ဆေးဆိုင်

ဆေးဆိုင် အင်္ဂလိပ်၊မြန်မာ ဆေးဝါးအရောင်းဆိုင်

09/02/2024

နန်းတော်ဟောင်းလမ်း မှ ဖြိုးမောက် ဆေးဆိုင်အား ပိတ်လိုက်ပါတယ် ခင်ဗျ ။ မကြာခင် ကေတုမြို့သစ် သို့ပြောင်းရွှေ့ဖွင့်လှစ်သွားပါမည်။
Thank you 🙏

နှစ်သစ် သတင်းကောင်း 📢ဂါရဝလက်ဆောင် ပေးချင်လို့ပဲဖြစ်စေကိုယ်တိုင်ဝယ်ယူ သုံးစွဲချင်လို့ပဲဖြစ်ဖြစ်ဆီးချိုသမားတိုင်း ရှိသင့်တ...
01/01/2024

နှစ်သစ် သတင်းကောင်း 📢

ဂါရဝလက်ဆောင် ပေးချင်လို့ပဲဖြစ်စေ
ကိုယ်တိုင်ဝယ်ယူ သုံးစွဲချင်လို့ပဲဖြစ်ဖြစ်
ဆီးချိုသမားတိုင်း ရှိသင့်တဲ့ စက်လေးမို့..
ကျနော်ကိုယ်တိုင် သေချာလေ့လာစမ်းသပ်ထားပြီး၊Donated လုပ်ခဲ့တဲ့နေရာတွေမှာလည်း စစ်ဆေးချက်တွေဟာ တိကျသေချာတဲ့ အကြောင်း ပြန်လည်ကြားသိရတဲ့အတွက် customer တွေအတွက် စတင်ရောင်းချပေးဖို့ "On Call Extra “နှင့် မိတ်ဆက်ပေးလိုက်ပါတယ်။
USA Brand ဖြစ်ပြီး တသက်တာအာမခံလည်းပါလို့
စိတ်ချပြီးသုံးလိုက်ပါ အမျိုးတို့

#သင့်ကျန်းမာရေးမဝေးစေရ

Welcome 2024 🙏❤️🙏
30/12/2023

Welcome 2024 🙏❤️🙏

🤧
29/12/2023

🤧

သီတင်းကျွတ်လပြည့်နေ့  ဆေးဆိုင်ပိတ်ပါသည်ခင်ဗျား🙏
28/10/2023

သီတင်းကျွတ်လပြည့်နေ့ ဆေးဆိုင်ပိတ်ပါသည်ခင်ဗျား🙏

ပွပလဲ မူးလဲ
05/09/2023

ပွပလဲ မူးလဲ

စျေးတက်တာ ရပ်ကြပါတော့🙏🙏🙏
15/08/2023

စျေးတက်တာ ရပ်ကြပါတော့🙏🙏🙏

10/08/2023

စျေးအတက်တွေ များနေသလို ၊ ပစ္စည်းပြတ်တာတွေလည်းရှိနေတာမို့ လိုအပ်သလောက်သာ သည်းခံဝယ်ယူပေးကြပါခင်ဗျာ၊၊

Thank you 🙏🙏🙏

31/07/2023

(၁.၈.၂၀၂၃) လပြည့်နေ့တွင် —အေးသုခ ဆေးဆိုင် အင်ဒိုင်း နှင့် ဖြိုးမောက် ဆေးဆိုင် နန်းတော်ဟောင်းလမ်း တောင်ငူ ၊ တို့မှ ဝန်ထမ်းများ အနားယူစေခြင်း အလို့ငှါ ဆိုင်များ ခေတ္တ ပိတ်ပါရစေ ခင်ဗျား🙏🙏🙏

“ဟဲ့ ပလုတ်တုတ်” ရုတ်တရက်ဆိုတော့ 👑 ဟိုဘဲမှတ်လို့
28/06/2023

“ဟဲ့ ပလုတ်တုတ်” ရုတ်တရက်ဆိုတော့ 👑 ဟိုဘဲမှတ်လို့

02/06/2023

"Red Ocean မှာ မကျန်ခဲ့စေလို”

BUSINESS စီးပွါးရေးရဲ့
အဓိက Lever က
Demand and Supply ပဲ

ယခင် Pharma Field မှာ ဝင်ရောက်
လုပ်ကိုင်နိုင်တဲ့သူ 100 ရှိတယ်ဆိုပါစို့

ခု Pharma Field ထဲမှာ
ဝင်ရောက်လုပ်ကိုင်လာသူ 200 ရှိတယ်

ဆိုတော့ အရင်က
အယောက် 100 သိန်း 100 အရောင်းရှိတယ်ဆိုပါစို့
ခု အယောက် 200 သိန်း 80 ပဲ အရောင်းရှိတော့တယ်

ဝင်ရောက်လုပ်ကိုင်သူ လူဦးရေက
များလာပြီး
အရောင်းအဝယ် ဖြစ်မှု က
နည်းနည်းလာတယ်

လူသားတွေရဲ့ သဘာဝအရ
ရေကြည်ရာ မြက်နုရာကို ပြောင်းကြသလို
အခြား စီးပွါးရေးနယ်ပယ်တွေ မှာ
အလုပ်အကိုင်အခွင့်အလမ်းနည်းလာတာ
အရောင်းအဝယ် Turnover ကျလာတာ
တွေကြောင့် Pharma Field ထဲကို
ဝင်ရောက်လာသူတွေများလာတာပဲ
အထူးသဖြင့် ကိုဗစ်အခြေအနေ
နောက်ပိုင်းမှာပေါ့
ဒီတော့ Market မှာ လုံးဝပြောင်းသွားပြီ
အရင်က ကစားကွက်တွေ strategy တွေ
အသုံးမဝင်တော့ပါဖူး

ဒါက ပြသနာ
ကျွန်တော် ရင်ဆိုင်ကျော်ဖြတ်ရမယ့်
ပြသနာ အခက်အခဲ
ဒိအခက်အခဲ ပြသနာကိုကျော်နိုင်ရင်
ကျွန်တော်တို့ ရင်သန်ကျန်ခဲ့မယ်
ဒီပြသနာ အခက်အခဲတွေကို မရင်ဆိုင်နိုင်
မကျော်ဖြတ်နိုင်ရင်
ကျွန်တော်တို့ ကျန်ခဲ့မယ်

အဖြေက ရှင်းပါတယ်

ရှင်သန်ကျန်ရစ်သူအတွက်
နောင်အချိန်မှာ အခြားသူတွေက
စလုံးရေစနေချိန် ကျွန်တော်တို့က 2 / 3 လောက်က စရမှာ အမြတ်ပဲ

ဒီအခက်အခဲ ဘယ်လောက်ကြာမလဲ?
လာမမေးနဲ့ ကျွန်တော်လည်းမသိပါ

Ownerတွေအနေနဲ့
Blue Ocean strategy နဲ့ ရှင်သန်ပါ
ဝန်ထမ်းတွေအနေနဲ့
Quality နဲ့ ရှင်သန်ပါ
( ပစ္စည်းကိုဝယ်တာမဟုတ်ဖူး
လူကိုဝယ်တာ ငါ့မို့ ဝယ်ပေးတာမျိုးထိ
ဖြစ်အောင်လုပ်ပါ )

အားလုံးအခက်အခဲကြားက
အတူတူရုန်းကန်ရှင်သန်ရင်း
ကျန်ရစ်ခဲ့ရအောင်ပါ

မုန်တိုင်းနေ့ရက်တွေပြီးရင်
နေသာမှာပါ


Good luck all !!

ဘယ်လိုသောက်လည်း လာလာမမေးနဲ့တော့နော်👇🏼👇🏼👇🏼👇🏼အဲ့မှာဓာတ်ဆား တဝက် ၊ရေအေးတစ်ခွက် ၊သံပုရာ အစစ် တစ်စိတ် 👍👍👍👍👍
08/05/2023

ဘယ်လိုသောက်လည်း လာလာမမေးနဲ့တော့နော်
👇🏼👇🏼👇🏼👇🏼အဲ့မှာ
ဓာတ်ဆား တဝက် ၊ရေအေးတစ်ခွက် ၊သံပုရာ အစစ် တစ်စိတ် 👍👍👍👍👍

ကျေးဇူးရှင်စျေးဝယ်သူအပေါင်း (၃.၅.၂၀၂၃) ကဆုန်လပြည့်နေ့ ဆိုင်ပိတ်ပါသည်ခင်ဗျာ။ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ***********...
03/05/2023

ကျေးဇူးရှင်စျေးဝယ်သူအပေါင်း (၃.၅.၂၀၂၃) ကဆုန်လပြည့်နေ့ ဆိုင်ပိတ်ပါသည်ခင်ဗျာ။

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ
*********************************

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ္ခံ ကဆုန်လပြည့်နေ့

ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

****

#ကဆုန်လပြည့်
#ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

#ဗျာဒိတ်ခံယူသောနေ့
#ဖွားမြင်တော်မူသောနေ့
#ဘုရားဖြစ်တော်မူသောနေ့
#ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
#ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။
ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွုကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

#မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ] ပြန်လည်
ထုတ်နှုတ်မျှဝေ ပူဇော်ပါသည်။

 #သင့်မျက်လုံးအတွက် အားဖြစ်စေမည့် ဗီတာမင်များဗီတာမင် C ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်...
20/04/2023

#သင့်မျက်လုံးအတွက် အားဖြစ်စေမည့် ဗီတာမင်များ

ဗီတာမင် C

ဗီတာမင် C ဟာ ကျန်းမာရေးအတွက် ဘက်ပေါင်းစုံက အရေးပါတဲ့အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ လိမ္မော်သီး၊ ကီဝီ ၊စတော်ဘယ်ရီလို သီးနှံတွေနဲ့ ပန်းဂေါ်ဖီစိမ်း၊ ငရုတ်သီး စတဲ့ ဟင်းသီးဟင်းရွက်တွေမှာပါဝင်လေ့ရှိပါတယ်။ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေအပြင် မျက်စိအတွင်းတိမ်မဖြစ်စေဖို့ကာကွယ်ပေးနိုင်တယ်၊ အသက်အရွယ်ကြောင့် အမြင်အာရုံချို့ယွင်းမှုအတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

ဗီတာမင် E

ဗီတာမင် E ကလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတစ်ခုလို လုပ်ဆောင်ပေးပြီး မျက်စိအတွင်းတိမ်ဖြစ်ခြင်းနဲ့ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်းကို ကာကွယ်ပေးပါတယ်။ ဗီတာမင် E ကို ဗာဒံစေ့၊ မြေပဲ၊ နေကြာစေ့ တို့လို အစေ့အဆန်တွေကနေ ရရှိနိုင်ပါတယ်။

ဗီတာမင် A

ဗီတာမင် A ဟာ ညဘက်မြင်နိုင်စွမ်း၊ အနာကျက်ခြင်းနဲ့ ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဗီတာမင် A က အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်စိမှုန်ခြင်းဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ မုန်လာဥနီ၊ ကန်စွန်းဥနဲ့ ခရမ်းချဉ်သီးတို့မှာပါဝင်တတ်တဲ့ ဗီတာမင် A ကို မျက်စိအားဆေးပုံစံနဲ့လည်း သောက်သုံးကြပါတယ်။

ဗီတာမင် B complex

Burplex လို့သိထားကြတဲ့ ဗီတာမင် B complex ဆိုတာ ဗီတာမင်B1၊ B2၊ B3၊ B5၊ B6၊ B12 ၊ folic acid, biotin နဲ့ choline တို့ပါဝင်တာဖြစ်ပါတယ်။B complex အုပ်စုဝင် ဗီတာမင်တွေဟာ နာတာရှည်ရောင်ရမ်းမှုတွေကို သက်သာလျော့ပါးစေပြီး သွေးတွင်း homocysteine ပမာဏများခြင်းကို ကာကွယ်ပေးပါတယ်။ homocysteine က မျက်ကြည်လွှာကို ထိခိုက်စေတဲ့ သွေးကြောဆိုင်ရာပြဿနာတွေကို ဖြစ်စေပါတယ်။ ဗီတာမင် Bတွေက မျက်စိမှုန်ခြင်းနဲ့ မျက်စိရောဂါတွေကို အန္တရာယ်လျော့နည်းစေဖို့ ကူညီပေးပါတယ်။

Lutein

Lutein က ကိုက်လန်၊ ဟင်းနုနွယ်စတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ တွေ့ရတဲ့ အာဟာရဓာတ်တစ်မျိုးပါ။ မျက်ကြည်လွှာအတွက် အကျိုးပြုတဲ့ ဒီဓာတ်က အမြင်အာရုံအတွက်တော်တော်ကို အရေးပါပါတယ်။ lutein နဲ့ zeaxanthin တို့လို ဓာတ်တွေဆီက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေရရှိနိုင်ပြီး အတွင်းတိမ်နဲ့ အမြင်မှုန်ဝါးခြင်းလိုမျိုး ရောဂါပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

Zeaxanthin

Carotenoids ဓာတ်အမျိုးအစားပေါင်း ၆၀၀ကျော်ရှိပေမယ့် ၂၀ ခန့်ကပဲ မျက်စိကျန်းမာရေးအတွက် အကျိုးပြုနိုင်ပါတယ်။ Lutein နဲ့ zeaxanthin က မြင်လွှာရဲ့ အလယ်ကmacula အစိတ်အပိုင်းကို နူးညံ့စေပြီး မျက်စိတစ်ရှူး၊ မှန်ဘီလူးနဲ့ macula အပိုင်းကို ကာကွယ်ပေးနိုင်ပါတယ်။ မြင်ကွင်းရှင်းလင်းစေပြီး ရုတ်တရက်မှုန်ဝါးခြင်း၊ အလင်းရောင်မခံနိုင်ခြင်းနဲ့ အတွင်းတိမ်လိုမျိုး မျက်စိရောဂါတွေကို ကာကွယ်ပေးပါတယ်။

Omega-3 Fatty Acids

Omega-3 Fatty Acids ဟာ ခန္ဓာကိုယ်အနှံ့က တစ်ရှူးတွေအတွက် ကောင်းမွန်တဲ့ အကျိုးပြုအဆီတွေဖြစ်ပါတယ်။ ဆီးချိုရှိသူတွေမှာ အဖြစ်များတဲ့ အမြင်အာရုံထိခိုက်မှုကို ကာကွယ်ပေးပါတယ်။

Online မှ ကိုးကားသည်

#သင့်ကျန်းမာရေးမဝေးစေရ

27/10/2022

Page အတု ပေါ်ထွက်နေပါကြောင်း ၊ ကိစ္စအဝဝ မသက်ဆိုင်ပါကြောင်း၊ report ထုပေးစေလိုပါကြောင်းပါခင်ဗျာ

K9 ကြီးရှည်.တစ်ပွဲထိုးကြာဆေး အေးသုခ ဖ

တိချစ်သူတွေအတွက် limoxin 25 ရောက်ပါပြီနော်
15/10/2022

တိချစ်သူတွေအတွက် limoxin 25 ရောက်ပါပြီနော်

👋 📣📣(8.10.2022) အဖိတ်နေ့ နံနက်ခင်းပိုင်း "အေးသုခ” ဆေးဆိုင်တွင် အသက် ၅၅ နှစ်နှင့် အထက် လူကြီးသူမများအား ဂါရဝလက်ဆောင်များ ...
07/10/2022

👋 📣📣(8.10.2022) အဖိတ်နေ့ နံနက်ခင်းပိုင်း "အေးသုခ” ဆေးဆိုင်တွင် အသက် ၅၅ နှစ်နှင့် အထက် လူကြီးသူမများအား ဂါရဝလက်ဆောင်များ ပေးအပ်ပြီး ။

(9.10.2022) ရက် လပြည့်နေ့ တွင် "ဖြိုးမောက်ဆေးဆိုင်” နှင့် "အေးသုခဆေးဆိုင်” တို့ ပိတ်မည်ဖြစ်ပါသည် ခင်ဗျာ။

ပျော်ရွှင်စရာ သီတင်းကျွတ် အခါသမယလေးကို
ပိုင်ဆိုင်ကြပါစေ.. လို့ ဆုမွန်ကောင်း တောင်းလိုက်ပါသည်။

"တစ်လမှာ ခဏခဏ အရေးပေါ်နေလို့မရကြောင်း”မေး။ ။ အရေးပေါ်တားဆေးကို တစ်လတည်းမှာ နှစ်ခါ-သုံးခါလောက်သုံးမိပါတယ်။ အဲဒီအခါကျတော့ ...
30/08/2022

"တစ်လမှာ ခဏခဏ အရေးပေါ်နေလို့မရကြောင်း”

မေး။ ။ အရေးပေါ်တားဆေးကို တစ်လတည်းမှာ နှစ်ခါ-သုံးခါလောက်သုံးမိပါတယ်။ အဲဒီအခါကျတော့ ရာသီတွေက မပေါ်တော့ဘဲနဲ့ နောက်ကျသွားလိုက်၊ တစ်ခါတလေ ဆင်းချင်သလို ဆင်းလိုက်နဲ့ အဲဒါ ဘယ်လိုဖြစ်တာပါလဲဆရာ။
နှင်းနှင်း (FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။

ဖြေ။ ။ အရေးပေါ်တားဆေးဆိုတာ တကယ့်အရေးပေါ် အခြေအနေကျမှပဲ သုံးရပါတယ်။ အတူတူနေပြီး ချက်ချင်းသုံးရင် ပိုကောင်းတယ်။ ၇၂ နာရီအတွင်း ဆိုရင်ပိုသင့်တော်တယ်။ မကောင်းတဲ့အချက်က ရာသီလာတာ နောက်ကျသွားတတ်တယ်။ ရာသီလာရမယ့်အချိန်မှာ မလာဘဲ နောက်ကျသွားတတ်တယ်။ အရမ်းနောက်ကျသွားရင်၊ တစ်ပတ်-နှစ်ပတ်အထိ နောက်ကျသွားရင်တော့ ကိုယ်ဝန်ရှိ၊ မရှိ စစ်ကြည့်ဖို့ မှာရပါတယ်။ ဒီဆေးကို တစ်လတည်းမှာ တစ်ခါတည်းမဟုတ်ဘဲနဲ့ နှစ်ခါ-သုံးခါ-လေးခါအထိ သုံးလိုက်ရင်တော့ ရာသီလာတာက တော်တော့်ကို ကိုရိုးကားယားတွေဖြစ်ကုန်တော့မှာ။

တစ်ခါသုံးရင်တောင် ရာသီနောက်ကျတတ်တယ်။ တစ်ခါသုံးတိုင်း သုံးတိုင်း Failure Rate ရှိတယ်။ ဒီဆေးက အယောက် ၁၀ဝ သုံးရင် အယောက် ၈၀ လောက်မှာပဲ ကာကွယ်နိုင်ပါတယ်။ အယောက် ၂၀ က ကလေးရသွားနိုင်ပါတယ်။ သဘောက တစ်လတည်းမှာ သုံးခါ သွားသုံးလိုက်ရင် အဆင်မသင့်ရင် ကလေးရသွားနိုင်ခြေများပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် တစ်လတည်းမှာ ခဏခဏမသုံးပါနဲ့။ ကိုယ်က ကလေးမလိုချင်ဘူး၊ ရာသီက မလာသေးဘူး၊ မလာမချင်း ကိုယ်ဝန်များ ရှိသွားပြီလား၊ ရှိသွားပြီလားနဲ့ ပူပင်နေရတတ်ပါတယ်။ အရေးပေါ်အခြေအနေမှာသာ သုံးသင့်တာ ဖြစ်ပါတယ်။

Address

Taungoo

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959443659857

Website

Alerts

Be the first to know and let us send you an email when ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram