Aung Myint Mo Specialist Clinic and Diagnostic Center

Aung Myint Mo Specialist Clinic and Diagnostic Center We Care Your Health !!!

01/03/2025

Aung Myint Mo Specialist Clinic and Diagnostic Center တွင် တာ၀န်ထမ်းဆောင်ရန်
Collector တစ်ဦးလိုအပ်လျှက်ရှိပါသည်။
- သွေးဖောက်ကျွမ်းကျင်ရမည်။
-ဆိုင်ကယ်စီးတတ်ရမည်
-‌ဆေးရုံ ဆေးခန်းလုပ်ငန်းအတွေ့အကြုံရှိရမည်။
- ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နိုင်ရပါမည်။
- တာဝန်သိတတ်စိတ်ရှိပြီး အလုပ်ချိန်အတွင်း သတ်မှတ်တာဝန်များ ပြီးစီးအောင် စွမ်းဆောင်နိုင်ရမည်။
စိတ်၀င်စားသူများ အနေဖြင့် CV အား လူကိုယ်တိုင် သော်လည်းကောင်း ၊ viber no 09772288855သို့ လည်းကောင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

https://www.facebook.com/ammclinic.tgi?mibextid=ZbWKwLအောင်မြင့်မိုရ်ဆေးခန်းရဲ့ နောက်ဆိုအမြဲတမ်း သုံးဖြစ်မဲ့ Pageအသစ်လေး...
15/12/2024

https://www.facebook.com/ammclinic.tgi?mibextid=ZbWKwL
အောင်မြင့်မိုရ်ဆေးခန်းရဲ့ နောက်ဆိုအမြဲတမ်း သုံးဖြစ်မဲ့ Pageအသစ်လေးဖြစ်လို့ Like & Follow လေး လုပ်ထားပေးကြပါအုန်းရှင့်❤️

🩺တောင်ကြီးမြို့က အောင်မြင့်မိုရ်🩺

👍ကျန်းမာရေးစောင့်ရှောက်မှုစရိတ်ဆိုတာ ဈေးကြီးပါတယ်။ ဒါကြောင့် လူတိုင်း ရောဂါမဖြစ်အောင် မိမိကိုယ်ကိုယ် သတိနဲ့ နေထိုင်စားသောက်ကြဖို့ အရေးကြီးပါတယ်။

👉သတိထားနေတဲ့ကြားက မိတ်ဆွေတို့ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး တစ်ခုခု လိုအပ်လာပြီဆိုရင်တော့ "အောင်မြင့်မိုရ်" အထူးကုဆေးခန်းနဲ့ ရောဂါရှာဖွေရေးစင်တာကို လှမ်းလာခဲ့ပါ။

လူတိုင်းလက်လှမ်းမီနိုင်တဲ့ ကျန်းမာရေးစောက်ရှောက်မှုရရှိဖို့ ကျွန်တော်တို့ ရဲရဲကြီး အာမခံပါတယ်။ 💯 အောင်မြင့်မိုရ် ဆိုတာ သင့်အတွက်ပါ။

ကျွန်တော်တို့ အောင်မြင့်မိုရ် မှာ

ပြင်ပလူနာထားရှိပြီး ကုသမှုအတွက်

📌အထွေထွေရောဂါအထူးကု သမားတော်ကြီးများ
📌ခွဲစိတ်အထူးကု သမားတော်ကြီးများ
📌သားဖွားနှင့်မီးယပ်အထူးကု သမားတော်ကြီးများ
📌အရိုး၊အကြော၊အဆစ်နှင့် ထိခိုက်ဒဏ်ရာခွဲစိတ်အထူးကု သမားတော်ကြီးများ
📌ဓါတ်ရောင်ခြည်နှင့် ကင်ဆာရောဂါအထူးကု သမားတော်ကြီးများ
📌ကလေးအထူးကု ဆရာဝန်ကြီးများ
📌နား၊ နှာခေါင်း နှင့် လည်ချောင်းအထူးကု ဆရာဝန်ကြီးများ
📌ဓါတ်မှန်ဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများ နဲ့ အသေးစိတ် ပြသပြီး ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။

🎯ရောဂါရှာဖွေရေးနဲ့ ပတ်သတ်ပြီးလည်း🎯

🩸နောက်ဆုံးပေါ် အဆင့်မြင့် ဓါတ်ခွဲစမ်းသပ် စစ်ဆေးတဲ့ စက်ကြီးတွေနဲ့ ရောဂါမျိုးစုံကို ရှာဖွေ စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

🩸DR System အသုံးပြုထားတဲ့ ဒီဂျစ်တယ်ဓါတ်မှန် (Digital X-Ray) ရိုက်ကူးနိုင်သလို

🩸တယ်လီဗေးရှင်းဓါတ်မှန်လို့ခေါ်တဲ့ Ultrasound နဲ့ စစ်ဆေးနိုင်တဲ့ ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

ဒါတွေတင်မက ကျွန်တော်တို့ အောင်မြင့်မိုရ်ရဲ့ အခြားရယူနိုင်တဲ့ ဝန်ဆောင်မှုတွေက

👉အထွေထွေရောဂါအထူးကု ဆရာဝန်ကြီးတွေနဲ့ ဆွေးနွေးတိုင်ပင် အကြံရယူခြင်း

👉Medical Check Up ကျန်းမာရေး စစ်ဆေးခြင်း

👉သွေး နှင့် ဆီးစစ်ဆေးခြင်းများကို အချိန်တိုအတွင်း တိကျမှန်ကန် ြမန်ဆန်ပြီး ဈေးနှုန်းသက်သာစွာ စစ်ဆေးနိုင်ခြင်းအပြင် အိမ်တိုင်တာရောက် ဝန်ဆောင်မှုပေးခြင်း

👉ကာကွယ်ဆေးမျိုးစုံ ထိုးနှံနိုင်ခြင်း

👉နေ့ချင်းပြီးကုသစောင့်ရှောက်မှု (Day Care Service) ရယူနိုင်ခြင်းတွေကိုလည်း အထူးဆောင်ရွက်ပေးနေပါတယ်။

🤝ဒါ့ကြောင့် မိတ်ဆွေ တွေဝေမနေပါနဲ့။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အောင်မြင့်မိုရ်ကို စိတ်ချယုံကြည်စွာ အပ်နှံလိုက်ပါခင်ဗျာ။🤝

Aung Myint Mo Specialist Clinic & Diagnostic Centre

🏠အမှတ် ၁၆၇ ၊ အနောက်မြို့ပတ်လမ်း၊ UPG မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

📲ဖုန်း - 09 772288855, 09 940099955

19/11/2024

အောင်မြင့်မိုရ်အထူးကုဆေးခန်းတွင် လုပ်ကိုင်ရန် သန့်ရှင်းရေးဝန်ထမ်း (မ) တစ်ဦး အလိုရှိပါသည်။

လျှောက်ထားလိုပါက viber 09772288855 သော်လည်းကောင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

08/11/2024

ဒီတစ်ပတ် စနေ တနင်္ဂနွေ လည်း အသက် 30မှ 45နှစ်အတွင်း အမျိုးသမီးများကို သားအိမ်ခေါင်းကင်ဆာ အခမဲ့ စစ်ဆေးပေးပါတယ်နော် ❤️

👉ကျွန်မတို့ အောင်မြင့်မိုရ် အထွေထွေရောဂါကု‌
ဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာမှ အပတ်စဉ် စနေ နဲ့ တနင်္ဂနွေတိုင်း သားအိမ်ခေါင်းကင်ဆာ ရှိမရှိ အခမဲ့စစ်ဆေးပေးနေတာမို့ 📱09772288855ကို ဆက်သွယ်စာရင်းပေးသွင်းထားနိုင်ပါတယ်ရှင့်

အပတ်စဉ် စနေနေ့ နေ့လည် 2:00pm🕑
အပတ်စဉ် တနင်္ဂနွေနေ့ နေ့လည်1:00pm🕐

Ph No☎️09772288855
လိပ်စာ🏥အောင်မြင့်မိုရ် အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်၊‌ အောက်ရေထွက်အနီး၊ UPG အိမ်သုတ်ဆေးမျက်စောင်းထိုး၊ တောင်ကြီးမြို့။

30/10/2024

📣အပတ်စဉ် အသက် 30 မှ 45နှစ် အတွင်း အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ VIA Testဖြင့် အခမဲ့စစ်ဆေးပေးခြင်း

🤩အောင်မြင့်မိုရ်အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင် အသက်30ပြည့်ပြီး အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရှိမရှိ VIA Testဖြင့် အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့ များတွင် အခမဲ့စစ်ဆေးပေး‌ေနတာပဲဖြစ်ပါတယ်ရှင့်။

❗❗သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိဘာလို့ ကြိုတင်စစ်ဆေးသင့်သလဲ ဆိုရင်တော့

👉ကင်ဆာအကြိုလက္ခဏာကို ကြိုတင်စစ်ဆေးမှုကြောင့်အစောကြီးသိခဲ့မယ်ဆိုရင် ထိထိရောက်ရောက်ရှင်းလင်းကုသပေးနိုင်ပါမယ်

👉အသေးစားခွဲစိတ်ရုံဖြင့် ပျောက်ကင်းနိုင်ပါမယ်

🙆အသက် ၃၀ မှ ၄၅နှစ်အတွင်း အမျိုးသမီးများအားလုံး စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်ရှင်❤️

လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ ☎️09772288855 ကို ဆက်သွယ်၍သော်လည်းကောင်း 🏥ဆေးခန်းသို့လာရောက်၍ သော်လည်းကောင်း ဆေးခန်းဖွင့်ချိန် နံနက် 8:00 မှ ည7:00 အတွင်း ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီးရှင့်။

နေ့ရက်🗓️
2.11.2024 (Saturday) 🕑နေ့လည် 2:00pm
3.11.2014. (Sunday) 🕑နေ့လည် 1:00pm


နေရာ🏥_အောင်မြင့်မိုရ်အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊ ရတနာသီရိရပ်၊ တောင်ကြီးမြို့။

📢အသက် 30 မှ 45နှစ် အတွင်း အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ VIA Testဖြင့် အခမဲ့စစ်ဆေးပေးခြင်း🤩အောင်မြင့်မိုရ်အထွ...
21/10/2024

📢အသက် 30 မှ 45နှစ် အတွင်း အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ VIA Testဖြင့် အခမဲ့စစ်ဆေးပေးခြင်း

🤩အောင်မြင့်မိုရ်အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင် အသက်30ပြည့်ပြီး အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရှိမရှိ VIA Testဖြင့် အပတ်စဉ် စနေနေ့ နှင့် တနင်္ဂနွေနေ့ များတွင် အခမဲ့စစ်ဆေးပေးမှာပဲဖြစ်ပါတယ်ရှင့်။

❗❗သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိဘာလို့ ကြိုတင်စစ်ဆေးသင့်သလဲ ဆိုရင်တော့

👉ကင်ဆာအကြိုလက္ခဏာကို ကြိုတင်စစ်ဆေးမှုကြောင့်အစောကြီးသိခဲ့မယ်ဆိုရင် ထိထိရောက်ရောက်ရှင်းလင်းကုသပေးနိုင်ပါမယ်

👉အသေးစားခွဲစိတ်ရုံဖြင့် ပျောက်ကင်းနိုင်ပါမယ်

🙆အသက် ၃၀ မှ ၄၅နှစ်အတွင်း အမျိုးသမီးများအားလုံး စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်ရှင်❤️

လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ ☎️09772288855 ကို ဆက်သွယ်၍သော်လည်းကောင်း 🏥ဆေးခန်းသို့လာရောက်၍ သော်လည်းကောင်း ဆေးခန်းဖွင့်ချိန် နံနက် 8:00 မှ ည7:00 အတွင်း ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီးရှင့်။

နေ့ရက်🗓️
26.10.2024 (Saturday) 🕑နေ့လည် 2:00pm
27.10.2014. (Sunday) 🕑နေ့လည် 1:00pm


နေရာ🏥_အောင်မြင့်မိုရ်အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊ ရတနာသီရိရပ်၊ တောင်ကြီးမြို့။

18/10/2024

Aung Myint Mo Specialist Clinic and Diagnostic Center တွင် တာ၀န်ထမ်းဆောင်ရန်
Collector တစ်ဦး ဈလိုအပ်လျှက်ရှိပါသည်။
- သွေးဖောက်ကျွမ်းကျင်ရမည်။
-ဆိုင်ကယ်စီးတတ်ရမည်
-‌ဆေးရုံ ဆေးခန်းလုပ်ငန်းအတွေ့အကြုံရှိရမည်။
- ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နိုင်ရပါမည်။
- တာဝန်သိတတ်စိတ်ရှိပြီး အလုပ်ချိန်အတွင်း သတ်မှတ်တာဝန်များ ပြီးစီးအောင် စွမ်းဆောင်နိုင်ရမည်။
စိတ်၀င်စားသူများ အနေဖြင့် CV အား လူကိုယ်တိုင် သော်လည်းကောင်း ၊ viber no 09772288855သို့ လည်းကောင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

📢အသက် 30 မှ 45နှစ် အတွင်း အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ VIA Testဖြင့် အခမဲ့စစ်ဆေးပေးခြင်း🤩အောင်မြင့်မိုရ်အထွ...
15/10/2024

📢အသက် 30 မှ 45နှစ် အတွင်း အမျိုးသမီးများ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ VIA Testဖြင့် အခမဲ့စစ်ဆေးပေးခြင်း

🤩အောင်မြင့်မိုရ်အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာတွင် အသက်30ပြည့်ပြီး အမျိုးသမီးများအား သားအိမ်ခေါင်းကင်ဆာရှိမရှိ VIA Testဖြင့် 19.10.2024 (စနေနေ့) တွင် အခမဲ့စစ်ဆေးပေးမှာပဲဖြစ်ပါတယ်ရှင့်။

❗❗သားအိမ်ခေါင်းကင်ဆာ ရှိ/မရှိဘာလို့ ကြိုတင်စစ်ဆေးသင့်သလဲ ဆိုရင်တော့

👉ကင်ဆာအကြိုလက္ခဏာကို ကြိုတင်စစ်ဆေးမှုကြောင့်အစောကြီးသိခဲ့မယ်ဆိုရင် ထိထိရောက်ရောက်ရှင်းလင်းကုသပေးနိုင်ပါမယ်

👉အသေးစားခွဲစိတ်ရုံဖြင့် ပျောက်ကင်းနိုင်ပါမယ်

🙆အသက် ၃၀ မှ ၄၅နှစ်အတွင်း အမျိုးသမီးများအားလုံး စစ်ဆေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်ရှင်❤️

လူဦးရေ အယောက် 20သာ ကန့်သတ်ထားတာဖြစ်လို့ ☎️09772288855 ကို ဆက်သွယ်၍သော်လည်းကောင်း 🏥ဆေးခန်းသို့လာရောက်၍ သော်လည်းကောင်း ဆေးခန်းဖွင့်ချိန် နံနက် 8:00 မှ ည7:00 အတွင်း ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီးရှင့်။

နေ့ရက်🗓️_ 19.10.2024 (Saturday)

အချိန်🕑_ နေ့လည် 02:00 နာရီ

နေရာ🏥_အောင်မြင့်မိုရ်အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ၊ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊ ရတနာသီရိရပ်၊ တောင်ကြီးမြို့။

01/09/2024

❗❗မျောက်ကျောက်ရောဂါဆိုတာဘာလဲ
=========================

မျောက်ကျောက်ရောဂါဆိုတာ မျောက်ကျောက် (Monkeypox) ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါသည်။ တိရစ္ဆာန်မှတစ်ဆင့် လူသို့ကူးစက်စေနိုင်တဲ့ တိရစ္ဆာန်ဗိုင်းရပ်စ်တစ်မျိုးဖြစ်သလို လူအချင်းချင်းကိုလည်း ကူးစက်ပြန့်ပွားစေပါသည်။

ရောဂါလက္ခဏာများ
ဖျားခြင်း၊ ခေါင်းအရမ်းကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ ခါးနာခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ပြန်ရည်အိပ် (Lymph node) များ ရောင်ရမ်းခြင်းနှင့် အရေပြားပေါ်တွင် အနီကွက်များ ထွက်ခြင်း သို့မဟုတ် အဖုအပိန့်များ၊ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အများစုတွေ့ရတတ်ပါသည်။ အနီကွက်များကို စတင်ဖျားပြီး တစ်ရက်မှ သုံးရက်အတွင်း တွေ့ရလေ့ရှိပါသည်။ အဖုအပိန့်
အများစုကို မျက်နှာ၊ လက်ဖဝါး၊ခြေဖဝါး ၊ ပါးစပ်၊ လိင်အင်္ဂါတစ်ဝိုက်နှင့် မျက်စိတွင်လည်း တွေ့ရတတ်ပါသည်။
အများအားဖြင့် ရောဂါလက္ခဏာများသည် (၂) ပတ်မှ (၄) ပတ်အထိ ကြာတတ်ပြီး ဆေးကုသမှုခံယူရန်မလိုဘဲ ပျောက်ကင်းပါသည်။

နောက်ဆက်တွဲဆိုးကျိုးများ
အများစုသည် ရက်သတ္တပါတ်အနည်းငယ်အတွင်း၌ ရောဂါလက္ခဏာများ‌ ပျောက်ကင်းသွားနိုင်သလို မွေးကင်းစကလေးငယ်များ၊ ကလေးများနှင့် ခုခံအားကျဆင်းနေသည့်သူများသည် မျောက်ကျောက်ရောဂါကြောင့် ပိုမိုပြင်းထန်သော ရောဂါလက္ခဏာများ ခံစားနိုင်ရချေရှိပြီး အသက် အန္တရာယ်ရှိနိုင်ပါသည်။
မျောက်ကျောက်ရောဂါ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အရေပြားတွင် အနာဖြစ်ခြင်း၊ အဆုတ်ရောင်ခြင်း၊ စိတ် ကယောင်ခြောက်ခြားဖြစ်ခြင်းနှင့် မျက်လုံးသို့ရောဂါပိုးဝင်ပြီး အမြင်အာရုံထိခိုက်ခြင်းများ ဖြစ်စေနိုင်ပါသည်။

ကူးစက်ပျံနှံပုံ
ရောဂါလက္ခဏာခံစားနေသည့်သူကို အနီးကပ် ကိုင်တွယ်ထိတွေ့ခြင်းမှ ရောဂါကူးစက်ခံရနိုင်ပါသည်။ အထူးသဖြင့် အနီကွက်၊ ခန္ဓာကိုယ်မှ ထွက်သောအရည်များ (အရည်ပြား အဖုအပိန့်မှ ထွက်သောအရည်၊ ပြည် သို့မဟုတ် သွေး) နှင့် အနာဖေးများမှတဆင့် ကူးစက်စေပါသည်။ ရောဂါဖြစ်ပွားသူ ကိုင်တွယ်ထိတွေ့ပြီးသော အဝတ်အစား၊ အိမ်ယာခင်း၊ မျက်နှာသုတ်ပါဝါ သို့မဟုတ် စားသောက်ရာတွင် သုံးသည့်ပစ္စည်းများ၊ ပန်းကန်များကို ကိုင်တွယ်ထိတွေ့ခြင်းမှ တစ်ဆင့်လည်း အခြားသူဆီသို့ ကူးစက်စေပါသည်။
ခံတွင်းတွင်ရှိသော အနာများ၊ ပြည်တည်နာများမှတစ်ဆင့်လည်း ကူးစက်စေပါသည်။
ရောဂါဖြစ်ပွားနေသူများနှင့် အတူနေမိသားစုဝင်များ လိင်ဆက်ဆံဖက်တို့သည် ရောဂါကူးစက်ခံရနိုင်ခြေ ပိုများပါသည်။
ကိုယ်ဝန်ဆောင်မိခင်များ၏ အချင်းတိုင်မှတစ်ဆင့် သန္ဓေသားဆီသို့ (သို့) မီးဖွားချိန်နှင့် မီးဖွားပြီးချိန်တွင် လည်းကောင်း၊ ရောဂါကူးစက်ခံထားရသည့် မိဘများမှ ကလေးသို့ အရေပြားချင်း ထိတွေ့ခြင်းတို့မှ လည်းကောင်း ရောဂါပိုးကူးစက်ခံရနိုင်ပါသည်။

ဘယ်လိုကာကွယ်ကြမလဲ
ရောဂါဖြစ်ပွားနေသူမှတစ်ဆင့် ရောဂါပိုးများကပ်ညှိနေနိုင်သည့် အဝတ်အစားများ၊ အိပ်ယာခင်းများ မျက်နှာသုတ်ပုဝါများနှင့် ၎င်းတို့ထိတွေ့ခဲ့သော အရာဝတ္ထုများ သို့မဟုတ် ၎င်းတို့၏ အရေပြား အဖုအပိန့်များ သို့မဟုတ် အသက်ရှူလမ်းကြောင်းမှ ထွက်လာသော အစက်အမှုန်များနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသော အရာများ (ဥပမာ- ရေခွက်၊ ပန်းကန်များ)ကို ထိတွေ့ကိုင်တွယ်ပြီးလျှင် လက်ကို ရေနှင့်ဆပ်ပြာ သို့မဟုတ် အယ်ကိုဟောပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် ပုံမှန်ဆေးကြောပါ။ လူနာ၏ အဝတ်အစား၊ မျက်နာသုတ်ပုဝါ၊ အိပ်ယာခင်း နှင့် စားသောက်သည့်အခါ သုံးစွဲသည့် အသုံးအဆောင်များ၊ ပစ္စည်းများကို ရေနွေး၊ ဆပ်ပြာတို့ဖြင့် လျှော်ဖွတ်ပါ။ ရောဂါပိုးကပ်ညှိနေနိုင်သည့် မျက်နှာပြင်များကို ပိုးသတ်ပြီး သန့်ရှင်းအောင် ထားပါ။ ရောဂါပိုး ကပ်ညှိနေနိင်သည့် စွန့်ပစ်ပစ္စည်းများ (ဥပမာ- အနာဆေးထည့်သည့်ဂွမ်း) စသည်တို့ကိုလည်း စနစ်တကျ စွန့်ပစ်ပါ။

ရောဂါကူးစက်ခံရသည်ဟု သံသယရှိပါက ဘာတွေလုပ်ဆောင်သင့်သလဲ။
သင်ကိုယ်တိုင် ရောဂါလက္ခဏာခံစားနေရခြင်း သို့မဟုတ် မျောက်ကျောက်ရောဂါဖြစ်နေသော လူတစ်ယောက်နှင့် ကိုင်တွယ်ထိတွေ့ခဲ့သည်ဟု သံသယရှိပါက ကျန်းမာရေးဝန်ထမ်းထံမှ အကူအညီတောင်းခံပြီး ဓါတ်ခွဲစမ်းသပ်ခြင်းနှင့် ဆေးကုသမှုခံယူပါ။ ဖြစ်နိုင်ပါက မိမိကိုယ်တိုင် သီးခြားနေထိုင်ခြင်းနှင့် အခြားသူများကို ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးကြောပြီး အခြားသူများကို ရောဂါမကူးစက်အောင် ကာကွယ်နိုင်ရန် အထက်ဖော်ပြပါ အချက်များကို လိုက်နာ ဆောင်ရွက်ပါ။

သင်ကိုယ်တိုင်က သင့်အတွက် အကောင်းဆုံးဆရာဝန်ပါ။
တစ်ယောက်ချင်းစီတိုင်းစိတ်ရောကိုယ်ပါကျန်းမာကြပါစေ

ေါက်တာရဲရင့်
အာဟာရအထူးပြု

Source - WHO
#မျောက်ကျောက်

17/08/2024

အောင်မြင့်မိုရ်အထူးကုဆေးခန်း Reception ကောင်တာတွင် လုပ်ကိုင်ရန် Cashier တစ်ဦးအလိုရှိပါသည်။

1)ဧည့်ကြိုကောင်တာတွင် Receptionist အနေဖြင့်လည်းတွဲဖက်လုပ်ကိုင်ရမည်
2) Computer basic တတ်ကျွမ်းရမည်၊
3) ဆရာဝန်ကြီးများ လူနာများနှင့် ပြောဆိုဆက်ဆံရေးကောင်းမွန်ရမည်၊
4) အဖွဲ့အစည်းနှင့် သွက်သွက်လက်လက် လုပ်ကိုင်။ ဆောင်ရွက်တတ်သူဖြစ်ရမည်၊
5) ဘွဲ့ရပြီးသူ (သို့) ကျောင်းကိစ္စရှင်းလင်းသူဖြစ်ရမည်၊
6)နံနက် 8နာရီမှ ည 7နာရီထိ အလုပ်ဆင်းနိုင်ရမည်၊
7) လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

စိတ်ဝင်စားသူများ အောင်မြင့်မိုရ်အထူးကုဆေးခန်း သို့ လာရောက် လျှောက်ထားနိုင်ပါသည်။
Viber No. 09772288855 သို့လည်း ပေးပို့လျှောက်ထား နိုင်ပါသည်။

🏥လိပ်စာ- အောင်မြင့်မိုရ် အထူးကုဆေးခန်းနှင့် ရောဂါရှာဖွေရေးစင်တာ အနောက်မြို့ပတ်လမ်း၊ အောက်ရေထွက်အနီး၊UPG အိမ်သုတ်‌ဆေးနှင့် မျက်စောင်းထိုး၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီးမြို့။

🤒 တုပ်ကွေးရောဂါ (𝐅𝐥𝐮) ဆိုတာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီးတော့ သေသေချာချာ ကုသကာကွယ်ခြင်းမရှိပါက...
31/07/2024

🤒 တုပ်ကွေးရောဂါ (𝐅𝐥𝐮) ဆိုတာ အသက်ရှူလမ်းကြောင်းကနေတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါဖြစ်ပြီးတော့ သေသေချာချာ ကုသကာကွယ်ခြင်းမရှိပါက ရောဂါပြင်းထန်ကာ အသက်အန္တရာယ်ထိခိုက်စေနိုင်ပါတယ်။

ရာသီတုပ်ကွေးရောဂါလက္ခဏာတွေက ရုတ်တရတ် တွေ့ကြုံခံစားတတ်ရပြီး လူတော်တော်များများမှာတော့ အောက်ပါ လက္ခဏာတွေ အနည်းနဲ့အများ ကြုံတွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ -
👉 ဖျားခြင်း (ချမ်းတုန်ဖျားခြင်း)
👉 ချောင်းဆိုးခြင်း
👉 နှာရည်ယိုခြင်း
👉 ကိုယ်လက်ကိုက်ခဲခြင်း
👉 ခေါင်းကိုက်ခြင်း
👉 ပင်ပန်းနွမ်းနယ်ခြင်း
👉 အန်ခြင်း
👉 ဝမ်းလျှောခြင်း စတာတွေ ဖြစ်ပါတယ်။



😷 ဒါကြောင့် မိမိအနေနဲ့ တုပ်ကွေးရောဂါလက္ခဏာတွေ ကြုံတွေ့ခံစားရပါက နီးစပ်ရာဆေးရုံဆေးခန်းများမှာ ပြသဖို့ အကြံပြုလိုက်ပါတယ်ရှင့်❤️အောင်မြင့်မိုရ် ‌အထွေထွေရောဂါကုဆေးခန်းတွင် လာရောက်ပြ‌သလိုပါက ပိတ်ရက်မရှိ မနက် 9နာရီမှ ညနေ 7နာရီအတွင်း လာရောက် ပြသနိုင်ပါပြီရှင့်❤️

ဆက်သွယ်စုံစမ်းရန် ☎️ph 09772288855
လိပ်စာ 🏥အောင်မြင့်မိုရ် အထွေထွေရောဂါကုဆေးခန်းနှင့်ရောဂါရှာဖွေရေးစင်တာ ၊အနောက်မြို့ပတ်လမ်း ရတနာသီရိရပ်ကွက်၊ အောက်ရေထွက်အနီး၊ UPGအိမ်သုတ်ဆေးနှင့်မျက်စောင်းထိုး၊ တောင်ကြီးမြို့။

Address

Taunggyi

Telephone

+959772288855

Website

Alerts

Be the first to know and let us send you an email when Aung Myint Mo Specialist Clinic and Diagnostic Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Myint Mo Specialist Clinic and Diagnostic Center:

Share