Cherry Pink နှစ်သက်မိသောစာစုလေးများ

  • Home
  • Myanmar
  • Taunggyi
  • Cherry Pink နှစ်သက်မိသောစာစုလေးများ

Cherry Pink နှစ်သက်မိသောစာစုလေးများ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cherry Pink နှစ်သက်မိသောစာစုလေးများ, Taunggyi.

18/04/2023

The appropriate weight loss plan for a woman who is 5'2" and weighs 147 pounds varies depending on a number of factors, such as her age, activity level, and overall health status. However, here is a sample weight loss plan that could help her lose one to two pounds per week:

1. Determine her daily calorie needs using an online calculator or consulting her doctor.
2. Create a meal plan that is 500 to 1,000 fewer calories than her daily calorie needs.
3. Eat plenty of high-fiber, high-protein foods such as fruits, vegetables, lean proteins, and whole grains.
4. Avoid or limit processed foods, added sugars, and saturated fats, which are high in calories but low in nutrients.
5. Incorporate regular physical activity, such as brisk walking or aerobics, for at least 30 minutes most days of the week.
6. Stay hydrated by drinking plenty of water throughout the day.
7. Consider working with a registered dietitian to help create a more personalized and sustainable weight loss plan.

17/08/2019
03/06/2019
31/05/2019

🔴​ငွေစုပြီး​မြေကွက်​ဝယ်​နည်း

မြေကြီးက ​ရွှေ​သီးချင်​ရင်​ တိုက်​ခန်းဝယ်​မယ့်​အစား ဆင်​​ခြေဖုန်းက​မြေကွက်​ဝယ်​ပါ။တရိတ်​ရိတ်​နဲ့​ဈေးတက်​ပြီး ဘယ်​​တော့မှမရှုံးတာ​မြေကွက်​ပါ။

တိုက်​ခန်းကျဉ်းကျဉ်းကြပ်​ကြပ်​မှာ သိန်း၃၀၀​ - သိန်း၅၀၀ လက်​ငင်းဝယ်​အရစ်​ကျ ဝယ်​ပြီး စိတ်​ဖိစီးမယ့်​အစား မိမိပိုင်​​မြေကွက်​​ပေါ်မှာ ချစ်​စရာ​ကောင်းတဲ့အိမ်​​ဆောက်​ပြီး​နေပါ။လုံးဝမရှုံးသလို အမြဲတမ်းတန်​ဖိုးတက်​​နေပါလိမ့်​မယ်​။

တိုက်​ခန်းငှါး တိုက်​ခန်းမှာစီးပွား​ရေးလုပ်​ တန်​ပါတယ်​။
စီးပွား​ရေးလုပ်​ငန်း လုပ်​တဲ့သူ​တွေအတွက်​ ငှါးရမ်းလုပ်​ကိုင်​တာမျိုးက သင့်​​တော်​ပါတယ်​​။ ဥပမာ တစ်​လ ၃သိန်းတန်​ တိုက်​ခန်းငှါး
တစ်​ရက်​ ထွက်​​ငွေ ၁သောင်းကျပ်​ -
ဖက်​ရှင်​ စက်​ချုပ်​ဆိုင်​​လေးဖွင့်​ဖွင့်​ အလှပြင်​ဆိုင်​ဘဲဖွင့်​ဖွင့်​ တစ်​ရက်​ဝင်​​ငွေ - 50000 ​လောက်​ဝင်​တယ်​ဆိုပါစို့
အခန်းငှါးခ ၁သောင်း -ဝင်​​ငွေ ၅သောင်း - ကျန်​​ငွေ၎သောင်း

ဘာမှစီးပွား​ရေးမလုပ်​တတ်​ပါက တိုက်​ခန်းဝယ်​ပြီးမ​နေသင့်​ပါ။
မြေကွက်​ဝယ်​ အိမ်​​ဆောက်​ပြီး​နေပါ။
အချိန်​ ၁၀နှစ်​ကြာရင်​ အိမ်​တန်​ဖိုးတက်​ စုမိ​ဆောင်းမိပါလိမ့်​မယ်​။
ငွေရှိရင်​ ​မြေများများဝယ်​ပါ။
ခြံဝန်းခတ်​ပြီး အ​ဆောက်​အဦး​ဆောက်​ပါ။
အငှါးချပါ။ လစဉ်​ဝင်​​ငွေတိုး မကြာမှီ အလုပ်​ငြိမ်း ချမ်းသာစွာ​နေရပါလိမ့်​မယ်

ရှေးဦးစွာ ​ဈေးသက်​သာ​သော ​မြေကွက်​များကို စိတ်​ကြိုက်​​ရွေချယ်​ စုံစမ်းထားပါ။ ​မြေကွက်​ဝယ်​မယ်​လို့ စိတ်​ကို ပိုင်​ပိုင်​နိုင်​နိုင်​ဆုံးဖြတ်​ထားပါ။
လစဉ်​ဝင်​​ငွေကို စနစ်​တကျ အချိုးချပါ။
ထွက်​​ငွေများထိန်းချုပ်​ပါ။
သိန်း ၁၀၀ တန်​​မြေကွက်​ရချင်​သည်​ဆိုပါစို့။
အချိန်​ Target ထားပါ။အ​ရေးကြီးပါသည်​။
၁နှစ်​အတွင်း Target ထားပါက ၁၀၀သိန်း/12 နဲ့စား
တစ်​လကို ၈သိန်း​ကျော်​စုရပါမယ်​။
ဝင်​​ငွေက ၄သိန်း စု​ငွေက ၂သိန်းဆိုပါက ပုံမှန်​အတိုင်းစုပါက အချိန်​အများကြီး​ပေးရပါလိမ့်​မယ်​။
မိမိ၏ ပုံမှန်​ဝင်​​ငွေကို တိုးမြှင့်​ရပါမယ်​။
၈သိန်း လိုပါက ၁၀သိန်း Target ထားပါ။
၁၀သိန်းကို ရက်​၃၀နဲ့စား တစ်​ရက်​ဝင်​​ငွေ ၃သောင်းလိုပါမယ်​။

တစ်​ရက်​ဝင်​​ငွေ ၃သောင်း ဝင်​​အောင်​ မိမိတို့ လုပ်​အားဖြင့်​ကြိုးစားရှာ​ဖွေကြရပါမယ်​။ရှာ​ဖွေနည်းက​တော့ မိမိတို့်​ကျွမ်းကျင်​ရာမှာ အာရုံထားရှာ​ဖွေကြည့်​ပါ။ ဟင်း​ကောင်း​ကောင်းချက်​တတ်​ပါက Online ​ပေါ်မှာ ဟင်းချက်​​ရောင်းပါ။ စက်​ချုပ်​တတ်​ပါက Online / အပြင်​မှာ စက်​ချုပ်​ဆိုင်​ဖွင့်​ပါ။ အများကြီး အများကြီး ကြိုးစားလုပ်​ကိုင်​လို့ရပါတယ်​။တစ်​ရက်​ဝင်​​ငွေ ၃သောင်း အရင်​ရ​အောင်​ ကြိုးစားလုပ်​ကိုင်​ပြီး တစ်​နှစ်​အတွင်း သိန်း၁၀၀တန်​​မြေကွက်​ ပိုင်​ဆိုင်​ကြပါ​စေ။
❗❗❗❗❗❗❗❗❗❗❗❗❗❗❗
Brian Tracy ၏ငွေကြေးစီမံခန့် ခွဲမှုဆိုင်ရာ အကြံပြုချက်များ
+++++++++++++++++++++++++++++++++++++++++
အပိုင်း (၁)
ငွေစုရာတွင်
ဝင်ငွေနှင့် ထွက်ငွေယှဉ်လာတဲ့အခိုက် ၀င်ငွေကများနေမှသာ ငွေစုဖို့ အဆင်ပြေမှာဖြစ်ပါတယ်။
ကိုယ့်ရဲ့ ၀င်ငွေဟာ အသုံးစရိတ်တွေထက် များနေမှ ငွေတွေပိုလျှံလာမယ်ဆိုတာ အထူးပြောစရာမလိုပါဘူး။

(၁) လစဉ်မသုံးမဖြစ်သုံးရမည့် စာရင်းကို သတ်မှတ်ပါ။
(၂) လစဉ် အများဆုံးဘယ်လောက်အတိုင်းအတာထိ စုမလဲဆိုတာကို ဆုံးဖြတ်ပါ။
(၃) အကြွေးတွေကို မများလာမီ အကျေဆပ်ပါ။
ဖြစ်နိုင်ရင်အကြွေးဝယ်ကဒ်တွေထားမနေပါနဲ့ တော့။ မလိုအပ်ဘဲ နှစ်စဉ်ကြေးတွေပေးစရာမလိုရအောင်ပါ။
(၄) ဘယ်နေရာမှာ အများဆုံးဘယ်လောက်သုံးရမလဲ ဆိုတဲ့ လစဉ် ဘတ်ဂျက်လျာထားချက်များရှိပါစေ။

ဘတ်ဂျက်ကိုစီမံဖို့ အကြံပြုချက် (၇)ချက်
(၁) အပတ်စဉ်၊ လစဉ် ဘယ်လောက်အသုံးစရိတ်ရှိသွားလည်း အလွယ်တကူပြန်ရှာနိုင်ရန်အတွက် စာအုပ်ထဲရေးမှတ်ထားပါ။ သို့ တည်းမဟုတ် Budget application သုံးပြီး မှတ်ထားပါ။
(၂) လစဉ်အသုံးစရိတ်များ၊ ၀င်ငွေ ထွက်ငွေအားလုံး မှတ်တမ်းတင်ထားပါ။
(၃) မဖြစ်မနေသုံးရမည့်အသုံစရိတ်အပြင် အခြားအပို ဘယ်လောက်သုံးရမလဲဆိုတဲ့ အကန့် အသတ်ရှိပါစေ။
(၄) ၀င်ငွေ ထွက်ငွေကို နှိုင်းယှဉ်ပြီး လစဉ်သုံးသပ်ပါ။
ဥပမာ အစားအသောက်၊ ခရီးစရိတ်၊ အ၀တ်အစားတိုလီမိုလီ ၀ယ်စရိတ်၊ အကောက်ခွန်၊ ကားပြင်ခ၊ အိမ်ထိန်းသိမ်းစရိတ် အစရှိသည်ဖြင့် မှတ်တမ်းကို ပြန်ကြည့်ပြီး ဘယ်နေရာတွေမှာ မလိုအပ်ဘဲ သုံးမိနေလည်း သုံးသပ်ပြီး အသုံးစရိတ်ကို လျှော့ချပါ။ ပျော်ပွဲရွှင်ပွဲတွေအတွက် အသုံးစရိတ်သိပ်များနေတာမျိုး၊ မလိုအပ်ဘဲ ၀ယ်ယူမိတဲ့ ဇိမ်ခံအပိုပစည်း ၀ယ်ယူမှုများကို လျှော့ချပါ။
(၅) နေ့ စဉ်မျက်ချည်မပြတ် စောင့်ကြည့်ရမည်မှာ အသုံးစရိတ်ပဲဖြစ်ပါတယ်။ သတိမထားမိဘဲ တစ်လ၀င်ငွေထဲကမှ အရေးကိစ တစ်ခုအတွက် ငွေတွေအများကြီးပုံအောပြီး မလိုအပ်ပါဘဲ အသုံးပြုမိတာမျိုးတွေမဖြစ်အောင် ကြိုတင်စီမံမှုတွေပြုလုပ်ပါ။

(၆) ဘ၀ပန်းတိုင်ကို သတ်မှတ်ပါ။ မိမိရဲ့အနာဂတ်၊ မိသားစုအနာဂတ်အတွက် ဘာတွေကြိုတင်ပြင်ဆင်ထားမလဲ ၊ ကိုယ့်ရဲ့သားသမီးရဲ့ အနာဂတ်ပညာရေးအတွက် ဘယ်လိုစီမံမလဲ ၊အိမ်ပိုင်ဝယ်ဖို့ ရှိသလား ရင်းနှီးမြှပ်နှံဖို့ အစရှိသဖြင့် အကောင်အထည်ဆောင်ရွက်ရမည်များကို ပြုစုပြီး ငွေကြေးအကျပ်အတည်းမဖြစ်အောင် ကြိုတင်စီမံမှုများပြုလုပ်ပါ။

(၇) လစဉ် ၀င်ငွေတိုးရန် ဘာတွေလုပ်မလဲ၊ အသုံးစရိတ်တွေဘယ်လိုလျှော့မလဲဆိုတာကို မပြတ်ကြံဆထားပါ။

အထက်ပါ အချက်များကို လိုက်နာကျင့်သုံးပါက ရေရှည် ငွေကြေးအခက်အခဲများလျော့ပါသွားပါလိမ့်မယ်။

+++++++++++++++++++++++++++++++++++++
အပိုင်း (၂)
Law of accumulation ကို နားလည်ပါမှ ဘ၀မှာ ဘယ်နေရာမှာ စုပုံခြင်းဟာ အရေးပါလည်း ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

စုပုံခြင်းနိယာမ

သင့်ဘ၀မှာဖြစ်ပေါ်လာတဲ့ ကောင်းခြင်းအဖြာဖြာသည် နေ့ ချင်းညချင်း ပေါ်ပေါက်လာခဲ့သည်မဟုတ်ပေ။
ရောမမြို့ကြီးတစ်ရက်တည်း တည်ဆောက်လို့ မရသကဲ့သို့ လူတစ်ယောက်ရဲ့ ခမ်းနားတဲ့ဂုဏ်သိကာ ဆိုသည်မှာလည်း တစ်နေ့ တည်းဖြစ်လာသည်တော့မဟုတ်ပါ။
ကောင်းတဲ့အရာများလည်း နေ့ စဉ်စုဆောင်းခြင်းဖြင့် တဖြည်းဖြည်းစုပုံလာရပေသည်။
နှင်ခဲလုံးနိယာမသည်လည်း သေးငယ်တဲ့နှင်းခဲလေးတစ်ခုမှသည် တောင်ထိပ်မှ တောင်အောက်သို့ လိမ့်ဆင်းပြီးနောက် အံ့မခန်းကြီးမားသော နှင်းခဲတုံးကြီးဖြစ်လာရခြင်းဖြစ်ပါသည်။

ဘ၀တွင် စုပုံခြင်းနိယာမကို လျစ်လျူမပြုအုပ်သော အရာသုံးချက်ရှိသည်။

(၁) အသိပညာ ဗဟုသုတ
ယနေ့ အသိပညာဗဟုသ
Crd -

29/05/2019
04/05/2019

မင်္ဂလာပါ။
ဒီတခေါက်တော့ လူကြီးမင်းတို့ကို OULIJEM အမှတ်တံဆိပ် Brush Cutter (မြက်ရိတ်စက်) လေးအကြောင်း ပြောပါရစေရှင့်။😊😊😊

OULIJEM Brush Cutter (မြက်ရိတ်စက်) လေးကို လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ၌ ပေါင်းသင်ရှင်းလင်းရာတွင် အသုံးပြုနိုင်ပါတယ်။ ပန်းခြံ၊ ဥယျာဉ်၊ ဟိုတယ်များတွင် မြက်ရိတ်ရှင်းလင်းရာတွင် လည်းအသုံးတည့်လှပါတယ်။ စည်ပင်သာယာရေး လုပ်ငန်းများတွင်လည်း အသုံးပြုနိုင်ပါတယ်။ မြက်ပင် ပန်းပင်ရှိ တဲ့ အိမ်ခြံ တွေမှာလဲ ဆောင်ထားသင့်တဲ့ ပစ္စည်းလေးပါရှင့်။🌾🌾🌾

မြက်ရိတ်စက် အမျိုးအစားနှစ်မျိုးရှိပါတယ်။✌️
2 Stroke Engine နဲ့ 4 Stroke Engine

⭐️2 Stroke Engine Brush Cutter

🔹ပေါက်ကွဲအားကောင်းပြီး ဝန်(load)ပိုရုန်းနိုင်ပါတယ်။
🔹2T နှင့် ဓာတ်ဆီရောစပ်ပြီးအသုံးပြုရပါတယ်။
🔹ဘေးလွယ် နှင့် ကျောလွယ်ဆိုပြီးပုံစံနှစ်မျိုး ရှိပါတယ်ရှင့်။
🔹ဆီတိုင်ကီမှာ 1 လီတာနီးပါး ဆံ့ပါတယ်။
🔹သူ့ အင်ဂျင်ပါဝါ မှာ 1.5HP ဖြစ်ပါတယ်။

4 Stroke Engine Brush Cutter

🔹အင်ဂျင်ဝိုင်ကို ရောစပ်စရာမလိုဘဲ ဓာတ်ဆီသီးသန့်၊ အင်ဂျင်ဝိုင်သီးသန့် ထဲ့၍ အသုံးပြုရပါတယ်။
🔹ဆီစားနှုန်း နည်းပါးပြီး စက်နှိုးရလွယ်ကူပါတယ်။
🔹ဘေးလွယ် နှင့် ကျောလွယ်ဆိုပြီးပုံစံနှစ်မျိုး ရှိပါတယ်။
🔹ဆီတိုင်ကီမှာ 1 လီတာနီးပါး ဆံ့ပါတယ်။
🔹သူ့ အင်ဂျင်ပါဝါ မှာ 1.5HP ဖြစ်ပါတယ်။

🌟မြက်ရိတ်တံမှာ စုံလည်ပါဝင်တဲ့အတွက် လက်ကိုင်လှည့်တဲ့အခါမှာ အင်ဂျင်ပါလိုက်မလည်တော့ ဆီဖိတ်မှာ လည်း စိုးရိမ်စရာလိုပါဘူးရှင့်။

ဈေးနှုန်းလေးတွေကတော့
(28/07/2016)
Model Name:OULIJEM Price

▫️2 Stroke ဘေးလွယ်CG430
(စုံလည် အရှင်)---------------69300Ks
▫️2 Stroke ဘေးလွယ်CG260
(စုံလည် အသေ)---------------66000Ks
▫️2 Stroke ကျောလွယ်-----------79800Ks
▫️4Stroke ဘေးလွယ်-----------101200Ks
▫️4Stroke ကျောလွယ်(139)-----112200Ks
▫️4Stroke ကျောလွယ်(435)-----126500Ks

မြန်မာပြည်အနှံ့  မှာယူလိုပါက message မှဖြစ်စေ အရောင်းဌာန များမှာ ဖြစ်စေ မှာယူနိုင်ပါတယ်ရှင်... 👇👇👇

✨ရုံးချုပ် - အမှတ် (၇၅) ၊ ၂၅လမ်း၊ ၈၃*၈၄ ကြား၊ မန္တလေးမြို့။
ဖုန်း- 02-36307,36310,36313
Fax- 0095-2-39314

✨အရောင်းဌာန (၁) - အမှတ် (၁၉၀) ၊ ၂၆ လမ်း နှင့် ၈၃ လမ်း ထောင့်၊ အောင်မြေသာစံမြို့နယ် ၊ မန္တလေးမြို့။
ဖုန်း- 02-68602,30455

✨အရောင်းဌာန (၂) - အမှတ် (၅၇/၂) ၊ သရဖီလမ်းသွယ်၊ ၂၅ ၂၆ လမ်းနှင့် ၈၃ ၈၄ လမ်းကြား၊ မန္တလေးမြို့ ။
ဖုန်း -02-64264, 66978

✨အရောင်းဌာန (၃) - အမှတ် (၂၁/၂၃) ၊ သီရိမွန် ပလာဇာ (၄) လမ်း၊ ဘုရင့်နောင်၊ ရန်ကုန်မြို့ ။
ဖုန်း - 01-681051, 528542, 528501

✨အရောင်းဌာန (၄) - အမှတ် (၃၂) ၊ အခန်း (၂/၃) ၊ ကျောက်စိမ်း (၇) လမ်း ၊ စော်ဘွားကြီးကုန်း ၊ ရန်ကုန်မြို့ ။
ဖုန်း - 01-640958, 642092, 642122 (Ext) 508, 528

ထိုင်းကိုကျော်မယ်ဆိုလို့ ထိုင်း မှာ ကားတစ်​စီးကို လိုင်​စင်​​ကြေးအာမခံ​ကြေး ဘီးခွန်​ ညအိပ်​ခွန်​ဘာခွန်​ ညာခွန်​ အပြီးအစ...
04/05/2019

ထိုင်းကိုကျော်မယ်ဆိုလို့ 

ထိုင်း မှာ ကားတစ်​စီးကို လိုင်​စင်​​ကြေး

အာမခံ​ကြေး ဘီးခွန်​ ညအိပ်​ခွန်

ဘာခွန်​ ညာခွန်​ အပြီးအစီး
လိုင်​စင်​သက်​တမ်းတိုးရင်​ တစ်​နှစ်​ကျသင့်​​ငွေဟာ

အိမ်​စီးကားငယ်​ ကျပ်​ ၅၀၀၀၀ ​ကျော်​​လောက်​ပါ...

တံခါး​လေး​ပေါက်​ဆိုရင်​​တော့ ၂ ဆ ကုန်​ကျပါမယ်​...

ထိုင်းတစ်​နိုင်​ငံလုံး ကြိုက်​တဲ့​နေရာသွား...

တံတား​ကြေး လမ်း​ကြေး မြို့ဝင်​​ကြေး

နောက်​ဘာမှန်းမသိတဲ့ ဘာ​ကြေး ညာ​ကြေး​တွေ

လုံးဝ(လုံးဝ)မရှိ အခု​မော်​​တော်​ယာဉ်​အသုံးပြုသူ​တွေကို

လည်​ပင်းညှစ်​ဖို့ ကြံစည်​​နေတဲ့

ဥပ​ဒေမှာမပါတဲ့ နယ်​​ကျော်​မြို့ဝင်​​ကြေးဆိုတာ

ကြား​တောင်​ မကြားဖူးပါ...

တောကတက်​လာတဲ့ကား​ရော

နယ်​ကတက်​လာတဲ့ကား​ရော

ဘန်​​ကောက်​ထဲဝင်​ ချင်းမိုင်​ထဲဝင်

တစ်​ပြားမှ ​ပေးစရာမလို...

မြို့​ရှောင်​ မိုးပျံတံတား
အမြန်​လမ်းကဖြတ်​ရင်​​တော့
လမ်း​ကြေး​ပေးရပါတယ်​...
မြို့ထဲလမ်းက သွားရင်
တစ်​ပြားမှ​ပေးစရာ မလို...

ပြည်​နယ်​ တိုင်းနံပါတ်​ပြား
(YGN/MDY)စသည်​ဖြင့်​ခွဲထားတာ
ယာဉ်​တိုက်​မှု့ဖြစ်​ရင်​ ဒုစရိုက်​မှုတစုံတရာဖြစ်​လာရင်
ဘယ်​နယ်​က ယာဉ်​လဲ သိ​အောင်​လို့ပါ...
အမည်​​ပြောင်း​ နယ်​​ပြောင်း​လျှောက်
ကြာချိန်​ အလှည့်​ကျရင်​ ၁ဝ မိနစ်​...
ကုန်​ကျ​ငွေ ကျပ်​ ၃၀၀၀၀ ​ကျော်​ခန့်​သာ...
ဌာနဆိုင်​ရာနဲ့ဆက်​ဆံရာမှာ
မြန်​မာပြည်​နဲ့ ​ပြောင်းပြန်​အချိုးကျတယ်​...

လမ်း​တွေကလည်း​ကောင်းလိုက်​တာ...
ပုရွတ်​ဆိတ်​ဆင်းဝပ်​စရာ​နေရာ​တောင်​မရှိ...
လမ်းမီး​တွေကလည်း လင်းလိုက်​တာ...
ရှေ့မီးကြီးမဖွင့်​ဘဲ ​မောင်းလို့ရတယ်​...
မြို့ထဲတင်​မဟုတ်​ဘူး...
ဟိုင်း​ဝေးလမ်းမတိုင်း...
ကျုပ်​တို့ဆီကလမ်း​တွေက
မုန့်​လင်​မယားဒယ်​အိုး​ပေါ်
ကား​မောင်း​နေရတဲ့အတိုင်း
ဘယ်​​ရှောင်​လည်းချိုင့်
ညာ​ရှောင်​လည်းကျင်း​နဲ့...

ထိုင်းမှာ လူတစ်​​ယောက်​ပျမ်းမျှဝင်​​ငွေဟာ
ကျပ်​ (၇) သိန်း​ကျော်​ အနည်းဆုံးရှိပါတယ်​...
လူတစ်​​ယောက်
အစာ အဟာရပြည့်​ ​အောင် အ​သီးအနှံပါအဝင်
ကောင်းစွာစားသုံးနိုင်​တယ်​...
လုပ်​ငန်းခွန်​ ဝင်​​ငွေခွန်​​ဆောင်​ထားပြီးရင်
ဘာစားစား ဘာဝယ်​ဝယ်
အခွန်​ သုံး​လေးထပ်​​ပေး​ဆောင်​စရာမလို...

ကျန်းမာ​ရေး ဝန်​​ဆောင်​မှု အခမဲ့...
ခွဲထားတဲ့ အနာ​ဆေးထည့်​ချိန်​တန်​လို့
ဆေးရုံမသွားရင်​ ည​နေ ၂ နာရီ​ကျော်​ရင်
ဆေးရုံက ​ကျေးဇူးပြု၍ အနာ​ဆေးလာထည့်​​ပေးပါရှင်​လို့
ဖုန်းဆက်​​ခေါ်လိမ့်​မယ်​...
အစိုးရ​ဆေးရုံ​တွေက ​ပေးတဲ့ဝန်​​ဆောင်​မှုကို​ပြောတာပါ...
ဆေးရုံက လူနာထမင်း အဟာရ အခမဲ့​ကျွေးတယ်
လူနာကို ဂရုစိုက်​တာလည်း​ပြောစရာမလို...

ပညာ​ရေးက​တော့...
နွားနို့စစ်​စစ်​ တစ်​​နေ့တစ်​ထုတ်​တိုက်​တယ်​...
ကျောင်းပိတ်​ရက်​ရှည်​အတွက်
အိမ်​ကိုထည့်​​ပေးလိုက်​တယ်​....
ထမင်း ​နေ့လည်​စာ အခမဲ့​ကျွေးတယ်​...
ကျောင်းဝတ်​စုံ ၂ စုံစာဝယ်​ပြီးရင်
ဘောင်​ချာပြပြီး ​ကျောင်းမှာ
ငွေထုတ်​ရုံသာ...
မြန်​မာပြည်​လို့ မဆန့်​မပြဲ
ကြီးတဲ့သူကြီး ဝတဲ့သူ ဝတ်​မရ မဖြစ်​​တော့...
က​လေး​တွေကို
စည်းကမ်းမဲ့အမှိုက်​ပစ်​ရင်​ ရှက်​တတ်​​အောင်​...
တာဝန်​ယူတတ်​သူ​တွေဖြစ်​​အောင်​...
ကျောင်း​တွေက ​လေ့ကျင့်​ပုံစံ​ပေးသင်​ကြား​ပေးတယ်​...
မူလတန်းအဆင့်​မှာ​တောင်
မေးခွန်းမှားတာမရှိပါ...

နိုင်​ငံတကာနဲ့ ယှဉ်​​ပြော​နေသူများ
ဘယ်​နိုင်​ငံမှာ ဘယ်​လို​ကောက်​တယ်​​ပြော​နေသူများ
မြန်​မာနိုင်​ငံက ပြည်​သူ​တွေအတွက်
ဘာ​တွေဝန်​​ဆောင်​မှု​ပေးပြီးပြီလဲ...
ဘယ်​လို​တွေလုပ်​​ပေး​ပေးပြီးလဲ
ဖြေ​ပေးပါ...

နယ်​​ကျော်​မြို့ဝင်​​ကြေး
ရန်​ကုန်​နဲ့ မန်း​လေးမှာ​ကောက်​ခံလိုသူများ
ဘယ်​မှာလဲ လမ်းမီး...
လမ်းအ​ခြေအ​နေ​တွေ ဘယ်​လိုရှိလဲ...
လမ်းပြအမှတ်​အသား...
ဘေးအန္တရာယ်​ကင်းရှင်းမှု ​ရောင်​ပြန်​​တွေ
ပြည့်​စုံ​အောင်​ တပ်​ပြီးပြီလား...
မော်​​တော်​ယာဉ်​အသုံးပြုသူ​တွေအတွက်
ဘာ​တွေ ဝန်​​ဆောင်​မှုလုပ်​​ပေးပြီးပြီလဲ...

BOT စနစ်​က အလီဘာဘာတို့
အ​ကောင်​အထည်​​ဖော်​ခဲ့တာမို့
စာချုပ်​မပြည့်​မချင်း ကြိတ်​ခံရဦးမှာ​ပေါ့​လေ...

ဒီ​လောက်​ လမ်းတံတား​ကြေး...
မြို့ဝင်​​ကြေး ဟို​ကြေး ဒီ​ကြေး​တွေများ​နေတာကို...
ရန်​ကုန်​နဲ့ မန်း​လေးက နယ်​​ကျော်​မျြို့ဝင်​​ကြေး​ကောက်​လို့
ကျန်​ပြည်​နယ်​နဲ့ တိုင်း​တွေက
အကုန်​လိုက်​​ကောက်​ရင်
ဘယ်​လိုလုပ်​ကြမှာလဲ...
ကျုပ်​တို့က ဆီပုလင်းခါးကြားထိုးထားရုံသာရှိ​တော့မှာ​ပေါ့...
နယ်​​ကျော်​မြို့ဝင်​​ကြေး ​ကောက်​ခံဖို့
လုပ်​​နေတဲ့သူ​တွေ မျက်​​တောင်​​မွေးတစ်​ဆုံးသာ
ကြည့်​တာလား​ပြောကြပါဦး...

ခင်​ဗျားတို့​ပြော ​ပြော​နေတဲ့
ပြည်​သူ​တွေအတွက်​တို့
ပြည်​သူနဲ့တစ်​သားတည်းတို့က
ဘယ်​မှာလဲ ဘယ်​​တော့ဖြစ်​မှာလဲ...

ရန်​ကုန်​နဲ့ မန်း​လေး​လောက်​ကားကြပ်​တာ
မ​ဖြေရှင်းတတ်​ရင်​ မလုပ်​တတ်​ မကိုင်​တတ်​ရင်
ဘန်​​ကောက်​မှာ ကားအစီး​ရေ
သိန်းနဲ့ချီ​မောင်း​နေတာကို
လမ်းမပိတ်​​အောင် ကားမပိတ်​​အောင်
ဘယ်​လိုစီစဉ်​ ညွှန်​ကြားလုပ်​ကိုင်​တယ်​ဆိုတာ...
သွား​လေ့လာသင့်​ပါတယ်​...
မရှက်​ပါနဲ့ မတတ်​တာဆိုတာ
နားမလည်​တာဆိုတာ သင်​မှတတ်​တာပါ...

ကျွန်​​တော်​လည်း နယ်​စပ်​မှာကား​တွေပြင်​မရတဲ့ဟာ​တွေ
ထိုင်းကလာပြင်​​ပေးရတာမို့
မရှက်​ဘဲ ထိုင်းမှာ သွားသင်​လာရတာပါ...
ကိုယ်​မှ မတတ်​တာကိုး...
ခုထိလည်း Update ဖြစ်​​အောင်
ထိုင်း​ရော မြန်​မာပါမှာ သင်​​နေရတုန်းပါ...

အဲ့ဒီ​တော့ ကျွန်​​တော်​​ပြောချင်​တာ
ခု ပြည်​သူ​တွေ စီးပွားကျ​နေတယ်​...
စား​ရေး ​သောက်​​ရေးခက်​ခဲတာ​ကြောင့်​...
မှုခင်း​တွေတိုးလာတယ်​...
ပြည်​သူ​တွေအဆင်​မ​ပြေဘူး...
အရင်​အစိုးရလက်​ထက်​ကထက်​...
ပိုပြီး ကြပ်​တည်းလာကြတယ်​....

တစ်​ခုခုလုပ်​ချင်​တယ်​ လုပ်​မယ်​ဆို
ပြည်​သူ​တွေ မျက်​နှာကို အရင်​ကြည့်​​စေချင်​တယ်​...

လေနဲ့အာလူးဖုတ်​ရ​ကြေးဆို
ဒီနှစ်​ကုန်​ အ​မေရိကန်​ကို ​ကျော်​​စေရမယ်
(စလုံး​လောက်​​တော့ပျင်းလို့ ထည့်​​မ​ပြော)
ကျွန်​​တော်​လည်း ​ပြောတတ်​တာဘဲ​လေ...
ဖြစ်​မလားဆို လက်​သုံးစကားအတိုင်း
စောင့်​ကြည့်​ပါဦး ​စောင့်​ပါဦး​ပေါ့ဗျာ...

NLD လည်းမဟုတ်
USDP လည်းမဟုတ်​ပါ...
ပါတီစွဲမရှိ လူပုဂ္ဂိုလ်​စွဲမထား
နိုင်​ငံကို တိုးတက်​​အောင်​လုပ်​မယ့်​သူ
ပြည်​သူ​တွေအတွက်​ လုပ်​မယ့်​သူ
မည်​သူ့ကို မဆို​ထောက်​ခံမှာပါ...

အန်​တီစုကိုလည်း ​ထောက်​ခံပါတယ်
အ​မေအိုကြီးဆွဲတဲ့ ​နောက်​တွဲ​တွေ​ပေါ်မှာ
အခန့်​သားထိုင်​စီးပြီး
လေကြီး​လေကျယ်​​တွေ​ပြော
လုပ်​သမျှ တစ်​ခုမှဖြစ်​မလာ
ပြည်​သူ​တွေကို ​ရွေး​ကောက်​ပွဲမတိုင်​ခင်
ကတိ​တွေ​ပေး အာလူးပူရီ​ရောင်း...
ရွေး​ကောက်​ပွဲပြီး တော့
ပြည်​သူ​တွေကို ဂျင်းသုတ်​​ရောင်းဖို့ကြံစည်​​နေတာ​တော့
အပြုသ​​ဘော ဝေဖန်​​ထောက်​ပြရမှာဘဲ...
မကြိုက်​လည်း မတတ်​နိုင်​...

သမ္မတကြီးကိုယ်​တိုင်​က
အစိုးရကို ​ဝေဖန်​​ထောက်​ပြကြပါဆိုလို့
မအားတဲ့အထဲက ​ဝေဖန်​​ထောက်​ပြရတာပါဗျာ...
ပြည်နယ်ဝန်ကြီးနဲ့ YBS ထူထောင်သူ ရန်ကုန်မြို့ကနေချင်စဖွယ်ကောင်းလာပီလို့ပြောတဲ့သူကြီး ကိုလေးစားလျှက်ပါ …

crdကိုတိုး(အွန်​လိုင်းကားဝပ်​​ရှော့)

04/05/2019
08/01/2019
07/01/2019
07/01/2019
06/01/2019

Address

Taunggyi

Telephone

09256391998

Website

Alerts

Be the first to know and let us send you an email when Cherry Pink နှစ်သက်မိသောစာစုလေးများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram