
14/03/2025
သွေးလေးဖက်နာ Rheumatoid arthritis
သွေးလေးဖက်နာရောဂါက နာတာရှည်ရောင်ရမ်းခြင်းရောဂါတစ်မျိုးဖြစ်တယ်။ အဆစ်တွေကိုထိခိုက်တဲ့ရောဂါဖြစ်တယ်။ တချို့ဝေဒနာရှင်တွေမှာ အရေပြား၊ မျက်လုံး၊ အဆုတ်၊ နှလုံးနဲ့ သွေးကြောတွေ စတဲ့ ခန္ဓာကိုယ်စနစ်တွေကို ပျက်စီးစေနိုင်တယ်။
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်ရဲ့ကိုယ်ပိုင်တစ်ရှူးတွေကို မှားယွင်းပြီးတိုက်ခိုက်တဲ့အခါ autoimmune disorder တစ်ခုဖြစ်တဲ့ သွေးလေးဖက်နာဖြစ်လာတယ်။ သွေးလေးဖက်နာက အဆစ်ရဲ့အတွင်းမျက်နှာပြင်ကို ထိခိုက်စေတယ်။ နာကျင်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်စေနိုင်ပြီး နောက်ဆုံးမှာ အရိုးတိုက်စားခြင်း၊ အဆစ်ပုံပျက်ခြင်းတို့ ဖြစ်စေနိုင်တယ်။
သွေးလေးဖက်နာနဲ့ယှဉ်တွဲဖြစ်ပေါ်လာတဲ့ရောင်ရမ်းခြင်းက ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်ပျက်စီးစေနိုင်တယ်။ ရောဂါကိုမကုသပါက ပြင်းထန်တဲ့သွေးလေးဖက်နာရောဂါကိုခံစားရပြီး လှုပ်ရှားသွားလာရခက်ခဲသည်အထိ ဖြစ်စေနိုင်ပါတယ်။
_____________
ရောဂါလက္ခဏာများ
🚨 အဆစ်များတင်းခြင်း၊ ပူခြင်း၊ ယောင်ခြင်း
🚨 အဆစ်တောင့်တင်းခြင်း၊ခိုင်ခြင်းက မနက်ပိုင်းမှာပိုဆိုးပြီး လှုပ်လှုပ်ရှားရှားလုပ်ပြီးနောက် သက်သာသွားခြင်း
🚨 မောပန်းနွမ်းနယ်ခြင်း
🚨 ဖျားခြင်း
🚨 ခံတွင်းပျက်ခြင်း
_____________
သွေးလေးဖက်နာဖြစ်စမှာဆိုရင် အရင်ဦးဆုံး သေးငယ်တဲ့အဆစ်လေးတွေက စဖြစ်လေ့ရှိတယ်။ အဖြစ်အများဆုံးက လက်ချောင်းဆစ်၊ ခြေချောင်းဆစ်များဖြစ်တယ်။ ရောဂါအဆင့်ပိုတိုးလာတဲ့အခါ လက္ခဏာတွေက လက်ကောက်ဝတ်အဆစ်၊ ဒူးဆစ်၊ ခြေကျင်းဝတ်အဆစ်၊ တံတောင်ဆစ်၊ ပေါင်ဆစ်၊ ပုခုံးဆစ်တို့ထိ ပျံ့နှံ့သွားတယ်။ သွေးလေးဖက်နာက ခန္ဓာကိုယ်ရဲ့နှစ်ဖက်လုံးကတူညီတဲ့အဆစ်တွေမှာ လက္ခဏာတွေဖြစ်တာကိုတွေ့ရတယ်။ ဥပမာ-လက်ကောက်ဝတ်ဆစ်နှစ်ဖက်လုံးမှာ ရောဂါလက္ခဏာဖြစ်ခြင်းဖြစ်တယ်။
သွေးလေးဖက်နာရောဂါခံစားရတဲ့ဝေဒနာရှင်တွေထဲက ၄၀%ခန့်ဟာ အဆစ်တွေမှာ လက္ခဏာမပြပဲ ခန္ဓာကိုယ်ရဲ့တခြားနေရာတွေမှာ လက္ခဏာပြတတ်ပါတယ်။ လက္ခဏာပြတဲ့ ထိခိုက်ပျက်စီးနိုင်တဲ့နေရာတွေက
📌 အရေပြား
📌 မျက်လုံး
📌 အဆုတ်
📌 နှလုံး
📌 ကျောက်ကပ်
📌 တံတွေးဂလင်း
📌 အာရုံကြောတစ်ရှူး
📌 ရိုးတွင်းချဉ်ဆီ
📌 သွေးကြောများ စသည်တို့ဖြစ်တယ်။
သွေးလေးဖက်နာရဲ့ရောဂါလက္ခဏာတွေက ကွဲပြားနိုင်ပြီး ဖြစ်လိုက်ပျောက်လိုက်နဲ့ ဖြစ်တတ်ပါတယ်။ ရောဂါကိုမကုသပဲအချိန်ကြာလာတာနဲ့အမျှ အဆစ်တွေကိုပုံပျက်စေနိုင်ပါတယ်။
______________
ရောဂါဖြစ်စေသောအကြောင်း
သွေးလေးဖက်နာက autoimmune disease ဖြစ်တယ်။ ပုံမှန်အားဖြင့် ကိုယ်ခံစွမ်းအားစနစ်က ခန္ဓာကိုယ်ကို ပိုးဝင်ခြင်းနဲ့ ရောဂါတွေမဖြစ်အောင် ကာကွယ်ရတာဖြစ်တယ်။ သွေးလေးဖက်နာမှာ ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်က အဆစ်တွေမှာရှိတဲ့ ကျန်းမာတဲ့တစ်ရှူးတွေကို တိုက်ခိုက်ကြတယ်။ ဒါက နှလုံး၊ အဆုတ်၊ အာရုံကြော၊ မျက်လုံး၊ အရေပြားတို့နဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာများကိုပါဖြစ်စေတယ်။ ဒီရောဂါဖြစ်စဉ်ဟာ ဘယ်ကစဖြစ်တယ်ဆိုတာကို မသိနိုင်သေးပေမယ့် မျိုးရိုးဗီဇကြောင့်ဖြစ်နိုင်သလို ပတ်ဝန်းကျင်အကြောင်းများကြောင့်လည်းဖြစ်နိုင်တယ်။ ဥပမာ- မကြာခဏ virus, bacteria ပိုးဝင်ခြင်း။
____________
ရောဂါဖြစ်နိုင်ချေမြင့်မားစေသောအချက်များ
✅ ကျား/မ - အမျိုးသမီးတွေက သွေးလေးဖက်နာ ပိုဖြစ်နိုင်တယ်။
✅ အသက်အရွယ်- ဘယ်အသက်အရွယ်မှာမဆို ဖြစ်နိုင်ပေမယ့် သက်လတ်ပိုင်းမှာ စဖြစ်လေ့ရှိတယ်။
✅ မိသားစုမျိုးရိုးတွင် သွေးလေးဖက်နာဖြစ်ဖူးခြင်း။
✅ ဆေးလိပ်သောက်ခြင်း။
✅ အဝလွန်ခြင်း။
____________
နောက်ဆက်တွဲဖြစ်စေနိုင်သောပြဿနာများ
📍 အရိုးပွခြင်း
📍 အဖုအကျိတ်များထွက်ခြင်း၊ တံတောင်ဆစ်ကဲ့သို့ pressure joints အနီးတွင်အကျိတ်များဖြစ်ခြင်း၊ အဆုတ်၊နှလုံးတို့အပါအဝင် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေမှာ အဖုအကျိတ်ဖြစ်ခြင်း။
📍 မျက်လုံးခြောက်ခြင်း၊ ပါးစပ်ခြောက်ခြင်း။
📍 ပိုးဝင်ခြင်းများ
📍 ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပုံစံမမှန်ခြင်း- BMI ပုံမှန်ဖြစ်နေရင်တောင် ခန္ဓာကိုယ်မှာ အဆီနဲ့အသားအချိုးအစားမမျှခြင်း။
📍 Carpal tunnel syndrome
📍နှလုံးနှင့်ပတ်သက်သောပြဿနာများဖြစ်ခြင်း
📍 အဆုတ်နှင့်ပတ်သက်သောပြဿနာများဖြစ်ခြင်း
📍 Lymph များတွင်အကျိတ်ဖြစ်ခြင်း
_______
ရောဂါစစ်ဆေးခြင်း
☑️ Blood tests
☑️ X-ray
☑️ MRI
ရောဂါကုသခြင်း
✔️ သောက်ဆေးဖြင့်ကုသခြင်း
✔️ ကုထုံးများဖြင့်ကုသခြင်း
✔️ ခွဲစိပ်ကုသခြင်း
____________
ဆောင်ရန်
✅ လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပါ။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းတို့လုပ်နိုင်ပါတယ်။
✅ အာဟာရစုံလင်စွာစားပါ။ Vit Cပေါကြွယ်ဝသောအစာများ များများစားပါ။
✅ စိတ်ဖိစီးမှုကိုလျှော့ချပါ။
✅ ရေနွေးအိတ်ကပ်ခြင်း၊ ရေခဲကပ်ခြင်းတို့ပြုလုပ်ပါ။ အပူကနာကျင်ခြင်းနှင့် တင်းခြင်းကိုသက်သာစေပါတယ်။ အအေးက အယောင်ကျစေပြီး နာကျင်မှုကိုထုံသွားစေပါတယ်။
✅ ဆရာဝန်ညွှန်ကြားထားသောဆေးဝါးများ မှန်မှန်သောက်ပါ။
✅ အိပ်ရေးဝဝအိပ်ပါ။
✅ ဆရာဝန်နှင့်ပုံမှန်ပြသပါ။
ရှောင်ရန်
❎ ဆေးပုံမှန်မသောက်ခြင်း
❎ အရက်အလွန်အကျွံသောက်ခြင်း
❎ အဝလွန်ခြင်း
❎ ဆေးလိပ်သောက်ခြင်း
❎ လေ့ကျင့်ခန်းအပြင်းအထန်ပြုလုပ်ခြင်း
❎ ရောင်ရမ်းမှုကိုပိုဆိုးစေသောအစားအသောက်များစားခြင်း ဥပမာ- ကစီများသော၊ တာရှည်ခံအောင်ပြုလုပ်ထားသော၊ အနံ့အရသာတိုးမြှင့်အောင် monosodium glutamate ကဲ့သို့ပါဝင်ပစ္စည်းဖြင့်ပြုလုပ်ဖန်တီးထားသော အစားအစာများရှောင်ပါ။
Ref ; https://www.mayoclinic.org/diseases-conditions/rheumatoid-arthritis/symptoms-causes/syc-20353648
Photos from Pinterest
Credits Original Uploader
This chronic inflammatory disorder can affect more than just your joints. It can also damage your skin, eyes, lungs, heart and blood vessels.