Kant Kaw Clinic, Taunggyi

Kant Kaw Clinic, Taunggyi Primary Health Care Clinic

 #သွေးပြစ်တယ်ပြောတယ် #သွေးတစ်အိတ်_ဖောက်ထုတ်ရတယ် #ဆေးလိပ်ဖြတ်ခိုင်းတယ်  #သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း👉👉👉...
17/07/2022

#သွေးပြစ်တယ်ပြောတယ်
#သွေးတစ်အိတ်_ဖောက်ထုတ်ရတယ်
#ဆေးလိပ်ဖြတ်ခိုင်းတယ်


#သွေးနီဥများသောရောဂါ (သို့မဟုတ်) သွေးပြစ်ခြင်း

👉👉👉
သွေးမှာ
၁။ Cells components နဲ့
၂။ Plasma (သွေးရည်ကြည်) နဲ့ဆိုပြီိး ရှိပါတယ်။

၁။ Cells components ထဲမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး (၃) မျိုးရှိတာမှာ
- သွေးနီဥ (Red Blood Cell) က O2 နဲ့ အဟာရသယ်ပေးတယ်
- သွေးဖြူဥ (White Blood Cell )က ရောဂါကာကွယ်တယ်
- သွေးဥမွှား (Platelets) က သွေးခဲစေတယ်

၂။ Plasma (သွေးရည်ကြည်)

သွေးရဲ့ အရည် Potion ပါ။ ဘာတွေပါလဲ ဆိုတော့

- ရေ နဲ့
- Plasma protein ဘာတွေလုပ်လဲဆိုတော့
1.သွေးထဲကရေတွေ သွေးကြောအပြင်ထွက်မသွား
အောင် ထိန်းသိမ်းတယ်။
2.Hormone, Chemicals, Vitamins, နဲ့ ဆေးတွေ ကိုတစ်နေရာကနေ တစ်နေရာပို့ပေးတယ်
3.သွေးထွက်တဲ့နေရာကို ပိတ်ဖို့ Platelets နဲ့ တူတူ သွေးခဲတာဝန်ကို ထမ်းဆောင်ကြတဲ့အပြင်
4.ကိုယ်ခံအားစနစ်မှာလည်း ပါဝင်ကြပါတယ်

- Electrolytes (Sodium, Potassium အစရှိတဲ့ ဓာတ်ဆားဓာတ်တွေ)ပါပါတယ်

👉👉👉
​(သွေးနီဥ Red Blood Cell) တွေက သွေးရဲ့ ၄၅ ရာခိုင်နှုန်းလောက်ရှိတာမို့လို့ သွေးကနီနေတာပါ။

က သွေးနီဥတွေများတာ ဆိုတော့ အလွယ် သွေးပြစ်တယ်လို့ပြောကြတာပါ။

​သွေးနီဥတွေက Oxygen နဲ့ အဟာရတွေ Cells တွေဆီပို့ပေးပြီး ၊ Carbon Dioxide နဲ့ အညစ်အကြေးတွေကို Cells တွေဆီကနေရှင်းပေးပါတယ်။

အဲ့တော့ သွေးနီဥ များတာ ကောင်းတယ် မဟုတ်ဘူးလားဆိုတော့ မကောင်းပါဘူး။

#ဘာလို့လဲ ⁉️

Cells တွေဆီကို အစာအဟာရပို့ပေးတဲ့ သွေးကြောကို Capillary = ဆံချည်မျှင်သွေးကြောလို့ခေါ်ပါတယ်
ဆံပင်ထက်သေးပါတယ် အဲ့ဒီသွေးကြောလေးတွေက သွေးနီဥ တစ်လုံးစာပဲ လွတ်လွတ်လပ်လပ်၊ ချောင်ချောင်ချိချိ သွားလို့ရပါတယ်၊

သွေးထဲမှာ သွေးနီဥ အပြင်တခြားဟာတွေလည်းရှိသေးလို့ သွေးနီဥတွေသာ တရားလွန်များလာရင် အဲ့ဒီ ဆံချည်မျှင်သွေးကြောတွေထဲမှာ သွေးနီဥတွေ ပြွတ်သိပ်ပြီး ပိတ်ပါလိမ့်မယ်။

သွေးကြောပိတ်သွားတော့ အဲ့ဒီသွေးကြောက ထောက်ပံ့တဲ့ Cells တွေသေပါတယ်။

အဲ့ဒီသွေးကြောဟာ
ဦးနှောက်ထဲက သွေးကြောဖြစ်ရင် လေဖြတ်တတ်ပါတယ်
နှလုံးသွေးကြောဖြစ်ရင် Heart attack ရပါတယ်
ခြေ/လက် ကသွေးကြောဖြစ်ရင် ခြေ/လက် ပုတ်ပါတယ်။

အဲ့ဒါကြောင့် သွေးနီဥနည်း တဲ့ သွေးအားနည်းရောဂါ (Anaemia) ကလည်း အန္တရာယ်ရှိသလို
သွေးနီဥများတဲ့ သွေးပြစ်တဲ့ရောဂါ (Polycythemia) ကလည်း အန္တရာယ်ရှိပါတယ်။

👉
#ဘာလို့ဖြစ်တာလဲ ⁉️

- Polycythemia Rubra Vera
ရိုးတွင်းချဉ်ဆီကိုက သွေးနီဥတွေကို တရားလွန်ထုတ်နေတဲ့ ရောဂါပါ။
- Secondary Polycythemia

ရောဂါအခံတစ်ခုခုကြောင့် သွေးနီဥတွေ များလာတာပါ။
ဥပမာ။ ။ ဆေးလိပ်သောက်တာ၊ အဆုတ်ပွတာ နဲ့ OSA 👉 အဲ့ဒီလူတွေမှာ Cells တွေက Oxygen လုံလုံလောက်လောက်မရတော့
ခန္ဓာကိုယ်ကနေ Oxygen သယ်ပေးတဲ့ သွေးနီဥတွေကို များများထုတ်ခိုင်းလိုက်ပါတယ်။

သယ်ပေးတဲ့ သွေးနီဥတွေများလာပေမယ့်
ဆေးလိပ်ဆက်သောက်နေသမျှတော့ သွေးထဲ Carbon dioxide တွေများနေတော့ Cells တွေက Oxygen မရတော့ ခန္ဓာကိုယ်ကသွေးနီဥတွေကို ထပ်ခါထပ်ခါ ထုတ်ခိုင်းရင်း သွေးနီဥတွေများ သထက်များလာရတာပါ။

အဆုတ်ပွတာမှာရော၊ OSA မှာရော ထိုနည်းအတိုင်းပါပဲ။
👉👉👉
#ဘယ်လိုလုပ်ကြမလဲ ⁉️

သွေးပြစ်လွန်းရင် သွေးကြောထဲဆို့ပြီး လေဖြတ်တာ၊ နှလုံးသွေးကြောပိတ်တာ၊ ခြေပုတ်၊ လက်ပုတ်ဖြစ်မှာ စိုးတော့

#အမြန်ဆုံးဖြေရှင်းနည်းကတော့ 👉 သွေးနီဥတွေဖောက်ထုတ်ပစ်တာပါပဲ
အဲ့မှာပြောစရာရှိတာက
သွေးအားနည်းရင် သွေးလှူလို့မရဘူးဆိုတော့
သွေးတွေသူတို့မှာပိုနေတာ ဒီတိုင်းဖောက်ပစ်မယ့်အစားလှူလိုက်ရင် အကျိုးမရှိဘူးလားဆိုတော့

(Edited; ကိုယ့်ဟာကိုယ်ဖတ်ရင်းနဲ့ သွေးဖောက်ထုတ်ပစ်လိုက်တယ်ဆိုတာကို လန့်လာလို့ပါ 😁
သွေးလှူသလိုပါပဲ သွေးတစ်အိတ် ထုတ်တာပါ (500 ml) ရေသန့်ဘူးတစ်ဝက်စာပေါ့ သွေးချည်းထုတ်ရုံထုတ်တာမဟုတ်ပါဘူး ၊ Normal Saline/Dextrose water (500 ml) ပြန်သွင်းပေးပါတယ်
👉 ခန္ဓာကိုယ်ထဲက 500 ml ထုတ်ပြီး 500 ml ပြန်ထည့်ပေးပါတယ် ကြောက်စရာ Procedure မဟုတ်ပါဘူး)

မရပါဘူး သူတို့ရဲ့သွေးနီဥတွေက တက်သုတ်ရိုက်ထုတ်ထားတာဖြစိလို့ Quality မကောင်းပါဘူး၊ အလုပ်ကောင်းကောင်းလုပ်မယ့် ဟာတွေမဟုတ်ပါဘူး အဲ့ဒါကြောင့် သူတို့လည်း သွေးလှူလို့မရပါဘူး။

လူနာတွေမှာက တော့ ရောဂါအခံကို ကုလိုက်တာ၊ ဆေးလိပ်ဖြတ်လိုက်တာ က တကယ့်ကုသမှုအမှန်ဖြစ်ပါတယ်။

ဒါပေမယ့် Polycythemia Rubra Vera ဆိုတဲ့ရောဂါမှာတော့ ရိုးတွင်းချဉ်ဆီ ကိုက ထုတ်တာများနေတဲ့ အတွက် သူကို အလုပ်သိပ်မလုပ်အောင် တားတဲ့ဆေး ပေးရပါတယ်။

ပြစ်နေတာဖြစ်တဲ့အတွက် အလွယ်ပြောရရင် ရေရောရပါတယ်
👉 ရေများများသောက်ရပါတယ်
👉 ရေဓာတ်ခမ်းခြောက်မယ့်ရောဂါတွေ (ပျို့တာ၊ အန်တာ၊ ချွေးထွက်တာ၊ ဝမ်းလျှောတာ) ဖြစ်ရင် ချက်ချင်းကုရပါတယ်
👉 ဆေးလိပ်ဖြတ်ရပါမယ် (အပေါ်မှာပြောပြီးပေမယ့် အရေးကြီးလို့ထပ်ပြောတာပါ)
👉 အရက်ဖြတ်ရပါမယ်
👉 Red Meat (အမဲသား၊ ဆိတ်သား၊ ဝက်သား) ၊ ဝမ်းတွင်းသား၊ ကလီစာ မစားတာကောင်းပါတယ်

👉👉👉
အဲ့တော့ သွေးပြစ်တယ်ဆိုတာဘာလဲ ?
ဘာလို့ဖြစ်တာလဲ ?
ဘာလို့ သွေးနီဥများနေတာကို သွေးလှူလို့ မရတာလဲ ?
ဘယ်လို ကုရမလဲ ?
ဘာတွေ ရှောင်ရမလဲ သိကြပြီထင်ပါတယ်။
👉👉👉

#ရောဂါရှင်အနေနဲ့ ဘာတွေခံစားရမလဲ ⁉️

- ခေါင်းကိုက်တယ်၊ ခေါင်းအုံတယ်၊ ခေါင်းမကြည်ဘူး
- လန်းလန်းဆန်းဆန်းမရှိဘူး
- ရင်ပတ်အောင့်တတ်တယ်
- ခြေနာ၊ လက်နာဖြစ်တတ်တယ်
- အသည်းတို့ ဘေလုံးတို့ ကြီးတတ်တဲ့အတွက် ဗိုက်တင်းပြီး မအီမသာဖြစ်တယ်။

#ဘယ်လိုသိမလဲ ⁉️

- သွေးစစ်တာနဲ့ သိပါတယ်
- Ultrasound ရိုက်မယ်
- Polycythemia Rubra Vera အတွက်ကတော့ JAK2 Gene Mutation ဆိုတဲ့ မျိုးရိုးဗီဇ စစ်ရပါတယ်။

👉👉👉
သွေးနီဥ နဲ့ ပတ်သက်တဲ့ နည်းတာလည်းပြောပြီးပြီ၊ များတာလည်းပြောပြီးပြီ။ 😀

သက်ရှည်ကျန်းမာစိတ်ချမ်းသာကြပါစေ
to Dr ဘုန်းစည်သူလွင် Dr. ဖြိုးဇော် ✍🙏🙏🙏

🎉နှစ်ကူး မှာ အားလုံး စိတ်သစ်လူသစ် နဲ့ ရွှင်လန်းချမ်းမြှေ့ပါစေကြောင်း ကံ့ကော်မိသားစုမှ ဆုတောင်းပေးပါတယ်🎉၁၃.၄. ၂၀ မှ ၁၇.၄....
13/04/2022

🎉
နှစ်ကူး မှာ အားလုံး စိတ်သစ်လူသစ် နဲ့ ရွှင်လန်းချမ်းမြှေ့ပါစေကြောင်း ကံ့ကော်မိသားစုမှ ဆုတောင်းပေးပါတယ်🎉

၁၃.၄. ၂၀ မှ ၁၇.၄.၂၀ အထိ နှစ်သစ်ကူးအတွင်း ဆေးခန်းပိတ်ထားပါသည်။

၁၈.၄.၂၀ တွင် ဆေးခန်းပြန်ဖွင့်ရင်း နှစ်သစ်အစကို ကြည်ကြည်နူးနူး ပြန်စကြမယ်ဗျာ🤹‍♀️

ပြည်သူနဲ့အတူ
ကံ့ကော်ပါ💙

"ဖြေဆေးထိုးချင်လို့ဆရာ"ဝင်လာတာ သားအမိ နှစ်ယောက် ဘာဖြစ်လို့လဲ မေးတော့"အရမ်းယားလာလို့ဆရာ ခါတိုင်းယားရင် ဖြေဆေးထိုးရင် အယား...
17/01/2022

"ဖြေဆေးထိုးချင်လို့ဆရာ"

ဝင်လာတာ သားအမိ နှစ်ယောက်

ဘာဖြစ်လို့လဲ မေးတော့

"အရမ်းယားလာလို့ဆရာ ခါတိုင်းယားရင် ဖြေဆေးထိုးရင် အယားသက်သာလို့ဆရာ"

ပါလာတဲ့လူနာအမေ ဖြစ်ဟန်တူသူက ဆက်ပြောတယ်

"ခါတိုင်း ဒီလိုအရမ်းယားလာရင် အယားပြေတဲ့ဖြေဆေးထိုးရင် သက်သာသွားတယ် ဖြစ်တာတော့ သုံးနှစ်လောက်ရှိပြီ"

"အထူးကုတွေ ဆေးခန်းတွေစုံပီ ဆေးလည်း သောက်ဆေးလိမ်းဆေး စုံပီ ဆရာ"တဲ့

အခုချိန် ဆရာဝန်က မေးခွင့်ပြောခွင့်မရသေး
လူနာရှင်က သူမေး သူဖြေ သူပဲ ကုသမှု အဆုံးအဖြတ်ပေးနေရေရော့

ကဲကဲ

ဆရာဝန်ဆိုသည်မှာ ဆေးခန်းမှာ ကိုယ်ထင်ကိုယ်ရွှေကုတင်နန်းပဲလေ

ပြောပီပေါ့

ဒီလိုကျောလို့ဘယ်ရမလဲ

ဆရာဝန် ဆိုတာ သူ့ဆေးခန်းမှာ သူဘုရင်လေ ပြောပီပေါ့

"ဟုတ်ကဲ့အန်တီ ကျနော် စမ်းသတ်ပြီး လိမ်းဆေး သောက်ဆေး ပေးမယ်နော်"

ဤကဲ့သို့ ပြတ်သားမာထန်သော ဆုံးဖြတ်ချက်စကား ကြားသော လူနာရှင်အန်တီကြီးကား ပြုံးလျှက်ကြည့်နေ၏

ထို့နောက် အချိန်အားဖြင့် ၂ပတ်ကြာသောအခါ

ဆေးခန်းသို့တဖန်လာရောက်သောလူနာရှင်အန်တီကြီးနှင့်အမိငယ်အဖြစ်ကား

အန်တီကြီးကား ကျောက်ကျောရေပက်ထားသလို ပြောင်ချောချောမျက်နှာ နှင့်

အမိငယ်ကား ထီပေါက်တဲ့လ မှ ချဲ ထပ်ပေါက်သလို ရှက်ပျော်ပြီး ကြွားဝါချင်သော မျက်နှာနှင့်

ဇာတ်ပေါင်းသော်
ကံ့ကော်ဂိုဏ်းချုပ် ပြောဖူးသလို ဝဋ်ကြွေးကျေချိန်တန်ရောက်လို့ ပျောက်တာပဲဟု

တွေးရမလို ရေးရမလို

(လူနာခွင့်ပြုချက်နှင့်တင်သည်။မော်ဒယ်ဟု မြှောက်ပြောထားသည်)

"အစကတော့ ဆီးသီးစေ့လောက်ပဲပျင်းလို့ ပွတ်ရင်း ပွတ်ရင်း ကြီးလာတာဗျတဖြည်းဖြည်းကြီးလာတော့    ကင်ဆာလား မသိ ဘာအလုံးမှန်းမသိတော့...
15/01/2022

"အစကတော့ ဆီးသီးစေ့လောက်ပဲ
ပျင်းလို့ ပွတ်ရင်း ပွတ်ရင်း ကြီးလာတာဗျ
တဖြည်းဖြည်းကြီးလာတော့

ကင်ဆာလား မသိ ဘာအလုံးမှန်းမသိတော့ တဖြည်းဖြည်းလန့်ပြီး ဆိုက်ကိုဖောက်နေလို့တဲ့ ဆရာ"

ဘယ်မှာလဲ ပြပါဦး ဆိုတော့
ညာဖက်လက်ဖျံမှာ

သေချာစမ်းသတ်ကြည့်တော့

"အဆီကြိတ်ပါပဲဗျ ခွဲလို့ရတယ်ခွဲမလား "ဆိုတော့

ချက်ချင်းလာခွဲရှာတယ် သူ့ခမျာ

ဆေးခန်းကပြန်တော့ သူ့အဆီကြိတ်လေးကို ဂရုတစိုက် ပြန်ယူသွားရှာလေရဲ့
. . . .

ဒါလေးကတော့ အော်ရီဂျင်နယ် ကံ့ကော်လေးပါခင်ဗျာ။ကံ့ကော် အထွေထွေရောဂါကုဆေးခန်း (၁) ‌ပါ။နေရာလေးက အနောက်မြို့ပတ်လမ်း၊ နိဗ္ဗာန်လ...
06/01/2022

ဒါလေးကတော့ အော်ရီဂျင်နယ် ကံ့ကော်လေးပါခင်ဗျာ။
ကံ့ကော် အထွေထွေရောဂါကုဆေးခန်း (၁) ‌ပါ။
နေရာလေးက အနောက်မြို့ပတ်လမ်း၊ နိဗ္ဗာန်လမ်းဆုံမီးပွိုင့်အနီး၊ ကံသာရပ်‌၊ တောင်ကြီးမြို့ မှာပါ။
ဖုန်း - 09796753556

၄ခုမြောက် “ကံ့ကော် အထွေထွေရောဂါကု ဆေးခန်း” ကို အေးသာယာမြို့သစ် မိန်းလမ်းမပေါ်တွင် စတင်ဖွင့်လှစ်ထားပြီး ကျန်းမာရေး ဝန်ဆော...
25/12/2021

၄ခုမြောက် “ကံ့ကော် အထွေထွေရောဂါကု ဆေးခန်း” ကို အေးသာယာမြို့သစ် မိန်းလမ်းမပေါ်တွင် စတင်ဖွင့်လှစ်ထားပြီး ကျန်းမာရေး ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ် 😊

25/12/2021
31/10/2021

မိုးကုန် ဆောင်းအကူးမှာ
ရာသီတုပ်ကွေးတွေ ပြန်အဖြစ်များလာပါတယ်။

ရာသီတုပ်ကွေး နဲ့ ကိုဗစ်ရောဂါ ဒီရောဂါနှစ်ခုက ရောဂါလက္ခဏာချင်းဆင်တူတာမို့ မပေါ့ဆစေချင်ပါ

ဘာပဲဖြစ်ဖြစ် သင့်တို့နဲ့အတူရှိမဲ့ ကံ့ကော်ပါ

28/07/2021

🛑 ရှမ်းပြည်နယ် တောင်ကြီးမြို့

မနက်ဖြန်(26.7.2021)မနက်ပိုင်းအတွက် ယနေ့ည(8:00) နာရီ အထိ ဆက်သွယ်စုံစမ်း၍ရရှိသော ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ
oxygen ရရှိနိုင်သည့်နေရာများကို စုစည်းဖော်ပြလိုက်ပါတယ်ရှင့်။⬇️

❗အိုးအရောင်း
🌱တောင်ကြီး
# စီးပွားရေးလုပ်ငန်း Pyae အောက်ဆီဂျင်
🚩၇/၁၂၀၊ အနောက်မြို့ပတ်လမ်း၊ ရတနာသီရိရပ်ကွက်၊ တောင်ကြီး
📞09402758303
📞09761366665
📞09777794314
40Lအိုး+အောက်စီဂျင် 450000
40Lအိုး+အောက်စီဂျင်တွဲလျက်ရောင်းပေးပါသည်။ တစ်ရက်နှစ်ရက်အတွင်းရမည် အောက်စီဂျင်သက်သက်ဆိုရင် ဒီ(၄/၅)ရက်အတွင်းရမည်၊ အဓိကကအပြတ်ရောင်းပေးတာပါ။
အရေးပေါ်လိုလာရင်လည်းပြောပေးပါကူညီပေးပါမယ်။ orderတင်လို့ရသေးပါသည်
၂ရက်နေ့ထိတော့orderပြည့်နေသည်၊
အခု order တင်ချင်လည်း ရပါသေးသည်။ oxygen အိုးအခွံ ၂ရက်လောက်ဆို ရနိုင်ပါသည်။(Available

❗အိုးလေဖြည့်
🌱တောင်ကြီး
# တစ်ဦးထဲသီးသန့် La Yeik Oo Account
📞09-886528005
Oxygen အိမ်အရောက် ဖြည့်ပေးသည်
အိုးကြီးတစ်အိုး 8000ကျပ်
အခု ၁/၂ ရက်အိုးလေဖြည့်တာ မရနိုင်သေးပါ
(ရမယ်ဆို fb acc မှာ ကြောငြာပေးသွားမည်။)
ဆေးဝါးနဲ့အစားအစာတွေလိုက်ဝယ်ပြီးပို့ပေးပါသည်
(အခကြေးငွေမလို ဝယ်မဲ့ပစ္စည်းတန်ဖိုးတော့ပေးရမည်။)
(Available)

❗အိုးအရောင်း
🌱တောင်ကြီး
# စီးပွားရေးလုပ်ငန်းထား၀ရ်သူလေး online Shop
📞09968169236
Oxygen အိုးအလွတ်နှင့် Flowmeter ရောင်းပေးပါသည်. Online Shop ဖြစ်နေသော်လည်း လိုအပ်သူများရှိနိုင်သည်မို့ ထည့်ပေးထားခြင်း ဖြစ်သည်. လူလိမ် page ဟုတ်မဟုတ် မသိပါ
Oximeter(25000,30000,35000), flowmeter(26.07.21 or လကုန် ရနိုင်သည်),
သွေးပေါင်ချိန်စက်(42000,48000) instock, Hand Gel, ရေနွေးငွေ့စက်,PPE, oxygen အိုးလွတ်အကုန်ရသည် page မှာသွားမေးလို့ရပါသည်
(Available)

❗အိုးအရောင်း
🌱တောင်ကြီး
# စီးပွားရေးလုပ်ငန်းအောင်ပြည့်ဖြိုး
🚩အနောက်မြို့ပတ်လမ်း ကံသာဓမာရုံ မျက်နှာချင်းဆိုင် ကံသာရပ် တောင်ကြီးမြို့
📞09428338028
📞 09458041183
📞09253153990
(အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပါသည်)
oxygen ဖြည့်ရင် 10L=3500,
40Lတစ်ဝက် = 13000
10 L အိုးသေးရောင်းပေးနိုင်သည်
ဒီနေ့ညနေ၆နာရီလောက် oxygen ဖြည့်ပေးနိုင်သည်
ရှိသလောက်ဖြည့်ပေးမည်
40Lအိုးဆိုတစ်ဝက်ပဲဖြည့်ပေးမည်
(Available)

❗အိုးအငှား
🌱တောင်ကြီး
# ပရဟိတအသင်းအဖွဲ့မေတ္တာရှင်အသင်း
📞095280289
📞081-205282
📞081-205194
📞0936162049
📞09899460664
O2ဖြည့်ပြီးသား အိုးတွေကို 15 ရက်တိတိ ငှားပေးသည်
(Available)

Get O2 MM ၏ Call team မှ ကြိုတင်ဆက်သွယ်အတည်ပြုပြီးဖြစ်သော်
လည်းအချိန်ကွာဟမှုအနည်းငယ်ရှိနိုင်သောကြောင့် ပိုမိုသေချာမှုရှိစေရန်မိမိတို့သွားမည့်
နေရာများကို မသွားခင် ☎️ ဖုန်းဖြင့်
ထပ်မံမေးမြန်းပေးပါရန် အကြံပြုလိုက်ပါရစေ🙏🙏





ကိုဗစ် အသစ်နဲ့ အဟောင်း ဘာကွာသလဲ အနံ့ ပျောက်မှ အရသာပျက်မှ ဖျားမှ လား က်ိုဗစ်က ကိုယ့်ဆီက်ို ဘယ်နေရာကနေ လာမယ်မသိနိုင်ပါဘူးမ...
02/07/2021

ကိုဗစ် အသစ်နဲ့ အဟောင်း ဘာကွာသလဲ

အနံ့ ပျောက်မှ အရသာပျက်မှ ဖျားမှ လား

က်ိုဗစ်က ကိုယ့်ဆီက်ို ဘယ်နေရာကနေ လာမယ်မသိနိုင်ပါဘူး

မက်စ် တပ်

လက်ဆေး

လူများတာ တတ်နိုင်သလောက်ရှောင်ပေးပါ

ကျနော်တို့ကံ့ကော်ဆေးခန်းမှ လာတဲ့လူနာတိုင်း တယာက်ကို မက်စ်တခု ပေးပါသည်။

22/06/2021

Credit to original uploader

အတော်လေးပြည့်စုံလို့ မလိုအပ်တာများဖယိထုတ်ပီး အသေအချာ စာပြန်စီပေးထားပါတယ်
Cr # ပါ။
စာကို အစအဆုံး ​ဖတ်ပီး ရောဂါအကြောင်းတွေ လေ့လာစေချင်ပါသည်။

ကျန်းမာကြပါစေ 🙏🙏🙏
အမွှာတို့မေမေ

လေးဘက်နာ

ဘာကြောင့် လေးဘက်နာ လို့ ခေါ်သလဲ ?

လက်နှစ်ချောင်း ၊ ခြေ နှစ်ချောင်း က အဆစ်တွေ အား လုံးနာ လို့ လေးဘက်နာ လို့ လွယ်လွယ် ခေါ် ပေ မယ့် အင်္ဂ လိပ်ဆေး ခေါ် အနောက်တိုင်းဆေး အခေါ်အဝေါ်မှာ တော့ တော်တော် လေးကွဲကွဲ ပြားပြား ခေါ် ကြပါတယ်။

၁-Rheumatic arthritis -ပိုးလေးဘက်နာ (အသက်ရှူ လမ်းကြောင်း သို့မဟုတ် အရေပြား ကနေ ပိုးဓင်ရာ ကနေ အဆစ်တွေ ရောင်လာတာပါ။ ကလေးတွေမှာ အဖြစ်များပါတယ်။ ပင်နယ်ဆလင် ထိုးရင် သက်သာ ပျောက်ကင်းပါတယ်။

၂- Gouty arthritis (ဂေါက် ခေါ် ယူရစ်အက်ဆစ် များပြီး အဆစ်ရောင်တဲ့ ရောဂါ ) အမျိုးသားတွေ မှာ အဖြစ်များပါတယ်။

၃-Rheumatoid arthritis (သွေးလေးဘက်နာ ) -အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ အကြောင်းရင်း မရှိဘဲ သူ့အလိုလို ဖြစ်တဲ့ရောဂါ

၄-SLE -အရေပြား လေးဘက်နာ -သူ့ အလို အလျောက်ဖြစ်တဲ့ရောဂါ ၊ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်

၅-Osteo arthritis (ဒူး ဆစ်တွေ နာကျင် ရောင်ရမ်းခြင်း) -ဝ တဲ့ အမျိုးသမီးတွေ မှာ ဖြစ်တတ်ပါတယ်။

လေးဘက်နာ ရောဂါနှင့် ဂေါက်ရောဂါ (လုံး၀) မတူပါ

လူအများစု ရောထွေး နေတတ်သည့် လေးဘက်နာ ရောဂါ (Rheumatic fever) နှင့် ဂေါက်ရောဂါ (Gout) အကြောင်း အနည်းအကျဉ်း ရှင်းပြလိုပါသည်။ ထိုရောဂါနှစ်ခုမှာ အဆစ်အမြစ်ကိုက်ခဲခြင်း (joint pain) တူညီသော်ငြားလည်း ရောဂါဖြစ်ပေါ်ရခြင်း အခြေခံ အကြောင်း တရားချင်း လုံး၀ တူညီမှု မရှိသလို ကုသမှုသည်လည်း ကွဲပြားပါသည်။
လေးဘက်နာရောဂါ (Rheumatic fever) လေးဘက်နာ ရောဂါသည် Streptococcus ဟုခေါ်သည့် ဘက်တီရီးယား ပိုးကြောင့် ဖြစ်ရသော ရောဂါ ဖြစ်ပါသည်။ ကလေးအသက် ၆နှစ်မှ ၁၅နှစ်အတွင်းတွင် ၎င်းပိုးကြောင့် လည်ချောင်း ခဏခဏ နာခြင်းမှ ဆက်၍ လေးဘက်နာ ရောဂါ ဖြစ်ပေါ် နိုင်ပါသည်။
ထိုရောဂါကြောင့် အဓိက ထိခိုက်နိုင်သော အင်္ဂါများမှာ အဆစ်နှင့် နှလုံးတို့ ဖြစ်ပါသည်။ ရောဂါ လက္ခဏာ များကတော့ ကိုယ်လက် ကိုက်ခဲခြင်း၊ အဆစ်အမြစ် ရောင်ခြင်း၊ အဖျားတက်ခြင်းနှင့် နှာခေါင်းသွေးယိုခြင်း တို့ဖြစ်သည်။

လေးဘက်နာ ရောဂါ A*O test စစ်ခြင်းဖြင့် သိနိုင်ပါသည်။
Normal A*O test range သည် ၂၀၀ ဖြစ်ပါသည်။ ထိုထက်များပါက ရောဂါရှိသည်ဟု ဆိုနိုင်ပါသည်။ လေးဘက်နာ ရောဂါသည် ဘက်တီးရီးယား ပိုးကြောင့် ဖြစ်သောရောဂါ ဖြစ်သည့် အားလျော်စွာ ၎င်းကို ပိုးသတ်ဆေး (antibiotics များ) နှင့် ကုသလေ့ ရှိပါသည်။

ရုတ်တရက် ဆိုးရွားစွာ ဖြစ်ပေါ်လာသော လေးဘက်နာ အတွက် အကိုက်အခဲ ပျောက်ဆေး၊ အရောင်ကျဆေး များဖြင့် ကုသတတ်သလို ရောဂါ ပြန်ဖြစ်ခြင်းမှ ကာကွယ်ရန်လည်း antibiotics ဆေးဆ အနည်းငယ်ကို နှစ်ရှည် သောက်ရ တတ်သည်။ ထို့သို့ မသောက်ပါက ပြန်ဖြစ်တတ်သည့် ရောဂါမျိုး ဖြစ်ပါသည်။

ဂေါက်ရောဂါ (Gout) ဂေါက်ရောဂါ ဖြစ်ရခြင်း အကြောင်းမှာ သွေးထဲတွင် Uric acid များနေခြင်းကြောင့် ဖြစ်ရပါသည်။ အဆစ်အမြစ်များတွင် Uric acid crystal များအနည်ထိုင်ခြင်းမှ အဆစ်အမြစ် ကိုက်ခဲ စေပါသည်။ Uric acid ကိုခန္ဓာကိုယ်တွင်းရှိ purine ပြိုကွဲခြင်းမှ ရရှိပါသည်။ ထိုကြောင့် purine များသော အစားအစာများကို ဂေါက်ရောဂါရှင်များ ရှောင်ရတတ်ပါသည်။ purine များသော အစားအစာအချို့မှာ ကလီစာများ၊ ပန်းဂေါ်ဖီ၊ မှို၊ ပဲ နှင့် beer တို့ဖြစ်ပါသည်။ များသော အားဖြင့်တော့ လူကြီးများက မြေအောက်မှာ ပေါက်သော အစားအစာများဟု မှတ်ထား တတ်ကြပါသည်။

ဂေါက်ရောဂါတွင် အဆစ်အမြစ် များသည် နီ၊ ပူပြီး ရောင်ရမ်းလေ့ ရှိပါသည်။ ကုသမှု အနေဖြင့်တော့ အကိုက်အခဲ ပျောက်ဆေးများ၊ steroid များဖြင့် ကုသလေ့ ရှိပါသည်။ အစားအစာ အနေနှင့် strawberry, cherry, lemonနှင့် ငှက်ပျောသီးတို့သည် ဂေါက်ရောဂါ လက္ခဏာ အတွက် အထူး သင့်လျော်ပါသည်။

နိဂုံးချုပ် အားဖြင့် ရောဂါနှစ်ခုမှာ လက္ခဏာခြင်း တူသော်လည်း ဖြစ်ပေါ်ပုံ အခြေခံ အကြောင်းအရင်းခြင်း မတူသလို ကုသပုံမှာလည်း ကွဲပြားပါသည်။ အစားအစာ အနေနှင့် လေးဖက်နာတွင် ရှောင်ကြဉ်ရန် မလိုသော်လည်း ဂေါက်ရောဂါအတွက်တော့ အစား ရှောင်ခြင်းသည် ကုသမှုအတွက် များစွာ အထောက်အကူ ဖြစ်ပါသည်။

ဂေါက်အကြောင်း ပြောပြပြီးပြီ မို့
သွေးလေးဘက်နာ ခေါ် RA (rheumatoid arthritis) အကြောင်းလေးဂသိသလောက် ပြောပြပါ့မယ်။
RA က အမျိုးသမီး တွေမှာ အဖြစ်များပါတယ်။
ကိုယ်ခံ အားစနစ် သူ့အလိုလို ပျက်စီးတဲ့ ရောဂါ (autoimmune) ကြောင့် ဖြစ်ပါတယ်။ကိုယ်ခံအား စနစ်က မိမိ အဆစ်တွေ ကို မိမိ ပြန်လည် တိုက်ခိုက်တဲ့ရောဂါပါ။

ဒီနေ့ အစား အသောက်အနေ အထိုင်တွေ ပုံစံ ပြောင်းလဲ လာတာနဲ့ ဒီရောဂါ ဖြစ်တဲ့ သူတွေ လည်း ပိုများလာပါတယ်။
ရောဂါ လက္ခဏာကတော့ ခြေချောင်း ၊ လက်ချောင်း အသေးလေးတွေ က စသိသာလာပါတယ်။ မနက် အိပ်ရာ ထရင် လက်ချောင်း လေးတွေ ကွေးရ ခက်ပြီး တင်းနေတတ်ပါတယ်။
သွေးကို စစ်တဲ့ အခါမှာ RA ရှိမရှိ စစ်ရုံ နဲ့ မမှန် နိုင်ပါဘူး။
Anti CCP သို့မဟုတ် ENA Penal ကို စစ်ဆေးမှ RA ဟုတ်/ မဟုတ် သေချာပါမယ်။
သေချာအောင် စစ်သင့်ပါတယ်။ ဘာကြောင့် လဲ ဆိုရင် -RA ခေါ် သွေးလေးဘက်နာ ဆိုရင် မပျောက်ပါဘူး ။ ရောဂါ အနည်းငယ် သက်သာ အောင်သာ ကုလို့ ရပါမယ်။ မကြာခဏ အဆစ် ပြန်နာ နိုင်တဲ့ အပြင် လက်ချောင်း လေးတွေ ကွေး ကုန်တဲ့ အထိလည်း အရုပ် ဆိုးသွားတတ်ပါတယ်။

❤️ပိုးလေးဘက်နာ (Rheumatic arthritis) အကြောင်းပြောပါအုံးဆိုသူတွေ အတွက်❤️

ပိုးလေးဘက်နာ (Rheumatic fever) ဆိုတာ အသက် ၅ နှစ်ကနေ ၁၄ နှစ်အတွင်း အရွယ်တွေမှာ အဖြစ်များပါတယ်။ streptococci ဆိုတဲ့ လေထဲမှာရှိနေတဲ့ ပိုး ကိုရှူရှိုက်မိရာကနေ သို့မဟုတ် လက်မှာ ကပ်ညိနေတဲ့ ပိုးကို အစာနဲ့ အတူ စားမိသွားရင် ဖြစ်စေ အာသီး ရောင် ရာ ကနေ တစ်ဆင့် ဖြစ်တဲ့ ရောဂါပါ။ အာသီးရောင် ပြီး ၃ ပတ် ၄ ပတ် အကြာ မှာ ဒီရောဂါ ဖြစ်တတ်ပါတယ်။

ဖွံ့ဖြိုးတိုးတက် ပြီးသန့်ရှင်းတဲ့ နိုင်ငံ တွေမှာ တွေ့ရခဲ ပေမယ့် မြန်မာ နိုင်ငံ လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ မှာတော့ အတော် အဖြစ်များတဲ့ ရောဂါပါ။ ခန္ဓာ ကိုယ်ထဲ ဝင်ရောက် သွားတဲ့ ရောဂါ ပိုးဟာ မိမိ ခန္ဓာ ကိုယ်ရဲ့ ကိုယ်ခံ အားစနစ် ကို တိုက်ခိုက် ဖျက်ဆီးရာကနေ ရောဂါ လက္ခဏာ တွေ ပြလာ ပါတော့တယ်။❤️

အောက်ပါ ရောဂါ လက္ခဏာ တွေ ထဲမှာ အုပ်စု အေ က ၂ မှတ်နဲ့ အုပ်စု ဘီ ရောဂါ လက္ခဏာ တွေ ကို ၁ မှတ် ပေးကြည့် လိုက်ပါ။
၂+၂= ၄ သို့မဟုတ် ၂+၁+၁ = ၄ အဖြေ တွေ ထွက် မယ် ဆိုရင် Rheumatic fever လို့ သတ်မှတ် နိုင်ပါပြီးဂ( အဆစ်လေးနာပြီး A*O တက်ရုံနဲ့ ပိုးလေးဘက်နာ မဟုတ်ပါ။)

❤️ ရောဂါ လက္ခဏာ အုပ်စုအေ များ (major criteria)
၁-အဆစ်ရောင်ခြင်း (တစ်ကိုယ်လုံးက အဆစ်တွေ ရောင်ပြီး အဆစ်တစ်ခုကနေ တစ်ခု ရွှေ့ပြီးရောင်ပါတယ်။)=၂မှတ်
၂-နှလုံးရောင်ခြင်း =၂မှတ်
၃-subcutaneous nodule ခေါ် အဆစ်ဘေး အရေပြားမှာ အလုံးလေးပေါ်ခြင်း = ၂မှတ်
၄- chorea ခေါ် ခြေ၊ လက်၊ ခေါင်း လှုပ်ရှာ မှုများ ပုံမှန် မဟုတ်ခြင်း = ၂မှတ်
၅-skin rash ခေါ်အရေပြား တွင် အနီပြင် များထခြင်း= ၂မှတ်
အထက်ပါ ၅ ခုထဲက ၂ ခု ဖြစ် နေရင် (၂+၂=၄)---ပိုးလေးဘက်နာ ဟုတ်ပါတယ်။
သို့မဟုတ် ဒီ လက္ခဏာ ၅ ခု ထဲက တစ်ခုနဲ့ အောက်ပါ လက္ခဏာ၅ ခု ထဲက နှစ်ခု (၂+၁+၁= ၄) --ပိုး လေးဘက်နာ ဟုတ်ပါတယ်။

ရောဂါ လက္ခဏာ အုပ်စု ဘီ( minor criteria)
၁-ဖျားခြင်း =၁ မှတ်
၂-သွေးစစ်ကြည့်လျှင် ESR မြင့်နေခြင်း = ၁မှတ်
၃- အဆစ်များ နာခြင်း = ၁မှတ်
၄- ECG အဖြေ ပုံမှန် မဟုတ်ခြင်း = ၁မှတ်
၅- A*O နှင့် CRP သွေးအဖြေ များ မြင့်တက်နေ ခြင်း= ၁မှတ်
ဒီ ရောဂါ လက္ခဏာ အုပ်စု ဘီ က ၁+၁+၁+၁= ၄ ဆိုရင် လည်း ပိုးလေး ဘက်နာ လို့ မသတ်မှတ် နိုင်ပါ။
❤️
လေးဘက်နာ ဖြစ်ရင် ဘယ်လို ကုမလဲ
၁-အရောင်ကျဆေးများ -ibuprofen နဲ့ asprin ဆေးတွေ သောက်ရ ပါမယ်။ ၁၆ နှစ်အောက် ကလေးတွေ မှာတော့ asprin ကို သတိ ထားပြီးပေးရပါမယ်။ Reye's syndrome ဆိုတာ ဖြစ်တတ် လို့ပါ။
နှလုံးပါ ရောင်တဲ့ အဆင့်ထိ ဖြစ်တယ် ဆိုရင်တော့ စတီးရိုက် လို့ ခေါ်တဲ့ prednisone ဆေးတွေ ပေးရပါမယ်။

၂- antibiotic ( ပိုးသေဆေး )- ပင်နယ်ဆလင် ကတော့ ပိုးလေးဘက် နာ အတွက် အကောင်း ဆုံးဆေးဖြစ်ပါတယ်။ ပေးတဲ့ ရည် ရွယ်ချက်က streptococcus ပိုးတွေ ခန္ဓာ ကိုယ်ထဲ နောက်ထပ် မဝင်ရောက် အောင် ကာကွယ် ခြင်း ဖြစ်ပါတယ်။ ပင်နယ် ဆလင် ထိုးဆေးကို သုံးပတ် တစ် ကြိမ် သို့မဟုတ် ၂ ပတ် တစ်ကြိမ် ထိုးသင့်ပါတယ်။ ဆေးကို အနည်း ဆုံး ၅ နှစ် သို့မဟုတ် ကလေးအသက် ၁၈ နှစ် ပြည့် သည် ထိ ထိုးရမှာပါ။ နှလုံး ရောင်တဲ့ အဆင့် ထိ ဖြစ်ရင်တော့ အသက် ၂၄ နှစ် ထိ အနည်းဆုံးထိုးရပါမယ်။ နှလုံး အဆို့ လေးတွေ ပျက်စီး တဲ့ အဆင့် ရောက်သွား ရင်တော့ အသက် ၄၀ မှ ၄၅ နှစ် အထိ ထိုး ရပါမယ်။ ထိုးဆေး အစား သောက်ဆေး သုံးခြင်း ကို တစ်ချို့ နိုင်ငံ တွေမှာလက်ခံ ပေမယ့် တချို့ နိုင်ငံ တွေ မှာ တော့ အားမပေးပါ ဘူး ။ ထိုးဆေး သာ လျှင် ထိရောက်ပါ တယ် ဆိုတဲ့ စာတမ်းတွေ လည်း လုပ်ထားကြတာ တွေ့ရပါတယ်။
၃- bed rest အိပ်ရာထဲ တွင် အနားယူခြင်း - ပိုးလေးဘက်နာ ဟာ နှလုံး ရောင်ရမ်းခြင်း ၊ နှလုံး အဆို့ များ ပျက်စီး သွား ခြင်း ၊ နာတာ ရှည် နှလုံး ရောဂါ ဖြစ်သွား ခြင်း တို့ အထိ ဖြစ်နိုင် သောကြောင့် အိပ်ရာ ထဲမှာ ရက်ရှည် အနား ယူခြင်းဖြင့် နှလုံး ထိခိုက်မှု ကို လျော့ ကျ စေမှာ ဖြစ်ပါတယ်။

❤️ပိုးလေးဘက်နာ ဘယ်လို လူမျိုးမှာ ပို ဖြစ်သလဲ
၁-မျိုးရိုးလိုက်ပါတယ် ။ ဝင်သွားတဲ့ ပိုးချင်း တူပေမယ့် တချို့ မိသား စုတွေ မှာ ပိုးလေး ဘက်နာ မဖြစ်ပဲ အာသီး ရောင် ရုံ နဲ့တင် ပြီး သွားကြပြီး တချို့ မိသားစု တွေ မှာ တော့ ပိုးလေး ဘက်နာ အဆင့် ထိ ရောက်သွားပါတယ်။
၂-streptococcus ပိုး အမျိုးအစား
၃- ပတ်ဝန်း ကျင် ညစ်ညမ်းမှု

❤️အစာ လည်းဆေး ဆေးလည်းအစာ ဘာတွေ စားမလဲ
၁-များများ စားရမည့် အစာ အုပ်စု--ကွေကာ ၊ ပန်းသီး ကဲ့သို့ အမျှင် ဓါတ်များသော အစားအစာများ ၊ တောကြက် သား ၊ ပင်လယ်စာ၊ ဂျုံ နှံ ၊ ဗီတာ မင်အီး၊ ဘီတာမင်အေ နှင့် ဘီတာမင်စီ ပါသော အစားအစာများ
၂-လျှော့စားရန် --အသား ၊ အထူးသဖြင့် အဆီပါသော အသားများ ၊ ကလီစာ၊ ဥ အမျိုးမျိုး ၊အဆီ မထုတ်ထားသော နို့၊ ကိုလက်စရော များသော အစားအစာများ။ပြည့်ဝ ဆီများ။
၃-လုံးဝရှောင်ရန် --ဆေးလိပ် ၊ အငံ

Credit - ဒေါက်တာ မိုး

RA (သွေးလေးဘက်နာ သက်သာအောင် ဘယ်လို ကုမလဲ
--------------------------------------------------
စတီးရိုက်ခေါ် အရောင် ကျဆေးတွေ ရယ်၊ အကိုက်ခဲ ပျောက်ဆေးတွေရယ်၊ လက်ချောင်း၊ ခြေ ချောင်းလေးတွေ ကွေး ကောက် မသွားအောင် သောက်ရတဲ့ ဆေးတွေရယ်။
ဆေးတွေ ဟာ လူကို လည်း ဥပါဒ် ဖြစ်စေတဲ့ ဆေးတွေ မို့ တတ်ကျွမ်း နားလည်သော ဆရာဝန်နဲ့ လစဉ် ပြသ ပြီး ကုသဖို့ လိုပါတယ်။
ဆေးတွေ အရမ်း သောက်လို့ မရပါဘူး။
အန္တရာယ် ကင်းပေမယ့် အင်္ဂ လိပ်ဆေးလောက် သက်သာတာ မမြန်တဲ့ မြန်မာ ဆေးက တော့ နနွင်းပါ။ နနွင်း ဟာ အဆစ်ရောင် ခြင်း မျိုးစုံ ကို သက်သာ ပျောက် ကင်းစေကြောင်း အမေရိက မှာ ရော တရုတ် နိုင်ငံ မှာပါ ပြု လုပ်တဲ့ သုတေသန တွေ က သက်သေ ပြသွား ခဲ့ပါပြီ။

RA ဖြစ်တဲ့ သူ ဘာတွေ စားရင် ပို ဆိုး မလဲ
------------------------------------
ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အစားအစာတွေ စားရင် ပိုဆိုးပါမယ်။ ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ အစားအစာတွေကတော့
၁-သကြား ပါသော အစားအစာများ - ကော်ဖီ၊ လက္ဘက်ရည် ၊ ချိုချဉ်၊ ချောကလက် ၊ Donuts
၂-ဟင်းသီးဟင်းရွက်ဆီ ၊ စားအုန်းဆီ၊ နေကြာဆီ၊ ပဲပုပ်စေ့ဆီ ၊မာဂျရင်း။-ရေင်ရမ်းခြင်းကို ဖြစ်စေသော အိုမီဂါ 6 ပါဝင်ပြီး အရောင်ကျစေသော အိုမီဂါ 3 fatty acid မပါဝင်သောကြောင့် မစားသင့်ပါ။
၃-ဆီနှင့်ကြော်ထားသော အစားအစာများ - အာလူးကြော်၊ ကြက်သားကြော်၊ငါး အချောင်းကြော်၊ဘယာကြော်၊ တို့ဟူးကြော်။
၄-ဂျုံကို နူးညံ့အောင် ပြု ပြင်ထားသော အစာများ -ပီဇာ၊ခရက်ကာ၊ ပေါင်မုန့်ဖြူ
၅- နို့ ၊ထောပတ် ၊ ဒိန်ချဉ် ၊နို့ဆီ - ဒ်ိန် ချဉ်ကို အသင့်အတင့် စားသင့်သော်လည်း ကျန် နို့ထွက်ပစ္စည်း များ ကတော့ ရောင်ရမ်းခြင်းကို ပို ဖြစ်စေလို့ ရှောင်ရမှာပါ။
၆-သကြားအတု
၇-အစားအသောက် ကို ပိုမိုစွဲ ဆောင်မှုရှိအောင် ထည့်သော အရောင် နှင့် အနံ့များ
၈-ပြည့်ဝဆီပါသော မုန့်များ -ဘာဂါ၊ပီဇာ
၉-အနီရောင် အသားများ
၁၀- စည်သွပ်ထားသော အသားများ
၁၁-အရက်၊ ဝိုင်၊ ဘီယာ

စားစရာ ဘာမှ မကျန်တော့ ပါလားလို့ မညည်းပါနဲ့
အောက်ပါ အစားအသောက်တွေ ကို စားခြင်းဖြင့် အဆစ်နာ ခြင်းမှ ကင်းဝေးပါ လိမ့်မယ်။
၁-အိုမီဂါ 3နှင့် ဗိုက်တာမင် ဒီ ကြွယ်ဝသောအစား အစာများ - ငါး၊ ငါးအဆီ၊ ဖရုံစေ့၊နေကြာစေ့၊ သစ်ကြားသီး ၊ဗာဒံ စေ့၊ flax seed ခေါ် မိကျောင်းလျှော်စေ့။
၂- ကြက်သွန်ဖြူ၊ဂျင်း၊နနွင်း၊ သစ်ကြံပိုး၊နံနံစေ့။
၃-စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ချယ်ရီ၊ လိမော်၊ သံပရာ၊သရက်သီး၊ကီဝီသီး၊ စပျစ်သီး ၊ သင်္ဘောသီး ၊ထောပတ်သီး။
၄-အစိမ်းရောင် ရှိသော အရွက်များ - ဟင်းနုနယ်ရွက်၊ ကန်စွန်းရွက်၊ မုန်ညင်းရွက်၊ကိုက်လန်ရွက်၊ပန်းမုံလာ၊ဘရိုကိုလီ။
၅-ခရမ်းသီး၊အာလူး။ကန်စွန်းဥ။ခါကျက်ဥ ခေါ် မုံလာဥဝါ။
၆-ဗီတာမင်-စီ၊ဒီ၊အီး၊ ဘီစစ်၊ဂဘီတွဲ၊ မဂ္ဂနီဆီယမ်၊ ကယ်လ် စီယမ်၊ ဇင့်၊ စီလီ နီယမ် သောက်ပါ။
၇-မပြုပြင်ထားသောဂျုံ (ဂျုံကြမ်း ) စားပါ။ကွေကာ စားပါ။
၈-ပန်းသီးရှာလကာ ရည် နှင့် ပျားရည်
၉-ကညွတ် -ဂေါက် အဆစ်ရောင် ရောဂါ အတွက် မတည့်ပေမယ့် RA အဆစ်ရောင်သူ စားသင့်ပါတယ်။
၁၀- သံလွင်ဆီ စားပါ။ ဟင်းချက်ရာမှာ သုံးသုံး နနွင်းနဲ့ ဖျော်သောက်သောက် ၊ သူ့ချည်း သောက်သောက် အဆစ်ရောင် ကျစေပါတယ်။
၁၁-fish oil ခေါ် အိုမီဂါ 3ငါးကြီးဆီ နေ့စဉ်စားပါ။
၁၂-ခရု ၊ ဂဏန်း ၊ ယောက်သွား စားပါ။
၁၃-ပရိုဘိုင်အိုးတစ်စားပါ။

SLE ဆိုတာဘာလဲ...?

SLE ဆိုတာက အရေပြားရောဂါကိုဆိုလိုပြီး အပြည့်အစုံက(Systemic Lupus Erythematosus)ဖြစ်ပါတယ်။

အရေပြားလေးဘက်နာရောဂါဟာ(Lupus)လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ဒီပိုးဟာ နာတာရှည် ဖူးရောင်တတ်တဲ့ပိုး(Lupus is a chronic inflammatory disease)ဖြစ်ပါတယ်။သူဟာ ကူးစက်ရောဂါ မဟုတ်ပါဘူး။ကိုယ်ခံအားစနစ် ပြောင်းလဲဖြစ်တည်သွားတဲ့ရောဂါပါ။တနည်းအားဖြင့် ကိုယ်ခံအားထကြွတဲ့(Autoimmune)ရောဂါတစ်ခုပါ။

ကိုယ့်ဆီကိုကိုယ့်ဆီကနေသူများဆီကိုမကူးဘူး..သူများဆီကရောဂါတွေက ကူးလာတတ်ပါတယ်။မျိုးရိုးနဲ့အနည်းအပါးဆိုင်ပေမဲ့ လေထု၊နေထု၊ရေထု၊လူမှုပတ်ဝန်းကျင်နဲ့လည်း သက်ဆိုင်ပါတယ်။အရေပြားရောဂါက အမြင့်ဆုံးလေးဘက်နာလို့ ပြောလို့ရတယ်။ကျောက်ကပ်ပျက်စီးပြီး ဆီးသွားရင် နာကျင်တတ်တယ်။ပြီးတော့..နေရောင်ခြည်ထိ့တွေ့လို့မရဘူး။

အစားအသောက်ကို အသား၊ငါး၊ဟင်းသီး၊ဟင်းရွက် မျှတမှုရှိအောင် စားတတ်ဖို့လိုပါတယ်။အသင့်ပြုလုပ်ပြီးသား အစားအစာနှင့်မကျက်တကျက် အစားအစာများ လုံးဝမစားသုံပါနဲ့။

ရောဂါတစ်ခု ဖြစ်လာရင် သူ့နဲ့ပတ်သက်တဲ့ အကျိုးသက်ရောက်မှု(Affect)ဆိုးကျိုးတွေက အများကြီးပါ။

That can affect many different parts of the body.
ဒီပိုးကြောင့် မိမိ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ မတူညီတဲ့ ရောဂါလက္ခဏာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။

Lupus can cause damage to the skin, joints, kidneys, lungs, blood cells, heart, and brain.

Lupus ပိုးကြောင့် အရေပြား၊အဆစ်၊ကျောက်ကပ်၊အဆုပ်၊သွေးကလာပ်စည်းများ၊နှလုံး နှင့် ဦးနှောက်ပိုင်းဆိုင်ရာများကို ပျက်စီးဆုံးစေပါတယ်။

ဒီရောဂါဟာ အမျိုးသားတွေမှာ အဖြစ်နည်းပြီး အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။

ဒီရောဂါ ကျရောက်လာပြီဆိုရင်တော့....ခန္ဓာကိုယ်အစိတ်အပိုင်းလိုက် မတူညီတဲ့ ဆိုးကျိုးတွေ ကြုံတွေ့လာရမှာ ဧကံမလွဲပါ၊၊

ဥပအားဖြင့်...👇

Brain and Nervous system Headaches, numbness, tingling, seizures, vision problems, personality change.
ဦးနှောက်နှင့်အာရုံကြောစနစ်မှာကြတော့.. ခေါင်းကိုက်ခြင်း၊ ထုံခြင်း၊စပ်ဖျင်းဖျင်းခံစားရခြင်း၊လေသင်တုန်းဖြတ်ခြင်း၊ ရူပါရုံကိုပြဿနာများ နှင့် ကိုယ်ရည်ကိုယ်သွေးအပြောင်းအလဲများ ဖြစ်ပေါ်တတ်ပါတယ်။

Digestive tract abdominal pain, nausea, vomiting.
အစာခြေဖျက်တဲ့အပိုင်းမှာကျတော့..ဝမ်းဗိုက်နာကျင်မှု၊မအီမသာဖြစ်ခြင်း၊ပျို့ခြင်း၊အန်ခြင်းများဖြစ်တတ်ပါတယ်။

Heart. abnormal heart rhythms (arrhythmias)
နှလုံးနဲ့ပတ်သက်လာရင်တော့..နှလုံးခုန် ပုံမှန်မဟုတ်ခြင်း။

Lung. coughing up blood and difficulty breathing.
အဆုပ်နဲ့ပတ်သက်လာရင်တော့..ချောင်းဆိုးရင် သွေးပါတတ်ခြင်း၊အသက်ရှုမဝခြင်းနှင့်ခက်ခဲခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

Skin. patchy skin color, fingers turning white/blue and tingle when cold (Raynaud's syndrome)
အရေပြားနဲ့ပတ်သက်ပြီးတော့..ခန္ဓာကိုယ်ပေါ်၌ လိပ်ပြာတောင်အနီရောင်အကွက်များ ဟိုတစ်ကွက် ဒီတစ်ကွက်ပေါ်လာတတ်ခြင်း၊လက်အချောင်းလေးတွေမှာ အဖြူရောင်၊အနီရောင်၊အပြာရောင်အကွက်လေးများပေါ်လာပြီး စပ်ဖျင်းဖျင်းဖြစ်တတ်ခြင်း။ခပ်စိပ်စိပ် ဖျားနာတတ်ခြင်း၊အားအင်ကုန်ခမ်းပြီး နုံးချိခြင်းများ။

Kidney. swelling in the legs, weight gain
ကျောက်ကပ်နဲ့ပတ်သက်ပြီးတော့..ခြေထောက်တွေရောင်လာမယ်၊ပြီးတော့ ခန္ဓာကိုယ်ဝိတ်တက်ပြီးအလေးချိန်တိုးလာမယ်။
နောက်ထပ် ဖြစ်ပေါ်တတ်တဲ့ ပြသနာတွေကတော့..
FatigueHair loss(ဆံပင်ကျွက်ခြင်း၊ဆံပင်နည်းပါးလာခြင်း)

Joints(အဆစ်များ ကိုက်ခဲခြင်း)

Anaemia(သွေးအားနည်းရောဂါ)

Blood-clotting problems(သွေးခဲတတ်တဲ့ပြသနာများ)

Mouth sores(ပါးစပ်နာကျင်ခြင်း)

Swollen lymph nodes(မိမိ၏ နှာခေါင်း၊နှာဖြားအထက်မှာ အရည်ကြည်ဖုလေးများ ပေါ်လာပြီး ဖူးရောင်တတ်ခြင်း)

Chest pain when taking a deep breath(စကားကျယ်လောင်စွာပြောဆိုသည့်အခါ၊အသက်ပြင်းပြင်းရှုသွင်းတဲ့အခါများ၌ မိမိ၏ ရင်ဘက်နာကျင်ခြင်းများ ဖြစ်ပေါ်တတ်သည့်အပြင် အိပ်မပျော်ခြင်းများလည်း ဖြစ်ပေါ်တတ်ပါတယ်။ရံဖန်ရံခါ၌ အကျိတ်များလည်း ဖြစ်ပေါ်တတ်ပါတယ် ။

မြန်မာပြည်နှင့် အကြောဆေးထိုးချင်တဲ့ရောဂါအားဆေးဆိုပြီး..ပေါ့ပေါ့ဆဆ..သဘောမထားသင့်သော..မော်ရီယာမင်းထိုးဆေး..သောက်ဆေး..°°°°°...
13/05/2021

မြန်မာပြည်နှင့် အကြောဆေးထိုးချင်တဲ့ရောဂါ

အားဆေးဆိုပြီး..
ပေါ့ပေါ့ဆဆ..သဘောမထားသင့်သော..
မော်ရီယာမင်းထိုးဆေး..
သောက်ဆေး..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

"ဆရာ..
မော်ရီယာမင်းထိုးချင်လို့ပါ"

"ဂျပန်မော်ရီယာမင်းပဲထိုးချင်တယ်"
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဘာဖြစ်တယ်..
ဘယ်လိုရောဂါဝေဒနာခံစားနေရတယ်..
ဘာမှမပြောပဲ..
မော်ရီယာမင်းထိုးခိုင်းတာမျိုး..

ရပ်ရွာထဲဆေးခန်းဖွင့်ပြီး..
ဆေးကုသနေကြတဲ့..
အထွေထွေရောဂါကုဆရာဝန်တိုင်း..
ကြုံဖူးကြမှာပါ..

ရပ်ရွာထဲနေထိုင်ကြတဲ့..
မိတ်ဆွေများလည်း..
မော်ရီယာမင်းထိုးဆေး..
အထိုးခံဖူးကြမှာပါ..
ကိုယ်ကိုယ်တိုင်အထိုးမခံဖူးတောင်..
ကိုယ့်အဖေကိုယ့်အမေ..
ကိုယ့်အဖိုးအဖွားတွေကိုတော့..
အားရှိစေချင်လို့..
ထိုးပေးဖူးကြမှာပါ..

မော်ရီယာမင်းထိုးဆေးစားဆေးက..
တခြားအားဆေးတွေထက်..
စျေးကြီးပါတယ်..

200ml..ပုလင်းမျိုးဆိုရင်..
တသောင်းငါးထောင်..
နှစ်သောင်းလောက်...ရှိပြီး..

20ml..အကြောထိုးဆေးမျိုးဆိုရင်..
သုံးထောင်ကျော်ငါးထောင်လောက်ရှိမယ်.

လူရဲ့သဘောသဘာဝအရ..
စျေးကြီးရင်..
ပိုကောင်းတယ်လို့..
လက်ခံနေကြတော့..

မော်ရီယာမင်းအားဆေးထိုးလိုက်ရင်..
ချက်ချင်းကြီး..အားရှိသွားမယ်လို့..
ယုံကြည်နေကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဒီလိုမျိုးယုံကြည်နေတဲ့အခြေအနေမျိုးမှာ..
ရပ်ထဲရွာထဲ..လှည့်လည်ပြီး..
အိမ်တိုင်ယာရောက်..
ဆေးလာလာထိုးပေးနေတဲ့..
အရပ်အခေါ်"ဆေးမှူ း"..
ဆိုသူများကလည်း..
မော်ရီယာမင်း..
တပတ်တခါထိုးရင်..
အားပိုရှိတယ်..
ပိုကျန်းမာမယ်..ဆိုပြီး..
မော်ရီယာမင်းထိုးဖို့..
ဆွယ်ကြပြန်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အဲသလိုနဲ့..
မော်ရီယာမင်းထိုးဆေး..
မှန်မှန်ထိုးရမယ်ဆိုတဲ့..
မှားယွင်းနေတဲ့..
အယူအဆ..ဓလေ့တခု..
မြန်ပြည်တလွှားရပ်ရွာကြားမှာ..
ခေတ်စားနေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြန်မာလူမျိုးများဟာ..

ကျန်းမာရေးအတွက်..
ဖြစ်နေတဲ့ရောဂါအတွက်..
တတ်ကျွမ်းနားလည်တဲ့..
ဆရာဝန်များက..
အာပေါက်မတတ်..
အာခြောက်လောက်အောင်..
ဘယ်လောက်ပြောပြော..
လိုက်နာကျင့်ကြံဖို့နားဝေးကြတယ်..

ဥပမာ။။
သွေးတိုးရောဂါ.. သွေးချိုဆီးချိုရောဂါ..
ဖြစ်လာရင်..

ညွှန်ကြားထားတဲ့ဆေးများကို..
မှန်မှန်သောက်ရမယ်..

ဘယ်လိုစား..
ဘယ်လိုနေ..

ဘယ်လောက်ပြောပြော..
လိုက်နာကြသူ..
တော်တော်နည်းပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ဆေးထိုးတတ်ရုံ..
ဆေးအကြောင်း..ရောဂါအကြောင်း..
နည်းနည်းပါးပါးလောက်သိတဲ့လူတွေ..
ပြောတဲ့စကားကျတော့..
အဟုတ်မှတ်နေကြပြန်တယ်..

ဟုတ်တာရောမဟုတ်တာရော..
အာဘောင်အာရင်းသန်သန်..
ပြောရင်..အဲဒီအပြောနောက်..
မျောပါသွားလေ့ရှိတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ပိုဆိုးတာက..
ဆရာဝန်ကဘယ်လောက်ပြောပြော..
ဆေးပညာအကြောင်းဘာမှမသိတဲ့..
အပြောကောင်းတဲ့..
လူတယောက်ယောက်..ပြောသမျှ..
နားရောင်လိုက်ပြီး..
တလွဲတွေလျှောက်လုပ်ကြတာမျိုး..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မြန်မာပြည်သူတွေရဲ့..
အလွယ်တကူယုံလွယ်ကြတဲ့..
စိတ်အခြေခံကြောင့်..

မော်ရီယာမင်းထိုးဆေး..နဲ့ပတ်သက်လို့..
မှန်မှန်ထိုးရင်အားရှိတယ်..ဆိုတဲ့..
အယူအဆမှားကြီးကလည်း..
တနေ့တခြားကြီးထွားလို့လာနေပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မော်ရီယာမင်းအားဆေးမှန်မှန်ထိုးရင်..
အားရှိလာမယ်ဆိုတဲ့ကုထုံး..
ဘယ်ဆေးကျမ်းမျိုးမှာမှမပါဝင်ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မော်ရီယာမင်းထိုးဆေး..
Moriamine S2..100ml..သည်..
အခြေခံအားဖြင့်..
Aminoacids.. လို့ခေါ်တဲ့..
အသားဓာတ်..၁၇..မျိုးကို..
စုပေါင်းဖော်စပ်ထားတာပါ..

အဲဒီအသားဓာတ်..၁၇.မျိုးကတော့..

1.Lysine Acetate,
2.Leucine,
3.Phenylalanine,
4.Valine,
5.Isoleucine,
6.Methionine,
7.Threonine,
8.Tryptophan,
9.Alanine,
10.Arginine,
11.Glycine,
12.Histidine,
13.Proline,
14.Glutamic acid,
15.Serine,
16.Aspartic acid,
17.Tyrosine,
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယေဘုယျအားဖြင့်..
မော်ရီယာမင်းထိုးဆေးကို..

©
ပါးစပ်နဲ့မစားနိုင်မသောက်နိုင်..
ဖြစ်နေတဲ့..လူနာများကိုသာ..
အသားဓာတ်အဟာရဖြည့်စွက်ရန်..
အဓိကထား..အသုံးပြုပေးရပါတယ်..

©
ပါးစပ်နဲ့စားနိုင်သောက်နိုင်သော်ငြား..
စားသုံးလိုက်တဲ့အစာအဟာရများကို..
အားဖြစ်အောင်စုပ်ယူနိုင်စွမ်းမရှိတဲ့..
အစာအိမ်အူလမ်းကြောင်းရောဂါရှိတဲ့..
လူနာများကိုလည်း..
အသားဓာတ်အဟာရ..ရရှိအောင်..
ထိုးပေးနိုင်ပါတယ်..

©
အစာအိမ်နဲ့အူလမ်းကြောင်းရောဂါ..
တမျိုးမျိုးကိုခွဲစိတ်ကုသပြီးတဲ့အခါ..
အစာအိမ်နဲ့အူလမ်းကြောင်းကို..
ခေတ္တခဏအနားပေးနေတဲ့ကာလမှာ..
အသားဓာတ်ဖြည့်စွက်ဖို့အတွက်..
ထိုးပေးနိုင်ပါတယ်..

(သို့သော်..
မော်ရီယာမင်းလို..အသားဓာတ်ကို..
ထိုးဆေးအနေနဲ့အလွန်လိုအပ်ပါမှ..
အသုံးပြုရပါတယ်..
နှာခေါင်းပိုက်မှတဆင့်..
အစာအဟာရကျွေးမွေးခြင်းကိုသာ..
အဓိကထားရပါတယ်)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သာမန်သွားနိုင်..လာနိုင်..
စားနိုင်..သောက်နိုင်သူများအနေဖြင့်..
ရိုးရိုးအားလျော့နေရုံမျှနဲ့..

မော်ရီယာမင်းအားဆေးမထိုးသင့်ပါ..

လူနာများကိုတောင်..
လိုအပ်မှထိုးပေးရတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မော်ရီယာမင်းထိုးဆေးဟာ..
အလွန်သတိထားပြီး..
ထိုးပေးရတဲ့..
အားဆေးအမျိုးအစားတမျိုးဖြစ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

သူ့မှာပေါင်းစပ်ပါဝင်နေတဲ့..
Aminoacids..အုပ်စုဝင်မဟုတ်တဲ့..
Sodium Metabisulfite..ခေါ်တဲ့..
ဒြပ်ပေါင်းတမျိုးဟာ..

ပင်နီဆလင်..ဘားဘလက်စ်..စသည်..
မတည့်လို့..ရှော့..ရသလိုမျိုး..
Anaphylactic Shock..ရပြီး..
အသက်သေဆုံးစေတတ်တယ်..
လေပြွန်ပိတ်ဆို့ပြီးအသက်ရှူ ကြပ်တတ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အဆိုးဆုံးကတော့..
ဆေးမတည့်လို့မဟုတ်ပဲ..
Aminoacid Imbalance..လို့ခေါ်တဲ့..
ခန္ဓာကိုယ်အတွင်း..
အသားဓာတ်ညီညွတ်မျှတမှု..
မရှိတော့တာကြောင့်..
®
Hyperammonemia..လို့ခေါ်တဲ့..
(သွေးအတွင်းအမိုးနီးယားဓာတ်များလွန်ကဲများပြားခြင်း)နဲ့..
®
Prerenal Azotemia..လို့ခေါ်တဲ့..
(သွေးအတွင်းနိုက်ထရိုဂျင်ဓာတ်..
ပေါင်းစပ်ပါဝင်နေသော..
စွန့်ပစ်ပစ္စည်းများ..
လွန်ကဲများပြားနေခြင်း)
တို့ဖြစ်တတ်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အမိုးနီးယားဒြပ်ပေါင်းနဲ့..
နိုက်ထရိုဂျင်ဓာတ်ပါဝင်တဲ့..
စွန့်ထုတ်ပစ်ရမည့်ဒြပ်ပေါင်းများဟာ..
ခန္ဓာကိုယ်အတွက်..
အလွန်အင်မတန်အန္တရာယ်ရှိတဲ့..
အဆိပ်အတောက်တွေပါပဲ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ခန္ဓာကိုယ်ကနေစွန့်ထုတ်ပစ်ဖို့..
လိုအပ်တဲ့ဒြပ်ပေါင်းတွေကို..

ပုံမှန်အားဖြင့်..
အသည်းကစစ်ထုတ်..
ကျောက်ကပ်ကစွန့်ထုတ်ပေးရပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အသည်းကောင်းနေသမျှ..
ကျောက်ကပ်ကောင်းနေသမျှ..

ခန္ဓာကိုယ်အတွင်းကနေ..
စွန့်ထုတ်ရမည့်ဒြပ်ပေါင်းတွေ..
ပုံမှန်စွန့်ထုတ်နေနိုင်ပါတယ်..

ဒါကြောင့်လည်း..
မော်ရီယာမင်းအားဆေးထိုးသူတိုင်း..
အဆိပ်အတောက်ဖြစ်တဲ့..
လက္ခဏာမပြတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အသည်းရောဂါရှိနေသူ..
အသည်းအားနည်းနေသူ..
ကျောက်ကပ်ရောဂါရှိသူ..
ကျောက်ကပ်အားနည်းနေသူ..များ..

မော်ရီယာမင်းအားဆေးထိုးမိရင်..
Aminoacids..အသားဓာတ်ရဲ့..
End products..စွန့်ထုတ်ပစ္စည်းများ..
ဖြစ်တဲ့..
နိုက်ထရိုဂျင်နဲ့..
အမိုးနီးယားဒြပ်ပေါင်းများ..
စွန့်ထုတ်နိုင်စွမ်းမရှိလို့..

အဆိပ်အတောက်အနေနဲ့..
သွေးအတွင်းစုပြုံသွားပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ရပ်ထဲရွာထဲမှာ..
မော်ရီယာမင်းအားဆေးကို..
သက်ကြီးရွယ်အိုအားဆေးလို့..
ထင်မှတ်မှားနေကြတော့..
အသက်ကြီးသူအဖိုးအဖွားများ..
အထိုးများကြပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ယေဘုယျအားဖြင့်..
အဖိုးအဖွားများဟာ..
ငယ်ရွယ်သူတွေလို..
အစားအစာလုံလောက်မျှတအောင်..
မစားနိုင်ကြလို့..

အသားဓာတ်အပါအဝင်..
အဟာရဓာတ်များချို့တဲ့တတ်ပါတယ်..

မော်ရီယာမင်းအားဆေးသည်..
အသားဓာတ်ဖြစ်တဲ့အတွက်..
အလွန်ကောင်းပါတယ်..

သို့သော်..
အသက်ကြီးလာတာနဲ့အမျှ..
အသည်းအား..
ကျောက်ကပ်အား..တွေ
လျော့ကျနေတတ်လို့...

မော်ရီယာမင်းအဆိပ်တောက်တတ်ပါတယ်..

အဖိုးအဖွားများလိုအပ်တဲ့အသားဓာတ်ကို..
ထိုးဆေးအနေနဲ့မပေးပဲ..

သဘာဝအတိုင်းချက်ပြုတ်တဲ့..
အသားပြုတ်အသားပေါင်း..
ကွကျဥအခွခေံအစားအစာ..
နွားနို့အခြေခံအစားအစာ..
အဟာရမှုန့်စသည်ဖြင့်..
ဖြည့်စွက်ပေးရင်..
အန္တရာယ်ပိုကင်းပါလိမ့်မယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မော်ရီယာမင်းထိုးဆေးကြောင့်..
နိုက်ထရိုဂျင်ပါဝင်မှုများတဲ့..
စွန့်ထုတ်ပစ္စည်းများ..
လွန်ကဲလာတတ်ပါတယ်..

®Urea..ယူရီယာများလာမယ်..
®Creatinine..ခရီယာတင်နင်းများလာမယ်®အခြားသောစွန့်ထုတ်ပစ္စည်းတွေ..
များလာမယ်..

ဒီအခြေအနေမျိုးကို..
Prerenal Azotemia..လို့ခေါ်ပါတယ်..

©ဆီးနည်းသွားမယ်..
Oliguria

©ဆီးလုံးဝမထွက်တဲ့အထိဖြစ်မယ်..
Anuria

©ထုံထိုင်းမူးဝေပြီးမှိန်းနေတတ်တယ်..
Confusion

©လှုပ်ရှားမှုတွေလေးလံသွားမယ်..
Decreased Alertness

©ပါးစပ်ခြောက်မယ်..
Dry mouth

©ဖောရောင်လာမယ်..
Generalized oedema

©ဗိုက်နာမယ်..
Abdominal pain

©နှလုံးတုန်မယ်..
Palpitation

ကျောက်ကပ်ဆေးကြောမှု..
အမြန်မလုပ်နိုင်ရင်..
အသက်သေဆုံးနိုင်ပါတယ်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မော်ရီယာမင်းထိုးဆေးကြောင့်..
စွန့်ထုတ်ရမည့်..
အမိုးနီးယားဒြပ်ပေါင်းများ..
သွေးအတွင်းလွန်ကဲလာမှု..
Hyperammonemia..ရရင်..
ဦးနှောက်ထိခိုက်ပြီး..
အသက်သေဆုံးတတ်ပါတယ်..

©အစာစားချင်စိတ်ပျောက်သွားမယ်..
Decreased Appetite

©စိတ်အားလူအား..
လျော့ကျပျော့ခွေနေမယ်.
Lethargy

©အသက်ပြင်းပြင်းမြန်မြန်ရှူ နေရမယ်.
Rapid and heavy breathing

©စိတ်တိုလွယ်မယ်
Irritability

©စိတ်ပိုင်းဆိုင်ရာပြောင်းလဲသွားမယ်
Alter Mental State
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

ကောင်းကျိုးနဲ့ဆိုးကျိုး..
ချင့်ချိန်နိုင်ကြပါစေ..

မည်သူတဦးတယောက်ကိုမျှ..
နှစ်နာစေလိုသောသဘောမရှိပါ..

အမှန်ကိုအမှန်အတိုင်း..
တင်ပြခြင်းသာဖြစ်ပါသည်..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

မေတ္တာဖြင့်..
ဒေါက်တာစိုင်းဟန်ကျော်စိန်
ဆမ-၁၁၀၀၈
M.B.,B.S; Dip.Med.Sc.(GP)
M.Med.(National University of Singapore)

Address

West Circular Road
Taunggyi

Opening Hours

Monday 08:00 - 12:00
15:00 - 19:00
Tuesday 08:00 - 12:00
15:00 - 19:00
Wednesday 08:00 - 12:00
15:00 - 19:00
Thursday 08:00 - 12:00
15:00 - 19:00
Friday 08:00 - 12:00
15:00 - 19:00
Saturday 08:00 - 12:00
15:00 - 19:00
Sunday 08:00 - 12:00
15:00 - 19:00

Telephone

+959781049242

Website

Alerts

Be the first to know and let us send you an email when Kant Kaw Clinic, Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kant Kaw Clinic, Taunggyi:

Share

Category