Shan DeVi - ရှမ်းဒေဝီ

Shan DeVi - ရှမ်းဒေဝီ အရွယ်သုံးပါး အမျိုးသမီးများ ယုံကြည်အားထားရာ ရှမ်းဒေဝီပါ

✅ Page Adminသည် နိုင်ငံတော်မှ တရားဝင်ဖွင့်လှစ်ပေးထားသော တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) အပတ်စဉ်(၁၅)မှ မြန်မာတိုင်းရင်းဆ...
22/04/2026

✅ Page Adminသည် နိုင်ငံတော်မှ တရားဝင်
ဖွင့်လှစ်ပေးထားသော တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) အပတ်စဉ်(၁၅)မှ မြန်မာတိုင်းရင်းဆေးပညာဘွဲ့ (B.M.T.M)ကို ရရှိထားသူဖြစ်ပါသည်။

✅ လက်ရှိတွင် မြန်မာတိုင်းရင်းဆေးပညာနှင့် ပတ်သက်သော ကျန်းမာရေးဗဟုသုတများကို
လူအများအကျိုးပြုရန် မျှဝေပေးလျက်ရှိပါသည်။

📍 ရှမ်းဒေဝီတိုင်းရင်းဆေးတိုက် (တောင်ကြီး)

22/04/2026

အပျိုဖော်ဝင်ခါစ ဓမ္မဝာာသွေးမပေါ်တာ ဘာကြောင့်လဲ🤔

အမျိုးသမီးများအတွက် ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ
ဗသုသုတများကို နေ့စဉ် တင်ဆက်ပေးသွားမှာမို့ Pageကို
လိုက်ခ်👍လုပ်ထားပေးကြပါဦး ခင်ဗျာ။

Music Credit to Lukrembo - Daily

#ရှမ်းဒေဝီတိုင်းရင်းဆေးတိုက်

အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ဘယ်လိုကုသနိုင်မလဲ?မိမိခံစားရသည့် ရောဂါလက္ခဏာများသည် အရင်းခံရောဂါတစ်...
08/01/2026

အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ဝေဒနာကို ဘယ်လိုကုသနိုင်မလဲ?

မိမိခံစားရသည့် ရောဂါလက္ခဏာများသည် အရင်းခံရောဂါတစ်ခုခုကြောင့် ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (Secondary dysmenorrhea) နှင့် တူညီနေပါက သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကု ဆရာဝန်နှင့် စမ်းသပ်စစ်ဆေးရန် လိုအပ်ပါသည်။ သို့မှသာ အရင်းခံရောဂါကို ရှာဖွေဖော်ထုတ်ပြီး ကုသနိုင်မှာ ဖြစ်ပါသည်။

(၁) အနောက်တိုင်း ဆေးဝါးများ၌

✅အကိုက်အခဲပျောက်ဆေးများဖြင့် ကုသခြင်း

✅ ဟော်မုန်းပါဝင်သော ကိုယ်ဝန်တားဆေးများကို အသုံးပြု၍ ကုသခြင်းများရှိသည်။

(၂) သဘာဝဖြည့်စွက်ဆေးများဖြင့် ကုသခြင်း

✅ ချင်း (ဂျင်း) တွင်ပါဝင်သော ဆေးဖက်ဝင်ဓါတ်ပေါင်းများသည် အရောင်ကျစေသော အာနိသင်ရှိပြီး နာကျင်မှုကို ဖြစ်စေသော ပရိုစတာဂလင်ဒင်များကို လျှော့နည်းစေသောကြောင့် ရာသီလာစဉ်နာကျင်မှုဝေဒနာများကို သက်သာစေနိုင်ပါသည်။

✅ တရုတ်တိုင်းရင်းဆေးပညာတွင် အမျိုးသမီးရောဂါများ ကုသရာ၌ ထင်ရှားသော ဒေါင်းကွေး/တန်ကွေးမြစ် (Angelica root/Dong quai) သည်လည်း သားအိမ်ကြွက်သားညှစ်ခြင်းကို သက်သာစေသောအာနိသင် (Antispasmodic effect) ရှိသောကြောင့် ရာသီလာစဉ် နာကျင်မှုကို သက်သာစေနိုင်ပါသည်။

✅ နိုင်ငံတကာသုတေသနများအရ Glycyrrhiza glabra မှရသော နွယ်ချို (Licorice) သည် အရင်းခံရောဂါမရှိဘဲ ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (Primary dysmenorrhea) ကိုသက်သာစေပါသည်။

✅ ခမ်မိုမိုင်း (ဂျာမန်စိန်ခြယ်) သည်လည်း ရာသီသွေးနှင့် ဆက်စပ်သော ပြဿနာများကို ကုသရာတွင် အသုံးပြုနိုင်သည်။ သားအိမ်ကြွက်သားညှစ်ခြင်းကို သက်သာစေသောအာနိသင် (Antispasmodic effect) ကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲမှုများကို သက်သာစေပါသည်။ခမ်မိုမိုင်းကို လက်ဖက်ရည် (Chamomile tea) အနေနှင့် သောက်သုံးပေးနိုင်သလို ခမ်မိုမိုင်းပါဝင်သော သဘာဝဆေးဝါးများကိုလည်း မှီဝဲပေးနိုင်ပါသည်။

✅ Omega 3 fatty acid သည် ရောင်ရမ်းခြင်းနှင့် နာကျင်ခြင်းကို ဖြစ်စေသော ပရိုစတာဂလင်ဒင်များကို လျှော့ချပေးနိုင်သောကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာကို ကုသရာတွင် များစွာအသုံးဝင်သည်။ Omega 3 ကို ငါးမှရရှိနိုင်သည့်အပြင် နှမ်းကြတ်စေ့ (Flax seed) မှလည်းထုတ်ယူရရှိနိုင်ပါသည်။ Omega 6 နှင့် Omega 9 fatty acids တို့နှင့်တွဲဖက်ထုတ်လုပ်ထားသော ဆေးဝါးများကိုလည်း အသုံးပြုနိုင်ပါသည်။

✅ ဗီတာမင်-ဒီ သည် လူသားတို့၏ကျန်းမာရေးအတွက်အလွန်အရေးပါသည်။ အမျိုးသမီးများတွင် ဗီတာမင်-ဒီ ချို့တဲ့ခြင်းသည် ရာသီလာလျှင် နာကျင်ကိုက်ခဲမှုများနှင့် ဆက်စပ်နေကြောင်း အံ့ဩဖွယ်တွေ့ရှိရပါသည်။ ဗီတာမင်-ဒီ ချို့တဲ့သော အမျိုးသမီးများကို ဗီတာမင်-ဒီ ဖြည့်စွက်ပေးလိုက်လျှင် ရာသီလာလျှင် နာကျင်ကိုက်ခဲမှုများကိုပါ သက်သာစေကြောင်း တွေ့ရပါသည်။



#ရာသီလာစဉ်နာကျင်ကိုက်ခဲခြင်း


အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း လျှို့ဝှက်ချက်🤫𝗗𝘆𝘀𝗺𝗲𝗻𝗼𝗿𝗿𝗵𝗲𝗮 ခေါ် အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း...
20/11/2025

အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း လျှို့ဝှက်ချက်🤫

𝗗𝘆𝘀𝗺𝗲𝗻𝗼𝗿𝗿𝗵𝗲𝗮 ခေါ် အမျိုးသမီးများ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းဝေဒနာသည် အမျိုးသမီး
ငယ်များတွင် အဖြစ်အများဆုံးသော မီးယပ်ဆိုင်ရာ ပြဿနာတစ်ခု ဖြစ်ပါသည်။ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းသည် အသက်အန္တရာယ် စိုးရိမ်ရသော ရောဂါတစ်ခု မဟုတ်သော်လည်း အလွန်အနှောင့်အယှက်ပေးသည့် ဝေဒနာတစ်ခုဖြစ်သည်။ နာကျင်ကိုက်ခဲသော နေ့ရက်များတွင် နေထိုင်မကောင်းသဖြင့် ကျောင်းပျက်ခြင်း၊ အလုပ်ပျက်ခြင်းတို့ကို ဖြစ်စေသော အဓိကအကြောင်းအရင်း တစ်ခုလည်း ဖြစ်ပါသည်။ အမျိုးသမီးအများစုမှာ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းအတွက် မိမိဘာသာ အကိုက်အခဲပျောက်ဆေးများ သောက်ပြီး
ဖြေရှင်းကြလေ့ရှိပါသည်။

𝗗𝘆𝘀𝗺𝗲𝗻𝗼𝗿𝗿𝗵𝗲𝗮 ကို အဓိကအားဖြင့်
အမျိုးအစားနှစ်မျိုး ခွဲနိုင်ပါသည်။

(၁) အရင်းခံရောဂါမရှိဘဲ ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗱𝘆𝘀𝗺𝗲𝗻𝗼𝗿𝗿𝗵𝗲𝗮) နှင့်

(၂) အရင်းခံရောဂါတစ်ခုခုကြောင့် ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (𝗦𝗲𝗰𝗼𝗻𝗱𝗮𝗿𝘆 𝗱𝘆𝘀𝗺𝗲𝗻𝗼𝗿𝗿𝗵𝗲𝗮)

အရင်းခံရောဂါမရှိဘဲ ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း (𝗣𝗿𝗶𝗺𝗮𝗿𝘆 𝗱𝘆𝘀𝗺𝗲𝗻𝗼𝗿𝗿𝗵𝗲𝗮)
လက္ခဏာများမှာ…

🔸 အပျိုစဖြစ်ပြီး ၆ လခန့်အတွင်း စတင်ဖြစ်ပွားတတ်ပါသည်။

🔸 ရာသီမလာမီ နာရီပိုင်းအလိုမှ စတင်ဖြစ်ပွားတတ်ပြီး ရာသီရပ်ချိန်တွင် ပျောက်ကင်းသွားတတ်ပါသည်။ အများအားဖြင့် ၂ ရက် - ၃ ရက်ခန့် ခံစားရနိုင်ပါသည်။

🔸 ဗိုက်အောင့်သည့် ပုံစံမှာ တလိတ်လိတ် တက်လာလိုက်၊ ပြန်သက်သာသွားလိုက် ဖြစ်တတ်ပါသည်။ ကလေးမွေးခါနီး ဗိုက်နာပုံနှင့် ဆင်တူပါသည်။ နောက်ကွယ်တွင် ဆက်တိုက် အောင့်နေနိုင်ပါသေးသည်။ ဗိုက်အောက်ပိုင်းနှင့် ခါးတစ်ဝိုက်တွင် ကိုက်ခဲတတ်ပြီး နာကျင်မှုသည် ကျောဘက်နှင့် ပေါင်အနီးတစ်ဝိုက်သို့လည်း ရောက်ရှိနိုင်ပါသည်။

🔸 အထက်ပါ လက္ခဏာများအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ မျက်နှာနီရဲခြင်းနှင့် ဝမ်းပျက်ခြင်းတို့ကိုလည်း ခံစားရတတ်ပါသည်။

🔸 အပျိုဖြစ်ပြီး ၃ - ၄ နှစ်အတွင်း အဖြစ်အများဆုံးဖြစ်ပြီး အပျိုဖြစ်ပြီးသည့် အမျိုးသမီး ၅၀% ခန့်အထိ ခံစားကြရလေ့ရှိပါသည်။

🔸 အပျိုစောစောဖြစ်သူများ (အသက် ၁၂ နှစ်အောက်မှာ အပျိုစဖြစ်သူများ)၊ ကလေးမရှိသူများ၊ ရာသီလာစဉ် သွေးဆင်းများသူများနှင့် ရက်ကြာတတ်သူများ၊ ဆေးလိပ်သောက်သူများ၊ အဝလွန်သူများနှင့် မိသားစုအတွင်း (အမေ၊ အဖွား စသည်တို့တွင်) ရာသီလာစဉ် နာကျင်မှုခံစားရသူ ရှိသူများတွင် အဖြစ်များတာကို တွေ့ရပါသည်။

အရင်းခံရောဂါမရှိဘဲ ဖြစ်ရသော ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်း ဘာ့ကြောင့်ဖြစ်ရတာလဲ❓❓

