သုခစံ - ရှောက်သီးချက်ဆေး

သုခစံ - ရှောက်သီးချက်ဆေး သုခစံ - ရှောက်သီးချက်ဆေးကို သဘာဝဆေးဘက်ဝင်ပစ္စည်းများဖြင့်သာ ထုတ်လုပ်ထားပါသည်။ ကျန်းမာရေးအထောက်အကူပြုဖြည့်စွတ်အစားအစာအဖြစ်စားသုံးနိုင်သည်။

ရုတ်တရက် အသက်ရှုကြပ်လာပြီးအောက်စီဂျင်လဲ မရခဲ့သေးရင်ပင်စိမ်းရွက်ကိုထောင်းပြီး အရည်ကိုဆားခတ်ပြီးသောက်ပါ။ပင်စိမ်းပင်က နာရီပ...
24/01/2025

ရုတ်တရက် အသက်ရှုကြပ်လာပြီးအောက်စီဂျင်လဲ မရခဲ့သေးရင်ပင်စိမ်းရွက်
ကိုထောင်းပြီး အရည်ကို
ဆားခတ်ပြီးသောက်ပါ။

ပင်စိမ်းပင်က နာရီ
ပေါင်း၂၀ကြာအောင်
အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးနိုင်ပါတယ်။

Crd

ပင်စိမ်းပင် အိမ်မှာစိုက်ပျိုးသင့်သော အကြောင်းရင်း

1. ပင်စိမ်း အရွက်ကိုနေတိုင်းစားပေးခြင်းအားဖြင့်် အူလမ်းကြောင်း ဝမ်းဗိုက်နှင့်် ပါးစပ်တွင်ဖြစ်တက်သောရောဂါများ ကင်းဝေးပြီး အစာခြေစနစ်ကိုကောင်းမွန်စေပါသည် ။

2. ပင်စိမ်း အရွက်ကို ရေထဲတွင်စိမ်ပြီး နေတိုင်းသောက်လာပါက ဆီးချိုရောဂါ မဖြစ်အောင် ကာကွယ်ပေးသည်။

3. ပင်စိမ်း အရွက်ကို ပထမရက် ရေချိုးမည့်ရေတွင် စိမ်ထားပြီး နောက်နေ့ရေချိုးပါက ချွေးအနံ့ မထွက်အောင်ကာကွယ်ပေးသည်။

4. ပင်စိမ်း အရွက်ကို သံပုရာရည်ရော၍ ကြိတ်ပြီး အရေပြားပေါ်တွင်လိမ်းပေးပါက အရေပြားရောဂါများဖြစ်သောဝဲ နှင်းခူ နှင့် ယားနာများပျောက်ကင်းသည် ။

5. ပင်စိမ်းစေ့ကို ကောင်းစွာကြိတ်ပြီးစားပေးလျှင် ဆီးနှင့်ပတ်သက်သောရောဂါများပျောက်ကင်းသည်။

6. ပင်စိမ်း သတ္တုရည်ကို သံပုရာရည်ရောပြီး တစ်ပတ်တစ်ကြိမ် ခေါင်းလျှော်ပေးပါက သန်း ဗောက်ဖက်များကင်းဝေးမည်။

7. သန့်ရှင်းသောမြေအိုးရေထဲတွင် ပင်စိမ်းအရွက်ထည့်၍ နေ့တိုင်းသောက်ပါက ရောဂါများကင်းဝေးမည်။

8. ပြတ်ရာ ရှရာများကို ပင်စိမ်း အရွက်ထည့်ပေးလာပါက လျှင်မြန်စွာပျောက်ကင်းသည်။

9. အိမ်တွင် ပင်စိမ်းအရွက်များထားခြင်း(သို့) အိမ်တွင်ပင်စိမ်းပင်စိုက်ထားလျှင် ခြင် ၊ယင် ၊ပိုးကောင် ၊ မြွေများ ကင်းဝေးမည် ။ ထို့ကြောင့်အိမ်တွင်ပင်စိမ်းအပင်စိုက်ခိုင်းခြင်းဖြစ်သည်။

10. တစ်ရက်တွင် နာရီပေါင်း ၂၀ အောက်စီဂျင် ထုတ်လွှတ်ပေးသောကြောင့် အိမ်တွင် စိုက်ရန် အကောင်းဆုံးအပင်တစ်ပင်ဖြစ်ပါသည် ။

Credit _ ကျန်းမာရေး သတင်းစုံ

သုခစံ-ရှောက်သီးချက်ဆေးဘူးများအခြေအနေအရ စျေးတက်ပါကြောင်း အားနာစွာဖြင့်အသိပေးအပ်ပါသည်။တစ်ဘူးချင်းလက်လီစျေး၂၂.၅ ကျပ်သားပါ ဆ...
29/12/2023

သုခစံ-ရှောက်သီးချက်ဆေးဘူးများအခြေအနေအရ စျေးတက်ပါကြောင်း အားနာစွာဖြင့်အသိပေးအပ်ပါသည်။
တစ်ဘူးချင်းလက်လီစျေး
၂၂.၅ ကျပ်သားပါ ဆေးဘူးအသေးတစ်ဘူးလျှင် ၃၀၀၀ ကျပ်
၃၀ ကျပ်သားပါဆေးဘူးအကြီးတစ်ဘူးလျှင် ၄၀၀၀ ကျပ်
လက္ကားစျေး၊ ကိုယ်စားလှယ်စျေး သီးသန့်ရှိပါသည်။ ဖုန်းနံပါတ် 09790162268,09420518438 (သို့) messenger(သို့) viber ဖုန်းနံပါတ် 09790162268 သို့ အသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။

သုံးစွဲသူများအားအစဥ်ကျေးဇူးတင်လျှက်

#သုခစံ-ရှောက်သီးချက်ဆေး မိသားစု

30/08/2023
photo   crd
02/05/2023

photo crd

အပူလိူင်းကျရင်...ဘာလုပ်ရမှာလည်း?ပြင်ပအပူချိန်သည် ၄၅'စင်တီဂရိတ်ရောက်ရှိလာပါက အပူရှပ်ပြီးသတိလစ်နိုင်ပါတယ်။ကျန်းမာသူလူကြီးတ...
19/04/2023

အပူလိူင်းကျရင်...ဘာလုပ်ရမှာလည်း?
ပြင်ပအပူချိန်သည် ၄၅'စင်တီဂရိတ်ရောက်ရှိလာပါက
အပူရှပ်ပြီးသတိလစ်နိုင်ပါတယ်။
ကျန်းမာသူလူကြီးတစ်ယောက်၏
ကိုယ်တွင်းအပူချိန်သည် ၉၆.၇ဖာရဟိုက်ဖြစ်ပါတယ်။
၁၀၈ ဖာရင်ဟိုက်သည် လူအသက်သေဆုံးပါတယ်။
အပူလိူင်းမကျခင် ကြိုတင်ကာကွယ်ထားနိုင်မှကုသမူ အောင်မြင်နိုင်ပါတယ်။
သတိထားရမည့်သူများက အသက်ကြီးသူများ နှင့် ရောဂါအခံရှိသူများဖြစ်ပါတယ်။
Heat Stroke ရရှိသူအားကုသရာတွင် ရေခဲတုန်းများလိုအပ်ပါတယ်။
ထိုသို့ရေခဲများ ရရန်မဖြစ်နိုင်ပါ။
ကြိုတင်ကာကွယ်မူသာအသက်ရှင်နိုင်ပါတယ်။
အောက်ပါအချက်များကိုလိုက်နာထားရန်လိုအပ်ပါတယ်။
၁-အရက်၊ဘီယာ၊ဝိုင်များမသောက်သင့်တော့ပါ။
၂-လိုအပ်သည်ထက်ပိုမစားရန်
၃-နေပူအောက်တွင်ထီးမပါပဲမသွားရပါ။
၄-သွေးတိုးသမားများအငန်လျော့စားထားရန်
၆-ဆီးချိုသမားများအချိုလျော့စားထားရန်
၇-ရေကိုကြိုတင်သောက်ထားရန်
၈-ချွေးထွက်များပါက ရေ နှင့် ဓါတ်ဆားရည်ကြိုတင်သောက်ထားရန်
၉-သွေးပေါင်ကျဆေး နှင့် ဓါတ်ဆားရည်ကိုသွားလေရာ ယူဆောင်သွားရန်
၁၀-လူနာရှိအိမ်များတွင် ဓါတ်ဆားထုတ်အား ကြိုတင်ဆောင်ထားရန်
၁၁- ကလေးများနေပူအောက်တွင်မထားရန်
၁၂.အပူချိန်ပြင်းထန်နေချိန်တွင် အစားအစာကို လျော့စားထားရန်လိုအပ်ပါတယ်။

30/03/2023

သေတတ်သည်...
သတိထားပါ...

ညနေကတောင်ဖြစ်သေးတယ်
တံတွေးခမ်းပြီး
လူက မိုက်ကနဲပဲ
ရေပြေးသောက်လိုက်မှ သက်သာတယ်
အယ်နီညိုမှာ ဒီရောဂါကြောင့်အများကြီးသေ
နိုင်ပါတယ်။

Heat Stroke အပူလျှပ်တဲ့ရောဂါ ...

ကျွန်တော် ဖြစ်ဖူးပါတယ် ကားစီးနေရင်း ခန္ဓာ ကိုယ်တစ်ခုလုံးပူလာပြီး ပါးစပ်နှာခေါင်း မျက်စိတွေကအစပေါ့ ပြီးတော့ ဒီလောက်ပူနေတာ ချွေးမထွက်ဘူး ခေါင်းတွေမူး ခြေတွေလက်တွေတုန်တယ်။

ဖြစ်တာက ဥက္ကံမြို့အကျော်ဖလုံရွာနား Expressပေါ်မှာ နာရီတွက်ကြည့်မိတော့ နောက်မိနစ်၂၀မှတိုက်ကြီးရောက်တော့မယ်။ ရေသန့်ဗူးကိုသောက်ပါတယ် .. သို့ပေမဲ့ မရ ၊ သောက်ပြီးတာနဲ့ ပါးစပ်ထဲမှာ တံတွေးမရှိတော့ဘူး.. ခြောက်ကပ်သွားပါတယ်။

ရေလဲကုန်ပြီမို့ ကားစပါယ်ယာခေါ်ပြီး ဓာတ်ဆားထုပ် ဘယ်သူ့မှာပါလည်းဆိုပြီး အကူအညီတောင်းတော့ ဓာတ်ဆားနှစ်ထုပ်ရပါတယ်။

သောက်လိုက်တော့ပါးစပ်မှာတံတွေး ပြန်ထွက်လာပါတယ်...
မူးတာမပျောက် နှလုံးခုန်မြန်တာနဲနဲ သက်သာပါတယ်။

မူးတာနဲ့ခြေတွေလက်တွေ ကတော့ကပ်နေတုန်းပဲ
တိုက်ကြီး မှာဆင်းပြီး အနီးဆုံးဆေးခန်းကို
ကျွန်တော်ပြေးပါတယ်။

ဟိုရောက်တော့ဆရာဝန်ကို Heat Stroke မိတာထင်တယ်လို့ပြောပြီးသွေးချိန်တော့ ၅၀/၄၀ ကိုကျသွားပါပြီ။

ဆရာဝန် မလေးကချက်ချင်း ဒရစ်ချိတ်ပေးပါတယ်..
ရှင့်ဆုံးဖြတ်ချက်မှန်တယ် ... မဟုတ်ရင်
အသက်အန္တရာယ်နီးတယ်တဲ့။

ဒရစ်ချိတ်ပြီးတော့၆၀/၇၀ပြန်တက်လာတယ်။

သတိရှိလို့ပါ မဟုတ်ရင် သေပါတယ်။

ဒါကြောင့်ချွေးမထွက်ပဲ တစ်ကိုယ်လုံး
ပူလာမယ် တံတွေးဆုတ်သွားရင် သတိထားပါ။

ရှက်စရာမဟုတ်ပါ ရေ၊ ဖျော်ရည်၊ သကြားလုံး၊ဓာတ်ဆား ရရာသောက်။

အချိန်မဆွဲပါနဲ့ ရောက်တဲ့နေရာမှာ ဓာတ်ဆားကတော့ နေရာတိုင်း ရှိပါတယ်။
ချက်ချင်းသောက်ပါ...

အယ်နီညိုမှာ ကိုယ့်ဟာကိုယ်Heat Stroke ဖြစ်တာ...
မသိရင်ဒုက္ခလှလှတွေ့မှာပါ။
သတိထားပေးကြပါ ပေါ့လို့မရပါ။

၁၅ မိနစ်အတောအတွင်း
Body heat ကို ၄၀အောက်ပြန်မချနိင်ရင်
ဆိုးရွားသွားနိင်ပါတယ်။

ရေဖျော်ရည် ဓာတ်ဆားအဓိကပါ...
မဟုတ်တဲ့ ဆေးတွေ လျှောက်တိုက်ရင်
အဖျားဆေးတွေသောက်မိရင် အဆင်းဘီးတပ်သလို ထိန်းရတော့မှာ မဟုတ်ပါ။

ဒါကြောင့်အပူလျှပ်တာကိုဖျားတာ နဲ့ရောမှာစိုးလို့ပါ။
ဒီလိုအချိန်မှာ ကျန်းမာရေးကိုလဲ ဂရုစိုက်ကြပါ။
နီးစပ်ရာလည်းသတိပေးပါ။

လာမှာနော်အယ်နီညိုနဲ့ အတူ Heat Stroke တဲ့

Credit Original Uploader

ကျန်းမာ ပျော်ရွှင်ကြပါစေ

အိုင်ဖုန်း'တီထွင်သူ Steve Jobs ဆုံးတော့ ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်အမွေကျန်ခဲ့တယ် ။သူက 56 နှစ်မှာ ပန်ကရိယကင်ဆာနဲ့ ဆုံးခဲ...
07/03/2023

အိုင်ဖုန်း'တီထွင်သူ Steve Jobs ဆုံးတော့

ဒေါ်လာသန်းပေါင်း ၇၀၀၀ လောက်
အမွေကျန်ခဲ့တယ် ။သူက 56 နှစ်မှာ ပန်ကရိယကင်ဆာနဲ့ ဆုံးခဲ့တယ် ။

သူမဆုံးခင်မှာ ပြောခဲ့တဲ့ စကားတချို့က တော်တော်ကောင်းတယ် ။

"အခုချိန်မှာ ဖျားနာလို့ အိပ်ယာထဲလဲနေချိန် ငါ့ဘ၀ကို ပြန်လည်တွေးမိပြီး သဘောပေါက်ခဲ့တဲ့အရာတွေက...

ငါ့မှာရှိတဲ့ အောင်မြင်မှုတွေ ၊ ချမ်းသာကြွယ်၀မှုတွေက ငါအသက်မရှိတော့တဲ့အခါ အဓိပ္ပါယ်မဲ့သွားမှာပဲ"

"မင်းအတွက် car မောင်းပေးဖို့
car driver ငှားပေးလို့ ရပေမယ့်
ရောဂါကျတော့ ဝေဒနာအစားထိုးခံပေးဖို့ လူငှားလို့မရဘူး ။

အရာဝတ္ထု ပစ္စည်းဥစ္စာတွေက ပျောက်သွားရင်
ပြန်ရှာလို့ ရနိုင်ပေမယ့်...
အသက်ပျောက်သွားတဲ့အခါ ဘယ်တော့မှ
ရှာမတွေ့တော့ဘူး" ။

"ဒါကြောင့် ကိုယ့်ကျန်းမာရေးကို ကိုယ်ကိုယ်တိုင် ဂရုစိုက်ပါ ။

မင်းကိုချစ်တဲ့လူတွေကို အလေးထားဆက်ဆံပါ ။

$30 တန်နာရီပဲဖြစ်ဖြစ် ၊ $300 တန်နာရီပဲဖြစ်ဖြစ်

အဲ့နာရီ ၂ ခုလုံးက မင်းသိချင်တဲ့ အချိန်တစ်ခုတည်းကိုပဲ တူညီစွာ ပြသပေးမှာပါ" ။

"$150,000 တန် ကားကိုပဲ မောင်းမောင်း ၊

$3000တန် ကားကိုပဲ မောင်းမောင်း ၊

တူညီတဲ့လမ်း
တူညီတဲ့ခရီးအကွာအဝေးနဲ့

သင်သွားချင်တဲ့နေရာကို
အတူတူပဲ ပို့ပေးမှာပါ"

"$300 တန် wine ပဲ သောက်သောက် ၊
$10 တန် wine ပဲ သောက်သောက်
မူးတာကတော့ အတူတူပဲ ဖြစ်နေမှာ"

" $300 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊
$30 တန် ပိုက်ဆံအိတ်ပဲ ကိုင်ကိုင် ၊

အိတ်ထဲက ပိုက်ဆံ amount က
ပြောင်းသွားမှာ မဟုတ်ဘူး"

"300 sqm ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊
3000 sqm လောက်ကျယ်တဲ့ အိမ်မှာပဲ နေနေ ၊

အထီးက်န္တဲ့ လူက
အထီးကျန်နေမှာပဲ"

"First class မှာပဲ လေယာဉ်စီးစီး ၊
Eco class မှာပဲ လေယာဉ်စီးစီး ၊
လေယာဉ်ပျက်ကျရင်တော့ မင်းလည်းသေရမှာပဲ"

"မင်းနားလည်ဖို့ ငါမျှော်လင့်တာက

ပျော်ရွှင်မှုအစစ်ဆိုတာကို ကမ္ဘာပေါ်မှာရှိတဲ့ အရာဝတ္ထု ပစ္စည်းဥစ္စာတွေကနေ ရှာလို့ မရနိုင်ဘူးဆိုတာပဲ ။

ပျော်ရွှင်မှုအစစ်အမှန်ဆိုတာ...

မင်းချစ်တဲ့ တစ်စုံတစ်ယောက်နဲ့

ဒါမှမဟုတ် ညီအစ်ကို မောင်နှမနဲ့

ဒါမှမဟုတ် သူငယ်ချင်းနဲ့ သီချင်းတွေဆိုမယ် ၊

ရယ်မောပျော်ရွှင်ပြီး စကားတွေ ပြောနေရတာကို

ဆိုလိုတာပါ"

နောက် ပြောချင်တာက...

"ကလေးတွေကို ဘယ်လို ချမ်းသာအောင်လုပ်မလဲလို့ မသင်ပါနဲ့ ။

ဘယ်လိုပျော်ရွှင်အောင် နေထိုင်ရမလဲ ဆိုတာကို သင်ပါ ။

ဒါဆို သူတို့အရွယ်ရောက်ရင် အရာဝတ္ထု

ပစ္စည်းဥစ္စာတွေရဲ့ တန်ဖိုးကို နားလည်လာလိမ့်မယ် ။

တန်ဖိုးထားတတ်လာလိမ့်မယ် ။

တန်ဖိုးဆိုတာ price ဆိုတဲ့ ဈေးနှုန်းကို

ဆိုလိုတာ မဟုတ်ဘူးနော်" ။

"အစားအသောက်ကို
ဆေးလိုစားပါ ။

မဟုတ်ရင်တော့...

ဆေးကို အစားအသောက်လို စားနေရလိမ့်မယ်"

လူဖြစ်တာ(human being)နဲ့ လူသားဆန်ဆန်ပြုမှု

နေထိုင်တာ (being human) က အများကြီး ကွာခြားမှုရှိတယ် ။

အဲ့ဒါကို လူအနည်းငယ်လောက်ပဲ နားလည်ကြတယ် ။

မင်းကို မွေးတုန်းက လူတွေက ချစ်ကြတယ် ။

မင်းသေသွားတဲ့အခါမှာလည်း

လူတွေချစ်အောင် လုပ်ရမယ် ။

အဲ့ 2 ခုကို မသေခင် အကောင်းဆုံး ထိန်းထားနိုင်ရမယ် ။

"မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားပါ ။

ဝေးဝေးကို သွားချင်ရင်တော့ ...

၂ ယောက် အတူတကွ သွားပါ"

"ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာ၀န်

၆ ယောက်ကတော့ ...

၁၊၊ နေရောင်ခြည်

၂၊၊ အနားယူခြင်း

၃၊၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်း

၄၊၊ အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း

၅၊၊ မိမိကိုယ်ကို ယုံကြည်မှု

၆၊၊ အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း ။

အဲ့ဆရာ၀န်တွေကို အသက်ရှိစဉ် ခေါင်းထဲမှာ

အမြဲထည့်ထားပြီး ကျန်းမာအောင် နေထိုင်ပါ" ။

"အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာချပြီး

နှုတ်ဆက်ထွက်ခွာရမှာပါ ။

အဲ့ဒါကြောင့် အသက်ရှိနေစဉ် ...

သင့်မိသားစုကို ချစ်ပါ ။

သူငယ်ချင်းတွေကို ချစ်ပါ ။

သင့်ရဲ့ ဘ၀လက်တွဲဖော်ကို ချစ်ပါ ။

သင့်အပေါ်ကောင်းဖူးတဲ့ လူတွေကို ချစ်ပါ" ။

ဘဝရဲ့ခရီးသည်

အဲဒါ ဘာကောင်လဲ ?အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရ...
06/03/2023

အဲဒါ ဘာကောင်လဲ ?

အသက် ၈၀ အရွယ် အဘိုးအိုတစ်ဦးဟာ အိမ်ထဲက ဆိုဖာမှာ အသက် ၄၅နှစ်အရွယ် ပညာတတ်သားဖြစ်သူနဲ့ထိုင်နေတုန်းမှာ ရုတ်တရက် ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင် လာနားပါတယ်။ ဖခင်ဖြစ်သူက သားကိုမေးတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အဲဒါကျီးကန်းပါ အဖေ”။ မိနစ်အနည်းငယ်ကြာတော့ ဖခင်ဖြစ်သူက သားကို ဒုတိယအကြိမ်ထပ်မေးပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” သားကဖြေတယ် “အခုလေးပဲ ပြောပြီးပြီလေ အဲဒါကျီးကန်း”။ ခဏအကြာမှာ ဖခင်ဟာ သားကို တတိယအကြိမ် ထပ်မေးလိုက်ပါတယ်။ “သား အဲဒါ ဘာကောင်လဲ?” ဒီတစ်ကြိမ်မှာတော့ သားဖြစ်ရဲ့လေသံထဲမှာ စိတ်ဆိုးသံပါလာပြီး ဖခင်ဖြစ်သူကို မညာမတာပြန်ပြောလိုက်ပါတယ်။ “အဲဒါ ကျီးကန်း…. ကျီးကန်း….”။
===========

ခဏလောက်အကြာမှာ ဖခင်ဟာ သားကို လေးကြိမ်မြောက်ထပ်မေးလိုက်ပါတယ်။ “အဲဒါ ဘာကောင်လဲ သား?” ဒီအကြိမ်မှာတော့ သားဟာ ဖခင်ကို အော်ဟစ်ပြောဆိုပါတော့တယ်။ “အဖေ ဘာကြောင့် ဒီမေးခွန်းကို ထပ်တလဲလဲမေးနေရတာလဲ? ကျွန်တော် အကြိမ်မရေတွက်နိုင်အောင် ပြောပြီးပြီလေ။” “အဲဒါ ကျီးကန်း သိလား” “ခင်ဗျား ဒါလေးမှ နားမလည်နိုင်ဘူးလား?”
============

ခဏကြာပြီးနောက်မှာတော့ ဖခင်ဖြစ်သူဟာ သူ့အခန်းထဲကို၀င်သွားပြီး ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ဒိုင်ယာရီ စာအုပ်လေးနဲ့ပြန်ထွက်လာပါ။ အဲဒီစာအုပ်လေးဟာ သူ့သာမွေးကတည်းက ထိန်းသိမ်းလာခဲ့တဲ့စာအုပ်ပါ။ စာမျက်နှာတစ်ရွက်ကိုဖွင့်ပြီး သူ့ရဲ့သားကို ဖတ်ကြည့်ဖို့ပြောပါတယ်။ သားဖြစ်သူက ဖတ်တဲ့အခါမှာ အောက်ပါစာလုံးတွေကို တွေ့လိုက်ရပါတယ်။ :-
============

ဒီကနေ့ ကျွန်တော့်သားလေးနဲ့ ကျွန်တော် ဆိုဖာပေါ်မှာထိုင်နေတုန်း ပြတင်းပေါက်မှာ ကျီးကန်းတစ်ကောင်လာနားတယ်။ ကျွန်တော့်သားက အဲဒါဘာကောင်လဲဆိုတာကို ၂၃ ကြိမ်မေးပါတယ်။ ကျွန်တော် ၂၃ကြိမ်လုံးလုံးဖြေပါတယ်။ အဲဒါ ကျီးကန်းဆိုတဲ့ ငှက်ပါဆိုတာကို။ မေးခွန်းတစ်ခုတည်းကိုပဲ ထပ်ခါ ထပ်ခါ သားကမေးလိုက်တဲ့အချိန်တိုင်းမှာ ကျွန်တော်သူ့ကို ကြင်ကြင်နာနာ ပွေ့ဖက်ထားခဲ့ပါတယ်။ ကျွန်တော်လုံး၀ကို စိတ်ဆိုးမှုမဖြစ်တဲ့အပြင် ရိုးသားတဲ့ ကျွန်တော့်သားလေးအတွက် ဂရုဏာသက်မိပါတယ်။
==============
ကလေးဖြစ်သူက ၂၃ ကြိမ်တိုင်တိုင် “အဲဒါ ဘာကောင်လဲ?” လို့မေးခဲ့စဉ်က ဖခင်ဖြစ်သူဟာ စိတ်မဆိုးဘဲ ၂၃ ကြိမ်တိုင်တိုင်ဖြေပေးခဲ့တာမှာ ဒီနေ့အချိန်မှာ ဖခင်ဖြစ်သူက သားကို ဒီမေးခွန်းကိုပဲ လေးကြိမ်မေးရုံနဲ့ စိတ်ဆိုး ဒေါသထွက်ပါသတဲ့။
==============
ဒါကြောင့်မို့
သင့်မိဘတွေဟာ အရွယ်ရလာပြီဆိုရင် သူတို့ကို ၀န်ထုပ်၀န်ပိုးသဖွယ်သဘောထားပြီး မနှစ်မြို့စရာလို့ ကြည့်မြင်မယူဆလိုက်ပါနဲ့။ သူတို့ကို ကျက်သရေရှိတဲ့စကားလေးတွေပြောပေးပါ။ အေးအေးဆေးဆေး ပြောပါ။ သူတို့ကို ရိုရိုသေသေ နှိမ့်နှိမ့်ချချနဲ့ ကြင်ကြင်နာနာပြောဆိုဆက်ဆံပေးပါ။ သူတို့တွေဟာ အတ္တကင်းတဲ့ချစ်ခြင်းမေတ္တာတွေနဲ့ ကျွန်တော်တို့အပေါ်ကို သွန်းလောင်းခဲ့သူတွေပါ။ ဒီကနေ့ ကျွန်တော်တို့တွေကို လူ့အသိုင်းအဝုိင်းမှာ ရပ်တည်နိုင်အောင်လုပ်ပေးဖို့ သူတို့ဟာ မုန်တိုင်းမမြင် အပူဒဏ်မမြင်နဲ့ တောင်တွေကိုကျော်ပြီး ချောက်ကမ်းပါးတွေကိုဖြတ်လာခဲ့ကြရသူတွေပါ။
==========
ဤစာအား ဝေမျှခြင်းအားဖြင့် ကျွန်တော်တို့၏ အသိစိတ်များကို မြှင့်တင်ပေးကြပါစို့။

The father with his son and a crow
=====================

An 80 year old man was sitting on the sofa in his house along with his 45 years old highly educated son. Suddenly a crow perched on their window. The Father asked his Son, “What is this?” The Son replied “It is a crow”. After a few minutes, the Father asked his Son the 2nd time, “What is this?” The Son said “Father, I have just now told you “It’s a crow”. After a little while, the old Father again asked his Son the 3rd time, “What is this?” At this time some expression of irritation was felt in the Son’s tone when he said to his Father with a rebuff. “It’s a crow, a crow”.

A little after, the Father again asked his Son the 4th time, “What is this?” This time the Son shouted at his Father, “Why do you keep asking me the same question again and again, although I have told you so many times ‘IT IS A CROW’. Are you not able to understand this?”

A little later the Father went to his room and came back with an old tattered diary, which he had maintained since his Son was born. On opening a page, he asked his Son to read that page. When the son read it, the following words were written in the diary :-
“Today my little son aged three was sitting with me on the sofa, when a crow was sitting on the window. My Son asked me 23 times what it was, and I replied to him all 23 times that it was a Crow. I hugged him lovingly each time he asked me the same question again and again for 23 times. I did not at all feel irritated I rather felt affection for my innocent child”.
While the little child asked him 23 times “What is this”, the Father had felt no irritation in replying to the same question all 23 times and when today the Father asked his Son the same question just 4 times, the Son felt irritated and annoyed.
So..
If your parents attain old age, do not repulse them or look at them as a burden, but speak to them a gracious word, be cool, obedient, humble and kind to them. They have always showered their selfless love on me. They crossed all mountains and valleys without seeing the storm and heat to make me a person presentable in the society today.

ြန်မာစာပဒေသာ။

" #ကမ္ဘာပေါ်မှာအကောင်းဆုံးသမားတော်၇ဦး"(၁) နေရောင်ခြည်(၂) အနားယူခြင်း(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း(၄) အစားအသောက်ကို...
21/02/2023

" #ကမ္ဘာပေါ်မှာအကောင်းဆုံးသမားတော်၇ဦး"

(၁) နေရောင်ခြည်
(၂) အနားယူခြင်း
(၃) ကိုယ်လက်လေ့ကျင်ခန်းပြုလုပ်ခြင်း
(၄) အစားအသောက်ကို ချင့်ချိန်စားသောက်ခြင်း
(၅) မိမိကိုယ်ကိုယုံကြည်မှု
(၆) လောဘ၊ ဒေါသ၊ မောဟ နည်းပါးအောင်နေထိုင်ခြင်း
(၇) အပေါင်းအသင်း မိတ်ဆွေသူငယ်ချင်း

အဲ့ဒီ သမားတော် ၇ ဦးကို အသက်ရှိစဉ် ခေါင်းထဲမှာ အမြဲထည့်ထားပြီး ကျန်းမာအောင်နေထိုင်ပါ။

အချိန်ကျရင်တော့ ငါတို့ဟာ ကန့်လန့်ကာ
ချပြီး နှုတ်ဆက်ထွက်ခွါကြရမှာပါ။
အဲ့ဒါကြောင့် အသက်ရှိနေစဉ်

သင့်မိသားစုကို ချစ်ပါ။
သူငယ်ချင်း၊ မိတ်ဆွေတွေကို ချစ်ပါ။
သင့်ရဲ့ဘဝလက်တွဲဖော်ကို ချစ်ပါ။
သင့်အပေါ် ကောင်းဖူးတဲ့လူတွေကို ချစ်ပါ။
သင့်ပတ်ဝန်းကျင်အပေါ် တတ်နိုင်တာလေး ကူညီလိုက်ပါ။

original uploaded

မြင်းတွေသောက်တဲ့စမ်းချောင်းက ရေကို သောက်ပါ။ မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။ကြောင်အိပ်တဲ့ နေရာမှာသင့်အိပ်ယာကို ခင...
16/02/2023

မြင်းတွေသောက်တဲ့
စမ်းချောင်းက ရေကို သောက်ပါ။
မြင်းက ဘယ်တော့မှ ရေဆိုးကို မသောက်ပါဘူး။

ကြောင်အိပ်တဲ့ နေရာမှာ
သင့်အိပ်ယာကို ခင်းပါ။

ပိုးကောင် တစ်ကောင် ထိခံထားရတဲ့
သစ်သီးကို စားပါ။

အင်းဆက် နားတဲ့ မှိုကို
ရဲရဲ နှုတ်ပါ။

ပွေး တွင်းတူးတဲ့ နေရာမှာ
သစ်ပင်စိုက်ပါ ။

မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ
သင်ရဲ့အိမ်ကို ဆောက်ပါ ။

ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ
သင့်ရဲ့ရေပန်းကို တူးပါ။

ငှက်တွေနဲ့ တစ်ချိန်တည်း
အိပ်ယာဝင် အိပ်ယာထပါ ။
သင့်ရဲ့ နေ့အားလုံးမှာ
ရွှေဝါရောင် ကောက်နှံစေ့တွေ
ရိတ်သိမ်းရပါလိမ့်မယ် ။

ဟင်းရွက်စိမ်းတွေ ပိုစားပါ ။
သစ်တောထဲက သတ္တဝါတွေလို
သင့်မှာ သန်မာတဲ့ ခြေထောက်တွေနဲ့
ခုခံအားရှိတဲ့ နှလုံးတစ်ခုကို
ပိုင်ဆိုင်လာပါလိမ့်မယ် ။

မကြာမကြာ ရေကူးပါ ။
ရေထဲက ငါးလို
သင် မြေပြင်ပေါ်မှာ ခံစားရပါလိမ့်မယ် ။

ဖြစ်နိုင်သမျှ မကြာမကြာ
ကောင်းကင်ကို ကြည့်ပါ ။
သင့်အတွေးတွေ
ပေါ့ပါး ကြည်လင်လာပါလိမ့်မယ် ။

ကောင်းစွာ ဆိတ်ဆိတ်နေပါ ။
စကားမပြောမိသလောက် နေပါ ။
ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ
သင့်နှလုံးအိမ်ထဲ ဝင်လာပြီး
သင့်စိတ်ဟာ တည်ငြိမ်ပြီး
သာယာ အေးချမ်းမှုတွေ ပြည့်လာပါလိမ့်မယ်။

တူရကီနဲ့ဆီးရီးယားငလျှင်အတွက်အဆင်သင့်ဖြစ်နေတဲ့ဘော့လုံးသမားမီဆွတ်အိုဇေးလ်ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ - ကမ္ဘာ့ဖလားရတဲ့ ဆုကြေးတွ...
09/02/2023

တူရကီနဲ့ဆီးရီးယားငလျှင်အတွက်အဆင်သင့်ဖြစ်နေတဲ့ဘော့လုံးသမား

မီဆွတ်အိုဇေးလ်ဟာ သူ့ရဲ့ ကစားသမားဘ၀မှာ -
ကမ္ဘာ့ဖလားရတဲ့ ဆုကြေးတွေကို ခွဲစိတ်ကုသဖို့လိုအပ်နေတဲ့ ဘရာဇီးလ်ကလေးငယ် ၂၃ ဦးအတွက် လှူဒါန်းခဲ့တယ်။

သူ့ရဲ့မင်္ဂလာပွဲကရတဲ့ လက်ဖွဲ့တွေကို ဒုက္ခသည်စခန်း ၁၆ခုတွေဆီ ခိုလှုံနေရတဲ့ အိမ်ခြေယာမဲ့ လူတသိန်းစီ ခွဲဝေပေးခဲ့တယ်။

Rays of Sunshine ကလေးငယ်တွေပရဟိတအဖွဲ့ရဲ့ သံတမန်တဦးဖြစ်ပြီး ကလေးငယ်ပေါင်းတထောင်ကို ခွဲစိတ်ကုသရာမှာ ကူညီခဲ့ပြိး ဘဝတွေကို ပြောင်းလဲပေးခဲ့ပါတယ်။

အာဆင်နယ်လာဘ်ကောင် ဂန်းနားဆောရက်စ်ကို အသင်းကအလုပ်ထုတ်ချိန်မှာ သူ့ပိုက်ဆံနဲ့လစာစိုက်ထုတ်ပေးပြီး အလုပ်မပြုတ်အောင် ကူညီခဲ့ပါတယ်။

အခုလည်း သူက တူရကီနဲ့ ဆီးရီးယားမှာ ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို ကူညီဖို့ သူ့ရဲ့အသင်း အစ္စတန်ဘူဘာဆာဆီဟာနဲ့အတူ ပူးပေါင်းလှုပ်ရှားနေပြန်ပါပြီ။ တကယ်ကို လေးစားစရာကောင်းပါတယ်။ 🥰🥰🥰

Photo ESPN
crd duwun sport

 #အရမ်းအသုံး၀င်ကာ သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ။၁။ သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်...
06/02/2023

#အရမ်းအသုံး၀င်ကာ သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ။

၁။ သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။
သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက်ကင်းစေပါသည်။

၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။
သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။

၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့်တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။
အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။

၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။

၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်းရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။

၆။ သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက်ကို ပြုတ်၍ ငုံပေးပါ။ သက်သာပျောက်ကင်းစေပါသည်။ မာလကာစေ့ခြောက်မှုန့်ကိုသွားခြေထဲ ထည့်ပေးလျှင်လည်း သက်သာ ပျောက်ကင်းစေပါသည်။

၇။ သွေးဝမ်းလွန်ခြင်းဖြစ်လျှင် ထမင်းခြောက်ကိုလှော်၍ထန်းလျက်နှင့် အညက်ကြိတ်၍စားပါ ၊ သက်သာပျောက်ကင်းစေပါသည်။

၈။ လေထိုးလေအောင့်ဖြစ်လျှင် ပုန်းညှက်ပန်းပွင့်ခြောက်များကို ရေနွေးတွင်ထည့်၍ လက်ဖက်ရည်ကြမ်းလုပ်သောက်ပါ သက်သာပျောက်ကင်းစေသည်။

၉။ အော့အန်ခြင်း ဝေဒနာဖြစ်လျှင် ရှောက်မြစ်ကိုသွေး၍ ပျားရည်နှင့် စားပါက သက်သာပျောက်ကင်းစေပါသည်။

၁၀။ ဆီးအိမ်တွင်းမှာကျောက်တည်ခြင်းဖြစ်လျှင်သမင်ချိုကိုသွေး၍ သံပုရာရည်နှင့် လက်ဖက်ရည်ဇွန်းနှစ်ဇွန်းသောက်ပါ။
သုံးခါပင် မသောက်ရဘဲ သက်သာပျောက်ကင်းစေပါသည်။

၁၁။ ဆီးကျဉ်ဆီးနီဆီးနှောက်ဖြစ်လျှင် ( ဘုရားကပ်လှူသည့် ) ကျောက်စိမ်းပန်းကျားပင် အမြစ်ရောအရိုးပါ ထုခြေလို့ရသောအရည်၅ ကျပ်သားကိုရေနှင့်ပြုတ်ကျိုပြီး နံနက် ၊ ည နှစ်ခွက်သောက်ပါ။ နေချင်းပင်သက်သာပျောက်ကင်းစေပါသည်။

၁၂။ စားမဝင် အိပ်မပျော်ဖြစ်လျှင်
ပျားရည်စစ်စစ်ကို ….လက်ဖက်ရည်ဇွန်းလေးနဲ့တစ်ဇွန်းကို ညအိပ်ရာဝင်တိုင်း သောက်ပေးပါ။ ခံတွင်းကောင်းစားဝင်အိပ်ပျော်စေနိုင်ပါသည်။

၁၃။ မီးယပ်သွေးဆင်းချိန်တွင် မူးဝေတက်ပါသည်။ ထို့သို့ဖြစ်လျှင် ရှောက်သီးနှင့်် ထန်းလျက်ကိုရောစားလိုက်ပါ။ သက်သာပျောက်ကင်းစေပါသည်။

၁၄။ ပန်းနာရင်ကျပ်ချောင်းဆိုးခြင်းဖြစ်လျှင် သစ်ဆိမ့်သီးအခွံကိုသွေး ပျားရည်နှင့် စားပေးပါ ။သက်သာပျောက်ကင်းစေပါသည်။

၁၅။ ကင်းကိုက်ခြင်းခံရလျှင် ကစော့မြစ်ကိုဆန်ဆေးရည်နှင့် သွေးပြီး အဆိပ်သင့်တဲ့နေရာကို လိမ်းပေးပါ။ ဝေဒနာချက်ချင်းသက်သာစေပါသည်။

၁၆။ ဆံပင်ကျွတ်လျှင် ပိထောက်ရွက်ကို ထုထောင်း၍ခေါင်းလျှော်ရည်နှင့်တွဲဖက် လျှော်ပေးပါ။ဆံပင်များလုံးဝမကျွတ်စေပါ။

၁၇။ အဖုအကျိတ်များပေါက်လျှင်လဝန်းဂမုန်းပင် ပဉ္စငါးပါးကို ထုထောင်း၍အကျိတ်ပေါ်သို့အုံပေးကာပတ်တီးစည်းထားပါပျောက်ကင်းစေပါသည်။

၁၈။ ဒူးနာခါးနားလျှင် နံ့သာဖြူနှင့် ဂျင်းကိုဆတူရော၍လိမ်းပါ။ ယူပစ်သလို သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ဤဆေးနည်းပြောပြပေးတဲ့့ မောင်နန္ဒာ _မန္တလေး ကိုအထူးကျေးဇူးတင်ရှိပါတယ်။

Credit MMlive

Address

Ygn-mdy လမ်း
Taungoo

Website

Alerts

Be the first to know and let us send you an email when သုခစံ - ရှောက်သီးချက်ဆေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share