Charlotte the Starseed

Charlotte the Starseed Tarot-Oracle Reader Amulet Enchanter,Ritualist,Astrologist,Reiki Healer
(261)

27/05/2026

Daily Energy Guide ✨ ၂၇.၅.၂၀၂၆ ✨ ဗုဒ္ဓဟူးနေ့

Energy
ဗုဒ္ဓဟူးနေ့ရဲ့ စွမ်းအင်ကတော့ ဆက်သွယ်ပြောဆိုမှုထက်မြက်တဲ့ အသိဉာဏ်နဲ့ လိုက်လျောညီထွေမှုရှိတဲ့ စွမ်းအားတွေနဲ့ တည်ရှိ‌ေနပါတယ်။ ဒီနေ့မှာ သင့်ရဲ့ စိတ်ကူးအကြံဉာဏ်တွေကို အများနဲ့ မျှဝေဖို့ အရေးကြီးတဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ သင့်ရဲ့ အသစ်အသစ် ဖြစ်တဲ့ ပြောဆိုပုံ တွေးခေါ်ပုံတွေက ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်ပါလိမ့်မယ်။ သတင်းအချက်အလက်သစ်တွေ ရှာဖွေတာ သင်ယူလေ့လာတာတွေက ဒီနေ့မှာ ပိုပြီး ထိရောက်မှုရှိပြီး သင့်ရဲ့ အနာဂတ်အတွက် တံခါးသစ်တွေကို ဖွင့်ပေးနိုင်ပါတယ်။

Reminder
သင်ဟာ အရာအားလုံးကို စိတ်ကြိုက်ထိန်းချုပ်နိုင်စွမ်းရှိသူဆိုတာ မမေ့ပါနဲ့။ ဒါပေမဲ့ အရာရာတိုင်းကို ပြည့်စုံလွန်းမှ ဖြစ်ရမယ်ဆိုတဲ့ အလွန်အမင်း တင်းကျပ်မှုမျိုးကိုတော့ လျှော့ချလိုက်ပါ။ စကားလုံးတွေရဲ့ စွမ်းအားကို သတိပြုပါ။ သင့်ရဲ့ တန်ဖိုးကို ဖော်ပြတဲ့အခါ ခိုင်မာတဲ့ ရပ်တည်ချက်နဲ့ ပြောဆိုပါ၊ တောင်းပန်နေစရာ မလိုပါဘူး။ ဒီနေ့မှာ သင့်ရဲ့ ဉာဏ်ပညာဟာ အကြီးမားဆုံးသော လက်နက် ဖြစ်ပါတယ်။

Advice
ဒီနေ့မှာ သင့်ရဲ့ လျင်မြန်ထက်မြက်တဲ့ Aura ကို ပိုမိုထင်ရှားစေမယ့် အရောင်တွေကတော့ အစိမ်းရောင်အပြာနုရောင် သို့မဟုတ် ငွေရောင် ဖြစ်ပါတယ်။

စိတ်ကို တည်ငြိမ်စေပြီး ဉာဏ်ရည်ကို ထက်မြက်စေမယ့် ပင်စိမ်းနံ့ သံပုရာနံ့ သို့မဟုတ် လီမွန်နံ့က သင့်အတွက် အကောင်းဆုံးဖြစ်ပါတယ်။ အဆောင်အနေနဲ့ လက်စွပ်အမျိုးမျိုးကိုဆောင်ယူဝတ်ဆင်ပါက သင့်ရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို ပိုမိုယုံကြည်မှုရှိစေပါလိမ့်မယ်။

🧘‍♀️ စွမ်းအင်ကို ထိန်းညှိဖို့
ဒီနေ့မှာ စာရေးခြင်း သို့မဟုတ် သင့်ရဲ့ အစီအစဉ်တွေကို ချရေးတာက စွမ်းအင်ကို အကောင်းဆုံး ထိန်းညှိပေးပါလိမ့်မယ်။ အလုပ်ခွင်မှာ အရေးကြီးတဲ့ စာရွက်စာတမ်းတွေကို စနစ်တကျ ပြန်လည်စီမံပါ။ ညနေပိုင်းမှာတော့ တိတ်ဆိတ်တဲ့နေရာမှာ ခဏထိုင်ပြီး သင့်ရဲ့ ရှေ့ဆက်မယ့် လုပ်ငန်းစဉ်တွေကို အစီအစဉ်ချပါ။

မျက်လုံးလေးမှိတ်ပြီး စိတ်ထဲကနေ -
"ငါ့ရဲ့ စကားလုံးတိုင်းဟာ အမှန်တရားနဲ့ ပြည့်စုံတယ်။ ငါ့ရဲ့ အသိဉာဏ်ဟာ အရာရာကို အောင်မြင်အောင် လမ်းပြပေးတယ်။ ငါဟာ အသိပညာ အတွေ့အကြုံတွေနဲ့အတူ အမြဲတိုးတက်နေသူ ဖြစ်တယ်။ ငါ့ရဲ့ ဘဝဟာ ငါ့ရဲ့ ပြောဆိုမှု လုပ်ဆောင်မှုတွေနဲ့အတူ လှပစွာ တည်ဆောက်ထားတာ ဖြစ်တယ်။"

လို့ ယုံကြည်ချက်အပြည့်နဲ့ ရေရွတ်ပါ။

ဒီ Message လေးရဲ့ ပညာရှိပြီး ထက်မြက်တဲ့ စွမ်းအင်ကို လက်ခံချင်တယ်ဆိုရင် "I claim this energy" လို့ ရေးပေးထားခဲ့နိုင်ပါတယ်ရှင်။ 🖋️ သင့်ရဲ့ ထက်မြက်တဲ့ ဉာဏ်ရည်ဉာဏ်သွေးတွေနဲ့အတူ အောင်မြင်မှုတွေကို ဆွဲဆောင်နိုင်တဲ့ ဗုဒ္ဓဟူးနေ့လေး ဖြစ်ပါစေ။ ✨

26/05/2026

Remove wrong people from your life or let them walk away.

The right people will walk straight into your life and they will say " May I take the seat?" 🌟

26/05/2026

❤️

26/05/2026

အိမ်ပြန်ဖို့ကားငှားတင်ပေးလိုက်ပြီး စီးတဲ့ကားနံပါတ်သေချာမှတ်ပြီး တလမ်းလုံး ဘယ်ရောက်လဲဂရုစိုက်ပေးပြီး ကိုယ်အိမ်ပြန်ရောက်မှ သူလဲ သူ့အိမ်ထဲဝင်တဲ့ကောင်လေး မျိုး - အိမ်ပြန်နောက်ကျရင် အတူတူအဆူခံတဲ့ကောင်လေးမျိုး

လိုချင်ရင် In stock နဲနဲလျော့သွားပြီ သမီးတို့ရေ။ အမ ကြိုက်လိုက်လို့ 😗🫰 ကျန်တဲ့ထဲက ခြေမြန်လက်မြန်ရှာလိုက်ကြတော့ 😆 JKD နော် ။

ရည်းစားရင်ခွင်ထဲဝင်ချွဲရင်း ကဒ်ချိုးဟောဖူးမှ  Tarot က ပို သိဒ္ဓိဝင်ဝာာကွ 😜 🫶Jkd ... နေမကောင်းလို့ ကိုလေးနားကပ်ချွဲနေတာ အ...
26/05/2026

ရည်းစားရင်ခွင်ထဲဝင်ချွဲရင်း ကဒ်ချိုးဟောဖူးမှ Tarot က ပို သိဒ္ဓိဝင်ဝာာကွ 😜 🫶

Jkd ... နေမကောင်းလို့ ကိုလေးနားကပ်ချွဲနေတာ အားပြန်ပြည့်လာရင် အလုပ်တွေလုပ်ပါမည် ❤️

🩶💚ကပ်ချွဲရင်းအလုပ်လုပ်ရတဲ့ညနေ
26/05/2026

🩶💚ကပ်ချွဲရင်းအလုပ်လုပ်ရတဲ့ညနေ

26/05/2026

June လအတွက် wallpaper တင်ပေးရတော့မလား 🫶👈

🌹🦋🍓Aphrodite အချစ်နတ်သမီးက သင့်ကိုသိစေချင်တဲ့အရာ ?
26/05/2026

🌹🦋🍓

Aphrodite အချစ်နတ်သမီးက သင့်ကိုသိစေချင်တဲ့အရာ ?

💛 ခြေလေးချောင်းသားရှောင်ထဲက ရေထဲက ငါးတွေ မျက်ခုံးလှုပ်ရတော့တာပဲ။ အမေကြော်ပေးတဲ့ Pisces အဲလေ ငါး ငါး 🐟
26/05/2026

💛 ခြေလေးချောင်းသားရှောင်ထဲက ရေထဲက ငါးတွေ မျက်ခုံးလှုပ်ရတော့တာပဲ။ အမေကြော်ပေးတဲ့ Pisces အဲလေ ငါး ငါး 🐟

26/05/2026

၂၇.၅.၂၀၂၆ ဗုဒ္ဓဟူးနေ့

မနက် ၁၀နာရီကနေ ညနေ၄နာရီအထိ လူတွေ့ မေးမြန်းတိုင်ပင်ရန် မြတ်စောစကြာ စံနန်း ဖွင့်ပါမည် ။

ယခုအပတ် ဗုဒ္ဒဟူးနေ့တွင် လာရောက်သူများကို ဆရာမ မန်းလေးတွင် အဓိဌာန်ဝင် ‌‌ေဆာင်ရွက်ခဲ့‌ေသာ ကံပွင့် မေတ္တာပွင့် ဖယောင်းနီ တိုင်များ မေတ္တာဖြင့်ပေးဝေပါမည်။

🔱လာရောက်သူများအဆင်ပြေစေရန် Booking Time စနစ်ထားရှိသဖြင့်
ဖုန်းဆက်၍ မည်သည့်အချိန်လစ်လပ်သည်ကို Booking ယူထားနိုင်ပါပြီ။

(1) Tarot - Oracle - Lenormand - ဖဲဗေဒင် ကဒ်ပြားဗေဒင်စနစ် ဖြင့် ကံကြမ္မာတိုင်ပင်ဟောပြောခြင်း

Reader fees - 50,000 ks

(2) ပယောဂ အတိုက်အခိုက် နှင့် သိုက်နွယ်သိုက်ဆက်ပိုင်းဆိုင်ရာ သီးသန့်
နာမ်ဝိညာဉ်ကျန်းမာရေးကဏ္ဍ စစ်ဆေး အဖြေရှာခြင်း

( လိုအပ်လျှင်ကုသဖြေရှင်းချိန်သီးသန့်ထပ်မံ ချိန်းဆိုရပါမည်)

One case - 50,000 ks

(3) မြတ်စောစကြာရှမ်းပညာခွင်သီးသန့်ဖြင့်
နာမည်ဓာတ် စစ်ဆေးခြင်း
နာမည်ဓာတ်ခိုက်ကာကွယ်ခြင်း
ဓာတ်ကောင်းဖြည့်ဆည်းခြင်း
ကလေးအမည်ပေးခြင်း သို့မဟုတ် ရှမ်းပညာဖြင့် ဇာတာစစ်ဆေးခြင်း

One person - 50,000 ks

ကမာရွတ်မြို့နယ် ဆိုက်ကားဂိတ်မှတ်တိုင် အောင်ရိပ်သစ်ကဖီးနောက်လမ်း ပတ္တမြားလမ်း အောင်မြေတိုက် ၁၉၀ က စံနန်းကို လာလို့ရပါမယ်။

09791584048

ဆရာမနံပါတ် ဖြစ်ပါတယ်။ လာမယ်ဆိုရင်ဖုန်းကြိုဆက်ပေးနော်။ 🌾❤️

Address

Taunggyi

Opening Hours

Monday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Charlotte the Starseed posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share