ရင်သွေး ကလေးအထူးကုဆေးခန်း

  • Home
  • Myanmar
  • Tatkon
  • ရင်သွေး ကလေးအထူးကုဆေးခန်း

ရင်သွေး ကလေးအထူးကုဆေးခန်း "Yin Thwe" is a pediatric out patient clinic aiming for local population to get pediatric care for their children.

ရင်သွေး ကလေးဆေးခန်းနေရာလေး ပြောင်းရွေ့ဖွင့်လှစ် ထားပါတယ် ခင်ဗျ …
29/07/2024

ရင်သွေး ကလေးဆေးခန်း
နေရာလေး ပြောင်းရွေ့ဖွင့်လှစ် ထားပါတယ် ခင်ဗျ …

17/04/2024

18.4.2024 နေ့မှစ၍ ဆေးခန်း ဖွင့်ပါပြီ ခင်ဗျာ

11/01/2024

ကလေးဖျားလျှင် မိဘများမှ ဆောင်ရန် ရှောင်ရန်

၁၊ ကလေးရဲ့ပတ်ဝန်းကျင် အေးအောင် အဝတ်ပါးပါး ချောင်ချောင်ချိချိ ဝတ်ပေးပါ။ အခန်းကို လေဝင်လေထွက်ကောင်းပါစေ။ aircon မနိမ့်မမြင့် ဖွင့်ထားနိုင်ပါတယ်။

၂၊ ပုံမှန် အစားအသောက် ဆက်ကျွေးပါ။ ထမင်း/အဖတ်မကျွေးတဲ့ အယူအဆသည် မှားပါတယ်။ တိုက်ဖွိုင့် ရောဂါဆိုတာကလဲ တစ်ပတ် လောက်ဆက်ဖျားမှသံသယ ရှိရတာမို့ အဲဒါကြောက်လို့ အဖတ်မကျွေးတာ အဓိပ္ပါယ်မရှိပါ။ ကလေးများဖျားလျှင်တော့ အစားလျော့တတ်ပါတယ်။ ဒါကိုလည်း စိတ်မပူသင့်ပါ။ အတင်းအကျပ် မကျွေးပါနဲ့။ သူစားချင်တာပဲ စားပါစေ။ ကလေးအန်လျှင် နည်းနည်းချင်း ခဏခဏကျွေးပါ။

၃၊ အရည်များများတိုက်ပါ။ ဓါတ်ဆားပဲတိုက်ရမယ် မဟုတ်ပါ။ လတ်ဆတ်တဲ့ အသီးအနှံ များများကျွေးပါ။

၄၊ ကလေးကစားနိုင်လို့ကစားလျှင် ပေးကစားပါ။

၅၊ ကျောင်းတက်အရွယ် ကလေးတွေအတွက် အိမ်မှာပေးနားသင့်ပါတယ်။ နလန်ထ မြန်ရုံမက တခြားကလေးတွေကို ကူးစက်ခြင်းမှ လည်း ကာကွယ်ပေးပါတယ်။

အောက်ပါအခြေအနေမျိုးမှာ ဆရာဝန်နဲ့ပြသပါ။

၁၊ အသက် ၃ လအောက် ကလေးဖျားလျှင်
၂၊ အသက် ၃ လနဲ့ ၁ နှစ်ကြား ကလေး
တစ်ရက်ထက်ပို အဖျားကြီးလျှင်
၃၊ အသက် ၁ နှစ်အထက်ကလေး ၃ ရက်ဆက် တိုက်ဖျားလျှင်
၄၊ ဘယ်အရွယ်မဆို၊ ဘယ်နှစ်ရက်ဖျားဖျား အရည်မဝင်၊ နို့မစို့၊ အရမ်းအန်၊ အသက်ရှူမြန်၊ ဆီးသွားလျှင်နာ၊ ခြေဆစ်လက်ဆစ်ရောင်၊ နားပြည်ယို၊ အဖျားကျနေတာတောင် အရမ်းမှိန်း အရမ်းနုံး စတဲ့ အခြားလက္ခဏာတွေ တွဲဖြစ်လာလျှင်

အထက်ပါအခြေအနေများအတွက် တတ်ကျွမ်းတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ကုသပါ။

ကလေးအများစု၏ အဖျားသည် ဗိုင်းရပ်စ်ပိုးများကြောင့်ဖြစ်လို့ ၃-၄ ရက်အတွင်း ဆေးဝါးထူးထူးထွေထွေမလိုပဲ ပုံမှန်ပြန်ဖြစ်ပါတယ်။
သဘာဝ နလန်ထနိုင်ခြင်းသည် အကောင်းဆုံးပါ။

Credit

ကလေးငယ်လေးများ နှင့် လျှာထုတ်ခြင်း 🤱🏼”ဆရာ … ကျွန်မသားသားလေးကလေ လျှာလေးတစ်လစ် တစ်လစ်နဲ့ တချက်ချက် ဝါးဝါးနေတာ ” သူ့အဖွားကလ...
25/12/2023

ကလေးငယ်လေးများ နှင့် လျှာထုတ်ခြင်း

🤱🏼”ဆရာ … ကျွန်မသားသားလေးကလေ လျှာလေးတစ်လစ် တစ်လစ်နဲ့ တချက်ချက် ဝါးဝါးနေတာ ”
သူ့အဖွားကလဲ ”ဟဲ့… သမီး မြေးလေးက အာ့ သူငယ်နာဖြစ်နေတာအေ့“ ဆိုလို့ စိတ်ပူပီး လာပြတာပါ 😦

👨‍⚕️ဒီမေးခွန်းလေးက လသား အရွယ် သားသား မီးမီးတို့ ဖေဖေ မေမေတွေ မေးလေ့ရှိတဲ့ မေးခွန်းလေးတွေထဲက တစ်ခုပါပဲ ။

🙅🏻‍♂️တကယ်က ကလေးတွေ လျှာတစ်လစ် တစ်လစ် ထုတ်တာ တချက်ချက် လျှာဝါးသလို ဖြစ်တာက များသောအားဖြင့် စိတ်ပူစရာ မလိုပါဘူး။

🤷🏻‍♂️ဒါဆို လျှာဘာလို့ ခနခန ထုတ်ရတာပါလဲ ????

💁🏻‍♂️အကြောင်းရင်းလေးတွေကတော့ ………

🌟ပုံမှန် အမူအကျင့်ကြောင့်ပါ။
- ကလေးငယ်လေးများမှာ ပုံမှန် နို့စို့နိုင်ဖို့ tongue-thrust reflex လေး ကောင်းဖို့လိုပါတယ်။ အာ့အထဲမှာ လျှာထုတ်တာလေးက တစိတ်တပိုင်း အနေနဲ့ ပါဝင်ပြီး ပုံမှန်အားဖြင့် ကလေး အသက် ၄လ မှ ၆လအထိ ဖြစ်ပြီး ပျောက်သွားတတ်ပါတယ်။ တချို့ ကလေးငယ်များတော့ အမူအကျင့်အနေနဲ့ မပျောက်ပဲ ဆက်ရှိနေတတ်ပါတယ် ။

🌟ဗိုက်ဆာခြင်း/ဗိုက်ပြည့်ခြင်း
- ကျွန်တော်တို့ဟာ ကလေးနို့ဆာရင် ငိုတယ်လို့ သိထားတတ်ကြပါတယ်။ တကယ်တော့ ငိုတာအပြင် ဗိုက်ဆာရင် ကလေးငယ်ဟာ လက်တွေစုပ်လာတယ်၊ ပါးစပ်ထဲ လက်ထိုးထည့်တယ် ၊ နို့ဗူး မိခင်နို့ရှိရာကို အတင်းကပ် အတင်းလာတယ်၊ နောက်တစ်ခုကတော့ လျှာနဲ့ ပါးစပ်ကိုလျှက်တာ၊ လျှာထုတ်တာ ဖြစ်တတ်ပါတယ်။
- နောက်တခုကတော့ ဗိုက်ပြည့်သွားရင်လဲ လျှာလေးထုတ်တာ ဖြစ်တတ်ပါတယ်။

🌟နှာခေါင်း/နှာပိတ်ခြင်း
-နှာခေါင်းပိတ်နေတတ်တဲ့ ကလေးငယ်တွေဟာ ပါးစပ်ကနေ အသက်ရှူတတ်ကြပါတယ်။ နှာခေါင်းပိတ်နေတော့ ပါးစပ်ဟရှူပီး လျှာထုတ်တတ်ကြပါတယ်။ လျှာထုတ်တာက လွဲပီး အခြားအသက်ရှူရခက်သော လက္ခဏာများ ရှိ/မရှိ သေချာ ဆရာဝန်နဲ့ စမ်းသပ် ပြသရန် လိုအပ်ပါတယ်။

🌟လေထိုးခြင်း/လေအောင့်ခြင်း
- ကလေးငယ်လေးများ လေထိုးပီး မအီမသာ ခံစားနေရချိန် လျှာလေးတစ်လစ်တစ်လစ်ထုတ်နေတာ ဖြစ်တတ်ပါတယ်။

🌟သွားပေါက်ခြင်း
သွားပေါက်ချိန် သွားဖုံးလေးကို လျှက်လိုက် လျှာလေး တစ်လစ် ထုတ်လိုက် ဖြစ်တတ်ပါတယ်။

🌟လျှာကြီးခြင်း၊ ပါးစပ်ပေါက်သေးနေခြင်း
- တချို့သော အခြေအနေများ လျှာကြီးနေခြင်း၊ ပါးစပ်သေးနေခြင်း (ဥပမာ Down’s Syndrome)၊ Hypothyroid လို့ခေါ်တဲ့ လည်ပင်းရှိ thyroid gland မှထုတ်သော ဟော်မုန်းဓါတ်နည်းခြင်း စတဲ့ ရောဂါတွေမှာလဲ ဖြစ်တတ်ပါတယ်။ အာ့လို အခြေအနေများမှာတော့ လျှာတစ်လစ်ထုတ်တာအပြင် အခြားသော ထူးခြားသော သွင်ပြင် လက္ခဏာများနှင့် တွဲတတ်ပါတယ်။

🌟ဖြည့်စွက်စာစားဖို့ အသင့်မဖြစ်သေးခြင်း
-တချို့ ကလေးများမှာ ၆လပြည့်၍ ဖြည့်စွက်စာ ကျွေးချိန် အသင့်မဖြစ်သေးချိန် လျှာလေးတစ်လစ် တစ်လစ်ထုတ်တာ ဖြစ်တတ်ပါတယ်။ စိတ်မပူပဲ ခနနား တစ်ပတ်လောက်အကြာတွင် ပြန်လည်ကျွေးခြင်း ပြုလုပ်နိုင်ပါတယ်။

🙆🏼‍♂️ဒါကြောင့်မို့ အချုပ်အားဖြင့် ကလေးငယ်လေးတွေ (အထူးသဖြင့် လသားအရွယ်)မှာ လျှာတစ်လစ်ထုတ်ခြင်းဟာ ပုံမှန် အမူအကျင့်ဖြစ်ပီး အသက်ခြောက်လဝန်းကျင် တွင်ပျောက်သွားတတ်ပါတယ်။ သူငယ်နာလဲ မဟုတ်သလို စိတ်ပူစရာ မလိုပါဘူး။ တချို့ကလေးငယ်များမှာတော့ အကျင့်အနေနဲ့ အချိန်တစ်ခုအထိ ရှိနေတတ်ပါတယ်။

#ပွင့်သောပန်းတိုင်းလန်းပါစေ။

#ရင်သွေးလေးတို့ရဲ့Dr.မျိုး👨‍⚕️
#”ရင်သွေး”ကလေးအထူးကုဆေးခန်း

ရင်သွေး ကလေးအထူးကု ဆေးခန်း____________________________ဆေးခန်းချိန် ပြောင်းလဲခြင်း တနင်္လာ မှ သောကြာနေ့ အထိ —————————————...
11/10/2023

ရင်သွေး ကလေးအထူးကု ဆေးခန်း
____________________________

ဆေးခန်းချိန် ပြောင်းလဲခြင်း

တနင်္လာ မှ သောကြာနေ့ အထိ
——————————————
မနက် (၆) မှ (၈) နာရီ အထိ (၃ရက် ဖွင့် တရက် ပိတ်ပါမည်)
ညနေ ၄:၃၀ မှ ည ၇:၃၀ အထိ

စနေ၊တနင်္ဂနွေ
———————
မနက် (၉) နာရီ မှ နေ့လည် (၁၂) နာရီ အထိ
ညနေ (၃) နာရီ မှ ညနေ (၅) နာရီ အထိ

စုံစမ်း မေးမြန်းရန်
09 798 555 035

ဆေးခန်းချိန်များကို ဆေးခန်းpageတွင် နေ့စဉ် update တင်ပေးပါမည်

ကျေးဇူးတင်ပါတယ် 🙏

ကလေးနှင့်ရေကျောက်ရောဂါအန္တရာယ် #ရေကျောက်ရောဂါဘယ်လိုစဖြစ်?Varicella-Zoster  လို့ခေါ်တဲ့ Virus ပိုးကြောင့် ဖြစ်ရခြင်း ဖြစ်...
21/03/2023

ကလေးနှင့်ရေကျောက်ရောဂါအန္တရာယ်

#ရေကျောက်ရောဂါဘယ်လိုစဖြစ်?
Varicella-Zoster လို့ခေါ်တဲ့ Virus ပိုးကြောင့် ဖြစ်ရခြင်း ဖြစ်ပါတယ်. ကူးစက်မြန် ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်

#ရေကျောက်ဘယ်လိုကူး?
ရေကျောက် ရောဂါ ဖြစ်နေသူရဲ့ နှာရည်, အရည်ကြည်ဖုများအား တိုက်ရိုက်ထိတွေ့ကိုင်တွယ်ခြင်း, အသုံးအဆောင်ပစ္စည်း များအား share သုံးမိခြင်းမှတဆင့် ကူးစက်ပြန့်ပွားသလို, ချောင်းဆိုးနှာချေခြင်းမှတဆင့်လည်း ကူးစက်ပြန့်ပွားပါတယ်

#ရေကျောက်ကူးစက်တဲ့အခါ_ဘယ်လို_လက္ခဏာများဖြစ်?
အခြားဖြစ်ရိုးဖြစ်စဉ် လက္ခဏာများကဲ့သို့ ဖျားမယ်, နုံးမယ်, အစားအသောက်ပျက်မယ်, ကိုယ်လက်ကိုက်ခဲနာကျင်ခြင်းတွေနဲ့ အစပြုတတ်ပြီး
ထူးခြား လက္ခဏာများအနေနဲ့👉👉 ၂ရက်-၃ရက်ခန့်အကြာတွင် ရင်ဘတ်, ကျော နှင့် မျက်နှာတို့တွင် အရည်ကြည်ဖုလေးတွေ အစုလိုက် စထွက် လာပြီး ၁ပတ်အတွင်း တစ်ကိုယ်လုံး ပျံ့နှံ့ သွားတတ်ပါတယ်. ထို့အပြင် ပါးစပ်, အာ‎ခေါင်, ခံတွင်း နှင့် မျက်လုံး အပါအဝင် မိန်းမကိုယ်ထိပါ ကူးစက်ပြန့်ပွားနိုင်ပါတယ်။ အရွယ်အစားမျိုးစုံ အရည်ကြည်ဖုလေးတွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းတွေ့ရတတ်ပြီး ထူးခြားချက်အနေနဲ့ အလွန်အမင်းယားယံပါတယ်. ထို့ကြောင့် အရည်ကြည်ဖုပေါက်သွားရာမှတဆင့် အခြားသူဆီ ကူးစက်မြန်သလို တစ်ကိုယ်ရည် သန့်ရှင်းမှု ဂရုမစိုက်မိရင် Secondary Bacterial Infection (နောက်ဆက်တွဲအရေပြားပိုးဝင်ခြင်း)ပါ ထပ်ဖြစ်နိုင်ပါတယ်. ထို့ကြောင့် ရေကျောက်ရောဂါ ဖြစ်ပြီဆိုလျှင် အနာဖေးတွေ ကွာကျသည်ထိအိမ်မှာ သီးခြားကုသမှုခံယူစေရမှာ ဖြစ်ပါတယ်။

