Charlotte the Starseed

Charlotte the Starseed Tarot-Oracle Reader Amulet Enchanter,Ritualist,Astrologist,Reiki Healer
(269)

♥️ Let me walk into your dreams ✨
05/01/2026

♥️ Let me walk into your dreams ✨

05/01/2026

နော်

ညဘက်ကြီး လာတောက်ပပြရသေးတယ် ။ ရည်းစားမရှိသေးတဲ့ ဆင်ဂယ်လေးတွေ မှောင်နဲ့မည်းမည်း လမ်းပျောက်နေမှာစိုးလို့။ 😗
05/01/2026

ညဘက်ကြီး လာတောက်ပပြရသေးတယ် ။ ရည်းစားမရှိသေးတဲ့ ဆင်ဂယ်လေးတွေ မှောင်နဲ့မည်းမည်း လမ်းပျောက်နေမှာစိုးလို့။ 😗

ကာမပိုင်သူများယောက်ျားကို နောက်တစ်ခါမချစ်မိကြစေနဲ့။ မယားကြီးတွေကိုလဲ မျက်ရည်ကျအောင်မလုပ်ကြနဲ့တော့။    နင်တို့အတွက်အိုးတွ...
05/01/2026

ကာမပိုင်သူများယောက်ျားကို နောက်တစ်ခါမချစ်မိကြစေနဲ့။ မယားကြီးတွေကိုလဲ မျက်ရည်ကျအောင်မလုပ်ကြနဲ့တော့။ နင်တို့အတွက်အိုးတွေသွားသွားဝယ်ရတာ မြေကြီးတွေသွားတူးရတာမလွယ်ဘူးဟက် ဗိုင်းဒါမတွေရဲ့🥴 ငါက ပျင်းရကြားထဲ။ လိမ်လိမ်မာမာ ‌လက်လွှတ်ပြီး ကိုယ့်လမ်းကိုယ်လျှောက်ကြ။

Effect မပါဘဲလှတဲ့အစီအရင်မီးရောင်တွေ ✨မသိရင် မူကထဗန်းလေးကျနေဝာာပဲ 🫠 အသည်းတွေအသားတွေ သေချာရေဆေးကိုင်ပြီးမှသုံးထားတာ။
05/01/2026

Effect မပါဘဲလှတဲ့အစီအရင်မီးရောင်တွေ ✨

မသိရင် မူကထဗန်းလေးကျနေဝာာပဲ 🫠 အသည်းတွေအသားတွေ သေချာရေဆေးကိုင်ပြီးမှသုံးထားတာ။

♥️ အပ်ထားတဲ့အကြမ်းအလုပ်ကလေးတဖြတ်။  ကိုယ့်လူဘက်က အသာစီးရစေ။ သူများအိမ်ထောင်ဖျက်ဆီးခြင်းလုပ်‌ နေတဲ့သူ ရပ်ဟေ့ ။
05/01/2026

♥️ အပ်ထားတဲ့အကြမ်းအလုပ်ကလေးတဖြတ်။ ကိုယ့်လူဘက်က အသာစီးရစေ။

သူများအိမ်ထောင်ဖျက်ဆီးခြင်းလုပ်‌ နေတဲ့သူ ရပ်ဟေ့ ။

🤭
05/01/2026

🤭

05/01/2026

ဂျင်မနိုင်းတွေ နှစ်ကူးမှာ တအား ဆိုးနေပြီ 🥲 နော်

He : စိတ်ကောက်ပြီးဘာမှမစားဘဲမနေနဲ့  တခုခုထွက်စား ကြားလား။ အလုပ်တွေလုပ်ရအုံးမှာဆို..Me :  အွန်း ..
05/01/2026

He : စိတ်ကောက်ပြီးဘာမှမစားဘဲမနေနဲ့ တခုခုထွက်စား ကြားလား။ အလုပ်တွေလုပ်ရအုံးမှာဆို..

Me : အွန်း ..

အိမ်ထောင်သည်အမျိုးသားတိုင်းနားလည်မှာမဟုတ်ပေမယ့်နားလည်ရင်ပျော်ရမယ့်အရာတွေက အိမ်ထောင်ရေးရဲ့တန်ဖိုးတွေပဲ။ ကိုယ့်လက်တွဲ‌ဖော်...
05/01/2026

အိမ်ထောင်သည်အမျိုးသားတိုင်းနားလည်မှာမဟုတ်ပေမယ့်နားလည်ရင်ပျော်ရမယ့်အရာတွေက အိမ်ထောင်ရေးရဲ့တန်ဖိုးတွေပဲ။

ကိုယ့်လက်တွဲ‌ဖော်ဇနီးသည် ဆိုတာ လက်ထပ်ကာစကနဦးမှာသာ ဇနီးသည်
ဝာာဝန်ယူရပေမယ့် ကိုယ့်ဘဝမှာ ဒုတိယအမေ လို ပုဂ္ဂိုလ်ဖြစ်လာမယ့်သူပါပဲ။

အဲဒီအမျိုးသမီးက သင်တို့ အရည်အချင်းရှိအောင် တွန်းအားပေးလိမ့်မယ်။
ငွေကြေးတွေစုဆောင်းမိအောင် ပြောပြလိမ့်မယ်။ လူတန်းစေ့နေနိုင်အောင် ကြိုးစားခိုင်းလိမ့်မယ်။

သင်တို့စဉ်းစားရခက်နေတဲ့ကိစ္စကို ကူညီစဉ်းစားပေးလိမ့်မယ် ဒါမှမဟုတ် တစုံတယောက်ဆီမှာ မာနတွေချပြီး အကူအညီကြားခံတောင်းရင် သင်တို့ဒုက္ခကို ကယ်တင်ဖို့ လုပ်လိမ့်မယ်။ သင်တို့ယောက်ျားတွေရဲ့အပူဟာ သူ့အပူ ဖြစ်လာတယ်။ သင်တို့ ဂျီကျသမျှ ကလေးဆန်သမျှ သဘောကျမှုတဝက် စိတ်ပူမှုတဝက်နဲ့ ကြည့်နေမယ့်သူဖြစ်တယ်။

တလက်စထဲမှာပဲ သင်တို့ကို ကျန်းမာအောင် ဆေးလိပ်မသောက်ဖို့ အရက်
မသောက်ဖို့ တားမြစ်လိမ့်မယ်။ အာဟာရဖြစ်အောင် ချက်ပြုတ်ကျွေးမွေးလိမ့်မယ်။ သင်တို့နဲ့အတူ ရလာတဲ့ သားသမီးတွေရှိခဲ့ရင် သင် စိတ်မပူရအောင် အဲဒီဇနီးသည်က ပျိုးထောင်ပေးလိမ့်မယ်။ တလက်စထဲ သင့်ကိုပါ လူကြားသူကြားထဲ မျက်နှာရအောင် ဘောင်ဝင်အောင် ပံ့ပိုးပျိုးထောင်လိမ့်မယ်။

သင်နေမကောင်းတဲ့အချိန်မှာ သင့်ကို ဆေးတိုက်မုန့်ခွံ့ စကားပြောပြီး သနား နေသလို ပွစိပွစိ‌‌ ပြောပြီးဆူကောင်းဆူလိမ့်မယ်။ တစ်ရက်ပြီးတစ်ရက် သင် သတိမထားမိလိုက်တဲ့အချိန်မှာပဲ မိန်းမ တစ်ယောက်ထက် ဇနီးတစ်ယောက်ထက် ပိုတဲ့ သင့်ဘဝထဲမှာ ဒုတိယမြောက် မိခင် နေရာကို အဲဒီအမျိုးသမီးက သဘာဝကျကျ ဝင်ရောက်လိုက်ရပြီဖြစ်တယ်။

ငါ မိန်းမပဲယူလိုက်တာလေကွာလို့ ဘယ်လိုငြင်းငြင်း သင်ဟာ အမေကဲ့သို့ စောင့်ရှောက်လိုစိတ်ရှိတဲ့ မိန်းမတစ်ယောက်ကို ရလိုက်တာပါပဲ။

ကိုယ့်လက်တွဲ‌ဖော်ဇနီးကို ချစ်ခင်ပါ။ လေးစားပါ။ အသိအမှတ်ပြုပါ။ သစ္စာရှိပါ။ လက်တွဲထားပါ။ ထွေးပွေ့ထားပါ။ ရင်းနှီးမှုယူထားပါ။ တန်ဖိုးသိထားပါ။ သူမရဲ့ အသုံးဝင်မှုတွေကို ပံ့ပိုးပါ။ အားနည်းမှုတွေကို သင်ယူခိုင်းပါ။

ကိုယ့်ဘက်က တန်ဖိုးမထားနိုင်သည့်တိုင်အောင် လောကမှာ မကောင်းတဲ့ဇနီးတွေလဲရှိတာပါပဲဆိုတဲ့ စကားနဲ့ မိန်းမတွေအားလုံးကို သိမ်းကြုံးတန်းမညှိလိုက်ပါနဲ့။ လောကမှာ သူများဘဝတွေမှာ မကောင်းတဲ့ဇနီးတွေ ရှိကောင်း ရှိပါလိမ့်မယ်။
သင့်ဘဝထဲမှာရော အမြဲတမ်း မကောင်းတဲ့မိန်းမတွေပဲ တွေ့ခဲ့ရတာလား?
အဲ့လောက်ကံဆိုးနေရသော ယောက်ျားလား?

ဖူးစာကံပါလို့ ကိုယ့်ဘဝထဲ ကိုယ်နဲ့ဆက်စပ်ပြီးရောက်လာတဲ့ ဇနီးသည်ကိုပဲ အာရုံစိုက်ပြီး ကြည့်ရှုပါ။ ကိုယ့်ရဲ့ရေစက် ပဌာန်းဆက်ရှိသူကိုပဲ အဆင့်အတန်းတစ်ခုမှာ အမြင့်ဆုံး ထားပြီး ဆက်ဆံပါ။

ဒီကမ္ဘာမှာ မိန်းမတွေပေါများပါတယ်။ ဇနီးသည်စိတ်ရှိတဲ့မိန်းကလေးက ရှားပါးပါတယ်။ ယောက်ျားကောင်း လူကြီးလူ‌ကောင်းတစ်ယောက်ဖြစ်ကြောင်းပြဖို့ မိန်းမတိုင်းကို ဒူးထောက်ခယ ခြေဖမိုးနမ်းနေစရာမလိုပါဘူး။ ကိုယ့်လက်တွဲဖော်ဇနီးသည်ကိုသာ ကိုယ်နဲ့အတူ တမိုးအောက်ထဲမှာရပ်တည်နေတဲ့အတွက် ပင်ပန်းနေပြီလားလို့ မေးပြီး အချိန်ပေးကြည့်လိုက်ပါ။

သင့်ဘဝရော သင်တို့မိသားစုဘဝရော နှစ်ဆ ပြောင်းလဲလာပါလိမ့်မယ်။

January 5 2026 Monday Daily Message အလုပ်အကိုင်ကံများထူးခြားစွာပေါ်ပေါက်တတ်သောနေ့ပါ။ ယနေ့မှာလုပ်သမျှ လုပ်ငန်းတိုင်း က ရေ...
04/01/2026

January 5 2026 Monday

Daily Message

အလုပ်အကိုင်ကံများထူးခြားစွာပေါ်ပေါက်တတ်သောနေ့ပါ။ ယနေ့မှာလုပ်သမျှ လုပ်ငန်းတိုင်း က ရေရှည်မှာငွေကံကောင်းစေပါမယ်။ ၅ထောင် ၅သောင်း စသဖြင့် ၅ဂဏန်းအကျိုးပေးသောငွေကံများရရှိတတ်ပါတယ်။ ပညာရေးမှာ သင်ယူချင်စိတ်ပျောက်ပြီးပစ်ထားသောစာများ ပြန်လည်သင်ယူလိုစိတ်ဖြစ်နေမယ်။ အချစ်ရေးမေတ္တာရေးမှာ တဖက်လူကကိုယ့်ကိုလွမ်းနေတတ်ပေမယ့် ကိုယ့်ဘက်က မယုံသင်္ကာကြီးမားနေတတ်ပါတယ်။ Single တွေ သဘောကျတဲ့သူကိုယ့်ကိုအကဲခတ်စောင့်ကြည့်တာခံရတတ်ပါတယ်။ ကျန်းမာရေးမှာ ခေါင်းကိုက်တာ နှာစေးတာ နားအုံနေတာ သတိထားပါ။

ကံကောင်းစေသောအရောင် - အနီ အဖြူ အပြာ

ကံကောင်းစေသောဂဏန်း - ၅/၁/၂

ချစ်ခြင်းမေတ္တာနှင့်ယှဉ်တွဲသော လာဘ်လာဘဝင်လာမဆဲ ပြည့်စုံသည့် မင်္ဂလာရက်မြတ်တော်ကို ကိုယ်စိတ်နှစ်ဖြာ ကြည်သာရွှင်ပျစွာ ဖြတ်သန်းနိုင်ပါစေသတည်း။

With Loves,
Your Tarot Reader
Charlotte the Starseed

January လ တစ်လလုံးရဲ့ ကံအကျိုးပေးရက်များဖြစ်ပါတယ်။🍀 ကောင်းမှုကုသိုလ်ကြောင့်ဆုတောင်းပြည့်တတ်သောနေ့များ🚨 အမှားအယွင်းသတိထား...
04/01/2026

January လ တစ်လလုံးရဲ့ ကံအကျိုးပေးရက်များဖြစ်ပါတယ်။

🍀 ကောင်းမှုကုသိုလ်ကြောင့်ဆုတောင်းပြည့်တတ်သောနေ့များ
🚨 အမှားအယွင်းသတိထားရမည့်နေ့များ
🪙 ငွေရှာ အလုပ်ရှာရန်ကောင်းသည့်နေ့များ
🔮အစောင့်အရှောက်ကြောင့် ကံကောင်းမည့်နေ့များ
♥️ အချစ်ရေးမေတ္တာရေးကံထူးမည့်နေ့များ

🫶ခါတိုင်း မုန့်ဖိုးပေးတဲ့သူတွေအတွက် သီးသန့်လုပ်ပေးတာဆိုပေမယ့် ဒီလကတော့ public အတွက် free ပါ။ ကြိုက်သလိုသုံးလို့ရပါတယ်။ တနေရာရာမှာ စီးပွားဖြစ် ပြန်မတင်ရင်ရပါပြီ။

Address

Taunggyi

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Charlotte the Starseed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram