Kyaw Kyar Clinic

Kyaw Kyar Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Kyar Clinic, Medical and health, Nya/15, Nyaung Pin Thar Street, Nyaung Phyu Sakham Quarter, Taunggyi.

🩺 အသည်းအလုပ်လုပ်ပုံစစ်ဆေးခြင်း (Liver Function Test) အကြောင်း သိကောင်းစရာများ❤️‍🩹ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးဆ...
14/03/2026

🩺 အသည်းအလုပ်လုပ်ပုံစစ်ဆေးခြင်း (Liver Function Test) အကြောင်း သိကောင်းစရာများ

❤️‍🩹ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်မှာ အရေးကြီးဆုံး အင်္ဂါတစ်ခုဖြစ်တဲ့ "အသည်း" ဟာ ဝေဒနာတော်တော်များများကို အတော်လေး ဆိုးရွားလာတဲ့အထိ အသံတိတ်ခံစားတတ်တဲ့ "Silent Organ" တစ်ခုပါ။

❣️ဒါကြောင့် အသည်း ကျန်းမာရဲ့လားဆိုတာ သိနိုင်ဖို့ LFT စစ်ဆေးဖို့ လိုအပ်ပါတယ်။

🧪 LFT မှာ ဘာတွေကို အဓိကကြည့်တာလဲ?

• ALT & AST: ဒါတွေက အသည်းထဲက အင်ဇိုင်းတွေပါ။ သွေးထဲမှာ ဒီပမာဏတွေ များနေရင် အသည်းဆဲလ်တွေ ရောင်ရမ်းတာ ဒါမှမဟုတ် ပျက်စီးနေတာ ဖြစ်နိုင်ပါတယ်။
• ALP: သည်းခြေပြွန် ပိတ်ဆို့တာ ဒါမှမဟုတ် အရိုးနဲ့ပတ်သက်တဲ့ ပြဿနာရှိရင် ဒီပမာဏ တက်လာတတ်ပါတယ်။
• Bilirubin (ဘီလီရူးဘင်): အသားဝါခြင်း ရှိ၊ မရှိ စစ်ဆေးတာပါ။ ပမာဏများရင် မျက်လုံးဝါတာ၊ ဆီးအရောင်ရင့်တာတွေ ဖြစ်တတ်ပါတယ်။
• Albumin: အသည်းက ထုတ်ပေးတဲ့ ပရိုတင်းဓာတ်ပါ။ ပမာဏ နည်းနေရင် အသည်းရဲ့ အာဟာရထုတ်လုပ်မှု အားနည်းနေတာကို ပြပါတယ်။

⚠️ ဘယ်လိုအချိန်မှာ စစ်ဆေးသင့်သလဲ?

၁။ အသားဝါခြင်း၊ ဗိုက်အောင့်ခြင်း (ဗိုက်ညာဘက်အပေါ်ခြမ်း)။
၂။ အမြဲတမ်း နုံးခွေနေပြီး စားချင်စိတ်မရှိခြင်း။
၃။ အရက် ပုံမှန်သောက်တတ်သူများ။
၄။ ဆီးအရောင် အလွန်ရင့်ပြီး ဝမ်းအရောင် ဖျော့ခြင်း။
၅။ အသည်းရောင် အသားဝါပိုး ရှိ၊ မရှိ သိလိုသူများ။

"ကျန်းမာတဲ့ အသည်းက သင့်ကို တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်စေမှာပါ" 💪

#အသည်းကျန်းမာရေး

02/03/2026
02/03/2026

ပျော်ရွှင်စရာ တပေါင်းလပြည့်မှာ ကုသိုလ်ကောင်းမှုများပြု၍ ကိုယ်စိတ်နှစ်ပါးရွှင်လနိးကြပါစေ🙏🙏🙏

🦠H. pylori Urea Breath Test (UBT) ဆိုတာ အစာအိမ်ထဲမှာ H. pylori ဘက်တီးရီးယား ပိုးရှိ၊ မရှိ စစ်ဆေးတဲ့ အလွန်ထိရောက်တဲ့ စစ်ဆ...
01/03/2026

🦠H. pylori Urea Breath Test (UBT) ဆိုတာ အစာအိမ်ထဲမှာ H. pylori ဘက်တီးရီးယား ပိုးရှိ၊ မရှိ စစ်ဆေးတဲ့ အလွန်ထိရောက်တဲ့ စစ်ဆေးမှုတစ်ခုပါ။

စစ်ဆေးမှုရလဒ် မှန်ကန်စေဖို့အတွက် အောက်ပါဆောင်ရန်/ရှောင်ရန် အချက်တွေကို သေချာလိုက်နာဖို့ လိုအပ်ပါတယ်။

၁။ ဆေးဝါးများ (အရေးကြီးဆုံး)

အချို့ဆေးဝါးတွေက စစ်ဆေးမှုရလဒ်ကို အတုအယောင် ဖြစ်စေနိုင်တဲ့အတွက် စစ်ဆေးမှုမတိုင်ခင် ရပ်ထားဖို့ လိုအပ်ပါတယ်။ သို့သော် ဆေးကို ကိုယ့်သဘောနဲ့ကိုယ် မရပ်ပါနဲ့။ ဆရာဝန်နှင့် အရင်တိုင်ပင်ပါ။

💊ပဋိဇီဝဆေးများ (Antibiotics) နှင့် Bismuth ပါသောဆေးများ: စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး ၄ ပတ် (၁ လ) အလိုကတည်းက ရပ်ထားရပါမယ်။

💊အစာအိမ်အက်ဆစ်လျော့ဆေးများ (Proton Pump Inhibitors - PPI): ဥပမာ - Omeprazole, Esomeprazole, Pantoprazole, Lansoprazole စတဲ့ ဆေးတွေကို စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး ၂ ပတ် (၁၄ ရက်) အလိုကတည်းက ရပ်ထားရပါမယ်။

💊အခြားအစာအိမ်ဆေးများ: H2 receptor antagonists (ဥပမာ - Famotidine, Ranitidine) သို့မဟုတ် အခြား အစာအိမ်ဆေးအချို့ကိုလည်း စစ်ဆေးမှုမတိုင်ခင် ရက်အနည်းငယ် ရပ်ထားရန် လိုအပ်နိုင်ပါတယ်။

၂။ စစ်ဆေးမှုမတိုင်မီ အစာနှင့် ရေရှောင်ရန်

🥙အစာရှောင်ခြင်း
စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး ၄ နာရီမှ ၆ နာရီ အထိ အစာမစားဘဲ (အစာရှောင်ပြီး) လာရန် လိုအပ်ပါသည်။ (ညအိပ်ရာဝင်ချိန်မှစ၍ ရှောင်ခြင်းသည် အကောင်းဆုံးဖြစ်သည်)။

🥛ရေ
စစ်ဆေးမှုမတိုင်မီ ရေကို အနည်းငယ်လောက်သာ သောက်နိုင်သော်လည်း စစ်ဆေးမှုမစခင် ၁ နာရီလောက်အလိုမှာတော့ ရေပါမကျန် လုံးဝရှောင်ရပါမယ်။

🚬ဆေးလိပ်
စစ်ဆေးမှုမတိုင်ခင် အနည်းဆုံး ၆ နာရီ (သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်အတိုင်း) ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ရပါမယ်။

၃။ အခြားသိထားသင့်သည်များ

ကိုယ်ဝန်ဆောင်/နို့တိုက်မိခင်များ: အကယ်၍ သင်သည် ကိုယ်ဝန်ရှိနေလျှင် သို့မဟုတ် နို့တိုက်နေလျှင် စစ်ဆေးမှုမပြုလုပ်မီ ဆရာဝန်ကို ကြိုတင်အသိပေးပါ။

⏳အချိန်
စစ်ဆေးမှုတစ်ခုလုံးအတွက် မိနစ် ၂၀ မှ ၄၀ ခန့် ကြာမြင့်နိုင်တာမို့ အချိန်ပေးထားဖို့ လိုအပ်ပါတယ်။

စစ်ဆေးမှုမလုပ်ခင် သင့်ဆရာဝန်ကို သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးအားလုံးစာရင်းကို ပြောပြထားဖို့ မမေ့ပါနဲ့နော်။

💡UreaBreath Test ကို အချိန် တစ်နာရီအတွင်း စစ်ဆေးအဖြေသိချင်ပါက ကျော်ကြားဆေးခန်းကိုဆက်သွယ်လိုက်ပါနော်။

📍ကျော်ကြားဆေးခန်း
တောင်ကြီးမြို့
📲09253885653, 09781492002

Hpylori ပိုးအကြောင်းသိကောင်းစရာ၁။ H.pylori ပိုးဆိုတာ ဘာလဲ?အစာအိမ်နံရံမှာ တွယ်ကပ်ပေါက်ဖွားပြီး အစာအိမ်ရောင်ရမ်းခြင်း၊ အနာ...
01/03/2026

Hpylori ပိုးအကြောင်းသိကောင်းစရာ

၁။ H.pylori ပိုးဆိုတာ ဘာလဲ?

အစာအိမ်နံရံမှာ တွယ်ကပ်ပေါက်ဖွားပြီး အစာအိမ်ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်းနဲ့ ရေရှည်မှာ အစာအိမ်ကင်ဆာအထိ ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားပိုး ဖြစ်ပါတယ်။

၂။ ဘယ်လိုကူးစက်သလဲ?

မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေမှတစ်ဆင့်။

ပိုးရှိသူနဲ့ တံတွေး၊ အသုံးအဆောင်ပစ္စည်းများ (ဇွန်း၊ ခွက်) အတူသုံးစွဲခြင်းမှတစ်ဆင့်။

လက်ကို သေချာမဆေးဘဲ အစာစားခြင်းမှတစ်ဆင့်။

၃။ အဖြစ်များတဲ့ လက္ခဏာများ

ဗိုက်အထက်ပိုင်း အောင့်ခြင်း၊ ပူခြင်း (အထူးသဖြင့် ဗိုက်ဟောင်းလောင်းဖြစ်ချိန်)။

လေပွခြင်း၊ အစာမကြေခြင်း။

ပျို့အန်ခြင်း၊ အစားအသောက်ပျက်ခြင်း။

၄။ စစ်ဆေးနိုင်သည့် နည်းလမ်းများ (Test Methods)

ပိုး ရှိ၊ မရှိ စစ်ဆေးဖို့ အဓိကနည်းလမ်း (၄) ခု ရှိပါတယ်။

၁။ အသက်ရှူထုတ်ခြင်း (Urea Breath Test) ဆေးရည်သောက်ပြီး လေအိတ်ထဲ လေမှုတ်သွင်းခြင်း။ အတိကျဆုံး နှင့် အသုံးအများဆုံး။

၂။ ဝမ်းစစ်ဆေးခြင်း (Stool Antigen Test) ဝမ်းနမူနာထဲတွင် ပိုးရှိ၊ မရှိ စစ်ဆေးခြင်း။ ကလေးများအတွက် အဆင်ပြေဆုံး။

၃။ သွေးစစ်ခြင်း (Blood Test) သွေးထဲရှိ ပိုးတိုက်ဖျက်ပစ္စည်း (Antibody) ကို စစ်ခြင်း။ ပိုးဟောင်းနှင့် ပိုးသစ် ခွဲရခက်သည်။

၄။ မှန်ပြောင်းကြည့်ခြင်း (Endoscopy) ပိုက်ထည့်ကြည့်ပြီး အစာအိမ်တစ်ရှူးစယူစစ်ဆေးခြင်း။ အနာရှိ၊ မရှိ တိုက်ရိုက်သိနိုင်သည်။

၅။ အရေးကြီးသော သတိပြုရန်အချက်များ

ဆေးမစစ်ခင်: အစာအိမ်ဆေး (PPI) များကို (၂) ပတ်ခန့်၊ ပဋိဇီဝဆေး (Antibiotics) များကို (၄) ပတ်ခန့် ကြိုတင်ရပ်ထားရပါမည်။ (မဟုတ်ပါက အဖြေမှားထွက်နိုင်သည်)။

ကုသမှု: ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင် သောက်ရန် အလွန်အရေးကြီးသည်။ (ဆေးဖြတ်ပါက ပိုးက ဆေးယဉ်သွားတတ်သည်)။

အကြံပြုချက်: အကယ်၍ သင့်မှာ အစာအိမ်နာကျင်မှု ခဏခဏဖြစ်နေတယ်ဆိုရင် အသက်ရှူထုတ်ခြင်း (Breath Test) ဝမ်းစစ်ဆေးခြင်း (Stool Test) တစ်ခုခုကို အရင်ဆုံး ပြုလုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။


🎉 3rd Year Anniversary Special 🎉🔊🔊🔊ကျန်းမာရေးကို ဂရုစိုက်ချင်သူတိုင်းအတွက် အထူးသတင်းကောင်း ❗🎁Medical Check-Up Package မျ...
23/02/2026

🎉 3rd Year Anniversary Special 🎉

🔊🔊🔊ကျန်းမာရေးကို ဂရုစိုက်ချင်သူတိုင်းအတွက် အထူးသတင်းကောင်း ❗

🎁Medical Check-Up Package များကို UP TO 30% OFF နဲ့ စစ်ဆေးနိုင်ပါပြီ 💙

✅ Basic Package
✅ Diabetes Package
✅ Cancer Screening (Male / Female)

⏰ Promotion Period – အချိန်ကန့်သတ်ထားသော Offer ဖြစ်လို့ လက်မလွတ်စေနဲ့နော်

📞 Booking – 09-253885653 / 09-781492002

✨ “Early Check-Up = Better Protection” ✨

ကျန်းမာရေးကောင်းဖို့ အခုတင် စစ်ဆေးလိုက်ပါ 💚


🌹❤️Valentine’s Day Special ProMotion for Couple🌹❤️💝ချစ်ခြင်းဆိုတာတစ်နေ့တာရဲ့ ပျော်ရွှင်မှုလေး မဟုတ်ပါဘူး…💝ဘဝတစ်လျှောက် လ...
10/02/2026

🌹❤️Valentine’s Day Special ProMotion for Couple🌹❤️

💝ချစ်ခြင်းဆိုတာ
တစ်နေ့တာရဲ့ ပျော်ရွှင်မှုလေး မဟုတ်ပါဘူး…

💝ဘဝတစ်လျှောက် လက်တွဲသွားချင်တဲ့
ကတိတစ်ခုပါ ❤️

💝ဒီ Valentine’s Day မှာ
ချစ်သူရဲ့ လက်ကို ဆုပ်ကိုင်ပြီး
သူ့အနာဂတ်ကိုပါ ကိုယ်ပိုင်အဖြစ် ဂရုစိုက်ပေးလိုက်ပါ 💑

💝စကားနဲ့မပြောဘဲ
လုပ်ရပ်နဲ့ပဲ ချစ်ခြင်းကို ပြလိုက်ပါ 🌹

💖 Couples Special Promotion 💖

👉 Buy 1 + Get 1 Free 👈

🩸HIVပိုး
🩸အသည်းရောင်အသားဝါ (B)ပိုး(C) ပိုး၊🩸ကာလသားရောဂါပိုး စစ်ဆေးခြင်းနဲ့
🩸သွေးအုပ်စုစစ်ဆေးခြင်း စတဲ့
အရေးကြီးသော သွေးစစ်ဆေးမှုများကို
ချစ်သူနှစ်ဦးအတူ စစ်ဆေးနိုင်ပါပြီ 💉

💞ယနေ့ သင်ရွေးချယ်လိုက်တဲ့ ဂရုစိုက်မှုက
မနက်ဖြန် သူ့အတွက် အာမခံဖြစ်လာပါလိမ့်မယ် 💞

🌹Promotion ကာလက Valentine's Day တစ်ရက်တည်းသာဖြစ်တာကြောင့် အခုပဲ ဆေးခန်းဖုန်းကိုဆက်သွယ်ပြီး ကြိုတင် စာရင်းပေးသွင်းနိုင်ပါပြီ🌹

Phone no. 09253885653, 09789492002
Viber, Telegram no. 09789492002





🚨အူမကြီးရောဂါ ကြိုတင်ကာကွယ်ပါ🚨❗အူလမ်းကြောင်းအလေ့အကျင့်ပြောင်းလဲမှု လက္ခဏာများတွေ့ရှိရခြင်း (သို့မဟုတ်) အသက် (၄၅)နှစ်ကျော...
24/01/2026

🚨အူမကြီးရောဂါ ကြိုတင်ကာကွယ်ပါ🚨

❗အူလမ်းကြောင်းအလေ့အကျင့်ပြောင်းလဲမှု လက္ခဏာများတွေ့ရှိရခြင်း (သို့မဟုတ်) အသက် (၄၅)နှစ်ကျော်လာပါက သင့်ကျန်းမာရေးအတွက်
❗အစာဟောင်းအိမ်ကင်ဆာ စစ်ဆေးမှုပြုလုပ်ရန် မမေ့ပါနဲ့...

📛ကင်ဆာရောဂါဆိုတာ စောစောသိရင် ကုသလို့ရပါတယ်...📛

🩸🩸အစာဟောင်းအိမ်ကင်ဆာ(Ca Re**um) အတွက် လိုအပ်တဲ့ဓါတ်ခွဲစမ်းသပ်မှုများကို ကျော်ကြားအထွေထွေရောဂါရှာဖွေရေးတွင် တစ်နေရာတည်းမှာ အမြန်ဆုံး နှင့်အတိကျဆုံး ဈေးနှုန်းသက်သာစွာ စစ်ဆေးနိုင်ပါပြီ...🩸🩸

👩‍⚕️👩‍⚕️တက်ကျွမ်းနားလည်သော အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်းများကိုလဲ လုပ်ဆောင်ပေးနေပါပြီ...👩‍⚕️👩‍⚕️

📞 အသေးစိတ်သိရှိလိုပါက
ဖုန်းနံပါတ် 09253885653, 09781492002 သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်...
🏥ကျော်ကြားဆေးခန်း
ည/၁၅၊ ညောင်ပင်သာလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့။

💝ခန္ဓာကိုယ် ကျန်းမာရေးအတွက် လုပ်ငန်းတာဝန်များစွာ လုပ်ဆောင်ပေးနေရတဲ့ အသည်းကို ကျန်းမာအောင် စောင့်ရှောက်ဖို့အရေးကြီးပါတယ်....
14/01/2026

💝ခန္ဓာကိုယ် ကျန်းမာရေးအတွက် လုပ်ငန်းတာဝန်များစွာ လုပ်ဆောင်ပေးနေရတဲ့ အသည်းကို ကျန်းမာအောင် စောင့်ရှောက်ဖို့အရေးကြီးပါတယ်...

❤️‍🩹အသည်းရောဂါများကို စောစီးစွာသိနိုင်ရန် သွေးစစ်ဆေးခြင်း၊ Ultrasound ရိုက်ခြင်း၊ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ခြင်းများကို ကျော်ကြားဆေးခန်းတွင် တစ်နေရာတည်းအချိန်တိုအတွင်း ဈေးနှုန်းချိုသာစွာဖြင့်ဝန်ဆောင်မှုပေးနေပါပြီ...

# အသည်းကသတိပေးနေပါတယ်...လျစ်လျူမရှုပါနဲ့...

Big thanks toEieikhinfor all of your support! Congrats for being top fans on a streak 🔥!
11/01/2026

Big thanks to

Eieikhin

for all of your support! Congrats for being top fans on a streak 🔥!

🩸🩸🩸တိကျမှန်ကန်သည့်သွေးစစ်ဆေးမှုများကို အချိန်တိုအတွင်း အဆင်မြင့်စက်များဖြင့် ဈေးနှုန်းချိုသာစွာ ဝန်ဆောင်မှုပေးနေပါတယ်🩸🩸🩸
10/01/2026

🩸🩸🩸တိကျမှန်ကန်သည့်သွေးစစ်ဆေးမှုများကို အချိန်တိုအတွင်း အဆင်မြင့်စက်များဖြင့် ဈေးနှုန်းချိုသာစွာ ဝန်ဆောင်မှုပေးနေပါတယ်🩸🩸🩸

🩸🩸🩸‌အ‌ခြေခံသွေးစစ်ဆေးမှုများအတွက် တိကျ မှန်ကန် မြန်ဆန်စွာ ဝန်ဆောင်မှုပေးနေပါတယ်.…
09/01/2026

🩸🩸🩸‌အ‌ခြေခံသွေးစစ်ဆေးမှုများအတွက် တိကျ မှန်ကန် မြန်ဆန်စွာ ဝန်ဆောင်မှုပေးနေပါတယ်.…

Check out Kyaw kyar Clinic’s Story.

Address

Nya/15, Nyaung Pin Thar Street, Nyaung Phyu Sakham Quarter
Taunggyi
06101

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959253885653

Website

Alerts

Be the first to know and let us send you an email when Kyaw Kyar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kyaw Kyar Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram