Sun - အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း။ တောင်ကြီး။

  • Home
  • Myanmar
  • Taunggyi
  • Sun - အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း။ တောင်ကြီး။

Sun - အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း။ တောင်ကြီး။ Health and Wellness

02/03/2025

Movement is medicine! Whether you’re recovering from an injury or improving mobility, our team is here to support your journey. 💪

Combining expertise with cutting-edge techniques, we provide top-tier physiotherapy care to help our patients achieve their best movement potential.

ခွဲစိတ်ပြီးနောက် သွေးကြောပိတ်ခြင်း အန္တရာယ် ကာကွယ်ရန်။ ခွဲစိတ်ခန်းထဲက ထွက်လာပြီးတဲ့နောက်ပိုင်းအရမ်းငြိမ်နေတဲ့ လူနာတွေရက်...
09/01/2025

ခွဲစိတ်ပြီးနောက် သွေးကြောပိတ်ခြင်း အန္တရာယ်
ကာကွယ်ရန်။

ခွဲစိတ်ခန်းထဲက ထွက်လာပြီးတဲ့နောက်ပိုင်း
အရမ်းငြိမ်နေတဲ့ လူနာတွေ

ရက်ပိုင်းအတွင်း မှာ အသက်အန္တရာယ်ကို
ထိခိုက်စေနိုင်တဲ့

DVT (Deep Vein Thrombosis) လို့ခေါ်တဲ့

သွေးကြောပိတ်နိုင်ချေများလာနိုင်တဲ့အကြောင်းကို

Sharing လုပ်ပေးချင်ပါတယ်။

DVT ကတော့

သွေးခဲလေးတွေ Deep Vein လို့ခေါ်တဲ့ သွေးပြန်ကြော

မှာ သွားပိတ်တဲ့ အခြေအနေကို ခေါ်ပါတယ်။

ခွဲစိတ်ပြီးနောက် သွေးကြောပိတ်တဲ့ အဓိက အကြောင်းအရာက

Venous stasis လို့ခေါ်တဲ့

သွေးလည်ပတ်မှု နည်းသွားတာကြောင့် ဖြစ်ပါတယ်။

Temporary immobilization or physical restriction
လို့ ခေါ်တဲ့

လှုပ်ရှားမှု မရှိခြင်း နဲ့ လှုပ်ရှားမှုကို ကန့်သတ်ထားခြင်းက

သွေးလည်ပတ်မှု အားနည်းစေတတ်တာကြောင့်
သွေးခဲပိတ်တဲ့ အခြေအနေ ပိုအဖြစ်များစေတတ်ပါတယ်။

သွေးကြောပိတ်ခြင်းက ခြေထောက် မှာ အဖြစ်များပါတယ်။ လက်တွေမှာ လည်း ဖြစ်တတ်ပါတယ်။

သွေးကြောပိတ်ရင် ဖြစ်တတ်တဲ့ လက္ခဏာများက

ခြေထောက်ပိုင်းဆိုရင် အများအားဖြင့် ခြေသလုံးမှာ လက္ခဏာ စပြပါတယ်။

1. ခြေထောက်တွေယောင်လာတာ

2. ခြေသလုံးတွေ နာလာတာ ကြီးလာတာ

3. ခြေထောက် တစ်ဖက်တည်း ပူနေသလို ခံစားရတာ

4. ခြေထောက်နှစ်ဖက် အရောင် မတူတော့တာ

5. ရင်ဘတ်တွေ အောင့်လာတာ

6. အသက်ရှုမဝတာ

7. အသက်ရှူနှုန်းတွေ မြန်လာတာ

8. Oxygen ကျလာတာ အစရှိတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

အစရှိတဲ့ လက္ခဏာတွေ ရှိလာရင်တော့ ဆရာဝန်တွေကို အမြန်ဆုံး အကြောင်းကြားသင့်ပါတယ်။


သွေးခဲအပိုင်းအစလေးက သွေးပြန်ကြောကနေ
ပြုတ်ထွက်သွားပြီး 🫁 အဆုတ်မှာ သွားပိတ်တဲ့ အခြေအနေကို
Pulmonary embolism လို့ခေါ်ပြီး

အဲဒီအခြေအနေမှာ အဆုတ်ကို သွားတဲ့

သွေးလည်ပတ်မှူ ပိတ်သွားပြီး အသက်အန္တရာယ် ထိခိုက်စေနိုင်တဲ့အခြေအနေရောက်ရှိနိုင်ပါတယ်။

အဲဒါကြောင့် သွေးခဲမပိတ်အောင်

ကာကွယ်တဲ့အနေနဲ့ ခွဲစိတ်ခန်းက ထွက်လာပြီးရင်

အိပ်ယာထဲလှဲနေရတဲ့ လူနာများက တတ်နိုင်တဲ့

လှုပ်ရှားမှုလေးတွေ လုပ်ခြင်းအားဖြင့် ကာကွယ်နိုင်ပါတယ်။

အခြေခံလုပ်လို့ ရတဲ့ လေ့ကျင့်ခန်းတွေကတော့
1. ခြေကျင်းဝတ် ကော့တာ ဆန့်တာ -၁၀ ကြိမ် (တစ်နာရီခြား တစ်ခါ)
2. ခြေကျင်းဝတ် ဝှိုက်တာ - ၁၀ ကြိမ်
3. ဒူးကွေး/ဆန့် - ၁၀ ကြိမ်
4. ခြေထောက်မြှောက်-၁၀ ကြိမ်
5. လက်ချောင်းလေးတွေ လှုပ်ရှားတာ -၁၀ ကြိမ်
6. တံတောင်ဆစ် ကွေး/ဆန့် - ၁၀ ကြိမ်
7. လက်မြှောက်- ၁၀ ကြိမ်

ကျန်တဲ့ လှုပ်ရှားမှုများကတော့ ခွဲစိတ်ဆရာဝန်ရဲ့
ခွင့်ပြုချက်ပေါ်မူတည်ပြီး

လူနာရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး

Physiotherapist များက လေ့ကျင့်သင်ကြားပေးပါတယ်။

ဆရာဝန်ကြီးရဲ့ ခွင့်ပြုချက်ရရင်တော့

လူနာရဲ့ လှုပ်ရှားနိုင်တဲ့အခြေအနေပေါ်မူတည်ပြီး
လမ်းလျှောက်တာမျိုးတွေ

ပြန်လည်လေ့ကျင့်လို့ရပါတယ်။

မှတ်ချက် - အထက်ပါ အခြေခံလှုပ်ရှားမှုများက

ခွဲစိတ်ပြီး သွေးကြောပိတ်တဲ့ အခြေအနေကို ကာကွယ်ဖို့

အတွက်သာဖြစ်ပြီး

သွေးကြောပိတ်နေတဲ့ လူနာတွေ မလုပ်သင့်ပါရှင်။

သွေးကြောပိတ်နေတဲ့ လူနာတွေက ညွှန်ကြားမှုမပါပဲ လှုပ်ရှားမှု တွေ လုပ်ရင်
သွေးကြောပြုတ်ထွက်ပြီး အဆုတ်မှာ သွားပိတ်ရင် အသက်အန္တရာယ် ရှိနိုင်ပါတယ်။

Hnin Moe
physiologist and Physiotherapist

Reference; https://pmc.ncbi.nlm.nih.gov/articles/PMC2995567/

အားလုံးပဲ မဂ်လာပါရှင်။ ကျွန်မတို့ Sun Physiotherapy and Rehabilitation Centre ကို လာပြီး လိုအပ်တဲ့ ခါးနာတဲ့ သူပတ်ရန် ခါး...
12/08/2024

အားလုံးပဲ မဂ်လာပါရှင်။

ကျွန်မတို့ Sun Physiotherapy and Rehabilitation Centre ကို လာပြီး လိုအပ်တဲ့ ခါးနာတဲ့ သူပတ်ရန် ခါးစည်း လာလှူသွားတဲ့ အလှူရှင်ကို အထူးပင် ကျေးဇူးတင်ပါတယ်ရှင်။

ထိုခါးစည်းကို ခါးနာနေပြီး အကြောညှပ်နေတဲ့
ငွေကြေး အခက်အခဲရှိနေသော လူနာကို ပြန်လှူပေးခွင့်ရခဲ့ပါတယ်ရှင်။

အခုလို ခက်ခဲကြတဲ့ ကာလမှာ တစ်ဦးနဲ့ တစ်ဦး အခုလို ကူညီ ရိုင်းပင်တာ တွေ့ရတော့ ကျေနပ်ဝမ်းသာ မိပါတယ်ရှင်။ အခုလို လာလှူပေးသော အလှူရှင် အားလည်း ကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်။

အားလုံးနေကောင်းကျန်းမာကြပါစေ ရှင်

ဒီကနေ့ Sharing လုပ်ပေးချင်တဲ့ အကြောင်းအရာလေးကတော့ ခြေဖနောင့် အရွတ်ရောင်ခြင်း ဖြစ်ပါတယ်။ လူခန္ဓာကိုယ်မှာ သဘာဝ တရားကြီးက ခ...
24/04/2024

ဒီကနေ့ Sharing လုပ်ပေးချင်တဲ့ အကြောင်းအရာလေးကတော့

ခြေဖနောင့် အရွတ်ရောင်ခြင်း ဖြစ်ပါတယ်။

လူခန္ဓာကိုယ်မှာ သဘာဝ တရားကြီးက ခြေဖဝါးကို

အခုံး ပုံစံလေးဖြစ်အောင် ဖွဲ့စည်းတည်ဆောက်ထားပါတယ်။

ဘာကြောင့် ခုံးနေရတာလဲ ဆိုရင်

လူ့ ခန္ဓာကိုယ် အလေးချိန်က ခြေဖဝါးပေါ် ကျရောက်တဲ့ အခါမှာ
ခြေဖနောင့် တစ်ခုတည်း ဒါမှမဟုတ် ခြေဖမိုးတစ်ခုတည်း အစရှိတဲ့

တစ်နေရာတည်းမှာ force ကျရောက် မနေစေဖို့ပါ။

အဲဒီလို ခုံးနေစေဖို့ ခြေဖဝါးမှာရှိတဲ့
Calcaneum bone နဲ့ metatarsal head ကိုဆက်ထားတဲ့

Planter Fascia တြိဂံပုံစံလို့ခေါ်တဲ့ အရွတ်ပြား ရှိပါ တယ်။

အဲဒီအရွတ်လေးက Shock absorber အနေနဲ့
အလုပ်လုပ်ဆောင်ပေးပြီး လှုပ်ရှားသွားလာတဲ့ အခါ

ခြေဖနောင့် အရိုး တစ်ခုတည်းကို Weight မကျစေအောင် ဆောင်ရွက်ပေးပါတယ်။

လှုပ်ရှားသွားလာတဲ့အခါ လူတစ်ယောက်ရဲ့

အလေးချိန်က ခြေဖဝါးပေါ်ကျရောက်သွားပါတယ်။

လမ်းလျှောက် တဲ့အခါတိုင်း body weight ရဲ့ 110%
နဲ့ ပြေးတဲ့အခါ Body weight ရဲ့ 250% ခြေဖဝါးပေါ်
သက်ရောက်အားရှိပါတယ်။

အဲဒါကြောင့် ခြေဖဝါးပေါ်သက်ရောက်တဲ့အားကို
ခံနိုင်အောင်
အဲဒိ အရွတ်ပြား အထူက ကူညီဆောင်ရွက်ပေးပါတယ်။

ဒါပေမဲ့ မတ်တပ်ရပ်တာများတဲ့ သူတွေ

လမ်းလျှောက်များတဲ့သူတွေ

Body weight များတဲ့ သူတွေ မှာ

ခြေဖဝါးပေါ် ကျရောက်တဲ့ Vertical ground reaction force လို့ခေါ်တဲ့

ဒေါင်လိုက် ကျရောက်တဲ့ အားကြောင့်

ခြေဖဝါးအရိုးနှစ်ခုကို တွယ်ထားတဲ့ အရွတ်လေးတွေမှာ Micro-tear လို့ခေါ်တဲ့ အရွတ် ပျက်စီးမှုလေးတွေ ဖြစ်ပါတယ်။

Planter fascia ပေါ်မှာ အရမ်းများတဲ့ Force ကျရောက်တာ များတဲ့ အချိန်တွေကြာလေ

အရွတ်ပိုမို ထိခိုက်လေ ဖြစ်ပါတယ်။

တချို့သော ခြေခွင်နေတဲ့ သူတွေ

ခြေဖဝါးပြားနေတဲ့ သူတွေ

ဖိနပ် fit မဖြစ်ပဲ အရမ်းကျပ်နေတဲ့ အချိန်ကြာတာမျိုးတွေ

မှာတော့ ခန္ဓာကိုယ်အလေးချိန်က ခြေဖဝါးပေါ် မျှ
မကျပဲ force ကတစ်နေရာတည်း ကျတတ်လို့
ဒဏ်ဖြစ်လာတတ်ပါတယ်။

ဖနောင့်နာနေတဲ့ အခြေအနေကို ဘယ်လိုသိနိုင်မလဲဆိုရင်

- ခြေဖနောင့်အရမ်းနာကျင်နေခြင်း

- နာကျင်ခြင်းကြောင့် လမ်းကောင်းကောင်းမလျှောက်နိုင်ခြင်း

- မနက််အိပ်ရာထပြီး ခြေဖနောင့် စထောက်လိုက်တဲ့
အချိန် ပိုရျ်နာကျင်ခြင်း

- ခြေလှမ်း၃ လှမ်း လေး လှမ်းလောက်လျှောက်ပြီး သွေးနည်းနည်းပူသွားရင် နာကျင်တာ ပိုသက်သာသွားခြင်း

- ထိုင်နေတာကြာပြီး ထထခြင်းမှာ ပိုရျ် နာကျင်ခြင်း အစရှိတာတွေ ဖြစ်တတ်ပါတယ်။

ခြေဖနောင့် အရွတ်ပြားယောင်လို့ နာကျင်ရင် ဘာလုပ်လို့ရမလဲ ဆိုရင်

- ခြေဖနောင့်ပေါ်သက်ရောက်တဲ့ဖိအားသက်သာအောင် နေထိုင်သင့်ပါတယ်။

- ခြေဖနောင့်မှာ စွပ်တဲ့ Silicon heel cushion လိုဟာမျိုးလေးတွေ Gel heel cushion လိုမျိုးလေးတွေ အသုံး ပြုလို့ ရပါတယ်။

- ခြေဖနောင့်ပေါ်ဖိတဲ့ ဖိအားလျော့အောင် ဖိနပ် ကို ခြေဖနောင့်နေရာကို ခွါပျော့ပျော့ အထူလေးတွေ စီးသင့်ပါတယ်။

- ကိုယ်အလေးချိန်များနေရင် လျော့ချသင့်ပါတယ်။

- နာကျင်တဲ့နေရာကို ရေခဲ ကပ်ပေးလို့ ရပါတယ်။ ရေခဲထားတဲ့ရေသန့်ဗူးနဲ့ ခြေဖနောင့်ကိုလှိမ့်လို့ရပါတယ်။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေနဲ့ မသက်သာဘူးဆိုရင်တော့ ဆေးရုံဆေးခန်း နဲ့ Physiotherapy and Rehabilitation Centre တွေ မှာ ကုသမှု ခံယူသင့်ပါတယ်။

ကျွန်မတို့ Sun Physiotherapy and Rehabilitation Centre မှာဆိုရင်တော့

နာကျင်မှုသက်သာစေရန်
စက်ကိရိယာများနှင့် ကုသပေးပြီး

Rehabilitation လို့ခေါ်တဲ့ နာကျင်မှု သက်သာစေပြီး ပြန်လည်အသုံးပြုလို့ရစေရန်

လိုအပ်သော လေ့ကျင့်ခန်းများနှင့် စနစ်တကျ လေ့ကျင် ကုသမှု ပေးနေပါပြီရှင်။

လိုအပ်တဲ့အချိန်မှာ လိုအပ်တဲ့ လေ့ကျင့်ကုသမှု

မလုပ်နိုင်ရင် လူနာတိုးတက်မှု နှောင့်နှေးသွားစေနိုင်ပါတယ်။

အဲဒါကြောင့် လူနာတိုးတက်မှူ မှန်ကန် မြန်ဆန်ဖို့

ကျွန်မတို့ Sun Physiotherapy and Rehabilitation Clinic
ကို လာရောက် လေ့ကျင့်ကုသဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

လိပ်စာ- အနောက်မြို့ပတ်လမ်း၊ မြို့မရပ်ကွက်၊ တောင်ကြီးမြို့ (၁၆ထပ်တိုက် မျက်စောင်းထိုး)

ဖုန်း - 09962042002,092042002

အားလုံးပဲ မဂ်လာပါရှင်။ ပျော်ရွှင်ချမ်းမြေ့  အေးချမ်းသော နှစ်သစ်မဂ်လာဖြစ်ပါစေ။ ကျွန်မတို့ Sun Physiotherapy and Rehabilit...
12/04/2024

အားလုံးပဲ မဂ်လာပါရှင်။

ပျော်ရွှင်ချမ်းမြေ့ အေးချမ်းသော နှစ်သစ်မဂ်လာဖြစ်ပါစေ။

ကျွန်မတို့ Sun Physiotherapy and Rehabilitation Centre ဖြစ်တဲ့
Sun - အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း သည်

13.4.2024 မှ 17.4.2024 အထိ ပိတ်မည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်ရှင်။

28/02/2024

အားလုံးပဲ မဂ်လာပါရှင်။

ဒီနေ့မှာတော့ ဆေးခန်းကနေ လေ့ကျင့်ကုသပေးတဲ့ လူနာတစ်ယောက်အကြောင်း ပြောပြချင်ပါတယ်။

မလျော့တဲ့ ဇွဲ နဲ့ ကြိုးစားမှုကြောင့်

လမ်း ပြန်လျှောက်နိုင်ခဲ့တဲ့လူနာကို ဂုဏ်ပြုသောအားဖြင့်

လေ့ကျင့်ကုသမှု မှတ်တမ်းလေးကို ဝေမျှပေးတာပါရှင်။

ဆေးခန်း စလာလာတုန်းက လူတွေ အများကြီးထမ်းပြီး ရောက်လာပြီး စကျင့်ရာကနေ

လမ်းပြန်လျှောက်နိုင်တဲ့ အထိ လေ့ကျင့် ကုသမှု တစ်လျှောက်မှာ

ကျွန်မတို့ Sun အကြောအဆစ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း
မှ အဖွဲ့သားများမှ ပါဝင်ကူညီခွင့်ရလို့လည်း

ကျေးဇူးတင်ပါတယ်ရှင်။

လူနာလည်း ဘဝတစ်လျှောက်လုံး

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ လျှောက်လှမ်း နိုင်ပါစေ ရှင်။

***လေ့ကျင့်ကုသမှု video လေးကို အသုံး ပြုဖို့ လူနာထံမှ ခွင့်တာင်းပြီး ဖြစ်ပါတယ်ရှင်။ ***

21/01/2024

Video -2

Social Interaction between patients

အသက်ကြီးပိုင်းရောက်လာတဲ့အခါမှာ လူကြီးတွေ

အထီးမကျန်အောင်

social interaction ရှိဖို့လိုအပ်ပါတယ်။

လူကြီးတွေအတွက် Mental health support လည်း
ရအောင်

positive social interaction လေးတွေလည်း ရအောင်

ကျွန်မတို့ဆေးခန်းမှာ လူကြီးတွေ အချင်းချင်း တွေ့ဆုံရင်

စကားစမြည်လေး တွေ ပြောခိုင်းဖြစ်ပါတယ်။

အဲဒီလို စကားစမြည်လေးတွေ ပြောတာက

စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက်

အများကြီး အထောက်အကူရစေပါတယ်။

ဒီအောက်က Video လေးကတော့ ဆေးခန်းလာ
လေ့ကျင့်ခန်းလာလုပ်တဲ့

အဖွားနှစ်ယောက် စကားပြောနေတာလေးကို ခွင့်တောင်းပြီး Video ရိုက်ထားတာပါရှင်။

Social interaction နည်းတဲ့ Parkinson’s 87 years အဖွား ကို
social interaction အရမ်းကောင်းတဲ့ 91 years အဖွားက စကားတွေပြောနေတာ ဖြစ်ပါတယ်။

လူနာတွေ ပျော်ရွှင်နေတာကို ကြည့်ရတာ

ကျွန်မတို့

Sun Physiotherapy and Rehabilitation Clinic ဖြစ်တဲ့

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး
လေ့ကျင့်ကုသမှု ဆေးခန်း မှ အဖွဲ့သားများလည်း

ပျော်ရွှင်မိပါတယ်ရှင်။

21/01/2024

Video -1
Social Interaction between patients

အသက်ကြီးပိုင်းရောက်လာတဲ့အခါမှာ လူကြီးတွေ

အထီးမကျန်အောင်

social interaction ရှိဖို့လိုအပ်ပါတယ်။

လူကြီးတွေအတွက် Mental health support လည်း
ရအောင်

positive social interaction လေးတွေလည်း ရအောင်

ကျွန်မတို့ဆေးခန်းမှာ လူကြီးတွေ အချင်းချင်း တွေ့ဆုံရင်

စကားစမြည်လေး တွေ ပြောခိုင်းဖြစ်ပါတယ်။

အဲဒီလို စကားစမြည်လေးတွေ ပြောတာက

စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အတွက်

အများကြီး အထောက်အကူရစေပါတယ်။

ဒီအောက်က Video လေးကတော့ ဆေးခန်းလာ
လေ့ကျင့်ခန်းလာလုပ်တဲ့

အဖွားနှစ်ယောက် စကားပြောနေတာလေးကို ခွင့်တောင်းပြီး Video ရိုက်ထားတာပါရှင်။

Social interaction နည်းတဲ့ Parkinson’s 87 years အဖွား ကို
social interaction အရမ်းကောင်းတဲ့ 91 years အဖွားက စကားတွေပြောနေတာ ဖြစ်ပါတယ်။

လူနာတွေ ပျော်ရွှင်နေတာကို ကြည့်ရတာ

ကျွန်မတို့

Sun Physiotherapy and Rehabilitation Clinic ဖြစ်တဲ့

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး
လေ့ကျင့်ကုသမှု ဆေးခန်း မှ အဖွဲ့သားများလည်း

ပျော်ရွှင်မိပါတယ်ရှင်။

လူနာတွေအတွက် အန္တာရယ်ကင်းပြီး ရောဂါအခြေအနေအတွက် ထိရောက်မှုရှိစေရန် သိပ္ပံနည်းကျ အနောက်တိုင်းနည်းပညာတွေနဲ့ ယုံကြည်စိတ်ချရ...
17/01/2024

လူနာတွေအတွက် အန္တာရယ်ကင်းပြီး

ရောဂါအခြေအနေအတွက် ထိရောက်မှုရှိစေရန်

သိပ္ပံနည်းကျ အနောက်တိုင်းနည်းပညာတွေနဲ့

ယုံကြည်စိတ်ချရသော နိုင်ငံတကာသုံး

Physiotherapy စက်ပစ္စည်း များကို ဖြန့်ဖြူးနေသော

UK နိုင်ငံအခြေစိုက် BTL company ကြီးမှ

စက်ပစ္စည်းများနဲ့

စနစ်တကျ လေ့ကျင့်ကုသလိုပြီး

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့် ကုသမှုများအတွက် ဆွေးနွေးတိုင်ပင်လိုပါက

ကျွန်မတို့ Sun Physiotherapy and Rehabilitation Clinic ဖြစ်တဲ့

အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှုဆေးခန်းတွင်

မနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ

Exercise Physiologist and Physiotherapist

ဖြစ်တဲ့ အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး
လေ့ကျင့်ခန်းပညာရှင်နှင့်

လာရောက်
တိုင်ပင်နိုင်ပါတယ်ရှင်။

လိပ်စာ- ခ/၂၆၀ ၊အနောက်မြို့ပတ်လမ်း၊မြို့မရပ်ကွက်၊ တောင်ကြီးမြို့။ (၁၆ထပ်တိုက်မျက်စောင်းထိုး ၅ အိမ်ကျော်)
ဖုန်း- 09962042002,092042002

အခုလိုမျိုး နှစ်သစ် ကိတ်မုန့် ပို့ပေးတဲ့ BTL company ကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ရှင်။

BTL company လည်း ထပ်မံ၍ ပိုမို အောင်မြင်ပါစေ။

အားလုံးပဲ မဂ်လါပါရှင်။ နှစ်သစ်မဂ်လာမှ စ၍ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစေကြောင်း ကျွန်မတို့ Sun Physiotherapy and Reha...
01/01/2024

အားလုံးပဲ မဂ်လါပါရှင်။

နှစ်သစ်မဂ်လာမှ စ၍ အားလုံး

စိတ်ချမ်းသာ

ကိုယ်ကျန်းမာစေကြောင်း

ကျွန်မတို့ Sun Physiotherapy and Rehabilitation Clinic
အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း မိသားစုမှ

ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်ရှင်။

26/10/2023

Address

အနောက်မြို့ပတ်လမ်း။ 16 ထပ်တိုက်အနီး။ မြို့မရပ်ကွက်
Taunggyi

Opening Hours

Monday 10:00 - 17:00
Tuesday 10:00 - 17:00
Wednesday 10:00 - 17:00
Thursday 10:00 - 17:00
Friday 10:00 - 17:00
Saturday 10:00 - 17:00
Sunday 10:00 - 17:00

Telephone

+959962042002

Website

Alerts

Be the first to know and let us send you an email when Sun - အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း။ တောင်ကြီး။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sun - အကြောအဆစ်နှင့် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ကုသမှု ဆေးခန်း။ တောင်ကြီး။:

Share