လမင်းသာ Nurse Aid Service, Taunggyi

လမင်းသာ Nurse Aid Service, Taunggyi 😷ငွေရဖို့ အလုပ်မလုပ်ပါနဲ့

အလုပ်လုပ်လို့ ငွေရပါစေ🤑

06/10/2025

“ယနေ့ ကျရောက်တဲ့ သီတင်းကျွတ်
လပြည့်နေ့အတွက် ဆုတောင်းလေးကတော့
ဖေဖေနဲ့ မေမေ စိတ်ချမ်းသာ ကိုယ်ကျမ္မာဖို့ရေ
မိမိဆီ ကံကောင်းခြင်းများစွာ ရောက်ရှိလာစေဖို့ရေ
အလုပ်အကိုင်တွေလည်း အဆင်ပြေ၍ မိသားစု အားကိုးရသော သားသမီးတစ်ယောက် ဖြစ်ပါစေလို့
ဆုတောင်းပါတယ် မြန်မာပြည်ကြီးလည်း အမြန်ဆုံး
အေးချမ်းပါစေ က"မ္ဘာ က"မ္ဘာသား အားလုံးလဲ
ကျန်မာ ချမ်းသာကြပါစေ 🙏🙏🙏”
#လမင်းသာnurseaidservice

" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ "(သတိပြုမိစေဖို့ ကော်ပီယူထားသည်)ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့ အပိုင်း (၉) ပိုင်းရှ...
19/09/2025

" ဗိုက်"ဘယ်နေရာက ဘာကြောင့်နာ အောင့်တာလဲ "
(သတိပြုမိစေဖို့ ကော်ပီယူထားသည်)

ဝမ်းဗိုက်နဲ့ ပတ်သက်ပြီးတော့
အပိုင်း (၉) ပိုင်းရှိတယ်။ ပုံပါအတိုင်း။

အပိုင်း (၁)

ဒီအပိုင်းမှာ ဆိုရင်တော့ အသဲ၊ သဲခြေအိတ် နဲ့ အသဲနှင့်ကပ်လျက်
အူမအကွေးပိုင်း ၊ ညာဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် တော့ (Virus) ပိုးအသဲထဲဝင်တာ ကြောင့် အသဲရောင်ခြင်း ၊ ဝမ်းကိုက်ပိုး အသဲထဲရောက်ခြင်း ၊ သည်းခြေအိတ်ရောင်ခြင်း ၊ သည်းခြေလမ်းကြောင်း ရောင်ရမ်းခြင်း ၊ အရက်ကြောင့် အသည်းရောင်ခြင်း ၊ အူမကြီးရောင်ခြင်း ၊ အူပိတ်ခြင်း ၊ အသည်းကင်ဆာ စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၂)

ဒီအပိုင်းမှာ ဆိုရင်တော့ အစာအိမ် ၊ မုန့်ချိုအိတ် ၊ ကန့်လန့်ဖြတ်အူမ ၊ အသဲရဲ့အမွှာနုအပိုင်း တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင်တော့ အစာအိမ် ရောင်ခြင်း ၊ အစာအိမ်အနာ နှင့်အတူ သွေးအန်ခြင်း ၊ သွေးဝမ်းသွားခြင်း ၊ အစာအိမ်ပေါက်ထွက်ခြင်း ၊ အူသိမ်ဦး ပေါက်ထွက်ခြင်း ၊ အစာအိမ်ကင်ဆာဖြစ်ခြင်း ၊ အူသိမ်ပိတ်ခြင်း စတဲ့ လက္ခဏာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၃)

ဒီအပိုင်းမှာ ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး ၊ သရက်ရွက်နှင့်ကပ်လျက်အူမ အကွေးပိုင်း ၊ ဘယ်ဘက် အဆုတ် အောက်ခြေအနား တို့ရှိပါတယ်။

ဒီပိုင်းနဲ့ ပတ်သက်ပြီး အောင့်တယ် ၊ နာတယ်ဆိုရင် သရက်ရွက် (ဝါ) ဘယ်လုံးလုံး စုတ်ပြတ်ဒဏ်ရာ ၊ အူရောင်ခြင်း ၊ အူမကြီးပိတ်ခြင်း ၊ အူမကင်ဆာ ၊ အူမကြီးပေါက်ထွက်ခြင်း ၊ ဓါးထိုး ဒဏ်ရာ စတဲ့ တွေ ကြောင့်ဖြစ်နိုင်ပါတယ်။

အပိုင်း (၄)

ဒီအပိုင်းမှာ ဆိုရင် ညာဘက် ကျောက်ကပ် ၊ အပေါ်သို့တက်သော
အူမ အပိုင်း တို့ရှိပါတယ်။

ဒီအပိုင်းမှာဆိုရင် အူရောင်ခြင်း ၊ ကျောက်ကပ်ရောင်ခြင်း ၊ ကျောက်ကပ်ကွဲထပ်ခြင်း ၊ ကျောက်ကပ် ကင်ဆာ ၊ ကျောက်ကပ်ထဲသို့ ရေဝင်ခြင်း စတဲ့ တွေ ကြောင့် အောင့်တာ ၊ နာတာတွေ ဖြစ်တက်ပါတယ်။

အပိုင်း (၅)

ဒီအပိုင်းမှာ ဆိုရင် အူသိမ် (ဝါ) အူသေး ရှိပါတယ်။ ဒီအပိုင်းမှာဆိုရင် သန်းထိုးခြင်း ၊ လေထိုးခြင်း ၊ အူသိမ် (ပိတ်ခြင်း ၊ ပေါက်ခြင်း) ၊ အူတစ်ခု နှင့် တစ်ခု ထပ်ခြင်း ၊ အူလိမ့်ခြင်း ၊ အူခေါက်သွားခြင်း ၊
သန်ကောင်ပိတ်ခြင်း ၊ ပြင်ပ ပစ္စည်းတစ်ခုခုပိတ်ဆို့နေခြင်း
(ဥပမာ - ဂေါ်လီ) စတာတွေ ကြောင့် ဗိုက်နာခြင်း ၊
အောင့်ခြင်း ဖြစ်တက်ပါတယ်။

အပိုင်း (၆)

ဒီအပိုင်းမှာ ဆိုရင် ဘယ်ဘက် ကျောက်ကပ် ၊ အောက်သိုဆင်းသော အူမအပိုင်း တို့ရှိပါတယ်။ လက္ခဏာတွေကတော့ အထက်ဖော်ပြပါ အပိုင်း (၄) အတိုင်း ဖြစ်ပါတယ်။

အပိုင်း (၇)

ဒီအပိုင်းမှာ ဆိုရင် အူအတက်ပိုင်း ၊ အူမရဲ့ အစပိုင်း ၊ ညာဘက်မျိုးဥအိမ် နဲ့ ညာဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဖြစ်တက်တာတွေက အူအတက်ရောင်ခြင်း ၊ အူတက်လုံးခဲခြင်း ၊ အူတက်ပြည်တည်ခြင်း ၊ အူအတက်အဖုံးမြှေးရောင်ခြင်း ၊ အူတက်ပေါက်ခြင်း ၊ အူမ ကင်ဆာ ၊ အူမကြီးပိတ်ခြင်း ၊ အူသိမ်ပိန်ခြင်း ၊ အူမ ရောင်ရမ်းခြင်း ၊ ဆီကမ် ပိုးဝင်ခြင်း ၊ မျိုးဥအကြိတ် ၊ မျိုးဥအိမ် ရောင်ရမ်းခြင်းတွေ ကြောင့် အောင့်ခြင်း ၊ နာခြင်း တွေ ဖြစ်တက်ပါတယ်။

အပိုင်း (၈)

ဒီအပိုင်းမှာ ဆိုရင်တော့ ဆီးအိမ် ၊ သားအိမ် ၊ အစင်အိမ် တို့ရှိပါတယ်။

ဒီအပိုင်းမှာ ဘာတွေဖြစ်တက်လဲဆိုရင် ကိုယ်ဝန်ပျက်ချခြင်း ၊ အရိုးကွင်းတွင် ကျောက်တည်ခြင်း ၊ ဆီးအိမ်ကင်ဆာ ၊ ဆီးကြိတ် ကင်ဆာ ၊ ဆီးအိမ် မူမမှန်ခြင်း ၊ ဆီပြွန် မှာ ကျောက်တည်ခြင်း ၊ သားအိမ်ပေါက်ထွက်ခြင်း ၊ ဆီပြွန်ပေါက်ခြင်း ၊ ဆီးအိမ်ပေါက်ခြင်း ၊ ဆီးအိမ်ရောင်ခြင်း ၊ သားအိမ်ရောင်ခြင်း ၊ မစင်အိမ်ရောင်ခြင်း ၊ သားအိမ်မှာ အကြိတ်ဖြစ်ခြင်း ၊ ဆီးအိမ်တင်ခြင်း ၊ ကိုယ်ဝန်ရှိခြင်း စတာတွေ ကြောင့် ဖြစ်တက်ပါတယ်။

အပိုင်း (၉)

ဒီအပိုင်းကတော့ ဝမ်းပိုက်ရဲ့ နောက်ဆုံး အပိုင်းလဲ ဖြစ်ပါတယ်။ ဒီအပိုင်းမှာဆိုရင် အူမအဆုံးပိုင်း ၊ မျိုးဥအိမ် ၊ ဘယ်ဘက် သားဥပြွန် တို့ရှိပါတယ်။

ဒီအပိုင်းမှာ အူမကင်ဆာ အူမရောင်ရမ်းခြင်း ဂရင်ဂျီနာ ၊ သားဥအိမ်ကင်ဆာ ၊သားဥပြွန်ရောင်ရမ်းခြင်း ၊ ဆီးခုန်ရောင်ရမ်းခြင်း တို့ကြောင့် ဗိုက်နာ ၊ ဗိုက်အောင့်ခြင်းကို ဖြစ်စေတက်ပါတယ်။
#လမင်းသာnurseaidservice
#အစာအိမ် #ကျန်းမာရေးဗဟုသုတ #

17/09/2025

လမင်းသာ Nurse aid services Taunggyi မှ
-Special Nurse (ကျွမ်းကျင်သူနာပြု)
-Nurse aid (ကျွမ်းကျင်သူနာပြုအကူ)များကို

ဆေးရုံနှင့်အိမ်အရောက် ဆက်သွယ်စုံစမ်းခေါ်ယူနိုင်ပါသည်။
လမင်းသာ Nurse aid services မှ
-အရိုးကျိုးလူနာ ၊ ကင်ဆာလူနာ ၊ အစာပိုက် ၊ ဆီးပိုက် ၊ အောက်ဆီဂျင်လူနာများ အတွက်ခေါ်ယူနိုင်ခြင်း

-အဖိုးအဖွားများအတွက် ခေါ်ယူခြင်း

-New Born /baby များတွက် ခေါ်ယူခြင်း

တစ်ကိုယ်ရေးသန့်ရှင်းရေးနှင့်စိတ်ခွန်အားမြင့်တင်းခြင်း လေဖြတ်ရောဂါများတွက် လေ့ကျင့်ခန်းများ ကျွမ်းကျင်စွာ လေ့ကျင့်ပေးခြင်းများကို မိသာစုသဖွယ် ပြုစုစောင့်ရှောက်မူများ ဆောင်ရွက်ပေးပါသည်။

လပြတ်ခေါ်ယူလိုလျှင် လူကြီးမင်းတို့အဆင်ပြေစေရန် စျေးနှုန်းများ ညှိနှိုင်းပေးပါမည်။
{လူကြီးမင်းတို့ဘက်မှ ဝန်းဆောင်ခ လုံဝလုံဝ မယူပါ}
ကျေးဇူးပါ🙏🏼🙏🏼🙏🏼
#လမင်းသာnurseaidservice

“လူနာစောင့်ရတာ ဘာတွေ ခက်နေတာလဲတဲ့”ဟုတ်ပါတယ် nurse / nurse aid တစ်ယောက် လုပ်ရမဲ့အလုပ်ပါ ,ဒါပေမဲ့ ဆေးတိုက် အစာကျွေး လိုအပ်...
16/09/2025

“လူနာစောင့်ရတာ ဘာတွေ ခက်နေတာလဲတဲ့”

ဟုတ်ပါတယ် nurse / nurse aid တစ်ယောက် လုပ်ရမဲ့အလုပ်ပါ ,ဒါပေမဲ့ ဆေးတိုက် အစာကျွေး လိုအပ်တာတွေ လုပ်ပေးရတဲ့အပြင် လူနာရဲ့ စိတ်အခြေအနေကို ကောင်းကောင်း သိအောင် လုပ်ရပါတယ်

,(လူနာတစ်ယောက်ရဲ့စိတ်က ကိုယ်ကိုတိုင် လူနာဖြစ်ဖူးမှ နားလည်မှာပါ)
တစ်ခုခု မှားသွားရင် လူနာပေါ် အများကြီး သက်ရောက်နိုင်ပါတယ် ,ဒါကြောင့် အားလုံးကို တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်

တကယ် ပြောရရင် လွယ်လွယ်နဲ့တော့ လူနာတစ်ယောက် ဘေးမှာ ပြုံးပြုံးလေး ထိုင်မနေနိုင်ပါဘူး, ဒါကြောင့် “nurse aid” လေးတွေကို အထင်တော့ မသေးစေချင်ပါဘူးဗျ အားလုံး ကျေးဇူးပါဗျ🙏🏼🙏🏼🙏🏼

Nurse aid များ လိုအပ်ခဲ့ရင် ဆက်သွယ် ခေါ်ယူနိုင်ပါတယ်ဗျ လမင်းသာမှ အကောင်းဆုံး ဝင်ဆောင်မူ့ပေးနေပါတယ်ဗျ
Ph or Viber 09401840598
#လမင်းသာnurseaidservice

Photo Crd # # #

"နေ့စဉ် လုပ်သင့်တဲ့ ကျန်းမာရေး အလေ့အကျင့်ငယ်လေး (၅) ခု"လူကြီးရော လူငယ်ပါ လိုက်လုပ်ဖို့ လွယ်ကူပြီး ကိုယ်ခန္ဓာနဲ့ စိတ်ကို ...
15/09/2025

"နေ့စဉ် လုပ်သင့်တဲ့ ကျန်းမာရေး အလေ့အကျင့်ငယ်လေး (၅) ခု"

လူကြီးရော လူငယ်ပါ လိုက်လုပ်ဖို့ လွယ်ကူပြီး ကိုယ်ခန္ဓာနဲ့ စိတ်ကို ကျန်းမာစေမယ့် အလေ့အကျင့်လေးတွေကို မျှဝေပေးချင်ပါတယ်။

1. ရေများများသောက်ပါ
တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့ မမေ့ပါနဲ့။ ရေဓာတ်ပြည့်ဝမှုက ခန္ဓာကိုယ်တွင်းစနစ်တွေ ကောင်းစွာအလုပ်လုပ်နိုင်ပြီး အသားအရေကိုပါ စိုပြေစေပါတယ်။

2. ၁၅ မိနစ်လောက် နေပူစာလှုံပါ
မနက်ခင်း (နေ့လည် ၁၀ နာရီမတိုင်ခင်) နေပူစာလှုံပေးခြင်းက ဗီတာမင် D ကို ရရှိစေပြီး အရိုးနဲ့ကြွက်သားတွေကို သန်မာစေပါတယ်။

3. ခဏတာ အနားယူချိန် ယူပါ
တစ်နေ့တာလုံး အလုပ်လုပ်ပြီးတိုင်း မိနစ် ၂၀ လောက် မျက်စိမှိတ်ၿပီး အနားယူပေးပါ။ ဒါက စိတ်ဖိစီးမှုကို လျော့ကျစေကာ စွမ်းအင်တွေ ပြန်လည်ပြည့်ဖြိုးစေပါတယ်။

4. လမ်းနည်းနည်းလျှောက်ပါ
ထိုင်ခုံကနေ ခဏထၿပီး ၅ မိနစ်လောက် လမ်းလျှောက်ပေးခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ဦးနှောက်ကိုပါ ကြည်လင်စေပါတယ်။

5. အိပ်ချိန်မှန်အောင် အိပ်ပါ
ည ၁၀ နာရီကနေ မနက် ၆ နာရီအတွင်း အိပ်စက်ချိန်ကို ပုံမှန်ထားရှိပါ။ လုံလောက်တဲ့ အိပ်စက်ချိန်က နေ့စဉ်ဘဝအတွက် စွမ်းအင်ပြည့်ဝစေမှာပါ။
ကျန်းမာပျော်ရွှင်စေတဲ့ ဘဝလေး ပိုင်ဆိုင်နိုင်ကျပါစေဗျာ
#လမင်းသာnurseaidservice

02/09/2025

ရန်ကုန်က Nurse/Nurse aid များတွက် သတင်းကောင်း

-လမင်းသာက ရန်ကုန်က ခေါ်လို့ရလား မေးမေးနေလို့ အခုတော့ ရန်ကုန်မှာ စတင်မှာ မလို့ ကျွန်တော်တို့ လမင်းသာနဲ့ လက်တွဲ လုပ်ကိုင်ဖို့ နွေးထွေးစွာဖြင့် ကြိုဆိုပါတယ်ဗျ
-Nurse/ Nurse aid (သင်တန်းဆင်း/လုပ်ငန်းအတွေ့ကြုံ ရှိ/မရှိ) သူများ လျှောက်ထားနိုင်ပါတယ်ဗျ
-Home care services ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘက်က လိုအပ်တာတွေကို သင်ပြပေးသွားမှာ ဖြစ်ပါတယ်ဗျ
-Day or night ဆင်းနိုင်ရပါမယ်
Pageမှ ဖြစ်စေ Viber 09401840598 ဖြစ်စေ ဆက်သွယ် နိုင်ပါတယ်ဗျ ကျေးဇူးပါ🙏🏼🙏🏼🙏🏼

သာသနာနှစ် ၂၅၆၉ ခုမြန်မာသက္ကရာဇ် ၁၃၈၇ ခုဝါဆိုလပြည့်နေ့ 🙏🏼🙏🏼🙏🏼
09/07/2025

သာသနာနှစ် ၂၅၆၉ ခု
မြန်မာသက္ကရာဇ် ၁၃၈၇ ခု
ဝါဆိုလပြည့်နေ့ 🙏🏼🙏🏼🙏🏼

လမင်းသာမှ nurse aid (male) (female)များ ထက်ခေါ်ပေးပါမယ်ရှင့် page messenger မှ တဆင့် cbဖောင်များ ပို့ထားပေးလို့ရပါတယ်နော...
06/07/2025

လမင်းသာမှ nurse aid (male) (female)များ ထက်ခေါ်ပေးပါမယ်ရှင့် page messenger မှ တဆင့် cbဖောင်များ ပို့ထားပေးလို့ရပါတယ်နော်
လမင်းသာနဲ့ လက်တွဲဖို့ ဖိတ်ခေါ်ပါနယ်ရှင့်
#လမင်းသာnurseaidservice

ရုတ်တရက်လေဖြတ်ရင် အရေးပေါ် ပြုစုကုသနည်း             သက်ကြီး သက်ငယ် လူတွေအဖြစ်များတဲ့ ရုတ်တရက် လေဖြတ်ခြင်းရောဂါကို အမြန်ဆ...
23/06/2025

ရုတ်တရက်လေဖြတ်ရင် အရေးပေါ် ပြုစုကုသနည်း

သက်ကြီး သက်ငယ် လူတွေအဖြစ်များတဲ့ ရုတ်တရက် လေဖြတ်ခြင်းရောဂါကို အမြန်ဆုံး ပကတိအကောင်းတိုင်း ဖြစ်လာအောင် အရေးပေါ်ဘယ်လို ပြုစုကုသရမလဲဆိုတာကို ကျွန်တော်မျှ ဝေပေးချင်ပါတယ်

လေရောဂါနဲ့ ပက်သက်ရင် အသက်လေးဆယ် ခြောက်ဆယ်ကြားမှာ အဖြစ်များပါတယ် လေဖြတ် လေဖြန်းခြင်းဖြစ်ရတဲ့ အကြောင်းရင်က အအေးများရာကနေ လေအထက်သို့ ထိုးတတ်ကာ လေဖြတ်ပြီး ပါးရွဲ့ခြင်း ခြေတွေ လက်တွေ လုပ်မရအောင်ဖြစ်တတ်ပါတယ်

မိတ်ဆွေတို့ရုတ်တရက် ဒီလိုမျိုးဖြစ်ပြီဆိုရင်

နံပါတ် ၁ ခြေမျက်စီအနောက်တွင် ကပ်နေသော သွေးပြန်ကြောကို ခပ်နာနာ ဖိနှိပ်ပေးပါ

နံပါတ် ၂ ခြေဖဝါး အလယ်ဘေးယားက အကြောကို ကြေညက်အောင် နှိပ်ခြေပေးပါ

နံပါတ် ၃ ဒူးဆစ်အောက်ကရှိတဲ့ ခြေသံကြောကို နှိပ်ခြေပေးပါ

နံပက် ၄ ပေါင်းသွင်းကြောကို ကြိတ်ခြေကာ နှိပ်ပေးပါ

ဒီလိုနှိပ်ကွက် (၄) ကွက်နဲ့ အချိန်မဆိုင်းဘဲ ဝိုင်းဝန်းနှိပ်ပေးမယ်ဆိုရင် လေမိသူဟာ သတိလစ်မလိုဖြစ်နေရာကနေ အာလေးလျှာလေးဖြစ်နေတာတွေ လျော့ကျသွားပြီ မကြာခင်မှာ လူကောင်းတစ်ယောက်လို သတိ ပြန်လည်ကာ စကားပြန်ပြောလာနိုင်မှာ ဖြစ်ပါတယ်

ဒီလို ပြုစုကုသနည်းက သမားတော်ကြီး ဆရာဦးမောင်မောင်ရဲ့ နည်းလမ်းအတိုင်းပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်

ဒီ Post လေးက မိတ်ဆွေးတို့အတွက် အကြိုးရှိမယ်ဆိုရင် ပြန်လဲ မျှဝေလို့ရပါတယ်

မိတ်ဆွေအပေါင်း အားလုံးပဲ စိတ်၏ကျန်းမာ ကိုယ်၏ကျန်းမာ ဘေးဘယာရောဂါအမျိုးမျိုးမှ ကင်းဝေးကြပါစေ လမင်းသာမှ ဆုတောင်းပေးလိုက်ပါတယ်ရှင့် 🙏🏼🙏🏼🙏🏼

#လမင်းသာnurseaidservice

လမင်းသာမှ nurse, nurse aidများကို ယုံကြည်စွာခေါ်ယူပေးကျတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့် တချို့ customer များ nur...
19/06/2025

လမင်းသာမှ nurse, nurse aidများကို ယုံကြည်စွာခေါ်ယူပေးကျတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ရှင့်

တချို့ customer များ nurse ,nurse aid ခေါ်ရာတွေ မရရှိတဲ့အတွက်လဲ ဒီနေရာမှ အားလုံးကို တောင်းပန်ချင်ပါတယ်ရှင့် ဒီပြသနာတွေအတွက်လဲ လမင်းသာမှ အကောင်းဆုံးပြင်ဆင်နေပါတယ်ရှင့်

မင်္ဂလာညချမ်းလေးဖြစ်ပါစေလို့ လမင်းသာမှ ဆုတောင်ပေးလိုက်ပါတယ်ရှင့်

ပျော်ရွှင်ဖွယ် သီတင်းကျွတ်အချိန်အခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေ🙏ငယ်ဘဝရဲ့ အမှတ်တရတွေထဲမှာ တခမ်းတနားနဲ့ပါဝင်နေတာကတော့ မီးရေ...
17/10/2024

ပျော်ရွှင်ဖွယ် သီတင်းကျွတ်အချိန်အခါလေးကိုပိုင်ဆိုင်နိုင်ကြပါစေ🙏

ငယ်ဘဝရဲ့ အမှတ်တရတွေထဲမှာ တခမ်းတနားနဲ့ပါဝင်နေတာကတော့ မီးရောင်စုံတွေအောက်က သီတင်းကျွတ်ပွဲတော်ညတွေပဲဖြစ်ပါတယ်🌕

အခုလိုသီတင်းကျွတ်လပြည့်နေမှာ မိသားစုနဲ့အတူပျော်ရွှင်ကျန်းမာစွာနဲ့ဖြတ်သန်းနိုင်ပါစေလို့ ကျနော်တို့ လမင်းသာ nurse aid service မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါတယ်💗
#လမင်းသာnurseaidservice

အခက်အခဲ အမျိုးမျိုးကြောင့် အလုပ်တွေ ရပ်ဆိုင်းထားရသည့် အတွက် page Messanger မှာ လာရောက် မေးမြန်းထားတာလေးတွေ ပြန်လည်မဖြေကြ...
22/09/2024

အခက်အခဲ အမျိုးမျိုးကြောင့် အလုပ်တွေ ရပ်ဆိုင်းထားရသည့် အတွက် page Messanger မှာ လာရောက် မေးမြန်းထားတာလေးတွေ ပြန်လည်မဖြေကြား ပေးနိုင်သည့် အတွက် ကျွန်တော်တို့ လမင်းသာ မှ အနူးညွတ် တောင်းပန်အပ်ပါတယ်ဗျ🙏
ယုံကြည်စွာဖြင့် လာရောက်ဆက်သွယ်ပေးကြသည့် တစ်ဉီး တစ်ယောက်ချင်းစီတိုင်းကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်ဗျ🙏
အားလုံးပဲ သဘာဝ ဘေးအန္တရာယ်မှ ကင်းလွတ်နိူင်ကြပါစေ🙏
လမင်းသာ Nurse Aid Service, Taunggyi

Address

ကုန်းမြင့်သာယာလမ်း
Taunggyi
ဝသ/၄၈

Website

Alerts

Be the first to know and let us send you an email when လမင်းသာ Nurse Aid Service, Taunggyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share