20/12/2023
ဆေးနာမည်တွေနောက်က MR/SR/ER စသဖြင့်ပါနေတာတွေက ဘာကိုဆိုလိုသလဲ?
ဘယ်လိုအရေးကြီးသလဲ?
Modified-release (MR)
Sustained-release (SR)
Extended-release (ER or XR)
Delayed-release (DR)
Controlled-release (CR)
လို့ခေါ်တဲ့ဆေးအမျိုးအစားတွေကို အထူးပြုလုပ်ထားတဲ့ဆေးဝါးတွေလို့ခေါ်ပါတယ်။
ဆေးသောက်သုံးသူက ဆေးအာနိသင်ကို အချိန်ကြာကြာအာနိသင်ရရှိနေစေဖို့အတွက် ဒီဆေးတွေကို သင့်တော်သလိုအသုံးပြုလေ့ရှိပါတယ်။ MR, SR, ER, DR, CR စသဖြင့်ခေါ်ဝေါ်လေ့ရှိပြီး ဆေးအားလုံးရဲ့သဘောတရားကတူတူပါပဲ။
ဒီလိုဆေးအမျိုးအစားတွေကိုအသုံးပြုတဲ့အတွက်ရရှိနိုင်တဲ့ကောင်းကျိုးကတော့ တစ်ကြိမ်သောက်ထားရုံနဲ့ ဆေးအာနိသင်ကိုအချိန်ကြာရှည်စွာရရှိနိုင်တာကြောင့် လူနာအနေနဲ့ ဆေးခဏခဏသောက်စရာမလိုခြင်းနဲ့ တည်ငြိမ်တဲ့ဆေးအာနိသင်ကိုလူနာအနေနဲ့ရရှိနိုင်ခြင်းတို့ဖြစ်ပြီး အသက်ကြီးပြီးမေ့လျော့တတ်တဲ့လူနာတစ်ယောက်အတွက်ဆို တစ်နေ့အတွင်း ဆေးအကြိမ်ပေါင်းများစွာသောက်စရာမလိုပဲ ဆေးအာနိသင်ရရှိနိုင်ခြင်းဟာအရမ်းကိုအရေးတကြီးလိုအပ်ပါတယ်။
ဒီဆေးဝါးအမျိုးအစားတွေဟာ ဆေးအာနိသင်ကိုသွေးကြောထဲသို့ ဖြေးဖြေးနဲ့မှန်မှန်ထုတ်လုပ်ပေးနိုင်တဲ့ဂုဏ်သတ္တိရှိပါတယ်။
ဥပမာအားဖြင့်
အကိုက်ခဲပျောက်ဆေးတစ်ခုမှာ Immediate Release နဲ့ Extended Release ဆိုပြီး ၂ မျိုးရှိတဲ့အထဲက
Immediate Release (IR) အမျိုးအစားကိုသောက်ရင် ဆေးအာနိသင်ကိုချက်ချင်းဆိုသလိုရရှိမှာဖြစ်ပေမယ့် အများအားဖြင့် ဆေးအာနိသင်ရေရှည်မခံပဲ နာရီအနည်းငယ်အကြာမှာပျောက်ဆုံးသွားမှာဖြစ်ပါတယ်။
ဒါကြောင့်နောက်ထပ် ၆ နာရီလောက်မှာ နောက်ဆေးတစ်လုံးကိုထပ်မံသောက်သုံးပေးဖို့လိုအပ်ပါတယ်။
ဒီနေရာမှာ Extended Release (ER) ဆေးအမျိုးအစားကိုသောက်ရင်တော့ ၂၄ နာရီမှာ ဆေးတစ်လုံးသာသောက်ဖို့လိုအပ်ပြီး ဆေးအာနိသင်က ဖြေးဖြေးချင်းထုတ်လုပ်ပေးနေမှာဖြစ်ပါတယ်။
အချို့ဆေးဝါးတွေမှာတော့ ၁၂ နာရီခြားပြီးတစ်ကြိမ်လောက်သာသောက်ပေးဖို့လိုအပ်ပါတယ်။
ဆီးချိုကျဆေးလိုဆေးအမျိုးအစားတွေမှာ IR နဲ့ ER ကိုသတိထားပြီးသောက်သုံးဖို့အထူးလိုအပ်ပါတယ်။
ဥပမာအားဖြင့် Mefformin (Immediate Release/IR) ကို တစ်နေ့ ၂ ကြိမ်သောက်ရတဲ့နေရာမှာ Metformin Extended Release/ER) ကို တစ်နေ့ ၁ ကြိမ်သာသောက်ရနိုင်တာဖြစ်ပါတယ်။
Modified-release ဆေးအမျိုးအစားတွေဟာလည်း ထုံးစံအတိုင်းပဲ ကောင်းကွက်တွေရှိသလို မကောင်းတဲ့ဘက်ကကြည့်ရင်လည်း
ခန္ဓာကိုယ်ထဲဆေးအာနိသင်ကြာကြာပေးနေတာဖြစ်လို့ အခြားဆေးဝါးတွေနဲ့ဓါတ်ပြုနိုင်မှုကလည်းအချိန်ကြာကြာဖြစ်နိုင်ပါတယ်။ ဆေးသောက်တဲ့အချိန်မြိုချရတာလည်းခက်ပါတယ်။ overdose နဲ့ underdose ဖြစ်နိုင်ချေလည်းများပါတယ်။
ဒီဆေးဝါးအမျိုးအစားကိုသုံးစွဲတဲ့အခါသတိထားရမှာက ဆေးလုံးကိုချိုးဖဲ့ပြီးသောက်ခြင်းကိုရှောင်ကျဥ်ရမှာဖြစ်ပါတယ်။
ထိုသို့ပြုလုပ်ခြင်းဟာ controlled-release mechanism လို့ခေါ်တဲ့အထူးပြုလုပ်ထားတဲ့စီမံထားမှုကိုပျက်ဆီးစေနိုင်တာကြောင့်ဖြစ်ပါတယ်။
အစာအိမ်ဆေးများ၊ ဆီးချိုထိန်းချုပ်ဆေးများ၊ သွေးပေါင်ကျဆေးများ၊ အကိုက်ခဲပျောက်ဆေးများစတာတွေမှာ Modified-release ဆေးဝါးတွေကိုလိုအပ်သလိုသုံးစွဲရပါတယ်။
Ref to Original uploader✍️