Swann On Mart

Swann On Mart Once upon a time is a joke!

India ခေါင်းလျှော်ရည် Vatika Shampoo တွေ10 ထုပ်တစ်တွဲကို 1000 နဲ့ ရောင်းနေတာတွေ တွေ့နေရတာ အဆင်မပြေလိုက်တာ။ဒါပေမယ့် သူမျာ...
10/10/2021

India ခေါင်းလျှော်ရည် Vatika Shampoo တွေ

10 ထုပ်တစ်တွဲကို 1000 နဲ့ ရောင်းနေတာတွေ တွေ့နေရတာ အဆင်မပြေလိုက်တာ။

ဒါပေမယ့် သူများစီးပွါးရေးဆိုတော့ တုတ်နဲ့လည်း မထိုးချင်ပါဘူး။ တစ်ရာစား နှစ်ရာစားနဲ့လည်း ကိုယ်လည်း ထူးပြီး ချမ်းသာမသွားဘူး။ လူမုန်းများတာပဲရှိတယ်။

ကိုယ်ကလည်း India ပစ္စည်း အစစ်ကိုမှ လက္ကားရတဲ့ ဆိုင်တွေ့ထားလို့ ပေါပေါသောသော ရတာနေမှာပါ။

ဒီတော့ လိုအပ်ရင်မှာပါ။
လက်လီမရောင်းတော့ဘူး။ (နည်းနည်းလေးနဲ့ စကားတွေ ပြောနေရတာ OS လုပ်နေသူတွေကို ကိုယ်ချင်းစာလို့)

#အထုပ်၁၀၀ကို၅၅၀၀ကျပ်နဲ့ရမယ်။

အထုပ် ၁၀၀ က စယူပေးပါ။ ပြီးမှ ခွဲသုံးရင်သုံး၊ လက်ဆောင်ပေးရင်ပေး၊ ပြန်ရောင်းချင် ရောင်းကြပေါ့ဗျ။

Feedback တွေကတော့ Facebook မှာ ပလူကို ပျံနေတာပဲ။ ကောင်းတယ်ဆိုတာချည်းပဲ။ Vatika shampoo ဆိုပြီး ရိုက်ရှာကြည့် … ကံကောင်းရင် ဒိုင်စျေးဘယ်လောက်ရဗိတယ်ဆိုတာတောင်တွေ့ဦးမယ်။

အနက်၊ အစိမ်း၊ အဝါ ၃ မျိုးရှိတဲ့ထဲက အနက်နဲ့ အစိမ်းများများရမယ်။ အဝါရှားပါမယ်။

ကျေးဇူးတင်ပါတယ်။


#တောင်ငူ
#အိန္ဒိယခေါင်းလျှော်ရည်
#လက္ကားသီးသန့်

“ Beauty Salon မသွားနိုင်သေးရင် ဒါလေးတွေ ဝယ်ထားကြရအောင် “ခေတ်ကာလကြီးက ကောင်းတာ မဟုတ်ဘူးဗျ။ ချွေတာနိုင်မှ တော်ကာကျတာ။ အလှ...
07/10/2021

“ Beauty Salon မသွားနိုင်သေးရင် ဒါလေးတွေ ဝယ်ထားကြရအောင် “

ခေတ်ကာလကြီးက ကောင်းတာ မဟုတ်ဘူးဗျ။ ချွေတာနိုင်မှ တော်ကာကျတာ။ အလှအပအတွက် အမြဲအချိန်ပေးဖြစ်တဲ့သူတွေ၊ အသားအရည်ထိန်းသိန်းဖို့၊ ဆံပင်ထိန်းသိန်းဖို့အတွက် အထူးဂရုစိုက်တတ်တဲ့သူတွေ၊ အလှပြင်ဆိုင်ခဏခဏ သွားရတာ ကြိုက်တဲ့သူတွေ၊ အနေနဲ့ တကယ်လို့ ဒီကာလထဲ သွားရတာ အဆင်မပြေတာမျိုး၊ သွားလည်းသွားချင်တယ် သွားလိုက်ရင်လည်း အပိုကုန်လေးတွေ များလာမှာဆိုးတယ်ဆိုရင်တော့ အောက်ပါ အလှပြုပြုင်ထိန်းသိမ်းရေးလေးတွေ အဆင်ပြေသလို ဝယ်ထားတာ မမှားဘူးနော်။

- နန်းစံ ခေါင်းလျှော်ရေ

အဓိကက သရော်ကင်ပွန်းပါဝင်ပြီး မြန်မာ့ရိုးရာခေါင်းလျှော်ရေ စစ်စစ်တွေလို ထုတ်လုပ်ထားတာပါပဲ။ သရော်ကင်ပွန်း၊ တောကြီးပျားရည်၊ သံပုရာသီး၊ ဆီးဖြူသီး၊ ရှားစောင်းလက်ပတ်၊ သံလွင်ဆီ၊ မလကာသီး၊ သနပ်ခါးရွက်၊ အောင်မဲညိုပွင့်၊ မုန်လာဥနီ၊ ထောလပတ်ရွက် စတဲ့ သဘာဝ ဆေးဖက်ဝင်တွေကို စနစ်တကျ ရောစပ်ထုတ်လုပ်ထားတဲ့ ခေါင်းလျှော်ရည်ဖြစ်ပြီး ဓာတုဗေဒဆိုးဆေးမပါဝင်တာလေးက သုံးရတာ စိတ်ချမ်းသာစေပါလိမ့်မယ်။

ဆံပင်ကို နက်မှောင်သန်စွမ်းစေပြီး ဦးရေပြားမှာလိုအပ်တဲ့ ဓာတ်ကို ဖြည့်ဆည်းပေးလို့ အေးမြပေါ့ပါးလန်းဆန်းစေပါတယ်။ သရော်ကင်ပွန်းပျားရည်က ဆံပင်အတွက်လိုအပ်တဲ့အဟာရကို ဖြည့်ဆည်းပေးပြီး မြန်မာအမျိုးသမီး၊ အမျိုးသားတွေနဲ့ အထူးသင့်တော်ပါတယ်ဗျ။

တစ်ဗူးမှာ 500ml ပါဝင်ပါတယ်။

Online မှာ ကိုယ်စားလှယ်စနစ်နဲ့ ရောင်းချနေပီး တစ်ဗူးကို 4000 လောက်ရှိပါတယ်။
ကျွန်တော်က ဘာကိုယ်စားလှယ်မှမဟုတ်ပါ။ သုံးကြည့်ပြီး စျေးတန်တယ်၊ အဆင်ပြေမယ် ထင်လို့ ရောင်းပေးပါ့မယ်။

တစ်ဗူး - ၂၆၀၀ ကျပ်။

- Dabur “Amal Hair oil” ခေါင်းလိမ်းဆီ

အိန္ဒိယ ခေါင်းလိမ်းဆီစစ်စစ်ဖြစ်ကြောင်း အာမခံပါတယ်။ ကိုယ်တိုင် အိန္ဒိယပစ္စည်းအစစ်တွေပြ ရောင်းတဲ့ဆိုင်က ဝယ်လာတာ မလို့ပါ။ တခြားအိန္ဒိယ ပစ္စည်းတွေလည်း အလျင်းသင့်သလို မိတ်ဆက်ပေးပါ ဦးမယ်။

Amal Hair Oil လေးကတော့ အထွေအထူးမိတ်ဆက်ပေးစရာ မလိုဘူးထင်ပါတယ်။ Facebook မှာ သုံးရတာ အရမ်းကောင်းတဲ့အကြောင်း ရေးထားတဲ့ စာတွေ သုံးနည်းတွေ ရေးထားခြင်းအများကြီးခံရတဲ့ ခေါင်းလိမ်းဆီလေးဖြစ်ပါတယ်။

ခေါင်းမလျှော်ခင် ဆံကေသာအနှံ့လိမ်းပေးပြီး အနည်းဆုံးတစ်နာရီလောက် နှပ်ထားဖို့လိုပါတယ်။ ပြီးရင်တော့ ခေါင်းလျှော်ရေဆေးချလိုက်လို့ရပါတယ်။ တချို့သူတွေက တစ်ညလုံး နှပ်ထားပြီး မနက်မှ ခေါင်းလျှော်လေ့ရှိပါတယ်တဲ့။

ဆံကေသာကို နက်မှောင်သန်စွမ်းစေပြီး ဆံပင်ကျွတ်ခြင်း၊ ဦးရေပြားခြောက်သွေ့ခြင်ကို ကာကွယ်ပေးနိုင်ပါတယ်တဲ့ ခဗျ။

သုံးဖူးသူတွေ ရေးထားတဲ့ feedback လေးတွေကိုလည်းအောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

https://www.facebook.com/groups/487748755386722/permalink/1011967439631515/

စျေးနှုန်းလေးကတော့ တစ်ဗူး - 2500 ကျပ်ပါ။

အခုတော့ ဗူးသေး 110ml ပဲ ရပါဦးမယ်။ ခေါင်းလျှော်ရည်ထုပ်လေးတွေနဲ့ ဗူးလတ် ဗူးကြီး စတာတွေလည်း နောက်ကျရင် ရပါမယ်နော်။

- Aichum Beauty Gold Mask

မျက်နှာရွှေသွင်းတယ်ဆိုတာ ဒါပါပဲ။

တစ်ဗူး - ၂၈၀၀ ကျပ်တည်းသာ ကျသင့်ပါမယ်။

တစ်ဗူးကို ၁၀ ကြိမ်ကနေ ၁၅ ကြိမ်လောက်အထိ အသုံူပြုနိုင်ပါတယ်။ Mask ကပ်သလို ကပ်ပေးရုံပါပဲဗျ။

Beauty salon တွေမှာ မျက်နှာရွှေသွင်းတယ်ဆိုတာ မျက်နှာကို ချေးချွတ်၊ မျက်နှာသစ်၊ အဆိပ်ထုတ်၊ သန့်စင်၊ Gold Mask လေး ကပ်ပေးပြီး ပေါင်းတင်ပေးလိုက်တာပါပဲ။ အဲ့ဟာတွေအကုန် ကျွန်တော့ဆီမှာ ရနိုင်ပါတယ် 😁

Gold Mask လေးကပ်ပေးခြင်းက မျက်နှာလေးကို ဝင်းလက်တောက်ပစေပြီး စိုပြေစေပါတယ်။ ရွှေရောင်လေးနဲ့ ဘလင်း ဘလင်းဖြစ်ပြီး ဂလိုးနေမှာ အမှန်ပဲနော်။

Asepso Acne Care Foaming Face Wash

မျက်နှာ ချေးချွတ်ဆေးပါဗျ။ ဆေးရည်ပုံစံဖြစ်ပြီး သုံးနေကျ gel type မဟုတ်လို့ မျက်နှာပေါ်မှာ ချွဲကျိကျိ ကပ်စီးစီး ဖြစ်မနေစေပဲ အညစ်အကြေးတွေကို ချွေးပေါက်တွေထဲအထိ အလွယ်တကူ စိမ့်ဝင် ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။
Malaysia နိုင်ငံက ထုတ်လုပ်ထားပြီး India နဲ့ Thailand နိုင်ငံတွေကို အဓိကတင်သွင်းဖြန့်ချီသော စျေးနှုန်းကောင်းမွန်တဲ့ Foaming Face wash လေး ဖြစ်ပါတယ်ဗျ။

မျက်နှာပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို သန့်စင်ပေးပါတယ်။ skin care တစ်ခုခုနဲ့ တွဲသုံးဖို့တော့ လိုပါတယ်။ သူက အက်စစ်ဓာတ်ပါလို့ ချွေးပေါက်နဲ့မွှေးညှင်းပေါက်လေးများကိုလည်း ကျယ်စေတာမလို့ပါ။ နေ့တိုင်းသုံးစရာ မလိုပါ။ တစ်ပတ်မှာ တစ်ခါ နှစ်ခါလောက် မျက်နှာချေးချွတ်ပေးရင် ရပါပြီနော်။

စျေးနှုန်းကတော့ - 5200ကျပ် ပါဗျ။

- ယိုးဒယား မျက်ခုံးမွှေး ပေါက်/ထူဆေး (နာမည်မဖဖတ်တတ်)

ကျွန်တော်က မျက်ခုံးမွှေးပါးတဲ့ထဲ ပါပါတယ်။ Eyebrow Tattoo တွေလည်း ထိုးရတာ ဝါသနာမပါ၊ ယောက်ျားလေးဆိုတာ မျက်ခုံးမွှေး ထူထူလေးနဲ့မှ ကြည့်ကောင်းတာဆိုလို့ ဟိုတစ်လကစပြီး ဝယ်လိမ်းဖြစ်ပါတယ်။

အဆင်တော်တော်ပြေပါတယ်။ Roll-on type လေးဖြစ်ပြီး စေးကပ်တာ၊ ဓာတ်မတည့်တာ မျိုးလည်း မရှိပါဘူး။ မျက်ခုံးမွှေးက မပေါက်တာ မဟုတ်ပါဘူး။ မွှေးညှင်းလေးတွေကနေ ထပ်မထွက်လာတာပါ။

ယိုးဒယားဆေးမလို့ သုံးကြည့်တဲ့ သဘောပါ။ ကိုယ်ဖြစ်ချင်တဲ့ဘအနေအထားဖြစ်လာရင် ရပ်လိုက်လို့ရတယ်လို့ ရေးထားပါတယ်ဗျ။ သဘာဝဆီတစ်မျိုးနဲ့ ထုတ်လုပ်ထားတာမလို့ မျက်လုံးနဲ့ အသားအရည်ကို မထိခိုက်ဘူးလို့လည်းရေးထားပါတယ်။

Eyebrow Tattoo မထိုးချင်သေးတဲ့ သူတွေ ဒါလေးအရင် try ကြည့်ပါနော်။

စျေးနှုန်း အနေနဲ့က တစ်ဗူး - ၂၄၀၀ကျပ် ပါဗျ။

- မျက်နှာ အဆိပ်ထုတ်စက်

ပထမ တစ်သုပ်ကုန်သွားလို့ အသစ် ထပ်ရောက်ထားပါတယ

🧖🏻‍♀️မျက်နှာ အဆိပ်ထုတ်စက်

Price - 2500

- Beauty Salon တွေမှာ မျက်နှာအဆိပ်ထုတ်ဖို့ တကူးတက သွားနေကြတုန်းပဲလား? အခုအချိန်ကာလမှာ ငွေအပိုမကုန်ချင်တဲ့သူတွေ၊ အပြင်မထွက်ချင်တဲ့သူတွေအတွက် ဒီစက်လေးက အဆင်ပြေမှာပါ။

- မျက်နှာ အဆိပ်ထုတ်တယ်ဆိုတာ မျက်နှာ အပူထုတ်တာပါပဲ။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို အရင်ဖယ်၊ အပူခိုနေတာတွေကို ဖယ်တာပါပဲ။

- ဒီစက်လေးမှာက Vibrate လေးပါပြီး Laser မီးလေးလည်းပါပါတယ်။ Beauty Salon တွေမှာ အသုံးများတဲ့ စက်လေးပါ။

- လက်ပတ်နာရီ ဓာတ်ခဲအကြီးကို သုံးထားပြီး စတီးပြားမျက်နှာပြင်က တုန်ခါမှုနဲ့ အေးမြချောမွေ့မှုကို တစ်ခါတည်း ပေးစွမ်းနိုင်မှာပါ။ အနီရောင်လေဆာမီးက တော်ရုံပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာမလို့ … မျက်နှာသစ်ရင်း ၃မိနစ်-၅မိနစ်ကြာအောင် မျက်နှာအနှံ့ပွတ်ပေးရုံနဲ့

- အကြောပြေစေပါတယ်။
- ချွေးပေါက်ထဲက အညစ်အကြေးတွေဖယ်ရှားပေးပြီး
- အသားအရည်ကို အေးမြချောမွေ့စေပါတယ်။

(ကိုယ်တိုင်သုံးနေတာမလို့ ဘယ်လိုလေးသုံးရင် ပိုအဆင်ပြေမလဲ ပြောပြပေးမယ်ဗျ)

- စတီးပြားမျက်နှာပြင်နဲ့ ပွတ်တာထက် စတီးပြား ဘေးစောင်းလေးနဲ့ပွတ်တာက တုန်ခါမှုကို ပိုပြီး ခံစားရတဲ့အပြင် နှာခေါင်းကြား အောက်မျက်ခမ်း စတာတွေကို ပိုပြီး ထိရောက်စွာ အကြောပြေ၊ ချောမွေ့စေပါတယ်။

- မျက်နှာကို ဆပ်ပြာအချောနဲ့ အရင်သစ်ပြီးမှ မိမိသုံးနေကျ မျက်နှာသစ်ဆေးလေးလိမ်းပြီး ဒီစက်လေးနဲ့ ၃မိနစ်ကနေ ၅မိနစ်အတွင်း ပွတ်လိမ်းပေးရုံနဲ့ မျက်နှာသစ်ဆေးကို ပိုမိုထိထိရောက်ရောက်သုံးလာနိုင်မှာဖြစ်ပြီး မျက်နှာအကြောများကိုလည်း လျော့ကျစေပါတယ်။

- အရင်က ကျွန်တော်ဆို မျက်နှာသစ်ဆေး ဘယ်လောက်အကောင်းစား ဝယ်ဝယ် မတန်ပါဘူး။ သစ်ပြီး တန်းဆေးချလိုက်လို့ပါ။ အခုတော့ ဒီစက်လေးနဲ့ အဆင်ပြေတယ်ပြောရမယ်။ သစ်ရတာရော သစ်ပြီးရင်ရော ကျေနပ်မှုရပါတယ်။

- Sheet Mask ကပ်တတ်တဲ့ skin care သမားတွေအတွက်ဆို ပိုလို့တောင် အဆင်ပြေပါသေးတယ်။ Face sheet mask လေးကပ်ပြီး mask လေးအပေါ်ကနေ စက်လေးနဲ့ ပွတ်ပေးနေရုံနဲ့ mask ရဲ့ effect ကို ပိုမိုရရှိစေပါတယ်။

- တစ်ခါဝယ်ထားပြီးရင် နေ့တိုင်း သုံးလို့ရနေမှာလေးမလို့ တန်/မြန် လေးရတုန်း ဝယ်ထားကြပါဗျ။

- အသက်ကြီးတဲ့ သူတွေအတွက် မျက်နှာပေါ်က အရေးအကြောင်းတွေကိုပါ လျော့ကျစေနိုင်ပါတယ်။

Online shop တွေမှာ 5000 လောက်ရောင်းနေကြပါတယ်နော်။

(အသစ်မလို့ စတီးပြားလေးပေါ်က ပလပ်စတစ်လေးတွေ မခွါထားတာပါနော်)

ချစ်ခြင်းမေတ္တာတွေ ထုံမွှန်းထားတဲ့ လူ့အဖွဲ့အစည်းလေးကျွန်တော် စျေးရောင်း post တွေတင်လိုက် ကျွန်တော်တို့ ငယ်ငယ်က ဆရာမ Su S...
07/10/2021

ချစ်ခြင်းမေတ္တာတွေ ထုံမွှန်းထားတဲ့ လူ့အဖွဲ့အစည်းလေး

ကျွန်တော် စျေးရောင်း post တွေတင်လိုက် ကျွန်တော်တို့ ငယ်ငယ်က ဆရာမ Su Su က အမြဲ share ပေးပါတယ်။

တစ်နေ့ ကျွန်တော် ရောင်းတဲ့ ခေါင်းအုံးပုံလေးအောက်မှာ ဆရာမက comment လာပေးတယ်။ ဆရာမအဖေက အသက်ကြီးပြီ။ အရင်က ဗြဟ္မစိုရ်မှာ ဦးဆောင်လုပ်တဲ့ဦးလေးကြီးပေါ့။ မြန်မာ့မီးရထားက ပင်စင်စားထင်တယ်။

အဖိုးအတွက် ခေါင်းအုံးလေး မှာချင်လို့တဲ့။

ဟုတ်ကဲ့ .. ကျွန်တော့ဆရာမပဲဟာ … ရပါတယ်ပေါ့။
ကျွန်တော်ကန်တော့မလို့ လုပ်နေတုန်း

ကို August Nay Moo က ss လေးရိုက်ပြီး ဆရာမကို သူမှာပေးချင်လို့ပါတဲ့။ ငယ်ငယ်က သင်ခဲ့ရတဲ့ဆရာမပါတဲ့။
နေဦးအကို … ဆရာမကို ကျွန်တော် ကန်တော့မလို့ဆိုတော့ အဲ့ဆို ၂လုံးမှာမယ်ဗျာ တဲ့။

ဘယ်လိုမှ ပြောမရဘူး။ ငွေကြိုလွှဲထားမယ် ဆိုတာချည်းပဲ။

တကယ်တော့ ဆရာမရော အကိုရောက ပညာရေးရဲ့ သူရဲကောင်းတွေဗျာ။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အခုလို အဆုံးအထိ တိုက်ပွဲဝင်နေတဲ့ ဆရာတွေဆရာမတွေရှိနေခြင်းဟာ သိပ်ကောင်းတဲ့ မင်္ဂလာတရားပဲ။

ဆရာမရေ …
ဆရာတစ်ဖြစ်လဲ ဆရာမတပည့် အကိုက ငွေရှင်းပြီးသားမလို့
မေတ္တာတရားတွေ ထုံမွှန်းလျှက် လက်ခံပေးပါခဗျ။

Jade Roller Set for sell- Jade roller only- Jade roller + Face wash brush set- Jade roller + Headband setJade ဆိုတာ အသား...
07/10/2021

Jade Roller Set for sell

- Jade roller only
- Jade roller + Face wash brush set
- Jade roller + Headband set

Jade ဆိုတာ အသားအရည်လှဖို့ရော ကျန်းမာရေးအတွက်ရော အသုံးဝင်စေတဲ့အပြင် ကံကောင်းလာဒ်ရွှင်စေတယ်လို့လည်း အယူအဆရှိကြတယ် မဟုတ်လား?

အခု Jade roller လေးတွေကတော့ မျက်နှာကို ချောမွေ့အေးမြစေဖို့အတွက် သုံးကြပါတယ်။
Skin care လုပ်တဲ့သူတွေအသုံးများပြီး Korea ကားတွေထဲမှာ Face Massage လုပ်တဲ့အခါ Jade roller လေးတွေ သုံးကြပါတယ်။

မျက်နှာပေါ်က အဆိပ်အတောက်တချို့ကို ဖယ်ရှားပေးနိုင်ပါတယ်တဲ့။
ချွေးပေါက်ကျယ်တာတွေကို ထိန်းညှိပေးပြီး အသားအရည်ကို ကြည်လင်အေးမြစေပါတယ်။

V shade လေးတွေ ဖြစ်စေနိုင်တယ်လို့လည်း ကြော်ညာကြပေမယ့် အာမတော့ မခံပေးနိုင်ပါဘူး။ ပေးရတဲ့ စျေးနဲ့ တန်တဲ့ အသုံးအဆောင်လေးတော့ ဖြစ်မှာသေချာပါတယ်။

Face Skin Care အတွက် အများကြီး အကုန်အကျခံထားတဲ့ ဘာဘီတို့အတွက် ကိုယ်သုံးလိုက်တဲ့ skin care လေးတွေကို အသားရည်ထဲ စနစ်တကျ စိမ့်ဝင်သွားနိုင်ဖို့ roller လေးက ကူညီပေးပါလိမ့်မယ်။ စျေးကြီး ပေးသုံးထားတဲ့ skin care လေးတွေ အလကား မဖြစ်တော့ဘူးပေါ့။
Sheet mask ကပ်တဲ့အခါမျိုးကျရင်လည်း mask လေးကပ်ပြီး roller လှိမ့်ပေးကြတာ တွေ့ဖူးကြတယ် မဟုတ်လား?

- Face wash brush -

ဒီ brush လေးကတော့ မျက်နှာသစ်တဲ့ brush လေးဖြစ်ပြီး နူးညံ့တဲ့ brush သားလေးက တကယ့် amazing ပါပဲ။ လက်နဲ့ မျက်နှာသစ်တာထက် brush လေးနဲ့ နေရာအနှံ့ ပွတ်တိုက်ပေးတာက မျက်နှာပေါ်က အညစ်အကြေးတွေကို ပိုမို ဖယ်ရှားပေးနိုင်ပါတယ်။

Brush နဲ့ မပွတ်ခင်၊ မျက်နှာသစ်ဆေး မလိမ်းခင်မှာ
Brush နောက်က ဆူးပျော့လေးတွေနဲ့ မျက်နှာ အနှံ့ ဖွဖွလေး ရိုက်ပေးခြင်းက ချွေးပေါက်ထဲက အညစ်အကြေးတွေကို ဖယ်ရှားနိုင်ဖို့ အားကောင်းစေပြီးအကြောများကိုလည်း ပြေလျော့စေပါတယ်။

- Headband -

ကိုစွမ်းတို့လို ဆံပင်ရှည်တဲ့သူတွေအတွက် မျက်နှာသစ်တဲ့အခါ ဆံပင်တွေနဲ့ မရှုပ်နေစေဖို့ ခေါင်းပတ် (headband) လေးတော့ လိုပါတယ်။
ဒါမှ မျက်နှာကို စပယ်ရှယ် လျှော်နိုင််မှာလေ။

ကဲ … အကုန်အစုံရေးပြထားပြီနော်။ လာဝယ်ကြတော့။

အရေးအကြီးဆုံးက စျေးပဲ။

💵 Jade roller သီးသန့် - 2300
💴 Jade Roller + Face Wash Brush - 4000
💰 Jade Roller + Headband - 4000

ဒိုင်မှာက လွဲပြီး ဘယ်မှာမှ မရနိုင်တဲ့စျေးနော်။
OS တွေမှာ 5500,6000 ရောင်းတယ်။
အဲ့တာ ဂျင်းးးးးး

အပို မပြောဘူး။ မယုံရှာကြည့်ကြ။

မှာယူချင်ရင် - မန်နေဂျာမလေး Hsu Hsu Sanda Pyae ကို cb or 09766123670 ကို ဆက်မှာပေးကြပါဗျ။

အားပေးကြမယ့် တစ်ယောက်ဆီတိုင်း ကြည်လင်ရွှင်မြကြပါစေ။

မြန်မာပြည်ကြီး အေးချမ်းလုံခြုံ ဘေးဥပါဒ်ကင်းပါစေဗျာ။

Edit; လူကြီးသူမတွေ ဇာတ်ကြောတက်၊ အဆစ်အမြစ်နာကျင်တာတွေအတွက်လည်း အသုံးထည့်ပါတယ်။

05/10/2021

ကိုစွမ်း နည်းနည်းပေါက်လာလို့
——————————————

ငါ့ acc ထဲ မှာလည်း
တောင်ငူမှာကို Online shop ဂျင်းအကြီးစားကြီးတွေ ရှိတယ်ဟ 😂

အစက မသိဘူး။ စိတ်လည်း မဝင်စားဘူး။ ကိုယ့်ဘာသာ စျေးရောင်းလိုက်၊ ပစ္စည်းရှာလိုက်၊ content ရေးလိုက်၊ စာပြန်လိုက်၊ ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေ ရှာရင်း လေ့လာလိုက်၊ ရောင်းလိုက် လုပ်နေတာ …။

OS ပစ္စည်းတွေကို Big sell ဆိုပြီး ကိုယ်ရောင်းနေကျ ထုံးစံအတိုင်း ကိုယ်တင်နိုင်သလောက် % လေးတင်ပြီး ရောင်းလိုက်မှပဲ

ပေါ်လာလိုက်တဲ့ ဂျင်းတွေ …

Ss တွေ ထုတ်မပြချင်လို့နော်
အာရုံလာမနောက်ကျနဲ့

စျေးနှိုက်တာတွေ
စျေးပြိုင်တာတွေ စိတ်မဝင်စားဘူး။

ရောင်းနိုင်လို့ ရောင်းနေတာမလို့
ဝယ်ချင်တဲ့သူတွေ ဝယ်ကြလိမ့်မယ်။

Ok?
လုပ်စရာမရှိလို့ လုပ်နေတာမဟုတ်ဘူး။
တတ်ယောင်ကားလည်း လုပ်နေတာမဟုတ်ဘူး။
ဘယ်ပစ္စည်း ဘယ်ကထွက်လဲကအစ အကုန် လေ့လာပြီးမှ လုပ်နေတာ …။

လိုင်းပေါ်မှာ Whole Sale group လေးတွေထဲဝင်၊
ဒိုင်လိုလို ဘာလိုလိုတွေက ပြတဲ့ ဂျင်းပုံတွေကို
ဒိုင်လိုလို ဘာလိုလိုက ရောင်းခိုင်းတဲ့ စျေးအတိုင်း၊ ဘာအားထုတ်မှုမှ သိပ်မစိုက်ဘဲ copy paste လေးလုပ်၊
Order လေးကောက် ၊
ကိုယ့်ကို ခင်လို့ အားပေးတဲ့ Customer ရော
ကိုယ့် post လေးတွေ ပုံလေးတွေကြိုက်လို့ အားပေးတဲ့ စျေးဝယ်သူကိုရော တန်၏ မတန်၏ ဘာမှမပြောဘဲ ဂျင်းအတောင့်လိုက်ထည့် …၊
ကိုယ်ကလည်း အပြင်ပုံ မမြင်ဖူးဘဲ ကိုယ့်ဆီမှာတဲ့ order တွေစု၊ များလာတော့ တစ်ဆင့်ပြန်မှာ၊ ကိုယ့်ဆီ ပစ္စည်းတွေရောက်လာတော့ ဘာမှမကြည့်ပဲ order ပြန်ပို့နဲ့

မြတ်ရင်ပြီးရော လုပ်နေတဲ့ ဟာတွေ
ကိုယ်တိုင်ကျ မသုံးပဲ
သူများကိုကျ အကုန်လျှောက်ပြောရောင်း

အေး .. စျေးကွက်သိပြီး တကယ်ထဲထဲဝင်ဝင်လုပ်နေတဲ့သူကျတော့ ရိတာလိုလို၊ သူတို့စျေးကွက်ကိုပဲ ဖျက်နေသလိုလိုနဲ့ ပန်းနုသွေးတွေ လာဆန်နေကြ … ။

စွမ်းပြည့်ကလည်း ခက်တယ်။

ကိုယ့်ဆီက ဝယ်ချင်တဲ့သူလာမေးရင်တောင် အကုန်အမှန်အတိုင်းပြောပြနေတာ။ မသုံးကြည့်ပဲ ဘာမှမရောင်း၊ မျက်မြင်မမြင်ရရင် ဘာမှဝယ်မရောင်း၊ အရှိကို အရှိအတိုင်းပြောရောင်း။

ကျွန်တော် OS မဟုတ်ပါဘူးက အစ ပြောရောင်းတာ။

ပစ္စည်း ကိုယ်တိုင်ဝယ်၊ ကိုယ်တိုင် ဓာတ်ပုံရိုက်၊ ကိုယ်ပိုင် စာသား၊ ကိုယ်ပိုင် လေ့လာပြီး content တစ်ခုစီက အစ ကိုယ်တိုင်ရေး

မတန်ရင် ကိုယ်လည်း မဝယ်ချင်ဘူး
သူများကိုလည်း မရောင်းချင်ဘူး
ကိုယ့်ဆီက ဝယ်ပြီး မတန်ဘူးလို့ အပြောခံရမှာ အရမ်းရှက်ဗျာ….

ဒီပုံနဲ့တော့ ကြာရင် မဖြစ်သေးပါဘူး။
ရွာပြင်ထုတ်ခံရဦးမယ်။

ဆေးရောင်းတော့လည်း စဆရက ကြီးတွေက ကြောက်ရသေးတယ်။
OS လုပ်တော့လည်း တက်ယောင်ကား ဆရာမကြီးတွေက လာလာဆွတယ်။

ကိုယ်ဆိုတဲ့ ကောင်ကလည်း မလုပ်ရင် ဘာမှမလုပ်ဘူး။
လုပ်ရင်လည်း အသေးစိပ်သေချာလုပ်ချင်တဲ့ကောင်။

အလုပ်တစ်ခုကို Professional လို့တွေးလိုက်ရင်
ရတဲ့ပိုက်ဆံနဲ့ တန်အောင်ပြန်လုပ်ပေးချင်တဲ့ စိတ်ကလည်း ရှိနေတော့

ကိုယ်လုပ်ချင်လို့ လုပ်တဲ့အလုပ်ကို
တစ်ခုခုလာ blame ရင် မခံချင်လို့
အဆုံးအထိ လိုက် fight တာများတယ်။
မသိသေးရင်သိအောင်လုပ်တယ်။
မတတ်သေးရင် တတ်အောင်လုပ်တယ်။

ဒီကြားထဲ အခုလို sensitive က ဖြစ်ပြီး ရန်ကစွာ၊ မရင့်ကျက်သေးတော့ အမောက်လေးက ထောင်ထောင်ပြသေးတယ်။ ဒါကလည်း ကိုယ့်မာနပဲ။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာလည်း ကိုယ့်သိက္ခာပဲမဟုတ်လား။

ဆိုတော့ … အခုအချိန်အထိ လိုင်းပေါ်မှာ အားယားလို့ နေနေတာ မဟုတ်ဘူး။ laptop တစ်လုံး၊ ဖုန်းတစ်လုံးနဲ့ အမြဲ အလုပ်ရှုပ်နေတာ၊ ကိုယ်က personal acc နဲ့ စျေးရောင်းနေတာမလို့ ကိုယ့် friend တွေကို အားနာရလို့ ကိုယ့် post တွေဟာ စျေးရောင်းတဲ့ post ချည်း မဖြစ်စေချင်ပဲ ဖတ်လိုက်တဲ့ သူတွေအတွက် အသိတစ်ခုရသွားဖို့၊ ပညာတစ်ခုရသွားဖို့ အမြဲလုပ်ပေး ရေးပေးဖြစ်တယ်။ ဘာပညာမှ မရရင်တောင် entertainment တစ်ခုလို ဖတ်လိုက်ရကျိုးနပ်သွားပြီး ပျော်သွားဖို အမြဲ ကြုးစားဖန်တီးပါတယ်။

ဒါကို အရင်က မသိသေးလည်း အခု သိပေးကြပါဗျ.
Post တိုင်းရဲ့ အဆုံးမှာ
“ကျေးဇူးတင်ပါတယ်”
“ဂရုစိုက်ပါ”
“လိုမှမှာပါ”
“ဆေးတွေ မလိုအောင်အထိ ကျန်းမာကြပါစေ”
စသဖြင့် ပြောဖြစ်ရေးဖြစ်တယ်ဆိုတာ
ကျွန်တော့ post ကို ဖတ်လိုက်ရတဲ့ တစ်ယောက်ဆီတိုင်းရဲ့ အချိန်ပေးမှုအတွက် ကျွန်တော့စေတနာပါ။

အဲ့လိုကောင်ကိုမှ
Fight ချင်ပါတယ်ဆိုရင်
ပြိုင် fight မယ် လာ…

ကိုယ်က အရင်းသာ သိပ်မရှိ(မစိုက်)တာ
Online business စလုပ်တည်းက ဆေးဆိုင်ကြီးတွေ Mart ကြီးတွေနဲ့အထိ စျေး ယှဉ် fight ပြီး ရောင်းလာတာ။

ရပ်ကွက်ထဲ ဖုန်းထဲကပုံလိုက်ပြ၊ Group တကာ sale post ပတ်တင်ပြီး ရောင်းလာတာ မဟုတ်ဘူး။

Ok?

ရောဂါတွေ အမြစ်မပြတ်သေးတဲ့ ပတ်ဝန်းကျင်မှာFace Shield လေးတော့ တပ်သင့်သေးတယ်နော်။ဒါပေမယ့် .. လူတွေဆိုတာ သိတယ်မလား?Face shie...
04/10/2021

ရောဂါတွေ အမြစ်မပြတ်သေးတဲ့ ပတ်ဝန်းကျင်မှာ

Face Shield လေးတော့ တပ်သင့်သေးတယ်နော်။

ဒါပေမယ့် .. လူတွေဆိုတာ သိတယ်မလား?
Face shield ကြီးတပ်နေတာ “အပိုပါကွာ” လို့ပြောမယ့်သူက သက်သက်ရှိဦးမှာ …

အဲ့ဒီအတွက်

Smart ကျတဲ့ Face Shield အလန်းလေးတွေ ထပ်ရဦးမယ်ဗျ။

Thailand Made စစ်စစ်ကိုမှ မြဝတီနယ်စပ်က ဝင်လာတဲ့ကောင်လေးတွေမလို့ …

✨ Style ကျတယ်။
✨ Smart ဖြစ်တယ်။
✨ အချိုးအစားလေးက အစ လုံးဝ အမိုက်လေး။
✨ အရောင်လေးတွေကလည်း စုံဦးမယ်။
✨ အရေးအကြီးဆုံးဖြစ်တဲ့ ပိုးမွှားကာကွယ်မှု ✨
✨ ပြန်လည်သုံးစွဲနိုင်မှု ✨

စတာတွေအားလုံးအတွက် အဆင်ပြေမယ်။

ကဲ … သူများနဲ့မတူချင်ရင် မတူတာလေးတွေရှိတုန်း ဝယ်ထားလို့ရပါပြီ။

လိပ်စာကတော့ …

“တော်ဝင်” ဆေးဆိုင်

09-428168822

၇လမ်းနဲ့ ကုန်သည်ကြီးလမ်းထောင့်၊ တောင်ငူမြို့။

🫀 Fancy items 🫀*******************🕯 ကမာ မီးအိမ်🧧 ဆင် စုဗူး🪣 ခေါက်ရေဗုံး🍽 နှစ်ဆင့်ထမင်းဗူး (ဇွန်းနဲ့ တူပါ)🌌 အပူထုပ် ကပ်ခွ...
03/10/2021

🫀 Fancy items 🫀
*******************
🕯 ကမာ မီးအိမ်
🧧 ဆင် စုဗူး
🪣 ခေါက်ရေဗုံး
🍽 နှစ်ဆင့်ထမင်းဗူး (ဇွန်းနဲ့ တူပါ)
🌌 အပူထုပ် ကပ်ခွါ

Stock Available Right Now! To Hsu Hsu Sanda Pyae

အပြင်ပုံတွေ ချည်းပဲ မလို့ ဂျင်းမိမှာ မပူပါနဲ့။

ကမာ မီးအိမ်
—————— Price - 1600
ညအိပ်ရင် အရမ်းအလင်းကြီးလည်း မအိပ်ချင်ဘူး။ အမှောင်ထဲလည်း မနေချင်ဘူးဆိုတဲ့ သူတွေအတွက် ကမာကောင်ပုံလေးနဲ့ မီးအိမ်လေးရပါမယ်။

ပုံထဲမှာ ကြည့်လိုက်ပါ ခဗျ
ကော်ကျွတ်သားမဟုတ်တဲ့ ရာဘာကော်သားမလို့ ကျကွဲမှာ မပူပါနဲ့။ ပြုတ်ကျရင်တောင် “ခွက်”လို့မမြည်ဘူး။ “ဖုတ်” လို့ပဲမြည်မှာ။

လမျက်နှာပြင်လို လင်းနေတာလေးက အသက်နော်။
လက်ပတ်နာရီ ဓာတ်ခဲ အသေး သုံးလုံး သုံးထားပြီးတော့ stand by နာရီ ၄၀ ခံတာမလို့ တစ်ညတာလုံး ထွန်းထားရင်တောင် ၅ညလောက် အထွန်းခံပါတယ်။ (ပြီးရင်တော့ ဓာတ်ခဲလဲပေါ့။)

Romance ဆန်ချင်သူတွေ Night Photo လှလှလေးရိုက်ချင်သူတွေအတွက်လည်း အဆင်ပြေမှာပါ။
(ပုံရိုက်ရင် ပိုလှတယ်)

ဆင်ရုပ်/အိမ်ရုပ် စုဗူး
——————————Price - 2000
ဘဏ်တွေက စိတ်မချရတော့ဘူး။ ကိုယ့်လက်ထဲရှိတာမှ ကိုယ့်ပိုက်ဆံပါ။

စုလိုက်၊ လိုလို့ ထုတ်ချင်ရင် စုဗူးကြီး ရိုက်ခွဲလိုက်နဲ့ အဆင်မပြေဘူးလေနော်။ ဟုတ်တယ်ဟုတ်?

ဆင်ရုပ်/အိမ်ရုပ် စုဗူးလေးက သော့လေးခပ်ထားလို့လည်းရတော့ စုလို့လည်းရ ထုတ်ချင်လည်းရလို့ အဆင်ပြေတယ်။

အရေးအကြောင်းဆို အိတ်ကပ်ထဲကောက်ထည့်ပြီး သယ်သွားလို့လည်းရတယ် 😋

ခေါက်ရေပုံး
——————Price - 3000

မိုးကာသားနဲ့ လုပ်ထားတဲ့ ခေါက်ရေပုံးလေးပါ။
ဝန်ကျဉ်းတယ်။ ခိုင်ခံ့တယ်။

ရေ 8လီတာအထိ သယ်ဆောင်နိုင်ပြီး မလိုရင် ခေါက်သိမ်းထားလို့လည်းရတယ်ဗျာ။

နှစ်ဆင့်ထမင်းဗူး (ဇွန်း နဲ့ တူပါ)
——————————————-Price - 3000
ကော်သားကတော့ အလန်းကြီး။
အပူခံနိုင်တဲ့ ဝါးကော်သားလေး ….
တစ်ဆင့်စီ ခွဲသုံးနိုင်အောင်လည်း အဖုံးလေးပါ ပါတယ်။

အဖုံးနဲ့အတူ ဇွန်း နဲ့ တူပါ set လိုက်ပါတော့ … ဘာလိုသေးလဲဗျာ။ နော့

အပုစုပ်ကပ်ခွါ
——————- Price - 1000
တစ်ဗူး တစ်ထောင်ကျပ်တည်းသာ ကျသင့်ပါမယ်။
Online မှာ 1500 နဲ့ရောင်းနေကြတာ ပေါသောနေရော…
တစ်ဗူးမှာ ၅စုံစာ ၁၀ခု ပါပါတယ်။

ဂျပန်တိုင်းရင်းဆေးနည်းကို ယူပြီး ထိုင်းက ထုတ်ထားတာပါ။ ဆားခါးနဲ့ ဆား၊ ရှိန်းခို၊ စတဲ့ ဆေးဘက်ဝင်တွေပါပါတယ်။

ညောင်းညာကိုက်ခဲ အကြောတတ်တတ်သူတွေ၊ ခြေထောက်လေးလံကိုက်ခဲ တတ်သူတွေ၊ အထိုင်များလို့ အပူခိုတတ်တဲ့ သူတွေအထူးသုံးသင့်ပါတယ်။

ဗူးထဲမှာပါတဲ့ ဆေးထုပ်လေးတွေကို စာမပါတဲ့ဘက်၊ ခြေဖဝါးမှာ ကပ်ပြီး ပါတဲ့ ကပ်ခွါ ပလာစတာ လေးနဲ့ ကပ်ထားရုံနဲ့ အပူတွေကို ထုတ်ယူနိုင်ပါတယ်။

ခြေဖဝါးဆိုတာ ပထဝီကြောတွေ စုတဲ့နေရာပါ။
သွေးလည်ပတ်မှုတွေ၊ အကြောတတ် အပူခိုတာတွေအတွက် ခြေထောက်ရေဆေးပြီး ညကပ်အိပ်ရုံနဲ့ သိသာပေါ့ပါးလာပါလိမ့်မယ်။

မှတ်ချက် ။ နေ့တိုင်း ကပ်ရန်မလိုပါဗျ။

မှာယူချင်ရင်
Chat Box or 09766123670 ကို ဆက်သွယ်မှာယူနိုင်ပါတယ် ခဗျ။

ကျေးဇူးအထူးတင်ပါတယ်ဗျာ။

ဒါလေးတွေ ရပါဦးမယ်။🧖🏻‍♀️မျက်နှာ အဆိပ်ထုတ်စက်🧖🏻‍♀️Price - 2500 - Beauty Salon တွေမှာ မျက်နှာအဆိပ်ထုတ်ဖို့ တကူးတက သွားနေကြတ...
03/10/2021

ဒါလေးတွေ ရပါဦးမယ်။

🧖🏻‍♀️မျက်နှာ အဆိပ်ထုတ်စက်🧖🏻‍♀️

Price - 2500

- Beauty Salon တွေမှာ မျက်နှာအဆိပ်ထုတ်ဖို့ တကူးတက သွားနေကြတုန်းပဲလား? အခုအချိန်ကာလမှာ ငွေအပိုမကုန်ချင်တဲ့သူတွေ၊ အပြင်မထွက်ချင်တဲ့သူတွေအတွက် ဒီစက်လေးက အဆင်ပြေမှာပါ။

- မျက်နှာ အဆိပ်ထုတ်တယ်ဆိုတာ မျက်နှာ အပူထုတ်တာပါပဲ။ ချွေးပေါက်တွေထဲက အညစ်အကြေးတွေကို အရင်ဖယ်၊ အပူခိုနေတာတွေကို ဖယ်တာပါပဲ။

- ဒီစက်လေးမှာက Vibrate လေးပါပြီး Laser မီးလေးလည်းပါပါတယ်။ Beauty Salon တွေမှာ အသုံးများတဲ့ စက်လေးပါ။

- လက်ပတ်နာရီ ဓာတ်ခဲအကြီးကို သုံးထားပြီး စတီးပြားမျက်နှာပြင်က တုန်ခါမှုနဲ့ အေးမြချောမွေ့မှုကို တစ်ခါတည်း ပေးစွမ်းနိုင်မှာပါ။ အနီရောင်လေဆာမီးက တော်ရုံပိုးမွှားနဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်တာမလို့ … မျက်နှာသစ်ရင်း ၃မိနစ်-၅မိနစ်ကြာအောင် မျက်နှာအနှံ့ပွတ်ပေးရုံနဲ့

- အကြောပြေစေပါတယ်။
- ချွေးပေါက်ထဲက အညစ်အကြေးတွေဖယ်ရှားပေးပြီး
- အသားအရည်ကို အေးမြချောမွေ့စေပါတယ်။

(ကိုယ်တိုင်သုံးနေတာမလို့ ဘယ်လိုလေးသုံးရင် ပိုအဆင်ပြေမလဲ ပြောပြပေးမယ်ဗျ)

- စတီးပြားမျက်နှာပြင်နဲ့ ပွတ်တာထက် စတီးပြား ဘေးစောင်းလေးနဲါပွတ်တာက တုန်ခါမှုကို ပိုပြီး ခံစားရတဲ့အပြင် နှာခေါင်းကြား အောက်မျက်ခမ်း စတာတွေကို ပိုပြီး ထိရောက်စွာ အကြောပြေ၊ ချောမွေ့စေပါတယ်။

- မျက်နှာကို ဆပ်ပြာအချောနဲ့ အရင်သစ်ပြီးမှ မိမိသုံးနေကျ မျက်နှာသစ်ဆေးလေးလိမ်းပြီး ဒီစက်လေးနဲ့ ၃မိနစ်ကနေ ၅မိနစ်အတွင်း ပွတ်လိမ်းပေးရုံနဲ့ မျက်နှာသစ်ဆေးကို ပိုမိုထိထိရောက်ရောက်သုံးလာနိုင်မှာဖြစ်ပြီး မျက်နှာအကြောများကိုလည်း လျော့ကျစေပါတယ်။

- အရင်က ကျွန်တော်ဆို မျက်နှာသစ်ဆေး ဘယ်လောက်အကောင်းစား ဝယ်ဝယ် မတန်ပါဘူး။ သစ်ပြီး တန်းဆေးချလိုက်လို့ပါ။ အခုတော့ ဒီစက်လေးနဲ့ အဆင်ပြေတယ်ပြောရမယ်။ သစ်ရတာရော သစ်ပြီးရင်ရော ကျေနပ်မှုရပါတယ်။

- Sheet Mask ကပ်တတ်တဲ့ skin care သမားတွေအတွက်ဆို ပိုလို့တောင် အဆင်ပြေပါသေးတယ်။ Face sheet mask လေးကပ်ပြီး mask လေးအပေါ်ကနေ စက်လေးနဲ့ ပွတ်ပေးနေရုံနဲ့ mask ရဲ့ effect ကို ပိုမိုရရှိစေပါတယ်။

- တစ်ခါဝယ်ထားပြီးရင် နေ့တိုင်း သုံးလို့ရနေမှာလေးမလို့ တန်/မြန် လေးရတုန်း ဝယ်ထားကြပါဗျ။

- အသက်ကြီးတဲ့ သူတွေအတွက် မျက်နှာပေါ်က အရေးအကြောင်းတွေကိုပါ လျော့ကျစေနိုင်ပါတယ်။

Online shop တွေမှာ 5000 လောက်ရောင်းနေကြပါတယ်နော်။

(အသစ်မလို့ စတီးပြားလေးပေါ်က ပလပ်စတစ်လေးတွေ မခွါထားတာပါနော်)

Address

Taungoo

Telephone

+9595351049

Website

Alerts

Be the first to know and let us send you an email when Swann On Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Swann On Mart:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram