Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း

  • Home
  • Myanmar
  • Taunggyi
  • Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း

Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း, Vitamin Supplement Shop, Taunggyi.

မနက်ဖြန် (9.7.2025) ဝါဆိုလပြည့်နေ့ ဆိုင်(1)ရက်ပိတ်ပါသည်ရှင့်
08/07/2025

မနက်ဖြန် (9.7.2025) ဝါဆိုလပြည့်နေ့ ဆိုင်(1)ရက်ပိတ်ပါသည်ရှင့်

အသက်(50)အထက်အမျိုးသား အမျိုးသမီးတွေအတွက် (USA) Centrum Silver Men ,Women Tablets အားဆေး အသစ်ထပ်ရောက်ထားပါတယ်ရှင့်အမျိုးသ...
03/07/2025

အသက်(50)အထက်အမျိုးသား အမျိုးသမီးတွေအတွက် (USA) Centrum Silver Men ,Women Tablets အားဆေး အသစ်ထပ်ရောက်ထားပါတယ်ရှင့်

အမျိုးသား /အမျိုးသမီးတွေအသက်ကြီးလာနဲ့အမျှ အရိုးကြံ့ခိုင်အောင်ကူညီပေးတဲ့ Calciumနဲ့ VitaminD ကြွယ်၀စွာပါ၀င်တဲ့အပြင် အခြား ဗီတာမင်နဲ့ သတ္ထုများစွာပါ၀င်တဲ့အတွက် နှလုံး၊ဦးနှောက်၊မျက်စိနဲ့အရိုးအဆစ်တွေသန်မာစေဖို့နေ့စဉ်လိုအပ်တဲ့ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုပေးပါတယ်ရှင့်

မျက်စိမှုန်ခြင်း ၊မျက်စိအားနည်းခြင်းအတွက်ပါအထူးကောင်းမွန်ပါတယ်ရှင့်

သွေးအားနည်းခြင်းမှကာကွယ်ပေးသလို နှလုံး ၊အရိုးဆစ်၊ကြွက်သားတွေအတွက်ပါ ကျန်းမာကြံ့ခိုင်သန်စွမ်းစေလို့ အဓိကဆောင်ထားသင့်တဲ့အားဆေးလေးပါရှင်

23/06/2025
(၂၀၂၅)ခုနှစ်၊ ဧပြီလ သင်္ကြန်အကြိုနေ့  (13-4-2025)နေ့မှ နှစ်ဆန်း(၁)ရက် (17-4-2025) ရက်နေ့သည် သင်္ကြန်တွင်း ဆိုင်ပိတ်ရက်ဖြ...
11/04/2025

(၂၀၂၅)ခုနှစ်၊ ဧပြီလ သင်္ကြန်အကြိုနေ့ (13-4-2025)နေ့မှ နှစ်ဆန်း(၁)ရက် (17-4-2025) ရက်နေ့သည် သင်္ကြန်တွင်း ဆိုင်ပိတ်ရက်ဖြစ်ပါကြောင်း ကြိုတင်အသိပေး ကြေညာအပ်ပါတယ်ရှင်။
အားလုံးကျန်းမာချမ်းသာပီး ဘေးအန္တရာယ်ကင်းပါစေကြောင်းဆုတောင်းမေတ္တာပို့သပါသည်ရှင့် 🙏🙏🙏


29/03/2025

ပြည်သူပြည်သားများအားလုံး အသက်အန္တရာယ်ကင်းကာ လွတ်မြောက်ကြပါစေလို့ တောင်းဆုပြုပါတယ်။

ငလျင်ဖြစ်ပြီးနောက် အဆောက်အဦတွင် ဖြစ်ပေါ်တတ်သောအက်ကြောင်းများ နဲ့ ပတ်သက်လို့ ပြည်သူပြည်သားများ သတိထားနိုင်စေဖို့ တင်ပေးလိုက်ပါတယ်နော်။

၁။ ဒေါင်လိုက်အက်ကွဲကြောင်း ( )

ငလျင်ရွေ့လျားမှုကြောင့် အဆောက်အဦအတွင်း တစ်စိတ်တစ်ပိုင်း မြေကျွံခြင်း၊ တည်ဆောက်မှုအားနည်းမှုများကြောင့် ဖြစ်ပေါ်နိုင်သည်။ အခြေအနေမဆိုးလျှင် ပြုပြင်နိုင်သော်လည်း တည်ဆောက်မှုကို ထိခိုက်စေနိုင်သောကြောင့် စောင့်ကြည့်ရမည်။

၂။ အလျားလိုက်အက်ကွဲကြောင်း ( )

ငလျင်ကြောင့် အဆောက်အဦအတွင်း ထိခိုက်သွားလျှင် အလျားလိုက်အက်ကွဲကြောင်းများ ဖြစ်နိုင်သည်။ ၎င်းအက်ကွဲကြောင်းများသည် အဆောက်အဦ၏ တည်ရှိနိုင်မှု ( ) ကို ထိခိုက်နိုင်သောကြောင့် အရေးပေါ် ပြုပြင်မှု လိုအပ်နိုင်သည်။

၃။ ထောင့်ဖြတ်အက်ကွဲကြောင်း ( )

အိမ်သစ်၊ အဆောက်အဦသစ်များတွင် ငလျင်တုန်ခါမှုများကြောင့် ထောင့်ဖြတ်အက်ကွဲကြောင်း ဖြစ်နိုင်သည်။ ၎င်းတို့သည် တည်ရှိနိုင်မှုအပေါ် သက်ရောက်မှုရှိနိုင်သောကြောင့် ပြုပြင်မှု လိုအပ်နိုင်သည်။
၄။ လှေကားထစ်ပုံစံအက်ကွဲကြောင်း( - )

အုတ်နံရံများတွင် ငလျင်ဖြစ်ပြီးနောက် လှေကားထစ်ပုံစံဖြင့် အက်ကွဲကြောင်းများ ဖြစ်နိုင်သည်။ထိုအက်ကွဲကြောင်းများသည် အဆောက်အဦအား ထိခိုက်နိုင်သဖြင့် ဆောက်လုပ်ရေး ကျွမ်းကျင်သူများမှ စစ်ဆေးသင့်သည်။

၅။ အလွန်ကျယ်သော အက်ကွဲကြောင်းများ ( )

ငလျင်လှုပ်ရှားမှုကြောင့် နံရံများ ပွင့်ပြီး ကြီးမားသော အက်ကွဲကြောင်းများ ဖြစ်နိုင်သည်။၎င်းတို့သည် အဆောက်အဦ ပြိုကျနိုင်မှုကို ဖော်ပြနိုင်သဖြင့် ချက်ချင်းပြုပြင်ရန် လိုအပ်သည်။

၆။ ဖောင်ဒေးရှင်း အက်ကွဲကြောင်းများ ( )

မြေအောက် အဆောက်အဦ တည်မြဲမှုအားနည်းလာခြင်းကြောင့် ငလျင်ကြောင့် အောက်ခံဖောင်ဒေးရှင်း ထိခိုက်မှုဖြစ်နိုင်သည်။ အောက်ခံဖောင်ဒေးရှင်းကျိုးသွားခြင်းများကြောင့် အဆောက်အဦ ပြိုကျနိုင်သောကြောင့် လျင်မြန်စွာ ပြုပြင်ရမည်။

မူရင်းရေးသားသူကို ပေးပါတယ်ရှင်။

#ငလျင်

10/03/2025

#ခေါင်းတစ်ခြမ်းက_သေလောက်အောင်ကိုက်တယ်
#မျက်နှာပါအမ်းနေတယ်
#ရင်ခေါင်းတောင့်လွန်းလို့_လက်ထိုးပြီးသွားသွားအန်ရတယ်

🤕
#ခေါင်းတစ်ခြမ်းကိုက်တဲ့_ဝေဒနာပါ

🙏🙏🙏

ရောဂါ သဘောသဘာဝအကြောင်းသေသေချာချာနားလည်စေချင်တဲ့ အတွက် မိမိရဲ့ *အသိပညာ၊ *အတွေ့အကြုံများအပြင် သုတေသန *စာတမ်းများပါ ဖတ်၍ အပြည့်အစုံ ရေးသားထားသောကြောင့် စာက အတော့ကို ရှည်သွားပါတယ်

အချိန်ပေးပြီး သေသေချာချာ ဖတ်ပြီးရင်တော့ Migraine (ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူများအတွက်) အကျိုးရစေမှာ သေချာပါတယ်

🙏🙏🙏

------

ရောဂါအကြောင်းမစ ခင် သိထားရမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ် အကြောင်း အရင်ရှင်းပြချင်ပါတယ်။

နည်းနည်းတော့ ရှုပ်ပါတယ်၊ သေချာနားလည်ရင်တော့ ဘာလို့ ခေါင်း အဲ့လောက် ကိုက်ရတာလဲ နားလည် သွားကြမယ် လို့ ယူဆပါတယ်

#ပထမတစ်ခုက

အာရုံကြော အဖွဲ့အစည်းပါ
ကျွန်တော်တို့ ခံစားတာကို သိဖို့ အရေပြားမှာ
(a.) #အာရုံခံတဲ့နေရာတွေရှိပါတယ်၊ (ပူတယ်/အေးတယ်)၊ ထိတယ်၊ နာတယ်ပေါ့)
အဲ့ဒီအာရုံတွေကို ဦးနှောက်ဆီကို သယ်သွားပေးမယ့် (b.) #အာရုံကြောတွေရှိပါတယ်
ဦးနှောက်ကနေ အဲ့ဒါက ပူတာ၊ အဲ့ဒါက အေးတာ၊ အဲ့ဒါကတော့ နာတာ ဆိုပြီး (c.) #ဆုံးဖြတ်ပေးတဲ့နေရာရှိပါတယ်

အဲ့ဒီ (a) (b) (c) သုံးခုပေါင်းပြီးမှ #အာရုံတွေကို ခံစားပါတယ်
အဲ့ဒီက မှ ဦးနှောက်ကနေ ပူရင်ဘာလုပ်လိုက်၊ အေးရင်ဘာလုပ်လိုက်၊ နာရင်ဘာလုပ်လိုက် ဆိုပြီး (d.) #တုံ့ပြန်ပါတယ်။

အဲ့ဒီအာရုံကြောအဖွဲ့အစည်းအများကြီးထဲကမှ

ဦးခေါင်း + လည်ပင်းပိုင်းနဲ့ သက်ဆိုင်တာက Trigerminal/Cervical Pain system ပါ။

(( ဥပမာပြောရရင် ပါးရိုက်ခံလိုက်ရတယ်၊ ခေါင်းခေါက်ခံ လိုက်ရတယ် ဆိုပါတော့ 😁
သမခံလိုက်ရတာကို (a.) ကသိပါတယ်
အဲ့ဒီ Information ကို (b.) ကသယ်သွားပါတယ်
ငါတော့ အကျွေးခံရလိုက်ရပြီဆိုပြီး (c.) ကနေ သိပြီး နာလိုက်တာ ဆိုပြီး ဖြစ်သွားပါတယ်။
နာတာသိသွားရင် ဦးနှောက်တွင်းက ဌာနတွေ ချိတ်ဆက်ပြီးတော့ (အမေခေါက်တာ၊ ကောင်မလေးရိုက်တာဆိုရင်) (d.) အနေနဲ့က 😬 ငြိမ်ခံလိုက် ဆိုတဲ့ တုံ့ပြန်မှု ပြန်လုပ်ပါလိမ့်မယ် ))

#ဒုတိယတစ်ခုက

ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ အကြောင်းကြောင်းကြောင့် သွေးကြောတွေကျဉ်းသွားခဲ့ရင် (အဲ့ဒီသွေးကြောက ထောက်ပံ့ပေးနေတဲ့ cells တွေ Oxygen နဲ့ အဟာရအရနည်းသွားတဲ့ အတွက်) Vasodilator ဆိုတဲ့ သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်းတွေကို ခန္ဓာကိုယ်က ထုတ်လိုက်ပါတယ်။

အဲ့ဒီ ဓာတ်ပစ္စည်းတွေ ထဲမှာ *Serotonin ဆိုတဲ့ ဓာတ်ပစ္စည်းတစ်မျိုးလည်း အပါအဝင်ဖြစ်ပါတယ်။

Vasodilator တွေ ထွက်လာရင် သွေးကြောက ပြန်ကျယ်သွားတဲ့ အတွက် Cells တွေက Oxygen နဲ့ အဟာရတွေ ပြန်ရသွားပါတယ်။

ဒါပေမယ့် အဲ့ဒီ Vasodilator (သွေးကြောကျယ်စေတဲ့ ဓာတ်ပစ္စည်း) ခန္ဓာကိုယ်က အလွန်အမင်း တုံ့ပြန် တဲ့ အခါ 👉👉👉 သွေးကြောက အချိန်ကြာမြင့်စွာ ကျယ်နေတဲ့ အတွက် သူထောက်ပံ့ထားတဲ့ နေရာကို သွေးပမာဏများစွာ ရောက်ရှိသွားပါတယ်

သွေးရောက်တာ နည်းရင် မကောင်း သလို၊ သွေးရောက်တာ တရားလွန် များရင်လည်း အဲ့နေရာမှာ သွေးပေါင်တွေ တက်လာတတ်ပါတယ်။

👉👉👉

အဲ့လိုသဘောပါ နည်းနည်းနားလည် ပြီဆိုရင် ရှေ့ဆက်ပါမယ်

>>>>>>>>>>

Urgent # # #ရွှေဆေးဆေးဆိုင်(တောင်ကြီးမြို့တွင်)ဆေးအရောင်းကျွမ်းကျင်ဝန်ထမ်းအမြန်အလိုရှိပါသည်။ဆေးအရောင်းဝန်ထမ်း မ(2)ဦး1. ပ...
10/11/2024

Urgent # # #
ရွှေဆေးဆေးဆိုင်(တောင်ကြီးမြို့တွင်)ဆေးအရောင်းကျွမ်းကျင်ဝန်ထမ်းအမြန်အလိုရှိပါသည်။

ဆေးအရောင်းဝန်ထမ်း မ(2)ဦး
1. ပညာအရည်အချင်း
၁၀တန်းအောင် (သို့) ဘွဲ့ရ
2. ဆေးရောင်းအတွေ့အကြုံရှိသူဦးစားပေးမည်
3. ကျန်းမာရေးကောင်မွန်ပီး ဆေးအရောင်းအဝယ်ကို အမှန်တကယ်စိတ်ပါဝင်စားသူဖြစ်ရပါမည်

CV form
Passport ဓာတ်ပုံ
မှတ်ပုံတင် မိတ္တူ
အိမ်ထောင်စု စာရင်းမိတ္တူနှင့်အတူ
လူကိုယ်တိုင် (သို့) Viberမှတဆင့် လာရောက်လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
09-428317524 (viber)
09-794560731

06/07/2024

အရေးပေါ်သတိပေးချက်

ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

#အားလုံး_ကျန်းမာ၊ချမ်းသာ၊ဘေးကင်းကြပါစေ🙏

03/07/2024

သွေးလွန်တုပ်ကွေး အသစ် အထူး ဂရုစိုက်ကြပါ

ဖျားပီး ၃ ရက်မြောက်မှာ သွေးစစ်ကို စစ်ပါ

အခု ဖြစ်နေတဲ့ သွေးလွန်တုပ်ကွေးက
အရင်ဖြစ်နေတာနဲ့ မတူဘူးနော် ...
အဖျားတောက်လျောက်တက်ပီး ၃ ရက်မြောက်မှာ
ကိုယ်ပူကျသလို ဖြစ်ပီး လန်းလာတယ် ...
ပီး တကိုယ်လုံးအေးစက်လာပီး ...
Pressure , Oxygen , Platelet Count တွေ ကျ
၅ ရက်မြောက်နဲ့ ၇ ရက်မြောက်အထိ အသက်လုရတယ်
အရည်တွေ ဝင်အောင် တိုက်ရတယ် ...
( ကြက်ကြမ်း စွပ်ပြုတ် ( အချိုမှုန့်မပါရ ရေဓာတ်ခမ်းတာဖြစ်လို့ အချိုမှုန့်က ရေဓာတ်ကို စုပ်ယူလို့ပါ ) / အုန်းစိမ်းရည် / အိုဗာဖြူ / ငုံးဥ / ကြက်ဥ / အမဲစွပ်ပြုတ် )
အစာမဝင်ရင် လက္ခဏာတွေ သတိမထားမိရင်
Expired ဖြစ်သွားကြပါတယ် ....
၈ ရက်နဲ့ ၉ ရက်တွေက Platelet count ပြန်တက်စေတဲ့ရက်တွေပါ ဒီအထိ တောင့်ခံထားနိုင်ရင် ဒီပိုးကို တိုက်ထုတ်နိုင်ပါပီ ...
အခု ကလေးတွေ အများကြီး ဖြစ်နေကြတယ် ....
မိနစ် ၂၀ တခါ Pressure ကျပါတယ် အမြဲတိုင်း နေရပါမယ် နော် ...

သွေးလွန်တုပ်ကွေးခြင် က ရောဂါရှိသူကို ကိုက်ပီး
ကူးစက်ခံရသူကို ကိုက်လိုက်တာနဲ့ ...၁၀ ရက်အတွင်း
Virus ပေါက်ဖွားတာ အဖျားတက်စေပါတယ် ...
103-104 မကျ ပါ ...ကယောင်ကတမ်းပြောပါတယ် ...
Hess test မှာ တချို့ မပေါ်ပါ သွေးစစ်မှ ပေါ်ပါတယ် ...
ကိုယ့်ရဲ့ မြို့ ပတ်ဝန်းကျင်မှာ ရောဂါကူးစက်ခံရသူ ရှိရင်
သင့်တို့လဲ ကူးစက်နိုင်ပါတယ် ...
မပေ့ါ့ဆကြပါနဲ့

🙏ဆေးခန်း အချိန်မှီ မရောက်နိုင်တဲ့ ကလေးတွေ Expired ဖြစ်တာ များနေပါတယ် 🙏

🙏ပြန်ကူးတင်ကြပါ 🙏

Crd
#သွေးလွန်တုပ်ကွေး

10/02/2024

🐲🐉 GONG XI FA CAI 2024 🐉🐲

㊗您တရုပ်နှစ်ကူး ဆုတောင်း ပေးလိုက်ပါတယ်။
㊗️㊗️㊗️ ㊗️㊗️㊗️ ㊗️㊗️㊗️ ㊗️㊗️㊗️ ㊗️㊗️㊗️❤️❤️

1. 恭喜发财 (gōng xǐ fā cái)
ဥစ္စာဓနတိုးတတ်ကြပါစေ။

2. 财源广进 (cái yuán guǎng jìn)
တိုးတက်ကြီးပွားပါစေ။

3. 新年快乐(xīn nián kuài lè)
နှစ်သစ်မှာပျော်ရွှင်ပါစေ။

4. 金玉滿堂 (jīn yù mǎn táng)
ရွှေငွေရတနာများဖြင့်ပြည့်စုံပါစေ။

5. 一本萬利 (yī běn wàn lì)
သေးငယ်သောလုပ်ငန်းမှ ကြီးမားသောအမြတ်အစွန်းရပါစေ။

6. 招財進寶 (zhāo cái jìn bǎo)
ဥစ္စာဓနနှင့်ရွှေငွေများစွာရှာဖွေနိုင်ပါစေ။

7. 財源滾滾 (cái yuán gǔn gǔn)
ဥစ္စာဓနများ၀င်လာမစဲဖြစ်ပါစေ။

8. 大吉大利 (dà jí dà lì)
ကျက်သရေမင်္ဂလာလိုအင်ဆန္ဒများပြည့်စုံပါစေ။

9. 年年有餘 (nián nián yǒu yú)
နှစ်စဉ်နှစ်တိုင်းလုပ်သမျှအဆင်ပြေပါစေ။

10. 事业发达 (shì yè fā dá)
လုပ်ငန်းများအဆင်ပြေပါစေ။

11. 升官发财 (shēng guān fā cái)
ရာထူးတိုး လစာများတိုးပါစေ။

12. 生意兴隆 (shēng yì xīng lóng)
လုပ်ငန်းများအဆင်ပြေပါစေ။

13. 學業進步 (xué yè jìn bù)
ပညာရေးတိုးတက်အောင်မြင်ပါစေ။

14. 步步高升 (bù bù gāo shēng)
ခြေလှမ်းတိုင်းအောင်မြင်မှုရပါစေ။

15. 新年進步 (xīn nián jìn bù)
နှစ်သစ်မှာကံကောင်းခြင်းတွေဆောင်ယူနိုင်ပါစေ။

16. 心想事成 (xīn xiǎng shì chéng)
ရည်မှန်းချက်များအောင်မြင်ပါစေ။

17. 万事如意 (wàn shì rú yì)
အရာရာတိုင်းအောင်မြင်ပါစေ။

18. 笑口常開 (xiào kǒu cháng kāi)
အမြဲပြုံးပျော်ရွှင်ပါစေ။

19. 五福臨門 (wǔ fú lín mén)
ကံကောင်းခြင်းငါးပါးနှင့်ပြည့်စုံပါစေ။

20. 身体健康 (shēn tǐ jiàn kāng)
ကျန်းမာပါစေ။

21. 竹報平安 (zhú bào píng ān)
ကောင်းသတင်းများကြားရပါစေ။

22. 福壽雙全 (fú shòu shuāng quán)
အသက်ရှည်ခြင်းနှင့်ကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံပါစေ။

23. 岁岁平安 (suì suì píng ān)
အသက်ရွယ်တိုင်းအေးချမ်းစွာနေနိုင်ပါစေ။

24. 马到成功 ( Mǎ dào chéng gōng)
ချက်ချင်းလုပ် ချက်ချင်းအောင်မြင်ပါစေ။

25.一帆风顺 (Yīfān fēngshùn)
ဘဝချောမွေ့ပါစေ။

26. 阖家幸福 (Héjiā xìngfú)
မိသားစုအားလုံးပျော်ရွှင်ပါစေ💗💗💷💷 🐉🐲
ဆုတောင်းအားလုံးပြည့်စုံကြပါစေ❤️❤️❤️❤️

Lil Critters Gummies (မြန်မာနိုင်ငံ FDA ထောက်ခံချက် ရရှိပြီး)Lil Critters Gummies လေးတွေက - သဘာဝအသီးစစ်စစ် အရသာလေးနဲ့ ထု...
18/11/2023

Lil Critters Gummies
(မြန်မာနိုင်ငံ FDA ထောက်ခံချက် ရရှိပြီး)

Lil Critters Gummies လေးတွေက
- သဘာဝအသီးစစ်စစ် အရသာလေးနဲ့ ထုတ်လုပ်ထားပါတယ်
- ဓာတုဆိုးဆေးတွေ၊ ဆေးသကြားတွေ၊ ဂလူတန် နဲ့ နို့ထွက်ပစ္စည်းတွေ လုံးဝမပါဝင်ပါဘူးနော်
- အချိုလွန်ကဲတာတွေလည်း မရှိပါဘူးရှင့်
- ဝက်ဝံပုံစံလေးနဲ့ ထုတ်ထားပြီး အရသာလည်းကောင်း၊ ဝါးစားလို့လည်းရတော့ ကလေးလေးတွေအတွက် အရမ်းအဆင်ပြေပါတယ်နော်
- Omega 3, Immune C နဲ့ Gummy Vites ဆိုပြီး ၃မျိုးရှိပါတယ်ရှင့် 🙆

Lil Critters Omega 3
- ဦးနှောက်ကို ပုံမှန်ဖွံ့ဖြိုးစေပြီးတော့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်
- မှတ်ဉာဏ်နဲ့ အာရုံစူးစိုက်မှုကိုလည်း ပိုကောင်းစေပါတယ်
- အမြင်အာရုံကိုလည်း အားကောင်းစေပါတယ်
- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ Vitamin C လည်း ပေါင်းထားပါတယ်နော်

Lil Critters Immune C
- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ Vitamin C ပါလို့ အအေးမိဖျားနာတာတွေကို ကာကွယ်ပေးပါတယ်
- Vitamin D က အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေပါတယ်
- ခုခံအားကို ပိုကောင်းစေတဲ့ Zinc လည်း ပါ ပါတယ်နော်

Lil Critters Gummy Vites
- Gummy Vites က ကလေးလေးတွေ တစ်နေ့တာလိုအပ်တဲ့ Multivitamin တွေ အကုန်ပေါင်းစပ်ထားတဲ့ Gummy Bear လေးပါနော်
- ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီးတော့ အအေးမိတာ၊ နှာစေးတာတွေကို ကာကွယ်ပေးပါတယ်
- အမြင်အာရုံကို ပိုကောင်းစေပါတယ်
- အရိုး နဲ့ သွားတွေကို သန်မာစေပါတယ်
- ခန္ဓာကိုယ်ထဲမှာ ဆဲလ်ပျက်ဆီးတာကို ကာကွယ်ပေးပါတယ်
- အရေပြား၊ လက်သည်း၊ ခြေသည်း နဲ့ ဆံပင်တွေကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်နော်

အသက် ၂-၃ နှစ် တစ်နေ့ ၁လုံး
အသက် ၄ နှစ် နှင့် အထက် တစ်နေ့ ၂လုံး တိုက်ကျွေးလို့ရပါတယ်ရှင့်

Health Tips "အိပ်စက်ချိန် လုံလောက်မှု နှင့် အရိုးကျန်းမာရေး"ကျွန်မတို့ရဲ့ အရိုးတွေဟာ ငယ်စဉ်ကတည်းက အိုမင်းတဲ့အရွယ်အထိ အဟေ...
17/11/2023

Health Tips

"အိပ်စက်ချိန် လုံလောက်မှု နှင့် အရိုးကျန်းမာရေး"

ကျွန်မတို့ရဲ့ အရိုးတွေဟာ ငယ်စဉ်ကတည်းက အိုမင်းတဲ့အရွယ်အထိ အဟောင်းနဲ့အသစ် အမြဲလိုလိုလဲနေရပါတယ်။

ဒီလို အဟောင်းနေရာမှာ အသစ် အဓိက ပြုပြင်ပေးနေတဲ့အချိန်ကတော့ ညဘက်အိပ်စက်ချိန်ပဲဖြစ်ပါတယ်။

ကျန်းမာရေးသုတေသီ ပညာရှင်တွေ လေ့လာချက်အရ

အရိုး cells ဖြစ်တဲ့ "Osteocytes" တွေဟာ ခန္ဓာကိုယ်တွင်းရှိ "Calcium" ပမာဏကို ထိန်းညှိပေးခြင်း၊ အင်မတန် သေးငယ်သော အရိုးအက်ကွဲမှုများကို ပြုပြင်ပေးခြင်း စသည်တို့ကို ညဘက်အိပ်စက်ချိန်မှစ၍ မနက်ခင်းအစောပိုင်းအချိန်အတွင်းမှာ ပြုလုပ်တယ်လို့ ဆိုထားပါတယ်။

ဒါကြောင့် လူတစ်ယောက် ညဘက်မှာ အိပ်စက်ချိန် အနည်းဆုံး ၇ နာရီ ၈နာရီခန့် ရှိဖို့ အရိုးဆရာဝန်တွေက သတိပေးနေတာဖြစ်ပါတယ်။

ဒီလို ညဘက်အိပ်စက်ချိန်မှာ ပြုပြင်ဖို့ ပုံစံချထားတဲ့ ခန္ဓာကိုယ်ဟာ လုံလောက်တဲ့ အိပ်စက်ချိန်မရတဲ့အခါ

အိပ်စက်ချိန် မလုံလောက်ခြင်းက "Cortisol" ခေါ် Stress ဟော််မုန်းများကို များလာစေပါတယ်။

ဒီဟော်မုန်းတွေများလာခြင်းကို ခန္ဓာကိုယ်က ပြန်ထိန်းတဲ့အနေနဲ့ အရိုးတွေကနေ Calcium နဲ့ Mineral သတ္တုဓာတ်များကို ပြန်စုပ်ယူခြင်း ပြုလုပ်ပါတယ်။

ရလဒ်အနေနဲ့ အရိုးတွေ ပါးလွှာစေနိုင်ပါတယ်။

Medical College of Wisconsin ကပြုလုပ်ထားတဲ့ သုတေသနစာတမ်းအရ ရေရှည်အိပ်စက်ချိန် မပြည့်ဝခြင်းက လှုပ်ရှားမှုနှင့် ကျိုးကြေခြင်းကိုကာကွယ်ပေးသော အရိုး Cells များ၊ ရိုးတွင်းခြင်ဆီများ ဖွံ့ဖြိုးမှုကို ရပ်တန့်စေနိုင်ပါတယ်တဲ့။

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုတွေ ပိုများစေပြီး အရိုးအဆစ်ကြား နာကျင်မှုကို ပုံမှန်ထက် ပိုခံစားရစေပါတယ်။

အသက်အရွယ်ကြီးရင့်လာတဲ့အခါ ခန္ဓာကိုယ်က Melatonin ထုတ်လုပ်မှုနည်းလာပါတယ်။

Melatonin ဟာ နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့အတွက် ကူညီပေးရုံသာမက အရိုးတည်ဆောက်မှုဖြစ်စေဖို့အတွက်ပါလှုံ့ဆော်ပေးပါတယ်။

ရလဒ်အရ အသက်ကြီးလာလေလေ နှစ်ခြိက်စွာအိပ်ပျော်ဖို့ ခက်လေလေဖြစ်သလို အရိုးတည်ဆောက်ပြုပြင်မှုလည်း လျော့ကျလေလေဖြစ်လာပါတယ်။

အထူးသဖြင့် သွေးဆုံးပြီးအမျိုးသမီးတွေမှာ ပိုသိသိသာသာတွေ့ရပါတယ်။

ဒီအချက်တွေကို ကြည့်ခြင်းအားဖြင့် အိပ်စက်ချိန် လုံလောက်မှုရှိဖို့ဟာ ကြံ့ခိုင်တဲ့အရိုးပိုင်ဆိုင်စေဖို့အတွက် လွန်စွာအရေးကြီးတယ်ဆိုတာ သိနိုင်မှာပါ။

ဒါကြောင့် လူတိုင်း အထူးသဖြင့် အသက်ကြီး အရိုးပါးလာတဲ့ လူကြီးတွေအနေနဲ့ နှစ်ခြိုက်စွာအိပ်ပျော်ဖို့

နေ့စဉ် အိပ်စက်ချိန်၊ နိုးထချိန် ပုံမှန်ထားရှိပေးခြင်း။

မအိပ်ခင် စိတ်တည်ငြိမ်စေတဲ့ ဆေးဖက်ဝင် သဘာဝ "Chamomile tea" လိုမျိုးသောက်သုံးပေးခြင်း။

ဖုန်း၊ တီဗီ တို့လို Screen များသုံးစွဲခြင်း ကို အိပ်စက်ချိန်မတိုင်မီ အနည်းဆုံး တစ်နာရီခြားအလိုမှာ ရပ်တန့်ပေးခြင်း။

အိပ်စက်တဲ့နေရာကို တိတ်ဆိတ်အေးမြမှု ရှိနေအောင်ဂရုစိုက်ပေးခြင်း။

လိုအပ်ပါက Melatonin ဖြည့်စွက်အားဆေးများ သောက်သုံးပေးခြင်း။

တို့ ပြုလုပ်ပေးပါလို့ ပြောရင်း အဆုံးသတ်လိုက်ပါတယ်။

ကျန်းမာပျော်ရွှင်စွာနဲ့ အသက်ရှည်ရှည်နေနိုင်ကြပါစေ😊

Dr.May

Reference

https://bonejoint.net/blog/how-does-sleep-affect-your-bones/

Vitafusion ဟာ FDA အသိအမှတ်ပြုထောက်ခံချက်ရရှိပြီးလို့ စိတ်ချယုံကြည်စွာသောက်သုံးနိုင်ပါတယ်။

Address

Taunggyi

Telephone

+959775125202

Website

Alerts

Be the first to know and let us send you an email when Shwe Say Pharmacy - ရွှေဆေး ဆေးနှင့် ဆေးပစ္စည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share