05/01/2026
မျက်လုံးဆိုတာ ခန္ဓာကိုယ်မှာ အနုနယ်ဆုံး အစိတ်အပိုင်းတစ်ခုပါ။ လက်နဲ့ အားပြင်းပြင်း ပွတ်လိုက်ခြင်းက အောက်ပါ အန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ် -
💠မျက်ကြည်လွှာ ပွန်းခြင်း💠
မျက်လုံးကိုလက်နဲ့ ပွတ်တဲ့အခါ လက်မှာပါတဲ့ ဖုန်မှုန့်လေးတွေက မျက်ကြည်လွှာကို ထိခိုက်စေပါတယ်။ ဒီလိုမျိုးထိခိုက်သွားတဲ့အခါ မျက်စိနာခြင်း၊ နီမြန်းခြင်းနဲ့ ပိုးဝင်ခြင်းကိုဖြစ်ပေါ်စေတတ်ပါတယ်
💠ပိုမွှားနဲ့ ဘတ်တီးရီးယားများ အလွယ်တစ်ကူဝင်ရောက်နိုင်ခြင်း💠
ကိုယ်တွေရဲ့ လက်မှာ မမြင်နိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေ အများကြီးရှိနေတတ်ပါတယ်။ ဒါကြောင့် မျက်လုံးကိုလက်နဲ့ပွတ်တဲ့အခါ ပိုးမွှားပေါင်းများစွာက မျက်စိထဲကို လက်ကနေတစ်ဆင့် အလွယ်တကူဝင်ရောက်နိုင်ပြီး မျက်စိနာရောဂါနှင့် တခြားကူးစက်ရောဂါတွေကိုဖြစ်စေနိုင်ပါတယ်
💠မျက်ကွင်းညိုခြင်းနဲ့အရေားအကြောင်းများပေါ်ခြင်း💠
မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေပြားကအရမ်းပါး ပါတယ်။ ခဏခဏ ပွတ်တိုက်မိတဲ့အခါ သွေးကြောလေးတွေပေါက်နိုင်ပျက်စီးနိုင်ပြီး မျက်ကွင်းညိုခြင်းနှင့် အရေးအကြောင်းတွေကို စောစီးစွာဖြစ်ပေါ်စေနိုင်ပါတယ်
ဒါကြောင့် မျက်လုံးယားတဲ့အခါ လက်နဲ့လုံးဝမပွတ်ပဲ မျက်တောင်ခတ်တာ ရေအေးနဲ့မျက်လုံးကိုသန့်စင်တာ မျက်စဉ်းခတ်တာမျိုးကိုပြုလုပ်ပေးရမယ်နော်
💕 ပါဝါမျက်မှန်များကိုလည်း(၁၅) မိနစ်အမြန်ပြုလုပ်ပေးပြီး မျက်စိကို (Made in Japan ) Topcom ကွန်ပျူတာစက်သစ်ကြီးဖြင့်တိကျစွာဖြင့် အတွေ့အကြုံ နှစ်ပေါင်း(၃၀)ရှိသော ဝါရင့် မျက်စိကျွမ်းကျင်ကိုယ်တိုင် စမ်းသပ်ပေးနေပါပြီရှင်။
ပြင်ပဆရာဝန်များရဲ့ ဆေးလက်မှတ်အတိုင်းလည်းပါဝါမျက်မှန်များကိုတိကျစွာ ပြုလုပ်ပေးနေပါပြီရှင် 🙆♀️
📌လိပ်စာ-အမှတ်(၄၀၊၄၁)၊ရဲစခန်းတိုက်တန်း၊မိန်းလမ်း၊(ဖက်ရှင်စတိုးဘေးကပ်လျက်)၊ လမ်းမတော်ရပ်ကွက်၊တောင်ကြီးမြို။
📲📲Ph:09763551722 , 09978481477
ျက်မှန် #ဖိမကျိူး #နယူးစတားမျက်မှန် #မျက်စိစမ်းသပ်မယ် #တောင်ကြီး #မျက်မှန်ဆိုင် #မျက်မှန်