Emerald USA Store

Emerald USA Store ဖြည့်စွက်စာမျိုးစုံနဲ့ collagen များ

✅💚မြစိမ်း💚✅ရွက်စိမ်းရည် အမှုန့်✅ အော်ဂဲနစ် စိုက်ခင်းများမှ ဟင်းသီးဟင်းရွက် (၁၇) မျိုးပါဝင်ပါတယ်။✅ စက္ကူ ဗူးတစ်ဗူးအထဲမှာ ...
20/06/2023

✅💚မြစိမ်း💚✅
ရွက်စိမ်းရည် အမှုန့်

✅ အော်ဂဲနစ် စိုက်ခင်းများမှ ဟင်းသီးဟင်းရွက် (၁၇) မျိုးပါဝင်ပါတယ်။

✅ စက္ကူ ဗူးတစ်ဗူးအထဲမှာ တစ်ခါသောက် အထုပ်ကလေး (၁၀) ထုပ်ပါပါတယ်။

✅ တစ်ခါသောက် တစ်ထုပ်အား ရေအေး ၁၅၀ မီလီ (150 ml) ဖြင့် ဖျော်သောက်ရပါတယ်။
သဘာဝ အော်ဂဲနစ် အရွက်များမှ ထုတ်လုပ်ထားခြင်းကြောင့် မိမိနှစ်သက်ရာ အရသာဖြစ်စေရန် ပျားရည်၊ သံပရာရည် တို့ဖြင့်ရောပြီးလည်း သောက်သုံးနိုင်ပါတယ်။

✅ ပုံမှန်က တစ်နေ့ ( ၂ ကြိမ်) ထမင်းစားပြီးတိုင်း တစ်ထုပ်စီ ဖျော်သောက်နိုင်ပါတယ်။
✅ ကင်ဆာဖြစ်နေရင် ပိုသောက်​ကြပါတယ်။

✅ အကျိုးအာနိသင်များ
⏩ ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊
⏩ အရိုးပါးခြင်းကို ကာကွယ်ပေးခြင်း၊
⏩ သွေးအတွင်းအချိုဓာတ် လျှော့ပေးခြင်း၊
⏩ ခန္ဓာကိုယ်အတွင်း အဆိပ်ပမာဏကို လျှော့ချပေးခြင်း၊
⏩ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းခြင်းကို လျှော့ချပေးခြင်း၊
⏩ ဝမ်းမှန်စေခြင်း၊
⏩ ကိုယ်ခံစွမ်းအားကို မြင့်တက်စေခြင်း၊
⏩ အစာအိမ်နှင့် အူလမ်းကြောင်းကို ပိုမိုကောင်းမွန်စေခြင်း စတဲ့ အကျိုးများအပြင်၊
⏩ အရွက်စိမ်းကြိတ်ရည်မှာ ဗီတာမင် နဲ့ သတ္တုဓာတ် မျိုးစုံပါလို့ ဆီးချိုကို ကျစေတယ်၊ ထိန်းညှိပေးပါတယ်။
⏩ pH မျှစေပြီး အယ်လ်ကာလိုင်း ဖြစ်စေပါတယ်။
⏩ အသားအရေကို လှပစေပါတယ်။

✅ ကောင်းကျိုးများတဲ့ မြစိမ်း အော်ဂဲနစ်ရွက်စိမ်းရည်အမှုန့်

🎉🎉တစ်ဗူး - 5,000 ကျပ်

မှာယူလိုပါက

☎️09-43026780
#မြစိမ်း

🔔🔔🔔 Asahi အရွက်စိမ်းရည် 🚩 ဟင်းသီးဟင်းရွက် ၂၁ မျိုးပါဝင်သော ဂျပန် နာမည်ကြီး အရွက်စိမ်းရည်✅ 47000 Ks (Exp Date - 3/2024)🔔 ...
14/06/2023

🔔🔔🔔 Asahi အရွက်စိမ်းရည်
🚩 ဟင်းသီးဟင်းရွက် ၂၁ မျိုးပါဝင်သော ဂျပန် နာမည်ကြီး အရွက်စိမ်းရည်
✅ 47000 Ks (Exp Date - 3/2024)

🔔 Asahi Fruits & Vegetables Powder Stick (3.3 g x 40 Sachets)
✅ တစ်ဗူးမှာ 3.3 g ပါတဲ့ - အထုပ် ၄၀ ပါဝင်ပါတယ်။
✅ Fruits & Vegetables (21) မျိုးပါဝင်ပါတယ်။

🙏 Credit - Dr. Phyo Maung Maung
🚩 Detox solution
Detox solution လို့ နာမည်ပြောင်းတပ်လိုက်လို့ ကြောင်ကောင်း ကြောင်သွားနိုင်ပါသည်။အရွက်ရည်ကို ပြောတာပါ။
အသီး အရွက် ၂၁ မျိုးကို ကြိတ်ထားတဲ့ အရည်ပါ။
🚩 ဘာတွေကောင်းလဲ။❓
🅰️ စကားတစ်လုံးတည်းပြောရရင် အူလမ်းကြောင်း သန့်စင်ပေးပါသည်။

🚩 ဘယ်လောက်သောက်ရမှာလဲ။❓
🅰️ မသန့်စင်တဲ့ အစာတွေ စားနေသရွေ့။ ကမ္ဘာသစ်မှာ မနေနိုင်သရွေ့ပါ။

🚩 တစ်ပတ်ဘယ် နှစ်ခါသောက်ရမလဲ။ ❓
🅰️ နေ့တိုင်းပါ။

အရွက်ရည်ဆိုတာ စျေးလည်းပေါပါသည်။လုပ်ရမလွယ်ပေမယ့် ရတဲ့အကျိုးက များပါသည်။

ပါဝင်တဲ့ အရွက်ပေါ်မူတည်ပြီး ရလဒ်အမျိုးမျိုးဖြစ်နိုင်ပေမယ့်။ဘာအရွက်ရွက်သောက်သောက် အဓိကရမှာ

၁။သန့်စင်ခြင်း(detoxification).
🌸🌸🌸🌸🌸🌸🌸🌸
အဓိက အရွက်မှာ အမျင်ဓာတ်တွေပါပါသည်။အမျှင်များတာမို့ အူလမ်းကြောင်းမှာ နေပြီး ရေကို ထိန်းထားလို့ ကာလကြာရှည်ကပ်နေတဲ့ မစင်တွေနူးပြီး ပြိုကျနိုင်ပါသည်။မစင်ဂျိုးနဲ့အတူ ကပ်ပါးတွေပါ ဝမ်းက စွန့်ထုတ်လို့ အူသန့်သွားပါသည်။အူသန့်ရင် စားသမျှ အဟာရတွေစုပ်ယူနိုင်ပါမည်။တစ်ရက်နှစ်ရက်လောက်သောက်ရင် ဗိုက်နာတယ်ပြောကြတယ်။မှန်ပါတယ် မစင်ဂျိုးတွေ ရေနူးလို့ ကပ်ပါးတွေ ထကြွလာတဲ့အခါ ဖြစ်တတ်ပါသည်။၁၀ ရက်လောက်ဆို အူ သန့်စင်ခြင်းကို စခံစားရရင် မသောက်ပဲ နေနိုင်မည်မထင်ပါ။ကျွန်တော်ဆို အူသန့်ဖို့ တစ်လလောက် အချိန်ယူရပါသည်။

၂။အစာခြေစနစ်ကောင်းမွန်လာခြင်း(digestive health promotion)
🌸🌸🌸🌸🌸🌸🌸🌸
အရွက်စိမ်းတွေနဲ့ အမျှင်ဓာတ်တွေဟာ အကျိုးပြုဘက်တီးရီးယားတွေအတွက် အဟာရပါ။ဒါကြောင့် အကျိုးပြု ဘက်တီးရီးယားများပြားလာလို့ အစာခြေစနစ်ကောင်းမွန်လာပါသည်။

၃။အသားအရေလှပလာခြင်း(dermatological health promotion)
🌸🌸🌸🌸🌸🌸🌸🌸
စိမ်းသော အရွက်တွေဟာ Vitamin A,သံဓာတ်,folateနဲ့ vitamin B တွေကာပါသည်။ဒါတွေဟာ အသားအရေကျန်းမားရေးအတွက် အလွန်အသုံးဝင်ပါသည်။နောက်တစ်ခုက folate ကြောင့် သွေးအားကောင်းလာတာကြောင့်လည်းဖြစ်ပါသည်။

၄။ဆီးချို ထိန်းပေးခြင်း။(glycemic control)
🌸🌸🌸🌸🌸🌸🌸🌸
အစာစားတဲ့အခါ သွေးထဲကို သကြားဓာတ်ရောက်သွားရင် သွေးချိုတက်ပါသည်။အရွက်မှာပါတဲ့ အမျှင်ဓာတ်က သွေးထဲကို သကြားဓာတ်မြန်မြန်ရောက်သွားမှာကို ထိန်းပေးသလို များများရောက်သွားမှာကို ထိန်းပေးတာ လက်ငင်းအကျိုးပါ။ဒါကြောင့်ထမင်းစားရင်းသောက်တာ နည်းအမှန်ပါ။

နောက်တစ်ခုက သွေးထဲကို သကြားဓာတ်မြန်မြန်မရောက်ရင် မုန့်ချိုအိတ်(pancreas)က insulin မြန်မြန်ထုတ်စရာ မလိုသလို များများလည်းထုတ်စရာမလိုလို့ insulin ထုတ်တဲ့ cell တွေ အနားရပါသည်။ဒါဆို ဆီးချို မဖြစ်သေးရင် မဖြစ်လာနိုင်သလို၊မျိုးရိုးရှိတဲ့သူတောင်မှ ဆီးချိုဖြစ်နိုင်ချေကျပါသည်။ဆီးချိုဖြစ်နေရင်လည်း သက်သာနိုင်ပါသည်။ပျောက်ကင်းဖို့ လမ်းစလည်းဖြစ်ပါသည်။ဒါရေရှည်သောက်သုံးရင် ရမည့်အကျိုးပါ။

ပါဝင်တဲ့ ပစ္စည်းကို မူတည်ပြီး ထပ်ရတဲ့ အကျိုးတွေလည်းရှိပါသည်။

၅။ကင်ဆာကာကွယ်ခြင်း(cancer prevention)
🌸🌸🌸🌸🌸🌸🌸🌸
ဂေါ်ဖီပန်း၊ဂေါ်ဖီပန်းစိမ်း၊ဂေါ်ဖီ၊ခရမ်းရောင်ဂေါ်ဖီ၊မုန့်ညင်းထုပ်တွေဟာ ကင်ဆာကာကွယ်တဲ့ flavanoids တွေ အများကြီးပါပါသည်။

၆။သွေးထိန်းညှိနိုင်ခြင်း (Blood pressure regulatin)
🌸🌸🌸🌸🌸🌸🌸🌸
တရုတ်နံနံပါရင် သူက သဘာဝဆီးဆေးပါ။သွေးတိုးကျစေပါသည်။

၆။ကောင်းမွန်စွာ အိပ်စက်ဖို့ တွန်းအားပေးခြင်း
🌸🌸🌸🌸🌸🌸🌸🌸
အဓိကက အစာကြေပြီး အူသန့်သွားတဲ့အပြင်အစာလည်းကြေသွားလို့ပါ။နောက်ပြီး အဟာရပြည့်လာတာလားပါပါသည်။

လုပ်နည်းကတော့ YouTube မှာ ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်း လုပ်ပြထားတာ ရှိပါတယ်။


#အရွက်စိမ်းရည်
🇯🇵
#ဂျပန်🇯🇵

နေပူထဲအထွက်များတဲ့သူတွေအတွက် Collagen ရော UV Protection ပါ ပါဝင်တဲ့ Resvera Collagen DrinkResvera K18 တထုပ်မှာ Antioxida...
12/06/2023

နေပူထဲအထွက်များတဲ့သူတွေအတွက် Collagen ရော UV Protection ပါ ပါဝင်တဲ့ Resvera Collagen Drink

Resvera K18 တထုပ်မှာ Antioxidant ကြွယ်ဝတဲ့ 12,755 pcs red grapes or 133 bots of red wine ပါဝင်ပါတယ်

* 100% Botanical source သဘာဝအရင်းအမြစ်စစ်စစ်ဖြစ်တဲ့ တစ်ခုတည်းသော Collagen ဖြစ်ပါတယ်
* UV protection ပါပြီးသားမို့ တခြားထပ်ဖြည့်သောက်စရာမလိုတော့ပါဘူးနော်
* ဆံပင်ဖြူခြင်းကို နှောင့်နှေးစေပြီး အရေးအကြောင်းတွေအတွက် အထူးကောင်းမွန်ပါတယ်
* အရွယ်တင် နုပျိုစေပြီး အရေးအကြောင်းနှင့် တင်းတိပ် မှဲ့ခြောက်များကိုပါ လျော့နည်းစေပါတယ်
* ရာသီဥတု အရမ်းပူပြင်းတဲ့အချိန်မှာ ရေဓာတ်ကို သေချာဖြည့်ပေးနိုင်ပါတယ်
* ပုံမှန်သောက်သုံးပါက အဆီပိုတွေကိုကျစေပြီး Cholesterol ကိုလဲ ထိန်းညှိပေးပါတယ်

🍇 🍇
10s - 60,000 ks / 30s(2လစာ) - 177,000 ks

နုပျိုကျန်းမာခြင်းရဲ့ လျို့ဝှက်ချက်က  " Kinohimitsu " ပါဘဲအားလုံးပဲ မင်္ဂလာ ပါ " Kinohimitsu " ဟာဆိုလျှင် "Singapore, Ta...
10/06/2023

နုပျိုကျန်းမာခြင်းရဲ့ လျို့ဝှက်ချက်က " Kinohimitsu " ပါဘဲ

အားလုံးပဲ မင်္ဂလာ ပါ

" Kinohimitsu " ဟာဆိုလျှင် "Singapore, Taiwan နဲ့ Malaysia" တို့မှာ "No.1" ရောင်းအားအကောင်းဆုံး " Beauty Functional Drink " တွေ ထုတ်လုပ်တဲ့ Brand တစ်ခုဖြစ်ပြီးတော့ supplemental Drink တွေဖြစ်တဲ့ Collagen, Bird Nest , Detox Juice အပြင် ကြက်ပေါင်းရည် များကိုပါရရှိနိုင်ပါတယ်

" Kinohimitsu " ရဲ့ Product တွေဟာဆိုလျှင်
သဘာဝပါဝင်ပစ္စည်းများမှ ထုတ်လုပ်ထားတဲ့အပြင် No added refined Sugar product တွေဖြစ်တာမို့ စိတ်ချယုံကြည်စွာ သောက်သုံးနိုင်ပါတယ်

" Kinohimitsu " ရဲ့ Health & Beauty Functional Drink တွေဖြစ်တဲ့

💐Cellဟောင်းများကို ပြန်လည်နုပျိုစေမယ့် Stem Cell Drink

🥕အမျိုးသား အသားရေအတွက် အထူးပြုလုပ်ထားသော
Collagen Men

🌻ဗိုက်လေးချပ်ပြီး ဝိတ်မတက်ဖို့ 6-Day Program d-tox PLUM juice(၁ ဗူးလျှင် ၆ပုလင်းပါဝင်သည်)

🏵အဆီကျ ဝိတ်ကျ challenge ခေါ်နိင်ဖို့
KilosCut

🏵ဘေးကင်းကင်းနဲ့ ဝိတ်ကျချင်သူများအတွက် ပင်မှည့်မှ ထုတ်လုပ်ထားတဲ့
Wellness Smooth’D

🌻အိုမင်းရင့်ရောမှုကို အထိရောက်ဆုံးကာကွယ်ပေးမယ့်
Stem Gold+

🌸တစ်ခါသောက်ရုံနဲ့ ခရမ်းလွန်ရောင်ခြည်ကို ၉နာရီကြာကာကွယ်ပေးမယ့် UV-Bright

💐အဆီပိုတွေကိုဖယ်ရှားပေးမယ့်
COF Feel Light ( Your Cut Oil Formula )

🌼အသားဖြူစေရန်လိုအပ်တဲ့ vitamin များ အပြည့်ပါတဲ့
Be White (whitening supplement)

🌷အိပ်ရေးပျက်ပြီး စိတ်ဖိစီးမှုများသူများအတွက်
Collagen Nite

🏵နာမည်အတိုင်း ၁၄ရက်အတွင်း ထူးခြားမှုကိုတွေ့ရမယ့် Bust Up

💐အသားရည်စိုပြေကာ မျက်နှာ အရေးအကြောင်းများလျော့ချပေးမယ့် Collagen Green Caviar

🌺ကိုယ်အလေးချိန်ကို ထိန်းညှိပေးမယ့်
Smell Sknny Coffee
တို့ကို Emerald Health And Beauty Supplement မှာ ဈေးနှုန်းသက်သာစွာနဲ့ ဝယ်ယူနိင်ပါပြီ

ဆက်သွယ်ဝယ်ယူရန်
📌(ည/၅) ဗိုလ်ချုပ်လမ်း (main Road) ကီမိုနိုဟောက်စ် ကပ်ရပ် ၊ ဦးကြီးခမ်း ရပ်ကွက် ၊တောင်ကြီးမြို့။
📞ဖုန်း ။ ။ 09458044010 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
အခြားမြို့မှဝယ်ယူသူများအတွက်လဲ အိမ်အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။



Vitamin B (ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်)1. Vitamin B1 (သိုင်ရာမင်း)2. Vitamin B2 (ရိုင်ဘိုဖလာဘင်)3. Vitamin B3 (နို...
09/06/2023

Vitamin B (ကိုယ်ခန္ဓာအတွက် မရှိမဖြစ် ဗီတာမင်)

1. Vitamin B1 (သိုင်ရာမင်း)
2. Vitamin B2 (ရိုင်ဘိုဖလာဘင်)
3. Vitamin B3 (နိုင်ရာစင်)
4. Vitamin B5 (ပန်တိုသနစ်အစ်ဆစ်)
5. Vitamin B6 (ပယ်ရီဒေါက်ဆင်)
6. Vitamin B12
7. Folice Acid

Vitamin B1 (သိုင်ရာမင်း)
လုပ်ဆောင်ချက်
၁. ဦးနှောက်နဲ့ ကြွက်သားတွေကို လှုံ့ဆော်မှုပေးတယ်
ဥပမာ - Oil + Wood = Inflame
B1 + CHO = Energy
၂. အစာကြေစေတယ်
၃. ခံတွင်းကောင်းစေတယ်
၄. အသည်းထဲမှာ B1 ပါဝင်မှုအများဆုံးဖြစ်တယ်(ခန္ဒာကိုယ်ရဲ့ နေရာတိုင်းမှာရှိတယ်)

Vitamin B2 (ရိုင်ဘိုဖလာဘင်)
လုပ်ဆောင်ချက်
ကြီးထွားမှု၊ အရေပြား၊ မျက်စီ၊ အာရုံကြောစနစ်၊ ပါးစပ်အတွင်းအမြှေးပါး၊ ခေါင်းကိုက်ခြင်းတို့ကို အကာအကွယ်ပေးတယ်

Vitamin B3 (နိုင်ရာစင်)
လုပ်ဆောင်ချက်
၁။ ဇီဝကမ္မဖြစ်စဉ်အတွက် Coenzyme တွေကို စွမ်းအင်အဖြစ် ကူညီပေးတယ်
၂။ Fatty Acid ကို ထုတ်ပေးတယ်
၃။ ကဆီ နှင့် အဆီရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုပေးတယ်
၄။ အရေးပြားကျန်းမာရေးကို ကောင်းစေတယ်
၅။ မကောင်းတဲ့အဆီကို ကျစေတယ်
4. Vitamin B5 (ပန်တိုသနစ်အစ်ဆစ်)
လုပ်ဆောင်ချက်
၁။ ကဆီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်နှင့် ဇီဝကမ္မဖြစ်စဉ် လုပ်ဆောင်ချက်တွေမှာ ပါဝင်တယ်
၂။ စွမ်းအင်ပေးတယ်
၃။ ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်
၄။ စိတ်ဓာတ်တက်ကြွစေတယ်
၅။ အဆစ်အမြစ်နာကို သက်သာစေတယ်

5. Vitamin B6
လုပ်ဆောင်ချက်
၁။ အသားနှင့်အဆီဓာတ်ရဲ့ ဇီဝကမ္မလုပ်ဆောင်ချက်ကိုပေးတယ်
၂။ Amino Acid ရဲ့ ဇီဝကမ္မ လုပ်ဆောင်ချက်ကိုပေးတယ်
၃။ ဟော်မုန်းတွေကိုထုတ်လုပ်ပေးတယ်
၄။ သွေးနီဥ ထုတ်လုပ်ပေးတယ်
၅။ ရာသီမလာခင် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
၆။ သွေးအားနည်းခြင်းကို ကာကွယ်ပေးတယ်
(တစ်သျှူးအားလုံးထဲမှာ ပါဝင်တယ်)

6. Vitamin B12
လုပ်ဆောင်ချက်
၁။ သွေးနီဥ ထုတ်လုပ်ပေးတယ်
၂။ အာရုံကြောကို လှုံ့ဆော်မှုကောင်းစေတယ်
၃။ DNA ထုတ်လုပ်မှုမှာ လိုအပ်တယ်

7. Folic Acid
လုပ်ဆောင်ချက်
၁။ သွေးနီဥကို ထုတ်ပေးတယ်
၂။ အာရုံကြော လှုံ့ဆော်မှုအားကောင်းစေတယ်
၃။ DNA,RNA ထုတ်လုပ်မှုမှာ လိုအပ်တယ်
၄။ လျှာ၊အစာအိမ်၊အူလမ်းကြောင်းစတဲ့နေရာတွေမှာ ဆဲလ်အသစ်ဖြစ်ပေါ်ဖို့ လုပ်ဆောင်ပေးတယ်

Vitamin B Complex ချို့တဲ့ခြင်းကြောင့်

၁။ ပါးစပ် - ကျီးကန်းပါးစပ်နာဖြစ်ခြင်း၊ ရေယုံပေါက်ခြင်း၊ အပူကန်ခြင်း၊
အပူနာများပေါက်ခြင်း၊ နှုတ်ခမ်းကွဲခြင်း၊ လျှာကွဲခြင်း၊ ခံတွင်းအနံ့နံခြင်း၊

၂။ အရေပြား- အရေပြားတွေကြမ်းမယ်၊ ခြောက်မယ်၊

၃။ နှုတ်ခမ်း - နှုတ်ခမ်းကွဲခြင်း၊ နှုတ်ခမ်းခြောက်ခြင်း၊

၄။ ခြေ၊လက်- ခြေဖနောင့်ကွဲခြင်း၊ အရေခွံကွာခြင်း၊ ခြေစွယ်ငုတ်ခြင်း၊ ကြမ်းခြင်း၊
ခြောက်ခြင်း၊ ခြေသည်းလက်သည်းအထွက်နှေးခြင်း၊

၅။ နား - မျက်လုံးအတွင်း သွေးကြောမျှင်တွေ နီရဲခြင်း၊

၆။ အာရုံကြောစနစ် - နုံးခြင်း၊ ပင်ပန်းလွယ်ခြင်း၊ ခနခနဖျားခြင်း၊ ဒေါသထွက်လွယ်ခြင်း၊
နှစ်နှစ်ခြိုက်ခြိုက်အိမ်မပျော်ဖြစ်ခြင်း၊ မှတ်ဥာဏ်ချို့ယွင်းခြင်း၊ သတိမေ့တတ်ခြင်း၊

၇။ လျှာ - လျှာတွေချောပြောင်နေခြင်း၊ ဖြူနေခြင်း၊ ခံတွင်းပျက်ခြင်း

၈။ ဆံပင် - ဆံပင်အရောင်လွင့်ခြင်း/မွဲခြောက်ခြောက်ဖြစ်ခြင်း(B12)၊
ဘောက်ထခြင်း (B3)

Vitamin B Complex ချို့တဲ့ရသောအကြောင်းရင်းများ
၁။ ချက်ပြုတ်မှုနည်းစနစ်မှားယွင်းခြင်း၊
ဥပမာ - ဆန်ကိုအကြာကြီးပွတ်တိုက်ဆေးကြောခြင်း၊ ဟင်းသီးဟင်းရွက်တွေ ရေထဲမှာ
အချိန်ကြာကြာ စိမ်ထားခြင်း
၂။ နေထိုင်စားသောက်မှုပုံစံမမှန်ခြင်း
ဥပမာ - ဆေးလိပ်၊အရက်သောက်ခြင်း၊ ပုံမှန်မအိပ်ခြင်း၊ ဟန်းဖုန်းအလွန်အကျွံသုံးခြင်း၊ TV / Game ကြာကြာထိုင်သုံးခြင်း၊ မှားယွင်းစွာ ဝိတ်ချခြင်း၊ အစားအသောက်ထဲမှာ ဗီတာမင် လျော့နည်းခြင်း၊တို့ဖြစ်သည်၊၊

ကူးပါရှယ်နော်
Credit to Original writer

Omega-3(ငါးကြီးဆီ) ဆိုတာ ဘာလဲ??⏩ငါးကြီးဆီနဲ့ ပတ်သတ်လို့ DHA, Omega3 လို့ ခေါ်ကြပြီး လူကြီး၊ လူငယ်၊ ကလေး၊ ကျား၊ မ မရွေး သ...
08/06/2023

Omega-3(ငါးကြီးဆီ) ဆိုတာ ဘာလဲ??
⏩ငါးကြီးဆီနဲ့ ပတ်သတ်လို့ DHA, Omega3 လို့ ခေါ်ကြပြီး လူကြီး၊ လူငယ်၊ ကလေး၊ ကျား၊ မ မရွေး သောက်သုံးလေ့ရှိကြပါတယ်
⏩Omega-3 ဆိုတာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အဆီဓါတ်တစ်မျိုး ဖြစ်ပါတယ်။ လူ့ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တဲ့အတွက် ဖြည့်စွက်စာတွေနဲ့ အစားစာတွေကနေပဲ ရရှိနိုင်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်💫

Omega-3 ရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ??
⏩Omega-3 ရဲ့ အဓိက အကျိုးအာနိသင်ကတော့ နှလုံးအားကောင်းစေပြီး အဆစ်အမြစ်နဲ့ ကြွက်သားတွေ သန်မာစေပါတယ်
⏩သွေးအတွင်းက မကောင်းတဲ့အဆီဓာတ်တွေ ဖယ်ရှားပေးလို့ နှလုံးသွေးကြောကျဥ်းခြင်း၊ပိတ်ခြင်းကို ကာကွယ်ပေးပါတယ်
⏩သွေးပေါင်ချိန် ထိန်းညှိပေးပြီး သွေးကျဲစေတဲ့ အာနိသင်ရှိလို့ သွေးခဲခြင်းကို တားဆီးပေးပါတယ်
⏩နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းကိုလဲ ကာကွယ်ပေးပါတယ်
⏩ကိုယ်၀န်ဆောင်မိခင်တွေအနေနဲ့ ကိုယ်၀န်ဆောင် နောက်ပိုင်း (၃)လမှာ သောက်သုံးပေးရင် မွေးလာမဲ့ ကလေးရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ဦးနှောက်ဥာဏ်ရည် ဖွံ့ဖြိုးစေပါတယ်ရှင်
⏩ဒါကြောင့် Omega-3 ကို သွေးတိုးရောဂါ၊ ဆီးချိုရောဂါ ရှိသူတွေ၊ အသဲအဆီဖုံးတဲ့သူတွေ၊ အသဲရောဂါရှိသူတွေ၊ ပန်းနာရင်ကြပ်သမားတွေ နဲ့ အသက်အရွယ်ကြီးတဲ့သူတွေ သောက်သုံးသင့်ပါတယ်ရှင်
⏩အသားအရည် ကြင်လင်စေတာကြောင့် အလှအပအတွက်လဲ အသုံး၀င်ပါတယ်နော်

Omega-3 ကို တစ်နေ့ ဘယ်နှကြိမ်သောက်သင့်လဲ??
⏩Omega-3 က ပင်လယ်ငါးတွေကနေ အဓိကရတဲ့ အဆီဓါတ်ဖြစ်လို့ ငါးကြိုက်တယ်, ငါးလဲစားဖြစ်တဲ့သူတွေက omega 3 (360 mg ) ပါ၀င်တဲ့ ငါးကြီးဆီကို တစ်ရက် (၁)လုံး သောက်ပေးရင် လုံလောက်ပါတယ်ရှင်
⏩ငါးလုံး၀မစားတဲ့သူတွေကတော့ ပါ၀င်တဲ့ ငါးကြီးဆီ တစ်နေ့နှစ်လုံး သောက်သုံးပေးဖို့လိုအပ်ပါတယ်ရှင့်
⏩အသက်(၁၂)နှစ်ကနေ စတင်သောက်သုံးနိုင်ပါတယ်။(အသက် ၁၂အောက် ကလေးငယ်တွေကို တိုက်ကျွေးလို့ရတဲ့ Fish Liver Oil အားဆေးက သပ်သပ် ရှိပါတယ်ရှင်)

ဒီလိုကောင်းကျိုးတွေနဲ့ပြည့်နှက်နေလို့ nature made Omega3 လေးကို နေ့စဥ်မှီဝဲသင့်ပါတယ်ရှင့်

စျေးနှုန်း- ၄၁,၀၀၀ ကျပ်ပါ (အလုံး 200ပါ)

Antioxidant network👇👇👇Antioxidants ဆိုတာ ခန္ဓာကိုယ်တွင်းက ဖရီးရယ်ဒီကယ်( free radicals ) အမှိုက်တွေကို ရှင်းထုတ်ပေးတဲ့ စစ...
07/06/2023

Antioxidant network👇👇👇

Antioxidants ဆိုတာ ခန္ဓာကိုယ်တွင်းက ဖရီးရယ်ဒီကယ်( free radicals ) အမှိုက်တွေကို ရှင်းထုတ်ပေးတဲ့ စစ်သားတွေပါ။ ခန္ဓာကိုယ် အမှိုက်တွေကို ရှင်းပေးဖို့ ကိုယ်ခန္ဓာကထုတ်ပေးသည့် antioxidants တွေရှိသလို အစားအစာမှာပါဝင်တဲ့ antioxidants တွေလည်းရှိပါတယ်။ Antioxidants လုံလုံလောက်လောက်ရနေသရွေ့ ခန္ဓာကိုယ်တွင်းက ဇီဝလုပ်ငန်းတွေက မှန်ကန်မျှတနေတယ်လို့ ဆိုပါတယ်။

ရေဒီယိုသတ္တုကြွခြင်း၊ဆေးလိပ်သောက်ခြင်း၊အရက်သောက်ခြင်း၊ရောဂါပိုးဝင်ခြင်း၊ပိုးသတ်ဆေးပါတဲ့ အစာတွေစားခြင်းကြောင့် အမြောက်အများထွက်လာတဲ့ ဖရီးရယ်ဒီကယ်များဟာ ဓာတ်တိုးဆန့်ကျင်ပ္စည်း (antioxidants) အလုံအလောက်မရှိရင် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါတွေဖြစ်လောက်သည်အထိ အန္တာရာယ်ရှိပါတယ်။

ဗိုက်တာမင်တွေ၊ အမျိုးအစား 8000 လောက်ရှိတဲ့ polyphenols တွေဟာ antioxidant တွေဖြစ်ပါတယ်။ Antioxidant တွေက တစ်ခုနဲ့တစ်ခု ကူညီပေးပြီး Network အသွင်ဖန်တီးပြီး ကိုယ်ခံအားကောင်းလာစေတယ်။ ကိုယ်တွင်းအစိတ်အပိုင်းတွေက အညစ်အကြေးတွေ ထုတ်ပေးတယ်။ နာတာရှည်ရောဂါတွေကို သက်သာတယ်စေတယ်။ အရွယ်တင်နုပျိုစေတယ်။ နှလုံးရောဂါ နှင့် ကင်ဆာရောဂါကို ကာကွယ်နိုင်တယ်လို့ရေးတယ်။

Antioxidant တစ်ခုဖြစ်တဲ့ Lipoic Acid ( thioctic acid ) က ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေသော free radicals ( ဖရီးရယ်ဒီကယ်) တွေကိုရှင်းထုတ်ပေးနိုင်ပါတယ်။ စွမ်းအင်ထုတ်လုပ်ခြင်းအပြင် အေဇိုင်းမားရောဂါ၊ အသည်းရောဂါ နှင့် ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောဂါတော်တော်များများကို ကာကွယ်ကုသရာမှာ အသုံးဝင်တယ်ဆိုပါတယ်။ Lipolic acid ချို့တဲ့ခြင်းကြောင့် ခုခံအားလျော့နည်းခြင်း၊ ကြွက်သားအားပျော့သွားခြင်း၊ နှလုံးရောဂါ နှင့် အာရုံကြောရောဂါတွေဖြစ်တတ်ပါတယ်။

လူသိများတဲ့ antioxidant ဗိုက်တာမင် C က ခုခံစွမ်းအားကောင်းစေတယ်။ ခန္ဓာကိုယ်က ဗိုက်တာမင် C ကို မထုတ်ပေးနိုင်တာကြောင့် အစားအစာကပဲ ရနိုင်ပါမည်။ ချဉ်သောအသီတွေ၊ ငရုတ်သီးတွေ၊ စတော်ဘယ်ရီသီးတွေ၊ ပန်းစိမ်းတွေ၊ ခရမ်းချဉ်သီးတွေမှာ ဗိုက်တာမင် C ပါဝင်ပါတယ်။

Antioxidant ဗိုက်တာမင် E က oxidative stress ကို ကာကွယ်ပေးတယ်။ ပုံမှန်ခုခံအားစနစ်အတွက် အရေးပါတယ်။ ဘက်တီးရီးယား နှင့် ဗိုင်းရပ်ကူးစက်မှုကို ကာကွယ်ပေးနိုင်တယ်။ ဗိုက်တာမင် E ချို့တဲ့ခြင်းနှင့် ခုခံအားလုပ်ငန်းကျဆင်းခြင်း အဆက်အစပ်ရှိတယ်ရေးတယ်။ နေကြာစေ့၊ ထောပတ်သီး၊ ဆာမွန်ငါး၊ သရက်သီး နှင့် အခွံမားသီးတွေမှာ ဗိုက်တာမင် E ပါတယ်လို့ ရေးပါတယ်။

ဗိုင်တာမင် E က ဆယ်လီနီယမ် နှင့် အတူတကွလက်တွဲလုပ်ဆောင်ပြီး DNA ပျက်စီးခြင်းကို ကာကွယ်ပေးတယ်။ ဆယ်လီနီယမ်က ခုခံအားစနစ်အတွက်အရေးပါပြီး HIV ကဲ့သို့သော ဗိုင်းရပ်များ အကောင်ရေးတိုးပွားလာခြင်းကို တားနိုင်တယ်ရေးပါတယ်။ အခွံမာသီး၊ ဆန်လုံးညို၊ မှိုအမျိုးမျိုး၊ ငါး၊ ဥအမျိုးမျိုးမှာ ဆယ်လီနီယမ်ပါဝင်ပါတယ်။

Zinc ( ဇင့် ) က အရောင်ကျဆေးဖြစ်တဲ့အပြင် antioxidant တစ်ခုလည်းဖြစ်တာကြောင့် ဇင့်သောက်ခြင်းက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ oxidative stress ကို ခံနိုင်ရည်ရှိတယ်ပြောပါတယ်။ ဇင့် ကြွယ်ဝစွာပါတဲ့ အစာတွေက သိုးသား၊ အမဲသား၊ သီဟိုဠ်စေ့၊ ဖရုံစေ့၊ ဒိန်ချဉ်၊ ကီဖာ၊ ကြက်သား၊ ကြက်ဆင်သား၊ ဥအမျိုးမျိုး၊ မှိုအမျိုးမျိုး၊ ဆာမွန်ငါး တို့ ဖြစ်ပါတယ်။

Flavonoids ဆိုတာ အပင်ထွက် ရောင်ခြယ်တွေက အသက်ရှုလမ်းကြောင်းကူးစက်ရောဂါ ကာကွယ်မှုအတွက် အရမ်းအရေးပါတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ Flavonoids တွေက အသီးအရွက်ရောင်စုံတွေမှာရှိပါတယ်။ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီလို ဘယ်ရီသီးတွေ၊ ငရုတ်သီး၊ ပန်းသီးတွေလို သစ်သီးတွေ၊ ဝက်သီးချသီးလို အခွံမာသီးတွေ၊ ခရီးချဉ်သီး၊ ကြက်သွန်လို ဟင်းသီးဟင်းရွက်တွေက flavonoids အမြောက်အမြားရနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ့ antioxidant network မှာ ( ၁ ) lipolic acid ၊ ( ၂ ) ဗိုက်တာမင် E ၊ ( ၃ ) ဗိုက်တာမင် C လို အဓိက antioxidants တွေနှင့်အတူ အခြား သတ္ထုဓာတ်တွေ နှင့် flavonoids လို antioxidant တွေက network တစ်ခုလို တစ်ခု နှင့် တစ်ခုချိတ်ထားပါတယ်။ COVID ကာလမှာ ခုခံအားကောင်းဖို့အတွက် antioxidant network ကောင်းကောင်း အလုပ်လုပ်ရပါမည်။
Credit
ဒေါက်တာဖြိုးမောင်မောင်

စျေး - 69,000
မှာယူလိုပါက
cb or ph 09 43026780 (viber) or ph 09 250789500 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။
ရန်ကုန် မြို့နဲ့တောင်ကြီးမြို့ အတွင်း အိမ်ရောက်ငွေချေပါ။
နယ်မြို့များက ငွေကြို လွှဲပေးရပါတယ်။
ကားဂိတ် or အိမ်အရောက် အမြန်ချောပို့နဲ့ ပို့ပေးပါတယ် ။

❤️ Trunature  Cranberry 650 mg, 140 Vegetarian Capsules ❤️Cranberries မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သင့်ခန္ဓာ...
02/02/2023

❤️ Trunature Cranberry 650 mg, 140 Vegetarian Capsules ❤️

Cranberries မှာ အာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် သင့်ခန္ဓာကိုယ်က ရောဂါပိုးမွှားတွေကို တွန်းလှန်နိုင်ပြီး အလုံးစုံကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။
Cranberries တွေကို အရင့်အရင်ကတည်းက ဆီးလမ်းကြောင်းရောဂါ ၊ အစာအိမ်ရောဂါ ၊ အသည်း​ရောဂါတို့ကို ကုသရာမှာ အသုံးပြုခဲ့ကြပါတယ် ။

Cranberry ရဲ့ အကျိုးကျေးဇူးများ -
✨ Vitamin များ ကြွယ်ဝစွာပါဝင်ခြင်း
အချိုမပါသော၊ သန့်စင်သော cranberry ဖျော်ရည်မှာ Vitamin C, E တို့ ကြွယ်ဝစွာပါဝင်သလို အခြားသော ဗီတာမင်နှင့် သတ္တုဓာတ်များစွာလည်းပါဝင်ပါတယ်။
Vitamin C နှင့် E တို့သည် ကျန်းမာရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်တဲ့ အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ပါတယ်။

✨ ဆီးလမ်းကြောင်းပိုးဝင်ခြင်းမှ ကာကွယ်ပေးခြင်း
Cranberry မှာ Proanthocyanidins ဆိုတဲ့ ဓါတ်ပစ္စည်း ပါဝင်ပါတယ် ။ ဒီ ဓါတ်ပစ္စည်းဟာ ဆီးလမ်းကြောင်းအတွင်းဘက်တီးရီးယားများ ကပ်ငြိနေခြင်းကို ရပ်တန့်ခြင်းဖြင့် ဘတ်တီးရီးယားများပေါက်ပွားခြင်းကို တားဆီးကာ ဆီးလမ်းကြောင်းဆိုင်ရာရောဂါများကို ဟန့်တားနိုင်ပါတယ် ။

✨ နှလုံးကျန်းမာရေး
Cranberry မှာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ phytonutrients တွေလည်း ပါဝင်ပါတယ်။
ရောင်ရမ်းခြင်းသည် သွေးကြောများကို အချိန်ကြာလာသည်နှင့်အမျှ ပျက်စီးစေတတ်ပါတယ် ။ ပျက်စီးသွားတဲ့ သွေးကြောတွေက သွေးခဲများစုစည်းစေပြီး သွေးကြောပိတ်ခြင်းကို ဖြစ်စေပါတယ်။
Cranberry မှာပါတဲ့ Phytonutrients တွေက ရောင်ရမ်းမှုကို ကာကွယ်ပေးနိုင်ပြီး သွေးကြောပျက်စီးမှုဖြစ်စဉ်ကို နှောင့်နှေးစေကာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

cranberry ဖျော်ရည်က သွားဖုံးရောဂါများကိုလည်း ကာကွယ်ပေးနိုင်ပါတယ် ။

Antioxidants ကြွယ်ဝစွာပါဝင်ခြင်း
အခြားသစ်သီးများနှင့် ဘယ်ရီသီးများကဲ့သို့ပင်၊ Cranberry သီးတွင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်သည့် အစွမ်းထက် phytochemicals များ ပါဝင်ပါတယ် ။ (Vitamin C, E, Quercetin)

အစာခြေစနစ် ကောင်းမွန်စေခြင်း
Cranberry မှာ ပါဝင်တဲ့ Phytonutrients တွေဟာ အစာခြေစနစ်ကို ကောင်းမွန်စေသည်။
ဒီ Phytonutient တွေဟာ အစာအိမ်အတွင်း Helicobacter pylori (H. pylori) ဘက်တီးရီးယားများ ကြီးထွား ပွားများခြင်းမှ ကာကွယ်နိုင်တယ် ။

Trunature Cranberry သည် အပိုကယ်လိုရီပါသောသကြားဓာတ်နှင့်ဖျော်ရည်များမပါဘဲ cranberries ၏အကျိုးကျေးဇူးများနှင့်သင်၏အစားအစာကိုဖြည့်စွက်ရန်အဆင်ပြေသောနည်းလမ်းတစ်ခုဖြစ်ပါတယ်။

💊 တစ်နေ့လျှင် (1)လုံး အစာနဲ့တွဲသောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်စေသောနေ့ရက်များပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

အသေးစိတ်သိလိုသည်များကိုလည်း Messenger မှ ဖြစ်စေ ၊ ဖုန်းဆက်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည် ။
-----------------------------------------------------
𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
အမှတ်(ည/၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဦးကြီးခမ်းရပ်ကွက်၊ တောင်ကြီးမြို့
(AC Collection Fashion Shop ဘေးကပ်လျက်)
📞ဖုန်း ။ ။ 09458044010, 09458041374 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
တောင်ကြီးမြို့အတွင်း အိမ်အရောက်ပို့ပေးပြီး အခြားမြို့များကိုလဲ ဂိတ်မှ တဆင့်ပို့ပေးပါတယ်။






ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းဟာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ် ။ အိပ်‌ရေးဝမှ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တ...
29/01/2023

ကောင်းမွန်စွာ အိပ်စက်နိုင်ခြင်းဟာ လူတိုင်းအတွက် မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်ပါတယ် ။ အိပ်‌ရေးဝမှ ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေမှန်ကန်ပြီး ကျန်းမာစေမှာပါ။ အခု အိပ်စက်ခြင်းအတွက် အားဆေးတစ်လက်ဖြစ်တဲ့ melatonin အကြောင်းလေးပြောပြပေးပါမယ် ။

❓Melatonin (မယ်လတိုနင်) ဆိုတာဘာလဲ?
❁ Melatonin ဆိုတာသဘာဝ Hormone တစ်မျိုးပါ။ လူတွေရဲ့ဦးနှောက်ကနေ အလင်းရောင်ရရှိတဲ့အပေါ်မူတည်ပြီးထုတ်ပေးကာ အိပ်စက်ခြင်းကိုအထောက်အကူပြုပါတယ်။
(အလင်းရောင်ရှိတဲ့အချိန်နည်းတတ်ပြီး၊ မှောင်လာရင် Melatonin ထွက်စေပါတယ်)
❓အိပ်မပျော်တာနဲ့ဘယ်လိုပတ်သတ်နေလဲ?
❁ အိပ်မပျော်ရခြင်း အကြောင်းအမျိုးမျိုးရှိပါတယ်။ ညဘက်ဖုန်းကြည့်တာများလို့၊ နေ့ညအလုပ်ချိန်တွေပြောင်းလို့၊ အတွေးများလို့စတဲ့ အကြောင်းများစွာဟာ ခန္ဓာကိုယ်တွင်းသဘာဝအရထုတ်ပေးနေတဲ့ Melatonin ကိုလျှော့ကျပြီး အိပ်ပျော်ဖို့ခက်စေပါတယ်။
❓ပုံမှန် Melatonin ပမာဏ ဖြစ်နေအောင်ဘယ်လိုလုပ်ရမလဲ?
❁ သဘာဝအရနေ့ည ပုံမှန်လှုပ်ရှားသွားလာမှုနဲ့ Melatonin ပါဝင်တဲ့အစားအသောက်တွေက ပုံမှန်ပမာဏဖြစ်အောင် ထိန်းပေးပါတယ်။ စိတ်ဖိစီးမှုတွေလျှော့ပါ၊ ညအိပ်ခါနီး screen (ဖုန်း၊တီဗွီ) ကြည့်တာလျှော့ပါ။
အဲဒီလိုမှမဟုတ်ရင် Melatonin ဖြည့်စွက်စာစားပါ။
❓Melatonin supplement ကလူတိုင်းနဲ့တည့်ရဲ့လား?
❁ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်၊ ခုခံအားနည်းနေသူတွေနဲ့ အသည်းလုပ်ဆောင်မှုမကောင်းတဲ့သူတွေ မသောက်သင့်ပါဘူး။ သွေးကျဲဆေးသောက်နေသူတွေ၊ ဆီးချိုရှိသူတွေ၊ ကိုယ်ဝန်တားဆေးသောက်နေသူတွေလည်း ဆရာဝန်နဲ့တိုင်ပင်ပြီးမှသောက်သင့်ပါတယ်။
ကလေးတွေအတွက်ကတော့ (၄) နှစ်နဲ့အထက်မှသာ စတိုက်သင့်ပါတယ်။
❓Side effects (ဘေးထွက်ဆိုးကျိုး) တွေရောရှိလား?
❁ အိပ်ဆေးမဟုတ်ဘဲ သဘာဝဟော်မုန်းဖြစ်တဲ့အတွက် ဘေးထွက်ဆိုးကျိုးနည်းပါတယ်။ ရှားရှားပါးပါး ခေါင်းကိုက်၊ ပျို့အန်၊ အိပ်ငိုက်တာ‌တွေလည်း ရှိတတ်ပါတယ်။
❓နေ့တိုင်းသောက်ရမှာလား၊ ဘယ်လိုသောက်ရလဲ?
❁ နေ့တိုင်းသောက်သုံးနိုင်ပေမယ့် ပုံမှန်အနေအထိုင် (life style) ကိုပြုပြင်နိုင်ရင်ပိုကောင်းပါတယ်။ 3 mg, 5mg, 10mg အမျိုးမျိုးလာလို့ တစ်ဦးနဲ့တစ်ဦးအခြေအနေပေါ်မူတည်ပြီး ရွေးချယ်သင့်ပါတယ်။
သိပ်မဆိုးတဲ့သူတွေကတော့ Dose နည်းရာကနေစသောက်ဖို့ အကြံပေးပါရစေ။
❓တစ်နေ့ဘယ်နှစ်လုံးနဲ့ ဘယ်အချိန်သောက်သင့်လဲ?
❁ တစ်နေ့တစ်လုံးကို ညအိပ်ယာမဝင်ခင် မိနစ်၃၀ - ၁နာရီခန့်အလိုမှာသောက်သင့်ပါတယ်။
(ညဖက်ကော်ဖီလဖက်ရည်သောက်သုံးခြင်း၊ အိပ်ခါနီးဖုန်းသုံးတာတွေရှောင်ပြီးသင်တောင့်သက်သာအနားယူပါ)
❓Melatonin ကအိပ်‌စက်ခြင်းအတွက်ကောင်းသလို ဘာတွေကိုလည်းအထောက်အကူပေးလဲ?
❁ Melatonin ကအချိန်မြန်မြန်နဲ့အိပ်ပျော်စေသလို အခြားသော ကိုယ်ခံအားစနစ်၊ မျက်လုံး၊ ခန္ဓာကိုယ်ကြီးထွားဖွံဖြိုးစေဖို့နဲ့ အစာအိမ်အူလမ်းကြောင်းတွေမှာလည်း ‌အထောက်အကူပေးပါတယ်။

Emerald မှာတော့
Natrol Melatonin 5mg (gummies)
Natrol Melatonin 10mg (tablets) ဆိုပြီး ၂ မျိုးရရှိနိုင်ပါတယ် ။

အသေးစိတ်သိလိုသည်များကိုလည်း Messenger မှ ဖြစ်စေ ၊ ဖုန်းဆက်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည် ။
-----------------------------------------------------
𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
အမှတ်(ည/၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဦးကြီးခမ်းရပ်ကွက်၊ တောင်ကြီးမြို့
(AC Collection Fashion Shop ဘေးကပ်လျက်)
📞ဖုန်း ။ ။ 09458044010, 09458041374 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
တောင်ကြီးမြို့အတွင်း အိမ်အရောက်ပို့ပေးပြီး အခြားမြို့များကိုလဲ ဂိတ်မှ တဆင့်ပို့ပေးပါတယ်။






💦💧Kinohimitsu Marine Gem Collagen💧💦🥰Marine Gem Collagen လေးက အသားအရေအတွက်သာမက ဆံပင်၊ လက်သည်းနဲ့ အရိုးအဆစ်များအတွက်လည်း အ...
23/01/2023

💦💧Kinohimitsu Marine Gem Collagen💧💦
🥰Marine Gem Collagen လေးက အသားအရေအတွက်သာမက ဆံပင်၊ လက်သည်းနဲ့ အရိုးအဆစ်များအတွက်လည်း အထူးကောင်းမွန်တဲ့ Marine Gem Collagen လေးပါရှင်🤗
💯Collagen သောက်ရင်ဝိတ်တက်မှာကြောက်တယ်ဆိုတဲ့ သူများအတွက်လည်းစိတ်ပူစရာမလိုဘူးနော် Kinohimitsu Marine Gem Collagen လေးက ၁ဇွန်းမှာ 💥22kcal 💥သာပါဝင်ပြီး အဆီနဲ့ကိုလက်စရော လုံးဝမပါဝင်လို့ ယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်ရှင့်
Kinohimitsu Marine Gem Collagen ကိုသောက်သုံးပေးခြင်းအားဖြင့်
✨အသားအရေ တင်းရင်းစိုပြေစေခြင်း
✨ဆံသားများကို ကျန်းမာစေပြီး ဆံပင်ကျွတ်ခြင်း၊ ပျက်စီးခြင်းမှကာကွယ်ပေးခြင်း
✨ခြေသည်းလက်သည်းများကို အားဖြည့်ပေးပြီးသန်မာလာစေခြင်း
✨ရင်သားများကို တင်းရင်းပုံကျလာစေပြီး ခန္ဓာကိုယ်ကို သန်စွမ်းကျန်းမာလာစေခြင်း
✨အရိုးနှင့်အဆစ်အမြစ်များ ကျန်းမာအောင် အထောက်အကူပြုခြင်း
စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေမှာပါနော်
➡️အသုံးပြုပုံ
❣️အသင့်ပါသောဇွန်း ဖြင့် ( ၁ )ဇွန်းခန့် ပမာဏကိုရေ (၁၅၀) မီလီမီတာ နှင့်ရောစပ်၍ တစ်နေ့တစ်ကြိမ် သောက်သုံးပါ။
❣️အိပ်ယာမဝင်မှီ (သို့မဟုတ်) မနက်စာမစားမှီ နှစ်သက်သလိုသောက်သုံးနိုင်ပါတယ်ရှင့်
❣️အရသာကောင်းမွန်စေရန် ရေအေး‌အေးနှင့်လဲ သောက်သုံးနိုင်ပါတယ်ရှင့်

အသေးစိတ်သိလိုသည်များကိုလည်း Messenger မှ ဖြစ်စေ ၊ ဖုန်းဆက်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည် ။
-----------------------------------------------------
𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
အမှတ်(ည/၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဦးကြီးခမ်းရပ်ကွက်၊ တောင်ကြီးမြို့
(AC Collection Fashion Shop ဘေးကပ်လျက်)
📞ဖုန်း ။ ။ 09458044010, 09458041374 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
တောင်ကြီးမြို့အတွင်း အိမ်အရောက်ပို့ပေးပြီး အခြားမြို့များကိုလဲ ဂိတ်မှ တဆင့်ပို့ပေးပါတယ်။






တရုတ်နှစ်ကူးမှာ လူကြီးသူမတွေကို လက်ဆောင်ပေးဖို့ ကောင်းတဲ့Kinohimitsu Essence Of Chicken With American Ginseng & Cordycep...
20/01/2023

တရုတ်နှစ်ကူးမှာ လူကြီးသူမတွေကို လက်ဆောင်ပေးဖို့ ကောင်းတဲ့

Kinohimitsu Essence Of Chicken With American Ginseng & Cordyceps ကို

⇛ သောက်သုံးပေးခြင်းအားဖြင့်
💛Qi ကိုအားဖြည့်ပေးခြင်း
💛အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို ထောက်ပံ့ပေးခြင်း
💛မှတ်ဉာဏ်အားတိုးစေခြင်း
💛အားအင်များပြန်လည်ပြည့်ဖြိုးစေခြင်း
💛ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း
💛အစာချေဖျက်စနစ် ပိုမိုအားကောင်းလာခြင်း
💛အနာအကျက်မြန်စေခြင်းနှင့် ပြန်လည်နုပျိုလာစေခြင်း
💛သက်လုံအားပိုမိုအားကောင်းလာစေခြင်း
💛အားနည်းနေသောခန္ဓာကိုယ်ကိုအာဟာရဓာတ်ပြန်လည်ဖြည့်တင်းပေးခြင်း
စတဲ့အကျိုးကျေးဇူးများကို ရရှိစေမှာနော်…

⇛ Healthier Choice
💙ဆိုဒီယမ်နှင့် ပြည့်ဝဆီပါဝင်မှုလျော့နည်းခြင်း
💙အဆီပါဝင်မှုမရှိခြင်း
💙ကိုလက်စရောပါဝင်မှုမရှိခြင်း
💙အရောင်နှင့်အရသာ ထပ်တိုးပါဝင်မှုမရှိခြင်း
💙ကဖိန်းဓာတ်နှင့် ဆားပါဝင်မှုမရှိခြင်း
💙အရောအနှောပါဝင်မှုမရှိခြင်း

⇛ သောက်သုံးသင့်တဲ့ သူများကတော့
💟သက်ကြီးရွယ်အိုများ
💟အလုပ်လုပ်နေသော လူလတ်ပိုင်းအရွယ်များ
💟နလန်ထခါစ လူနာများ
💟အသက်ရှူလမ်းကြောင်းစနစ်အားနည်းသူများ
💟ကိုယ်ခံအားနည်းသူများ

⇛ သောက်သုံးပုံအညွှန်း
👉အသင့်သောက်သုံးနိုင်ပါသည် (သို့မဟုတ်) အပူပေးပြီးသောက်သုံးနိုင်ပါသည်
👉အကောင်းဆုံးအရသာရရှိရန် ရေနွေးထဲတွင် ၆-၈ မိနစ်ခန့်စိမ်ပြီးသောက်သုံးနိုင်ပါသည်။
👉အရွယ်ရောက်ပြီးသူများ - တစ်နေ့ ၁လုံး
ကလေး (၄နှစ်မှ ၁၂ နှစ်အတွင်း) - တစ်နေ့လျှင် ပုလင်းတစ်ဝက်ခန့် သောက်သုံးနိုင်ပါသည်။
👉အရသာလည်းကောင်း ပါဝင်တာကလည်း 1 box မှာ 6 bottles ပါဝင်ပြီး One bottle မှာ 75 g ပါဝင်ပါတယ်ရှင့် ။

အသေးစိတ်သိလိုသည်များကိုလည်း Messenger မှ ဖြစ်စေ ၊ ဖုန်းဆက်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည် ။
-----------------------------------------------------
𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
အမှတ်(ည/၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဦးကြီးခမ်းရပ်ကွက်၊ တောင်ကြီးမြို့
(AC Collection Fashion Shop ဘေးကပ်လျက်)
📞ဖုန်း ။ ။ 09458044010, 09458041374 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
တောင်ကြီးမြို့အတွင်း အိမ်အရောက်ပို့ပေးပြီး အခြားမြို့များကိုလဲ ဂိတ်မှ တဆင့်ပို့ပေးပါတယ်။





ပုလင်းထဲရှိ လှပပြည့်တင်းမှု Kinohimitsu Bust Up🎀 Kinohimitsu Bust Up ဟာ အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်ပဲရောက်ရောက် ပြည့်တ...
18/01/2023

ပုလင်းထဲရှိ လှပပြည့်တင်းမှု Kinohimitsu Bust Up

🎀 Kinohimitsu Bust Up ဟာ အမျိုးသမီးတိုင်း ဘယ်အသက်အရွယ်ပဲရောက်ရောက် ပြည့်တင်း လုံးဝိုင်းသော ရင်သား တစ်စုံ ပိုင်ဆိုင်ရရှိစေလို့ ပိုမိုဆွဲဆောင်မှုရှိပြီး ယုံကြည်မှုတွေတိုးလာစေပါတယ်ရှင့်...
🎀 Kinohimitsu BustUp Drink သည် အဆင်သင့် သောက်သုံးနိုင်သော လက်တွေ့ အသုံး၀င်သည့်Functional Drink အမျိုးအစားလေးဖြစ်ပါတယ်နော်
ဓာတုဆေးဝါးများနှင့် ခွဲစိတ်ကုသခြင်း ကုထုံးများ ကဲ့သို့ မလိုလားအပ်သည့် အရာများ လုံး၀မပါရှိပဲ သဘာ၀အတိုင်း ရင်သားကို တင်းရင်းလှပစေအောင် အစွမ်းကုန် ကူညီပေးပါတယ်ရှင့်
🎀 Kinohimitsu BustUp Drink သည် အပင်မှ အဆီအနှစ်ထုတ်ယူ ရရှိသော အစွမ်းထက် သဘာ၀ ပါ၀င်ပစ္စည်းများသာ ပြုလုပ်ထားသောကြောင့် ယုံကြည် စိတ်ချစွာသောက်သုံးနိုင်ပြီး ကျန်းမာရေးအတွက်ပါ အထူးကောင်းမွန်စေပါတယ်နော်
🎀 ဒါ့အပြင် ရင်သားအရွယ်အစားကိုပါ ကြီးထွားလာစေပြီး အသက်အရွယ် အိုမင်းမှုကြောင့် ရင်သားလျော့တွဲခြင်းများကိုပါ ကိုယ်တွင်းမှ သဘာ၀အတိုင်း အကောင်းဆုံး ပြန်လည် ပြည့်ဖြိုးလာစေပါမှာပါရှင့်
တစ်နေ့ တစ်ပုလင်း သောက်သုံးပေးရမှာဖြစ်ပြီး ၁၄ရက် အတွင်း ရင်သား တင်းရင်း လာသည့်အပြင် ဖွံဖြိုးကြီးထွားလာသောကြောင့် Bra ၀တ်ရတာ သိသိသာသာ ကြပ်လာတာကို ခံစားရရှိမည် ဖြစ်ပါသည်။

🌟 Effective( အကျိုးသက်ရောက်မှု)
🦋 Liquid formula ဖြစ်သောကြောင့် ကိုယ်ခန္ဓာမှ ချက်ချင်း အလွယ်တကူစုပ်ယူနိုင်ခြင်း
🦋 လုံးဝန်းပြည့်တင်းသော ရင်သား တစ်စုံကို ၁၄ရက်အတွင်းရရှိစေခြင်း
🦋 အဆင်သင့် သောက်သုံးနိုင်ခြင်း၊ အရသာရှိခြင်း
🦋 အချိန်မရွေး ၊ နေရာမရွေး ချက်ချင်း အလွယ်တကူ သောက်သုံးနိုင်ခြင်း
🦋 သီးသန့် အစာရှောင်စရာမလိုခြင်း
🦋 အရသာ ထူးခြားကောင်းမွန်ပြီး တစ်ငုံသောက်တိုင်း ကျန်းမာ ၊ လှပမှုများကို ပိုင်ဆိုင်စေပါသည်။

🌟 Benefits of Drink
🎁 Kinohimitsu BustUp Drink သည် ရင်သားTissue ကို လှုံ့ဆော်ပေးသော နည်းဖြင့် ရင်သားကို ပိုမို ကြီးထွားလာအောင် ပံ့ပိုးပေးပါသည်။
🎁 သင့်ရဲ့ ရင်သားSizeသည် အမျိုးသမီး ဟော်မုန်း Estrogen ပမာဏ နှင့် ကိုယ်ခန္ဓာ ကြီးထွားစေသော ဦးနှောက်အောက်ရှိ ဟော်မုန်းထုတ်ပေးသော ဂလင်းကို ကြီးထွားအောင်ပြုလုပ်ခြင်းတို့ပေါ်တွင် မူတည်ပါသည်။
🎁 အမျိုးသမီးများသည် အသက်အရွယ်အိုမင်းလာသည်နှင့် အမျှ ဟော်မုန်းထုတ်ပေးသော ပမာဏသည် လျော့နည်းလာသောကြောင့် ရင်သားလျော့တွဲ မှုများ ဖြစ်ပွားလာစေပါသည်။
🎁 ရင်သား ကြီးထွားမှု အဓိက အကြောင်းအရင်းတွင် နို့ဂလင်းကို လှုံဆော်ပေးသော Estrogen သည် အဓိက အကြောင်းအရင်းတစ်ခုဖြစ်ပါသည်။

👉 ဒီလို ပြသနာလေးတွေ ရှိနေပါသလား??
🔷 ကြီးထွားမှုအား ချို့တဲ့ကာ ပြားပြီး အရွယ်အစား သေးငယ်သော ရင်သား ရှိသူ
🔷 အသက်အရွယ်ကြောင့် ရင်သား လျော့တွဲလာသူ
🔷 ကလေးမွေးပြီး (သို့) နို့ရည်တိုက်ကျွေးသောကြောင့် ကွေးညွန့်လျော့ကျလာသူ
🔷 ပိန်လှီသွေးသွယ်သူ (သို့) သွေးဆုံးခါနီးသူများကဲ့သို့ ရင်သား ကျုံ့ပြီး အရွယ်အစား သေးငယ်သူ
🔷 ရင်သား နေရာရှိ အသားရေ ရေဓာတ်ဆုံးရှုံးကာ ကြမ်းတမ်းခြောက်သွေ့နေသူ စသည်ဖြင့်
သင့်ရဲ့ ရင်သားက Kinohimitsu J’pan Bustup Drink ကို လိုအပ်နေကြောင်း သေချာပြောပြ ပေးပါလိမ့်မည်။

✅ Pueraria Mirifica သည် ရင်သားကြီးထွားဖွံ့ဖြိုးဖို့အတွက် များစွာ အထောက်အကူပြုပါတယ်။
Japan တော်ဝင် မိသားစုများဟာ Pueraria Mirifica ကို နန်းတွင်းအစားအစာအဖြစ် သုံးဆောင်ကြပါသည်။
✅ Green Papaya (မမှည့်သေးသော အစိမ်းရောင်သင်္ဘောသီး) တွင် အခြားအစားအစာ အရင်းအမြစ်များမှ ရှားရှားပါးပါးပါရှိသော Enzymes များ ကြွယ်ဝစွာပါရှိပါသည်။
ထို Emzymes များသည် အမျိုးသမီး Hormones ထွက်ခြင်း နှင့် ရင်သား ကြီးထွားရန် အထောက်အကူပြုသော နို့ဂလင်းအား လှုံ့ဆော်ပေးပါသည်။

✅ Collagen - ရင်သားပုံသဏ္ဍန် ဖြစ်ပေါ်ဖို့နဲ့ ရင်သားကျစ်လစ်တင်းမာ ဖို့ အတွက် အဓိက အထောက်အကူပြုဆောင်ရွက်ပေးပါတယ်။

✅ Royal Jelly - ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရရှိစေသည့် အစွမ်းထက် ပါဝင်ပစ္စည်များဖြစ်သည့် Pantothenic Acid, Biotin, Inositol, Folic Acid, Vitamins B1,B2 နင့် B6 တို့ပါဝင်ပြီးတော့ amino Acids ၁၇ မျိုးတောင်ပါဝင်တာကြောင့် အသားရေချောမွေ့နူးညံ့စေပါတယ်။

🌷 Kinohimitsu J'pan BustUp Drink ကို ဘယ်အချိန် သောက်သုံးဖို့ သင့်တော်လဲ။
🌷 ညအိပ်ရာမဝင်ခါနီးလေးမှာသောက်ပေးပါ ။

၁၄ရက် နဲ့ နောက်ပိုင်းမှာ ရင်သားတွင် ပြောင်းလဲ မှု များစတွေ့ရမှာပါ။ မတူညီတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းမှုတွေကြောင့် တစ်ချို့သော သူတွေက အချိန်ပိုကြာပါလိမ့်မယ်။ ဒါပေမယ့် အကောင်းဆုံးရလဒ် ရဖို့အတွက် Kinohimitsu BustUp Drink ကို ပုံမှန်လေး သောက်ပေးလို့ရပါတယ်ရှင့်😍

အသေးစိတ်သိလိုသည်များကိုလည်း Messenger မှ ဖြစ်စေ ၊ ဖုန်းဆက်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည် ။
-----------------------------------------------------
𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
အမှတ်(ည/၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဦးကြီးခမ်းရပ်ကွက်၊ တောင်ကြီးမြို့
(AC Collection Fashion Shop ဘေးကပ်လျက်)
📞ဖုန်း ။ ။ 09458044010, 09458041374 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
တောင်ကြီးမြို့အတွင်း အိမ်အရောက်ပို့ပေးပြီး အခြားမြို့များကိုလဲ ဂိတ်မှ တဆင့်ပို့ပေးပါတယ်။





Kinohimitsu ProWhite (30 Days Supply) For 💜💜 UV Protection & Whitening 💜💜 Prowhite ထဲမှာ Glutathione အပြင် super fruits ...
16/01/2023

Kinohimitsu ProWhite (30 Days Supply)

For 💜💜 UV Protection & Whitening 💜💜

Prowhite ထဲမှာ Glutathione အပြင် super fruits နှစ်မျိုးဖြစ်တဲ့ camu camu ရယ် ၊ အမဲစက်တွေကိုပျောက်ကင်းစေနိုင်တဲ့ Maqui Berry ရယ် ပေါင်းစပ်ပြီး ထုတ်လုပ်ထားပါတယ် 👇🏻👇🏻👇🏻👇🏻👇🏻
‌🌸 ပျက်စီးနေတဲ့ အသားအရည်တွေကို ပြန်လည်ပြုပြင်ခြင်း
🌸 ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အသည်းကျန်းမာရေးကို ထောက်ပံ့ပေးပြီး Antioxidants ကြွယ်၀စွာပါဝင်ပါခြင်း
‌🌸 နေရောင်ခြည်ဒဏ် ၊ အိုမင်းရင့်ရော်မှုတွေကြောင့်ဖြစ်လာတဲ့ အရေး‌အကြောင်းတွေ အမဲစက်‌​တွေ တင်းတိတ်တွေကို ပျောက်ကင်းစေခြင်း
‌🌸 အသားအရေကို ချောမွေ့လာစေပြီး Glow လာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ် ။

💠Cigarettes အသောက်များသူနဲ့ Alcoholic Drinker သမားတွေလည်း Pro White သောက်သုံးပေးပါက အသားဖြူစေသည့်အပြင် အသည်းကျန်းမာရေးကိုလည်း ဂရုစိုက်ပြီးသားဖြစ်စေပါတယ် ။
💠 အိပ်ရေးပျက်များလို့ မျက်ကွင်းညိုသူ ညနောက်ကျထိအနေများသူ အလုပ်ပင်ပန်းပြီး အားနည်းနေသူများ နဲ့ ဆေးလိပ်​နှင့်အရက် သောက်သူများအတွက်လည်း သင့်​​တော်ပါတယ် ။

✨ နေ့စဉ် ညဘက်အိပ်ရာမဝင်ခင် အမှုန့်တစ်ထုပ်ကို ရေ 150 ml နဲ့ရောပြီး သောက်သုံးပေးရမှာဖြစ်ပါတယ် ။

✨ 1ဘူးမှာ အထုပ် (30)ပါဝင်ပါတယ်။ ရက်ပေါင်း ၂၈ရက်အတွင်း အသားအရည်ပြောင်းလဲမှုကို သိသာစေပါတယ် ။ (တစ်ယောက်နဲ့ တစ်ယောက်မတူ ရလဒ်မတူညီနိုင်ပါ)

အသေးစိတ်သိလိုသည်များကိုလည်း Messenger မှ ဖြစ်စေ ၊ ဖုန်းဆက်၍ ဖြစ်စေ မေးမြန်းနိုင်ပါသည် ။
-----------------------------------------------------
𝐄𝐦𝐞𝐫𝐚𝐥𝐝 𝐇𝐞𝐚𝐥𝐭𝐡 & 𝐁𝐞𝐚𝐮𝐭𝐲 𝐒𝐮𝐩𝐩𝐥𝐞𝐦𝐞𝐧𝐭
အမှတ်(ည/၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဦးကြီးခမ်းရပ်ကွက်၊ တောင်ကြီးမြို့
(AC Collection Fashion Shop ဘေးကပ်လျက်)
📞ဖုန်း ။ ။ 09458044010, 09458041374 ကိုဆက်သွယ်ဝယ်ယူနိုင်ပါပြီ။
တောင်ကြီးမြို့အတွင်း အိမ်အရောက်ပို့ပေးပြီး အခြားမြို့များကိုလဲ ဂိတ်မှ တဆင့်ပို့ပေးပါတယ်။





Address

ည/5 ဗိုလ်ချုပ်လမ်း (main Road) ကီမိုနိုဟောက်စ် ကပ်ရပ် ၊ ဦးကြီးခမ်း ရပ်ကွက် တောင်ကြီး
Taunggyi
06101

Telephone

+959458044010

Website

Alerts

Be the first to know and let us send you an email when Emerald USA Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Emerald USA Store:

Share