19/10/2025
🥦 Healthy Food Healthy Vision!
"ကျန်းမာတဲ့ မျက်ဝန်းတစ်စုံ" ပိုင်ဆိုင်နိုင်ဖို့ အိမ်မှာ အလွယ်တကူရနိုင်တဲ့ အစားအစာလေးတွေကို ဝေမျှပေးမယ်နော်။
နေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ သဘာဝက ပေးတဲ့ "မျက်စိအားဖြည့်နိုင်တဲ့ အစားအသောက်တွေ" ကို ထည့်သွင်းစားသုံးခြင်းဖြင့်၊ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းပြီး အမြင်အာရုံ ကြည်လင်တဲ့ မျက်လုံးတွေကို ပိုင်ဆိုင်နိုင်ပါပြီ။ 👀✨
🌿 ၁။ အစိမ်းရောင် အရွက်များ (Leafy Greens)
(ကန်စွန်းရွက်၊ ဟင်းနုနွယ်၊ ကိုက်လန်)
✅ Lutein နဲ့ Zeaxanthin အာဟာရဓာတ်တွေ ပါဝင်လို့ မျက်စိကို ထိခိုက်စေနိုင်တဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို လျှော့ချ ကာကွယ်ပေးနိုင်ပါတယ်။
🤔အရိုးရှင်းဆုံးနဲ့လွယ်လွယ်ကူကူ ဘယ်လိုစားမလဲ?
သုပ်စားခြင်း၊ အတို့အမြှုပ်၊ ဟင်းချိုထဲ ထည့်သောက် ဒါမှမဟုတ် အသီးအရွက်ဖျော်ရည် (Smoothie) ထဲမှာ ရောဖျော်သောက်နိုင်ပါတယ်။
🐟 ၂။ အဆီများသော ငါးများ (Fatty Fish)
(ဆယ်လ်မွန်ငါး၊ မက်ကရယ်ငါး၊ ဆာဒင်းငါး)
✅ Omega-3 fatty acids ကြောင့် မျက်စိခြောက်သွေ့တာနဲ့ အသက်အရွယ်ကြောင့် ဖြစ်တဲ့ မျက်စိအားနည်းခြင်းကို လျှော့ချပေးနိုင်ပါတယ်။
🤔ဘယ်လိုစားရမလဲ?
တစ်ပတ်ကို အနည်းဆုံး (၂) ကြိမ်ခန့် ကင်စားခြင်း (Grilling) ၊ ပေါင်းခြင်း (Steaming) နည်းလမ်းဖြင့် ချက်ပြုတ်စားသုံးနိုင်ပါတယ်။
🥕 ၃။ လိမ္မော်ရောင် သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ
(မုန်လာဥနီ၊ ကန်စွန်းဥ၊ ငရုတ်ပွ၊ လိမ္မော်ရောင်သစ်သီး၊ သရက်သီး)
✅ Beta-carotene ဟာ ညအချိန် မြင်နိုင်စွမ်းကို ကောင်းမွန်စေပြီး မျက်စိအာရုံကြော တိုးတက်မှုကို အထောက်အကူပြုပါတယ်။
🤔 ပေါ့ပေါ့ပါးပါး ဘယ်လိုစားနိုင်မလဲ?
ဖျော်ရည်၊ အသုပ်၊ ဟင်းချိုတွေထဲမှာလည်း အရသာရှိအောင် ဖြည့်စွက်လို့ရပါတယ်။
🍳 ၄။ ကြက်ဥ (Eggs)
✅ အနှစ်ထဲက Lutein, Zeaxanthin နဲ့ Zinc ဓာတ်တွေက မျက်စိအာရုံကို ထောက်ပံ့ပေးပြီး အသက်ကြီးလို့ ဖြစ်တတ်တဲ့ မျက်စိဝေဒနာတွေကို ကာကွယ်ရာမှာ အရေးပါပါတယ်။
🤔 ရိုးရိုးရှင်းရှင်း ဘယ်လိုစားမလဲ?
မျက်စိကျန်းမာရေးအတွက် ကြက်ဥကြော် (Omelette)၊ ပြုတ်ထားတဲ့ ကြက်ဥသုပ် (Boiled Egg Salad) သို့မဟုတ် ရိုးရိုးဥပြုတ် စားသုံးနိုင်ပါတယ်။
🥜 ၅။ အစေ့အဆံများ (Nuts & Seeds)
(ဗာဒံစေ့၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ နေကြာစေ့)
✅ Vitamin E နဲ့ Antioxidants ကြောင့် မျက်စိဆဲလ်တွေ အိုမင်းနှုန်းကို နှေးကွေးစေပြီး အရေးကြီးတဲ့ မျက်စိရောဂါတွေ ကာကွယ်ဖို့ အကူအညီပေးပါတယ်။
🤔အလွယ်တကူ ဘယ်လိုစားမလဲ?
မနက်စာမှာထည့်စားခြင်း၊ အသုပ်ပေါ်မှာ ဖြူးစားခြင်း ဒါမှမဟုတ် (အာလူးကြော်)အစား သရေစာ (Snack) အဖြစ် စားသုံးပေးပါ။
💡မျက်စိကျန်းမာဖို့ဆိုတာ အစားအစာ တစ်မျိုးတည်းအပေါ် မူတည်နေလို့ မရပါဘူး။
💡မျှတပြီး သန့်ရှင်းတဲ့ အာဟာရမျိုးစုံကို စားသုံးဖို့က အရေးကြီးဆုံးပါ။
💡မျက်စိ စစ်ဆေးမှုကိုလည်း အနည်းဆုံး ၆လတစ်ကြိမ် (သို့မဟုတ်) ၁နှစ်တစ်ကြိမ် ပုံမှန် ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။
သင့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီအောင် ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပြီးမှ စားသုံးတာက အကောင်းဆုံးပါ လို့အကြုံပြုပြောကြားလိုပါတယ်ခင်ဗျာ။
"အစားအသောက် ကလည်း ဆေးပဲ" ဖြစ်တာကြောင့် နေ့စဉ်စားတဲ့အစားအသောက်တွေကို ဂရုတစိုက်စားရင် မိမိတို့ရဲ့ မျက်ဝန်းတစ်စုံ ကို ကာကွယ်ကြပါစို့နော်။❤️
Millionaire's Vision Eye Care Center Taunggyi (ရုံးချုပ်) (Luxury Eyecare Branch)
📍အမှတ် ၂၆၃၊ ဇောတိကလမ်း၊ သစ်တောရပ်ကွက်၊ တောင်ကြီးမြို့။
☎️Hotline: 09782323153 ,09676723153
Millionaire's Vision Eye Care Branch 2 (Classic Branch)
📍ရေထွက်ဦီးလမ်း ၊ ရေအေးကွင်းရပ်ကွက် ၊ တောင်ကြီးမြို့။
#မျက်စိကျန်းမာရေး #မျက်စိအားဖြည့်စာများ