UNI Pharmacy

UNI Pharmacy UNI (You and I) The best partners

2022 September မှာတက်ပစ္စည်း အခုလောက် မရှားပါးသေး2024/2025 ဆက်တိုက် အတက်ချည်းတက်ပစ္စည်းဝယ်ရခက်အရင်းအနှီး၊ကုန်ကျစရိတ် ပို...
09/01/2025

2022 September မှာတက်
ပစ္စည်း အခုလောက် မရှားပါးသေး
2024/2025 ဆက်တိုက် အတက်ချည်းတက်
ပစ္စည်းဝယ်ရခက်
အရင်းအနှီး၊ကုန်ကျစရိတ် ပိုများလာ

ကျော်ဖြတ်နိုင်ကြပါစေ

မေတ္တာဖြင့်
UNI Pharmacy

09/01/2025

တိုင်းရင်းဆေးတွေ တက်နေပါတယ်ဗျ
သတိပြု ရောင်းဝယ်ကြပါရန်

UNI Pharmacy ယူနီ ဆေးဆိုင် (တောင်ကြီး) ကို အိမ်အမှတ် ၂၃ ဈေးလမ်း( KBZ Bank 2 လမ်း) နှင့် အနောက်မြို့ပတ်လမ်းထောင့်တွင် ပြေ...
08/01/2025

UNI Pharmacy ယူနီ ဆေးဆိုင် (တောင်ကြီး) ကို အိမ်အမှတ် ၂၃ ဈေးလမ်း( KBZ Bank 2 လမ်း) နှင့် အနောက်မြို့ပတ်လမ်းထောင့်တွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားပါသည်။

09796462070_09444006569

01/01/2025

ကောင်းသော နှစ်သစ်ဖြစ်ကြပါစေဗျ

UNI Pharmacy ကို ယခင်နေရာမှ နေရာအသစ် အိမ်အမှတ် ၂၃ ၊ ဈေးလမ်း (KBZ Bank ၂ လမ်း ) နှင့် အနောက်မြို့ပတ်လမ်းထောင့်ကို ပြောင်းဖွင့်ပါမယ်ဗျ

၃.၁.၂၀၂၅ မှ စတင်ပြီး နယ်နှင့် မြို့ပေါ် ဝန်ဆောင်မှုများကို ယခင်အတိုင်း ပုံမှန် ပို့ဆောင်ပေးပါမယ်ဗျ

ဒီရက်ပိုင်း ဝန်ဆောင်မှုအချို့ ကြန့်ကြာနေရင်လည်း နားလည် သည်းခံပေးကြပါဗျ

UNI Pharmacy

09796462070-09444006569

အရင်လို ဖာလိုက်၊ပုံးလိုက်မမှာပါဘူး။ဘူး ၅၀ ဘူး ၃၀ ခွဲခွဲမှာတယ်။အဲ့ဒါလည်း တစ်ခါ တစ်ခါ ငွေရှင်းရင် ၉ သိန်း ၁၀ သိန်းပဲ။ပစ္စည...
11/10/2024

အရင်လို ဖာလိုက်၊ပုံးလိုက်မမှာပါဘူး။ဘူး ၅၀ ဘူး ၃၀ ခွဲခွဲမှာတယ်။အဲ့ဒါလည်း တစ်ခါ တစ်ခါ ငွေရှင်းရင် ၉ သိန်း ၁၀ သိန်းပဲ။ပစ္စည်းတစ်မျိုးကို အဲ့လောက်တွေ ရင်းနေရရင် ဆေးဆိုင်ဆိုတာ အမျိုးပေါင်း ရာချီနဲ့တောင် မစုံနိုင်တဲ့ လုပ်ငန်းဆိုတော့ မောရပါတယ်။
ငွေကို ချင့်ချိန်ပြီး နောက်ရက်မှ ထပ်မှာမယ် ဆိုတော့လည်း နောက်ရက်ကျ ကုန်ပြီ၊ပြတ်ပြီဆိုတာနဲ့ တိုးရင် တိုးနေပြန်ရော။အဲ့တော့ ကိုယ့်လက်ထဲက ငွေနဲ့ ဘယ်ပစ္စည်းကို ရင်းမလဲ၊ဘယ်ပစ္စည်းတွေက အမြန်ရောင်းရလဲ ဆိုတာတွေကိုပါ သေသေချာချာ အာရုံစိုက်နေရတယ်။
စျေးကွက်ထဲမှာ ဒီနေ့ ရှားပါးနေတဲ့ ပစ္စည်းက နောက်ရက် တပြုံကြီးပြန် ဝင်ရင်လည်း ဝင်လာတာပဲ။အဲ့လို ပစ္စည်းမျိုး ရင်းမိရင် ငွေက ခံပြန်ရော။
အဓိကကတော့ အမျိုးမျိုးဖြစ်နေတဲ့ မူဝါဒတွေကြားမှာ အလုပ်ကို ပုံမှန်လေး လုပ်လို့မရတော့တာပါ။ကျီးကန်းတွေ အစာကောက်သလို ဘာပြတ်နေလဲ၊ဘာဝယ်ရင်းရမလဲ အမြဲ ချောင်းမြောင်းနေရသလို ပုံစံမျိုးဖြစ်နေတာပါ။
ဒါကတော့ UNI ရဲ့ လက်ရှိ အခက်အခဲကို ဆွေးနွေးထားတာပါ။
ဖြည်းဖြည်း မှန်မှန်လေး လုပ်ချင်ပေမယ့် အဲ့ဒီပုံစံနဲ့ ဒီကာလမှာ ရပ်တည်ဖို့ ခက်ခဲလာတာမလို့ Information တွေကို အရင်ထက် ပိုဂရုစိုက်ဖို့ လိုတယ်လို့ ထင်မြင်မိတဲ့အကြောင်းပါ။

မေတ္တာဖြင့်

UNI Pharmacy
TAUNGGYI

ဒီအချိန်မှာ ဒါတွေဖြစ်ခဲ့တယ် ဆိုတာ ပြန်ပြောင်း သတိရ ဆင်ခြင်ဖို့ပါပဲ။ အောက်တိုဘာမှာ Promotion တွေထွက်မယ်။သီတင်းကျွတ် လက်ဆေ...
10/10/2024

ဒီအချိန်မှာ ဒါတွေဖြစ်ခဲ့တယ် ဆိုတာ ပြန်ပြောင်း သတိရ ဆင်ခြင်ဖို့ပါပဲ။ အောက်တိုဘာမှာ Promotion တွေထွက်မယ်။သီတင်းကျွတ် လက်ဆောင် FOC % ဘာညာပေါ့။မုန့်ဝေတဲ့ ကာလပေါ့ ။ပြီးရင် နိုဝင်ဘာ၊ဒီဇင်ဘာက တုတ်ဝေတဲ့ ကာလ ပြန်ဖြစ်လာမယ်။
ဆေးလောကကြီးက အဲ့လိုပဲ လည်ပတ်ပါတယ်။

2022 November မှာ ငြိမ်ခဲ့ပြီး 2022 December ကနေ တရိပ်ရိပ်တက်ခဲ့ပါတယ်။2022 November ရဲ့ ရှေ့မှာလည်း တရှိန်ထိုး တက်ခဲ့ပါတယ်။

မမင်းတုတ် ဆေးဆိုင်ဖွင့်ခြင်းဆိုတဲ့ Post ကို သတိရရင် ဆေးဆိုင်တွေ တိုင်ပတ်ခဲ့ကြတာကိုလည်း ပြန်သတိရမိကြမယ် ထင်ပါတယ်။

ကမ္ဘာ့အရေး၊မြန်မာ့အရေးက ရှုပ်ထွေးနေဆဲပဲ မလို့ November လကုန်တဲ့အခါ နောက်တစ်ကျော့ မပြန်လာသေးခင် ဘာတွေ ဘယ်လို စီမံ ခန့်ခွဲကြမလဲဆိုတာ ကြိုတင်စဥ်းစားနေရပါတယ် ဆိုတဲ့အကြောင်း ။ ။

UNI Pharmacy
TAUNGGYI

ဆေးဆိုင်လုပ်ငန်း လုပ်တဲ့အမျိုးတွေ အခြေအနေ ဘယ်လိုရှိ ???အရင်းထပ်ထည့်လား ???စင်ပေါ်မှာ ပစ္စည်းတွေ အရင်က အရေအတွက်လောက် ရှိက...
09/10/2024

ဆေးဆိုင်လုပ်ငန်း လုပ်တဲ့အမျိုးတွေ အခြေအနေ ဘယ်လိုရှိ ???
အရင်းထပ်ထည့်လား ???
စင်ပေါ်မှာ ပစ္စည်းတွေ အရင်က အရေအတွက်လောက် ရှိကြသေးရဲ့လား ???
အောက်က အချက်တွေကို သတိပြုမိလား ???
ဘယ်လိုများ ရင်ဆိုင်ဖြေရှင်းနေသလဲ ???

ဝင်ရောက် ဆွေးနွေးပေးကြပါဦး။

1. ပစ္စည်းတွေ စျေးအရမ်းတက်
2. ပစ္စည်းတွေ လိုသလောက်လည်း ဝယ်လို့မရ
3. လက်ငင်းဝယ်ရတာထက် ပိုတဲ့ ငွေကြိုလွှဲရတဲ့ စနစ်ကြီး အရင်ထက်ပိုဆိုးလာ
4. 100 ဖာ ရောင်းပြီး ပြန်ဝယ်ရင် ဖာ 80 ပဲရ
5. ကုမ္ပဏီကမရလို့ အပြင်မှာ ဝယ်ရတဲ့အခါ စျေးအရမ်းကွာ

ကိုယ်မစဥ်းစားမိတဲ့ အချက်လေးတွေ တစ်ယောက်နဲ့ တစ်ယောက် သတိပြုမိရအောင် ဝင်ရောက် ဆွေးနွေးပေးကြပါဦး။

ပုံမှန်အတိုင်းဆို စက်တင်ဘာ၊အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ ဘာလေးဘာက ဆေးလောက အရောင်းအဝယ် အေးပြီး စျေးတွေလည်း ငြိမ်နေရမှာပါ။ခု...
08/10/2024

ပုံမှန်အတိုင်းဆို စက်တင်ဘာ၊အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ ဘာလေးဘာက ဆေးလောက အရောင်းအဝယ် အေးပြီး စျေးတွေလည်း ငြိမ်နေရမှာပါ။ခုတော့ လုရောင်း၊လုဝယ် တွေ လုပ်နေရတဲ့ စျေးကွက်ကြီးဖြစ်နေတာမလို့ ​စျေးတွေလည်း ကမောက်ကမ ဖြစ်နေတာကြာပါပြီ။
တော်တော်လေးကို ခန့်မှန်းရခက်တဲ့ ကာလပါပဲ။

ကျော်ဖြတ်နိုင်ကြပါစေ။

အရင်နှစ်ကတော့ September လထဲမှာ ဝယ်လိုအားတွေနည်းသွားလို့ စျေးနည်းနည်းပြန်ကျပါတယ်။အဲ့ဒါပြီး တစ်နှစ်နီးပါး စျေးတန်းအသစ်တစ်ခုမှာ ငြိမ်သွားတယ်လို့ ပြောလို့ရပါတယ်။

တက်မယ်၊
ဝယ်လိုအား ကျမယ်၊
စျေးနည်းနည်းပြန်ချမယ်၊
စျေးတန်းအသစ်တစ်ခုပေါ်လာမယ်၊
ခဏငြိမ်မယ်၊
ပြန်တက်မယ်။
ဒီပုံသေနည်းအတိုင်းသွားနေတာပါ။

အဓိက တွေးထားရမှာက ကျပ်ငွေပေါ်မှာ လူတွေရဲ့ ယုံကြည်မှု ပျောက်ဆုံးနေတာပါ။အဲ့ဒီယုံကြည်မှုပြန်မရလာမချင်း စျေးက တက်နေဦးမှာပါ။

Oramin G 1 ကဒ် = 1$ =1300
Oramin G 1 ကဒ် = 1$ = 3300

သူတို့က ၁ဒေါ်လာနဲ့ပဲ ရောင်းနေပေမယ့် ကျနော်တို့က 1300 ကနေ 3300 အထိ ပေးဝယ်နေရတာပါ။

ဘယ်အချိန်မှာ ဘာဖြစ်ပြီးရင် ဘာဖြစ်တတ်တယ်ဆိုတာမျိုးမှတ်မိနေရင် ဘယ်အချိန်မှာ ဝယ်ရမလဲ၊ရပ်ရမလဲ ဆိုတာ အနီးစပ်ဆုံး ခန့်မှန်းလို့ ရနိုင်ကြောင်း ဆွေးနွေးလိုပါတယ်။

ကျော်ဖြတ်နိုင်ကြပါစေ

မေတ္တာဖြင့်

UNI Pharmacy
TAUNGGYI

09796462070_09444006569

ဈေးသင့်ပြီး နှစ်လုံးတွဲသောက်ရတဲ့ ထူးခြားတဲ့ ကိုယ်ဝန်ဆောင်ဆေး Fertina 🤰🏻ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊  လုံလောက်တဲ့ ...
08/10/2024

ဈေးသင့်ပြီး နှစ်လုံးတွဲသောက်ရတဲ့ ထူးခြားတဲ့ ကိုယ်ဝန်ဆောင်ဆေး Fertina 🤰🏻

ဆေးတွေ ၂ မျိုး ၃ မျိုး မ၀ယ်ချင်ဘူး၊ လုံလောက်တဲ့ အာဟာရတွေ မပါ၀င်မှာလည်း စိုးတယ်၊ Quality ကောင်းတာလေး ဈေးသင့်တာလေး လိုချင်တာဆိုတဲ့ မိခင်များအတွက် Fertina က အထူးသင့်လျော်ပါတယ်။ Fertina ကို Germany 🇩🇪 နိုင်ငံမှ ထုတ်လုပ်ထားပြီး
💊 အဖြူရောင် (Vital Complex Capsule) လေးမှာ Vitamin နဲ့ Mineral ၁၈ မျိုးပါဝင်ပြီး သန္ဓေသားအတွက် အရေးကြီးတဲ့ Folic Acid 600 mcg ပါဝင်တာကြောင့် ကျောရိုးနှင့် အာရုံကြောအဖွဲ့အစည်းအတွက် အားဖြည့်ပေးပြီး ကိုယ်လက်အဂါ ပြည့်စုံတဲ့ ပေါင်ပြည့် လစေ့ကလေး မွေးဖွားပေးနိုင်ပါတယ်။
💊 အဝါရောင် (Omega 3 Capsule) လေးမှာ DHA 225 mg ပါဝင်တာကြောင့် ကလေးဥာဏ်ရည်ထက်မြက်မှုကို များစွာအထောက်အကူပြုပါတယ်။
တစ်ခါသောက် ၂လုံးတွဲသောက်ရတဲ့ (အလုံး ၃၀+၃၀) ပါတဲ့ (၁) လသောက်စာ တစ်ဘူးကိုမှ 48,000 MMK ကျသင့်မှာဖြစ်ပါတယ်။

#မေမေ့ရဲ့ပထမဆုံးလက်ဆောင်မွန် #ကိုယ်ဝန်ဆောင်အားဆေး

30/09/2024

VPN မကောင်း လိုင်းလည်း မကောင်း ရတစ်ချက်၊မရတစ်ချက်မို့ Facebook သိပ်မသုံးဖြစ်ပါဘူးဗျ။
အောက်ဖော်ပြပါ ဖုန်းနံပါတ်တွေကနေ ဆက်သွယ်လို့ရပါတယ်ဗျ။

09796462070 Viber
09259646109 Viber
09444006569 Viber
09783892669 Viber

အားလုံး ဘေးကင်းရန်ကွာ ကျော်ဖြတ်နိုင်ကြပါစေဗျ။

VPN အခက်အခဲကြောင့် Message တွေ ဖတ်မရ၊ Reply ပြန်မရဖြစ်နေပါတယ်ဗျViber 09796462070 ကို ဆက်သွယ်ပေးကြပါဗျ။
02/09/2024

VPN အခက်အခဲကြောင့် Message တွေ ဖတ်မရ၊ Reply ပြန်မရဖြစ်နေပါတယ်ဗျ
Viber 09796462070 ကို ဆက်သွယ်ပေးကြပါဗျ။

Address

No. 37 Zay Road . Zay Paing Quarter. Taunggyi
Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959796462070

Alerts

Be the first to know and let us send you an email when UNI Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to UNI Pharmacy:

Share