09/04/2025
7-April-2025
ဩုႇၸဝ်ႈႁဝ်းၶႃႈ ၸၼ်ႉၸွမ် ပုတ်ႉထ လႄႈ ဝတ်ႉဝေလုဝုၼ်ႇ ဢွၼ်ႁူဝ် ၼမ်ၼႃး သေ ႁဝ်းၶႃႈ တၢင်းသဵင်ႈ ၵႂႃႈၸွႆႈ ပီႈၼွင်ႉထူပ်းၽေး ၽႅၼ်ႇလိၼ်ဝႆ တီႈ ထုင်ႉၼွင်ႁၢႆးယႃႈ ၸႄႈဝဵင်းယွင်ႈႁူၺ်ႇၶႃႈ
TMF ႁဝ်းၶႃႈ လႆႈဢဝ်တၢင်း ငိုၼ်း ဢၼ်ပီႈၼွင်ႉ ႁဝ်း လူႇမႃး ၼ ၼ်ႉသေ ႁူမ်ႈလူႇ တၢၼ်းၸွမ်း 40 သႅၼ် (4,000,000 MMK) ၼႆ သေလႄႈ ႁဝ်းၶႃႈ ယွၼ်းသူး ပၼ် ႁႂ်း ပီႈၼွင်ႉ ႁဝ်းၶႃႈ ယူႇလီ လွတ်ႈၽေး ၵၼ် ၵူႈၵေႃ့ သေ ၵမ်းၶႃႈ။
ဧပြီလ (၇) ရက်၊ တင်္နလာနေ့တွင်
ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတာ်များ၊ လွိုင်ကော်မြို့ ပုဗ္ဗာရုံကျောင်းဆရာတော်၊ တောင်ကြီးမြို့ ဝေဠုဝန်ကျောင်းနှင့် လွယ်လုံပရဟိတ ကျောင်းဆရာတော် တို့ ဦးဆောင်ကာ ပြည်တွင်း ပြည်ပ (၇)ရက်သားသမီးများ စေတနာရှင်များ အလှူရှင်များစုပေါင်းအလှူငွေဖြင့် အင်းလေးဒေသရှိ ငလျင်ဘေးသင့် ပြည်သူများထံ သွားရောက်လှူဒါန်းခဲ့ပါသည်။
လေးစားရသော ညီအကိုမောင်နှမ များပေးပို့လှူဒါန်း လာသောအလှူငွေဖြင့် TMF မှ တဆင့် သိန်း ၄၀ (၄,၀၀၀,၀၀၀ ကျပ်) ပါဝင်လှူဒါန်းခဲ့ပါသည်။
အင်းလေးဒေသရှိ အထင်ကနေရာဖြစ်သော ဖောင်တာ်ဦးဘုရား နှင့် ၎င်းပတ်ပတ်လည်တွင် တည်ရှိသော ရွာငယ်များအပါအဝင် ငလျင်ဒဏ်ကြောင့် ဒေသခံများ၏ ပိုင်ဆိုင်မှု အိုးအိမ်များ အများအပြား ပျက်ဆီးဆုံးရှုံးခဲ့သည်။ နေရာထိုင်ခင်းများ၊ အစားအသာက်များ၊ အခြေခံအသုံးအဆောင်များ များစွာလိုအပ်ေကြာင်း သိရသည်။
သွားရောက်လှူဒါန်းပေးခဲ့သည့်ရွာများမှာ ------
၁။ နမ့်ဟူးရွာ ဖောင်တော်ဦးဘုရားအနီး ၃၉ အိမ်
၂။ တောင်ပို့နီရွာ ၄၂ အိမ်
၃။ ကြာတောရွာ ၂၅၄ အိမ်
၄။ ညောင်ဝန်းရွာ ၁၄၀ အိမ်
၅။ စိန်နှင့်မြကျောင်းဖောင်တော်ဦး
၆။ ညောင်ဝန်းကျောင်း
လှူဖွယ်ပစ္စည်းများမှာ ------
၁။ ဆန် ၆ ပြည်ဆန့် ၅၀၀ အိပ်
၂။ ဆီတစ်ပိဿာ ဗူး ၄၈၁ ဗူး
၃။ ခြင်ထောင် ၅၀၀
၄။ ရေသန့်ဗူး ၅၀၀ ဆွဲ
၅။ အဝတ်အထည်များ
၆။ ငွေသားများ ကို
Volunteer (၇၀) ဦး ပါဝင်ဆောင်ရွက်ပေးခဲ့ပါသည်။
ပါဝင်ဆောင်ရွက်ပေးခဲ့ကြကုန်သော ဆရာတော် သံဃာတော်များနှင့် စေတနာ့ဝန်ထမ်းများအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
ရပ်နီးရပ်ဝေးမှ ပါဝင်ကုသိုလ်ယူ လှူဒါန်းပေးခဲ့သော အလှူရှင်များအား ကျေးဇူးအထူးတင်ရှိပါသည်။ ဤကုသိုလ်ကာင်းမှုတို့ကြောင့် စိတ်နှလုံးရွှင်လန်းချမ်းေမြ့ကြပြီး ဘေးရန်အန္တရယ်အမျိူးမျိူးတို့မှ ကင်းဝေးကြပါစေ။