#ရေကျောက်ရောဂါရဲ့နောက်ဆက်တွဲဆိုးကျိုးများနှင့်ပြသနာများ
အထက်မှာဖော်ပြခဲ့သလို
(၁) Secondary Bacterial Infection (နောက်ဆက်တွဲ အရေပြားပိုးဝင်ခြင်း)
(၂)အဆုတ်ရောင်ခြင်း
(၃)ဦးနှောက်ရောင်ခြင်း
(၄)သွေးဆိပ်တက်ခြင်းနှင့်
(၅)ကိုယ်တွင်း အဂါ ရောင်ရမ်းခြင်းများ(နှလုံးကြွက်သားရောင်ခြင်း,အသည်းရောင်ခြင်း,ကျောက်ကပ်ရောင်ခြင်း,အူအတက်ရောင်ခြင်း) စတဲ့ ပြသနာများ ဖြစ်ပေါ်စေနိုင်ပါတယ်

ကလေးငယ်များ, သက်ကြီးရွယ်အိုများ, ကိုယ်ဝန်ဆောင်မိခင်များနှင့် ခုခံအားကျသူတွေမှာ အထက်ဖော်ပြပါ ပြင်းထန်နောက်ဆက်တွဲ ဆိုကျိုးတွေ ပိုအဖြစ်များပါတယ်.

#ကုသမှုအနေနဲ့

🍀မွေးကင်းစကလေးငယ်‎ေတွေရေကျာက်ရောဂါဖြစ်တဲ့အခါ

ကိုယ်ဝန်ဆောင်မိခင်တွေမှာ_မီးဖွားခါနီး၅ရက်အလိုနှင့်မီးဖွားပြီးခါစ၂ရက်အတွင်းမှာ_ရေကျောက်ရောဂါဖြစ်လျှင် 👉👉မွေးကင်းစကလေးငယ်သည်လည်း ဆေးရုံမှာ သေချာကုသမှုခံယူရမှာဖြစ်ပါတယ်. VZIG or IVIG ထိုးဆေးမျိုး လိုနိုင်သလို , ထိုကလေးမှာ ရေကျောက်ရောဂါ လက္ခဏာတွေဖြစ်ပေါ်လာခဲ့ရင် Anti-viral drugs ဖြစ်တဲ့ Acyclovir ထိုးဆေး ထိ လိုနိုင်ပါတယ်

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်သည် ကိုယ်ဝန်ပတ်အစောပိုင်းမှာ ရေကျောက်ကူးစက်ခံရခဲ့သည်ရှိသော် သန္ဓေသား၂၅%မှာ ရေကျောက်ရောဂါကူးစက်ခံရနိုင်ပါတယ်. ၎င်းကို Congenital varicella syndrome မွေးရာပါရေကျောက်ရောဂါ လို့ ေခါ်ပြီး သေနှုန်းလည်းများပါတယ်. ၎င်းသည် မိခင်ရဲ့ ရောဂါပြင်းထန်နှုန်း, ကုသမှု ခံယူခဲ့ခြင်း/မခံယူခဲ့ခြင်းပေါ် မူတည်ပါတယ်။

#ကလေးငယ်တွေ_ရေကျောက်ဖြစ်တဲ့အခါ_ဘာတွေလုပ်ဆောင်ရမလဲ?
(၁) တတ်ကျွမ်းသောဆရာဝန်နှင့်သေချာကုသမှုခံယူပါ
(၂)တစ်ကိုယ်ရည်သန့်ရှင်းရေး အထူးအလေးထားဆောင်ရွက်ပေးပါ
(၃)လူစုလူဝေးနေရာများ ရှောင်ကြဉ်ပါ
(၄)ရေကျောက်ရောဂါဖြစ်သူကို အနာခြောက်သည်အထိ/အနာဖေးကွာကျသည်ထိ အိမ်တွင်သီးခြားထား၍ ကုသမှုခံယူစေပါ.အနာဖေးကွာပြီးရင် အမာရွတ်တွေ ကျန်တတ်ပါသေးတယ်
(၅)ရေများများသောက်ပါ. အာဟာရှိသော အစာများစားပေးပါ (ကိုယ်ခံအားကောင်းစေရန်အတွက်ပါ)

ရောဂါ ပြင်းထန်မှုပေါ်မူတည်ပြီး Anti-Viral drugs 👉Acyclovir သောက်ဆေး/ထိုးဆေးကို လိုအပ်လျှင်လိုအပ်သလို ဆရာဝန်ညွန်ကြားသည့်အတိုင်း စမ်းသပ်စစ်ဆေး ကုသမှုခံယူရမှာဖြစ်ပါတယ်.

#ရေကျောက်ရောဂါ_တစ်ခါဖြစ်ပြီးလျှင်_ပြန်ဖြစ်နိုင်ပါသလား?
ရေကျောက်ရောဂါ တစ်ခါဖြစ်ပြီးလျှင်နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါသေးတယ်
အဘယ့်ကြောင့်ဆိုသော် ငုံ့လျှိုးရေကျောက် လို့ခေါ်တဲ့ latent VZV ဟာ Reactivation ပြန်လည်ထွက်ပေါ်လာနိုင်တဲ့အတွက်ကြောင့်ပါ. ရေကျောက် ဖြစ်ဖူးသူ ၃၀% မှ ၇၅% သည် ဒီလို Reactivation of latent VZV ဖြစ်နိုင်ပါတယ်. အဲ့လို ဖြစ်လာရင် ၎င်းကို Herpes zoster လို့ ခေါ်ပါတယ်။

#ရေကျောက်ရောဂါ_ကာကွယ်လို့ရလား?
ရေကျောက်ရောဂါကာကွယ်ဆေး ထိုးခြင်းအားဖြင့် ရောဂါ ကြောင့် ဖြစ်တဲ့ ပြင်းထန်ဘေးထွက်ဆိုးကျိုး ဖြစ်ပွားမှုနှုန်းလေျှာ့ကျစေနိုင်သလို, ရေကျောက်ရောဂါကြောင့် ဆေးရုံတက်နှုန်းလည်း လျှော့ကျစေပါတယ်။

အနှစ်ချုပ်အားဖြင့်ဆိုရသော်....ရေကျောက်ရောဂါသည် virus ပိုးတစ်မျိုးဖြစ်သောကြောင့် ကိုယ်ခံအားကျနေချိန် ဖြစ်လျှင် ဘေးထွက်ဆိုးကျိုးပိုများနိုင်တဲ့အတွက်ကြောင့် သေချာဂရုစိုက်ကုသဖို့ လိုအပ်ပါတယ်. ကိုယ်ခံအားကောင်းစေရန် အထက်မှာပြောသလို ပြုမူနေထိုင်ပြီး , ကူးစက်မြန်ရောဂါဖြစ်သည့်အလျောက် ကူးစက်မှုနည်းအောင် သီးခြားကုသမှုခံယူစေလိုကြောင်း ကျန်းမာရေးအသိပေး ရေးသားလိုက်ပါတယ်.

ကလေးအားလုံးကျန်းမာပျော်ရွှင်ကြပါစေ💙

၂၁.၃.၂၀၂၃

02/02/2023

ဆေးခန်းချိန် ယာယီပြောင်းလဲခြင်း

ဆေးခန်းချိန်ကို
တနင်္လာ မှ သောကြာအထိ ညနေ ၃နာရီ မှ ၅ နာရီအထိ
စနေ နှင့် တနင်္ဂနွေတွင် ပုံမှန်အတိုင်း မနက် ၉နာရီမှ နေ့ခင်း ၁၂အထိ နှင့် ညနေ ၃နာရီ မှ ၅နာရီ အထိ ယာယီ ပြောင်းလဲထားကြောင်း အသိပေးအပ်ပါသည်။

24/08/2022

Baby Food Recipe & Cooking

Address

Tatkon

Opening Hours

Monday 09:00 - 12:00
15:00 - 17:00
Tuesday 09:00 - 12:00
15:00 - 17:00
Wednesday 09:00 - 12:00
15:00 - 17:00
Thursday 09:00 - 12:00
15:00 - 17:00
Friday 09:00 - 12:00
15:00 - 17:00
Saturday 09:00 - 12:00
15:00 - 17:00
Sunday 09:00 - 00:00

Telephone

+959978555035

Website

Alerts

Be the first to know and let us send you an email when ရင်သွေး ကလေးအထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram