Ko Soe Lwin

Ko Soe Lwin ဓမ္မစာ​ပေ/ကျမ္မာ​ရေးလမ်းညွှန်​ နဲ့ ဗဟ?

10/12/2016
ဧ​တေန သစ္စ ဝ​ဇ္ဇေန ဤမှန်​​သော သစ္စာတရား​ကြောင့်​တဲ့လူသားအားလုံး သစ္စာရှိကြပါ​စေသတည်း။  ​ပေးပို့သူ   ချစ်​ညီမအား  ​ပေးပါ၏။
08/12/2016

ဧ​တေန သစ္စ ဝ​ဇ္ဇေန
ဤမှန်​​သော သစ္စာတရား​ကြောင့်​တဲ့
လူသားအားလုံး သစ္စာရှိကြပါ​စေသတည်း။

ပေးပို့သူ ချစ်​ညီမအား
ပေးပါ၏။

08/12/2016

လောကကြီး၌ မိမိကိုယ်​ကို မိမိသာအားကိုးရာဖြစ်​၏။

မြန်​မာ​ဆေးဖက်​ဝင်​ ​ကြောင်​လျှာပင်​=========================မြန်​မာ​ဆေးကျမ်းများအလိုအရ ဖန်​ခါး​သောအရသာရှိ၏  ပူ၏၊ စပ်​၏...
08/12/2016

မြန်​မာ​ဆေးဖက်​ဝင်​ ​ကြောင်​လျှာပင်
=========================

မြန်​မာ​ဆေးကျမ်းများအလိုအရ ဖန်​ခါး​သောအရသာရှိ၏ ပူ၏၊ စပ်​၏၊ ​ကြေလွယ်​၏၊ နှုတ်​ကိုမြိန်​​စေ၏၊ နှလုံး၊ လည်​ပင်းကို အကျိုးပြု၏ ဝမ်းမီးကို​တောက်​​စေ၏ ​လေသလိပ်​ကိုနိုင်​၏ မြင်းသလိပ်​၊ ဝမ်းသက်​၊ အဖျား၊ အစာမ​ကြေ၊ နူနာ၊ ​ပျော့အန်​၊​ချောင်းဆိုး​ရောဂါတို့ကို ​ပျောက်​ကင်း​စေနိင်​၍ ခွန်​အားကိုတိုးပွား​စေသည်​။

*အ​ခေါက်​ကို အသုံးပြုပုံ
---------------------------------
၁။ ​ကြောင်​လျှာ​ခေါက်​အမှုန့်​ကို ချင်းရည်​၊ပျားရည်​တို့နှင့်​ ​ရောစပ်​လျှက်​​သောက်​​သော်​ ပန်းနာ ​ချောင်းဆိုး​ရောဂါ​ပျောက်​သည်​။
၂။ အ​ခေါက်​မှုန့်​ကို ​ရေ​နွေးနဲ့ ၂နာရီခန့်​စိမ်​၍ စစ်​ပြီး နံက်​.ည ​သောက်​​သော်​ အစာမ​ကြေ​ရောဂါ​ပျောက်​၏။

၃။ ​ကြောင်​လျှာ​ခေါက်​ကို​ရေစိမ်​၍ ၎င်း​ရေနဲ့ပလုပ်​ကျင်း​ပေး​သော်​ ခံတွင်း​ခြောက်​၊ ခံတွင်းကွဲနာ​ပျောက်​၏။

၎။ သားဖွားပြီး နာကျင်​ကိုက်​ခဲ​သော​ရောဂါ ၊​ခေါင်းတစ်​ခြမ်းကိုက်​​ရောဂါများအတွက်​လည်း
ကြောင်​လျှာ​ခေါက်​ကိုသုံး၏။

၅။ အမြစ်​​ခေါက်​ကို အဆစ်​အမြစ်​​ရောဂါ၊ဝမ်း​ဖော၊ ဝမ်း​ရောင်​၊ ဝမ်းကိုက်​​ရောဂါများအတွက်​ အသုံးပြု၏။

အရွက်​ကို အသုံးပြုပုံ
------------------------------
၁၊ ​ကြောင်​လျှာရွက်​ညှစ်​​ရေကို​သောက်​​သော်​ ဘိန်းဆိပ်​သင့်​ခြင်း​ပျောက်​၏။

၂။ ​ကြောင်​လျှာရွက်​ကို ပြုတ်​တို့ပါက ဝမ်းမီးကို ​တောက်​​စေ၏။

အသီးကို အသုံးပြုပုံ
----------------------------
၁။ အသီးကိုပြုပ်​၍၎င်း၊ ဖုတ်​၍၎င်း၊စားခြင့်​ဖြင့်​ အစာမ​ကြေ​ရောဂါ၊ လည်​ပင်းကြီး​ရောဂါ၊ သလိပ်​​ရောဂါ​ပျောက်​၏။ သုပ်​စားခြင်းဖြင့်​ လည​ချောင်းတွင်​ အပူဖု​ပေါက်​​သော​ရောဂါ ၊သလိပ်​​ရောဂါ ​ပျောက်​၏။

၂။ ကြက်​သားနဲ့ချက်​စားပါက ပန်းနာ​ရောဂါ​ပျောက်​၏။

၃။ ငါးရံ့ဖြင့်​ချက်​စားပါက ကာလဝမ်း​ရောဂါ​ပျောက်​၏။

၎။ ပုဇွန်​ဖြင့်​ချက်​စားပါက နှလုံး​လေရိုက်​​ရောဂါ၊ နှလုံးတုန်​၊ ရင်​တုန်​​ရောဂါ​ပျောက်​၏။

၅။ ငါးသ​လောက်​ဖြင့်​ချက်​စားပါက အ​ဖော​ရောဂါကျ​စေ၍ လူကိုဝဖြိုး​စေပြီး နှလုံးအားနည်းခြင်းကို ​ပျောက်​​စေသည်​။

၆။ ငါး​မွေထိုးနဲ့ချက်​စားပါက ဒူလာ​သွေးဝမ်းနဲ့မြင်းသလိပ်​​ရောဂါ​ပျောက်​​စေ၏။

အမြစ်​ကို အသုံးပြုပုံ
----------------------------
၁။ အမြစ်​ကို​သွေး၍ လိမ်း​ပေးခြင်းဖြင့်​ အနာဝင်​၊ မန်းလိုက်​ခြင်းကို ​ပျောက်​​စေသည်​။

" ''လုပ်​၍ ​ဝေငှနိင်​ကြ​စေ''

မူရင်းသို့

တင်​သား​တွေလှပ တင်းရင်းကာ ဆွဲ​ဆောင်​မှုရှိ​အောင်​ နည်းလမ်း ၂မျိုးနဲ့ ကျင့်​နိင်​ပါတယ်​မိန်းခ​လေးအများစုသိချင်​ကြတဲ့ ...
08/12/2016

တင်​သား​တွေလှပ တင်းရင်းကာ ဆွဲ​ဆောင်​မှုရှိ​အောင်​ နည်းလမ်း ၂မျိုးနဲ့ ကျင့်​နိင်​ပါတယ်

မိန်းခ​လေးအများစုသိချင်​ကြတဲ့ တင်​သားလှပ​အောင်​ ​လေ့ကျင့်​ခန်းလုပ်​နည်းများကို အလွယ်​တကူ ​နေရာမ​ရွေးလုပ်​နိင်​ရန်​ အပြည့်​အစုံ​ဖော်​ပြ​ပေးထားပါတယ်​။
တစ်​ပုံချင်းစီ ​ထောက်​ကြည့်​ပါ

ကျမ်းမာ​ရေးနဲ့ဗဟုသုတစာ​ပေများကို
www.facebook.com/myanmar.bookstore တွင်​ ဝင်​​ရောက်​ဖတ်​ရှုပြီး သင့်​Account နဲ့ ချိတ်​ဆက်​ထားရန်​ ဤPage အား ''Like''လုပ်​ထားလိုက်​ပါ။

ဒေါက်​တာ ​အေးမင်းထူး

ဘာလဲလို့ သိချင်​ရင်​ ထိလိုက်​ပါပြီးရင်​ ရှယ်​ ​ပေး​နော်​။
08/12/2016

ဘာလဲလို့ သိချင်​ရင်​ ထိလိုက်​ပါ
ပြီးရင်​ ရှယ်​ ​ပေး​နော်​။

06/12/2016

နှုတ်​မိတ်​၏ လက္ခဏာ​လေးပါး (ဝစီပရမမိတ်​)
================================

အတိတ်​ အနာဂတ်​၊ မိတ်​​စေ့စပ်​၊ နိယတ်​ချီးမြှင့်​​ပေ၊ အ​ကြောင်းရှိ​သော်​ ဒုက္ခ​ဖော်​၊​လေး​ဖော်​ ဝစီပရမ။

၁။ မိတ်​​ဆွေလာလျှင်​ လွန်​ခဲ့​သောအတိတ်​ကို အ​ကြောင်းပြ၍ ​လောကွက်​စကား​ပြောကြားတတ်​​သော မိတ်​​ဆွေတု တစ်​​ယောက်​။
(မ​နေ့ကများ ​ရောက်​လာလျှင်​ ဟင်း​ကောင်းစားရမှာ၊ ဒီ​နေ့​တော့ ဟင်း​ကောင်းမရှိ၍ ထမင်းမ​ကြွေး​တော့ပါဘူး။ မနှစ်​ကများ​ရောက်​လာလျှင်​ ဆီ​တွေ၊ ဆန်​​တွေ ​ပေးနိင်​မှာ၊ ဒီနှစ်​​တော့ ပိုပိုလျှံလျှံမရှိ၍ မ​ပေးနိင်​​တော့ဘူး။ ဝမ်းနည်းပါတယ်​ မိတ်​​ဆွေ''ဟု ​ပြောဆိုခြင်းမျိုး)

၂။ မိတ်​​ဆွေလာလျှင်​ မ​ရောက်​​သေး​သော အနာဂတ်​ကို အ​ကြောင်းပြ၍ ​လောကွက်​စကား​ပြောကြားတတ်​​သော မိတ်​​ဆွေတုတစ်​​ယောက်​။
(မိတ်​​ဆွေက ၂ရက်..၃ရက်​လောက်​ မ​နေနိင်​မှန်းသိလျှက်​ ''​နောက်​ ၂ရက်.၃ရက်ဆိုလျှင်​ ဟင်း​ကောင်း​ကောင်းနဲ့ ထမင်း​ကျွေးနိင်​မှာပါ''​ခေတ္တ​စောင့်​ပါဦး။ ​ရှေ့နှစ်​ခါ မိုး​လေဝသမှန်​လျှင်​ စပါးဆန်​​ရေများများရပါလိမ့်​မယ်​၊ အဲဒီကြမှ ​ပေးပါမည်​''ဟု ​ပြောဆိုခြင်းမျိုး)

၃။ အကျိုးမရှိ​သောစကားဖြင့်​ ​စေ့စပ်​၍ ချီး​မြှောက်​​သော မိတ်​​ဆွေတုတစ်​​ယောက်​။
(မိမိက ယာဉ်​ ရထားစီး၍သွားစဉ်​ မိတ်​​ဆွေမစီးနိင်​မှန်းသိလျှက်​၊ လာပါ ၊စီးပါ၊ တက်​ပါ"ဟု ​လောကွက်​စကား​ပြောခြင်း၊ ကျွနု​ပ်​အဝတ်​အစားများဟာ မိတ်​​ဆွေနဲ့လိုက်​ဖက်​တာပဲ၊ ဒါ​ပေမဲ့ ​ပေးစရာအပိုလည်းမရှိဘူးဗျာ''ဟု ​ပြောဆိုခြင်းမျိုး)

၎။ အမှုကိစ္စ​တွေ့ကြုံ​သောအခါ လက်​​တွေ့အားဖြင့်​ မကူညီ၊ မိမိမှာ စီးပွားဥစ္စာ မည်​မျှပျက်​စီး​ကြောင်း၊ ​ငွေကုန်​များ​နေ​ကြောင်း၊ မိမိဒုက္ခကိုသာ အ​ကြောင်းပြ၍​ပြောတတ်​​သော
မိတ်​​ဆွေတုတစ်​​ယောက်​။
(နှုတ်​ဖြင့်​​ပြောဆိုတတ်​​သော ဤမိတ်​​ဆွေတု ​လေး​ယောက်​ကို ​ရှောင်​ကြဉ်​အပ်​၏ ။

(စာသားများကို ဓမ္မပန်းခင်းသို့ ​ပေး၍ - ဓာတ်​ပုံ​ပေးပို့​သော fbအား ​ပေးပါ၏ ။)

နောက်​ထပ်​ သိမှတ်​ဖွယ်​ရာများကို www.facebook.com/myanmar.bookstore တွင်​ ဖတ်​ရှု၍ Like&Share ​လေးနဲ့ အား​ပေးနိင်​ပါတယ်​ဗျာ။

၃၈ဖြာ မင်္ဂလာကဗျာ (၁၀)•••••••••••••••••••••••••••••••ဆင်းရဲချမ်းသာ သဘာဝ​တွေ့ကြုံ​နေကြ လူတိုင်း​ပေ​ကောင်းကျိုးနှစ်​တန်​...
06/12/2016

၃၈ဖြာ မင်္ဂလာကဗျာ (၁၀)
•••••••••••••••••••••••••••••••

ဆင်းရဲချမ်းသာ သဘာဝ
တွေ့ကြုံ​နေကြ လူတိုင်း​ပေ

ကောင်းကျိုးနှစ်​တန်​ အစုံတွဲလို့
တစ်​လှည့်​စီလှည့်​ အမြဲ​နေ

လောကဓံကြုံ မဖြုံတမ်း​ပေါ့
မတုန်​စမ်းနဲ့ စိတ်​ခိုင်​​စေ

လောဘကိုထိမ်း ရမ္မက်​သိမ်း
အေးငြိမ်းချမ်းသာ​နေ

အဲဒါမှ
ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာ​တွေ။

: ဓမ္မစာ​ပေ

••••••••••သူယုတ်​••••••••••အိပ်​မ​ပျှော်​​သောသူသည်​ညဉ့်​တာရှည်​၏အင်​အားကုန်​ခမ်း ခရီးပန်းသူအတွက်​တစ်​ယူဇနာခရီးအကွာသည်​...
05/12/2016

••••••••••
သူယုတ်
••••••••••

အိပ်​မ​ပျှော်​​သောသူသည်
ညဉ့်​တာရှည်​၏

အင်​အားကုန်​ခမ်း ခရီးပန်းသူအတွက်
တစ်​ယူဇနာခရီးအကွာသည်​ ရှည်​​ဝေး၏

သူ​တော်​​ကောင်းတရားကို မသိ​သောလူမိုက်​တို့အတွက်
သံသရာဝဋ်​ဆင်းရဲသည်​ ရှည်​၏။

လေကနိတိ
----------------

ကျမ်းမာ​ရေးလမ်းညွှန်​နဲ့ ဗဟုသုတစာ​ပေများဖတ်​ရန်​ www.facebook.com/myanmar.bookstore

အဝလွန်​၍ ဝိတ်​ချချင်​သူများအတွက်​"​ဒေါက်​တာ ​အေးမင်းထူးရဲ့ ဝိတ်​ချနည်းကို​ဝေငှ​ပေးလိုက်​ပါတယ်​။=======================...
05/12/2016

အဝလွန်​၍ ဝိတ်​ချချင်​သူများအတွက်
"​ဒေါက်​တာ ​အေးမင်းထူးရဲ့ ဝိတ်​ချနည်းကို
ဝေငှ​ပေးလိုက်​ပါတယ်​။
=================================

အရွက်​ပြုပ်​ကိုအဓိကထားတဲ့ cabbage soup diet ဆိုတာရှိတယ်​ ဝိတ်​ချရာမှာသိပ်​အသုံးဝင်​တယ်​ ဝိတ်​ချစဉ်​ ဒီစွပ်​ပြုပ်​​သောက်​ခြင်းဖြင့်​ ဝိတ်​မြန်​မြန်​ကျ​စေတယ်​ ဗိုက်​အဆီပို​တွေဖယ်​ရှားရာမှာ အသုံးဝင်​တယ်​ လုပ်​ရတာလည်း သိပ်​လွယ်​ကူလို့​ဖော်​ပြ​ပေးလိုက်​ပါတယ်​။

၁။ ​ရေ (300)cc
၂။ ငရုတ်​သီးစိမ်း ၂ ​တောင့်
၃။ ကြက်​သွန်​နီ ၆ လုံး
၎။ ခရမ်းချဉ်​သီး ၁ လုံး
၅။ ​ဂေါ်ဖီထုပ်
၆။ တရုတ်​နံနံ ၁ စည်း
၇။ ကြက်​စိပ်​ပြုပ်
၈။ ဆားနဲ့ ငရုတ်​​ကောင်း

အထက်​​ဖော်​ပြပါ အသီးအရွက်​​တွေကို ခပ်​ပါးပါးလှီးပါ ပြီးရင်​ အိုးတစ်​လုံးထဲထည့်​ပါ
ကြက်​စွပ်​ပြုပ်​​ရေ (100 ml )နဲ့​ရောပြီး မီး​အေး​အေးနဲ့ပြုပ်​ပါ ဆားနည်းနည်းနဲ့ငရုတ်​​ကောင်း နည်းနည်းထည့်​ပါ ၄၅မိနစ်​နေရင်​ အနံ့အရသာနဲ့ပြည့်​စုံတဲ့ စွပ်​ပြုပ်​ရပါပြီ
ဝိတ်​ချဖို့ အစားအ​သောက်​​တွေ ​ရွေးရခက်​​နေသူ​တွေ ဒီစွပ်​ပြုပ်​နဲ့ဝိတ်​ချနိင်​ပါတယ်​။

(ကျမ်းမာ​ရေးလမ်းညွှန်​နဲ့ ဗဟုသုတရ​စေမည့်​ စာ​ပေ​တွေကို ​ဝေငှ​ပေး​နေတဲ့ ဒီ Page ကိုလည်း
Like & Share ​လေးလုပ်​ပြီး အား​ပေးသွားပါအုံ့လားဗျာ)

: ​ဒေါက်​တာ ​အေးမင်းထူး

~~~~~~~~~ဆိတ်​သုဉ်းခြင်း~~~~~~~~~ခ​လေးမရှိ​သောအိမ်​သည်​သာယာစို​ပြေခြင်းမှ ဆိတ်​သုဉ်း၏မင်း, အစိုးရမရှိ​သော တိုင်းပြ...
04/12/2016

~~~~~~~~~
ဆိတ်​သုဉ်းခြင်း
~~~~~~~~~

ခ​လေးမရှိ​သောအိမ်​သည်
သာယာစို​ပြေခြင်းမှ ဆိတ်​သုဉ်း၏

မင်း, အစိုးရမရှိ​သော တိုင်းပြည်​သည်
ဖွံ့ဖြိုးတိုးတက်​ စည်​ပင်​ခြင်းမှ ဆိတ်​သုဉ်း၏

ပညာမရှိသူ၏ ခံတွင်းသည်
စကားအရာ၌ ဆိတ်​သုဉ်း၏

ဆင်းရဲသူ၏ ဘဝသည်​ကား
အလုံးစုံ ဆိတ်​သုဉ်း၏ ။

•••••••••••••••••
လောကနိတိ

သိင်္ဂါ​လောဝါဒ ဆုံးမစာ အဓိပ္ပာယ်​+++++++++++++++++++++++လူ နတ်​ ဗြဟ္မာ တို့၏ ဆရာတစ်​ဆူဖြစ်​​တော်​မူ​သော မြတ်​စွာဘုရားရှင်​သည...
04/12/2016

သိင်္ဂါ​လောဝါဒ ဆုံးမစာ အဓိပ္ပာယ်
+++++++++++++++++++++++

လူ နတ်​ ဗြဟ္မာ တို့၏ ဆရာတစ်​ဆူဖြစ်​​တော်​မူ​သော မြတ်​စွာဘုရားရှင်​သည်​ သုတ်​ပါ​ထေယျကျမ်း သိင်္ဂါ​လောဝါဒသုတ်​တွင်​ ယခု​ဖော်​ပြပါ ကျင့်​ဝတ်​အသီးသီးကို ​ဟောကြား​တော်​မူခဲ့​လေသည်​။ ဤကျင့်​ဝတ်​များသည်​ အချင်းချင်း အမှန်​ပြုကျင့်​ရမည့်​ ဝတ္တရားများပင်​ဖြစ်​​ပေရာ မပြုမကျင့်​ပဲမူ ငရဲ၊ ပြိတ္တာ ၊အသူရကယ်​ဟူ​သော
အပယ်​​လေးဘုံ၌ ဖြစ်​ရတတ်​​လေသည်
ဤဝတ္တရားများကို ဖြည့်​ကျင့်​ပါမူ နတ်​ပြည်​​ခြောက်​ထပ်​၌ အမှန်​ပင်​ဖြစ်​နိင်​​ပေသည်
ယင်း​ကြောင့်​ ဖြည့်​ကျင့်​ကြပါ​လေ

လှည်းဘီးပြင်​က၊ နား​စောင့်​ချသို့ ၊မိဘနှင့်​သား၊
မယားနှင့်​လင်​၊ ရှင်​နှင့်​ကျွန်​၊ ​ထေမွန်​ဒကာ၊
မိတ်​သဟာနှင့်​၊ ဆရာတပည့်​၊ တည့်​တည့်​မချွတ်​၊ ကျင့်​ဝတ်​စုံလင်​၊ ဖြူစင်​သန့်​မှု၊ ရှင်​လည်းမ​ကွေ၊ ​သေလည်းမကွာ၊ နတ်​ရွာလူ့ပြည်​၊ ဝင်​အံ့သည်​တည့်​၊ မတည်​ကျင့်​ဝတ်​၊ ချွတ်​သူတို့မှာ၊ မလွတ်​သာသည်​ - ​လေးရွာဖို့ လုံးလုံးလူဖြစ်​ရှုံး။

:ဓမ္မစာ​ပေ

ဒေါက်​တာ ​အေးမင်းထူး ရဲ့•••••••••••••••••••••••••••••••နှစ်​ပတ်​အတွင်း အသားဖြူနည်း••••••••••••••••••••••••••••••••••...
03/12/2016

ဒေါက်​တာ ​အေးမင်းထူး ရဲ့
•••••••••••••••••••••••••••••••
နှစ်​ပတ်​အတွင်း အသားဖြူနည်း
•••••••••••••••••••••••••••••••••••••

၁။ ဒိန်​ချဉ်​ကို သန့်​စင်​တဲ့ဂွမ်းနှင့်​ အ​ရေပြားကို လိမ်းပါ။ ၁၅မိနစ်ခန့်​ထားပြီး ​ရေခပ်​​နွေး​နွေးနဲ့ပြန်​​ဆေးပါ ဒီအတိုင်း ညစဉ်​လုပ်​ရင်​ ရက်​အနည်းငယ်​အတွင်း အသားအ​ရေသိသိသာသာဖြူစင်​လာတာကို ​တွေ့ရပါလိမ့်​မယ်​ ဒီနည်းက တကယ်​ထိ​ရောက်​တဲ့ ကိုယ်​​တွေ့နည်းဖြစ်​ပါတယ်
လက်​​တွေလိမ်းရင်​ သိပ်​သိသာပါတယ်​။

၂။ ​နောက်​တနည်းက နနွင်းလက်​တစ်​ဆစ်​စာကို
လိ​မ္မော်​ရည်​ ထမင်းစားဇွန်း ၂ဇွန်းနဲ့​ရောပြီး ခပ်​ပျစ်​ပျစ်​​ဖျော်​ပါ။ မအိပ်​ခင်​ မျက်​နှာနဲ့လည်​ပင်းကို
လိမ်းပါ နာရီဝက်​ထားပြီး ​ရေ​အေး​အေးနဲ့သန့်​စင်​ပါ တစ်​ချို့ကလည်း ညလုံး​ပေါက်​ထားပြီး မျက်​နှစ်​သစ်​တယ်​ ဒီနည်းလည်းသိပ်​သိသာပါတယ်​ နှစ်​ပတ်​အတွင်း အသားလတ်​လာပြီး အသားတင်းလာပါတယ်
နနွင်းက အသားကိုဖြူ​စေပြီး၊ လိ​မ္မော်​ရည်​တွင်​ပါတဲ့ ဗီတာမင်​စီက ကိုလာဂျင်​ထုတ်​လုပ်​မှုကို အား​ပေးတာမို့ အသားကိုတင်း​စေတယ်​ အ​ပေါ်နည်းကို ညို​နေတဲ့အသားအ​ရေ (​ခြေ၊လက်​)စတာ​တွေမှာပြုလုပ်​ပြီး ​အောက်​ကနည်းကို မျက်​နှာ၊လည်​ပင်း စတဲ့​နေရာ​တွေမှာ ပြုလုပ်​ပါ နှစ်​ပတ်​အတွင်း အသားအ​ရေကို သိသိသာသာ ဖြူစင်​လာပါလိမ့်​မည်​။

--------------------------------------------
: ​ဒေါက်​တာ ​အေးမင်းထူး
-------------------------------------------------

--------------------------------------------------ငရုတ်​သီးရဲ့ အစွမ်းပကား----------------------------------------------...
02/12/2016

--------------------------------------------------
ငရုတ်​သီးရဲ့ အစွမ်းပကား
--------------------------------------------------

ငရုတ်​သီးမှာပါတဲ့ ဓာတ်​တစ်​မျိုးဟာ
အဝလွန်​မှုကို တိုက်​ဖျက်​​ပေးနိင်​ပြီး ကိုယ်​အ​လေးချိန်​ကျဖို့ အကူအညီဖြစ်​​စေ​ကြောင်း သြစ​တြေးလျရဲ့ Adelaide တက္ကသိုလ်​က သု​တေသီ​တွေက ​ပြောပါတယ်​ အဲဒီဓာတ်​သတ္တိဟာ အစာအိမ်​အတွင်းက ​သွေး​ကြော​တွေက​နေတဆင့်​ ဦး​ဏှောက်​ကို ကိုယ့်​ခန္ဓာမှာ အစားအစာ​တွေဘယ်​​လောက်​ပြည့်​​နေပြီဆိုတဲ့
သတင်းအချက်​အလက်​ကို ​ပေးပို့တဲ့အ​ကြောင်းနဲ့ပတ်​သက်​ပြီး​တော့ ပညာရှင်​​တွေက ဆက်​လက်​ရှာ​ဖွေ​နေဆဲဖြစ်​ပါတယ်

တနည်းအားဖြင့်​ ငရုတ်​သီးရဲ့ဓာတ်​ဟာ
ဗိုက်​ဝ​နေပြီဆိုတဲ့အ​ကြောင်းကို ပြသတာဖြစ်​ပါတယ်​ အစာအိမ်​အတွင်းက ​သွေး​ကြော​လေး​တွေရဲ့ လက်​ခံနိင်​တဲ့ ထည့်​စရာဆဲလ်​​တွေဟာ
အဆီများတဲ့အစားအစာ​တွေ​ကြောင့်​ ပျက်​စီးသွားရနိင်​တယ်​ဆိုတာကိုလည်း သု​တေသီ​တွေက ​တွေ့ရှိခဲ့ကြပါတယ်​ ငရုတ်​သီးရဲ့ဓာတ်​ဟာ အခုလို ကိုယ်​အ​လေးချိန်​ထိန်းသိမ်းမှုဟာ
အကျိုးရှိနိင်​​ပေမယ့်​ ပူ​လောင်​​စေတဲ့ အရသာ​ကြောင့်​ လူအများစုက ခက်​ခဲ​နေဆဲဖြစ်​ပါတယ်
လူအများစုကို အခုလိုအကျိုးရှိတဲ့ဓာတ်​ကို ရှိန်​စပ်​တဲ့အရသာ မခံစားရပဲ ရနိင်​ဖို့အတွက်​ ကြိုးစားလုပ်​​ဆောင်​သွားမယ်​လို့ ​ဒေါက်​တာ စတီဗင်​ ကန်​တစ်​ရှ်​က ​ပြောကြားခဲ့ပါတယ်​။

:​ဒေါက်​တာ ​အေးမင်းထူး
******************************************
နှစ်​သက်​ရင်​ like&share လုပ်​ကြရ​အောင်​​နော်
******************************************

•••••••••••••••••••••••••••••••••••••••••••••••••••••••နံနံပင်​ အရည်​နဲ့ ​ကျောက်​ကပ်​​ဆေးကြစို့•••••••••••••••••••••••••...
02/12/2016

•••••••••••••••••••••••••••••••••••••••••••••••••••••••
နံနံပင်​ အရည်​နဲ့ ​ကျောက်​ကပ်​​ဆေးကြစို့
•••••••••••••••••••••••••••••••••••••••••••••••••••••••

ကျ​နော်​တို့ရဲ့​ကျောက်​ကပ်​ဟာ ခန္ဓာကိုယ်​တစ်​ခုလုံးက ​သွေး​တွေပါဝင်​တဲ့ အဆိပ်​ရည်​များ၊ ဆားဓာတ်​များကို ​နေ့စဉ်​စစ်​ထုတ်​​ပေး​နေ​သော
မရှိမဖြစ်​ စစ်​ထုတ်​ကရိယာတစ်​ခုဖြစ်​သည်

နှစ်​​တွေကြာလာတာနဲ့အမျှ ​ဆေး​ကြောမှု၊ထိန်းသိမ်းမှုမရှိရင်​ ​ဟောင်​နွမ်းပျက်​စီးသွားတတ်​တဲ့ သဘာဝအရ မကြာခဏဆိုသလို ​ကျောက်​ကပ်​ပြဿနာများ​ပေါ်​ပေါက်​လာတတ်​​လေသည်
ချမ်းသာတဲ့လူ့အသိုင်းအဝိုင်းမှာ​တော့ အစားထိုးကုသမှုနဲ့​ဖြေရှင်းနိင်​ကြသည်​ သို့​သော်​ ​သေချာလှတယ်​လို့​တော့မဟုတ်

ကျ​နော်​တို့အားလုံးအတွက်​ အ​သေချာဆုံး ​ဆေးတစ်​ခွက်​​တော့ ကျ​နော်​တို့အနားမှာရှိ​နေပါတယ်​ အဲဒါက​တော့ မြန်​မာလို တရုပ်​နံနံပင်​လို့​ခေါ်တဲ့ Parsley (Cilantro)ပါ
သူ့ကို နုတ်​နုတ်​စင်းပြီး ​ရေသန့်​သန့်​နဲ့ ပွက်​ပွက်​ဆူ​အောင်​ (၁၀မိနစ်)​လောက်​ ကျိုလိုက်​ပါ
ပြီး​တော့ အရည်​စစ်​ယူလိုက်​ပါ ​နောက်​ပြီး ​ရေခဲ​သေတ္တာမှာ အ​အေးခံပြီး တစ်​​နေ့တစ်​ခွက်​​သောက်​သုံးခြင်းဖြင့်​ ​ကျောက်​ကပ်​များကို မူလ ပကတိ အ​ကောင်းအတိုင်း ထိန်းသိမ်းထားနိင်​​ကြောင်း ​ဝေငှလိုက်​ပါတယ်​။

: ​ဒေါက်​တာ ​အေးမင်းထူး

"မင်း လူကြီးဖြစ်​လာပြီ"°°°°°°°°°°°°°°°°°°°°°°°လူကြီးဖြစ်​လာပြီဆိုတာဟာ အသက်​ (၁၈)နှစ်​ပြည့်​လာခြင်း၊အရွယ်​​ရောက်​လာခြင်...
02/12/2016

"မင်း လူကြီးဖြစ်​လာပြီ"
°°°°°°°°°°°°°°°°°°°°°°°

လူကြီးဖြစ်​လာပြီဆိုတာဟာ အသက်​ (၁၈)နှစ်​ပြည့်​လာခြင်း၊အရွယ်​​ရောက်​လာခြင်းကို ဆိုလိုတာမဟုတ်​ဘဲ ရင့်​ကျက်​လာခြင်းကို ဆိုလိုပါတယ်​ ရင့်​ကျက်​ခြင်း၊မရင့်​ကျက်​ခြင်းဆိုသည်​မှာ အသက်​အရွယ်​နှင့်​မဆိုင်​ဘဲ အ​တွေ့အကြုံနှင့်​သာ သက်​ဆိုင်​​သောကိစ္စဖြစ်​ပါတယ်
ကိုယ်​ဟာ ဘယ်​​လောက်​ရင့်​ကျင့်​လာပြီလဲ၊နုနယ်​​သေးတဲ့လူတစ်​​ယောက်​ဘဲလားဆိုတာ ဆုံးဖြတ်​နိင်​ဖို့ တစ်​ပုံချင်းစီ​ထောက်​ပြီးကြည့်​ရ​အောင်​ (၁၀)မိနစ်​​လောက်​အချိန်​​ပေးပြီး ကြည့်​လိုက်​ခြင်းအားဖြင့်​ (၁၀)နှစ်​စာ​လောက်​ အ​တွေ့အကြုံ​တွေရလိမ့်​မယ်​ဆိုတာ ရဲရဲကြီး​ပြောရဲပါတယ်​။

* :DATA Doctor*

Address

Taunggok Township, Arakan State
Taunggôk

Telephone

01127791435

Website

Alerts

Be the first to know and let us send you an email when Ko Soe Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram