Kyaw Kyar Clinic

Kyaw Kyar Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kyaw Kyar Clinic, Medical and health, Nya/15, Nyaung Pin Thar Street, Nyaung Phyu Sakham Quarter, Taunggyi.

04/06/2025

"တတိယလှိုင်း ဗီဇပြောင်း Covid 19 ရောဂါလက္ခဏာများ"

ကူးစက်ခံရပြီး ၁ ရက်မှ ၃ ရက်
၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

၄ ရက်မြောက်နေ့
၁။ အာသီးအနည်းငယ်ယောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားသောက်မြိုချရာတွင် အခက်အခဲရှိသည်။
ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့
အနည်းငယ် မူးဝေနေမည်။

၅ ရက်မြောက်နေ့
၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

၆ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်း
နာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ inches feel pain ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

၇ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များ
ထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲနာကျင်နေ
မည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

၈ ရက်မြောက်နေ့
၁။ ကိုယ်အပူချိန် 38C +++ အထက်ထိရောက်လာပြီး
အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများ
နာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး
ကိုက်ခဲနာကျင်မည်။

၉ ရက်မြောက်နေ့
၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများ သက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန်
ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့
ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန်
လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

အကြံပြုချက်များ
***************
၁။ မတ်(စ်)တပ်ပါ
၂။ လက်ကို ဆပ်ပြာဖြင့် စက္ကန့် (၂၀) ဆေးပါ
၃။ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာနေပါ
၄။ ထိတွေ့ပြီးတိုင်း ပိုးသတ်ဆေးဖြင့် ဖြန်းပါ
၅။ လက်ဆွဲနှုတ်ဆက်ခြင်းမှ ရှောင်ကြင်ပါ
၆။ အပြင်သွားလျှင် လက်အိတ်ဝတ်ပါ
___________________________________ တဆင့်ပြန်လည်မျှဝေပါတယ်

🎈🎈ဝန်ထမ်း (အမြန်) အလိုရှိသည်🎈🎈▶➡️➡️Kyaw Kyar Specialist Clinic and Diagnostic တွင် တာ၀န်ထမ်းဆောင်ရန် 💉💉Sample Collector ...
15/05/2025

🎈🎈ဝန်ထမ်း (အမြန်) အလိုရှိသည်🎈🎈
▶➡️➡️Kyaw Kyar Specialist Clinic and Diagnostic တွင် တာ၀န်ထမ်းဆောင်ရန်

💉💉Sample Collector (ကျား/မ) - (၂) ဦး 💉💉
 သက်ဆိုင်ရာသင်တန်းဆင်းလက်မှတ်ရှိရမည်။
 သွေးကျွမ်းကျင်စွာဖောက်တတ်ရမည်။
 ဆိုင်ကယ်စီးကျွမ်းကျင်ရမည်။
 ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နိုင်ရမည်။
 ဆေးရုံ ဆေးခန်းလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
 အကျင့်စာရိတ္တကောင်းမွန်ပြီး ရေရှည်လုပ်ကိုင်နိုင်ရမည်။
 ကျောင်းကိစ္စကင်းရှင်းရမည်။
 လစာ - ညှိနှိုင်း (အရည်အချင်းပေါ်မူတည်၍ သုံးလပြည့်လျှင် လစာတိုးပေးမည်)

🚘🚘ယာဉ်မောင်း (ကျား/မ) - (၁) ဦး 🚘🚘
 ကားကျွမ်းကျင်စွာမောင်းနှင်နိုင်ရမည်။
 အသောက်အစားကင်းရှင်းပြီး အန္တရာယ်ကင်းစွာမောင်းနှင်းနိုင်သူဖြစ်ရမည်။
 ဆေးရုံ၊ ဆေးခန်းလုပ်ငန်းအတွေ့အကြုံရှိသူဦးစားပေးမည်။
 အကျင့်စာရိတ္တကောင်းမွန်ပြီး ရေရှည်လုပ်ကိုင်နိုင်ရမည်။
 ကျောင်းကိစ္စကင်းရှင်းရမည်။
 လစာ - ညှိနှိုင်း

🏃‍♂️‍➡️🏃‍♂️‍➡️ဆေးခန်းအကူ (ကျား/မ) - (၁) ဦး 🏃‍♂️‍➡️🏃‍♂️‍➡️
 ဆိုင်ကယ်စီးကျွမ်းကျင်ရမည်။
 ဆက်ဆံရေးကောင်းမွန်ပြီး အသင်းအဖွဲ့ နှင့် လက်တွဲလုပ်ကိုင်နိုင်ရမည်။
 အကျင့်စာရိတ္တကောင်းမွန်ပြီး ရေရှည်လုပ်ကိုင်နိုင်ရမည်။
 ကျောင်းကိစ္စကင်းရှင်းရမည်။
 လစာ - ညှိနှိုင်း

စိတ်၀င်စားသူများ အနေဖြင့် CV အား လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။
“ကျော်ကြား” အဆင့်မြင့်ရောဂါရှာဖွေရေးနှင့် အထွေထွေရောဂါကုဆေးခန်း
🏠ည/ ၁၅ ၊ ညောင်ပင်သာလမ်း၊ ငြိမ်းချမ်းဟိုတယ် အနောက်ဘက်၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့။🏠
📲📲ဖုန်း - 09 253885653, 09781492002📲📲

 're_Open💦💦သင်္ကြန်ကာလအတွင်း 💦💦 လူကြီးမင်းတို့ရဲ့ကျန်းမာရေး စောင့်ရှောက်မှု နဲ့ပတ်သက်ပြီးစိတ်ပူပင်စရာ မလိုအောင် ကျွန်မတိ...
11/04/2025

're_Open
💦💦သင်္ကြန်ကာလအတွင်း 💦💦 လူကြီးမင်းတို့ရဲ့ကျန်းမာရေး စောင့်ရှောက်မှု နဲ့ပတ်သက်ပြီးစိတ်ပူပင်စရာ မလိုအောင် ကျွန်မတို့ရဲ့ 🏥 " ကျော်ကြား " အဆင့်မြင့်ရောဂါရှာ ဖွေရေးနှင့် အထွေထွေ‌ရောဂါကုဆေးခန်း🏥 ကို သင်္ကြန်ကာလအတွင်းမှာ ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင့်🤗🤗
👉👉ဆေးခန်း ရက်ချိန်းများကိုလဲ အခက်အခဲမရှိ လာရောက်ပြသ ကုသလို့ရပါတယ်ရှင့်...
💉💉အသည်းယောင်အသားဝါ "ဘီပိုး "ကာကွယ်ဆေးထိုးနှံရန်အတွက် ကိုလဲ ရက်ချိန်းအတိုင်း လာရောက်ထိုးနှံနိုင်ပါတယ်ရှင့်...💉💉
🚑အရေးပေါ်ကုသမှု လိုအပ်ချက်များအတွက် ကျော်ကြားဆေးခန်းကို ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်ရှင့်...🚑
🧑‍⚕️ဆရာဝန်နှင့် တိုင်ပင်‌‌ဆွေးနွေးခြင်း🧑‍⚕️၊ 🩻ဓာတ်မှန်ရိုက်ခြင်း🩻၊ 💓ECG ဆွဲခြင်း💓၊ 🖥️Ultrasound ရိုက်ခြင်း၊ 🩸သွေးစစ်ဆေးခြင်း🩸၊ ဆီးစစ်ဆေးခြင်း တို့ကိုလည်း လုပ်ဆောင်နိုင်ပါတယ်ရှင့်
🏠🏠အိမ်တိုင်ရာရောက်ဝန်ဆောင်မှုများလဲရှိလို့ ဖုန်းလေး တချက်လောက်သာခေါ်ဆိုပေးပါရှင့်...📞📞
🏥🏥လိပ်စာကတော့ ကျော်ကြား အဆင့်မြင့်ရောဂါရှာ ဖွေရေးနှင့် အထွေထွေ‌ရောဂါကုဆေးခန်း
ည/၁၅၊ ညောင်ပင်သာလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့
(ငြိမ်းချမ်း ဟိုတယ် အနောက်ကပ်ရက် ပါရှင့်)🏥🏥

#သင်္ကြန်
#ဆေးခန်း
#ပိတ်ရက်မရှိ
#ကျော်ကြားဆေးခန်း

ဒီနေ့လည်း မင်မင်တို့နား အားသွင်းလို့ရပါတယ်ရှင့်တောင်ကြီးမြို့မှ လျှပ်စစ်မီးအခက်အခဲရှိသူများအတွက်"ကျော်ကြား" ဆေးခန်းတွင် ...
30/03/2025

ဒီနေ့လည်း မင်မင်တို့နား အားသွင်းလို့ရပါတယ်ရှင့်
တောင်ကြီးမြို့မှ လျှပ်စစ်မီးအခက်အခဲရှိသူများအတွက်
"ကျော်ကြား" ဆေးခန်းတွင် ဖုန်းအား/Power bank အခမဲ့ လာရောက်အားသွင်းနိုင်ပါတယ်ရှင့် (ကိုယ်ပိုင်အားသွင်းကြိုးယူလာပေးပါ)
ဖြစ်နိုင်မယ်ဆိုရင် Extension ကြိုးပါယူလာပေးပါရှင့်
လိပ်စာ- ည/၁၅၊ ညောင်ပင်သာလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့ (ငြိမ်းချမ်းဟိုတယ် အနောက်ဘက်ကပ်လျက်ပါ)
#တောင်ကြီးမြို့

တောင်ကြီးမြို့မှ လျှပ်စစ်မီးအခက်အခဲရှိသူများအတွက်"ကျော်ကြား" ဆေးခန်းတွင် ဖုန်းအား/Power bank အခမဲ့ လာရောက်အားသွင်းနိုင်ပ...
29/03/2025

တောင်ကြီးမြို့မှ လျှပ်စစ်မီးအခက်အခဲရှိသူများအတွက်
"ကျော်ကြား" ဆေးခန်းတွင် ဖုန်းအား/Power bank အခမဲ့ လာရောက်အားသွင်းနိုင်ပါတယ်ရှင့် (ကိုယ်ပိုင်အားသွင်းကြိုးယူလာပေးပါ)
လိပ်စာ- ည/၁၅၊ ညောင်ပင်သာလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့ (ငြိမ်းချမ်းဟိုတယ် အနောက်ဘက်ကပ်လျက်ပါ)
#တောင်ကြီးမြို့

🙏🙏🙏ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ ကုသိုလ်ကောင်းမှုများပြုပြီး သာယာပျော်ရွှင်ကြပါစေကြောင်း “ကျော်ကြား အထွေထွေရောဂါကုဆ...
16/10/2024

🙏🙏🙏ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယမှာ ကုသိုလ်ကောင်းမှုများပြုပြီး သာယာပျော်ရွှင်ကြပါစေကြောင်း “ကျော်ကြား အထွေထွေရောဂါကုဆေးခန်း” မိသားစုမှဆုမွန်ကောင်းတောင်းပေးပါတယ်🙏🙏🙏

“ကျော်ကြား”ရောဂါရှာဖွေရေးနှင့် အထွေထွေရောဂါကုဆေးခန်း
ညောင်ပင်သာလမ်း
ညောင်ဖြူစခန်းရပ်ကွက်
တောင်ကြီးမြို့။
09253885653, 09781492002

မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ပါ..🚨🚨🚨
27/08/2024

မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ပါ..🚨🚨🚨

🔊အလုပ်လျှောက်လွှာခေါ်ယူခြင်း🔊"ကျော်ကြား" အဆင့်မြင့်ရောဂါရှာ‌ဖွေရေးနှင့် အထွေထွေရောဂါကုဆေးခန်း တွင် တာဝန်ထမ်းဆောင်ရန် Phl...
26/08/2024

🔊အလုပ်လျှောက်လွှာခေါ်ယူခြင်း🔊

"ကျော်ကြား" အဆင့်မြင့်ရောဂါရှာ‌ဖွေရေးနှင့် အထွေထွေရောဂါကုဆေးခန်း တွင် တာဝန်ထမ်းဆောင်ရန် Phlebotomist ( သွေးဖောက်ကျွမ်းကျင်)- ကျား/မ ၂ ဦး အမြန်လိုအပ် နေပါသည်။

လျှောက်ထားသူသည်
✅အမှန်တကယ် ကျွမ်းကျင်စွာ သွေးဖောက်တတ်ရမည်။
✅ဆိုင်ကယ်စီးကျွမ်းကျင်ရမည်။
✅Basic computer skillရှိရမည်။
✅ကျောင်းကိစ္စကင်းရှင်းသူဖြစ်ရမည်။
✅အသင်းအဖွဲ့နှင့် လုပ်ဆောင်နိုင်သူဖြစ်ရမည်။
✅လူမှုဆက်ဆံရေးပြေပြစ်ပြီး ရေရှည်လုပ်ကိုင်နိုင်သူ ဖြစ်ရမည်။
✅လုပ်ငန်းအတွေ့အကြုံရှိသူများ ဦးစားပေးမည်။

-လစာ-ညှိနှိုင်း

လျှောက်ထားလိုပါက ---
📄ကိုယ်ရေးအကျဥ်း
📄မှတ်ပုံတင် /မိတ္တူ
📄သက်ဆိုင်ရာ ဘွဲ့/သင်တန်းဆင်းလက်မှတ်
တို့ကို
💢လူကိုယ်တိုင်‌ဖြစ်စေ၊ ‌
💢အောက်ပါViberဖုန်းနံပါတ် ☎09781492002☎ သို့ဖြစ်‌စေ၊ပေးပို့လျှောက်ထား နိုင်ပါသည်။
🚩လိပ်စာ🚩 - ည/၁၅၊ ညောင်ပင်သာလမ်း၊ ညောင်ဖြူစခန်းရပ်ကွက်၊ တောင်ကြီးမြို့။

🙏 ဝါဆိုလပြည့်နေ့ 🙏ဝါဆိုလပြည့်နေ့သည်-"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ"ဝါဆိုလပြည့် ထူးခြားနေ့ အောက်မေ့ ဤလေးဖြာ ဟုဆ...
19/07/2024

🙏 ဝါဆိုလပြည့်နေ့ 🙏
ဝါဆိုလပြည့်နေ့သည်-
"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ"
ဝါဆိုလပြည့် ထူးခြားနေ့ အောက်မေ့ ဤလေးဖြာ ဟုဆိုသည့်အတိုင်း
✴️ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ ဖြစ်ခြင်း၊
✴️ ဂေါတမဘုရားလောင်း တောထွက်တော်မူသည့်နေ့ ဖြစ်ခြင်း၊
✴️ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသည့်နေ့ဖြစ်ခြင်း၊
✴️ ရေမီး အစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်ခြင်း ဆိုသော ထူးခြားချက်များနှင့် ပြည့်စုံနေသည့် ဗုဒ္ဓဘာသာတို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
🌕ဤသို့ မြတ်ဗုဒ္ဓ၏ ထူးခြားမှုများနှင့်ပြည့်စုံနေသော ဝါဆိုလပြည့် ဥပုသ်နေ့တွင် ဗုဒ္ဓဘာသာဝင် မိတ်ဆွေအပေါင်းတို့အား ဒါန၊ သီလ၊ ဘာဝနာကုသိုလ်တရားများ ပွားတိုးအားထုတ်နိုင်၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးရပါတယ်ရှင့်🙏🙏🙏

🏥 ကျော်ကြားရောဂါရှာဖွေရေးနှင့် အထွေထွေရောဂါကုဆေးခန်း
တောင်ကြီးမြို့
☎️ 09253885653, 09781492002
🕰️ မနက် ၇:၀၀မှ ည၇:၀၀ထိ
🗓️ ပိတ်ရက်မရှိ

💉💉💉ခွေးရူးပြန်ကာကွယ်ဆေး💉💉💉✳️ အိမ်မွေးတိရိစ္ဆာန်လေးများနှင့် လက်ပွန်းတတီးနေထိုင်ကြသော တိရိစ္ဆာန်ချစ်မြတ်နိုးကြသူများ..✳️ ...
11/06/2024

💉💉💉ခွေးရူးပြန်ကာကွယ်ဆေး💉💉💉

✳️ အိမ်မွေးတိရိစ္ဆာန်လေးများနှင့် လက်ပွန်းတတီးနေထိုင်ကြသော တိရိစ္ဆာန်ချစ်မြတ်နိုးကြသူများ..

✳️ မတော်တဆ ခွေးကြောင်၊မျောက်ကိုက်ခံရသူများ...

✳️ရောဂါကူးစက်ခြင်းမှကာကွယ်နိုင်ရန် ခွေးရူးပြန်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းများပြုလုပ်ဆောင်ရွက်နိုင်ပါပြီရှင်...

🏥 ကျော်ကြားဆေးခန်း
ည/၁၅၊ ညောင်ပင်သာလမ်း၊ညောင်ဖြူ စခန်းရပ်ကွက်၊ တောင်ကြီးမြို့။

☎️ 09253885653 , 09781492002

vaccine

Address

Nya/15, Nyaung Pin Thar Street, Nyaung Phyu Sakham Quarter
Taunggyi
06101

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959253885653

Website

Alerts

Be the first to know and let us send you an email when Kyaw Kyar Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kyaw Kyar Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram