
30/05/2025
မိုးတွင်းကာလ အအေးမိတုတ်ကွေလေးကာကွယ်ချင်သူတို့အတွက် ဒီဆေးလေးရပါမယ်။
အမေးများလှတဲ့မေးခွန်းတွေ ရဲ့အဖြေကို သိရှိဖတ်မိသတိပြုနိုင်ဖို့ ကူးယူးရှယ်ပေးပါသည်
(နှာစေး၊ အအေးမိ၊ ဖျားနာ အစရှိသည့် ရာသီတုပ်ကွေး မှ ကာကွယ်ရန် 2025 တုပ်ကွေး ကာကွယ်ဆေး ထိုးထားမှ စိတ်ချရမယ်နော်။
တုပ်ကွေး ကာကွယ်ဆေး အား မည်သူတို့ ထိုးသင့်ပါသနည်း?
၁။ နေ့စဉ် လူအများ နှင့် ဆက်ဆံ သွားလာ နေသူများ
၂။ ဆီးချို ရောဂါ၊ နှလုံး ရောဂါ၊ အဆုတ် ရောဂါ၊ ရင်ကြပ် ရောဂါ (နာတာရှည်ရောဂါ) ရှိသူများ
၃။ အသက် (၆၅)နှစ် အထက် လူကြီးများ
၄။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ နှင့် နို့တိုက် မိခင်များ
၅၊၊ ကိုယ်ခံအား နည်းသူများ၊ မကြာခဏ ဖျားနာတတ်သူများ၊ ရောဂါအခံရှိသူများ ဖြစ်ကြပါသည်၊၊
တုပ်ကွေးကာကွယ်ဆေး အား မည်သည့် အချိန် တွင် ထိုးရမည်နည်း?
တစ်နှစ် (၁) ကြိမ် ထိုးရန် အကြံပြုထားပါသည်၊၊
တုပ်ကွေးရာသီ မတိုင်မီ အနည်းဆုံး ၂ ပတ် မှ ၄ ပတ် ကြိုထိုးရပါမည်။
ဆေးထိုးပြီး (၂) ပတ် အကြာ မှ ခန္ဓာကိုယ် အတွင်း Antibodies ထွက်ပြီး တုပ်ကွေးဖျားနာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါသည်၊၊
အသက် (၆) လ မှ (၉) နှစ် အထိ ကလေးများတွင် (ပ) အကြိမ်ထိုးပြီး ၄ ပတ် အကြာတွင် (ဒု) အကြိမ် ထပ်မံ ထိုးနှံရပါမည်၊၊
အသက် (၆) လ မှ (၉) နှစ် အထိ ကလေးများ အတွက် ယခင် နှစ်များတွင် ထိုးဖူးသူများအတွက် (၁) လုံး ထိုးရုံ နှင့် လုံလောက်ပါသည်၊၊
ဘေးထွက် ဆိုးကျိုး
အချို့သော သူများ အတွက် ဆေးထိုးပြီး အနည်းငယ် ကိုယ်လက် ကိုက်ခဲ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ငွေ့ငွေ့ ဖျားနာမှု များ ရှိတတ်ပါသည်၊၊
Egg protein, Gentamicin နှင့် မတည့်လျှင် မ ထိုးသင့်ပါ။
ဓာတ် မတည့်မှုများ ရှိပါက ဆေး မထိုးခင် ကြိုပြောရန် လိုပါသည်။)