16/10/2025
"ဓမ္မမဟာပဗ္ဗတ ဝိပဿနာရိပ်သာ(တောင်ကြီးမြို့)"
#၃၈ကြိမ်မြောက် "(၁၀)ရက် တရားပတ် ဖိတ်ကြားခြင်း"
"အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိ ဝိပဿနာအဖွဲ့"၏
ရိပ်သာခွဲ တစ်ခုဖြစ်သည့် - တောင်ကြီးမြို့"ဓမ္မမဟာပဗ္ဗတ ဝိပဿနာရိပ်သာ"တွင်
#၂၀၂၅ခုနှစ်နောက်ဆုံးဆယ်ရက်တရားပတ်
#၃၈ကြိမ်မြောက် "(၁၀)ရက် တရားပတ်" ကို
(၃၀ - ၁၀ -၂၀၂၅) မှ (၁၀ - ၁၁ -၂၀၂၅) ထိ ကျင်းပသွားမည် ဖြစ်ပါသည်။
တရားပတ်ဝင်ကြမည့်ယောဂီ (ဟောင်း/အသစ်) များသည် အောက်ပါအချက်လက်များ ဖေါ်ပြ၍ကြိုတင် စာရင်း ပေးနိုင်ကြပါသည်။
*အမျိုးသား/အမျိုးသမီး
*ယောဂီ(ဟောင်း/အသစ်)၊
*(ယောဂီအသစ် များ အမည် အသက် နေရပ်လိပ်စာ ဖုန်းနံပါတ် အတိအကျ သေသေချာချာ ပေးကြရပါမည်။)
🌺(ယောဂီအဟောင်းများ အားထုတ်ပြီးသည့်တရားပတ်အကြိမ်အရေအတွက် အတိအကျ၊ အမည်၊အသက် နေရပ်လိပ်စာ ဆက်သွယ်ရန် ဖုန်းနံပါတ် အတိအကျသေသေချာချာ ပေးကြရပါမည်။)
တရားပတ်အတွင်း ထိုင်ခုံ ကျန်းမာရေး အခက်အခဲ အစရှိသည့် အထူးလိုအပ်ချက်ရှိပါကသေသေချာချာ ပြောပြစာရင်းသွင်းပေးကြရပါမည်။
🌺တရားပတ်မတိုင်မီ(၂)ရက်အလို တွင်ယောဂီစာရင်း စီစစ်ပြီး အိပ်ဆောင်နေရာချထားခြင်း နှင့်ဓမ္မခန်းမနေရာ ကြိုပေးမည်ဖြစ်ပါ၍ မထိုင်ဖြစ်ပါက မပျက်မကွက် ပြန်၍ဖုန်းဆက်အကြောင်း ကြားပေးရပါမည်။
🌺လက်ခံနိုင်မည့်ယောဂီ အကန့်အသတ်ရှိပါ၍ မဖြစ်မနေ စာရင်းကြိုတင်ပေးကြပါရန် မေတ္တာရပ်ခံပါသည်။ အကြောင်းတစုံတစ်ရာကြောင့် မထိုင်ဖြစ်ပါက မပျက်မကွက် ပြန်၍ဖုန်းဆက်အကြောင်း ကြားပေးရပါမည်။
🌺တရားပတ်ဝင်ဖြစ်ကြောင်း ကို (၂၈ - ၁၀ -၂၅) နေ့တွင် မပျက်မကွက် ထပ်မံ၍ ဖုန်းဆက် အကြောင်းကြားပေးကြပါ။
တရားပတ်ဝင်မည့်ယောဂီအသစ်/အဟောင်းများ ဓမ္မမဟာပဗ္ဗတရိပ်သာ (ဘုရားဖြူ) သို့ (၃၀ - ၁၀ - ၂၅) ရက်နေ့ နေလည် (၁) နာရီ အရောက်လာရန်မေတ္တာရပ်ခံပါသည်။
🌺ယောဂီအသစ်များ တရားပတ်မဝင်မှီ တရားပတ်တွင် လိုက်နာရမည့် စည်းကမ်းချက်များကို သေသေချာချာဂရုတစိုက် ဖတ်ရန်လိုအပ်ပါသည်။
(၁၀) ရက် အစမှ အဆုံးထိ ဝင်ရောက်မှသာ တရားပတ်အောင်မြင်ပါသည်။
စာရင်းပေး လိုသော -
"ယောဂီများ" "ဓမ္မမဟာပဗ္ဗတ ရိပ်သာ ရုံးဖုန်း"နှင့် ဖော်ပြပါ ဖုန်းများ သို့ ကြိုတင် စာရင်းပေးသွင်းနိုင်ပါသည်။
📞 ၀၉ ၇၅၇၆၂၆၀၂၆
📞 ၀၉ ၉၆၈၈၄၄၅၆၈
🌺ရုံးချိန်နံနက် ၈:၀၀ နာရီ မှ ၁၁:၀၀ နာရီ နှင့် နေ့လည် ၁:၀၀ နာရီ မှ ၄:၀၀ နာရီ အတွင်း ပေးရပါမည်။
(**🌺တရားပတ်ဝင်မည့်ယောဂီများ ရာသီဥတုအေးသောကြောင့် ခေါင်းစွတ်ဦးထုပ်၊ ခြေအိတ်၊ အနွေးထည်၊ လက်နှိပ်ဓါတ်မီး၊ ဆရာဝန်ညွှန် ကြားချက်ကြောင့် သောက်နေသောဆေးများ၊ အိပ်ယာစောင် တကိုယ်ရေသုံးလိုအပ်သည်များကို မဖြစ်မနေ ယူဆောင်လာရပါမည်။ **)
🌺မှတ်ပုံတင်(သို့)နိုင်ငံသားစီစစ်ရေးကဒ် မူရင်းပါရှိရပါမည်။
🌺ရာသီဥတုအခက်အခဲကြောင့် (ဒေသခံယောဂီများ) ခြုံစောင်များလုံးဝမပေးပါ၍ မိမိတို့အိမ်မှ ယူလာခဲ့ကြပါ။ အိပ်ယာခင်း ခြင်ထောင်တို့ကို ရိပ်သာက ယူသုံးနိုင်ပါတယ်။
🌺၁၀ရက်တရားပတ်များတွင် အမျိုးသမီးယောဂီများ၏ ၀တ်စားဆင်ယဉ်မှုကို မြန်မာ့ယဉ်ကျေးမှုဖြင့် မဆန့်ကျင်ပဲ ၀တ်ဆင်ရန် လိုအပ်ပါသည်။ ဒူးပေါ်၊ ခါးပေါ်၊ ရင်ဟိုက် ၀တ်စားဆင်ယဉ်မှုကို လုံး၀ခွင့်မပြုပါ။
🌺အမျိုးသားယောဂီများလည်း လက်ပြတ်အင်္ကျီ ၊ ဘောင်းဘီတိုများကို လုံး၀ခွင့်မပြုပါ။
"အပြည်ပြည်ဆိုင်ရာ ဓမ္မဂီရိဝိပဿနာအဖွဲ့"
"ဓမ္မမဟာပဗ္ဗတ ဝိပဿနာ ရိပ်သာ"
ပန်းတင်လမ်း၊ နယ်မြေ(၁)၊ ဘုရားဖြူရပ်ကွက်၊ တောင်ကြီးမြို့။