MYA Clinic

MYA Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYA Clinic, Family doctor, Taunggyi.

လတ်တလောတွင် အဖြစ်များနေသော ပါးချိတ်ရောင် ရောဂါအကြောင်း Mumps (ပါးချိတ်ရောင်နာရောဂါ) ဆိုတာ Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြ...
02/12/2024

လတ်တလောတွင် အဖြစ်များနေသော ပါးချိတ်ရောင် ရောဂါအကြောင်း

Mumps (ပါးချိတ်ရောင်နာရောဂါ) ဆိုတာ Mumps ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။
အဓိကအားဖြင့် ပါးနဲ့မေးစေ့ဘေးနှစ်ဖက်မှာရှိတဲ့တံတွေးဂလန်းတွေထဲက တစ်မျိုးဖြစ်တဲ့ Parotid Gland (ပရောတစ်ဂလန်း) ရောင်ရမ်းတဲ့ ရောဂါဖြစ်ပါတယ်။
ရောဂါကူးစက်ခံရသူဟာ ပါးတစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး ရောင်ရမ်းနေတတ်ပါတယ်။

🦠ကူးစက်ပုံ
- လေမှတဆင့်ကူးစက်ခြင်း (ရောဂါပိုးရှိသူမှ နှာချေချောင်းဆိုးလိုက်လျှင် ဗိုင်းရစ်ပိုးများလေထဲသို့ ပျံ့နှံ့သွားပြီး ထိုလေကိုရှူရှိုက်မိရာမှတဆင့် ကူးစက်နိုင်ပါသည်)
- အရာဝတ္ထုများမှတဆင့်ကူးစက်ခြင်း (ဗိုင်းရစ်ပိုးကပ်ငြိနေသော အရာဝတ္ထုများမှလဲ ကူးစက်နိုင်ပါသည်)

🦠 ရောဂါကူးစက်ခံရလျှင်
- အဖျားတက်ခြင်း
- ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း
- ကိုယ်လက်များနာကျင်ကိုက်ခဲခြင်း
- ပါးနှစ်ဖက်လုံးရောင်ရမ်းခြင်း (ပရောတစ်ဂလန်းရောင်ရမ်းခြင်း)
- အစာဝါး၊အစာမျိုလျှင် နာကျင်ခြင်း
- နှုံးချိ၍ အားမရှိသလိုဖြစ်ခြင်း
စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်

💊💉 သေချာဂရုစိုက်ကုသမှု မခံယူပါက နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့်
-ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း
-နားအကြားအာရုံချို့ယွင်းခြင်း
-ပန်ကရိယရောင်ရမ်းခြင်း
-ဝှေးစေ့ရောင်ရမ်းခြင်း
-သားဥအိမ်ရောင်ရမ်းခြင်း
စတဲ့ဆိုးကျိုးတွေကို ရလာနိုင်ပါတယ်။

✅ ဘယ်လိုကာကွယ်နိုင်မလဲဆိုတော့
ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်နာကာကွယ်ဆေး (MMR vaccine)ကို ထိုးနှံပြီးတော့ကာကွယ်နိုင်ပါတယ်။
ကလေးငယ်တွေကို
1. အသက် (၉)လမှာ တစ်ကြိမ်
2. အသက် တစ်နှစ်ခွဲမှာ တစ်ကြိမ်
3. အသက် (၄)နှစ် သို့မဟုတ် (၆)နှစ်မှာ Booster တစ်ကြိမ်
စုစုပေါင်းသုံးကြိမ်တိတိ ထိုးနှံပေးရပါမယ်။

ထိုးရမယ့် အသက်ကျော်သွားပြီး ငယ်ငယ်က မထိုးခဲ့ရတဲ့ ကလေးတွေအပြင် လူကြီးတွေ လည်း MMR ကာကွယ်ဆေးကို အသက်အရွယ်ပေါ်မူတည်ပြီး ၁လ/၃လ ခြားပြီး ၂ ကြိမ် ထိုးနှံလို့ရပါတယ်။

‘မြ’ ဆေးခန်း
အမှတ်(ည/၃၁)၊ ညောင်ပင်သာလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့
09 250 789 500

🏥 ဆေးခန်းဖွင့်ချိန် 🏥
မနက်(၉)နာရီ မှ နေ့လည်(၁၂)နာရီ ထိ
ညနေ(၄)နာရီ မှ ည(၇)နာရီ ထိ
(လပြည့် / လကွယ် ဆေးခန်းပိတ်သည်)

2024 မှာ ခရီးသွားဖို့ ကြိုတင်စီစဉ်နိုင်ရန် 🚌🚂🛫
02/01/2024

2024 မှာ ခရီးသွားဖို့ ကြိုတင်စီစဉ်နိုင်ရန် 🚌🚂🛫

This Pocket Money is password protected! Enter (075536) to open the pocket money
27/11/2023

This Pocket Money is password protected! Enter (075536) to open the pocket money

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

ကလေးများကို ထမင်းဝါးကျွေးခြင်းက ကူးစက်ရောဂါဖြစ်ပွားနိုင်ကလေးငယ်များကို ထမင်းဝါးကျွေးခြင်းကြောင့် အသည်းရောင်အသားဝါ ဘီပိုး...
23/06/2023

ကလေးများကို ထမင်းဝါးကျွေးခြင်းက ကူးစက်ရောဂါဖြစ်ပွားနိုင်

ကလေးငယ်များကို ထမင်းဝါးကျွေးခြင်းကြောင့် အသည်းရောင်အသားဝါ ဘီပိုးနှင့် အခြားကူးစက်ရောဂါ ပိုးများ ကူးစက်စေနိုင်ကြောင်း သိရသည်။
လူကြီးတစ်ယောက်၏ တံတွေးတွင် ဘက်တီးရီးယားများ ရှိနေခြင်းကြောင့် ကလေးများအား အစားအစာများကို ဝါးကျွေးခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း၊ ကူးစက်ရောဂါပိုးများဖြစ်သော ဘီပိုး၊ စီပိုး၊ အသည်းရောင်အသားဝါပိုးများသည် လူကြီးတစ်ဦးတံထွေးမှ ကလေးများထံ ကူးစက်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်များကပြောသည်။

“ကလေးတွေကို အစားအစာတစ်ခု ကျွေးတော့မယ်ဆိုရင် မိဘတွေက ဝါးပြီးကျွေးကြတာများတယ်။ အဲဒီ လိုကျွေးတဲ့အခါမှာ လူကြီးမှာရှိတဲ့ တံတွေးကနေတစ်ဆင့် အခြားမလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်စေပါတယ်။ အများဆုံးကတော့ တံတွေးကတစ်ဆင့် ဘီပိုး၊ စီပိုး၊ အသည်းရောင် အသားဝါပိုးအပြင် အခြားသော ကူးစက်ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကလေးကို အစာကိုဝါးပြီးကျွေးတာ မပြုလုပ်သင့်ပါဘူး” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအေးအေးလွင်က ပြောသည်။

တံတွေးဆိုသည်မှာ သန့်ရှင်းခြင်းမရှိဘဲ ဘက်တီးရီးယားများ ရှိနေနိုင်သည့်အတွက် အစားအစာများအား ဝါးကျွေးခြင်းအစား ကြိတ်၍ကျွေးခြင်း၊ ခြေကျွေးခြင်းများကို ပြုလုပ်သင့်ကြောင်း တံတွေးမှတစ်ဆင့် ရောဂါပိုးများကို ကူးစက်နိုင်သည့်အတွက် ထိခိုက်ရှနာများဖြစ်လျှင် မိမိ၏တံတွေး (သို့) အခြားသူ၏ တံတွေးများဆွတ်ခြင်းကို မပြုလုပ်သင့်ကြောင်းလည်း ဒေါက်တာအေးအေးလွင်က ဆက်လက်ပြောသည်။

“ကျွန်မတို့ လူမျိုးတွေမှာ တစ်ခုခုထိခိုက်မိတာပဲဖြစ်ဖြစ် ပွန်းပဲ့လို့ သွေးထွက်တာပဲဖြစ်ဖြစ် ဖြစ်တဲ့အနာပေါ်ကို တံတွေး ဆွတ်တတ်ကြတယ်။ ပါးစပ်ထဲမှာ ငုံထားတတ်ကြတယ်။ အဲ့ဒါက လွဲမှားတဲ့အယူအဆတစ်ခုလို့ ထင်ပါတယ်။ တံတွေးက အများမြင်သလို သန့်ရှင်းနေတာတော့ မဟုတ်ပါဘူး။ ပါးစပ်ထဲမှာက လက်ပေါ်မှာမရှိတဲ့ဘက် တီးရီးယားတွေ ပြည့်နေတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ဘယ်သူ့တံတွေးပဲဖြစ်ဖြစ် မဆွတ်သင့်ပါဘူး။ တံတွေးကနေတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ဝင်ရောက်နိုင်ပါတယ်” ဟုပြောသည်။

တစ်နေ့တွင် လူတစ်ယောက်ကို တံတွေး ၁ လီတာကနေ ၂ လီတာ (ရေသန့်ဘူးတစ်လုံးစာကနေ ၂ လုံးစာ) အထိ ထွက်လေ့ရှိပြီး အတိအကျသိရန် ခက်ခဲကြောင်း တံတွေးတွင် သတ္တုဓာတ်၊ ပရိုတင်းဓာတ်နဲ့ အခြားဓာတ်ပစ္စည်းများလည်း ပါဝင်နေကြောင်း၊ တံတွေးတွင်ရေဓာတ် ၉၉ ရာခိုင်နှုန်း ကျော်လည်း ပါဝင်နေကြောင်း သိရသည်။

“ပါးစပ်ထဲမှာရှိတဲ့ တံတွေးကနေတစ်ဆင့် ကိုယ်စားသုံးလိုက်တဲ့ အရသာ ချို၊ ချဉ်၊ ငန်၊ ခါးစတဲ့ အရသာတွေကို သိရှိနိုင်ပါတယ်။ပြီးတော့ တံတွေးမှာ ဓာတ်ပစ္စည်းတွေ အများကြီး ပါဝင်တဲ့အတွက် အစားကြေညက်ဖို့နဲ့ အလွယ်တကူမျိုချဖို့ကို ကူညီပါတယ်။စိုစွတ်မှုမရှိတဲ့ လျှာ၊ ခြောက်သွေ့နေတဲ့လျှာက အရသာကိုမခံစားနိုင်ပါဘူး။ ကိုယ်စားလိုက်တဲ့ အရသာသိဖို့အတွက် တံတွေးရှိရတာပါ” ဟု ဆက်လက်ပြောသည်။

အဆိုပါတံတွေးနည်းပါးပြီး ခြောက်သွေ့သော ခံတွင်းသည် အနံ့ဆိုးများ ထွက်ရှိလာသလို နာကျင်မှုကိုလည်း ခံစားရလေ့ရှိကြောင်း သိရသည်။

credit-သူရိယ
The Ladies News Journal

20/02/2022

ူးစက်ခံရရင်ဘာလို့အသံပျောက်တာလဲ

အိုမီကိုက်ပြီဆို လက္ခဏာတွေက အရင်ဆုံးကြားရတာပါ၊ ဘာလည်းဆိုတော့ ပုံမှန်အသံမဟုတ်တော့တဲ့ အသံဩဩကြီးတွေ၊ အသံပိစိလေးတွေ အစရှိတဲ့ အသံပျောက် အသံပျက် တချို့ဆို အသံပါမ‌ထွက်တော့ပါဘူး၊ နောက်တော့မှ တခြားလက္ခဏာ‌ဖြစ်တဲ့ နှာစေး၊ နှာခေါင်းပိတ်၊ လည်ပင်းနာ၊ ချောင်းဆိုး၊ ကိုယ်လက်ခေါင်းကိုက်တွေ ဖြစ်လာတတ်ကြတာ

အိုမီက အရင်Original Wuhanကိုဗစ်ပိုးတုန်းကလို နှာခေါင်းအတွင်းမှာ မျိုးမပွားတော့ နှာခေါင်းဆဲလ်တွေ မသေမ‌ပေါက်မပျက်စီးပဲ အနံ့မပျောက်ပါဘူး၊ အလားတူ Delta Sတို့နဲ့မတူတာက အဆုတ်အထိဆင်းပြီး ရင်ခေါင်းထဲမှာပိုးတွေမျိုးပွားပြီး လေအိတ်တွေထဲကဖောက်ထွက်တာမျိုးလည်း မလုပ်တော့ အဆုတ်ကိုလည်း မထိတော့ဘူးပေါ့

#အိုမီကြိုက်တာကလည်ချောင်း၊ ပြောရမယ်ဆို အသက်ရှူလမ်းကြောင်းရဲ့ အထက်ပိုင်း Pharynxရဲ့အောက်ဖက်က အသံအိုးဖြစ်တဲ့ Larynxနေရာက လေအဝင်အထွက်လမ်းကြောင်းဘေးက ဆဲလ်တွေထဲ အိုမီတို့တွေမျိုးပွားဖို့ အဓိကနေရာယူကြတာပဲ၊ အားလုံးသိတဲ့အတိုင်း ကိုဗစ်က virusအမျိုးအစား ကိုယ်တွင်းဆဲလ်တွေထဲဝင်ပြီးမှ ပိုးအသစ်တွေထုတ်နိုင်တာ၊ ပြီးရင်လည်း အပြင်ပြန်ထွက်ဖို့က သူဝင်မျိုးပွားထားတဲ့ ဆဲလ်နံရံရဲ့အစိတ်အပိုင်းကိုဖြတ်ယူပြီး ဖောက်ထွက်ကာ တခြားဆဲလ်တွေကို ထပ်ကူးစက်တတ်ကြတာ

#အသံအိုး‌ပတ်ပတ်လည်နေရာက အရမ်းနူးညံ့တယ်၊ အသံကြိုးလို့တင်စားပြီးခေါ်ကြတဲ့ စကားပြောတဲ့အခါမှာ လေကို အသံအနေနဲ့ထွက်လာအောင်လုပ်ပေးတဲ့ ကြွက်သားအမျှင်လေးတွေ အဖွင့်အပိတ်အပြားလေးတွေရှိတယ်၊ အသံတုန်ခါမှု Viberation‌တွေနဲ့ ပြောချင်တဲ့အသံထွက်လာအောင် ထိန်းညှိပေးလို့ အရမ်းအရေးပါတယ်၊ အဲဒီနေရာမှာ အပြင်လေနဲ့အတူ ကူးစက်ဝင်ရောက်လာတဲ့ အိုမီကအခြေချနေရာယူတယ်၊ မျိုးပွားတယ်၊ အသံအိုးဆဲလ်တွေ ရောင်တယ်၊ အသံနာလာတယ်၊ ဆဲလ်တွေပေါက်ပြီး ပျက်စီးတာများရင် လည်ပင်းနာလာပြီး အသံပါပျောက်သွားမယ်၊ အဲဒီဖြစ်စဉ်ကို ဆေးပညာက Laryngitisလို့ခေါ်တယ်

#လည်ချောင်းထဲမှာနေပိုးပွားပြီးတော့ ဖြန့်တဲ့အချိန်မှာ အထက်အောက် ပြန့်တယ်၊ အပေါ်ဖက် နှာခေါင်းထဲ‌ပိုးပြန့်ရင် Nasal Irritationရပြီး နှာမွှန်၊ နှာစေး၊ နှာခေါင်းပိတ်တွေ ဖြစ်မယ်၊ အောက်ဖက်က အဆုတ်ထဲကိုလည်း အနည်းနဲ့အများရောက်ရင် ချွဲထွက်၊ ချွဲပိတ်၊ ချောင်းဆိုးတွေ ဖြစ်မယ်၊ အဆုတ်ထဲပိုး‌ရောက်ချိန် ကာကွယ်ဆေးထိုးပြီးသားဆို အေးဆေးပဲ၊ ကို‌ဗစ်ကိုတိုက်ထုတ်မည့် ခုခံအားက အသင့်စောင့်နေတယ်လေ၊ အဲတော့ မအိမသာ ‌အားနည်းတာလောက်ကလွဲရင် ဘာမှမဖြစ်ပဲ ပြီးသွားတာ၊ ဖျားတောင်မဖျားတော့ဘူးပေါ့

#ဘယ်လိုစစ်ရင်သိနိုင်မလဲဆို‌တော့ နှာခေါင်းထဲကနေ swabယူ တို့ဖတ်စစ်ရင် တချို့ကူးစက်ခံရသူတွေမှာ မတွေ့ကပဲ oropharyngeal swab ခေါ် လည်ချောင်းတို့ဖတ်‌ယူတော့မှ တွေ့ရတာတွေ ရှိတယ်လို့ ပြောပါတယ်၊ ဒီတော့ အသံဝင်လို့ စစ်လိုက်ချိန် Negativeဆိုပေမဲ့လည်း မပေါ့ပါနဲ့၊ လက်ရှိ RDT testတွေက PCR testလောက် အဖြေမမှန်ပါဘူး၊ ဘာပဲဖြစ်ဖြစ် အခုအချိန် Covid Positiveနဲ့ အသံ‌နာ အသံပျောက်ပြီဆို Omicronဖြစ်ဖို့ 99%ပါ

#အသံနာတာဘယ်လိုကုမလည်းဆိုတာ အသေးစိပ်တော့ မရေးတော့ပါဘူး၊ Laryngitisကို ဆရာဝန်တိုင်း ကုတတ်ပါတယ်၊ စိတ်ချချင်ရင်တော့ ဆေးခန်းပြကြည့်ပါ၊ အဓိက လည်ချောင်းအတွင်း ရောင်ရမ်းနေတာကို သက်သာစေတဲ့ Analgesicတချို့နဲ့ Serratiopeptidaseလိုမျိုးတွေ အဓိကသုံးပါတယ်၊ Antibiotics ခေါ် ပိုးသတ်ဆေးတွေက Viral Infectionဖြစ်တဲ့ အိုမီမှာမစွမ်းပါဘူး၊ ကိုယ်ဟာကိုယ်တွေ သောက်မနေကြပါနဲ့ဦး၊ လည်ပင်းမှာ တခြားအနာတွေ သို့ ပြည်တည်သလိုမျိုးတွေ ဖြစ်လာနိုင်ချေရှိတယ်ဆိုရင်တော့ ဆရာဝန်က ညွှန်းကြားပါလိမ့်မယ်၊ Cetrizeneတို့ Burmetonတို့ တခြားDecongestantလိုမျိုး‌တွေကိုလည်း နှာမစေးနှာမပိတ်သေးပဲ ကြိုသောက်တာတို့ လိုအပ်တာထက် ပိုသောက်တာတို့ မလုပ်ပါနဲ့၊ လိုအပ်သည့် ပုံမှန်နှာရည်မထွက်ပဲ လည်ပင်းခြောက်နေရင်လည်း အသံပိုနာပါတယ်

#ကိုယ်ဟာကိုယ်သောက်ချင်ရင် Vitamin Cတို့ Zincတို့ပဲ သောက်ပါ၊ ရေနွေးငွေ့ရှူပါ၊ ရေဝဝသောက်ပါ၊ လည်ပင်း အာ‌ခေါင်ကို အခြောက်မခံပါနဲ့၊ ရေခဲရေအေးအေးတွေရှောင်ပါ၊ အဓိကကတော့ အသံစပျက်နေပြီးဆို စကားတွေအများကြီး မပြောပါနဲ့၊ တိုးတိုးတိုးတိုးလည်း မပြောပါနဲ့ ပိုဆိုးပါတယ်၊ ဖြစ်နိုင်ရင် ၃ရက်လောက် လည်ချောင်းကို အတတ်နိုင်ဆုံး အနားပေးထားလိုက်ပါ၊ မကြာခင် အသံပြန်ထွက်လာမှာပါ၊ နှစ်ပတ်ကျော်လို့မှ အသံမထွက်လာရင်တော့ အသံအိုးထိသွားမှာ စိုးရိမ်ရပါတယ်၊ နီးစပ်ရာဆရာဝန်တစ်ယောက်နဲ့ အမြန်ဆုံးတိုငိပင်ပြီး လိုအပ်သည့်ကုသမှုရယူလိုက်ပါ

ဆေးလိပ်၊ ကော်ဖီနဲ့ အရက်ဘီယာလျော့သောက်ပါ၊ နားပါ၊ အားလုံးကျန်းမာနေကောင်းပြီး ပုံမှန်အသံတွေနဲ့ အမြန်ဆုံးပြန်လည်ပြောနိုင်ဆိုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်

Dr. Hadee Maung (9.2.2022)

P.S. ဆေးခန်းပြဖို့အခက်အခဲရှိလို့ သဘာဝနည်းနဲ့ လည်ပင်းနာ အသံနာသက်သာချင်ရင်တော့ ရေနွေးနွေးကို ဆားနည်းနည်းခပ်၊ ဂျင်းအပြားပါးပါးလေး တစ်ပြားနှစ်ပြားထည့်ပြီး ပျားရည်နဲ့အတူ တစ်ရက်ကို တစ်ကြိမ် နှစ်ကြိမ် သောက်နိုင်ပါတယ်၊ ဆက်တိုက်အများကြီးတော့ မသောက်ကြပါနဲ့

18/02/2022

အိုမီခရွန်လက္ခဏာတွေက

- (၄၈)နာရီအတွင်း လက္ခဏာပြတယ်

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ်

(၂) လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ်

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ်

(၄) မစားမသောက်ချင်ဖြစ်လာမယ်

အထက်ပါလက္ခဏာတွေဖြစ်ရင် အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီပါ

😷 Omicron 😷
ပြန်လည် မျှဝေပေးပါတယ် (ဖတ်ကြည့်ကြပါ)

Omicron Day 1 (အဆိုးဆုံးနေ့)

ညဘက်ကြီးထပြီးချမ်းတုန်တက်တယ် အဖျားကြီးတယ်
အရိုးထဲထိ လှိုက်စိမ့်ပြီးချမ်းတာ.တခါမှမဖြစ်ဖူးဘူး.ဘယ်လိုချမ်းတာကြီးမှန်းကိုမသိ.လူကနတ်ဝင်သည်လို တုန်တက်နေတာ

ခါးအောက်ပိုင်းတပြင်လုံး အရမ်းကို ကိုက်တာ
တကိုယ်လုံးလည်း အထိမခံနိုင်အောင် နာကျင်ကိုက်ခဲပေမယ့် ခါးနေရာဝန်းကျင် အဆိုးဆုံးဖြစ်ပါတယ်
ခေါင်းကလည်း ထုံနေအောင်ကိုက်ပါတယ်
လှိမ့်ပိမ့်နေသော နေ့တစ်နေ့ပေါ့

ပါရာစီတမော သောက်တုန်းခဏပဲအဖျားကျပြီး တနေကုန်အဖျားပြန် ပြန်တက်ပါတယ်

တနေကုန်နုံးပြီး အိပ်ချင်ပါတယ်၊ တနေကုန်နီးပါး အိပ်တာပါ

လည်ချောင်းမနာ၊ ချောင်းမဆိုး၊ နှာမမွှန်လို့ ရိုးရိုးဖျားလို့ပဲ ထင်ခဲ့ပေမယ့် နှာခေါင်းနှိုက်လိုက်တော့ positive ပါ

Omicron Day 2

အိပ်ယာနိုးနိုးချင်း သတိထားလိုက်မိတာက မဖျားတော့၊ မချမ်းနေတော့တာပဲ
ချွေးတွေရွှဲပြီး နိုးလာတာ

ခေါင်းလည်း တအားကြီးမကိုက်နေတော့ဘူး၊ ခန္ဓာကိုယ်က နာကျင်ကိုက်ခဲတာတွေပါ ဗြုန်းဆိုပျောက်သွားလို့ ပျော်နေရာက

တံတွေးမျိုချလိုက်မိတာမှာ စဂွမ်းပါတယ်
လည်ချောင်းထဲမှာ မီးဖုတ်ထားတဲ့ သံချွန်နဲ့စိုက်ထားသလိုကို ပူပြီးနာနေတာပါ
တနေကုန် အစားကိုမနည်းမျိုချရပါတယ်
အနံ့အရသာ မပျက်ပါဘူး..နာလွန်းလို့ မျိုချဖို့ခက်တာပါပဲ

အိပ်ချင်ချက်ကတော့ ရှယ်ပါပဲ.Day 2 လည်း တနေကုန်အိပ်ပါ
နိုးလာတာနဲ့ ဝေဒနာတခုခုနဲ့နိုးလာတာကတော့ တရားနဲ့ဖြေပေါ့လေ

Omicron Day 3

အိပ်ယာနိုးလာတာနဲ့ ရင်ဘတ်ထဲကနေလည်ချောင်းထဲထိ ပူပြီးနာတာပါပဲ
ရိုးရိုးလည်ချောင်းနာတာထက် အများကြီးခံရတာဆိုးပါတယ်
ဆရာဝန်ပေးတဲ့ဆေးသောက်မှ နေသာသွားပါတယ်
မဟုတ်ရင် လည်ချောင်းမှာ ဆူးလုံးအကြီးကြီး တစ်နေသလိုပါ

လည်ချောင်းအရမ်းယားပြီး ချောင်းစဆိုးပါတယ်
မရပ်မနားတော့မဟုတ်ပေမယ့် လည်ချောင်းတွေပြန်နာလာတဲ့ထိ ဆိုးတာမို့ လည်ပင်းနာတာက အခြေနေပို ပိုဆိုးလာပါတယ်

နှာခေါင်း တဖက်ပိတ် တဖက်ပွင့်ဖြစ်ပါတယ်
နှာခေါင်းပိတ်တော့ အသက်ရှုကျပ်သလိုဖြစ်ပေမယ့် oxygen မကျပါ

လုံးဝ မဖျားတော့သလို ကိုယ်လက်ကိုက်ခဲတာ ဘာညာ လုံးဝမရှိတော့ပါ

ထုံးစံအတိုင်းပဲ နုံးပြီးအိပ်ချင်ပါတယ်

Omicron Day 4 (Today)

လည်ချောင်းက ပိုဆိုးလာပါတယ်
(ထွက်ခတ်ခတ်နေတာ ဖြစ်မယ်ထင်ပါတယ်)
နိုးလာချိန်မှာ တကယ့်ကို လည်ပင်းမှာ ဆူးလုံးကြီးတစ်လုံးလာတစ်နေသလို၊ သံချွန်နဲ့စိုက်ထိုးခံထားရသလိုပါ

နောက် မနေ့က ချောင်းဆိုးထားတဲ့အရှိန်ကြောင့် ထင်ရ.အာသီးယောင်နေတဲ့နေရာကြီးအပြင် လည်ပင်းတစ်ခုလုံး စပ်ဖျင်းဖျင်းနဲ့ အရမ်းနေရထိုင်ရဒုက္ခဖြစ်.
ဒီနေ့လည်း လည်ချောင်းထဲမှာအရမ်းယားပြီး ချောင်းဆိုးပါတယ်

ဒီနေ့တော့ မနေ့ကလောက် အစားအများကြီး သိပ်မစားနိုင်ပါ (စားတာတော့စားတယ်.မနေ့ကလောက် အများကြီးမစားနိုင်)
တော်တော်ကြီး လည်ပင်းက ဒုက္ခပေးနေတာမို့ 😣

လူက ဆေးရှိန်ကြောင့်လား၊ ပိုးကြောင့်လားမသိ.
လှုပ်လှုပ်ဆို မောပါတယ်၊ မူးချင်ပါတယ်
နားတွေထဲလည်း အူပြီးထုံနေပါတယ်

လူမမာကြီးလို ပစ်လဲသွားတာမျိုးတော့ မဟုတ်ပေမယ့် ချောင်းဆိုး လည်ပင်းနာက ပုံမှန်ထက် အဆများစွာဆိုးဝါးတာပါနော်
(တကယ်ကို ဘာနဲ့မှ ဘယ်တုန်းကဖြစ်ဖူးတာနဲ့မှ မတူဘူး 😞)

Credit to Aye Nyein Swe

ကိုဗစ်လူနာပြုစုမည့်သူများအတွက်********************************တိကျသေချာစွာလိုက်နာပြီး အမြန်ဆုံးဘေးရန်ကင်းကြပါစေ 🍀🍀  cred...
23/07/2021

ကိုဗစ်လူနာပြုစုမည့်သူများအတွက်
********************************
တိကျသေချာစွာလိုက်နာပြီး အမြန်ဆုံးဘေးရန်ကင်းကြပါစေ 🍀🍀

credit

21/07/2021

Oxygen Concentrator ကို ပိုးသတ်ခြင်း

Oxygen Concentrator ကို ခုအချိန်မှာ ကိုဗစ်လူနာ တစ်ယောက်သုံးပြီး နောက်တစ်ယောက် ထပ်သုံးရင် ဘယ်လို ပိုးသတ်ရမလဲလို့ အမေးများကြပါတယ်။ 🧴🧼🦠💦

ဘယ်လို ပိုးသတ်သင့်တယ်၊ ဘာကြောင့် အဲ့ဒီလိုလုပ်သင့်တာလဲ ဆိုတာပြောပြချင်ပါတယ်။

1️⃣ စက်အပြင်ပိုင်း သန့်ရှင်းခြင်း

- စက်အပြင်ပိုင်းကတော့ ဖြစ်နိုင်ရင် ရေလုံးဝ မထိရပါဘူး။

- လူတစ်ယောက်တည်းမှာ သုံးမယ်ဆိုရင်ဖြင့် တစ်ပတ်/တစ်လ တစ်ကြိမ် အဝတ်စသန့်သန့်နဲ့ သုတ်ပေးရင် လုံလောက်ပါပြီ။

- ကိုဗစ်လူနာမှာ သုံးထားတယ်ဆိုရင်တော့ သင့်လျှော်တဲ့ ပိုးသတ်ဆေးရည်ကို အဝတ်စသန့်သန့်မှာ စိုရုံလေး စွတ်ပြီး စက်အပြင်ကို သုတ်ပေးပါ။ ရေ မရွှဲပါစေနဲ့။ စက်ရဲ့ ခလုတ်တွေ အပေါက်တွေထဲ အရည်လုံးဝ မဝင်ပါစေနဲ့။ ပြီးရင် အဝတ်ခြောက်နဲ့ ပြန်သုတ်ပေးပါ။

- စက်ထဲရေဝင်ရင် စက်ပျက်မှာဖြစ်ပါတယ်။

- ပိုးသတ်ဆေးရည်ကလည်း alcohol မပါရပါဘူး။ petroleum-based မဖြစ်ရပါဘူး။ သုံးမိရင် မီးလောင်နိုင်ပါတယ်။

- နောက်ဆုံး ဆေးပစ္စည်းသုံး ပိုးသတ်ဆေးရည် ရှာမရရင် ချွတ်ဆေးမပါတဲ့ ဆပ်ပြာရေထဲကို အဝတ်စ စိမ်ပြီး ခြောက်နေအောင်ညစ်ပြီး စက်ကိုသုတ်ပါ။ ပြီးလျှင် ခြောက်အောင်ပြန်သုတ်ပေးပါ။

2️⃣ Filtersများ သန့်စင်ခြင်း

- ပုံမှန်အားဖြင့် oxygen concentrator စက်တွေမှာ Air Filter နဲ့ Bacteria Filter ဆိုပြီး Filter ၂ မျိုးပါတတ်ကြပါတယ်။

- Filters တွေကတော့ တချို့ ပြန်ဆေးလို့ မရတဲ့ ဖန်ဘူးလေးနဲ့ပါတဲ့ filters တွေ ရှိပါတယ်။ အဲ့လို fliter ဆိုရင်တော့ ဘူးလိုက် အသစ်လဲရပါတယ်။

- ပြန်ဆေးသုံးလို့ရတဲ့ filter ဆိုရင်တော့ ဆပ်ပြာနဲ့ ရေနဲ့ဆေးပါ။ filter အမျိုးအစားပေါ်မူတည်ပြီး အချို့က brush နဲ့ သာသာလေး တိုက်ဆေးလို့ရသလို အချို့လည်း တိုက်လို့မရပါဘူး။

- ရေပြန်ဆေးပြီးလျှင် အဝတ်သန့်သန့်နဲ့ ရေစုတ်ပေးပြီး လုံးဝ ခြောက်တဲ့ အထိ အခြောက်ခံရမှာပါ။ နေလှမ်းပါ။ UV light ရှိရင် UV ပြလို့လည်းရပါတယ်။

- မခြောက်တခြောက်မှာ ပြန်သုံးမိရင် စက်ထဲမှာပါတဲ့ Zerolite ဆိုတဲ့ oxygen စုပေးတဲ့ ပစ္စည်းလေးမှာ ရေငွေ့ပိတ်ပြီး oxygen purity ကျတတ်ပါတယ်။

- ဖုန်များတဲ့ နေရာတွေမှာ ဆိုရင်တော့ ပုံမှန်ထက် ပိုဆေးရပါမယ်။ စက်ကို ကော်ဇောပေါ် မတင်ထားမိဖို့ သတိပြုပေးပါ။

- Filter များမှာလည်း သက်တမ်းရှိပါတယ်။ နာရီဘယ်လောက်သုံးပြီးရင် အသစ်လဲပေးရမယ်လို့ စက်တစ်မျိုးခြင်းစီရဲ့ fliter တွေမှာ သူ့သက်တမ်းကုန်ဆုံးချိန်ပါပါတယ်။

3️⃣ ရေဗူးကို သန့်စင်ခြင်း

- ရေငွေ့ဖြည့်တာက တစ်ချို့လူနာတွေမှာ ဆရာဝန်က မထည့်ခိုင်းတာရှိတတ်ပါတယ်။ အဲ့လိုဆိုရင် စက်ကလေကို ရေဗူးမပါဘဲ connector ခံပြီး နှာခေါင်းပိုက်နဲ့ တန်းဆက်ရမှာ ဖြစ်ပါတယ်။

- Humidifier Bottle ရေငွေ့ဖြည့်ပေးတဲ့ ရေဗူးက တစ်ယောက်တည်းသုံးရင်တော့ ရေဗူးကို ရေနေ့တိုင်း ရေကျင်းပြီး ရေအသစ်လဲပေးသင့်ပါတယ်။

- ရေထည့်တဲ့ နေရာမှာလဲ ပေါင်းခံရေလို့ ခေါ်တဲ့ Distilled Water သုံးပေးနိုင်ရင် အကောင်းဆုံးပါ။ မရှိရင်တော့ ကြိုချက်ထားတဲ့ ရေကို အအေးခံပြီးသုံးနိုင်ပါတယ်၊ ရေသန့်သုံးနိုင်ပါတယ်။ ပေါင်းခံရေကတော့ minerals ဓာတ်တွေ မပါဝင်တဲ့အတွက် အောက်ဆီဂျင်နဲ့ ဓာတ်ပြုမှု အနည်းဆုံးဖြစ်ပါတယ်။

- ရေဗူးကို ပိုးသတ်ချင်တယ်ဆိုရင်တော့ ဆေးပစ္စည်းသုံး ပိုးသတ်ဆေးရည်မှာ စိမ်ထားပေးလို့ရပါတယ်။ ရေထဲ ကလိုရင်းအနည်းငယ်ထည့်ပြီးလည်း စိမ်လို့ရပါတယ်။ မရှိပါက ဆပ်ပြာရည်နှင့် ဆေးပါ။

- ပြီးလျှင် ပိုးသတ်ဆေးရည် စင်အောင် ရေနဲ့ သေချာပြန်ဆေးပြီး ပြန်လည် အသုံးပြုနိုင်ပါသည်။

4️⃣ စက်အတွင်းပိုင်း သန့်စင်ခြင်း

- စက်အတွင်းပိုင်းကတော့ ရေထိလို့မရတဲ့အတွက် အတွင်းပိုင်းရှိလေများ သန့်စင်စေရန်အတွက် စက်ကို အသုံးမပြုဘဲ သုံးရက်ခန့် စက်ဖွင့်ထားပေးပြီး လေမှုတ်ထုတ်ပေးရပါမယ်။

5️⃣ နှာခေါင်းပိုက် Nasal Cannula နှင့် အောက်ဆီဂျင်မျက်နှာဖုံး Oxygen Mask များ

- တစ်ယောက် တစ်ခါသုံးက အကောင်းဆုံးပါ။ ပြန်မသုံးသင့်ပါဘူး။ တစ်ယောက်တည်း သုံးတာတောင် ရက်ကြာရင် အသစ်လဲပေးရပါမယ်။

- မသုံးတဲ့ အချိန်မှာလည်း သန့်တဲ့နေရာမှာ တင်ပေးထားပါ။

- အောက်ချမိလို့ ပိုးသတ်ချင်တယ်ဆိုရင်ဖြင့် ဆေးရုံသုံးပိုးသတ်ဆေးရည်မှာ စိမ်ရပါမယ်။ မရှိရင် ဆပ်ပြာနှင့် ဆေးနိုင်ပါတယ်။ ပြီးရင် ဆေးရည်ပြောင်အောင် ရေပြန်ဆေးပြီး အခြောက်ခံပြီး ပြန်သုံးနိုင်ပါတယ်။

- ရေဆေးတဲ့ အခါ လေဝင်တဲ့ ကြိုးရဲ့ပိုက်လုံးထဲ ရေ လုံးဝ မဝင်ပါစေနဲ့။ ရေလည်း မကျန်ပါစေနဲ့။ ကြိုးထဲ မသန့်တဲ့ ရေဝင်သွားရင် အဆုတ်ထဲ ပိုးဝင်နိုင်ပါတယ်။

- ဆေးပစ္စည်းသုံး ပိုးသတ်ဆေးရည်တွေက အမျိုးမျိုးရှိပါတယ်။ တစ်ချို့က ရေရောရပါတယ်။ တစ်ချို့က တစ်ခါတည်း တန်းပြီးသုံးလို့ရပါတယ်။ ဘယ်နှမိနစ် စိမ်ရမလဲဆိုတာ တစ်မျိုးနဲ့ တစ်မျိုး မတူလို့ အညွှန်းကို သေချာဖတ်ဖို့ လိုပါတယ်။

⚠️ အခြားအထူးသတိပြုရမဲ့ အချက်တွေကတော့
- စက်ကို လေစုတ်နိုင်အောင် ပစ္စည်းတို့ နံရံတို့နဲ့ ၂ပေလောက်ခွါထားပါ။
- စိုစွတ်တဲ့ နေရာမှာ မထားပါနဲ့။ စက်ထဲက Zerolite မှာပါတဲ့ အပေါက်တွေ ရေငွေ့နဲ့ ပိတ်သွားပါက oxygen ထုတ်တာ လျော့လာနိုင်ပါတယ်။
- အလုံပိတ် အခန်းထဲမှာလည်း အောက်ဆီဂျင်ကုန်ရင် လေဘဲထွက်ပြီး အောက်ဆီဂျင်ကျနိုင်လို့ အခန်းထဲလည်း လေလှယ်နိုင်အောင် ပြုလုပ်ပေးပါ။
- အောက်ဆီဂျင်က မီးလောင်ခြင်းကို အားပေးလို့ စက်နား မီးမသုံးပါနဲ့၊ ဆေးလိပ်မသောက်ပါနဲ့။ အခြားပူတတ်တဲ့ စက်တွေနဲ့ ၂ ပေခွါထားပါ။ စက်ပေါ် ဆီတို့ အရက်ပြန်တို့ မကျပါစေနဲ့။

Advamed မှ ဆေးရုံသုံး ပိုးသတ်ဆေးရည်များ အကြောင်း သိလိုလျှင်ဖြင့် Yangon- 09977817112, Mandalay - 09977817172 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

အားလုံးဘဲ ကျန်းမာကြပါစေ! 🙏🏻🙏🏻🙏🏻
Crd
AdvaMed Medical Innovation Co., Ltd.

14/07/2021

Dexamethasone ဟူသောဆေးနှင့် အလားတူခုခံအားချ စတီးရွိုက်များသည် ပေးသင့်ချိန်မရောက်သေးဘဲ ကြိုတင်၍ ပေးမိလျှင် virus ပိုး ပို၍ ပွားလွယ်ကာ အဆုတ်ကို ပျက်‌စီးစေတတ်ပါ၏။ ⭐⭐

✨virus ပမာဏနည်းပြီး ခန္ဓာကိုယ်ခုခံအားက အတိုက်အခိုက်လွန်၍ အဆုတ်နှင့်တကွ ကိုယ်တွင်းအင်္ဂါရောင်ရမ်းမှုတို့ ဖြစ်သည့်အချိန်မှသာ ပေးရမည်ဖြစ်သည်။ ထိုသို့ အချိန်ကိုက်ပေးလျှင်မူ နတ်ဆေးတမျှ အသက်ကယ်ပေးပါ၏။✨

🌠သို့သော်လည်း ထိုအချိန်အခါသင့်မသင့် ကို ဆုံးဖြတ်ရာ၌ အထူးကုဆရာဝန်ပင်ဖြစ်ပါစေ အတွေ့အကြုံမရှိဖူးပါက ဆုံးဖြတ်ရခက်ခဲသည်ဟု ဆိုကြပါ၏၊ ဆရာဝန်မဟုတ်သော သာမန်လူအတွက်တော့ အလွန်အလှမ်းဝေးသည့်ကိစ္စဖြစ်ပါသည်။ ကြိုတင်သုံးမိ၍ ဘေးဖြစ်ကြမည့်အကြောင်း သတိပေးရခြင်းဖြစ်ပါ၏။🌠

ယခုဆိုလျှင် အထက်ပါ Dexamethasone ကို အလုအယက်ဝယ်ယူထား၍ ဆေးဆိုင်တချို့တွင် ပြတ်လပ်နေပြီး ရှိနေသေးသောဆိုင်တချို့ကမူ ဆေးကို ဈေးအဆမတန် မြှင့်တင်ရောင်းချနေပါ၏။
အမှန်တကယ်လိုအပ်သောသူများအတွက် ခက်ခဲနေရပါသည်။
ထို့ကြောင့် မလိုအပ်ဘဲ ပိုဝယ်ထားမိသူများက ပြန်လည်မျှဝေတာမျိုး ပြုသင့်ပါ၏။🕯️🕯️🕯️
(အရေးကြီး၍ ထပ်မံရေးတင်လိုက်ရပါသည်)
Credit post Seeno Kumar

 #တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ   ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။၂။ လည်ချ...
14/07/2021

#တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။


အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ

မိဘပြည်သူများ ဂရုစိုက်ကြပါ


မျှဝေပါသည်

.                     # နိုင်ငံတကာမှာ  Mask ကို နှစ်ထပ် တပ်ဖို့  အကြံပြုထားကြပါပြီ။ တပ်လည်း တပ်နေ ကြပါပြီ။   အရင်ဆုံး  S...
11/07/2021

. #

နိုင်ငံတကာမှာ Mask ကို နှစ်ထပ် တပ်ဖို့
အကြံပြုထားကြပါပြီ။ တပ်လည်း တပ်နေ
ကြပါပြီ။

အရင်ဆုံး Surgical Mask ကို Mask အရင်း
နားလေးမှာ ထုံးပြီး တပ်ပါ။ ဘေးဘက်ကနေ
ပိုးဝင်ပေါက် မရှိအောင်ပါ။ မဟ ပါစေနဲ့။
အဲ့ အပေါ်မှာ အဝတ်နဲ့ ချုပ်ထားတဲ့ Mask ကို
ထပ်အုပ်ပြီး တပ်ပေးပါ။

အဝတ် Mask ကတော့ ထုံးစရာ မလို ပါဘူး။

အမျိုးအစား တူတဲ့ Mask 2ထပ် မတပ် ရပါ

Surgical Mask နှစ်ထပ် မရ ပါ။

အဝတ် Mask နှစ်ထပ်မရပါ။

အောက်ခြေက Surgical Mask ကို ထုံးပြီး တပ်ပါ။

ပြီးရင် အပေါ်က အဝတ် Mask ထပ်သုံး ပါ။
ဒီတစ်နည်းပဲ ရပါမယ်။

KN 95 ပေါ်ဆိုရင်တော့ ဘာ Mask မှ မတပ် ရပါ။

ပုံမှန် တပ်နေကျလိုမျိုး Surgical Mask တခုထဲကို
မထုံးဘဲ တပ်ရင်၅၆.၁ %ပဲ ကာကွယ်နိုင်ပါတယ်။

ထုံးပြီး တပ်ရင် ၇၇ % ကာကွယ်နိုင်တယ်။

ရိုးရိုး အဝတ် Mask တခုထဲ တပ်ရင်
၅၁.၄ % ကာကွယ်နိုင်တယ်ပါတယ်။

ထုံးထားတဲ့ Surgical Mask ပေါ်အဝတ် Mask
အုပ်ပြီး နှစ်ထပ် တပ်ရင် ၈၅.၄ % က အထိ
ကာကွယ်နိုင်လို့ပါ။

မလိုအပ်ရင် အိမ်အပြင် မထွက်တာ
အကောင်းဆုံးပါ။

ထိုင်းမှာလည်း အခြေအနေ တော်တော်
ပြန်ဆိုးနေပါတယ်။

ဒီမှာလည်း တော်တော်ကူးစက် နေပါပြီ။
သေဆုံးတွေလည်း များနေ ပါပြီ။

လူငယ်မို့ ကိုယ်ခံအား ကောင်းတယ်
ဖြစ်လည်း ပြန်သက်သာမှာဘဲလို့ မတွေး ပါနဲ့။

ဒီ ဗီဇ အသစ်ပိုးက ပိုမြန်ပါတယ်။ ကုဖို့ မလွယ် ပါ။

ကိုယ်က သယ်ဆောင်သူဖြစ်ပြီး ကိုယ့်ဆီက
ကူးမယ့် ကိုယ်ခံအား နည်းတဲ့ အဖိုးအဖွားတွေ၊
ကလေးတွေ၊ ငွေကြေး မတတ်နိုင်သူတွေ ရဲ့
အသက်ကိုကိုယ်က စပြီး ကယ်တင် ပေးပါ။

ဂရုစိုက်ကြပါ။ လက်ဆင့်ကမ်းပေးပါ။

Tain Htet Yan

Address

Taunggyi

Opening Hours

Monday 09:00 - 11:30
16:00 - 19:30
Tuesday 09:00 - 11:30
16:00 - 19:30
Wednesday 09:00 - 11:30
16:00 - 19:30
Thursday 09:00 - 11:30
16:00 - 19:30
Friday 09:00 - 11:30
16:00 - 19:30
Saturday 09:00 - 11:30
16:00 - 19:30
Sunday 09:00 - 11:30
16:00 - 19:30

Website

Alerts

Be the first to know and let us send you an email when MYA Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category