San Thit Oo pharmacy

San Thit Oo pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from San Thit Oo pharmacy, Pharmacy / Drugstore, Taungoo.

May all your dreams and Christmas wishes come true. 🎁🎄
24/12/2023

May all your dreams and Christmas wishes come true. 🎁🎄

ခုအဖြစ်များနေတာ ဂရုစိုက်ကြပါ‼️ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါ (Eye flu / Pink eye )‼️👋အခုတလော ကလေးတွေသာမက လူကြီးတွ...
01/10/2023

ခုအဖြစ်များနေတာ ဂရုစိုက်ကြပါ

‼️ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါ (Eye flu / Pink eye )‼️

👋အခုတလော ကလေးတွေသာမက လူကြီးတွေမှာပါ မျက်စိနာရောဂါတွေဖြစ်နေကြတာတွေ့နေရပါတယ်

🌨️မိုးရာသီ မှာ စိုထိုင်းဆ ရုတ်တရက်မြင့်မားလာတာကြောင့် ရောဂါပိုးမွှားတွေလည်းခေါင်းထောင်လာကြပါတယ်

🦠မိုးရာသီနဲ့အတူ ဝင်ရောက်လာတဲ့ ရောဂါတွေထဲမှာလည်း မျက်စိနာရောဂါက ကူးစက်လွယ်ပြီး အဖြစ်များတဲ့ရောဂါတခုပါ

😵‍💫မျက်သားရောင်မျက်စိနာရောဂါဆိုတာဘာလဲ ❓

📍မျက်လုံးရဲ့ အတွင်းမျက်လုံးအိမ်ကို ဖုံးအုပ်ထားတဲ့ အဖြူရောင်အလွှာလေးကို Conjuntiva လို့ခေါ်ပါတယ်

📍အဲ့ဒီ အဖြူရောင် conjuntiva နဲ့ မျက်ခွံအတွင်းပိုင်းတွေ နီပြီး ရောင်ရမ်း တာ နာတာ ကို မျက်သားရောင် မျက်စိနာရောဂါ (Pink eye ) လို့ခေါ်ပါတယ်

😵‍💫မျက်သားရောင်မျက်စိနာ ဘာကြောင့်ဖြစ်သလဲ ❓

🦠အဖြစ်အများဆုံးကတော့ ကူးစက်လွယ်တဲ့ ဗိုင်းရပ်စ် နဲ့ ဘက်တီးရီးယားပိုးကြောင့် ဖြစ်ကြတာပါ

📍တချို့သောမျက်စိနာရောဂါတွေကတော့ ဓာတ်မတည့်ခြင်း ၊ ပြင်ပမှ အရာဝတ္ထု ဖုန် အမှုံအမွှားများဝင်ရောက်ခြင်း ၊ ဓာတုပစွည်းများနဲ့ထိတွေ့မှုရှိခြင်း စတာတွေကြောင့် မျက်စိနာ တတ်ကြပါတယ်

💥အဓိက ကူးစက်လွယ်တဲ့ မျက်သားရောင်မျက်စိနာအကြောင်း ပြောချင်ပါတယ်💥

🙈ရောဂါလက္ခဏာများ 🙈

💔 မျက်လုံး ရဲ့အဖြူရောင်ရှိသည့် အပိုင်းနီရဲနေခြင်း ( Pink Eye )
💔 မျက်ခွံမျက်သားများရောင်နေခြင်း
💔 မျက်ရည်ယိုခြင်း
💔 မျက်လုံးထဲ သဲဝင်နေသလို ကသိကအောက်ဖြစ်ခြင်း
💔 ယားယံခြင်း ၊ ပူခြင်း ၊ နာခြင်း စတာတွေခံစားရနိုင်ပါတယ်

😫 ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း 😫

💔 အပေါ်က လက္ခဏာတွေအပြင် တုပ်ကွေးလက္ခဏာတွေဖြစ်တဲ့ ဖျားခြင်း ချောင်းဆိုးခြင်း အဆစ်အမြစ်ကိုက်ခဲခြင်း ဝမ်းပျက်ခြင်း စတာတွေပါခံစားရနိုင်ပါ
တယ်
💔 စစချင်းတော့ မျက်လုံးတဖက်ကနေစဖြစ်ပြီး ရက်ပိုင်းအတွင်းကျန်တဲ့တဖက်ပါကူးစက်သွားတတ်ပါတယ်
အရည်ကြည်ကဲ့သို့ မျက်ဝတ်ထွက်ခြင်းနဲ့မျက်ရည်ယိုတာ ပိုဖြစ်တတ်ပါတယ်

😩 ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ မျက်သားရောင်မျက်စိနာခြင်း😩

💔 သူကတော့အပေါ်ကလက္ခဏာတွေအပြင် မျက်ဝတ်ထွက်တာ ပိုဆိုးတတ်ပါတယ်
💔 ပြည်ကဲ့သို့မျက်ဝတ်များထွက်နိုင်ပြီး မျက်ခွံမှာကပ်နေတဲ့အတွက်မျက်လုံးအဖွင့်အပိတ်ဖို့အတွက် ခက်ပါတယ်

🙀ဘယ်လိုကူးစက်လဲ 🙀

🙊 ရောဂါဖြစ်နေသူနဲ့ တိုက်ရိုက်ထိတွေ့မှုကနေသော်၎င်း၊ အသုံးအဆောင်များမှတဆင့်သော် ၎င်း ၊ ချောင်းဆိုး နှာချေခြင်းမှတဆင့် သော်၎င်း ကူးစက်တတ်ပါတယ်

✅ ကုသမှု ✅

♻️ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ရောဂါ အများစုက မပြင်းထန်ကြပါဘူး
♻️ ၁ ပတ် ၂ ပတ်အတွင်းသူ့အလိုလိုပြန်ကောင်းသွားတတ်ပါတယ်

♻️ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့ရောဂါအတွက် သင့်တော်တဲ့ပိုးသတ်ဆေး( မျက်စဉ်းခတ်ဆေးအရည် သို့မဟုတ် လိမ်းဆေး )လိုနိုင်ပါတယ်

♻️ ယားယံခြင်း မျက်ရည်ယို ခြင်း အတွက် Cetrizine လိုဆေးမျိုး အသုံးပြုလို့ရပါတယ်

♻️ မျက်လုံးထဲနာကျင်တာအတွက်ပါရာစီတမော သောက်ပေးလို့ရပါတယ်

♻️ မျက်လုံးခြောက်သွေ့ခြင်းအတွက် artificial tears (မျက်ရည်တု မျက်စဉ်းဆေး) များခတ်ပေးလို့ရပါတယ်

♻️ မျက်လုံးရောင်ရမ်း တာသက်သာအောင် ​အိမ်တွင်းကုထုံးအနေနဲ့ မျက်လုံးမှိတ်ပြီး အပေါ်မှာရေအေးဝတ်ကပ်တာ မျိုးလုပ်ပေးလို့ရပါတယ်

♻️ မျက်စိနာနေတဲ့အချိန် မျက်ကပ်မှန်တပ်နေတဲ့လူဖြစ်ပါက အသုံးပြုတာ ခနရပ်ထားပါ

🏥 ဘယ်အချိန်ဆေးခန်းပြသင့်လဲ 🏥

😖 မျက်လုံး ဆိုးရွားစွာနာလာခြင်း ၊ နီလာခြင်း

🫣 အလင်းဒဏ်မခံနိုင်ခြင်း ၊ အမြင်မှုံဝါးလာခြင်း

😪 ဘက်တီးရီးယားပိုးဟုယူဆသောအခြေအနေတွင်သင့်တော်သောပိုးသတ်ဆေး သုံးပြီး ၂၄ နာရီ ကျော်သည်အထိ မသက်သာလျှင်

🤒 နဂိုကိုယ်ခံအားနည်းနေသောသူများဖြစ်နေလျှင် ( ကင်ဆာဝေဒနာရှင် ၊ HIV လူနာများ )

🧑‍🦲 မွေးကင်းစကလေးများတွင် မျက်စိနာရောဂါဖြစ်လျှင်

စတဲ့အခြေအနေတွေမှာဆေးရုံဆေးခန်းပြသင့်ပါတယ်

🍀 ကာကွယ်ခြင်း 🍀

🙅‍♂️ မျက်လုံးကို ခနခနမပွတ်ပါနဲ့ ..
ကောင်းနေတဲ့ဖက်ကိုကူးစက်ဖို့ပိုလွယ်သလို မျက်စိရောင်ခြင်းကိုလည်း ပိုဆိုးစေတတ်ပါတယ်

🙌 မျက်လုံးမကိုင်တွယ်ခင်နှင့် ကိုင်တွယ်ပြီးတိုင်း တခြားအရာတွေမထိတွေ့ခင်လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကြာအောင်သေချာဆေးပါ

🤦‍♀️ မိမ်ိအနားမှာမျက်စိနာဖြစ်ပွားနေသူရှိပါက လက်ကိုမကြာခနဆေးပါ
လက်မဆေးဘဲ မျက်လုံးနှာခေါင်းပွတ်ခြင်းများမလုပ်ပါနဲ့

🧏‍♀️ မျက်ဝတ်များ ကို သန့်ရှင်းသော အဝတ် သို့မဟုတ် ဂွမ်း လုံးလေးများဖြင့် သေချာသုတ်ပေးပါ

💁‍♀️ အသုံးအဆောင်ပစွည်းများမျှဝေသုံးစွဲခြင်းမလုပ်ပါနဲ့
(မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံး ၊မျက်မှန် ၊ မိပ်ကပ်အလှပြင်ပစွည်းများ ၊ မျက်စဉ်းခတ်ဆေးများ )

အချုပ်အားဖြင့် စိတ်ပူစရာမလိုပေမယ့် ကူးစက်လွယ် ကူးစက်မြန်တာကြောင့် သတိပြုဖို့ဖြစ်ပါတယ်

မျက်စိနာခြင်းမှကင်းဝေးကြပါစေ

ကလေးချစ်တဲ့ ကလေးဒေါက်တာ ❤️

#ကျန်းမာရေး

ဈေးတွေ မတရား တက်နေချိန်မှာ သောက်နေကြ အာဟာရမှုန့်တွေ၊ အားဆေးတွေ သောက်ဖို့ မတက်နိုင်တော့ဘူးဆိုရင် ????ဈေးတွေ ကြောက်ခမန်း ဖ...
28/08/2022

ဈေးတွေ မတရား တက်နေချိန်မှာ သောက်နေကြ အာဟာရမှုန့်တွေ၊ အားဆေးတွေ သောက်ဖို့ မတက်နိုင်တော့ဘူးဆိုရင် ????

ဈေးတွေ ကြောက်ခမန်း ဖြစ်လာတဲ့ အချိန်မှာ ဖြည့်စွက်စာ မသောက်ရလို့၊ ဖြည့်စွက် အာဟာရမှုန့် သောက်ဖို့ ဆိုတာ အန်မတန်ခက်ခဲလာပါတယ်။

ဖြည့်စွက်စာ ဆိုတဲ့အတိုင်း မဖြစ်မနေ မဟုတ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။

ဥပမာ - ဆီးချို ဖြည့်စွက် အာဟာရမှုန့် ဆိုရင် ဆီးချို ကျစေတာမဟုတ်ပါဘူး။ ထမင်းအစားထိုး သောက်တဲ့ အာဟာရမှုန့် ဖြစ်ပါတယ်။ ထမင်းစားရင် အများကြီး စားမိပြီး ဆီးချို မထိန်း နိုင်တာတွေ ဖြစ်ရင် အခုလို ဖြည့်စွက် အာဟာရမှုန့် တခွက် လောက် ကို ထမင်း မစားပဲ သောက်ရတာဖြစ်ပါတယ်။

ဆိုလိုတာ က သောက်ရမယ့် နည်းစနစ် ကို သိသွားပြီဆိုရင် ဒါတွေဟာ မဖြစ်မနေ သောက်ရမယ့် အရာတွေ မဟုတ်တော့ပါဘူး။

အားဆေးတွေလဲ ထိုနည်းတူ ပါပဲ။ ရောဂါကြောင့် မဖြစ်မနေ သောက်ရမယ့် ကုသဆေးတွေ က အဓိက ပါ။ အခု လို ဈေးမတရား တက်နေချိန်မှာ အားဆေး တွေက ဒုတိယ ဦးစားပေး သာ ဖြစ်ပါတယ်။ မသောက်လို့ ဘာမှ ထွေထွေထူးထူး မဖြစ်သွားပါဘူး။

ဒါဆို အာဟာမှုန့် သောက်ဖို့ အဆင်မပြေတော့ဘူး တခြား ဘာနည်းလမ်းတွေ ရှိလဲ?

1. ဆီးချို သမား များ - ဆီးချို မတက်အောင် ဆန်ကြမ်း၊ ဂျုံကြမ်း စားပေးပါ။ ပဲ၊ ကြက်ဥ အကာ သေချာစားပေးပါ။ နို့သောက်ချင်ပါက အဆီထုတ်နို့သောက်ပါ။ အစေ့အဆန် ရှိရင် ဥပမာ မြေပဲ လက်တဆုပ် လောက် စားပေးပါ။ အရွက် များများ ထည့်စားပါ။
2. ကင်ဆာသမားများ - အသား၊ ငါး၊ ပဲ၊ ဥ ၊ နို့ ပါအောင် ကျွေးပါ။ အသားကျွေးဖို့ အခက်အခဲ ရှိပါက ကြက်ဥ အကာ နှင့် ပဲ သေချာကျွေးပါ။ ထမင်း ကျွေးရင် ပုံမှန် ဆန်ကျွေးလို့ရပါတယ်။ အရမ်းကြမ်းတာမကျွေးပါနှင့် အဆာခံ ပြီး အစားသိပ်မဝင်မှာ စိုးလို့ပါ။ အသီးတစ်နေ့တလုံးကျွေးပေးပါ။
3. အသက်ကြီးသူများ - နို့ တိုက်ပါ။ (ကယ်လိုရီများပြီး ကျန်းမာရေးအတွက် အဆင်ပြေအောင် အဆီထုတ်နို့ကို အစေ့အဆန် ကြိတ်ပြီး ထည့်ကျိုတိုက်ပါ) ထမင်း ကျွေးရင် ဆီ သတိထားပြီးထည့်ကျွေးပါ။ (ကယ်လိုရီ တက်အောင်ပါ)။ ပူတင်း၊ သာကူ၊ နို့ထမင်း စတဲ့ ပျော့ပျောင်းတာတွေ ကျွေးပါ။ နည်းနည်း နဲ့ ခဏ ခဏ ကျွေးပါ။

အခုချိန် အရမ်း ခက်ခဲ နေကြပါတယ်။ ဒါကြောင့် အာဟာရ ဖြည့်စွက်စာတွေ သောက်ဖို့ အခက်အခဲ ရှိလာပြီဆိုရင် အခုလို နည်းလမ်းတွေ လုပ်ကြည့်ပါ။

ရောဂါအတွက် လိုအပ်တဲ့ အဓိက ဆေးဝါးတွေကတော့ သောက်ကို သောက်ရမှာ ဖြစ်လို့ အကယ်၍ ဈေးအရမ်းတက်နေပါက နာမည်မတူ ပဲ အမျိုးအစားတူ တဲ့ ဆေး သက်သာတဲ့ ဆေး ကို ဆေးဆိုင်မှာ သေချာမေးဝယ်ကြပါ ခင်ဗျာ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

ဂေါက်ရောဂါကိုအစားအစာနဲ့ ကုသမယ် ===================ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာမ...
24/08/2022

ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================

ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
‌
‌ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
‌
‌ ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
‌
‌ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
‌
‌သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
‌
‌အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။
‌
‌ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
‌တွေကြောင့်လို့သိရပါတယ်။
‌

ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်

၁ – ရေသောက်ခြင်း
••••••••••••••••••••
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။

၂ – တရုတ်နံနံ
•••••••••••••••
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။

၃ – ဗိုစားပဲ
••••••••••••
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။

၄ – ပန်းသီး
••••••••••••
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။

၅ – ငှက်ပျောသီး
•••••••••••••••••
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။

၆ – ရှောက်သီးနဲ့ သံပရိုသီး
••••••••••••••••••••••••••
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။

၇ – နာနတ်သီး
•••••••••••••••
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၈ – သင်္ဘောသီး အစိမ်း
••••••••••••••••••••••••
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။

Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
‌
‌ ၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
‌- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
‌ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
‌
‌ ၂ - ငှက်ပျောသီး
‌- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
‌
‌ ၃ - မုန်လာဥနီ
‌ - မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
‌လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
‌
‌ ၄ - ချယ်ရီသီး
‌- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
‌အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
‌
‌ ၅ - ရေ
‌ - ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
‌က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
‌
‌ ၆ - ပန်းသီး
‌- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
‌ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
‌
‌ ၇ - တရုတ်နံနံကြီး
‌ - ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
‌ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
‌
‌ ၈ - ကြက်သွန်နီ
‌ - ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
‌လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
‌
‌ ၉ - ရေနွေးကြမ်း
‌- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
‌ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
‌
‌ ၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
‌ - ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
‌အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
‌
‌ ၁၁ - ဘယ်ရီသီးများ
‌ - ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
‌တားဆီးပေးနိုင်ပါတယ်။
‌

‌မစားသင့်သည့်အစားအစာများ
‌
‌1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
‌
‌2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
‌
‌3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
‌
‌4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
‌
‌5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
‌
‌6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
‌
‌7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
‌
‌8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
‌
‌9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။

ခန္ဓာကိုယ်တွင်းလှည့်ပတ်သွားလာနေတဲ့ သွေးဆဲလ်တွေမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး အဓိက ၃ မျိုး ရှိပါတယ်။ ဒါ့အပြင် သ...
17/08/2022

ခန္ဓာကိုယ်တွင်းလှည့်ပတ်သွားလာနေတဲ့ သွေးဆဲလ်တွေမှာ သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှားဆိုပြီး အဓိက ၃ မျိုး ရှိပါတယ်။ ဒါ့အပြင် သွေးခဲဖို့ ကူညီပေးတဲ့ သွေးခဲပစ္စည်း (clotting factors) ဆိုတာတွေလည်း ပါဝင်ပါတယ်။ ဒီလိုသွေးဆဲလ်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းနေတဲ့အတွက် သွေးရောဂါတစ်မျိုးမျိုး ခံစားရတဲ့အခါ တစ်ကိုယ်လုံးမှာ လက္ခဏာပြသလာတတ်ပါတယ်။ ရောဂါဖြစ်စေတဲ့ သွေးဆဲလ်အမျိုးအစား ပေါ်မူတည်ပြီး လက္ခဏာလေးတွေ အနည်းငယ် ကွာခြားနိုင်ပါတယ်။

သွေးရောဂါ အမျိုးအစားများ 👉👉

သွေးရောဂါတွေကို ဖြစ်တဲ့ သွေးဆဲလ်ပေါ်မူတည်ပြီး အကြမ်းဖျင်း ၄မျိုး ခွဲလို့ ရပါတယ်။

✅ သွေးအားနည်း ရောဂါအုပ်စု
✅ သွေးမတိတ်ရောဂါ
✅ သွေးခဲရောဂါ
✅ သွေးကင်ဆာ စတာတွေပဲ ဖြစ်ပါတယ်။

သွေးရောဂါအမျိုးအစားနဲ့ လက္ခဏာများ

သွေးရောဂါ အမျိုးအစားပေါ်အလိုက် ပြသမဲ့လက္ခဏာတွေ ကွာခြားသွားပါတယ်။ တချို့ရောဂါတွေမှာ လက္ခဏာတွေက ချက်ချင်းပေါ်ပေမယ့် တချို့ရောဂါတွေမှာတော့ ဖြည်းဖြည်းချင်းပဲ ပေါ်လာပါတယ်။ ဥပမာ ပြောရရင်

⚠ သွေးအားနည်းရောဂါ ခံစားရရင် ခြေလက်တွေ အမြဲလိုလို အေးနေခြင်း၊ အသားအရောင် ဖြူဖျော့ သွားခြင်း၊ နုံးပြီး အားမရှိသလို ဖြစ်နေခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ခေါင်းမူးခြင်း၊ မော၍ရင်တုန်ခြင်း စတာတွေက ခံစားရနိုင်ပါတယ်

⚠ သွေးထွက်လွယ်ရောဂါဖြစ်ပွားသူတွေဟာ သွားဖုံးနဲ့နှာခေါင်းမှသွေးယို/သွေးထွက်လွယ်ခြင်း၊ ထိခိုက်ဒဏ်ရာရသွား ပါကအညိုအမည်းစွဲလွယ်ခြင်း၊ အမျိုးသမီးတွေမှာရာသီသွေးဆင်းများခြင်း စတာတွေဖြစ်နိုင်ပါတယ်

⚠ သွေးခဲရောဂါက တကိုယ်လုံးနေရာအနှံ့ဖြစ်ပွားနိုင်ပါပြီး လက္ခဏာတွေကတော့ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ နုံးခြင်း၊ အမြင်ဝါးခြင်း၊ မောခြင်း၊ ခြေလက်မှာ ရောင်ရမ်းနာကျင်ခြင်း စတာတွေခံစားရမှာပါ

⚠ သွေးကင်ဆာတွေထဲမှာ အတွေ့ရအများဆုံးကတော့ လူကီးမီးယားသွေးကင်ဆာနဲ့ ပြန်ရည်ကျိတ် ကင်ဆာ (lymphoma) ပဲ ဖြစ်ပါတယ်။ သွေးကင်ဆာဝေဒနာခံစားနေရသူတွေဟာ အဆစ်တွေ နာကျင်ခြင်း၊ နုံးပြီး အားမရှိသလို ခံစားရခြင်း၊ချမ်းတုန်ဖျားပြီး ညဘက်တွေမှာ ချွေးစေးပြန်နေခြင်း၊မကြာခဏ ပိုးဝင်ခြင်း (ဥပမာ အဆုတ်ပိုးဝင်တာ၊ ဝမ်းလျှောတာ)၊ပြန်ရည်ကျိတ်တွေ ကြီးခြင်း စတာတွေ အတွေ့များပါတယ်။

“လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း” (Implant)၁။ အဲဒါ ဘာလဲလက်မောင်းအရေပြားအောက်မှာ ထည့်ထားရတဲ့ သားဆက်ခြားပစ္စည...
13/08/2022

“လက်မောင်းတွင်းထည့် သားဆက်ခြားပစ္စည်းအကြောင်း” (Implant)

၁။ အဲဒါ ဘာလဲ

လက်မောင်းအရေပြားအောက်မှာ ထည့်ထားရတဲ့ သားဆက်ခြားပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ပရိုဂျက်စတင် ဟော်မုန်း တစ်မျိုးတည်းပါ၀င်ပြီး မီးခြစ်ဆံအရွယ်အစားလောက် ရှိတဲ့ ပလစ်စတစ်အပျော့ချောင်းလေး ဖြစ်ပါတယ်။ ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံရယ်လို့ ရှိပြီး ၃နှစ်ခံက တစ်ချောင်းတည်း ထည့်ရပါတယ်၊ ၄နှစ်ခံနဲ့ ၅နှစ်ခံကတော့ နှစ်ချောင်း ဖြစ်ပါတယ်။

၂။ အလုပ်လုပ်ပုံ

ကိုယ်၀န်ရတယ်ဆိုတာ အမျိုးသမီးခန္ဓာကိုယ်ထဲက မမျိုးဥနဲ့ အမျိုးသားဆီက သုက်ပိုးနဲ့ ပေါင်းစပ်မိတဲ့အခါ ဖြစ်လာတာပါ။ ဒီပစ္စည်းလေးကတော့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲမှာ မမျိုးဥမကြွေအောင် တားဆီပေးပါတယ်။ ဒီတော့ အမျိုးသားဆီက သုက်ပိုးတွေ ၀င်လာပေမယ့် ကိုယ်၀န်မရတော့ဘူးပေါ့။
အဲဒီအပြင် သားအိမ်ခေါင်းချွဲကို ပျစ်စေခြင်းအားဖြင့်လည်း သားအိမ်ခေါင်းကို ဖြတ်ပြီးမှ မမျိုးဥနဲ့သွားပေါင်းရမယ့် သုက်ပိုးတွေကို မ၀င်နိုင်အောင် တားဆီးပေးပါတယ်။

၃။ ဘယ်လိုထည့်ပေးတာလဲ

အသေးစားခွဲစိတ်မှုလေးတော့ လုပ်ရပါတယ်။ ခွဲခန်းတွေဘာတွေတော့ ၀င်စရာမလိုပါဘူး။ မထည့်ခင်မှာ လက်မောင်းကို နေရာမှတ်ပါတယ်။ အဲဒီနေရာအတိုင်းလေး ထုံဆေးထိုးမယ်။ ထုံသွားပြီ၊ ဘာမှမသိတော့ဘူးဆိုတော့မှ ထည့်ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြောက်စရာ မလိုပါဘူး။ ဓါးကလည်း လက်သည်းခွံတစ်၀က်လောက် အရွယ်ပဲရှိပါတယ်။ ပြီးသွားရင်လည်း ချုပ်ရိုးတွေနဲ့ ပြန်ချုပ်တာ မဟုတ်ပါဘူး။ ဒီအတိုင်း အနာကပ်ခွါလေးနဲ့ပဲ ကပ်ပေးလိုက်တာပါ။
ထည့်ပြီးသွားရင်တော့ (၅)ရက်တိတိ အဲဒီနေရာကို ရေမစိုအောင် ထားရပါမယ်။ အညှော်ရှောင်ရတာ၊ အနားယူရတာတွေ လုပ်စရာ မလိုပါဘူး။ ထည့်ပြီးစ ရက်ပိုင်းလောက် ပြင်းပြင်းထန်ထန် မလှုပ်ရှားရင် ရပါပြီ။

၄။ ထိရောက်မှု

ထိရောက်မှုအရှိဆုံး သားဆက်ခြားနည်းတစ်ခု ဖြစ်ပါတယ်။ အသုံးပြုပြီး ပထမတစ်နှစ်အတွင်းမှာ ကိုယ်၀န်ရနှုန်းက အမျိုးသမီးအယောက်တစ်သောင်းမှာ (၅)ယောက်သာ ရှိပါတယ်။

၅။ အားသာချက်တွေက ဘာတွေလဲ

- လက်မောင်းတွင်းထည့်ထားရတာ ဖြစ်တဲ့အတွက် ပျောက်သွားမလား၊ ထွက်ကျသွားမလား စိတ်ပူနေစရာ မလိုဘူး။ စမ်းကြည့်လို့လည်းရတယ်၊ မြင်လည်းမြင်နေရတယ်။

- ပြောရရင် ဒီပစ္စည်းက (၃)လခံထိုးဆေးနဲ့ ပါ၀င်တဲ့ဟော်မုန်းချင်း အတူတူပါပဲ။ ဒါပေမယ့် (၃)လခံဆေးထက်စာရင် ဒီပစ္စည်းမှာ အားသာချက်(၄)ချက် ရှိပါတယ်။

* ထိရောက်မှု ပိုကောင်းတယ်။
* နှစ်ရှည်ခံတယ်။ ဒီတော့ အလုပ်ရှုပ်သက်သာတယ်။ (၃)လတစ်ခါ ဆေးထိုးနေစရာ မလိုတော့ဘူး။
* (၃)လခံထိုးဆေးက သွေးပေါင်ချိန်(၁၆၀)အထက် ထိုးဖို့မသင့်တော်ပေမယ့် ဒီပစ္စည်းကတော့ ထည့်လို့ရတယ်။ သူ့ထက်စာရင် သားအိမ်တွင်းထည့်ပစ္စည်းကတော့ ပိုသင့်တော်တာပေါ့။
* (၃)လခံဆေးက ဆေးထိုးရပ်လိုက်ပေမယ့် အရှိန်ကျန်တတ်တယ်။ လုံး၀ကို မရနိုင်တော့တာ မဟုတ်ပေမယ့် ကိုယ်၀န်ပြန်ရဖို့ လအနည်းငယ်စောင့်ရတတ်တယ်။ ဒီပစ္စည်းကတော့ စောင့်စရာမလိုဘူး။ ဒါကြောင့် ခုမှအိမ်ထောင်ကျစ၊ ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့သူတွေ စိတ်ချလက်ချ အသုံးပြုလို့ရပါတယ်။

၆။ အားနည်းချက်တွေက ဘာတွေလဲ

- ထည့်ပေးမယ့် ဆရာ၀န်၊ ဆရာမ၊ သို့မဟုတ် ကျွမ်းကျင်သူရဲ့ အကူအညီလိုတယ်။

- ရာသီသွေး မပေါ်တတ်ဘူး။
သူ့အာနိသင်တစ်ခုက သားအိမ်နံရံ ထူထဲမှုကို တားဆီးပေးတယ်။ မိန်းကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ တစ်လတစ်ခါ သားအိမ်နံရံက ထူထဲလာတယ်၊ ဘာလို့ဆိုတော့ မမျိုးဥနဲ့ သုက်ပိုးနဲ့ပေါင်းပြီး သန္ဓေများအောင်သွားခဲ့ရင် သားအိမ်မှာ သန္ဓေတည်နိုင်အောင်လို့။ အဲဒီလို သန္ဓေအောင်မသွားတဲ့အခါ ခုနက ထူထဲထားတဲ့ သားအိမ်နံရံက ကွာကျတယ်။ အဲဒါကို ရာသီလာတယ်လို့ ခေါ်တယ်။

အခု သူက အဲဒီသားအိမ်နံရံကို ထူမလာအောင် လုပ်ပေးလိုက်တော့ အောက်ကို ဘာမှကွာကျလာစရာ မရှိတော့ဘူး။ ဒီတော့ ရာသီသွေးလည်း မဆင်းတော့ဘူးပေါ့။ ဆိုလိုတာက သွေးမပေါ်တာဟာ အထဲမှာ အပုပ်တွေအောင်း၊ အလုံးတွေတည်၊ ကင်ဆာဖြစ်မှာမဟုတ်ဘူး၊ သွေးအနေနဲ့ ဆင်းလာစရာမရှိလို့သာ ဖြစ်တယ် ဆိုတာလေး သိစေချင်ပါတယ်။ ဒါကြောင့် သွေးမပေါ်တာ စိတ်ပူစရာ မလိုဘူး။ စိတ်အေးလက်အေး နေလို့ရတယ်။
ဒါပေမယ့် ကျွန်မက သွေးပေါ်မှကြိုက်တာ ဆိုရင်တော့ ဒီနည်းလမ်းကို ရွေးချယ်ဖို့ စဉ်းစားစေချင်ပါတယ်။

၇။ ဘေးထွက်ဆိုးကျိုး ဘယ်လိုရှိလဲ

ဟော်မုန်းပါတဲ့အတွက် ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ပျို့အန်တာ၊ ကိုယ်အလေးချိန် အပြောင်းအလဲဖြစ်တာ၊ ရင်သားတွေတင်းပြီး နာတာ၊ ဒါတွေဖြစ်နိုင်ပါတယ်။

၈။ မသုံးစွဲသင့်သော အခြေအနေများ

ရင်သားကင်ဆာ (Breast cancer) ၊ ခြေထောက်တို့ အဆုတ်တို့မှာ သွေးကြောပိတ်တာ (Deep vein thrombosis) ၊ အသည်းရောဂါ (Liver diseases) နဲ့ ပုံမမှန်သွေးဆင်းနေတဲ့သူတွေ (Irregular bleeding) ဆို အသုံးပြုလို့ မသင့်တော်ပါဘူး။

၀နေတဲ့သူတွေလည်း အသုံးပြုလို့ရပါတယ်။ တစ်ခုပါပဲ၊ ကိုယ်အလေးချိန် (၁၇၆)ပေါင်အထက် ဖြစ်နေခဲ့မယ်ဆိုရင်တော့ သက်တမ်းတစ်နှစ်လျော့ပါမယ်။ (၅)နှစ်ခံထည့်ပေမယ့် (၄)နှစ်ပဲ ခံမယ်။ (၄)နှစ်ခံထည့်ပေမယ့် (၃)နှစ်ပဲ ခံမယ်။ ခြွင်းချက်အနေနဲ့ (၃)နှစ်ခံပစ္စည်းကတော့ တစ်နှစ်မလျော့ပါဘူး။ ဘယ်လောက်၀တဲ့သူ ထည့်ပါစေ၊ (၃)နှစ်အပြည့် ခံပါတယ်။

တီဘီဆေး၊ အတက်ကျဆေးတွေကတော့ ဟော်မုန်းတွေရဲ့ အာနိသင်ကို လျော့ကျစေတာမို့ ဒီဆေးတွေ သောက်နေရတဲ့အချိန်ဆို မထည့်ထားသင့်သေးပါဘူး။ ထည့်ပြီးမှ ရောဂါဖြစ်လို့ ဒီဆေးတွေ သောက်ရတော့မယ်ဆိုရင်တော့ ဒီပစ္စည်းအပြင် ဟော်မုန်းမပါတဲ့ နောက်ထပ်သားဆက်ခြားနည်းတစ်ခုကို ထပ်အသုံးပြုဖို့ လိုပါမယ်။ (ဥပမာ ကွန်ဒုံး၊ သားအိမ်တွင်းထည့်ပစ္စည်း)။ ရောဂါကိုပိုဆိုးစေလို့ မဟုတ်ပါဘူး၊ ပစ္စည်းရဲ့ အာနိသင်ကို ကျစေတဲ့အတွက် ကိုယ်၀န်ရသွားနိုင်လို့ ဖြစ်ပါတယ်။

၉။ လွဲမှားတဲ့ အယူအဆများ

- ဒီပစ္စည်းကို အပ်၊ ပိုက် စသဖြင့် ထင်တတ်ကြတယ်။ အပ်တို့ ပိုက်တို့သာဆိုရင် လက်မောင်းထဲထည့်ထားတဲ့အခါ စူးနေ၊ ထောက်နေကြမှာပေါ့။ ခုဟာက ပျော့ပျောင်းတဲ့ ပလပ်စတစ်ချောင်းလေးသာ ဖြစ်ပါတယ်။ ကွေ့လို့ကောက်လို့လည်း ရပါတယ်။ ဒါကြောင့် လက်မောင်းထဲထည့်ထားပြီးလည်း စူးမှာစိတ်ပူနေစရာ မလိုပါဘူး။

- ခွဲစိတ်မှုလုပ်ရမယ် ထင်တတ်ကြတယ်။ ဒါလည်း မဟုတ်ပါဘူး။ အပေါ်မှာရှင်းပြခဲ့ပြီးသလို အသေးစားခွဲစိတ်မှုတစ်ခုသာ ဖြစ်ပါတယ်။ ထည့်ပေးသူရဲ့ ကျွမ်းကျင်မှုအပေါ် မူတည်ပြီး မိနစ်အနည်းငယ်သာ ကြာမြင့်ပါတယ်။

၁၀။ Your life, your choice

ဒီပစ္စည်းလေးကတော့ အိမ်ထောင်သည်အမျိုးသမီးတော်တော်များများ သိချင်နေကြတဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ သားဆက်ခြားနည်းလမ်းတွေအားလုံးမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီ ရှိကြပါတယ်။ အဓိကကတော့ ဘယ်သူပြောလို့၊ ဘယ်ဝါတိုက်တွန်းလို့ ဆိုတာထက် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းတစ်ခုကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး ရွေးချယ်အသုံးပြုနိုင်ကြဖို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ

🟠 ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် နှင့် ကလေးအတွက် အလွန် အရေးပါတဲ့ အာဟာရ နှင့် သတ္ထုဓာတ်များက ဘာတွေများ ဖြစ်မလဲ🤰🏼🤱🏼✅ 𝐂𝐚𝐥𝐜𝐢𝐮𝐦:...
12/08/2022

🟠 ကိုယ်ဝန်ဆောင်ချိန်မှာ မိခင် နှင့် ကလေးအတွက်
အလွန် အရေးပါတဲ့ အာဟာရ နှင့် သတ္ထုဓာတ်များက ဘာတွေများ ဖြစ်မလဲ🤰🏼🤱🏼

✅ 𝐂𝐚𝐥𝐜𝐢𝐮𝐦: 𝟏𝟑𝟎𝟎 𝐦𝐠
ကိုယ်ဝန်ဆောင် မိခင်တစ်ယောက်အတွက် ၁ရက်တာ calciumဓာတ် 1000 - 1300mg လိုအပ်ပါသည်။ ရင်သွေးငယ်၏ သွားနှင့်အရိုးများ ဖွဲ့စည်းတည်ဆောက်ရေးအတွက် calciumဓာတ် လိုအပ်ပြီး Calcium ကြွယ်ဝသော အစားအစာများဖြစ်သည့် နို့နှင့်နို့ထွက်ပစ္စည်းများ၊ ပဲဆံခြောက်အမျိုးမျိုး၊ အရိုးပါ ဝါးစားလို့ရသော ငါးများ၊ ပန်းဂေါ်ဖီစိမ်း တို့ကိုပါဝင်အောင် စားသုံးပေးသင့်ပါသည်။

✅ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐃 𝟔𝟎𝟎 𝐈𝐔
ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ၁ရက်တာအတွက် Vitamin D လိုအပ်မှုဟာ 600 IU ဖြစ်ပြီး ခန္ဓာကိုယ်ရှိ calcium နှင့် phosphate ဓာတ်များကို ထိန်းညှိပေးခြင်းနှင့် သွားနှင့်အရိုး၊ ကြွက်သားများ ကျန်းမားကြံ့ခိုင်စေရန်အတွက်အရေးပါ ပါသည်။ Vitamin D ကိုနေရောင်ခြည်မှ အဓိက ရရှိသောကြောင့် ၁ပတ်လျှင် အနည်းဆုံး ၃ရက်ခန့် နံနက် ၁၀နာရီမှ နေ့လည်၂နာရီ အတွင်း ထွက်သော နေရောင်ခြည်ကို လက်၊ ခြေထောက်များသို့ ထိတွေ့ပေးခြင်းဖြင့် လိုအပ်သော Vitamin D ကို ရရှိနိုင်ပြီး အဆီများသော ငါးများ (ဆော်လမွန်၊ဆာဒင်း) နှင့် Vitamin D ဓာတ် ထည့်သွင်း အားဖြည့်ပေးထားသော အချို့အစားအစာများ (နို့၊ချိစ်) တို့မှလည်း အနည်းငယ် ရရှိနိုင်ပါသည်။

✅ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐂 𝟖𝟓𝐦𝐠
သွားနှင့်ခံတွင်း ကျန်းမာရေးနှင့် ဆဲလ်တည်ဆောက်မှုတို့တွင် ပါဝင်သော Vitamin C ကို ကိုယ်ဝန်ဆောင်ကာလ အတွင်း ၁ရက်ကို 85 mg လိုအပ်ပြီး ခရမ်းချဉ်သီး၊ အာလူး၊ ကန်စွန်းဥ၊ ဂေါ်ဖီ၊ ရာသီပေါ်သစ်သီးဝလံများမှ ရရှိနိုင်ပါသည်။

✅ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐀 𝟕𝟕𝟎 𝐦𝐢𝐜𝐫𝐨𝐠𝐫𝐚𝐦
ကျန်းမာသောအသားအရေ၊ မျက်စိအမြင်အာရုံ နှင့် ခုခံအားကောင်းမွန်မှုတို့ အတွက် Vitamin A ပါဝင်သော မုန်လာဥနီ ၊ရွှေဖရုံသီး၊ ကန်စွန်းဥ၊ ပန်းဂေါ်ဖီစိမ်း၊ ဟင်းနုနွယ်၊ သရက်သီး၊ သခွါးမွှေးသီး စသည်တို့ ပါဝင်အောင် စားသုံးပေးခြင်းဖြင့် ၁ရက်တာလိုအပ်သော Vitamin A 770 microgram ကိုရရှိနိုင်ပါသည်။

✅ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟔 𝟏.𝟗𝐦𝐠
သန္ဓေသား၏ ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှု နှင့် သွေးနီဥ ဖွဲ့စည်းတည်ဆောက်မှုတို့အတွက် Vitamin B6 ကိုလိုအပ်ပါသည်။ VitaminB6 ကြွယ်ဝသော အစားအစာများမှာ အခွံမာ အစေ့အဆံများ၊ အာလူး၊ ဆန်နှင့် ကောက်နှံများဖြင့် ပြုလုပ်ထားသော အစားအစာများ၊ ကြက်သား၊ အမဲသား ၊ငါး၊ ကုလားပဲ၊ ဟင်းနုနွယ် တို့ စားသုံးပေးခြင်းဖြင့် တစ်နေ့တာ လိုအပ်တဲ့ Vitamin B6 ပမာဏကို ရရှိနိုင်ပါသည်။

✅ 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐁𝟏𝟐 𝟐.𝟔𝐦𝐢𝐜𝐫𝐨𝐠𝐫𝐚𝐦𝐬
ရင်သွေးငယ်၏ သွေးနီဥနှင့် DNA ဖွဲ့စည်းတည်ဆောက်မှု ၊ဦးနှောက်နှင့် အာရုံကြော ဖွံ့ဖြိုးမှုတို့ အတွက် Vit B12 သည် အရေးပါပါသည်။ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့နှင့်နို့ထွက်ပစ္စည်းများမှ Vitamin B12 ကို ရရှိနိုင်ပါသည်။

✅ 𝐈𝐫𝐨𝐧 𝟐𝟕 𝐦𝐠
ကိုယ်ဝန်ဆောင်မိခင် သံဓာတ်ချို့တဲ့ပါက မွေးဖွားစဉ် သွေးလိုခြင်း၊ သွေးသွင်းရခြင်း၊ ပေါင်မပြည့် ရက်မစေ့ပဲ စောမွေးဖွားခြင်းများ ဖြစ်ပေါ်လာနိုင်ပါသည်။
သံဓာတ်သည် သန္ဓေသား၏ သွေးနီဥ ဖွဲ့စည်းတည်ဆောက်မှုနှင့် အောက်ဆီဂျင်ကို ခန္ဓာကိုယ် အစိတ်အပိုင်းရှိ အားလုံးသို့ ရောက်ရှိအောင် ပို့ဆောင်ပေးနေသည့် အဓိက သတ္ထုဓာတ် ဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်ချိန်အတွင်းမှာ သံဓာတ် ပိုမို လိုအပ်သည့်အတွက် သံဓာတ်ပြည့်ဝမှု ရှိစေရန် သံဓာတ်အားဆေး အပြင် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ အမဲသား၊ ဆိတ်သား၊ ဝက်သား၊ ပဲအမျိုးမျိုးတို့ ပါဝင်အောင် စားသုံးပေးရန် လိုအပ်ပါသည်။

✅ 𝐅𝐨𝐥𝐢𝐜 𝐀𝐜𝐢𝐝 𝟒𝟎𝟎-𝟔𝟎𝟎 𝐦𝐢𝐜𝐫𝐨𝐠𝐫𝐚𝐦𝐬 (𝟎.𝟒-𝟎.𝟔 𝐦𝐠)
ဖေါ်လစ်အက်ဆစ် ချို့တဲ့ပါက ကလေးတွင် မွေးရာပါ ပုံမမှန်ခြင်းရောဂါ ( Neural Tube Defect) ဖြစ်ပေါ်နိုင်ပါသည်။
ဖေါ်လစ်အက်ဆစ် ပြည့်ဝမှုသည် ကိုယ်ဝန်သန္ဓေ စတည်သည့်အချိန်မှ ကိုယ်ဝန်ပထမ ၁၂ပတ်အတွင်း အလွန်အရေးကြီးသောကြောင့် ကိုယ်ဝန်မယူခင် ၂လ အလိုမှစပြီး ကိုယ်ဝန်ပထမ၃လအထိ နေ့စဉ် ဖေါ်လစ်အက်ဆစ် ဖြည့်စွက်အားဆေး သောက်သုံးသင့်ပါသည်။ ဖေါ်လစ်အက်ဆစ် ကြွယ်ဝသော အစားအစာများဖြစ်သည့် အစိမ်းရင့်ရောင်ရှိသော ဟင်းသီးဟင်းရွက်များ၊ ပဲအမျိုးမျိုး၊ ထောပတ်သီး၊ သဘောသီး၊ လိမ္မော်သီးတို့ကိုလည်း နေ့စဉ် ထည့်သွင်းစားသုံးပေးရန် လိုအပ်ပါသည်။

👶 ကျန်းမာသန်စွမ်း ထက်မြတ်သော သား၊သမီး ရတနာလေးများ မွေးဖွားလာဖို့ လိုအပ်တဲ့ အာဟာရ နှင့် သတ္ထုဓာတ်များ၏ အသုံးဝင်ပုံများကို ဖော်ပြပေးလိုက်ခြင်းဖြင့် မေမေတို့အတွက် အကျိုးတစ်စုံတစ်ရာ ရရှိမယ်လို့ ယုံကြည်ပါတယ်🥰

👩🏼‍⚕️ ဒေါက်တာ မေဖူးဇွန်
{ အာဟာရ ဆရာဝန် }
Registered Associate Nutritionist, UKVRN
M.B.,B.S(YGN), M.Sc in Human Nutrition with Clinical Nutrition Specialization (Glasgow)

ဒူးရင်းသီးတွင် ပါဝင်သော အာပာာရများ1. အမျှင်ဓါတ်2. ဗီတာမင် A3. ဗီတာမင် B64. ဗီတာမင် B125. ဗီတာမင် C6. ပိုတက်ဆီယမ် (Potass...
13/05/2022

ဒူးရင်းသီးတွင် ပါဝင်သော အာပာာရများ

1. အမျှင်ဓါတ်
2. ဗီတာမင် A
3. ဗီတာမင် B6
4. ဗီတာမင် B12
5. ဗီတာမင် C
6. ပိုတက်ဆီယမ် (Potassium)
7. ကယ်လဆီယမ် (Calcium)
8. သံဓါတ်
9. မဂ္ဂနီဆီယမ် (Magnesium)
10. ဖော့လစ်အက်ဆစ်
11. ဖော့စဖောရပ်(Phosphorus)

100 gram (သုံးမွှာခန့်) တွင်
1. ကယ်လိုရီ - 147 ကယ်လိုရီ
2. Carbohydrate - 27 gram
3. Protein - 1.5 gram
4. Fat - 5 gram
5. Sodium - 2 mg
6. Potassium - 436 mg

ပိုတက်ဆီယမ် (Potassium) ပါဝင်မှု့ များတဲ့ အတွက် ကျောက်ကပ်ရောဂါ ဝေဒနာရှင် များ သတိထားစားဖို့တော့လိုပါတယ်။

Glycemic Index (သကြားပါဝင်မှု့) မြှင့်တဲ့ အတွက် ဆီးချို ရောဂါ ဝေဒနာရှင်များလည်း သတိထားစားဖို့လိုပါတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာ ဆရာဝန် နှင့် တိုင်ပင်ပြီးမှ စားပါ။

ဒူးရင်းသီးစားရင်ဘာတွေ ကောင်းပြီး ဘာတွေ မကောင်းဘူးလဲ
1. ဒူးရင်းသီးမှာ အမျှင်ဓါတ်များတဲ့ အတွက် ဝမ်းပုံမှန်သွားစေပါတယ်။
2. ကယ်လဆီယမ်(ထုံးဓါတ်) နှင့် မဂ္ဂနီဆီယမ် ဓါတ်တို့ပါဝင်တဲ့ အတွက် အရိုးကျန်းမာရေး အတွက် ကောင်းမွန်ပါတယ်။
3. သံဓါတ် နှင့် ဖောလစ် အက်ဆစ်ပါတဲ့ အတွက် သွေးအားနည်းရောဂါ ကို ကာကွယ်ပေးပါတယ်။
4. အခြားသော ဗီတာမင် နှင့် သတ္တုဓါတ် တွေ ပါဝင်တဲ့ အတွက် ကင်ဆာ ဓါတ်တိုးဆန့်ကျင်သတ္တိ ရှိပြီး ကင်ဆာရောဂါ များ ကို ကာကွယ်ပေးနိုင်ပါတယ်။
5. အိပ်မပျော်တဲ့ ရောဂါ (insomnia) ကို သက်သာစေခြင်း - ဒူးရင်းသီးမှာ ပါတဲ့ Tryptophan က ခန္ဓာကိုယ် ထဲ မှာ serotonin အဖြစ်ပြောင်း လဲ သွားပြီး သွေးထဲ သို့ melatonin ထွက်စေပြီး အိပ်ပျော်စေပါတယ်။

ဒူးရင်းသီးစားရင် သွေးတိုးတယ် ဆိုတာ မှန်ပါသလား????
တကယ်တော့ ဒူးရင်းသီးစားရင် သွေးမတိုးပါဘူး။ သူက ပိုတက်ဆီယမ် များတဲ့ အတွက်ကြောင့် သွေးပေါင်ချိန်တောင် ကျစေပါတယ်။ ဒါပေမယ့် သူ့ကို သွေးကျတယ် ဆိုပြီး အများကြီးမစားသင့်ပါ။ ဒူးရင်းသီး 500 ဂရမ် ၁၅ မွှာခန့် စားမိပါ က ပိုတက်ဆီယမ် ဓါတ်တွေ အရမ်းများ သွားပြီး နှလုံးခုန်နှုန်းတွေ အရမ်း မြန်လာတတ်ပါတယ်။ ဒါကြောင့် နှလုံးရောဂါ ရှိတဲ့ သူတွေ အနေနဲ့ ကတော့ သုံး၊လေးမွှာ ထက်ပို မစားသင့်ပါ။ ဒီအပြင် ဆီးချို သမားတွေ မှာလည်း သကြားဓါတ်ပါဝင်မှု့များတဲ့ အတွက် မစားသင့်တဲ့ အသီးထဲ မှာပါပါတယ်။

ဒါဆို သူ့စားပြီးရင် ဘာလို့ အိပ်ငိုက်လာလဲ၊ ခေါင်းမူးလာလဲ ????

ဒါကတော့ ဒူးရင်းသီး မှာ အချိုဓါတ် (glycemic old and glycemic index) များလို့ပါ။

ဒူးရင်းသီးကို ဘာနဲ့ တွဲမစားသင့်ဘူးလဲ????

1. ကော်ဖီ နဲ့ တွဲမစားသင့်ပါ။ ကော်ဖီ မှာ ပါဝင်တဲ့ caffeine ဓါတ်က ရင်တုန်စေသလို၊ ဒူးရင်းသီး မှာ ပါတဲ့ ပိုတက်ဆီယမ် ကလည်း ရင်တုန်စေတဲ့ အတွက် တွဲဖက် မစားသုံးသင့်ပါ။ ထို့အတူ caffeine ဓါတ်ပါတဲ့ လက်ဖက်ရည်၊ ကိုလာ တို့ နှင့် လည်းတွဲသောက်ရင် ရင်တုန်စေနိုင်ပါတယ်။
2. အရက်၊ ဘီယာနဲ့ တွဲဖက် မစားသင့်ပါ။ ဒူးရင်းသီးမှာ ပါဝင်တဲ့ sulphur နဲ့ အရက်တို့ ဓါတ်ပြု ကာ ဒုက္ခပေးနိုင်ပါတယ်။

(အထက်ပါ ဓါတ်ပြုမှု့တွေ က ပမာဏ အများကြီးစားမှ ဖြစ်တာပါ။)

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

ဒညင်းသီး စားအုံးမလားကျွန်တော်တို့ မြန်မာအများစု က ဒညင်းသီး ကို မျိုးစုံလုပ်စားကြပါတယ်။ ဒညင်းသီးပြုတ်၊ ဒညင်းဝက်၊ ဒညင်းသီး...
19/04/2022

ဒညင်းသီး စားအုံးမလား

ကျွန်တော်တို့ မြန်မာအများစု က ဒညင်းသီး ကို မျိုးစုံလုပ်စားကြပါတယ်။ ဒညင်းသီးပြုတ်၊ ဒညင်းဝက်၊ ဒညင်းသီး အုန်းနို့စမ်း၊ ဒညင်းသီးငပိချက် အစရှိတာတွေ လုပ်စားကြပါတယ်။

ပရိုတင်းဓါတ်၊ ကစီဓါတ်၊ အမျှင်ဓါတ်ပါဝင်သော်လည်း ကျန်းမာရေးနှင့် တော့ ညီညွှတ်တယ်ပြောလို့မရပါဘူး။

ဒညင်းသီး (Djenkol Bean) မှာ Djenkolic acid ပါ ဝင်ပါတယ်။ ဒါက ကျောက်ကပ်ကို ပျက်စီးစေတဲ့ ဓါတ်ပါပဲ။

Risky Little Bean လို့လဲ တင်စားခေါ်ပါတယ်။ ပြောချင်တာက အန္တရာယ်များတဲ့ ပဲ တမျိုးပါပဲ။

ဒညင်းသီးစားရင် ဒညင်းသီးအဆိပ်သင့်ရောဂါ (Djenkolism) ဖြစ်နိုင်ပါတယ်

​ရောဂါလက္ခဏာတွေ ကတော့
1. အော့အန်ခြင်း
2. မူးဝေခြင်း
3. ဆီးသွားရင် သွေးပါခြင်း
4. ဆီးသွားနည်းလာခြင်း၊ ဆီးမထွက်တော့ခြင်း
5. ​ကျောက်ကပ် ပျက်စီးခြင်း
6. ဖောလာခြင်း
အစရှိသည့် လက္ခဏာများဖြစ်တတ်ပြီး အသက်အန္တရာယ် ပါ စိုးရိမ်ရတဲ့ အထိ ဖြစ်တတ်ပါသည်။

ဒါကြောင့် ဒညင်းသီး ကို ကျောက်ကပ်ကို ပျက်စီးစေတဲ့ အသီး(ကျောက်ကပ် အဆိပ်သီး) လို့ ယူဆပြီး ရှောင်ရှားကြဖို့ အကြံပြုပါရစေ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Reference

https://pubmed.ncbi.nlm.nih.gov/9171298/

https://pubmed.ncbi.nlm.nih.gov/17337378/

#ဒညင်းသီး

💁🏼‍♀️ အဝလွန်ခြင်းဟာရောဂါ တစ်ခုလား? 🤔အဝလွန်ခြင်းဟာရောဂါတစ်ခုဖြစ်ပါတယ်❗️ဘာကြောင့်လဲဆိုတော့ ဝခြင်းကိုအခြေခံပြီးတော့ မိမိမှာ...
12/04/2022

💁🏼‍♀️ အဝလွန်ခြင်းဟာရောဂါ တစ်ခုလား? 🤔

အဝလွန်ခြင်းဟာရောဂါတစ်ခုဖြစ်ပါတယ်❗️
ဘာကြောင့်လဲဆိုတော့ ဝခြင်းကိုအခြေခံပြီးတော့ မိမိမှာရှိပြီးသား အရင်းခံနာတာရှည်ရောဂါများ ပိုဆိုးရွားလာနိုင်သလို မိမိတွင်မူလထဲက မရှိသောအခြားရောဂါများလည်း ဆင့်ပွားဖြစ်ပေါ်လာနိုင်ပါတယ်။

အဝလွန်ခြင်းကြောင့်နောက်ဆက်တွဲဖြစ်ပေါ်လာနိုင်သော ရောဂါများကိုအောက်တွင်ဖော်ပြထားပါတယ်👩🏼‍⚕️

🔸ကနဦးဆီးချို (Pre Diabetes)
🔸 အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ (Type 2 Diabetes)
🔸 သွေးတိုးရောဂါ
🔸 သွေးတွင်းကိုလက်စထရောအဆီများခြင်း
🔸 သည်းခြေကျောက် (Gallstones)
🔸ဂေါက်ရောဂါ (Gout)
🔸အရိုးအဆစ်ရောင်ခြင်း (Osteoarthritis)
🔸အသည်းအဆီဖုံးခြင်း
🔸နှလုံးသွေးကြောရောဂါများ
🔸လေဖြတ်လေငန်းရောဂါ
🔸ကင်ဆာရောဂါ
🔸 အမျိုးသမီးသားဥအိမ်တွင်ရေအိတ်တည်ခြင်း (Polycystic O***y Syndrome) ကြောင့် ဓမ္မတာမမှန်ခြင်း၊ ကိုယ်ဝန်ရခက်ခဲခြင်း
🔸အိပ်နေစဉ်အသက်ရှူရပ်သောရောဂါ (Obstructive Sleep Apnea) အစရှိတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ် ။

💁🏼‍♀️ အဝလွန်ခြင်းကို ဘယ်လိုသိနိုင်လဲ?🤔

မိမိအရပ်နှင့် ကိုယ်အလေးချိန်အချိုးချပြီးတွက်ချက်ထားသော 𝐁𝐨𝐝𝐚𝐲 𝐌𝐚𝐬𝐬 𝐈𝐧𝐝𝐞𝐱 (𝐁𝐌𝐈) ဖြင့် သင်ဟာ ကျန်းမာသောကိုယ်အလေးချိန်မှာရှိလား၊ ကိုယ်အလေးချိန်ပိုနေလား၊ အဝလွန်အဆင့်ဘယ်လောက်မှာရှိလဲဆိုတာသိနိုင်တာ ဖြစ်ပါတယ်။

✅ ပုံမှန်ရှိသင့်သော BMI – ၁၈.၅ မှ ၂၄.၉

✳️ ကိုယ်အလေးချိန်များခြင်း - ၂၅ မှ ၂၉.၉

🛑 အဝလွန် အဆင့် ၁ - ၃၀ မှ ၃၄.၉

🛑 အဝလွန် အဆင့် ၂ (ဆိုးရွားစွာအဝလွန်ခြင်း) - ၃၅ မှ ၃၉.၉

🛑 အဝလွန် အဆင့် ၃ (အသက်အန္တရာယ်ရှိသောအဝလွန်ခြင်း) - ၄၀ နှင့် ၄၀ အထက်

👩🏼‍⚕️ BMI တွက်ချက်ရန်အဆင်မပြေသောသူများတွင် မိမိ၏ချက်ပတ်ပတ်လည်ရှိ ခါးပတ်လည် (𝐖𝐚𝐢𝐬𝐭 𝐂𝐢𝐫𝐜𝐮𝐦𝐟𝐞𝐫𝐞𝐧𝐜𝐞) ကိုတိုင်းတာခြင်းဖြင့်လည်း အဝလွန်ရောဂါရှိမရှိကိုသိနိုင်ပါတယ်❗️
🛑 အမျိုးသမီး တစ်ဦး၏ ခါးပတ်လည်အတိုင်းအတာ ၈၀ စင်တီမီတာ (၃၁.၅ လက်မ) ထက်ကျော်နေလျှင်
🛑 အမျိုးသား တစ်ဦး၏ ခါးပတ်လည်အတိုင်းအတာ ၉၀ စင်တီမီတာ (၃၅.၄ လက်မ) ထက်ကျော်နေလျှင် အဝလွန်ရောဂါရှိသည်ဟု သတ်မှတ်နိုင်ပါတယ်။

👩🏼‍⚕️ အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်လျှော့ချခြင်း၊
အဝလွန်ခြင်းကြောင့် နောက်ဆက်တွဲရောဂါပြသနာများဖြစ်ပွားပြီး မိမိ၏လူနေမှုဘဝအရည်သွေးထိခိုက်လာနိုင်သောကြောင့် ကိုယ်အလေးချိန်ကိုစောစီးစွာစနစ်တကျချသင့်ပါတယ်။

ဝက်ခြံတွင်ရှောင်ရမည့် အစားအစာများ-------------------------------------အပူ၊ အစပ်၊ အငန်-ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပင်လယ်...
08/04/2022

ဝက်ခြံတွင်ရှောင်ရမည့် အစားအစာများ
------------------------------------
-အပူ၊ အစပ်၊ အငန်
-ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပင်လယ်စာ
-ဆီကြော်စာ၊ အာလူးချောင်းကြော်
-အချိုများသည့် ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်
-နွားနို့၊ ဒိန်ခဲ၊ နို့ထွက်ပစ္စည်းများ
-မာလာဟင်း၊ ဟော့ပေါ့၊ အကင်၊ အာပူလျှာပူ
-အရက်၊ ဘီယာ၊ ဝိုင်
-ခေါက်ဆွဲခြောက်ထုပ်
(အသေးစိတ်အချက်အလက်ကို https://drayeminhtoo.com/acne-treatment/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)
နှင်းခူယားနာတွင် ရှောင်ရမည့်အစားအစာများ
------------------------------------------
-သကြား
-နို့ထွက်ပစ္စည်းများ (နွားနို့၊ ဒိန်ခဲ၊ ရေခဲမုန့်)
-ကော်ဖီ၊ လက်ဖက်ရည်
-ကာဗွန်ဂတ်စ်ပါအချိုရည်
-ဆော်ဒါ၊ ကိုကိုး၊ ချောကလက်
-အရက်၊ဘီယာ၊ဝိုင်
-ပီကေ
-ပဲအမျိုးမျိုး၊ ပဲပုပ်၊ ပဲပိစပ်
-ဂျုံ၊ အခွံမာအစေ့အဆန်
-အမျှင်ဓာတ်များသည့်အစားအစာ
-ခရမ်းချဉ်သီး၊ လေးညှင်းစေ့
-အချဉ်ဓာတ်များသောအသီး
-နီတဲ့အသား၊ ငါး၊ ပုဇွန်
(အသေးစိတ်အချက်အလက်ကို https://drayeminhtoo.com/category/eczema/တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်)
တင်းတိပ်တွင်ရှောင်ရမည့် အစားအစာများ
---------------------------------------
အီစတိုဂျင် ဓာတ်များခြင်းဟာ တင်းတိပ်ထွက်တာနဲ့ ဆက်စပ်နေပါတယ်။ ဒါ့ကြောင့် အီစတိုဂျင်များတဲ့ အစားအသောက်တွေဟာ တင်းတိပ်သမားနဲ့ မတဲ့ပါဘူး။ တင်းတိပ်မှာ ရှောင်ရမယ့် အစားအသောက်တွေကို အောက်မှာဖော်ပြလိုက်ပါတယ်။
(၁) ပေါင်မုန့်
(၂) ဂျုံ
(၃) ပဲနို့
(၄) တို့ဖူး
(၅) စပျစ်သီးခြောက်
(၆) စားတော်ပဲ
(၇) နှမ်းစေ့
(၈) နှမ်းကြတ်စေ့
(၉) ပဲစိမ်း
(၁၀) ပဲသီး၊ ပဲတောင့်ရှည်
(၁၁) ပြောင်း၊ အစေ့အဆန်
(၁၂) အုတ်ဂျုံ
(၁၃) လူဆန်ပဲပင်(alfalfa)
(၁၄) အရက်၊ ဝိုင်
(၁၅) ဂျင်ဆင်းအားဆေး
(အီစတိုဂျင်ဟော်မုန်းပါတဲ့ တားဆေးတွေလည်း ရှောင်သင့်တယ်)
အသေးစိတ်အချက်အလက်ကို https://drayeminhtoo.com/melasma-treatment/ တွင် ဝင်ဖတ်နိုင်ပါသည်..
ဒေါက်တာအေးမင်းထူး
(အရေပြားအထူးကုဆရာဝန်)
www.drayeminhtoo.com

ကျွန်တော်တို့ အခုရက်ပိုင်း က ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့ အတွက် တန်ဖိုးနည်းနည်းနဲ့ အာဟာရပြည့် ဘယ်လိုစားရမလဲ အကြံ...
06/04/2022

ကျွန်တော်တို့ အခုရက်ပိုင်း က ခြိုးခြံ ချွေတာ စားရမယ့် ကာလ ဖြစ်တဲ့ အတွက် တန်ဖိုးနည်းနည်းနဲ့ အာဟာရပြည့် ဘယ်လိုစားရမလဲ အကြံပေးချင်ပါတယ်

1. ဆန် - အခုချိန် ပေါ်ဆန်းမွှေး ထက်၊ ဧမထ လို နည်းနည်း မာပြီး အဆာခံမယ့် ဆန် ကို ရွေးစေချင်ပါတယ်။ ရေငှဲ့ ချက်တာထက် ရေခမ်းချက်တာ က ထမင်း ကုန် သက်သာစေပါတယ်။

2. ရေငှဲ့ချက်ခဲ့ရင် လဲ ထမင်းရည် ကို မသွန်ပစ်ပါနဲ့၊ ထမင်းရည် ဟာ ကာဗိုဟိုဒရိတ် များတဲ့အပြင် ဗီတာမင် သတ္တု တချို့လဲပါဝင်ပါတယ်။ ခြုံပြောရရင် အာဟာရ တန်ဖိုး များပါတယ်။ အကျိုးရှိပါတယ်။

3. ပဲ - အသားဓါတ်အတွက် တန်ဖိုးအသင့်ဆုံး ကတော့ ပဲပါပဲ။ ဗီတာမင်၊ သတ္တု ဓါတ် များစွာပါဝင်ပါတယ်။ အထားခံ တဲ့ အတွက် အခုချိန်မှာ အသင့်တော်ဆုံးပါ။

4. ကြက်ဥ - ဈေးအတော်အတန် သက်သာ ပါတယ်။ ပဲ လောက်တော့ မသက်ပါ။ ဒါပေမယ့် အသားဓါတ် ကြွယ်ဝပြီး အာဟာရဓါတ်စုံလင်ပါတယ်။ ကြာကြာတော့ အထားမခံပါ။

5. ကန်စွန်းဥ၊ အာလူး - အတော်အတန်တော့ဘအထားခံပါတယ်။ အာလူး က ပို အထားခံပါတယ်။

6. မြေပဲ - အာဟာရစုံလင်ပြီး၊ ဈေးလဲ အတော်အတန် သင့်ပါတယ်။

7. ဆီ - စားအုံးဆီ က လွဲရင် ကျန် သင့်တဲ့ ဆီ သုံးပါ၊ ၅၀ သား တစ်ဘူး ကို ၂၅၀၀-၃၀၀၀ တန်ဆို မဆ်ိုးလောက်ပါဘူး။ (ဈေးတော့မတရားတက်နေပါပြီ အခုတော့)

8. ငါးခြောက် - စားချင်လို့ ဝယ်ခဲ့ သည် ရှိသော်၊ ဆားပေါ့ တဲ့ ငါးနီတူခြောက် လိုမျိုးသာ ဝယ်ပါ။ အာဟာရမဖြစ်ပေမယ့်၊ ထမင်း နဲ့ စားလို့အဆင်ပြေပြီး၊ အထားလဲ ခံလို့ပါ။

9. အရွက် ကတော့အခု အခြေအနေ မှာ စားဖြစ်ရင်တော့ အကောင်းဆုံးပေါ့၊ ဒါပေမယ့် ဝယ်ရခက်နေတဲ့ အခု လို အခြေ အနေမှာ နေ့တိုင်းစားဖြစ်ဖို့က ကျွန်တော်ကိုယ်တိုင်လဲ ခက်ခဲနေလို့ပါ

10. ဆီသွပ်ဗူး၊ ခေါက်ဆွဲခြောက် ကတော့ မရှိသုံးစားဖို့အတွက် ဆောင်ချင်ဆောင်ထားပါ။

11. ရေ များများ သောက်ပါ၊ ရာသီဥတု အရမ်းပူလို့ပါ

အားလုံးပဲ ကျန်းကျန်းမာမာ နဲ့ အရာရာ ကို ကျော်လွှားနိုင်ကြပါစေ 🙏🙏🙏🙏

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

Address

Taungoo

Website

Alerts

Be the first to know and let us send you an email when San Thit Oo pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share