အဓိကအကြောင်းရင်းမှာ ပရိုစတာဂလင်ဒင်
Prostaglandin Hormone ကြောင့်ဖြစ်ပါသည်။
ထိုဟော်မုန်းဟာ သားအိမ်ရှိကြွက်သားများကို
ကျုံ့စေ/ညှစ်စေပါသည်။ ထို့ကြောင့် နာကျင်ခြင်းဝေဒနာကို ခံစားရခြင်းဖြစ်ပါသည်။




လက်ရှိအလှူငွေစာရင်းပါဗျ ✅(8.6.24) မနက်ဖြန် အင်းလေးကို ကျွန်တော့်မိတ်ဆွေ အဖွဲ့တစ်ဖွဲ့ နဲ့ ၂ဖွဲ့ပေါင်းပြီးကိုယ်တိုင် သွားရ...
07/04/2025

လက်ရှိအလှူငွေစာရင်းပါဗျ ✅

(8.6.24) မနက်ဖြန် အင်းလေးကို

ကျွန်တော့်မိတ်ဆွေ အဖွဲ့တစ်ဖွဲ့ နဲ့ ၂ဖွဲ့ပေါင်းပြီး

ကိုယ်တိုင် သွားရောက် လှူဒါန်းမှာ ဖြစ်တဲ့အတွက်

ယနေ့ည နောက်ဆုံးထားပီး လှူဒါန်းနိုင်ပါတယ်ဗျ🙏

#ရှမ်းဒေဝီတိုင်းရင်းဆေးတိုက်(တောင်ကြီး)

ရေဘေး၊စစ်ဘေးရှောင် တွေတုန်းကတော့ ကိုယ်တတ်နိုင်သလောက်ပဲ ကိုယ်လှူလိုက်ပါတယ်။ဒီတကြိမ်မှာကတော့ ထိခိုက်ဆုံးရှုံးမှုတွေကအင်မတန...
02/04/2025

ရေဘေး၊စစ်ဘေးရှောင် တွေတုန်းကတော့
ကိုယ်တတ်နိုင်သလောက်ပဲ ကိုယ်လှူလိုက်ပါတယ်။
ဒီတကြိမ်မှာကတော့ ထိခိုက်ဆုံးရှုံးမှုတွေက
အင်မတန်များလို့ အများအားနဲ့ ပိုမိုအားဖြည့်
ကူညီချင်လို့ပါခင်ဗျ။

ကျွန်တော်တို့ ရှမ်းဒေဝီတိုင်းရင်းဆေးတိုက်
မိသားစုမှ အလှူငွေ(၁၀)သိန်း မတည်ထားပါတယ်ဗျ။အလှူဒါနပြုချင်တဲ့ ကျွန်တော်နဲ့ နီးစပ်ရာ
ဆရာ၊ဆရာမ မိတ်ဆွေ၊သူငယ်ချင်းများကိုလည်း
အလှူခံပါတယ်ဗျ။🙏

ကျွန်တော်တို့ ဒီ(၂)နေရာကို အဓိကထား
လှူဒါန်းပေးသွားပါမယ်ဗျ။

၁။အင်းလေးဒေသကို လိုအပ်တဲ့
ပစ္စည်းတွေဝယ်ပြီး ကိုယ်တိုင်သွားလှူပါမယ်။

၂။စစ်ကိုင်းမြို့က သီလရှင်ကျောင်းတွေမှာ အစားအသောက်၊ရေတွေ ရရှိပြီးဖြစ်ပင်မဲ့
ပြန်လည်တည်ဆောက်ရေးအတွက် ဝတ္ထုငွေ
လိုအပ်နေကြောင်း သိရှိရလို့ တောင်ကြီးမြို့က သီလရှင်အချိတ်အဆက်နဲ့ ဝတ္ထုငွေလှူပါမယ်။

၃။တိုင်းရင်းဆေးရပ်ဝန်းကို လှူဒါန်းပေးသွားပါမယ်ဗျ

အင်တာနက်အခက်အခဲကြောင့် Viber
ကနေတဆင့် ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။

ဆက်သွယ်ရန်ဖုန်း
09978124080 / 09407858628

#ရှမ်းဒေဝီတိုင်းရင်းဆေးတိုက်(တောင်ကြီး)

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Shan DeVi - ရှမ်းဒေဝီ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share