Shwe Dental Clinic

Shwe Dental Clinic Dental and Oral Care
Dental Digital Imaging

သွားခံတွင်း ကျန်းမာရေးအတွက် မေးမြန်းလိုသည်များ
သိလိုသည်များ ကို မက်ဆေ့မှ လည်းကောင်း အီးမေးလ် မှ လည်းကောင်း
မေးမြန်းနိုင်ပါသည်။

အဆင့်မြင့်ကြွေသွားတပ်ဆင်ခြင်း
နောက်ဆုံးပေါ်အံကပ်သွားပျော့ တပ်ဆင်ခြင်း
သွားအကြောတု အစားထိုးကုသခြင်း
လေဆာရောင်ခြည်ဖြင့် သွားဖာထေးကုသပေးခြင်း
သွားများဖြူဖွေးအောင်ဆေးရည်စိမ်ကုသခြင်း
သွားမျက်နှာပြင်တွင် စိန်ပွင့်တပ်အလှဆင်ခြင်း
သွားဆေးကြော သန့်ရှင်းရေးပြုလုပ်ပေးခြင်း
သွားခံတွင်း ဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း များ အတွက်
တခါသုံးပစ္စည်း ကိရိယာများ
နောက်ဆုံးပေါ်ပိုးသတ်ကိရိယာများ
အဆင့်မြှင့် စနစ်မှန်နည်းဖြင့် ပိုးသန့်စင်ပြီး ပစ္စည်းများ
စံညွှန်းမှီ ဆေးဝါးများကို သာ အသုံးပြုပေးပါသည်။

ရွှေ - သွား နှင့် ခံတွင်း ဆေးခန်း
အမှတ် ၁၉၅၊ ရေထွက်ဦးလမ်း၊ ကန်ရှေ့ရပ်၊ တောင်ကြီးမြို့။
(၀၈၁) ၂၀၀၈၀ရ
(၀၉) ၇၇ ၅၂၁၁၈၆၉
(၀၉) ၄၄ ၅၂၁၁၈၆၉
drsawhtutoo@gmail.com
shwedental@gmail.com

ယခုဝန်ထမ်းခေါ်ဆိုမှုအတွက် ၂၅.၀၈.၂၀၂၅ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။
15/08/2025

ယခုဝန်ထမ်းခေါ်ဆိုမှုအတွက် ၂၅.၀၈.၂၀၂၅ နောက်ဆုံးထားလျှောက်ထားနိုင်ပါသည်။

19/05/2025

တောင်ကြီးမြို့
ရေအေးကွင်းရပ်
မြတ်ရတနာလမ်း
အမှတ် ၅၃/၁၄ တွင်

SHWE Dental Clinic
ရွှေ သွားခံတွင်း ဆေးခန်း သစ်

စတင်ဖွင့်လှစ်ခြင်း အမှတ်တရ

19th May 2024

Grand Opening

ရွှေ သွားခံတွင်းဆေးခန်း (၂)မြတ်ရတနာလမ်း ရေအေးကွင်းရပ်(တောင်ကြီးမြို့) တွင်-သွားခံတွင်းဆရာဝန်၏ ဆေးကုသမှုလုပ်ငန်းကိစ္စရပ်မ...
14/05/2025

ရွှေ သွားခံတွင်းဆေးခန်း (၂)
မြတ်ရတနာလမ်း ရေအေးကွင်းရပ်
(တောင်ကြီးမြို့) တွင်

-သွားခံတွင်းဆရာဝန်၏ ဆေးကုသမှုလုပ်ငန်း
ကိစ္စရပ်များလျှင်မြန်ချောမွေ့စေရန်
ကူညီလုပ်ဆောင်ပေးနိုင်ရန်
-သွားပစ္စည်းပိုးသန့်စင်ခြင်းကိစ္စရပ်များ
-သွားခံတွင်းဆေးခန်းအတွင်းအပြင် သန့်ရှင်းရေး ကိစ္စရပ်များ နှင့်
-အခြားသွားခံတွင်းဆေးခန်း၏ အထွေထွေ
ကိစ္စရပ်များအတွက်

သွားခံတွင်း ဆေးခန်းအကူ ကျား/မ (နစ်ဦး) အလိုရှိပါသည်။
အောက်ပါ အချက်လက်များနှင့် ကိုက်ညီသူများ အလုပ်လျှောက်ထားနိုင်ပါသည်။

✍️အကျင့်စာရိတ္တ ကောင်းမွန် ရိုးသား၍ သွက်လက်ပြီးအသက် (၁၈) နှင့်အထက် (၃၀)အောက် ဖြစ်ရပါမည်။
✍️အနှိမ့်ဆုံးပညာအရည်အချင်း = ဆယ်တန်းအောင်
(သို့) ဘွဲ့ရဖြစ်လျှင် ဦးစားပေးပါမည်။
ကျောင်းကိစ္စကင်းရှင်းသူများဦးစားပေးပါမည်။
✍️ Nurse aid သင်တန်းတက်ဖူးပြီးသူများသာဦးစားပေးပါမည်။
✍️ စကားပြောယဥ်ကျေးလိမ္မာရပါမည်။ ဆေးခန်းကိစ္စရပ်များ တွင် အပင်ပန်းခံနိုင်သူ ဖြစ်ရပါမည်။
✍️နာတာရှည် ရောဂါအခံ ကူးစက်ရောဂါ မရှိသူဖြစ်ရပါမည်။
✍️အလုပ်ချိန် - ဆေးခန်းဖွင့်ချိန်အတိုင်း (9:00AM to 6:00PM) +or- 30 minutes
✍️မော်တော်ဆိုင်ကယ် မြို့တွင်းကျွမ်းကျင်စွာစီးနင်းတတ်သူဖြစ်ရပါမည်။
လက်ရှိမော်တော်ဆိုင်ကယ်ရှိနေပါက ဦးစားပေးပါမည်။
(လိုအပ်ပါက တစ်နေ့လျှင် တစ်ကြိမ် နစ်ကြိမ် ခန့် ကားဂိတ်သို့ သွားပစ္စည်းပို့ဆောင် ပစ္စည်းယူဆောင်ရသောကြောင့်ဖြစ်သည်။)
✍️လက်ရှိ တောင်ကြီးမြို့ဧရိယာ အတွင်း အဆောင် (သို့) နေထိုင်နေသူများကိုသာ ဦးစားပေးလျှောက်ထားစေလိုပါသည်။
✍️​​ရေရှည် အလုပ်လုပ်ကိုင်နိုင်သူ အများနှင့် အတူတကွ အလုပ်တွဲလုပ်ကိုင်နိုင်သူ ပူးပေါင်းဆောင်ရွက်နိုင်သူဖြစ်ရပါမည်။
✍️ လစာ Basic (300000 ကျပ်)
လုပ်ငန်းအတွေ့ကြုံ အရည်အချင်း
ပေါ်မူတည်ပြီး =ညှိနိုင်းနိုင်
🦷 အပတ်စဉ်တစ်ရက် နားရက်ရပါမည်။

🦷
email ဖြင့်ပေးပို့လျှောက်ထားမည်ဆိုပါက
shwedental@gmail.com သို့ လည်းကောင်း
Viber +9595211869 သို့လည်းကောင်း

၁/CV form
၂/မှတ်ပုံတင် ဓါတ်ပုံ (ကာလာ မိတ္တူ)
၃/အိမ်ထောင်စုဇယား ဓါတ်ပုံ (မိတ္တူ)
၄/ အတွေ့အကြုံ နှင့် မျှော်မှန်း လစာ
၅/ ပညာအရည်အချင်း
ပညာရပ်ဆိုင်ရာ အထောက်အထား နှင့် အခြား တင်ပြလိုသော အထောက်အထား များ နှင့်တကွ ဆေးခန်းတွင်လည်းကောင်း email attach ဖြင့်လည်းကောင်းပေးပို့ပြီး လျှောက်ထားနိုင်ပါသည်။
(လိုအပ်ပါက မူရင်းတင်ပြနိုင်ရပါမည်။)

ရွှေ သွားခံတွင်းဆေးခန်း (၁)
အမှတ် ၁၉၅ ရေထွက်ဦးလမ်း ကန်ရှေ့ရပ်
ရွှေ သုံးဖက်မြင် မြင်ကွင်းကျယ် သွားဓါတ်မှန်
🤗
081-2200807
09-44 5211869
09-77 5211869

Facebook
m.facebook.com/ShweDentalClinic

Google Mops Link
https://goo.gl/maps/46EZGo1mrrHR4x8y7

🦷
ရွှေ သွားခံတွင်းဆေးခန်း (၂)
အမှတ် (၅၃/၁၄)
မြတ်ရတနာလမ်း
ရေအေးကွင်းရပ်၊ တောင်ကြီးမြို့။

၀၉-၂၆ ၅၂၁၁၈၆၈
၀၉- ၇၆ ၅၂၁၁၈၆၉

m.facebook.com/ShweDentalClinic2

Google Maps
https://goo.gl/maps/BNicNgU97ArsuSy99

Dental clinic

၂၀၂၅ ခုနစ် ၊ မေ (၁) ရက်နေ့အလုပ်သမားနေ့ဖြစ်ပါသည်။
01/05/2025

၂၀၂၅ ခုနစ် ၊ မေ (၁) ရက်နေ့

အလုပ်သမားနေ့

ဖြစ်ပါသည်။

ရွှေ သွား/ခံတွင်း ဆေးခန်းရွှေ သုံးဖက်မြင် မြင်ကွင်းကျယ် သွားဓါတ်မှန်နှင့် ရွှေ သွားခံတွင်း ဆေးခန်း (၂)အားသင်္ကြန် အကြိုန...
12/04/2025

ရွှေ သွား/ခံတွင်း ဆေးခန်း
ရွှေ သုံးဖက်မြင် မြင်ကွင်းကျယ် သွားဓါတ်မှန်

နှင့်
ရွှေ သွားခံတွင်း ဆေးခန်း (၂)

အား
သင်္ကြန် အကြိုနေ့ ဧပရယ် ၁၃ရက်မှ
နစ်ဆန်းတစ်ရက် နေ့ ဧပရယ် ၁၇ ရက်နေ့ အထိ

ပိတ်ထားမည် ဖြစ်ကြောင်း မိတ်ဟောင်း မိတ်သစ်များကို အသိပေးအကြောင်းကြားအပ်ပါသည် ။

မြန်မာ နှစ်ဆန်း ၂ ရက်နေ့ ဧပရယ်လ ၁၈ ရက်နေ့တွင် ပုံမှန် အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။

မင်္ဂလာရှိသော နှစ်သစ်မှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစေကြောင်း နှင့် ရန်သူမျိုးငါးပါး ဘေးအန္တရာယ် မှ ကင်းဝေးပါစေကြောင်း
ဆုမွန်ကောင်း ပို့သလိုက်ပါတယ်။
🙏🙏🙏

Shwe Dental Clinic & 3D CBCT Dental X-ray
We would like to inform that we will be closed from
April 13th to April 17th
We will reopen as usual on April 18th.

We wish you a happy new year, best of the best.
🙏🙏🙏

Shwe牙科诊所 & 3D CBCT牙科X光
我们诚挚通知:
诊所将于 4月13日至4月17日 期间关闭。
我们将于 4月18日 恢复正常营业。

祝您新年快乐,万事如意。
🙏🙏🙏

30/03/2025

တောင်ကြီးမြို့ ရေအေးကွင်း ဘုရားဖြူတဝိုက်
ဖုန်း အားသွင်းရန်
Powerbank အားသွင်းရန်
မီးအိမ်များအားသွင်းရန်
အခြား လျှပ်စစ်ပစ္စည်းများအားသွင်းရန်
အတွက် လိုအပ်ခဲ့ပါက

မြတ်ရတနာလမ်းပေါ်ရှိ
တိုက်ဝါမှတ်တိုင်အနီးက
ရွှေ သွားခံတွင်း ဆေးခန်းမှာ ရပါတယ်ခင်ဗျာ။

Adapters ပါယူဆောင်ခဲ့ပေးပါခင်ဗျာ
လိုအပ်ပါက wifi ပါ သုံးနိုင်ပါသည်။
(လိုင်းတော့ သိသိသာသာနှေးနေပါတယ်)

မနက်၉:၀၀ မှ ညနေ ၅:၃၀ အတွင်း
ဆောင်ရွက်ပေးပါမည်။

မှားယွင်း ပျောက်ဆုံးမှုမှား မဖြစ်စေရန်
ကိုယ်တိုင်စောင့်ယူသွားနိုင်သလို

အကြောင်းကြောင်းကြောင့် အပ်ထားလိုပါက
အမည် ဖုန်းသေခြာလေးရေးပေးခဲ့ပါခင်ဗျာ။

အဆင်ပြေကြပါစေ။ 🙏

 #သွားကျွတ်ထွက်သွားခြင်း
03/03/2025

#သွားကျွတ်ထွက်သွားခြင်း

သွားလေးတွေ လည်းညီညီညာညာဖြစ်ချင်တယ်သွားညှိကုသမှုလည်း ခံယူမယ်လို့ စိတ်ကူးလေးရှိနေရင်တော့ ဆေးခန်းမှာ ကြိုတင်ချိန်းဆိုပြီး အ...
28/02/2025

သွားလေးတွေ လည်းညီညီညာညာဖြစ်ချင်တယ်
သွားညှိကုသမှုလည်း ခံယူမယ်လို့ စိတ်ကူးလေးရှိနေရင်တော့
ဆေးခန်းမှာ ကြိုတင်ချိန်းဆိုပြီး အခမဲ့ တိုင်ပင်နိုင်တာမို့လို့စာရင်းပေးသွင်းထားနိုင်ပါတယ်နော်။

သွားညှိကုသဖို့ အတွက်
လိုအပ်ပါကပထမဆုံး သွားအခြေက သွားချေးလွှာ သွားချိုး(ဂျိုး) တွေကို အရင် သွားဆေးကြောပေးရပါမယ်။
သွားဆေးတာက ပုံမှန်အားဖြင့် (၃၅၀၀၀-၄၅၀၀၀-၅၅၀၀၀-၆၅၀၀၀ကျပ်) ဝန်းကျင် ကုန်ကျပါမယ်။
အချိန်မိနစ် ၃၀ လောက်ပေးရပါတယ်။

သွားဓါတ်မှန် (၂)ချပ်လိုပါတယ်
မြင်ကွင်းကျယ် panorama လို့ခေါ်တဲ့ မေးရိုးအတွင်း မြုပ်နေတဲ့ အခြား သွားတွေရှိမရှိ နဲ့အခြား အရာတွေကို ရှာဖွေဖို့တစ်ချပ်
၁၈၀၀၀ ကုန်ပါမယ်။
Cephalo လို့ခေါ်တဲ့ မျက်နှာဘေးသွားဓါတ်မှန်တစ်ချပ် လိုပါမယ်
၂၀၀၀၀ ကုန်ပါမယ် ။

အဲဓါတ်မှန်နှစ်ချပ်လုံးက တခါတည်း ရွှေသွားဆေးခန်းမှာရိုက်လို့ရပါမယ်။ နောက် သွားဓါတ်ပုံ ၈ပုံ ရယ် လူပုံ လေးပုံ ပါးစပ်စိထားပုံ ရီထားပုံ ဒီဓါတ်ပုံတွေကို တော့ ဆေးခန်းမှာ တစ်ခါတည်းရိုက်ပါတယ်။ ကုန်ကျတာတော့
မရှိပါဘူး

သွားအံပုံစံယူရပါမယ်။
သွားအံပုံစံယူ ပုံလောင်းမိုသွင်းဖို့အတွက်
(အဓိက ဘယ်လိုကုသမှုပေးရမယ်
ဘယ်လောက်ကြာနိုင်မယ် စတာတွေအတွက် ကုန်ကျစရိတ်)
ငွေ ငါးသောင်း (၅၀၀၀၀ ကျပ်) ကုန်ကျပါမယ်။

နဂိုမူလက သွားပိုးစားနေတဲ့သွားရှိခဲ့ရင် ပြုပြင်ဖာထေးဖို့ ကုန်ကျစရိတ်ရှိပါမယ်။
သွားတစ်ချောင်းအတွက်
(၉၀၀၀ မှ ၃၂၀၀၀ - ၃၈၀၀၀မှ ၄၈၀၀၀ ၅၅၀၀၀မှ ၆၅၀၀၀)ကြား စသဖြင့် ကုနိကျနိုင်ပါတယ်။
အဲဒါပြီးသွားရင် သွားညှိဖို့တွက် နေရာရဖို့အတွက် သွားနူတ်ဖို့လိုမလား လိုရင် ဘယ်သွားကို နူတ်ဖို့လျာထားလည်း။ အပေါ်သွား ပဲလိုတာလား အောက်သွားတွေကော နူတ်ဖို့ လိုမလား ဒါမှမဟုတ် နေရာ သိပ်မလိုရင် သွားဘေးနားလေးတွေကို အနည်းငယ်စား (ကော်ပတ်တိုက်သလိုမျိုး) လိုက်တာမျိုးပဲလုပ်ဖို့လိုမလားဆိုတဲ့ အရာတွေကို သိရပါမယ်။ နောက် ကုန်ကျစရိတ်ကိုသိရပါမယ်။ ပျမ်းမျှ ခန့်မှန်းခြေကုန်မယ့် ကုန်ကျစရိတ်ရယ် ကို သိရပါမယ်။
ပုံမှန်အားဖြင့်တော့ သွားညှိကုသမှု အတွက် ကြာချိန်ကတော့ ခန့်မှန်း အချိန် လပိုင်းကနေ (၁) နှစ် (၁)နှစ် ခွဲ (၂) နှစ် (၂)နစ်ခွဲ စသည်ဖြင့် အချိန် ပေးရပါမယ်ခင်ဗျာ။ တစ်ဦးနဲ့တစ်ဦးမတူညီနိုင်ပါဘူး။

နောက်
သွားညှိနိုင်တဲ့ အမျိုးအစားတစ်ခုက Clear Aligner ပုံစံခွက်အကြည်နဲ့သွားညှိကုသနည်းဖြစ်ပါတယ်။ သူက အထက်ကပြောတဲ့ သွားဓါတ်မှန်၊ သွားအံပုံ ၊ လူဓါတ်ပုံ၊ သွားဓါတ်ပုံတွေရပြီဆိုရင်
ကွန်ပြူတာ နဲ့ဒီဇိုင်းဆွဲတာမို့ တိတိကျကျထွက်ပါတယ်
ကုသမှုအစအဆုံး အချိန်ဘယ်နရက်ကြာမယ်
တစ်လတစ်လခြင်းစီမှာ ရွေ့လာမည့် သွား အနေအထား မေးရိုးအနေအထား စတာတွေကိုသိရပါမယ်
နောက် အပေါ်သွားတွေ ညီသွားဖို့ ဘယ်နရက်ကြာမယ်
အောက်သွားတွေညီဖို့ ဘယ်နရက်ကြာမယ် ကအစ တိတိကျကျသိရပါမယ် တစ်ဆင့်ခြင်းစီ ဖြစ်လာမည့် တစ်လခြင်းစီပြောင်းလဲလာမည့် အနေအထားကို 3D လှည့်ကြည့်လို့ရပါမယ်။

မိမိညှိလိုတဲ့ အဆင့်အထိ အဖြေ plan ကြာည့်ပြီး တစ်ဆင့်ချင်းစီ သို့မဟုတ် အဆင့်(၅)ဆင့် အဆင့်(၁၀)ဆင့် အဆင့်(၁၅)ဆင့် လိုအပ်သလို ငွေကြိုသွင်းကာ မှာယူထားနိုင်ပါတယ်
အဆင့်တစ်ဆင့်ကို ပုံစံခွက်သုံးခုပါပြီး အချိန် တစ်လကြာ တစ်ရက်ကို အနည်းဆုံး ၁၇ နာရီမှ နာရီ ၂၀ ခန့် တပ်ထားရမှာဖြစ်ပါတယ်
တစ်ဆင့်ချင်းစီ ငွေကုန်ကျတာလွဲလို့ ကြားထဲမှာ အပို ကုန်ကျတာထပ်မရှိတော့တာများပါတယ် Exchange rate ကတော့ ငွေသွင်းတဲ့နေ့က ပေါက်ဈေးနဲ့တွက်ပါတယ်
အစအဆုံး မကုသဘဲ မိမိသဘောကျသော အနေအထားအထိပဲ ကြိုတင် planချပြီးကုသနိုင်ပါတယ်
(ဥပမာ အဆင့် (၁၅)ဆင့်မှ အကုန်ညီသွားနိုင်ပေမယ့် (၉)ဆင့်‌လောက်မှာဖြစ်လာမယ့်သွားအနေအထားကို သဘောကျရင် အဆင့်(၉)အထိပဲ ငွေသွင်းကာကုသနိုင်ပါတယ် (တခါတည်းဖြစ်ဖြစ် အရစ်ကျဖြစ်ဖြစ်)
ငွေသွင်းပေးချေရတဲ့ပုံကတော့ စုစုပေါင်းကုန်ကျစရိတ်ကနေ အထက်မှာပြောပြထားသလို စုစု‌ပေါင်း အဆင့်အကုန်မဟုတ်ဘဲ မိမိ ရွှေ့ချင်သလောက်မှာရပ်လို့ရပါတယ် နောက် ကုန်ကျစရိတ်တွေကို ကုသမှုကြာချိန်ပေါ် မူတည်ပြီး သို့မဟုတ် အချိန်ခွဲပြီးသွင်းရပါတယ်။ ဥပမာ တစ်နှစ်ကြာမယ်ဆိုရင်
စစခြင်း မစမှီ ရာခိုင်နူန်း ၅၀-မှ ၆၀
၁လတစ်ခါ ၁၀ရာခိုင်နူန်းစီ သွင်းလည်းရပါတယ်။

သွားညှိကုသမှု ပြီးသွားရင် သွားပြန်မရွှေ့အောင် လအနည်းငယ်ခန့် ထိန်းထားရမှာဖြစ်ပြီး
ထိန်းထား ပေးမယ့် အထိန်းခေါ် ပုံစံခွက်အကြည်
Clear retainer တန်ဖိုး တစ်စုံ ပျမ်းမျှ ၁၁၅၀၀၀-၁၃၅၀၀၀ ကြား ကျသင့်မှာဖြစ်ပါတယ်။

🦷အသေး စိတ်သိရှိလိုသူများ အနေဖြင့်
ဖုန်း
ဆေးခန်း(၁)
09-44 5211869
09-77 5211869
ဆေးခန်း(၂)
09-26 5211869
09-76 5211869

သို့မဟုတ်
page messenger မှ
တဆင့် ဆက်သွယ်နိုင်ပါသည်။

#သွားညှိ






#သွားညီ
#သွားအလှ

Betadine ဘီတာဒိုင်းပါးလုပ်ကျင်းဆေးရည် ပြန်ရောက်ပါပြီ။လိုအပ်ပါကလက်လီ တစ်ဘူး ၁၆၀၀၀ နူန်းဖြစ်ပါသည်။
20/02/2025

Betadine ဘီတာဒိုင်း

ပါးလုပ်ကျင်းဆေးရည် ပြန်ရောက်ပါပြီ။

လိုအပ်ပါက

လက်လီ တစ်ဘူး ၁၆၀၀၀ နူန်းဖြစ်ပါသည်။

05/02/2025

Superlign in Taunggyi Shwe Dental Clinic

သွားမြစ်တု ( Dental Implant ) သွားမြစ်တုအစားထိုးကုသမှုအတွက်Chinese New Year Package ဖြစ်ပါတယ်။၂၈.၀၂.၂၀၂၅ အထိ အကြုံးဝင်ပါ...
27/01/2025

သွားမြစ်တု ( Dental Implant )

သွားမြစ်တုအစားထိုးကုသမှုအတွက်
Chinese New Year Package ဖြစ်ပါတယ်။
၂၈.၀၂.၂၀၂၅ အထိ အကြုံးဝင်ပါတယ်။

သွားမြစ်တုအစားထိုး ကုသမှုခံယူတော့မယ်
အစားထိုးစိုက်ထည့်တော့မယ်ဆိုရင် ပထမဦးဆုံး မ​ဖြစ်မ​နေ​​ဆောင်ရွက်ရတဲ့
မေးရိုးအနေအထား အရိုးအထူအပါး
သိပ်သည်းဆ အရေးကြီးသော အာရုံကြောစသည်တို့ကို စစ်ဆေးနိုင်ရန် အတွက်
3D CBCT သွားဓာတ်မှန်ကို ရိုက်ကူးကြည့်နိုင်ရန်အတွက်
3D CBCT PLANMECA Romexis ( made in Europe)စက် ရှိထားသော
ရှမ်းပြည် တောင်ကြီး၏ တစ်ခုတည်းသော သွားခံတွင်းဆေးခန်းဖြစ်ပါတယ်။

Dental Implant သွားမြစ်တု အစားထိုး စိုက်မယ်ဆိုလျှင်
🦷 3D သွားဓာတ်မှန် ၂ ကြိမ်အခမဲ့ ရိုက်ပေးမည်ဖြစ်ပါတယ်။
( Implant ကုသမှုမခံယူခင် ၁ ကြိမ်နှင့်် ကုသမှုခံယူပြီး ၁ ကြိမ်)

🦷အသေး စိတ်သိရှိလိုသူများ အနေဖြင့်
ဖုန်း
ဆေးခန်း(၁)
09-44 5211869
09-77 5211869
ဆေးခန်း(၂)
09-26 5211869
09-76 5211869

သို့မဟုတ်
page messenger မှ
တဆင့် ဆက်သွယ်နိုင်ပါသည်။

新年快乐 (Xīn nián kuài lè) – “Happy New Year”恭喜发财 (Gōng xǐ fā cái) – “Wishing you prosperity and wealth”万事如意 (Wàn shì rú yì...
27/01/2025

新年快乐 (Xīn nián kuài lè) – “Happy New Year”

恭喜发财 (Gōng xǐ fā cái) – “Wishing you prosperity and wealth”

万事如意 (Wàn shì rú yì) – “May all your wishes come true”

年年有余 (Nián nián yǒu yú) – “May you have abundance every year”

身体健康 (Shēn tǐ jiàn kāng) – “Wishing you good health”

Address

Ye Hwet Oo Street
Taunggyi

Opening Hours

Monday 09:00 - 12:00
14:00 - 18:00
Tuesday 09:00 - 12:00
14:00 - 18:00
Wednesday 09:00 - 12:00
14:00 - 18:00
Thursday 09:00 - 12:00
14:00 - 18:00
Friday 09:00 - 12:00
14:00 - 18:00
Saturday 09:00 - 12:00
14:00 - 18:00
Sunday 09:00 - 12:00
14:00 - 18:00

Telephone

+95812200807

Website

Alerts

Be the first to know and let us send you an email when Shwe Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Dental Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram