Cherry Healthy World

Cherry Healthy World အဆစ်/ကြွက်သား/အရွတ် ကိုက်ခဲ
ထုံကျင် ရောင်ရမ်း အတွက်
ဆေးကပ်ခွာ နှင့် လိမ်းဆေး လက်လီ /လက်ကား 🍀

 #ညညလုံးဝကိုအိပ်မပျော်ပါဘူး #နောက်တနေ့လည်းနေ့လည်ပြန်မအိပ်ဖြစ်သလိုအိပ်မငိုက်နေဘူး #အဲ့လိုနဲ့ကြာလာလို့ကျန်းမာရေးထိခိုက်မှာ...
30/12/2025

#ညညလုံးဝကိုအိပ်မပျော်ပါဘူး
#နောက်တနေ့လည်းနေ့လည်ပြန်မအိပ်ဖြစ်သလိုအိပ်မငိုက်နေဘူး
#အဲ့လိုနဲ့ကြာလာလို့ကျန်းမာရေးထိခိုက်မှာစိတ်ပူလို့ပါ

( #အိပ်မရသံသရာ)

ကုန်ဆုံးသွားတဲ့ စွမ်းအင်တွေဖြည့်ဖို့ အတွက်ကောင်းစွာ အနားယူရပါတယ် ၊ အနားယူတဲ့အထဲမှာ အိပ်စက်အနားယူခြင်းကတော့ အကောင်းဆုံးဖြစ်ပါတယ်
တစ်နေ့ (၈) နာရီ ပြည့်အောင် အိပ်တာပဲ အိပ်ရေးမဝဘူးဆိုတဲ့သူတွေ ရှိသလို တစ်နေ့ကိုမှ ၅ နာရီလောက်အိပ်ရတဲ့သူတွေရှိပါတယ်
ခေါင်းအုံးနဲ့ ခေါင်းထိတာနဲ့ တန်းအိပ်သွားတဲ့သူရှိသလို အိပ်ပျော်ဖို့အတွက် နာရီနဲ့ချီပြီးကြိုးစားရသူတွေရှိပါတယ်

#အိပ်ရေးမဝရင်
- မနက်ခေါင်းမကြည်တာ
- အိပ်ငိုက်တာ
- ဆုံးဖြတ်ချက်တွေမှားယွင်းတာ
- မေ့လျော့တာ
- အာရုံမစိုက်နိုင်တာ
- ဒေါသထွက်လွယ်တာ စတာတွေဖြစ်တတ်ပါတယ်

အိပ်မပျော်တာမှ လုံးဝ ကို အိပ်မပျော်တာ နောက်နေ့လည်း နေ့လည်ပြန်မအိပ်ပဲ နောက်တစ်ရက်လည်း အိပ်မရဘူး ဆိုသူတွေအတွက်ပြောရရင်
စိတ်ဖိစီးမှု Stress များနေတဲ့အတွက် အတွေးတွေများလွန်းနေတော့ အိပ်ဖို့ကို အချိန်အကြာကြီးကြာနေရတာပါ

အိပ်တယ် ဆိုတာ ခန္ဓာကိုယ်ကြီးကို အနားပေးတာဖြစ်လို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာ(အကောင်းဆုံးဖြစ်ပေမယ့်) မျက်စိလေးမှိတ် ၊ စိတ်လေးလျှော့ပြီးအနားယူလိုက်ရင်လည်း အထိုက်လျောက်အနားရပါတယ်
ကိုယ်က ဖိစီးမှုတွေကြောင့် Alert - လန်းနေတာပေမယ့် ကြားထဲမှာ ကိုယ်မသိလိုက်ပဲ တဖြတ်တဖြတ်
အိပ်ပျော်သွားတတ်ပါတယ် အဲ့ဒါကြောင့် နောက်နေ့မှာအိပ်မငိုက်ပဲ (နေ့လည်ပြန်မအိပ်ရပဲ) အလုပ်လုပ်နေနိုင်တာပါ

ဒါပေမယ့် သေသေချာချာ မအိပ်ရတော့ ခေါင်းမကြည်ဘူးပေါ့
ည မအိပ်ထားလို့ အလုပ်မှာ အိပ်ငိုက်မှာစိုးပြီး Coffee Tea Energy drink တွေ အလွန်အကျွံသောက်သုံးခြင်းကလည်း နောက်တရက်မှာ အိပ်ရခက်ခြင်းကို ဖြစ်စေပါတယ်

#အိပ်မရသံသရာကို_ဘယ်လိုဖြတ်ကြမလဲ ❓

စိတ်ဖိစီးမှုများနေလို့ အိပ်မရတာကို အိပ်မပျော်ရင် ဒုက္ခပါပဲ ဆိုတဲ့ စိတ်ပူပန်မှုဟာ ရှိရင်းစွဲ ဖိအားတွေကိုပိုဆိုးစေလို
* အိပ်ပျော်ပျော် မပျော်ပျော် (အနားယူရင် ရပြီမို့) စိတ်အေးအေးထား မျက်စိမှိတ်ပြီး အိပ်ယာထဲလှဲနေလိုက်ပါ

* အိပ်မပျော်လို့ မျက်စိညောင်းအောင် စာဖတ်မယ် ၊ ဖုန်းသုံးမယ် ၊ ရုပ်ရှင်ကြည့်မယ် စတာတွေမလုပ်ပါနှင့်

* အသံတဂျောက်ဂျောက် ၊ တချက်ချက် မြည်နေတဲ့ နာရီစတာတွေ မထားပါနှင့်

* မီးလင်းနေခြင်းကလည်း အိပ်ပျော်ဖို့ခက်တာကြောင့် မီးပိတ်ထားခြင်း ၊ မီးမှိန်ထားခြင်းက အထောက်အကူအများကြီးပေးပါတယ်

* အလုပ်ကပြန်ပြန်ချင်း ပင်ပန်းလို့ တရေးမှေးခြင်းကလည်း ညအိပ်ရခက်စေပါတယ် (ညနေပိုင်း ခဏ မအိပ်ပါနှင့်)

* နောက်တနေ့အတွက် ကြိုတင်ပူပန်ခြင်း ကလည်း အကျိုးတစေ့မှ မရှိပဲ အိပ်မပျော်တာသာဖြစ်စေလို့ ဘာမှမတွေးပဲ အိပ်ဖို့ကြိုးစားပါ

* Stimulants တွေဖြစ်တဲ့ Coffee Tea Energy drink တွေမသောက်တာအကောင်းဆုံးပါ (သောက်မယ်ဆိုလည်း နေ့လည် (၂) နာရီ ရှေ့ပိုင်းပဲသောက်ပါ)

* ညစာကို ဗိုက်ပြည့်တင်းအောင် မစားသင့်ပါဘူး၊ ဆေးလိပ်၊ အရက်တွေကိုလည်း ရှောင်ကြဉ်သင့်ပါတယ် (အိပ်ပျော်အောင်အရက်သောက်တယ်ဆိုတာ အန္တရာယ်ရှိတဲ့အလေ့အကျင့်ပဲဖြစ်ပါတယ်)

* အလုပ်မှာ ဘယ်လောက်ပင်ပန်းတယ်ပြောပြော လေ့ကျင့်ခန်းတခုခုပြုလုပ်ခြင်းက အိပ်စက်ခြင်းကိုအထောက်အကူပြုပါတယ် (Yoga လို့ လေ့ကျင့်ခန်းမျိုးလုပ်နိုင်လျှင်အကောင်းဆုံးပါ)

* ခန္ဓာကိုယ်က အိပ်ပျော်စေတဲ့ Melatonin ဆိုတဲ့ ဓာတ်တမျိုးကို ၁၁ နာရီဝန်းကျင်မှာထုတ်ပေးတဲ့အတွက် ၁၁ နာရီဝန်းကျင်အိပ်တာ အသင့်တော်ဆုံးဖြစ်ပါတယ် (အဲ့ထက် ကျော်ပြီးနေခြင်းက အိပ်ရခက်စေပါတယ်)

အထက်မှပြောသွားတဲ့အချက်များ လိုက်လုပ်ပါသော်လည်း အိပ်မပျော်ပါက
Melatonin 3 mg ကို ည ၁၀ နာရီဝန်းကျင်မှာ သောက်ကြည့်ပါ (အထိုက်လျောက်အကျိုးရှိနိုင်ပါတယ်)

✔️ အိပ်မပျော်ဘူးဆိုတာ ၊ အိပ်မရရင် ဒုက္ခဆိုတာ ၊ အိပ်ဆေးတွေ စွဲတော့မှာပဲဆိုတာတွေ စိတ်ထဲလုံးဝ မထားပါနဲ့

✔️ အိပ်မပျော်လည်း မျက်စိမှိတ်ပြီး စိတ်အေးအေးထားပြီး ကောင်းကောင်းအနားယူလျှင် အကျိုးရှိပါတယ်

✔️ ဘယ်လိုမှ အဆင်မပြေရင်တော့ ဆရာဝန်ပြသပြီး အကူညီရယူပါ

✔️ ဆရာဝန်ပြပြီး ဆေးတွေသောက်နေပြီဆိုလည်း ဒီနည်းလမ်းတွေကြိုးစားပြီး ဆေးတွေပြန်လျှော့နိုင်အောင်ကြိုးစားကြတာပေါ့ဗျာ

(Photo credit; BeaumontHealth)
#ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ….။။။


. ဘုန်းစည်သူလွင်


 #နှလုံးကိုဖိပြီးမအိပ်ကြရန် 🫀🫀🫀🫀🫀============================ #ကမ္ဘာပေါ်မှာ လူတွေသေဆုံးနေရတဲ့ အကြောင်းရင်းကို လေ့လာကြရာမ...
25/12/2025

#နှလုံးကိုဖိပြီးမအိပ်ကြရန် 🫀🫀🫀🫀🫀
============================

#ကမ္ဘာပေါ်မှာ လူတွေသေဆုံးနေရတဲ့ အကြောင်းရင်းကို လေ့လာကြရာမှာ နှလုံးရောဂါကြောင့် သေဆုံးရခြင်းဟာ အများဆုံးပဲလို့ ပညာရှင်များတွေ့ရှိထားပါတယ်။

#နှလုံးရောဂါကတော့ အမျိုးမျိုးရှိပါတယ်။

အဲဒီလိုနှလုံးရောဂါ အမျိုးမျိုးဖြစ်လာရခြင်းရဲ့ cause တခုအကြောင်းကို အခုပြောပြပေးသွားပါမယ်။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက လောကီလူသားတွေ ဘယ်လိုနေထိုင်ရမယ်ဆိုတဲ့ နည်းတွေကို ပေးခဲ့ပါတယ်။

အဲဒီထဲမှာ အိပ်စက်ခြင်းနဲ့ပတ်သက်လို့ လက်ယာဘက်ကို စောင်းအိပ်ဖို့ လမ်းညွှန်ခဲ့ပါတယ်။

လက်ဝဲဘက်ကို စောင်းမအိပ်ခိုင်းတာက လက်ဝဲရင်အုံမှာ အချိန်တိုင်းခုန်နေတဲ့ နှလုံးရှိနေလို့ပါပဲ။

လက်ဝဲဘက်ကို စောင်းအိပ်တဲ့အခါမှာ လွတ်လပ်စွာခုန်နေတဲ့နှလုံးကို တက်ဖိထားသလို ဖြစ်နေပါတယ်။

ကိုယ်အလေးချိန် များတဲ့သူတွေဆို ပိုဆိုးတာပေါ့။ အသက်တောင် မနဲညှစ်ရှူနေကြရတယ် မဟုတ်လား။

အဲလိုတက်ဖိထားတော့ နှလုံးက အရမ်းကို ရုန်းကန်ပြီး ခုန်နေရပါတယ်။

နှလုံးဟာ တကိုယ်လုံးကို သွေးပို့လွှတ်ဖို့ ညှစ်အားကောင်းကောင်းနဲ့ pump လုပ်ပေးနေရတာ ဖြစ်တယ်။

သူ့ကိုတက်ဖိထားတော့ ညှစ်အားမကောင်းတော့ဘူး။

တကိုယ်လုံးကို သွေးမရောက်နိုင်တော့ဘူး။

တညလုံးများ တက်ဖိထားရင် စဉ်းစားသာ ကြည့်ပါတော့။

နှလုံးမှာ အခန်း၄ခန်း ရှိတယ်။

တခန်းကနေ နောက်တခန်းကို သွေးဝင်ဖို့အတွက် အဆို့ရှင်လို့ခေါ်တဲ့ တံခါးပေါက်တွေရှိတယ်။

နှလုံးကို တက်ဖိထားတော့ အဲဒီအဆို့ရှင် တံခါးပေါက်တွေလည်း အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ဘူး။

နှလုံးကို သွေးဝင်လာတဲ့ သွေးပြန်ကြောတွေ ရှိတယ်၊ နှလုံးကနေပြန်ထွက်တဲ့ သွေးလွှတ်ကြောတွေရှိတယ်။

နှလုံးကိုတက်ဖိထားရင် အဲဒီသွေးကြောတွေလည်း ပိတ်တတ်ပါတယ်။

သွေးလည်း တိုးတတ်တယ်။

ခန္ဓါကိုယ်မှာ နှလုံးက အဓိကကျပါတယ်။

ကိုယ်တွင်းလုပ်ငန်း အရာရာတိုင်းကို နှလုံးကနေ အားယူပြီး လုပ်နေရတာဖြစ်တယ်။

နှလုံးအားမရှိရင် ကျန်တဲ့အပိုင်းတွေလည်း အလုပ်ကောင်းကောင်း မလုပ်နိုင်ဘူး။

အစာမကြေတာတွေ၊ ဝမ်းချုပ်တာတွေ၊ ရင်ကျပ်တာတွေ၊ နွမ်းနယ်တာတွေ၊ မူးဝေတာတွေ စသည်ဖြင့် ဖြစ်ကြတာတွေက နှလုံးမကောင်းတာကြောင့် ဖြစ်ရတာများတယ်။

ဆိုလိုချင်တာကတော့ နှလုံးဟာ
Mainပဲ။ နှလုံးကောင်းဖို့က အခရာအကျဆုံးဖြစ်တယ်။

ဘယ်ဘက်ကို စောင်းအိပ်တတ်တဲ့သူတွေဟာ နှလုံးအဖိခံထားတဲ့အတွက် နှလုံးရဲ့လုပ်ဆောင်ချက်တွေ ကျဆင်းတတ်တယ်။ ကြာရင်ဒဏ်ဖြစ်ပြီး နှလုံးအားမကောင်းတော့ဘူး။ အဆို့ရှင်တွေ ပျက်စီးလွယ်တယ်။

အိပ်နေရင်းနဲ့ နှလုံးရပ်ပြီး သေတတ်တယ်။ ဒါကြောင့် လက်ဝဲဘက်ကို စောင်းအိပ်တတ်တဲ့ အကျင့်ရှိရင် ပြင်ဖို့လိုပါတယ်။

လက်ဝဲဘက်ကို လုံးလုံးစောင်းမအိပ်ပါနဲ့လို့ ပြောတာတော့ မဟုတ်ဘူး။

အညောင်းပြေခဏတော့ စောင်းအိပ်ချင်ကြမှာပဲ။ ခဏစောင်းအိပ်ရင် ဖက်လုံးလိုခေါင်းအုံးလေးနဲ့ ရင်ဘတ်ကို အသာလေး ခုထားပေးသင့်ပါတယ်။

ဘယ်ဘက်စောင်းပြီး အိပ်မပျော်သွားပါစေနဲ့။ အညောင်းပြေရင် position ပြန်ပြောင်းပါ။

အကောင်းဆုံးအိပ်နည်းကတော့ ကမ္ဘာ့သံလိုက်စက်ကွင်း လားရာမှန်ဖို့ ဦးခေါင်းကို တောင်ဘက်ထားပြီး ပက်လက်လှန် အိပ်ခြင်းဖြစ်တယ်။

အခါအားလျော်စွာ လက်ယာဘက်ကို စောင်းအိပ်နိုင်တယ်။ အဲဒီလို အိပ်ရေးဝအောင်အိပ်ဖို့ ဖြစ်ပါတယ်။

အိပ်တဲ့အခါမှာလည်း သူတော်ကောင်းအိပ်တဲ့ နည်းမျိုးနဲ့ အိပ်သင့်တယ်။

အလိုလောဘတွေ စဉ်းစားပြီးအိပ်ရင် ပြိတ္တာအိပ်နည်း၊

မလိုဒေါသတွေ စဉ်းစားပြီးအိပ်ရင် ငရဲသားအိပ်နည်း၊

ခေါင်းအုံးနဲ့ ခေါင်း ထိတာနဲ့အိပ်ပျော်သွားရင် တိိိိရိစ္ဆာန် အိပ်နည်းလို့ခေါ်တယ်။

အဲဒီအိပ်နည်းတွေက အိပ်ပျော်ဖို့ ခက်ခဲတတ်တယ်။ ပက်လက်လေးလှန် မျက်လုံးလေးမှိတ်ပြီး ကိုယ်အားသန်ရာ တရားအမှတ်လေးနဲ့ အိပ်မှသာလျှင် ယောဂီအိပ်နည်း၊ သူတော်ကောင်းအိပ်နည်း ဖြစ်မှာဖြစ်ပါတယ်။

မိတ်ဆွေများ.....နှလုံးဟာ သိပ်အရေးကြီးပါတယ်။

ခန္ဓာကိုယ်အတွက်လည်း တန်ဖိုးကြီးလှပါတယ်။

#နှလုံးမကောင်းရင် အသက်မရှည်နိုင်ပါဘူး။

#ဒါကြောင့် နှလုံးရောဂါဖြစ်စေနိုင်တဲ့ အခြားသော အကြောင်းအရာတွေကိုလည်း ဂရုစိုက်ကြရင်းနဲ့ လူသိနည်းလှတဲ့ အခုပြောပြတဲ့ အကြောင်းအရာလေးကိုလည်း သတိထားမိကြဖို့ မျှဝေပေးလိုက်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း...
20/12/2025

ခန္ဓာကိုယ်ထဲမှာ အပူအပုပ်တွေ အဆိပ်အ​​တောက်တွေ ပုံမှန်ထက် များလာပြီဆိုရင် ဘာတွေ ဖြစ်တတ်သလဲ???
- ပါးစပ်(ခံတွင်း)အနံ့ နံခြင်း
- ချွေးအနံ့ ဆိုးရွားလွန်းခြင်း
- လေလည်တဲ့အခါ ပုံမှန်ထက် အပုပ်နံ့
ပိုထွက်ခြင်း
- သွားဖုံးတွေ ကြွပြီး နာတတ်ခြင်း
- ကိုယ်လက် မအီမသာ ဖြစ်ခြင်း
- နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ ခက်ခြင်း
- အကြောတက် ​ညောင်းညာခြင်း
- ကိုယ်လက် နာကျင်ကိုက်ခဲခြင်း
- အသားအရေ ခြောက်သွေ့ပျက်စီးခြင်း
စတဲ့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ဖြစ်လာတတ်ပါတယ်။
ဒီလိုတွေ မဖြစ်ချင်ဘူးဆိုရင် သင့်ရဲ့ ကိုယ်ခန္ဓာအတွင်းက အပူအပုပ်နဲ့ အဆိပ်အတောက်တွေကို မကြာခဏ ထုတ်ပစ်ပြီး.....ခန္ဓာကိုယ်အတွင်းပိုင်း သန့်ရှင်းရေးကို မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။
ဒီလိုလုပ်ဖို့အတွက် စာရေးသူသိတဲ့နည်း (၅)နည်း ရှိပါတယ်။
၁။ #ကိုယ်ခန္ဓာချွေးပေါက်များမှထုတ်ခြင်း
ချွေးပေါက်တွေကနေ အပူပုပ် အဆိပ်တောက်တွေကို ထုတ်နိုင်ပါတယ်။ အချို့ မြင်ဖူးကြမှာပါ...အပူပေးထားတဲ့ ဖန်ခွက်လေးတွေကို နောက်ကျောပေါ်တင်ပြီး လေဆုပ်ခွက်သဘောမျိုး လုပ်ထားတဲ့ ကုထုံးမျိုးပါ။
၂။ #စအိုမှထုတ်ခြင်း
ဒါကတော့ ရှင်းပါတယ်။ ဥပမာအားဖြင့် အနီးစပ်ဆုံး ပြောရရင် ဝမ်းနုတ်ကြတာမျိုးပါ။ ဝမ်းသွားတာဟာ သဘာဝအရ သွားတာ ကောင်းပေမယ့် လိုအပ်လာတဲ့အခါ မဖြစ်မနေ ဝမ်းသွားအောင် လုပ်ကြရပါတယ်။ အချို့က ဝမ်းနုတ်ပြီး အားအင်ကုန်ခန်းသွားတဲ့ ဒဏ်ကို ခံနိုင်ရည်မရှိဘဲ နုံးခွေသွားတတ်ကြပါတယ်။
၃ #ပါးစပ်မှထုတ်ခြင်း
ယခုခေ​တ်မှာတော့ အသုံးပြုတာ နည်းသွားပါပြီ။ ရှေးကုထုံးတွေမှာတော့ အန်ထွက်မယ့် ဆေးတစ်မျိုးကို တိုက်ကျွေးပြီး အဆိပ်တောက် အပူပုပ်စာတွေကို ပြန်ထုတ်ကြပါတယ်။ အရေးပေါ် အခြေအနေမှာပဲ သုံးလေ့ရှိကြပြီး နောက်ဆက်တွဲ ပေးရတဲ့ဆေးတွေလဲ ရှိသေးတော့ ကိုယ်တိုင်လုပ်ဖို့ မလွယ်ပါဘူး။
၄။ #ခေါင်းမှထုတ်ခြင်း
ခေါင်းမှာရှိတဲ့ အကြောအခြင်တွေကို နှိပ်နယ်ပေးပြီး အပူအပုပ် အခိုးတွေ ထွက်သွားအောင် လုပ်ပေးရတဲ့ ကုထုံးဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ အကြောဖွဲ့စည်းပုံတွေကို နားလည်တဲ့ အကြောပညာရှင်မျိုးသာ ပြုလုပ်တာ ပိုသင့်တော်ပါတယ်။
ဆံသဆိုင်တွေ၊ Spaတွေမှာ ခေါင်းလျှော်ရင်း ပြုလုပ်ပေးတာတွေကို ကြုံဖူးပေမယ့် တကယ့်အစစ်အမှန် အပူထုတ်ခြင်းမျိုးတော့ မဟုတ်သေးပါဘူး။
၅။ #ခြေဖဝါးမှထုတ်ခြင်း
စာရေးသူ အကြိုက်ဆုံး နည်းလမ်းလဲ ဖြစ်ပြီး လုပ်ရတာလဲ အလွယ်ကူဆုံးပါ။ နည်းလမ်းတွေလဲ များပါတယ်။
အကြိုက်ဆုံး နည်း(၂)နည်းကတော့ ဆားနယ်တာနဲ့ ခြေထောက်ဆေးကပ်ခွာ သုံးတာပဲ ဖြစ်ပါတယ်။
#ဆားနယ်ခြင်း
ဆားများများသုံးနိုင်ရင် ပိုကောင်းပါတယ်။ အချို့က ဆားနည်းနည်းလေးနဲ့ လုပ်တတ်ကြပါတယ်။ တကယ်က ဟိုမရောက် ဒီမရောက် ပိုဖြစ်သွားစေပါတယ်။
မလုပ်ခင် ခြေထောက်ဆေး ခြောက်အောင်သုတ်ပြီး ခြေမျက်စိအောက်စပ်လောက်နီးပါးရှိတဲ့ ဆားခွက်ထဲကို ခြေထောက် ထည့်စိမ်ထားပြီး သေချာစွာ ပွတ်ခြင်း နှိပ်နယ်ခြင်းတွေကို မိနစ်(၂၀) နာရီဝက်လောက် လုပ်ပေရပါမယ်။
ပြီးရင် ရေမဆေးဘဲ ခြေသုတ်ပြီး အိပ်ပါ။ ခုတင်ပေါ်မှာ ဆားနံ့ နံတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ဆားကို မကြာခဏ အသစ်လဲပေးတာမျိုး လုပ်ပေးတာ ပိုသင့်တော်ပါတယ်။
ခြေဖဝါးဟာ လူ့ကိုယ်ခန္ဓာရဲ့ ပထဝီအကြောတွေ ပေါင်းစုံတဲ့ နေရာဖြစ်လို့ ခြေဖဝါးကနေ အဆိပ်အတောက် အပူအပုပ်တွေကို ထုတ်တာဟာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပါတယ်။


ရေသောက်ခြင်း အကျိုးကျေးဇူးများမေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။ဖြေ ~ ရေသည် လူတ...
15/12/2025

ရေသောက်ခြင်း အကျိုးကျေးဇူးများ

မေး ~ အိပ်ယာနိုးနိုးချင်း ရေအရင်သောက်ရမလား ခြေထောက်အရင်ဆေးသင့်သလား သိပါရစေ။

ဖြေ ~ ရေသည် လူတို့၏ အသက်ရှင်

ရပ်တည်ရေးအတွက် မရှိမဖြစ် လိုအပ်လှပါသည်။ ထို့ကြောင့်လည်း ရေအသက်တစ်မနက်လို့ ပြောကြတယ်ထင်ပါတယ်။သို့ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်ဖို့ဆိုရင်တော့ ရေကို စနစ်တကျ သောက်တတ်ဖို့လိုပါတယ်

သောက်သင့်သည့် အချိန်တွင်သောက်သင့်သည့် ပမာဏကို သောက်သုံးပါက ခန္ဓာကိုယ်ကို အထိရောက်ဆုံးအကျိုးပြုနိုင်မှာ ဖြစ်ပါတယ်။

ရေသောက်သုံးသင့်သော အချိန်များ

* နံနက်အိပ်ယာထထချင်းတွင် ရေ ၂ ဖန်ခွက်သောက်ပါ။ ကိုယ်အတွင်းရှိ ကလီစာများအား နိုးရာတွင် အဆင်ပြေပါသည်။

* အစာမစားမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက်သောက်ပါ။ အစာကြေလွယ်သည်။

* ရေမချိုးမီ မိနစ် ၃၀ ခန့်အလိုတွင် ရေ တစ်ဖန်ခွက် သောက်ပါ။ သွေးပေါင်ချိန်ကျစေပါသည်။

* မအိပ်မီ ရေ တစ်ဖန်ခွက်သောက်ပါ။ လေဖြတ်ခြင်းနှင့် နှလုံးရောဂါကြောင့် လေဖြတ်ခြင်းတို့ကို လျော့နည်းစေပါသည်။
ရေအကျိုး ဆယ်ပါး

* ရေသည် ကျောက်ကပ်တွင် ကျောက်တည်ခြင်းအား တားဆီးနိုင်ပါသည်။ ကျောက်ကပ်တွင် ကျောက်တည်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ခန္ဓာကိုယ်တွင်ရေဓာတ်နည်းပါးသောကြောင့် ဖြစ်ပါသည်။

ရေသောက်များပါက ဆီးတွင်အနယ်ထိုင်နှုန်း နည်းသွားသည်။ ထို့ကြောင့် ကျောက်ကပ်တွင်ကျောက်တည်ဝေဒနာသည်များပါမက ရောဂါ မဖြစ်ပွားလိုသူများပါ တစ်နေ့ကို ရေ ၁၂ဖန်ခွက်လောက် အနည်းဆုံးသောက်သင့်ပါသည်။

* ရေသည် ဆီးလမ်းကြောင်း ပိုး၀င်ခြင်းကို ကုသပေးနိုင်ပါသည်။ ရေများများသောက်လေလေ ဆီးများများသွာလေလေဖြစ်ပါသည်။ ဆီးခဏခဏသွားနေပါက ဆီအိမ်အတွင်းရှိ bacteriaပိုးများ ဆီးနှင့်အတူပါသွားသောကြောင့် မြန်မြန်သက်သာနိုင်ပါသည်။

*ရေသည် ၀မြးလွောသညြ့အခါတှငြ ဆုံးရှုံးသွားသော ရေဓာတ်ကို ပြန်လည်ဖြည့်တင်းရာတွင် အထောက်အကူပြုပါသည်။ သို့သော် ရိုးရိုးရေထက် ဓာတ်ဆားရည်ကပိုမိုထိရောက်ပါသည်။

* ရေသည် အဖျားကို လျော့ချရာတွင် အထောက်အကူပြုပါသည်။ ကိုယ်အပူချိန်တက်လျင် ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားပါသည်။ ရေများများသောက်ပါက ကိုယ်အပူချိန်ကျသည့်အပြင်ဆီးများများသွားသောကြောင့်လည်း ကိုယ်ပူကျ ပိုမြန်ပါသည်။

* ရေများများသောက်ပါက တုတ်ကွေးမိသောအခါ သို့မဟုတ် နှာစေးချောင်းဆိုးဖြစ်သောအခါ အထောက်အကူပြုပါသည်။

ရေဓာတ်များပါက လည်ခေါင်းအတွင်းရှိ သလိပ်များပိုမိုကျဲသွားပြီး ဟတ်ထုတ်ရာတွင် လွယ်ကူစေပါသည်။ ထို့အတူနှာခေါင်းပိတ်ခြင်းကိုလည်း သက်သာစေပါသည်။

* ရေသည် အစာစားနောက်ကျသောကြောင့် ဖြစ်ပေါ်လာသည့် ရင်ပူခြင်း (acid ကြောင့် ဗိုက်အောင့်ခြင်း) ကိုသက်သာစေပါသည်။ ရေ ၂ ခွက်နှင့် ငှက်ပျောသီး
တစ်လုံးသည် Antacid တစ်လုံးကဲ့သို့ စွမ်းဆောင်နိုင်ပါသည်။

* ရေများများသောက်ပါက ၀မြးခွုပခြှငြးကို ကာကွယ်ပေးနိုင်ပါသည်။ ရေသောက်နည်းပါက မစင်တုံးများသည် ပိုမိုမာကျောသွားပြီး ၀မြးခွုပစြပေါသညြ။ ထို့ကြောင့် ၀မြးခွုပြ၍ မရသည့်
လိပ်ခေါင်းနှင့် စအို၀ကွဲနာ ဝေဒနာသည်များအတွက် ရေသည် ဆေးတစ်ခွက်ပင်
ဖြစ်ပါသည်။

* ရေသည် လူကို လန်းဆန်းတက်ကြွ စေပါသည်။ ရေဓာတ်နည်းပါးလာပါက သွေးသည် အလိုလို စေးပျစ်လာတတ်သည်။ ထိုအခါ ဦးနှောက်သို့ သွေးစီးနှုန်း နည်းသွားပြီး ခေါင်းနောက်ခြင်းနှင့်
ပင်ပန်းခြင်းတို့ကို ခံစားရနိုင်ပါသည်။

* အစာမစားမီ ရေသောက်လေ့ရှိပါက ဗိုက်ပိုတင်းပြီး အစာသိပ်မစားဖြစ်တော့ချေ။ ထို့ကြောင့် ကိုယ်အလေးချိန်လျှော့ရာတွင် ရေသည် အရေးကြီးပါသည်။

* ရေသည် အရေပြားနှင့် အသားအရေကို စိုစွတ်အေးမြစေပါသည်။ အသားအရေကိုလည်း လှပစေပါသည်။

ရေသောက်ရာတွင် လိုက်နာသင့်သည် အချက် ဆယ်ချက်

* အိပ်ယာနိုးနိုးချင်း ရေသောက်ပါ။

* တစ်နေ့ကို အနည်းဆုံး ရေဖန်ခွက် ၈ ခွက်မှ ၁၂ ခွက် အထိသောက်ပါ။

* ရေကို နည်းနည်း ဖြင့် ခဏခဏ သောက်ခြင်းက တစ်ခါတည်း အများကြီးသောက်ခြင်းထက် ပိုမို အကျိုးရှိပါသည်။

* ရေငတ်မှ ရေသောက်ခြင်းကို ရှောင်ကြဉ်ပါ။ အထူးသဖြင့် အသက်ကြီးသူများတွင် ခန္ဓာကိုယ်အတွက် ရေဓာတ်နည်းပါးနေသည်ကို အာရုံခံစွမ်းအား နည်းသွားပါသည်။

* ရေသောက်ရာတွင် ရိုးရိုးရေကိုသာသောက်ပါ။ အအေး၊ ကော်ဖီ၊ ဘီယာ နှင့် အရက်သောက်ခြင်းများ ရှောင်ကြဉ်ပါ။

အဆိုပါ အရေများသောက်ပါက ရေဓာတ်ဆုံးရှုံးမှု ပိုမိုများပြားသွားပါလိမ့်မည်။

* ကလေးများကို ရေများများသောက်ရန် ကျင့်ပေးပါ။ မိမိကိုယ်တိုင် စံပြအဖြစ်လုပ်ပြပါ။

* ကစားပြီး လေ့ကျင့်ခန်းများလုပ်ပြီးပါက ရေပိုသောက်ပါ။

* ဖျားနာပြီး ကိုယ်ပူနေပါက ရေပိုသောက်ပါ။ ရေဓာတ်ဆုံးရှုံးမှု များသောကြောင့် ဖြစ်ပါသည်။

* ကိုယ်၀န်ဆောင်သည်များအနေဖြင့် ရေပိုသောက်ပါ။ ပုံမှန်သောက်နေကျထက် ၃-၄ ခွက်ခန့် ပိုသောက်သင့်သည်။

Ctedit to original



🔺 #ကြက်ဥကပေးတဲ့ကျန်းမာရေးကောင်းကျိုးများ #🥚🥚        #ကြက်ဥကြော်၊ ကြက်ဥချက်၊ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ...
10/12/2025

🔺 #ကြက်ဥကပေးတဲ့ကျန်းမာရေးကောင်းကျိုးများ #🥚🥚

#ကြက်ဥကြော်၊ ကြက်ဥချက်၊ကြက်ဥပြုတ်၊ ကြက်ဥပေါင်း အစရှိသဖြင့် ကြက်ဥကို ဟင်းလျာ အမျိုးမျိုး ပြုလုပ်ကာ စားသုံးတတ်ကြပါတယ်။ ကြက်ဥထဲမှာ အကာ အဖြူပိုင်းနဲ့ အနှစ်အဝါရောင်ဆိုပြီး နှစ်မျိုး ပါရှိပါတယ်။ ကြက်ဥအကာထဲမှာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အယ်ဗျူမင်ဆိုတဲ့ ပရိုတိန်း(အသားဓာတ်)တွေပါပါတယ်။ ကြက်ဥအနှစ်ကတော့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ကယ်ရိုတင်းနွိုက်(Carotenoid)တွေပါလို့ ဝါနေပါတယ်။ ကြက်ဥအနှစ်ထဲမှာ ကိုလင်း၊ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ကယ်(လ်)ဆီယမ်၊ သံဓာတ်နဲ့ အဆီဓာတ်တွေ ပါပါတယ်။ ကြက်ဥ အနှစ်စားရင် ကိုလက်စထရော(အဆီဓာတ်)တက်တယ်၊ နှလုံးသွေးကြော ကျဉ်းတယ်လို့ ယူဆပြောဆိုခဲ့ကြပေမဲ့ လေ့လာမှုတွေ ပြုလုပ်တဲ့အခါ ပုံမှန်နေ့စဉ် ကြက်ဥတစ်လုံးစားသုံးပေးတာက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အဆီပမာဏကို ဖြည့်ပေးနိုင်ပြီး ကျန်းမာရေး ကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ မျိုးကြက်ဥဖြစ်ဖြစ်၊ CP ကြက်ဥဖြစ်ဖြစ် အာဟာရတန်ဖိုးချင်းက အတူတူပါပဲ။

#ကြက်ဥတစ်လုံး နေ့စဉ် စားသုံးခြင်းအားဖြင့် အောက်ပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။

၁။ အာဟာရဓာတ်တွေ ပြည့်နေတဲ့ အစားအစာ🔺

ကြက်ဥတစ်လုံးမှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရ ဓာတ်တွေ မျိုးစုံပါဝင်နေပါတယ်။
ဗီတာမင်အေ၊သံဓာတ်၊ဗီတာမင် ဘီတွဲ၊ ဗီတာမင် ဘီဖိုက်၊ ဗီတာမင် ဘီတူး၊ကယ်လ်ဆီယမ်၊ဖော့စပရပ်၊မဂ္ဂနီဆီယမ်၊ပိုတက်စီယမ်၊ ဗီတာမင် (ဒီ၊အီး၊ကေဘီ၆) နဲ့ ဇင့်ဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လိုရီ ၇၇၊ ပရိုတိန်း ၆ ဂရမ်နဲ့ အဆီ ၅ ဂရမ် ပါဝင်ပါတယ်။
ဒါကြောင့် လူတိုင်းလူတိုင်း နေ့စဉ် ကြက်ဥ တစ်လုံးစားသုံးရုံနဲ့ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ ဓာတ်တွေကို ရနိုင်ပါတယ်။
ကြက်ဥဟာ တခြားအစားအစာတွေနဲ့ မတူဘဲ ခန္ဓာကိုယ် ထဲ ရောက်တာနဲ့ ချက်ချင်း စုပ်ယူနိုင်တဲ့အစားအစာပါ။ အစာအိမ်အူလမ်းကြောင်းက ချေဖျက်စရာ မလိုဘဲ ကြက်ဥမှာပါတဲ့ အာဟာရဓာတ်တွေ ကို ခန္ဓာကိုယ် က ချက်ချင်း စုပ်ယူနိုင်တာမို့ အစာအိမ်ရောဂါသမားတွေ၊ သက်ကြီးရွယ်အို တွေ အတွက်တော့ အထူးသင့်တော်တဲ့ အစားအစာပါ။

၂။ ကြက်ဥစားရင် ကိုလက်စထရော တက်မှာလား?🔺

#ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)ရဲ့ ပြောကြားချက်အရ လူတစ်ဦးက တစ်နေ့ကို ကိုလက်စထရော ၃၀၀မီလီဂရမ်အထိ စားနိုင်တယ်လို့ ဆိုပါတယ်။ ကြက်ဥအနှစ်စားရင် ကိုလက်စထရော တက်တယ်၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ သမားတွေ မစားသင့်ဘူးလို့ ဟိုးအရင်က ပြောဆိုကြဖူးပါတယ်။ ဒါပေမဲ့ အဆီဆိုတာ အများကြီး စားမှ အန္တရာယ် ဖြစ်တာပါ။ အဆီဓာတ် ဟာလည်း ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ ကြက်ဥမှာ monounsaturated fat ကအများဆုံးပါဝင်ပြီး ခန္ဓာကိုယ် ကို အကျိုးပြုတဲ့ HDL အဆီပမာဏကို တက်စေပါတယ်။ ကြက်ဥတစ်လုံး မှာ ကိုလက်စထရော ၁၈၀ ကနေ ၂၀၀ မီလီဂရမ်ပါရှိတာမို့ မွေးရာပါ ကိုလက်စထရောတက်စေတဲ့ ရောဂါရှိသူကလွဲပြီး မည်သည့်ရောဂါသည်မဆို တစ်နေ့ကို ကြက်ဥတစ်လုံး စိတ်ချလက်ချ စားသုံးလို့ ရပါတယ်။ သတိထားရမှာက ကြက်ဥကြော် တဲ့အခါ ပါလာမဲ့ အကြော်အလှော်ဆီတွေကသာ ဒုက္ခ ပေးနိုင်တာမို့ ဆီကောင်းဆီသန့်ကို ရွေးချယ် သုံးစွဲ ဖို့ လိုအပ်ပါတယ်။

၃။အယ်လ်ဇိုင်းမား မှ ကာကွယ်ပေးခြင်း

တစ်နေ့ကြက်ဥ တစ်လုံးစားသုံးရုံနဲ့ အယ်လ်ဇိုင်းမား ဖြစ်ခြင်းကနေ ကာကွယ်ပေးနိုင်ပါတယ်။ ကြက်ဥမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုလင်း(Choline)ဓာတ်ပါတယ်။ Choline က ခန္ဓာကိုယ် ထဲမှာ ရှိတဲ့ Acetyl CoAနဲ့ ပေါင်းပြီး Acetylcholine ဖြစ်လာပါတယ်။ ၎င်းဓာတုပစ္စည်းက ဦးနှောက်ထဲမှာ အလုပ်လုပ်ပါတယ်။ အာရုံကြောအဖွဲ့အစည်း ဆက်သွယ်မှုမှာ အရေးပါ တဲ့ ဓာတုပစ္စည်းပါ။
ဥာဏ်ရည်ဥာဏ်သွေး ကို တိုးတက်ကောင်းမွန်စေပါတယ်။ ဒါကြောင့် Choline ဆိုတာ ဦးနှောက်အာရုံကြော အလုပ်လုပ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓာတ်ပါ။အသက်ကြီးလာလို့ Acetylcholine ချို့တဲ့ရင် သတိမေ့တဲ့ရောဂါ (အယ်လ်ဇိုင်းမား)ဖြစ်နိုင်ပါတယ်။ ခြေတွေလက်တွေ တုန်လာနိုင်ပါတယ်။ဒါကြောင့် တစ်နေ့ကို ကြက်ဥတစ်လုံး စားသုံးခြင်းက အယ်လ်ဇိုင်းမား ရောဂါဖြစ်ခြင်းကနေ ကာကွယ် ပေးနိုင်ပါတယ်။

၄။ သက်ကြီးမျက်စိချို့ယွင်းတာကို ကာကွယ်ပေးခြင်း🔺

အသက်ကြီးလာတဲ့အခါ လူတိုင်းလူတိုင်း အမြင်အာရုံ ချို့ယွင်းလာနိုင်ပါတယ်။နေရောင်ခြည်မှာပါတဲ့ UV က မျက်စိအတွင်းရှိ Macular ကို ထိခိုက်စေနိုင်တာမို့ပါ။ကြက်ဥမှာ Lutein နဲ့ Zeaxanthin ဆိုတဲ့ ရောင်ခြယ်နှစ်မျိုး ပါပါတယ်။ ၎င်း ဓာတ်တွေက နေရောင်ခြည်မှာပါတဲ့ UV ကြောင့် ဖြစ်လာနိုင်တဲ့ မျက်စိအမြင် ချို့ယွင်းတာ(Macular Degenaration)ကို ကာကွယ် ပေးနိုင်ပါတယ်။

၅။ခန္ဓာကိုယ်ကို ကြီးထွားဖွံ့ဖြိုးစေခြင်း🔺

ကြက်ဥတစ်လုံးမှာ ပရိုတိန်း
၆ ဂရမ်ပါဝင်ပါတယ်။ ပရိုတိန်း ဓာတ်တွေက ခန္ဓာကိုယ် တည်ဆောက်ဖို့၊ ဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေ ဝင်လာတဲ့အခါ တိုက်ထုတ်ဖို့ လိုအပ်လှပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို အသက် ၆လ ပြည့်တာနဲ့ ကြက်ဥ စကျွေးသင့်ပါတယ်။ခန္ဓာကိုယ်ကြီးထွားပြီး ဥာဏ်ရည်ဖွံ့ဖြိုးဖို့ ကြက်ဥ နေ့စဉ် ကျွေးသင့်ပါတယ်။

၆။ နှလုံးရောဂါကို ကာကွယ် ပေးခြင်း🔺

တစ်နေ့ကို ကြက်ဥ တစ်လုံးစားသုံးရုံနဲ့ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ လေဖြတ်ရောဂါ တွေကို ကြက်ဥ မစားသုံးသူတွေ ထက် ကာကွယ် ပေးနိုင်ပါတယ်။နှလုံးသွေးကြောကျဉ်းရောဂါသည်တွေ အနေနဲ့ ကြက်ဥကို တစ်နေ့ တစ်လုံးထက်တော့ ပိုမစားသင့်ပါဘူး။

၇။အရက်သောက်တဲ့သူတွေနေ့စဉ်စားသင့်တဲ့အစားအစာ🔺

အရက် နဲ့ အသည်းရောင်ပိုးများကြောင့် အသည်းရောဂါဖြစ်ရင် အသည်းက အယ်ဗျူမင် ကောင်းစွာ မထုတ်ပေးနိုင်တော့ပါဘူး။အသည်းခြောက်တဲ့အခါ တစ်ကိုယ်လုံး ပိန်ခြောက်ပြီး ခြေထောက် တွေ ဖောလာတတ်ပါတယ်။ ကြက်ဥနေ့စဉ်စားရင် အယ်ဗျူမင် ဓာတ်တွေ ရနိုင်ပါတယ်။

၈။ သွေးဆုံးပြီးနောက်ဖြစ်တဲ့ အရိုးပွရောဂါမှ ကာကွယ်ပေးခြင်း🔺

အမျိုးသမီး တွေ သွေးဆုံးပြီး တဲ့အခါ မဟော်မုန်း အီစထြိုဂျင် မထုတ်ပေးနိုင်တော့တာမို့ အရိုးပါးတာ အရိုးပွတာတွေ ဖြစ်လာတတ်ပါတယ်။ ကြက်ဥနေ့စဉ်စားရင် ဗီတာမင် ဒီ၊ကယ်လ်ဆီယမ်နဲ့ ပရိုတိန်း တွေ ရနိုင်တာမို့ အရိုးတွေကို သန်မာစေနိုင်ပါတယ်။

၉။ ရင်သားကင်ဆာမဖြစ်အောင် ကာကွယ်ပေးခြင်း🔺

အမျိုးသမီး တွေ ရင်သားကင်ဆာဖြစ်ရတာက မျိုးရိုးဗီဇကြောင့် ၂၅ရာခိုင်နှုန်း၊ အစားအသောက်ကြောင့် ၇၅ ရာခိုင်နှုန်းလို့ ဆိုပါတယ်။ အစားအစာ ထဲမှာ ကြက်ဥအစားနည်းရင် ရင်သားကင်ဆာပိုဖြစ်ကြောင်း ဟားဗတ်စ်တက္ကသိုလ်က လူပေါင်း တစ်သိန်းနှစ်သောင်းကျော်ကို သုတေသနလုပ်ပြီး ပြောထားပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ နေ့စဉ် ကြက်ဥ တစ်လုံး စားသုံးသင့်ပါတယ်။

#ကွကျဥစားတဲ့အခါသတိထားစရာ🔺

ကြက်ဥ အတုတွေပေါ်လာလို့ ဝယ်ယူတဲ့အခါသတိထားပြီး ဝယ်ယူရပါမယ်။ ကြက်ဥ အစစ်နဲ့ အတုက ခွဲမရအောင် တူပေမဲ့ ပြုတ်လိုက်တဲ့အခါ ကြက်ဥအတုက အဖြူနဲ့အဝါ သပ်သပ်စီ ဖြစ်မနေဘဲ ရောသွားပါတယ်။ကြက်ဥအတုက ကြော်လိုက်ရင် အကာက ကော်လိုဖြစ်ပြီး အနှစ်က ကျောက်ကျောတုံး လိုဖြစ်နေပါတယ်။

ကြက်ဥကို အစိမ်းသောက်တာက ချက်ပြုတ်ပြီးစားတာထက် ပိုကောင်းတယ်လို့ လူတွေက ပြောလေ့ရှိကြပါတယ်။အဲဒီစကားက မှန်သင့်သလောက် မှန်ပါတယ်။ ကြက်ဥကို အစိမ်းသောက်ရင် အာဟာရတန်ဖိုး များစွာ ရနိုင်ပါတယ်။ဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကလွဲလို့
အစိမ်းအတိုင်း ခန္ဓာကိုယ်က ချေဖျက်နိုင်ပါတယ်။ အစိမ်းသောက်ရင် ကြက်ဥမှာပါတဲ့ ကိုလက်စထရော သုံးပုံတစ်ပုံပဲ ရပါတယ်။ အဆီဓာတ် လျော့စားချင်တဲ့လူတွေအတွက် ကြက်ဥကို အစိမ်းလိုက်သောက်သင့်ပါတယ်။ ကြက်ဥများစွာ စားမယ်ဆိုရင် ကြက်ဥအနှစ်ကို တစ်လုံးသာစားပြီး ကျန်တဲ့ကြက်ဥတွေကနေ အကာများသာ စားသင့်ပါတယ်။ ဒါပေမဲ့ အစိမ်းသောက်တဲ့အခါ ရောဂါပိုးတွေ ခန္ဓာကိုယ် ထဲ ဝင်သွားနိုင်ပါတယ်။ကြက်ဥအခွံက အပြင်ကရောဂါပိုးမွှားတွေ အထဲကို ဝင်မလာအောင် ကာကွယ်ပေးထားပါတယ်။

ဒါပေမဲ့ ကြက်ဥ အခွံပေါ်မှာ ကြက်ရဲ့ မစင်၊ အစာအဆိပ်သင့်စေနိုင်တဲ့ Salmonella ပိုး နဲ့ တခြားပိုးတွေ ရှိနေတတ်ပါတယ်။ ဒါကြောင့် ကြက်ဥကိုင်ပြီး တခြားအစားအစာတွေမကိုင်ခင် လက်ကို ရေ၊ဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။ကြက်ဥကို အစိမ်းလိုက်သောက်မယ်ဆိုရင် ကြက်ဥကိုဖောက်ပြီး မော့သောက်မဲ့ အစား ပန်းကန်ထဲ ထည့်ပြီး သောက်တာက ပိုကောင်းပါတယ်။ကြက်ဥကို ကြော်တဲ့အခါ ချက်ပြုတ်တဲ့အခါ အပူဒဏ်ကြောင့် ရေမှာ ပျော်ဝင်တဲ့ ဗီတာမင် တချို့ ပျက်စီး တတ်ပါတယ်။

#ဒါကြောင့် ကြက်ဥကနေ အာဟာရဓာတ်အပြည့်အစုံ လိုချင်တဲ့ သူတွေ အနေနဲ့ ကြက်ဥကို Half-Fired ကြော်စားတာ အကောင်းဆုံးလို့ ပညာရှင်တွေက ပြောကြပါတယ်။

#သက်ရှည်ကျန်းမာကြပါစေ။။။




သွေးပေါင်ကျခြင်းအတွက် သဘာ၀ကုထုံး========================== သွေးပေါင်ကျခြင်းဆိုသည်မှာ…===================-အရွယ်ရောက်သူတစ်...
06/12/2025

သွေးပေါင်ကျခြင်းအတွက် သဘာ၀ကုထုံး
==========================

သွေးပေါင်ကျခြင်းဆိုသည်မှာ…
===================
-
အရွယ်ရောက်သူတစ်ဦးရဲ့ ပုံမှန်သွေးပေါင်ချိန်ဟာ (၁၂၀/၈၀) အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ ရှိသင့်ပါတယ်။ အကယ်၍ သွေးပေါင်ချိန်ဟာ (၉၀/၆၀) အောက်သို့ထိုးဆင်းသွားခြင်းကို သွေးပေါင် ကျတယ်လို့ခေါ်ပါတယ်။ ရုတ်တရက်သွေးပေါင်ကျခြင်း ဟာ ရုတ်တရက်သွေး တိုးခြင်းလိုဘဲ အသက် အန္တရာယ်စိ်ုးရိမ်ရပါတယ်။ နာတာရှည်သွေးပေါင်ကျခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အရေး ကြီး အစိတ်အပိုင်း များသို့အောက်စီဂျင်ပြတ်လပ် ကာ၊ နောက်ဆုံးမှာေ တာ့့ နှလုံး၊ ဦးနှောက်အာရုံကြောနှင့် သွေးပြန်ကြော များကို ထိခိုက်ပျက်စီးစေပါတယ်။

ဘာ့ကြောင့်ဖြစ်….

အမျိုးသား/အမျိုးသမီး ၁၀ ဦးတွင် ၀.၅ ဦးနှုန်းခန့်မွေးရာပါ သွေးပေါင်ကျရောဂါပါ လာတတ်ကြ ပါတယ်။ အာဟာရချို့တဲ့ခြင်း၊ သွေးအားနည်းခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဟိုက်ပါသိုင်းရွုက်၊ ဆီးချို၊ ဂလူးကို့စ် ကျဆင်းခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ဓာတ်မ တည့်ခြင်း၊ သွေးမလျှောက်ရောဂါ တို့ကြောင့် သွေးပေါင်ကျစေ ပါတယ်။ ထို့ပြင် သွေးတိုးကျဆေးများ ဆက်တိုက်သောက် သုံး ခြင်း၊ နှလုံးရောဂါပျောက်ဆေး၊ လေဖြတ် ရောဂါ နှင့် အသည်းရောဂါဆေးများ မှီဝဲကြရသူများ တွင် ထိုဆေးများ၏ ဘေးထွက်ဆိုး ကျိုးကြောင့် သွေးပေါင်ကျလာပါတယ်။ ကိုယ်၀န်ဆောင်မိခင်ေ လာင်များမှာ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်စီးဆင်းမှု ချဲ့ထွင်ပေးရ သဖြင့် မကြာခဏသွေးပေါင်ကျလေ့ရှိပါတယ်။

သွေးပေါင်ကျ လက္ခဏာများ..

သွေးတိုးရောဂါကဲ့သို့ ခေါင်းမူး-ခေါင်းကိုက်-မျက်ရိုးကိုက်တတ်ပါတယ်။ ထို့ပြင် မူးနောက်ေ နာက်ဖြစ်ခြင်း၊ အီလည်လည်ဖြစ်ပြီး အန်ချင်ခြင်း၊ အမြင်အာရုံေ၀၀ါးခြင်း၊ ရေငတ်ခြင်း၊ နှူတ်ခမ်း-လက်ဖဝါး-မျက်တွင်း သား-ခြေဖဝါးနှင့် အရေပြားအရောင်ဖျော့ေ တာ့ ခြင်း၊ နှလုံးခုန်နှုန်းမ မှန်ခြင်း၊ နှလုံးလျှင်မြန်စွာခုန်လာခြင်း၊ အသက်ပြင်းပြင်းမရှုနိုင်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ သတိမေ့မျောခြင်း၊ ရုတ်တရက် မွန်းကြပ်ခြင်း… စသည် တို့က သွေးပေါင်ကျ လက္ခဏာများဖြစ်ပါတယ်။

အနေအထိုင်ဆင်ခြင် ကုထုံးနည်း…

၁) ခြေထောက်မှသွေးများ နှလုံးထံသို့ပြန်လည်စီးဆင်းလာစေအောင် အိပ်ယာထက်တွင် ပက် လက် လှန်ပြီး၊ ခြေထောက် ၂ ချောင်းကို မိုးပေါ်ထောင်ကာ ကပ်ကြေးပုံစံ ကြက်ခြေခတ်လုပ်၍ အသာအယာ လှုပ်ရှားပေးပါ။

၂) ယောဂကျင့်စဉ်ကလည်း စိတ်ငြိမ်၍ အာရုံကြောအဖွဲ့အစည်းကိုမျှတစေသည့်ြ ပင် သွေးလည်ပတ် စီး ဆင်းမှုကို တိုးတက် ကောင်းမွန်လာစေပါတယ်။

၃) အချိန်အကြာကြီး မတ်တပ်မရပ်ပါနှင့်။

၄) ထိုင်ရာမှ ချက်ချင်းမတ်တပ်ထရပ်ခြင်း (သို့မဟုတ်) တစ်ဘက်သို့ရုတ်တရက်ခေါင်းလှည်ခြင်း မပြုလုပ် ရ။

၅) ချွေးထွက်မလွန်ရလေအောင် နေအပူရှိန် (ဝါ) မီးပူဒဏ်မခံပါနှင့်။

၆) လျှပ်စစ်ပစ္စည်းများကို ဓာတ်အားဖြည့်သွင်းသကဲ့သို့၊ ခန္ဓာကိုယ်ယန္တရားကြီးကိုလည်း အားပြန်ဖြည့်ပေး ဖို့လို့ပါတယ်။ တစ် နေ့လျှင် အနည်းဆုံး မိနစ် ၃၀ မျှတရားထိုင်ခြင်းက ကိုယ်စိတ်နှ စ်ပါးစလုံးအတွက် သဘာ၀အားဖြည့်ဆေးပါဘဲ။

၇) ရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ်မျှ ကျောရိုးနှိပ်ခံခြင်းက၊ အရိုး-အရိုးဆက်-ကြွက်သား တို့ကို ပြေလျော့၍ ပင်ပန်းနွယ်မှု သက် သာစေရုံသာမက၊ သွေးလည်ပတ်စီးဆင်းမှုကိုလည်း ကောင်းမွန်စေပါတယ်။

၈) ဖြည်းဖြည်းမှန်မှန်လမ်းလျှောက်၍ အသက်ရှုသွင်းလေ့ကျင့်ခဏ်းက သွေးလည်ပတ်စီးဆင်းမှုကို ကောင်း မွန်တိုးတက်စေပါ တယ်။ တစ်နေ့လျှင် မိနစ် ၂၀ ခန့်လမ်းလျှောက်ရင်း၊ လေရှုသွင်းပါ။ လေတစ်ကြိမ်ရှု တိုင်း အနဲဆုံး ၃မိနစ် ကြာအောင် ရှိုက်ပါ။

အစားအသောက် ကုထုံး…

၁) ခန္ဓာကိုယ်အတွင်း ရေဓာတ်ဆုံးရှုံးခြင်းက သွေးပေါင်ချိန်ကျစေလို့ ရေဓာတ်မဆုံးရှုံးရလေအောင် တစ်နေ့လျှင် အနည်းဆုံး သောက်ရေ ၈ ခွက် (သို့မဟုတ်) အရည်ရွှမ်းသော သစ်သီးများ များစားပေးပါ။

၂) ဆား နှင့် ဆိုဒီယမ်ဓာတ်ပါရှိသော အစားအစာများကလည်း သွေးပေါင်တက်စေပါတယ်။ (သို့သော် အလွန်အကျွံမစားပါနှင့်)

၃) စပျစ်သီးခြောက် ၁၀-လုံးကို ရေတညသိပ်ပြီး စားပါ။ ဤနည်းအတိုင်း တစ်လတိ တိစားပေးပါ က၊ သွေးပေါင်ကို ပုံမှန်ဖြစ်လာ စေပါတယ်။

၄) ဗာဒံစေ့ကို နွားနို့ပူပူဖြင့် သောက်ခြင်းက သွေးပေါင်ပြည့်စေတဲ့ အကောင်းဆုံး အိမ်တွင်းကုထုံးလို့ ဆိုကြပါတယ်။

၅) မြေပဲ မှာ ဗီတာမင်နှင့် ပရိုတင်းဓာတ်တို့ ကြွယ်၀စာပါရှိလို့ မြေပဲကြော်စားပေးပါ။

၆) စွန်ပလွန်သီးကို နွားနို့နွေးနွေးဖြင့် တစ်နေ့ ၂ကြိမ် (သို့မဟုတ်) ၃ကြိမ် သောက်ခြင်းကလည်း ထိရောက်မှုဖြစ်စေပါတယ်။

၇) သဘာဝြကံရည်က ခွန်အားတိုးပွားစေပြီး၊ မူးမော်ခြင်းကင်း၍ သွေးပေါင်ပြည့်စေပါတယ်။

၈) ဂျုံမြက်မှာ ခွန်အားပြည့်စေတဲ့ အာနိသင်ရှိလို့၊ ဂျုံမြက်ကို နွားနို့ဖြင့်ပြုတ်၍ တစ်နေ့ ၂ကြိမ် သောက်ပေး ပါ။

၉) ဆီကြော်မုန့်များ နှင့် အနီရောင်အသားများကို အလွန်အကျွံစားသုံးခြင်း က သွေးပေါင် အတက်/အကျ ကြမ်းစေရုံသာမက၊ ကျောက်ကပ်နှင့်ဆိုင်သောရောဂါများ လည်း ဖြစ်လာေ စပါတယ်။

၁၀) ဗီတာမင်စီကြွယ်ဝသော သံပုရာသီးကို ဆား/သကြားသင့်ရုံ ဖျော်သောက်ပေးခြင်းက အမူး အမော်ပြေစေသလို၊ သွေးပေါင် ချိန်ပြန်တက်လာစေပါတယ်။

၁၁) ကွေကာအုတ်ထဲတွင်ပါရှိသော ကစီဓာတ်က ခွန်းအားလည်းပြည့်၊ သွေးလည်ပတ်မှုလည်း ကောင်း မွန်စေ ပါတယ်။

၁၂) ခန္ဓာကိုယ်တွင်း ပိုတက်စီယမ်ဓာတ်ဆုတ်ယုတ်ခြင်းက သွေးပေါင်ချိန်ကျစေတတ်ပါတယ်။ ပိုတက်စီယမ် ကြွယ်ဝသော ဌက် ပျောသီး၊ မုန်လာဥနီ၊ တရုပ်နံနံပင် တို့စားပေးပါ။

၁၃) တစ်နေ့တာ အစားအစာများထဲတွင် ဗီတာမင်ဘီဓာတ်ပေါင်းစုနှင့် ပရိုတင်းဓာတ် အမြောက် အများပါ၀င်သော အဆီနည်း သည့်အသား၊ ကြက်ဥ၊ နို့၊နို့ထွက်ပစ္စည်း နှင့် ချောကလက် စားပေးပါ။

၁၄) ကြက်သွန်ဖြူက သွေးဖိအားကိုထိန်းညှိပေးလို့၊ ညအ်ိပ်ယာ၀င်ခါနီးတိုင်း ကြက်သွန်ဖြူ ၂ တက်(၂မြွှာ) စားပါ။ (သို့မဟုတ်) ဂျင်စင်းကလည်း သွေးလည်ပတ်စီးဆင်းမှုကို လှုံ့ဆော်ေ ပးကာ၊ အိပ်မောကျစေလို့ ညအိပ်ယာ၀င်ခါနီး ဂျင်စင်းဖျော်ရည် ၁-ခွက် သောက် ပေးနိုင်ပါ တယ်။ ဆေးဘက်၀င် ဟင်းခတ်အမွှေး အကြိုင်များဖြစ်သော မန်ကျည်းသီး၊ ဂျင်း၊ ငရုပ်ကောင်း၊ သစ်ကြံ့ပိုး ခေါက်များက သွေးပေါင် တက်လာစေ သလို၊ ကျောက်ကပ်ကိုလည်း ကောင်းကျိုးပြုပါတယ်။

၁၅) ဆူးပန်းရွက်ဟာ သဘာဝသွေးအားနည်းပျောက်ဆေးဖြစ်လို့ ဆီနိုင်နိုင်ဖြင့်ကြော်စားပေး ပါက ၂၄ နာရီအတွင်း သွေးပေါင် ချိန် တက်လာစေပါတယ်။

၁၆) ကီဝီသီး၊ ဖရဲသီးတို့ကလည်း သွေးပေါင်ကျခြင်းအတွက် သဘာ၀ဓာတ်စာများပါဘဲ။

၁၇) ကဖိန်းဓာတ်ပါသော လ္ဘက်ရည်၊ ကော်ဖီများက သွေးပေါင်ချိန်ကို ယာယီတက်စေပါတယ်။

၁၈) အမဲအသည်းကိုကြော်စားခြင်းက ချက်ချင်းသွေးပေါင်တက်လာစေတယ်လို့ဆိုပါတယ်။

၁၉) အစားအစာများကို နဲနဲ နှင့် မကြာခဏစားပေးခြင်းက သွေးပေါင်ချိန် ရုတ်တရက်လျော့ကျခြင်းမှ ကာကွယ်ပေးပါတယ်။

++++++++++++
အချို့သော သွေးအားနည်းရောဂါ လက္ခဏာများဟာ သွေးတိုးခြင်းနဲ့ ခပ်ဆင်ဆင်တူလို့ အတွေ့အကြုံမရှိပါ က ဆေးမှားသောက် တတ်ကြပါတယ်။ သွေးပေါင်ချိန် အရမ်းထိုးကျသွားပါက၊ နီးစပ်ရာ ဆရာ၀န်ပြေးခေါ် ပါ။ ဆရာ၀န်မရောက်ခင် နှလုံးနှင့် ဦးနှောက် ထဲသို့သွေးပြန်လည်စီးဆင်းစေရန် နှင့် သတိလစ်မေ့မြောခြင်း မဖြစ်စေရန်တို့အတွက် ခြေထောက် ၂ ချောင်းကို အပေါ်သို့ ထောင်ထားပေးပါ။

credit #မပေါက်ပေါက်

ခြေထောက်ကို ဆားရေစိမ်ခြင်း အကျိုးကျေးဇူး များ‼မိမိတို့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရင်း မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ ...
03/12/2025

ခြေထောက်ကို ဆားရေစိမ်ခြင်း အကျိုးကျေးဇူး များ‼

မိမိတို့ နေ့စဉ်လှုပ်ရှားရုန်းကန်နေရင်း မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မေ့နေတတ်ပါတယ်။ မိမိတို့ရဲ့ ကျန်းမာရေးအတွက် မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့ မမေ့သင့်ပါဘူး။ ခန္ဓာကိုယ်မှာရှိတဲ့ အပူအပုပ်တွေ နဲ့ အဆိပ်တွေကို ဖယ်ရှားသန့်စင်ပေးဖို့လိုအပ်ပါတယ်။

ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်တွေကို ဆားရေစိမ်ခြင်းဖြင့် ထုပ်လို့ရပါတယ်။ ခြေထောက်ကို ဆားရေစိမ်ခြင်းကြောင့် ကျန်းမာရေးနဲ့ဆိုင်တဲ့ အကျိုးကျေးဇူးတွေ များစွာရှိပါတယ်။ ဒီနည်းက ငွေကုန်ကြေးကျမများသလို၊ ပင်ပင်ပန်းပန်းအချိန်ပေးလုပ်စရာလည်းမလိုပါဘူး။ ရေချိုးခါနီး နာရီဝက်လောက် အချိန်ပေးရုံနဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီးရမှာပဲဖြစ်ပါတယ်။

ပထမဆုံး ခြေထောက်စိမ်မည့် ပုံး(သို့မဟုတ်)ဇလားထဲကို ဆား ထမင်းစားဇွန်း၁ဇွန်းစာနဲ့ ဆူပွက်နေတဲ့ ရေနွေးကို လက်၂ဆစ်ခန့် ထည့်ပါ။ ဆားအရည်ပျော်အောင် စောင့်ပြီးရင် ခြေထောက်စိမ်လို့ရမည့်အပူလေးဖြစ်အောင် ရေးအေးလေးရောပြီး ခြေထောက်ကို ၁၅ မိနစ်၊ မိနစ် ၂၀ လောက်စိမ်ပါတယ်။ စိမ်နေရင်းနဲ့ ခြေထောက်ကို သေချာနှိပ်နယ်ပေးပါတယ်။ ဘလက် ၊ ကျောက်တုံးလေးတွေနဲ့ ခြေဖဝါး၊ ခြေဖမိုးတွေကို သေချာပွတ်တိုက်ပါတယ်။ ဆားကိုရေမစိမ်ဘဲ ဆားကို ပုံထားပြီး နင်းလို့လည်းရပါတယ်။ ဒါပေမယ့် ရေနွေးနွေးလေးနဲ့ ထည့်စိမ်တာက ပိုကောင်းပါတယ်။ ရေစိမ်ပြီးတဲ့အခါ ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားရပါတယ်။

ဆားရေစိမ်ခြင်းကြောင့် ရရှိလာတဲ့ အကျိုးကျေးဇူးတွေကတော့ ......................

(၁) သွေးလည်ပတ်မှု ကောင်းစေခြင်း

(၂) အပူအပုပ်ကင်းခြင်း

(၃) ယောင်ရမ်းမှုကို လျော့ကျစေခြင်း

(၄) ရာသီလာလို့ ကိုက်ခဲနေတဲ့ ဝေဒနာတွေကို သက်သာစေခြင်း

(၅) နှစ်ခြိုက်စွာ အိပ်ပျော်ခြင်း

(၆) ခြေထောက် အနံ့နံတာကို သက်သာစေခြင်း

(၇) ခြေထောက်ကွဲ၊ ခြေဆီထွက်တာ သက်သာခြင်း

(၈) ဆံပင်ကျွတ်သက်သာခြင်း

(၉) ခေါင်းတခြမ်းကိုက်တာကို သက်သာစေခြင်း

(၁၀) ဝမ်းချုပ်တာကိုသက်သာစေပြီး အသည်းကို ကျန်းမာစေပါတယ်။

ဒီနည်းလေးက ငွေလည်းမကုန်၊ အချိန်လည်း ပေးစရာမလိုတဲ့ အိမ်တွင်းကျန်းမာရေးနည်းလေးမို့ မိမိတို့ကျန်းမာရေးအတွက် လိုက်လုပ်ကြည့်ကြဖို့ အကြံပေးတိုက်တွန်းလိုက်ပါတယ်။

credit ပြန်လည်မျှ​ေ၀ပေးခြင်းသာဖြစ်သည်

"လက်ဖျားခြေဖျား အကြာကြီးအေးနေရင် ဒါ သွေးလည်ပတ်မှုပြဿနာပါ"ညဘက်အိပ်ရင် ခြေထောက်အေးလို့ အိပ်မရဘူးလား?စားပွဲမှာထိုင်ရင် လက်ခ...
02/12/2025

"လက်ဖျားခြေဖျား အကြာကြီးအေးနေရင် ဒါ သွေးလည်ပတ်မှုပြဿနာပါ"

ညဘက်အိပ်ရင် ခြေထောက်အေးလို့ အိပ်မရဘူးလား?
စားပွဲမှာထိုင်ရင် လက်ချောင်းတွေ ထုံထိုင်းနေလား?

လူအများစုက "အေးတာကိုယ့်သဘာ၀ပါ" လို့ လျစ်လျူရှုတတ်ကြတယ်။
ဒါပေမယ့် ခြေဖျားလက်ဖျား တွေက ဆက်တိုက်အေးနေတာ ဆိုရင်တော့...
သင့်ခန္ဓာကိုယ်ရဲ့ "သတိပေးချက်" တစ်ခုပါ။

ဘာကြောင့် အေးနေတာလဲ?

သင့်ခန္ဓာကိုယ်က အရေးကြီးဆုံး အင်္ဂါတွေ နှလုံး၊ ဦးနှောက်၊ အသည်း၊ ကျောက်ကပ် စတာတွေကို နွေးနွေးထွေးထွေးထားဖို့ လိုပါတယ်။
အပူချိန်ကျလာတဲ့အခါ၊ သို့မဟုတ် သွေးလည်ပတ်မှု အားနည်းလာတဲ့အခါ ခန္ဓာကိုယ်က ခြေဖျားလက်ဖျားဆီကို သွေးစီးဆင်းမှုကို လျှော့ချ လိုက်ပါတယ်။ ဒါမှ အဓိကအင်္ဂါတွေကို နွေးထွေးစေပီး သွေးအပြည့်အဝပို့ပေးနိုင်မှာမို့ပါ။

ဒီတော့... ခြေဖျားလက်ဖျား အေးတာက ရလဒ်ပါ။ မူလပြဿနာက တစ်နေရာရာမှာ ရှိနေနိုင်ပါတယ်။

အဓိကအကြောင်းရင်းများ (၆) ချက်

၁။ သွေးလှည့်ပတ်မှု အားနည်းခြင်း
· ထိုင်ခြင်း/ ရပ်ခြင်း အကြာကြီးလုပ်ရသူတွေ (ရုံးဝန်ထမ်း၊ ကားမောင်းသူများ)
· လေ့ကျင့်ခန်း လုံး၀မလုပ်သူတွေ

ဘာဖြစ်မလဲ
သွေးကြောတွေ အားနည်းပြီး သွေးညှစ်အား ကျဆင်းပါမယ်ရ

၂။ သွေးအားနည်းခြင်း (သံဓာတ်ချို့တဲ့)
· သံဓာတ်နည်းရင် သွေးနီဥတွေ နည်းသွားတယ်
· သွေးနီဥတွေက အောက်ဆီဂျင်သယ်ပေးတဲ့ ယာဉ်တွေပါ

ဘာဖြစ်မလဲ
ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့ အပူဓာတ် လုံလောက်စွာမရနိုင်ပါ

၃။ ရေဂါနာ (Raynaud's Phenomenon)
· အအေးဒဏ် သို့မဟုတ် စိတ်ဖိစီးမှုကြောင့် လက်ချောင်း၊ ခြေချောင်းသွေးကြောတွေ ရုတ်တရက်ကျဉ်းလာခြင်း
· လက်ချောင်းတွေ အဖြူ သို့မဟုတ် အပြာရောင် ပြောင်းသွားတတ်ပါတယ်
· အသက်အန္တရာယ်မရှိပေမယ့် နေ့စဉ်ဘဝအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်

၄။ သိုင်းရွိုက်ဟော်မုန်း နည်းခြင်း
· သိုင်းရွိုက်ဂလင်းက ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ထိန်းချုပ်ပါတယ်
· ဟော်မုန်းနည်းရင် ဇီဝကမ္မနှေးကွေး၊ ကိုယ်အပူချိန်ကျပါမယ်
· လူက အမြဲချမ်းတတ်ပြီး လက်ဖျားခြေဖျား အထူးသဖြင့်အေးနေခြင်း

၅။ ဆေးလိပ်သောက်ခြင်း
· နီကိုတင်းက သွေးကြောတွေကို ကျဉ်းစေပါတယ်
· ဆေးလိပ်သောက်တိုင်း သွေးကြောတွေ ခေတ္တပိတ်သလို ဖြစ်စေပါတယ်
ဘာဖြစ်မလဲ သွေးစီးဆင်းမှု ကြာရှည်ထိခိုက်မှာ ထိခိုက်နိုင်ပါတယ်

၆။ စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်မှု
· စိတ်ဖိစီးရင် အဒရီနလင်း ဟော်မုန်းထွက်ပါတယ်
· ဒီဟော်မုန်းက သွေးကြောတွေကို ကျဉ်းစေပြီး သွေးပေါင်တက်စေပါတယ်
· လက်ဖျားခြေဖျားဆီ သွေးရောက်ရှိမှု နည်းသွားပါမယ်

ဘယ်လိုသက်သာအောင် လုပ်မလဲ? (လက်တွေ့လုပ်နိုင်မယ့် နည်းများ)
✅ လေ့ကျင့်ခန်း - အကောင်းဆုံးဆေးပါ
· တစ်နေ့ မိနစ် ၃၀ လမ်းမြန်မြန်လျှောက်ပါ
· လက်ချောင်း၊ ခြေချောင်းလှုပ်ရှားမှု: လက်သီးဆုပ်တစ်ခါ၊ ဖြန့်တစ်ခါလုပ်ပါ (တစ်နေ့ ၁၀ ကြိမ်)
· ခြေကျင်းဝတ်လှည့်ခြင်း: နာရီလက်တစ်ရံအတိုင်း လှည့်ပေးပါ

✅ စားသောက်မှုပုံစံပြောင်းပါ
· သံဓာတ်ကြွယ်ဝသောအစာ: ဟင်းနုနွယ်၊ ကြက်သွန်ဖြူ၊ အနီရောင်အသား၊ ပဲအမျိုးမျိုးစားပါ
· ဗီတာမင် ဘီ ၁၂: ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ ငါးစားပါ
· ချင်း(ဂျင်း)လက်ဖက်ရည်: သွေးလှည့်ပတ်မှုကို ကောင်းစေပါတယ်
· ငရုတ်ကောင်း (အနည်းငယ်)ထည့်စားပါ: ခန္ဓာကိုယ်အပူချိန် ယာယီတက်စေပါတယ်

✅ နေ့စဉ်အလေ့အထများ
· ရေဓာတ်ပြည့်ဝအောင်နေပါ: တစ်နေ့ ရေ ၈ ခွက်သောက်ပါ
· အဝတ်အစား ထပ်ထပ်ဝတ်ပါ: လက်အိတ်၊ ခြေအိတ်စွတ် အိပ်ပါ
· ခြေထောက်မြှောက်အိပ်ပါ: ခေါင်းအုံးအောက်မှာ ခြေထောက်အုံးထားအိပ်ပါ
· ရေနွေးနွေးဖြင့် ရေချိုးပါ: ရေခဲရေ ရှောင်ပါ။ မသောက်ပါနဲ့

ဒီလက္ခဏာတွေပါရင် ဆရာဝန်ပြပါ
· လက်ဖျားခြေဖျားသာမက အသားအရောင်ပြောင်းခြင်း(ဖြူဖပ်ဖြူရော်၊ အပြာရောင်)
· အနာကျက်နှေးခြင်း (ခြေချောင်း၊ လက်ချောင်းမှာ)
· ဆံပင်ကျွတ်များခြင်း၊ အရေပြားခြောက်သွေ့ခြင်း
· မောပန်းလွယ်ခြင်း၊ မကြာခဏခေါင်းကိုက်ခြင်း
· ကိုယ်အလေးချိန်တက်ခြင်း (သိုင်းရွိုက်ပြဿနာလက္ခဏာ)

အရေးအကြီးဆုံးအချက်
ခြေဖျားလက်ဖျားအေးတာက ရောဂါလက္ခဏာတစ်ခုသာဖြစ်ပြီး ရောဂါမဟုတ်ပါ။
ဒါပေမယ့် ဒီလက္ခဏာကို လျစ်လျူရှုထားရင် နောက်ပိုင်းမှာ:
· သွေးတိုး
· နှလုံးရောဂါ
· ဆီးချိုသွေးကြောပြဿနာများ
စတဲ့ ပိုကြီးမားတဲ့ကျန်းမာရေးပြဿနာတွေရဲ့ အစပျိုးလက္ခဏာ ဖြစ်နေနိုင်ပါတယ်။

သတိထားစောင့်ကြည့်ပါ။
ပုံမှန်ထက်ပိုဆိုးရင် ဆေးစစ်ပါ။
လေ့ကျင့်ခန်း စလုပ်တာ အကောင်းဆုံးကာကွယ်နည်းပါ။

Shareပေးခဲ့ပါအုန်းနော်။ 💬 မှတ်ချက်ရေးခဲ့ပါအုန်း - "သင့်မှာ ဒီလိုခံစားရတာ ဘယ်လောက်ကြာပြီလဲ? ဘယ်လိုသက်သာအောင်လုပ်မလဲ”

#ခြေဖျားအေး #လက်ဖျားအေး #သွေးလည်ပတ်မှု #ကျန်းမာရေး

Address

Taunggyi

Telephone

+959442624624

Website

Alerts

Be the first to know and let us send you an email when Cherry Healthy World posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram