23/12/2024
#ကင်ဆာဆဲများသေစေပြီး လေးဘက်နာ ကျောက်ကပ်လိုရောဂါဆိုးများသာမက ခန္ဓာကိုယ်ထဲမှ အဆိပ်တွေကို ဖယ်ရှားပေးမည့် ကဒက်ဥ
#တစ်လောကမန္တလေးကမိတ်ဆွေတစ်ယောက်ကပြောပါတယ်။
မြန်မာပြည်မှာကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ပိုပိုများလာပါတယ်တဲ့။
မန္တလေးတစ်မြို့ထဲမှာတင်ကျောက်ကပ်ပျက်စီးသူတွေအများကြီးပါပဲတဲ့။တစ်ချို့ဆိုရင်ကျောက်ကပ်က၁၀%လောက်ပဲအလုပ်လုပ်တော့တဲ့အတွက်မကြာခဏ
ကျောက်ကပ်ဆေးနေရလို့ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့။ဒါကြောင့်သဘာဝနည်းနဲ့ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့နည်းလမ်းကိုအများပြည်သူအကျိုးအတွက်ရှာကြံပြီးဝေမျှပေးပါလို့တောင်းဆိုလာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ကျွန်တော့်အမျိုးသမီးနဲ့ပတ်သက်ပြီးတရုတ်ဆရာဝန်မကြီးတစ်ယောက်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။သူဟာတရုတ်ပြည်မှာနာမည်ကြီးစာရင်းဝင်ဆရာဝန်မကြီးတစ်ယောက်ပါ။တရုတ်ဆရာဝန်တွေကအနောက်တိုင်းဆေးပညာကိုတရုတ်ရိုးရာတိုင်းရင်းဆေးပညာနဲ့ပေါင်းစပ်ပြီးတရုတ်ဘာသာစကားနဲ့သင်ကြားခဲ့ရတဲ့အတွက်ဘက်စုံနှံ့စပ်အောင်သိကြသူတွေဖြစ်ပါတယ်။မျက်နှာကြည့်လိုက်ရင်သော်၄င်း၊လက်ကောက်ဝတ်ကိုစမ်းလိုက်ရင်သော်၄င်းဘာဖြစ်နေတယ်ဆိုတာကိုဒက်ကနဲပြောနိုင်ပါတယ်။
တရုတ်ဆရာဝန်မကြီးကိုကျောက်ကပ်ပျက်စီးမှုအ
ကြောင်းကိုမေးမြန်းလိုက်ပါတယ်။ကျောက်ကပ်ပျက်စီးနေကြရတာဟာကိုယ်တွင်းအဆိပ်တွေမျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ဓာတုဗေဒဆေးတွေကိုရေရှည်သုံးစွဲသူတွေကျောက်ကပ်ပျက်စီးကြောင်း၊သဘာဝမဟုတ်တဲ့ဆေးတွေကိုသတိထားဖို့လိုကြောင်း၊အဆိုးဆုံးကတော့Capsuleတွေကိုပလပ်စတစ်ဖြင့်ပြုလုပ်ထားရင်အရမ်းကိုဥပဒ်ဖြစ်တတ်ကြောင်း၊ဖြည့်စွက်ဆေးတွေကိုလည်းသဘာဝမဟုတ်ရင်မသုံးသင့်ကြောင်း၊ဖြည့်စွက်ဆေးဆိုတိုင်းလည်းမိမိရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့သဟဇတဖြစ်ချင်မှဖြစ်တတ်ကြောင်း၊လူတိုင်းနဲ့တည့်မှာမဟုတ်ကြောင်းစသည်ဖြင့်အများကြီးပြောသွားပါတယ်
ဒီတော့ကျောက်ကပ်ပျက်စီးတဲ့သူတွေသဘာဝအတိုင်းပြန်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲဆရာမကြီးလို့မေးလိုက်ပါတယ်။ကျောက်ကပ်ပြန်ကောင်းဖို့အတွက်တရုတ်တွေအားထားဆုံးကတော့Chinese Yam ပြဲဖစ်ပါတယ်တဲ့။Chinese Yamမှာပါတဲ့အင်ဇိုင်းတွေကကျောက်ကပ်ကိုပြန်လည်တည်ဆောက်ပေးနိုင်ကြောင်းများများစားစရာမလိုဘဲတစ်နေ့ကို၁လက်မလောက်စားပေးတာနဲ့ကျောက်ကပ်ကတဖြည်းဖြည်းပြန်ကောင်းလာနိုင်ကြောင်း၊ကျောက်ကပ်ပျက်စီးနေသူတွေရောကျောက်ကပ်ကိုကာကွယ်ထားလိုသူတွေရောစားသင့်ကြောင်းဆရာမကြီးကပြောပြပါတယ်။ကျွန်တော်တို့မြန်မာပြည်မှာမရှိဘူးဆရာမကြီးလို့ဆိုတော့တစ်ကမ္ဘာလုံးမှာရှိပါတယ်တဲ့။ကျောက်ကပ်ပျက်စီးနေသူတွေဟာရှောင့်သင့်တာတွေကိုရှောင်ပြီးchinese yam ကိုပုံမှန်စားသွားစေချင်ပါတယ်တဲ့။
အဲဒီလိုဆိုတော့Chinese Yam ဆိုတာဘာလဲဆိုတာကိုလိုက်ရှာရတော့တာပေါ့ဗျာ။GoogleတွေUtubeတွေမှာအသည်းအသန်လိုက်ရှာရပါတော့တယ်။တွေ့ပါပြီ၊တွေ့ဖူးနေတယ်၊အတော်ကိုရင်းနှီးနေသလိုပဲ။Memoryပြန်ခေါ်ပြီးစဉ်းစားခန်းဝင်လိုက်တော့ငယ်ငယ်ကကျိုက်ထီးရိုးတက်တုန်းကမြင်ဖူးခဲ့တာကိုအမှတ်ရတယ်။အခုနောက်ပိုင်းမှာခေတ်စားတဲ့အကင်ဆိုင်တွေမှာရောင်းတာကိုသတိထားမိတယ်။တရုတ်ဟော့ပေါ့ဆိုင်တွေမှာလည်းတွေ့မိတယ်၊market place,city martတွေမှာလည်းရောင်းတာကိုမျက်လုံးထြဲမင်လာတယ်။ဒါကြောင့်အနီးဆုံးcity mart ကိုပြေးပြီးသွားရှာတော့တွေ့ပြီးဝယ်လာပါတယ်။
Chinese Yam ကိုတွေ့ရခဲ့ပြီ။အလွန်ကောင်းတယ်ဆိုတာကိုလည်းတရုတ်ဆရာဝန်မကြီးကျေးဇူးကြောင့့်သိခဲ့ရပါပြီ။သို့သော်မြန်မာပြည်သူလူထုသိဖို့အတွက်ကမြန်မာအမည်ဖြစ်မှရမှာလေ။ဒါကြောင့်နည်းမျိုးစုံနဲ့လိုက်စုံစမ်းရတော့တာပေါ့။မြန်မာအမည်ကတော့ကဒက်ဥပါတဲ့။ရခိုင်တွေကတော့သင်းဖောဥလို့ခေါ်ကြပါတယ်၊သင်းဒက်ဥလို့လည်းခေါ်တယ်လို့သိရပါတယ်။အချို့ဒေသတွေမှာေ့တာတောမျောက်ဥလို့လည်းခေါ်ပါတယ်တဲ့။တောကမိတ်ဆွေတွေကိုမေးကြည့်တော့တို့တောမှာပေါလွန်းလို့ကွာတဲ့။ပိန်းဥလိုပဲဟင်းချိုလုပ်သောက်ကြတယ်၊အာလူးလိုလည်းကြော်စားကြတယ်။တရုတ်လူမျိုးတွေကတော့ဝက်နံရိုးနဲ့စွပ်ပြုတ်လုပ်သောက်ကြကြောင်းသိရပါတယ်။နဲနဲပြုတ်လိုက်တာနဲ့စားလို့ရပါပြီ။
အဲ့လောက်နဲ့ကျွန်တော်ကမကျေနပ်သေးဘူးဗျ။အင်တာနက်ကနေအသေးစိပ်ထပ်လေ့လာပါတယ်။အဲဒီမှာဘာသွားတွေ့Chinese Yam ဟာကျောက်ကပ်တစ်ခုတည်းသာမကအဆုတ်၊အစာအိမ်၊သရက်ရွက်တို့ကိုလည်းပြန်ကောင်းစေနိုင်ကြောင်းခန်းခန်းနားနားဖော်ပြထားပါတယ်။အဲဒီကလီစာ၄ခုအပြင်အခြားသောကလီစာတွေကိုလည်းသူ့မှာပါတဲ့အင်ဇိုင်းတွေဟိုမုန်းတွေနဲ့ပံ့ပိုးသမှုပြုပေးပါသေးတယ်။chinese Yam(ကဒက်ဥ)ကတစ်ပင်လုံးတန်ဖိုးရှိတာဖြစ်ပြီးအောက်ပါအကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်းသေသေချာချာပြောထားပါတယ်။
၁။ Energy ကိုမြှင့်တင်ပေးခြင်း
၂။ ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေခြင်း
၃။ ရင်ကျပ်ပန်းနာကိုသက်သာစေခြင်း
၄။ ချောင်းခြောက်ဆိုးခြင်းကိုပျောက်စေခြင်း
၅။ သံကောင်တုတ်ကောင်များကိုဖယ်ရှားပေးခြင်း
၆။ ကိုယ်အလေးချိန်လျှော့ချပေးခြင်း
၇။ ဝမ်းတွင်းအပူအပုပ်များကိုဖယ်ရှားပေးခြင်း
၈။ ဆီးကောင်းစေခြင်း
၉။ အရိုးပွမှုကိုကာကွယ်ခြင်း
၁၀။ သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း
၁၁။ သွေးတွင်းသကြားဓာတ်ကိုညှိပေးခြင်း
၁၂။ သည်းခြေရောင်ရမ်းမှုမဖြစ်အောင်ကာကွယ်ခြင်း
၁၃။ အူကျန်းမာရေးကိုစောင့်ရှောက်ခြင်း
၁၄။ အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း
၁၅။ ကင်ဆာဆဲလ်များကိုသတ်ပေးခြင်း
၁၆။ စိတ်ခံစားမှု၊မငြိမ်သက်မှုများကိုကောင်းစေခြင်း
၁၇။ အစာကြေစေခြင်း
၁၈။ နာတာရှည်ဝမ်းလျောမှုကိုပျောက်စေခြင်း
၁၉။ သွေးဆုံးကိုင်ခြင်းကိုသက်သာစေခြင်း
၂၀။ အသရိုက်တစ်ကိုသက်သာစေခြင်း
၂၁။ ဇီဝကမ္မဖြစ်စဉ်ကိုထိန်းပေးခြင်း
၂၂။ ဗိုက်ကြွက်သားလိပ်တက်ခြင်းကိုကာကွယ်ခြင်း
၂၃။ တစ်သျူးအသစ်များမွေးပေးခြင်း
၂၄။ အဆစ်အမျက်နာကျင်ကိုက်ခဲမှုကိုသက်သာစေခြင်း
၂၅။ ကော်လက်စတြောရေချိန်ကိုညှိပေးခြင်း
၂၆။ အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း
၂၇။ အရွက်ရည်ကမြွေကင်းအဆိပ်ကိုပင်ဖြေပေးနိုင်ခြင်းစသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်။
တရုတ်လူမျိုးတွေကမကောင်းရင်ဘယ်တော့မှမသုံးဘူး။ကောင်းလွန်းလို့သာတန်ဖိုးထားတာဖြစ်တယ်။သူတို့ဘာကြောင့်အသက်တအားရှည်ကြရတာလည်းဆိုတဲ့မေးခွန်းရဲ့အဖြေဟာရှေးရှေးကတည်းကသူတို့ရဲ့ရိုးရာနည်းလမ်းတွေကိုတန်ဖိုးထားပြီးဆက်လက်ကျင့်သုံးနေကြလို့ပြဲဖစ်ပါတယ်။ကျွန်တော်တို့မြန်မာ့မြေအောက်မှာလည်းကဒက်ဥတွေအများကြီးရှိနေပေမဲ့မသိသူကျော်သွားသိသူဖော်စားအဆင့်မှာပဲရှိနေပါတယ်။မြန်မာတွေလည်းဒါကိုအတုယူသင့်ပါတယ်မြန်မာတွေဖော်စားကြဖို့တစ်ယောက်နဲ့တစ်ယောက်လက်တို့ပေးကြဖို့ကောင်းပါတယ်။Sharingလုပ်ပေးခြင်းဖြင့်ကုသိုလ်ယူကြပါ။ကျွန်တော့ကိုအလင်းပြပေးတဲ့တရုတ်ဆရာဝန်မကြီးကို
လည်းအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူများကျန်းမာသုခနဲ့ပြည့်စုံကြပါစေ
.မူရင်းရေးသားသူ အားလေးစားစွာဖြင့် 🙏
ကျန်းမာရေးဗဟုသုတတွေမျှဝေပေးသွားမှာဖြစ်တဲ့အတွက်pageလေးကိုlike&shareလေးလုပ်ပေးသွားပါဦးနော်❣️
နေ့စဉ်နဲ့အမျှ ကျန်းမာရေးpostကိုတင်ပေးသွားမှာဖြစ်လို့ page ကို Like & follow လုပ်ပေးခဲ့ပါအုံးနော်🙏