Kaung Medical Laboratory

Kaung Medical Laboratory The Results You Can Trust

20/04/2024

နှစ်သစ်အထူး Promotion for All Checkup Packages - 10% Discount.
Promotion ကာလမှာ 2024 ခုနှစ် May လကုန်အထိ။

Medical Checkup Packages - သင့်ကျန်းမားရေးအတွက်လိုအပ်သော သွေး၊ ဆီး၊ ဝမ်း၊ နှလုံး စစ်ဆေးမှုများ ကို ကျွန်ုပ်တို့ထံတွင် ငွေကုန်ကြေးကျသက်သာစွာဖြင့် စစ်ဆေးနိုင်ပါသည်။ ကျွန်ုပ်တို့၏ Kaung Medical Laboratory တွင် ကျွမ်းကျင်သော ဓာတ်ခွဲပညာရှင်နှင့် ရောဂါဗေဒဆရာဝန်တို့ဖြင့် ဖွဲ့စည်းထားသောကြောင့် ကျွန်ုပ်တို့ ထုတ်ပေးလိုက်သည့် စစ်ဆေးမှုအဖြေတိုင်းအတွက် 100% အပြည့်အဝ တာဝန်ယူကြောင်း အသိပေးလိုက်ရပါသည်။
သင့်၏စစ်ဆေးမှုအဖြေများကိုလည်း လျှို့ဝှက်ထိန်းသိမ်းပေးထားမည်ဖြစ်ပြီး LIMS Software အသုံးပြုထားသောကြောင့် သင့်စစ်ဆေးမှုအဖြေများကို အချိန်မရွေးပြန်လည် ထုတ်ယူနိုင်ပါသည်။

(1) မေး ။ ။ Checkup Packages များတွင် မည်သည့် စစ်ဆေးမှုများပါဝင်ပါသနည်း။
ဖြေ ။ ။ ကျွန်ုပ်တို့၏ စစ်ဆေးမှုသည် သင့်အသက်အရွယ်အလိုက် ပြီးပြည့်စုံသော စမ်းသပ်စစ်ဆေးမှုများဖြစ်သည့် ခန္ဓာကိုယ်တစ်ခုလုံးစမ်းသပ်မှု၊ အခြေခံသွေး၊ ဆီး၊ ဝမ်းစစ်ဆေးခြင်းနှင့် အရွယ်အလိုက် ကင်ဆာအတွက် Tu Markers များစစ်ဆေး‌ခြင်းများ ပါဝင်ပါသည်။ ထို့အပြင် ရရှိလာသောစစ်ဆေးမှုအဖြေများကို ပြန်လည်တိုင်ပင်နိုင်ရန်အတွက် အတွေ့အကြုံရင့်ကျက်သော အတိုင်အပင်ခံ ဆရာဝန်ရှိပါသည်။

(2) မေး ။ ။ အဘယ်ကြောင့် နှစ်စဥ်ပုံမှန်ကျန်းမာရေးစစ်ဆေးမှုက အရေးပါသနည်း။
ဖြေ ။ ။ နှစ်စဉ်ကျန်းမာရေးစစ်ဆေးခြင်းဖြင့် သင့်အရွယ်တွင် ရှိသင့်ရှိထိုက်သည့် ကောင်းမွန်သော ကျန်းမားရေးအခြေအနေကို ပြန်လည်ဆန်းစစ်နိုင်သလို နောင်ဖြစ်လာနိုင်သည့် ရောဂါများကိုလည်း ကြိုတင်ကာကွယ်နိုင်ပါသည်။ ထို့အပြင် လက်ရှိခံစားနေရသော ရောဂါ၏အခြေအနေ ကိုလည်း ပြန်လည်ဆန်းစစ်သုံးသပ်နိုင်သောကြောင့် သင့်ကျန်းမာရေးအခြေအနေ အစဥ်အမြဲ ကောင်းမွန်နေစေရန် နှစ်စဥ်နှစ်တိုင်း စစ်ဆေးမှု ပြုလုပ်သင့်ပါသည်။

(3) မေး ။ ။ Kaung Medical Laboratory ၏ Checkup Packages ၏ ထူးခြားချက်များကို ရှင်းပါပြ။
ဖြေ ။ ။ "The Results You Can Trust" သည် ကျွန်ုပ်တို့၏ ဆောင်ပုဒ်ဖြစ်သည့်အားလျော်စွာ သင့်၏စစ်ဆေးမှုအဖြေတိုင်းသည် တိကျမှန်ကန်ပြီး တာဝန်ယူမှုအပြည့်အဝရှိကြောင်း အသိပေးပါရစေ။ ပြောင်းလဲခြင်းသည် ပထမ၊ ကုသခြင်းသည် ဒုတိယဆိုသည့်အတိုင်း သင့်အဖြေရလဒ်များကိုလည်း ပြန်လည်ရှင်းပြပြီး လိုအပ်သော ပြုပြင်ပြောင်းလဲမှု၊ ကုသမှုများကို အကြံပေး တိုင်ပင်ပေးသော အတိုင်အပင်ခံ ဆရာဝန်လည်းရှိပါသည်။ ထို့ကြောင့် ပိုမိုကောင်းမွန်ပြီးကျန်းမာသော သင့်မနက်ဖြန်အတွက် လိုအပ်သောစစ်ဆေးမှုများကို ကျွန်ုပ်တို့နှင့်အတူလက်တွဲပြီး ဆောင်ရွက်လိုက်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

ဓာတ်ခွဲစစ်ဆေးမှုနှင့် ဝန်ဆောင်မှုအသေးစိတ်သိရှိလိုပါက
အမှတ်(၆၅)၊ အနောက်မြို့ပတ်လမ်းမပေါ်(နိဗ္ဗာန်လမ်းဆုံမီးပွိုင့်အနီး)၊ ဟော်ကုန်းရပ်၊ တောင်ကြီး။
ဖုန်း - 09 409694466, 09 780844660
Viber - 09 409694466
Google Map - https://maps.app.goo.gl/YcUsc3NcUcoLDXpP9

The Results You Can Trust

11/03/2024
Kaung Medical Laboratory Opening Promotion (10% Discount for any tests)လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျား။     ဤ Pos...
21/11/2023

Kaung Medical Laboratory Opening Promotion (10% Discount for any tests)

လူကြီးမင်းများအားလုံး မင်္ဂလာပါခင်ဗျား။
ဤ Post ကို Like & Share ခြင်းအားဖြင့် ကျွန်ုပ်တို့ဓါတ်ခွဲခန်းတွင် မည်သည့်စစ်ဆေးမှုမျိုးကိုမဆို 10% Discount ရယူလိုက်ပါ။ Promotion ကာလမှာ December 2023 လကုန်အထိဖြစ်ပါသည်။
1. သင်သည်သင့်၏ စစ်ဆေးမှုအဖြေများ၏ ရလဒ်တိကျမှုနှင့် ပတ်သက်၍ စိုးရိမ်နေပါသလား
2. သင့်စစ်ဆေးမှုအဖြေရလဒ် အချိန်အကြာကြီးစောင့်ရလို့ စိတ်ညစ်နေပါသလား
3. ဓါတ်ခွဲစက်ကြီးများကို အသုံးပြုနေသောဓါတ်ခွဲပညာရှင်များ၏ကျွမ်းကျင်မှု၊ ဓါတ်ခွဲအဖြေများကို ပြန်လည်စိစစ်သော ရောဂါဗေဒ ဆရာဝန်၏ အတွေ့အကြုံနှင့်ပတ်သက်၍ စိုးရိမ်နေပါသလား
ယခုအချိန်ကစပြီး အထက်ပါကိစ္စအားလုံးကို ဖြေရှင်းရန် ကျွန်ုပ်တို့နှင့်အတူလက်တွဲကာ သင်၏ကျန်းမာရေးကို စစ်ဆေးနိုင်ပါပြီလို့ အသိပေးပါရစေ။
ကျွန်ုပ်တို့သည် တောင်ကြီးမြို့၏ အဓိက လမ်းမကြီးတစ်ခုဖြစ်သော အနောက်မြို့ပတ်လမ်းမပေါ် (နိဗ္ဗာန်လမ်းဆုံမီးပွိုင့်အနီး)၊ ဟော်ကုန်းရပ်ကွက်တွင် တည်ရှိပါသည်။ ကျွန်ုပ်တို့၏နေရာသည် မြို့မစျေးအနောက်ဖက်နှင့်နီးသော်လည်း ဓါတ်ခွဲခန်း‌ရှေ့နှင့် ၎င်းပတ်ဝန်းကျင်တွင် လုံလောက်သော ကားပါကင်ရှိပါသည်။
လှုပ်ရှားသွားလာရန် ခက်ခဲသော လူနာများအတွက် အိမ်တိုင်ရာရောက်ဝန်ဆောင်မှုလည်းထားရှိထားပါသည်။ (ဒီဇင်ဘာလကုန်အထိ အိမ်တိုင်ရာရောက်ဝန်ဆောင်မှုအတွက် ဝန်ဆောင်ခ ပေးရန်မလိုပါ။)
သင့်ကို အဆင်ပြေချောမွေ့သောဝန်ဆောင်မှုမျိုးပေးနိုင်ရန် ကျွန်ုပ်တို့အစဥ်မပြတ်ကြိုးစားနေပြီး၊ သင်စစ်ဆေးထားသောအဖြေများကိုလည်း အချိန်မရွေးပြန်လည်ကြည့်ရှု ထုတ်ယူနိုင်ရန် အတွက် Laboratory Information Management System Software ဖြင့် စနစ်တကျ ထိန်းသိမ်းထားပါသည်။
The Results You Can Trust ဆိုသည့် ကျွန်ုပ်တို့၏ ဆောင်ပုဒ်အတိုင်း၊ ကျွန်ုပ်တို့သည် သင့်အား အချိန်တိုအတွင်း တိကျမှန်ကန်သော စစ်ဆေးမှုအဖြေများကိုပေးဆောင်နိုင်သောဓါတ်ခွဲခန်းဖြစ်ပါသည်။ ကျွန်ုပ်တို့ဓါတ်ခွဲခန်းတွင် အတွေ့အကြုံရှိသော ‌ရောဂါဗေဒဆရာဝန်၊ ဓါတ်ခွဲကျွမ်းကျင်ပညာရှင်နှင့် ဖွဲ့စည်းထားသောကြောင့် ကျွန်ုပ်တို့ထုတ်ပေးလိုက်သော စစ်ဆေးမှုအဖြေတိုင်းအတွက် တာဝန်ယူမှုအပြည့်ရှိကြောင်းလည်း အသိပေးအပ်ပါသည်။
သင့်တင့်မျှတသောနှုန်းထားဖြင့် သင့်ကျန်းမာရေးအတွက် အရည်အသွေးပြည့်မှီပြီး ခေတ်မှီသောစက်ပစ္စည်းများနှင့် အချိန်တိုအတွင်းတိကျမှန်ကန်သော ဓါတ်ခွဲအဖြေများကိုပေးနိုင်သော ဓါတ်ခွဲခန်းလည်းဖြစ်ပါသည်။
ထို့ကြောင့် ပိုမိုကောင်းမွန်ပြီးကျန်းမာသော သင့်မနက်ဖြန်အတွက် လိုအပ်သောစစ်ဆေးမှုများပြုလုပ်ရန် ကျွန်ုပ်တို့နှင့် အတူလက်တွဲလိုက်ပါလို့ ဖိတ်ခေါ်ပါရစေ။

ဓါတ်ခွဲစစ်ဆေးမှုနှင့် ဝန်ဆောင်မှုအသေးစိတ်သိရှိလိုပါက -
အမှတ်(၆၅)၊ အနောက်မြို့ပတ်လမ်းမပေါ် (နိဗ္ဗာန်လမ်းဆုံမီးပွိုင့်အနီး)၊ ဟော်ကုန်းရပ်ကွက်၊ တောင်ကြီးမြို့။
ဖုန်း - 09 409694466, 09 780844660
Viber – 09 409694466
Google Map - https://maps.app.goo.gl/gfTdLBsAxRvsFM6R6

Address

Taunggyi

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959409694466

Website

Alerts

Be the first to know and let us send you an email when Kaung Medical Laboratory posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Kaung Medical Laboratory:

Share

Category