကွယ်ကြမလဲ ?

- အတတ်နိုင်ဆုံး ပါးလွှာပြီး အေးတဲ့၊ ချောင်ချိတဲ့၊ ပေါ့ပေါ့ပါးပါးဖြစ်မယ့် အဝတ်တွေ ဝတ်ဆင်ပါ။ ကလေးတွေကိုလည်း အနှီးတွေအများကြီးနဲ့ ထုပ်ထားတာ၊ ပတ်ထားတာမျိုးတွေ မလုပ်ပါနဲ့။

- နေရိပ်ထဲ၊ aircon ခန်းထဲ နေပါ။ နေပူထဲ အလုပ်လုပ်နေရတဲ့သူတွေအတွက်လည်း ပြင်းပြင်းထန်ထန် ကိုယ်လက်လှုပ်ရှားပြီး အလုပ်လုပ်တာမျိုးတွေ ‌ရှောင်ပါ။

- ကိုယ်အိပ်တဲ့ မွေ့ရာ၊ ခုတင်ကို အေးမြပြီး လေဝင်လေထွက်ကောင်းအောင် ထားပါ။

မိတ်ဖုတွေက တဖြည်းဖြည်းနဲ့ ကြီးလာမယ်။ နီရဲ နာကျင်လာမယ်။ ရောင်ရမ်းလာမယ်ဆိုရင်တော့ မပေါ့ဆဘဲ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒီလောက်ဆိုရင် နွေရာသီမှာ စိတ်ညစ်စရာကောင်းလောက်အောင် ထွက်တတ်တဲ့ မိတ်အကြောင်း ဗဟုသုတရလောက်ပြီမို့ မိတ်ထွက်တိုင်းမပေါ့ဆကြဘဲ ဂရုတစိုက်နေထိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်....။

Reference - https: // www. mayoclinic. org/diseases-conditions/heat-rash/symptoms-causes/syc-20373276

https: // www. mayoclinic. org/diseases-conditions/heat-rash/diagnosis-treatment/drc-20373282

👉 တယ်လီကျန်းမာတွင် ဆရာဝန်များနှင့် အွန်လိုင်းမှ အခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါသည်။
* ပိတ်ရက်မရှိပါ *

ကြိုတင်ဘိုကင်ယူရန်အတွက် တယ်လီကျန်းမာ Messenger ကို ဆက်သွယ်ပါ။
(နေ့စဥ် မနက် ၈ နာရီမှ ည ၁၀ နာရီအထိ)

(၂၁၊ ၅၊ ၂၀၂၃) ရက်နေ့က တင်ခဲ့သောပိုစ့်ကို ပြန်လည်ဖော်ပြခြင်း ဖြစ်ပါသည်။

08/05/2025
08/05/2025
18/12/2024

ထိုင်ရာကနေ ဆတ်ခနဲ ထလိုက်တဲ့အခါ မိုက်ခနဲ၊ မူးခနဲ ဖြစ်သွားတာ၊ မျက်စိတွေ ပြာသွားတာတွေကို လူတော်တော်များများ ကြုံဖူးကြမှာပါ။

အဲဒီလိုဖြစ်စဥ်မျိုးကို Orthostatic Hypotension သို့မဟုတ် Postural Hypotension လို့ ခေါ်ပါတယ်။ ခန္ဓာကိုယ်အနေအထားပေါ်မူတည်ပြီး ရုတ်တရက်ခဏတာ သွေးပေါင်ကျသွားတာပေါ့။....

🔹 ဒီလိုမျိုးဝေဒနာကိုဖြစ်စေတဲ့ အကြောင်းအရင်းများအနေနဲ့ . . .

• ပထမအချက်ကတော့ အိပ်ရေးပျက်တာများရင် ဖြစ်တတ်ပါတယ်။ အိပ်ရေးသေချာဝအောင် မအိပ်ဘဲ အိပ်ရေးပျက်တာ များလာတဲ့အခါ အားမရှိသလိုဖြစ်ပြီး မူးတာ၊​ နုံးတာမျိုး ဖြစ်တတ်ပါတယ်။

• ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။ ရေသောက်နည်းခြင်းကြောင့် ဖြစ်စေ၊ ချွေးထွက်များလွန်းခြင်းကြောင့်ဖြစ်စေ ရေဓာတ်ဆုံးရှုံးမှု ဖြစ်စေတတ်ပြီး အဲဒီကနေမှတစ်ဆင့် မူးဝေခြင်း၊ နုံးခြင်းတို့ ဖြစ်လာတတ်ပါတယ်။

• သွေးပေါင်ကျလွန်းခြင်းကြောင့်လည်း ဖြစ်တတ်ပါတယ်။

• နှလုံးအားနည်းတဲ့သူတွေလည်း ဖြစ်တတ်ပါတယ်။ နှလုံးအားနည်းခြင်းကြောင့် နှလုံးခုန်နှုန်းကိုလျော့စေပြီး သွေးစီးဆင်းမှုနည်းပါးစေတတ်လို့ ထိုမှတစ်ဆင့် ဖြစ်တတ်တာပါ။

• အာရုံကြောအားနည်းတဲ့သူတွေမှာလည်း ဖြစ်လေ့ရှိပါတယ်။ ဥပမာ သွက်ချာပါဒရောဂါမျိုး ရှိပြီဆိုရင်လည်း အခုလိုမျိုးမူးတာ ဖြစ်စေနိုင်ပါတယ်။

• ရောဂါအခံတစ်ခုခု အထူးသဖြင့် ဆီးချိုရောဂါ၊​ သိုင်းရွိုက်ဟော်မုန်းပြဿနာ စတာတွေရှိရင်လည်း ဖြစ်တတ်ပါတယ်။

🔹 ဒါ့အပြင် အသက်ကြီးပိုင်းတွေ၊ ဆီးဆေး၊ သွေးကျဆေးတွေ သောက်သုံးနေရသူတွေ၊​ အပူနားကပ်ပြီး အလုပ်လုပ်ရသူတွေ၊ အရက်သေစာ သောက်စားသူတွေမှာလည်း အဖြစ်များလေ့ရှိတာကို တွေ့ရတတ်ပါတယ်။

🔹 ပိုပြီးဆိုးရွားလာတဲ့အခါမှာဆိုရင် လေဖြန်းတာ၊ လေဖြတ်တာ၊ နှလုံးရောဂါရတာ၊ မူးလဲပြီး ထိခိုက်တာမျိုးတွေပါ ဖြစ်လာတတ်တာမို့လို့ မပေါ့ဆသင့်တဲ့အရာတစ်ခုလည်း ဖြစ်ပါတယ်။

🔹 တစ်ခါတလေဖြစ်တာ ကိစ္စမရှိပေမယ့် ခဏခဏ ဖြစ်လာတဲ့အခါ၊ ခန္ဓာကိုယ်ကို ထိန်းနိုင်တာမျိုး မရှိတော့တဲ့အခါ၊ နားလိုက်ပေမယ့့် အမူးမပြေသေးတာမျိုးတွေ ဖြစ်လာရင်တော့ ဆရာဝန်ဆီ အမြန် သွားရောက်ပြသဖို့ လိုအပ်ပါတယ်။....

🔹 ဒီလိုမဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုရင်...

- ရေဓာတ်မဆုံးရှုံးအောင် ရေများများသောက်ပေးပါ။

- အထိုင်အထမှာ ဆတ်ခနဲမဟုတ်ဘဲ ဖြည်းဖြည်းချင်း ထပေးပါ။ အသက်ကြီးတဲ့သူတွေဆိုရင် ဘေးမှာ ကိုင်စရာ သို့မဟုတ် ကူပြီးထူပေးမယ့်သူရှိမှ ထပေးပါ။

- အရက်သေစာသောက်စားတာ လျှော့ချရှောင်ကြဥ်ပေးပါ။

- အပူအအေးမျှတအောင် နေထိုင်ပါ။

- အိပ်ရေးဝအောင် အိပ်စက်အနားယူပြီး အားရှိမယ့် အစားအစာတွေ စားသောက်ပေးပါ။

ရောဂါအကြောင်းတစ်ခုခု သိလိုသည်ဖြစ်စေ၊ တစ်ခုခု ခံစားရလို့ ဆရာဝန်နှင့် ပြသလိုသည်ဖြစ်စေ တယ်လီကျန်းမာက လူကြီးမင်းတို့အတွက် အမြဲအသင့် ရှိနေကြောင်းကိုလည်း ပြောကြားပါရစေ။

တယ်လီကျန်းမာရဲ့ Messenger ကိုသာ ဆက်သွယ်လိုက်ရုံပါ 🤍

Ref: https:// www. mayoclinic. org / diseases-conditions/orthostatic-hypotension/symptoms-causes/syc-20352548

ကျန်းမာစေဖို့ ဘာကိုလျှော့ပြီး ဘာတွေတိုးလုပ်ကြမလဲ။
18/12/2024

ကျန်းမာစေဖို့ ဘာကိုလျှော့ပြီး ဘာတွေတိုးလုပ်ကြမလဲ။

08/11/2024

အင်္ဂလိပ်ဆေးတွေကို အစာနဲ့တွဲသောက်တာ ပိုကောင်းလား၊ အစာနဲ့ဝေးတာ ပိုကောင်းလား 🤔

(၁) အစာနဲ့တွဲသောက်တာ ပိုကောင်းတယ်
(၂) အစာနဲ့ဝေးသင့်တယ်
(၃) တချို့ဆေးတွေက အစာနဲ့နီးသင့်ပြီး၊ တချို့ဆေးတွေက အစာနဲ့ဝေးသင့်တယ်
(၄) မသိဘူး ဆရာဝန်ပြောတဲ့အတိုင်း သောက်မယ်
(၅) သဘာဝနည်းအတိုင်း ဖော်စပ်ထားတာမဟုတ်ဘဲ ဓာတုနည်းတွေနဲ့ ဖန်တီးထားတာမို့ အစာနဲ့ ဝေးကိုဝေးရမယ်။ မဟုတ်ရင် အန္တရာယ်များတယ်။

08/11/2024

ဘာကြောင့် ခေါင်းအုံးစွပ်ကို တစ်ပတ်တစ်ခါလဲသင့်လဲ❓

နေ့စဉ် ခေါင်းအုံးအိပ်နေတဲ့ ဒီခေါင်းအုံးစွပ်ပေါ်မှာ ဘက်တီးရီးယားတွေ၊ ပိုးမွှားတွေနဲ့အတူ ကျန်ရစ်ခဲ့တဲ့အညစ်အကြေးတိုင်းဟာ သင့်ရဲ့မျက်နှာအရေပြား၊ မျက်လုံး၊ အသက်ရှူလမ်းကြောင်းနဲ့ ဆံပင် တွေကို အန္တရာယ်ပြုဖို့ အဆင်သင့်ဖြစ်နေတတ်ပါတယ်။

✅ဒါကြောင့် ခေါင်းအုံးစွပ်ကိုလဲဖို့ အပတ်တိုင်းမမေ့ပါနဲ့နော်။

Address

တနင်္သာရီမြို့  နယ် ညောင်ပငကွင်းကျေးရွာ
Tanintharyi

Website

Alerts

Be the first to know and let us send you an email when ညောင်ပင်ကွင်းရွာ GP Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share