25/08/2020
အားလုံး မင်္ဂလာပါ။
Kaytu ဆေးရုံ တွင်
အစာအိမ်အူလမ်းကြောင်းတစ်လျှောက်
မှန်ပြောင်းကြည့်ရှုကုသခြင်း ဝန်ဆောင်မှု ရရှိနိုင်ပါပြီ။
ခန္ဓာကိုယ် အစာလမ်းကြောင်း တစ်လျှောက်မှန်ပြောင်းဖြင့်
ကုသခြင်းသည် ခွဲစိတ်စရာမလိုဘဲ
ရောဂါရှာဖွေကုသခြင်းဖြစ်ပါသည်။
မှန်ပြောင်းကြည့်ရှုကုသမှုတွင် အပိုင်း ( ၂ ) ပိုင်းခွဲခြားထားပါသည်။
1. Gastroscopy (ခန္ဓာကိုယ်၏ အစာအိမ်လမ်းကြောင်းတစ်လျှောက်
မှန်ပြောင်းကြည့်ရှုကုသခြင်း)
2. Colonoscopy (ခန္ဓာကိုယ်၏ အူလမ်းကြောင်းတစ်လျှောက်
မှန်ပြောင်းကြည့်ရှုကုသခြင်း) တို့ ဖြစ်ပါသည်။
ထိုသို့ ကြည့်ရှုကုသခြင်းဖြင့် ခန္ဓာကိုယ်၏ အစာအိမ်အူ
လမ်းကြောင်းတစ်လျှောက်မှ အနာများ၊ အကျိတ်၊ အလုံးများကို သိမြင်
တွေ့ရှိနိုင်ပြီး လိုအပ်သောကုသမှုများ (ဥပမာ- ဆေးထိုးခြင်း၊ သရေကွင်း
ပစ်ခြင်းနှင့် အသားစယူခြင်း) စသည်တို့ကို ပြုလုပ်ပေးနိုင်သည်။
Kaytu ဆေးရုံရှိ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ဌာန
တွင် ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများမှ မှန်ပြောင်းကြည့်ရှု
ပေးခြင်းအပြင် လူနာများနာကျင်မှုမရှိအောင် ထုံဆေးဖျန်းခြင်း၊
နာကျင်မှုသက်သာစေမည့် ဆေးများပေးခြင်းတို့ကိုပြုလုပ်ပေးလျှက်ရှိ
ပါသည်။
ကေတုဆေးရုံ၊ ကျောက်တိုင်လမ်း၊ တောင်ငူမြို့။
☎ ဖုန်း 09-250704050, 09-971779140