K8-Family

K8-Family Hanuman ထိုင်းတိုင်းရင်း​ဆေး

ဇာက်​ကြောတက် လို့ ​ဆေးပူလည်းမလိမ်းချင်ဘူးဒူးနာလို့ ​​ဆေးပူ​ကြောက်တယ်က​လေးက G6PD ရှိလို့ ပရုတ်မပါတာ​လေးခါးနာ​တော့ ​ကျောက်...
11/11/2024

ဇာက်​ကြောတက် လို့ ​ဆေးပူလည်းမလိမ်းချင်ဘူး
ဒူးနာလို့ ​​ဆေးပူ​ကြောက်တယ်
က​လေးက G6PD ရှိလို့ ပရုတ်မပါတာ​လေး
ခါးနာ​တော့ ​ကျောက်ကပ်လည်း မ​ကောင်းလို့
​ဆေး​အေး​လေး လိမ်းချင်တယ်

အဲဒီလို အ​​ခြေအ​နေ​တွေ အကုန်လုံးကို
တစ်​နေရာထဲမှာ ​ဖြေရှင်းလို့ရပါပြီ

​ဆေးလိမ်းထားလို့ လိမ်းထားမှန်း​တောင်
မသိရဘဲ အနံ့​မွှေး​မွှေး​လေးနဲ့
ဇာက်ကျီး​ပေါင်းသမား​တွေ
ဒူးနာ ခါးနာသူ​တွေ အဆင်​ပြေသွားမယ်

​ဆောင်းတွင်းမို့ ​ညောင်းတာကိုက်တာကို
လိမ်း​ဆေး​လေး လည်း လိမ်းချင်တယ်
အနံ့​လေးလည်း ​မွှေးချင်တယ်ဆိုရင်
One Drop လိမ်း​ဆေး​လေးကို
သတိရလိုက်ပါ​နော်

တစ်ဗူး....20000 ပါ
ခုလိုချင် ခုရပါတယ်ရှင့်


One drop က ဘာကြောင့် သုံးစွဲသူတွေဆီက Feedback ကောင်းတွေပြန်ရလဲဆို💥🔺ပါဝင်ပစ္စည်းတွေ က USA ကတင်သွင်းတဲ့ကုန်ကြမ်းတွေကိုသေချ...
11/11/2024

One drop က ဘာကြောင့် သုံးစွဲသူတွေဆီက Feedback ကောင်းတွေပြန်ရလဲဆို💥

🔺ပါဝင်ပစ္စည်းတွေ က USA ကတင်သွင်းတဲ့ကုန်ကြမ်းတွေကိုသေချာထည့်သွင်းထုတ်လုပ်ထားလို့ပါပဲနော်။ဒီကကုန်ကြမ်းတွေနဲ့စျေးလည်း7ဆလောက်ကိုကွာပါတယ်။အဖိုးတန်လေးတွေတစ်ဘူးထဲမှာသေချာစုထားပေးတာမို့အာနိသင်က ရှယ်🔥

🔺သုံးကြည့်ပါ မတူကွဲပြားမှုကိုကိုယ်တိုင်ကြုံတွေ့ရလိမ့်မယ်။

လိမ်းလိုက်တာနဲ့စီးကပ်မနေဘူး❌
ပူမနေဘူး❌
ပရုပ်နံ့မနံဘူး❌

အသားထဲစိမ့်ဝင်လွယ်ပြီး ဒဏ်ကျေစေတယ်။ကြွက်သားတွေပျော့ပြောင်းစေတယ်။
ပရုပ်မပါလို့ ဆေးပူမကြိုက်သူတွေ G6PDသမားတွေအတွက်အထူးသင့်တော်ပါတယ်။

Onedrop ရဲ့အစွမ်းကိုသိချင်ရင်တော့ စမ်းသုံးကြည့်ဖို့ဆုံးဖြတ်မှရမယ်နော်✅



#လိမ်းဆေး

  က လိမ်းဆီအာနိသင်အပြင်ထိခိုက်ဒဏ်ရာကြောင့်အရေပြားညိုမည်းစွဲခြင်းကိုလည်းသက်သာစေတာကိုယ်တွေ့ပါ။ပါဝင်ပစ္စည်း(၁၃)မျိုးထဲက ပဲန...
11/11/2024

က လိမ်းဆီအာနိသင်အပြင်ထိခိုက်ဒဏ်ရာကြောင့်အရေပြားညိုမည်းစွဲခြင်းကိုလည်းသက်သာစေတာကိုယ်တွေ့ပါ။

ပါဝင်ပစ္စည်း(၁၃)မျိုးထဲက ပဲနံ့သာဆီအစွမ်းဟာဆိုရင်အရေပြားအစိုဓာတ်ထိန်းပေးတဲ့အပြင်ယောင်ယမ်းမှုကိုသက်သာစေပြီးBacteriaတွေကိုပါသေစေနိုင်တဲ့အာနိသင်ရှိပါတယ်။

ဒါကတော့စက်ဘီးမှောက်ပြီးဒူးပြဲသွားတဲ့ဒဏ်နာပေါ်အသုံးပြုသူကဝမ်းသာအားရလာပြောပြထားတဲ့ Reviewလေးပါ✅

ပူခြင်းစပ်ခြင်းမရှိတာမို့ ညိုမည်းစွဲတဲ့နေရာပေါ်မှာလည်းအသုံးပြုပေးလို့ရပါတယ်။Resultကတော့စိတ်ကျေနပ်စရာလေးပါ✅

Qualityကောင်းကြိုက်သူတွေတွက်အထူးထုတ်ထားသော
#လိမ်းဆီ


ကျမ တို့ သမော်သီးလေး အင်္ကျီလေး ဝတ်ပေး လိုက်တော့ ပိုလှ သွား ပြီ 😍One drop (Medicated Oil) က ဘာအတွက် လဲ မေးတဲ့ သူတွေ ❓❓🔺ဇ...
11/11/2024

ကျမ တို့ သမော်သီးလေး
အင်္ကျီလေး ဝတ်ပေး လိုက်တော့ ပိုလှ သွား ပြီ 😍

One drop (Medicated Oil)
က ဘာအတွက် လဲ မေးတဲ့ သူတွေ ❓❓

🔺ဇက်ကြောတက် တတ်တဲ့ သမားတွေ
🔺ခေါင်းမူး/ခေါင်းကိုက် တတ်သူတွေ
🔺မျက်ရိုးကိုက် တတ်သူ
🔺လက်ကိုက် /ခြေကိုက် သူတွေ
🔺အရိုး/အကြော/အဆစ် နာကျင် ရောင်ရမ်းမှူ မှန်သမျှ လျော့ကျပေးပြီး
🔺အကြောတင်း /လေးဘက်နာ အဆစ်အမြစ် ကိုက်တာတွေ သုံးပေးလို့ ရတဲ့ အပြင်

ပရုတ်မပါ တဲ့ အတွက်
‼️G6PD ကလေး တွေပါ သုံးလို့ ရပါတယ်

အသား ပေါ် လူးလိုက် ရင်
စံပယ် နံ့ သင်း"လေး နဲ့ ဆေးမြစ်အနံ့ ရပြီး
(လူငယ်အကြိုက်)

မပူမစပ် အနံ့ လုံးဝ မနံ့ တဲ့ feeling ရတယ်

🩸Menstruation pain ရပြီး ခါးကိုက် လွန်းလို့
ပိုက်ရော ခါးရော လူးချလိုက်တာ

🔺🔺15 မိနစ်အတွင်း မှာ အကြောပြေ သွား သလို
ဖြည်း"ချင်း သက်သာ လာတာလေး တွေ့ ရလ်ို့

ပထမ အကြိမ် စမ်းသပ်မှု မှာ
နောင့်ဦး တို့ အသေ ကြိုက်သွား ပြီ 😍😍

အစွမ်းလေး က
တခါတည်း နဲ့ ဆွဲဆောင်မှူ ရှိလွန်းလှ ပါရော 🥹

‼️လက်လီ/ကား မှာယူ နိုင်ပါပြီ ရှင်

တမြို့နယ်မှာ တယောက်ဘဲ ကိုယ်စားလှယ်
ခေါ်ယူ မှာ ဖြစ်ပြီး...

အကြီး ဆုံး ကိုယ်စားလှယ် ဖြစ်ချင်ရင်
ဗူး 100 က စJion လို့ ရပါပြီ 👏👏

💧

တစ်ချို့က ​ဆေးပူ​ကြောက်တယ်​ဆေးပူမလိမ်းရဲလို့​ဆေး​အေး​လေး လိမ်း​ဆေးရရင် လိုချင်တယ်တို့လိမ်း​ဆေး ကို အနံ့မကြိုက်လို့ တို့ ...
11/11/2024

တစ်ချို့က ​ဆေးပူ​ကြောက်တယ်
​ဆေးပူမလိမ်းရဲလို့
​ဆေး​အေး​လေး လိမ်း​ဆေးရရင် လိုချင်တယ်တို့

လိမ်း​ဆေး ကို အနံ့မကြိုက်လို့ တို့ ဆိုသူ​တွေ
အနံ့က စံပယ်နံ့ ​မွှေး​မွှေး​လေးနဲ့
ပရုတ် လုံးဝမပါဘဲ
ဒူးနာ ခါးနာ ကျီး​ပေါင်း ရာသီလာစဥ်ကိုက်ခဲခြင်း
စ​သော​စ​သော.....​ဝေဒနာ​တွေအတွက်
တိုင်းရင်း​ဆေးဆရာမကိုယ်တိုင် ထုတ်ထားတဲ့ လိမ်း​ဆေးပါ

လိမ်းဆီဆို ပူမှကြိုက်တတ်သူတွေက ဒီအဆီလေးမသုံးပါနဲ့နော်⛔️

ဘယ်လိုလူတွေသုံးသင့်လဲဆိုတော့

🔺ပရုပ်နံ့မကြိုက်တဲ့သူတွေ✅
🔺ပစ္စည်းကောင်းကြိုက်သူတွေ
🔺G6PDသမားတွေ
🔺ဇက်ကြောမကြာခဏတက်သူ
🔺Ph/Computerတွေနဲ့အလုပ်လုပ်ရများသူ
🔺ကျီးပေါင်းရှိသူ
🔺ဒူးနာ
🔺 menstrual Pain ရသူ
🔺လေးဘက်နာ
🔺ကြွက်သားယောင်ယမ်းနာကျင်ခြင်းအတွက်အသုံးပြုနိုင်ပါတယ်။

တစ်စက်ဆို တစ်စက် အသားအရေမပူပဲထိရောက်မှုမြန်ဆန်တဲ့
#လိမ်းဆေး

တစ်ဗူး......၂၀၀၀၀ ပါ

လိုချင်ရင် comment ​လေး ​ရေးခဲ့​ပေး​နော်


်စက်ဆီ

One drop မှာဘာတွေပါလဲ❓💥စမုံနက်ဆီ💥ငရုတ်ကောင်းဆီ💥ပဒဲကောဆီ💥မုံညှင်းဆီ💥ပဲနံ့သာဆီ💥ယူကလစ်ဆီ💥လေးညှင်းဆီ💥ဒန့်သလွန်ဆီ💥ဂျင်းဆီ💥နနွ...
11/11/2024

One drop မှာဘာတွေပါလဲ❓

💥စမုံနက်ဆီ
💥ငရုတ်ကောင်းဆီ
💥ပဒဲကောဆီ
💥မုံညှင်းဆီ
💥ပဲနံ့သာဆီ
💥ယူကလစ်ဆီ
💥လေးညှင်းဆီ
💥ဒန့်သလွန်ဆီ
💥ဂျင်းဆီ
💥နနွင်းဆီ
💥သစ်မွှေးဆီ
💥Vitamin E
💥jasmine essential oil

ဒီလို ထိရောက်တဲ့ဆေးဖက်ဝင်အဆီ တွေနဲ့ထုတ်လုပ်ထားတဲ့အပြင် ပါဝင်ပစ္စည်း 13 မျိုးရဲ့ထိရောက်မှုကို သုံးကြည့်တဲ့အခါတွေ့ရလိမ့်မယ်။


#လိမ်းဆေး

ပရုပ် / မင်သော် ပါ မှ လိမ်းဆေး ဆီ ဖြစ်တာ မဟုတ်ဘူး ဆိုတာ သက်သေပြ ပေး တဲ့ လိမ်းဆေး ဆီ လေး 💧ကြွက်သား relaxing ရ စေ မယ် သွေး...
11/11/2024

ပရုပ် / မင်သော် ပါ မှ လိမ်းဆေး ဆီ ဖြစ်တာ မဟုတ်ဘူး ဆိုတာ သက်သေပြ ပေး တဲ့
လိမ်းဆေး ဆီ လေး 💧

ကြွက်သား relaxing ရ စေ မယ်
သွေးလှည့်ပတ် မှု ကောင်း မယ်
နာကျင် ကိုက်ခဲ မှု သက်သာစေ မယ်
အရိုးအားဖြည့် ပေး မယ်
အာရုံကြော အား ကောင်းစေ မယ်

ဒီလောက်ပါပဲ 💙

ည ဘက် လိမ်းရင် လူ ကို လုံးဝ relax ဖြစ်စေ ပြီး
နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေ မယ် ( ကိုယ်တွေ့ ပါ )



ဘုရားရှိခိုးတတ်ရဲ့လား-?********************ဖတ်ကြည့်နော်…📖ဒကာ…ဘုရား…ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင်ကန်တော့ရဲ့လား...
11/11/2024

ဘုရားရှိခိုးတတ်ရဲ့လား-?
********************
ဖတ်ကြည့်နော်…📖

ဒကာ…

ဘုရား…

ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင်
ကန်တော့ရဲ့လား-?

မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ
ဘုရား။ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင်
ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား…

အေး…ဒကာ သိအောင် ပြောပြမယ်။

( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊
မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ ကန်တော့ပါ။

( ၂ ) အပါယ် ဖျက်ရတယ်။ ဒီအချက်က လူတိုင်း မသိကြဘူး။ အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ။

ဘယ်လို ဖျက်ရမလဲ ဆိုတော့
(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကျသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို
ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။

ဒီလို တောင်းပန်ရင်…လောလောဆယ်
ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
ပြီးတော့…ကားတိုက်လို့ပဲ ဖြစ်ဖြစ် ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။

တောင်းပန်ရင်ဘာကြောင့် ကျေလဲ ဆိုတော့
ဒီအကြောင်းကို ဒကာတို့ နာလည်အောင် ပြောရရင် ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
ဒေါင်းယောင်ဆောင်သော ကျီးဇာတ်ကားမှာလိုပေါ့…

ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။

ဒီမှာ ပြောချင်တာက…အဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်…ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။

( ၃ ) မိမိကိုယ်ကိုယ် မေတ္တာပို့ပါ။
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။

( ၄ ) ဒကာတို့ လုပ်နေကျအတိုင်း
ပုတီးစိပ်၊ ဘုရားစာရွတ်မေတ္တာပွားပေါ့…

( ၅ ) သစ္စာဆို အမျှဝေပါ။

ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဥပမာ…
ဘုရားပန်း လှူတာ ဖြစ်ဖြစ်
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်
တခြား အလှူတွေလည်း
သစ္စာဆို အမျှဝေလို့ ရပါတယ်။

ဘယ်လို သစ္စာဆို အမျှဝေရမှာလဲ
ဆိုတော့…

ဥပမာ…
ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါ။ ဤ သစ္စာစကား မှန်ကန်ပါက
ရတယ်။

ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိအထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတသတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် လို့ အမျှပေးလိုက်ပါ။ ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။

ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။

ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ်
သူတို့က ကူညီပါတယ်။

ဒကာတို့ ပို့တဲ့ အမၽၾက
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက
သူတို့အတွက်
( ၁ဝ )တန်လောက်ပဲ ရှိတာပါ။

ဒကာတို့ရဲ့ အခက္အခဲကို
သူတို့က ကူညီျမာပါ။

ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။

ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။

မှန်ပါ-သာဓု သာဓု သာဓုပါ ဘုရား…

-Shwedagone

"ကျန်တာတွေနဲ့ မတည့်ဘူးဆိုရင်တောင်မှ တရားဓမ္မနဲ့တော့ တည့်အောင်နေပါ"ဒီဘဝ ဒီခန္ဓာကိုယ်ကြီးဟာအသက်အရွယ်ကြီးလာရင် ချို့ယွင်းလာ...
11/11/2024

"ကျန်တာတွေနဲ့ မတည့်ဘူးဆိုရင်တောင်မှ တရားဓမ္မနဲ့တော့ တည့်အောင်နေပါ"
ဒီဘဝ ဒီခန္ဓာကိုယ်ကြီးဟာ
အသက်အရွယ်ကြီးလာရင် ချို့ယွင်းလာပါတယ်..
လောကက လူတွေကို ကြည့်ပါ..
အသက်ကြီးလာရင် မကောင်းတဲ့စာရင်းတွေက များလာပြီ..
အဘိုးကြီး အဘွားကြီးတွေ ပြောကြတယ်လေ
မျက်စိက မကောင်းဘူးတဲ့ မျက်စိမှုန်တယ်..
မကောင်းတာက မျက်စိတစ်ခုတည်း မဟုတ်ဘူး..
နားကလည်း မကောင်းဘူးတဲ့ နားကလည်း မကောင်းဘူးတဲ့
ဒူးကလည်း မကောင်းဘူးတဲ့ မကောင်းတာတွေ များလာတယ်..
ဒိထက်ပိုများလာလို့ရှိရင် နှလုံးက မကောင်းဘူးတဲ့
ကျောက်ကပ်က မကောင်းဘူးတဲ့ အသည်းက မကောင်းဘူးတဲ့..
ကောင်းတာတွေ ကုန်သွားရင် သေရတော့တာပဲ..
ပြီးတော့ မတည့်တဲ့ စာရင်းတွေလည်းများလာတယ်..
အသက်ကြီးလာရင် ဝက်သားမတည့်ဘူးတဲ့
ဘာဖြစ်လို့လဲ သွေးတိုးရှိလို့..
သကြားမတဲ့ဘူးတဲ့ ဘာဖြစ်လို့တုန်း ဆီးချိုသွေးချိုရှိလို့..
ဒီလိုမတည့်တာတွေများလာရင်းနဲ့ပဲ
နောက်ဆုံး သုဿာန်ရောက်သွားတော့တာပဲ..
ကိုယ်ခန္ဓာမှာ
မကောင်းတာတွေကလည်း များလာတယ်..
မတည့်တာတွေကလည်း များလာတယ်..
ဒါက သံဝေဂဖြစ်စရာတွေပါ..
ငယ်ငယ်တုန်းကတော့
မတည့်တာဆိုတာမရှိဘူး အကုန်စားလို့ အဆင်ပြေတယ်..
မကောင်းတာဆိုလည်း မရှိဘူး အကုန်ကောင်းတယ်..
ဒီတော့ ဒီလိုဖြစ်လာတဲ့ အခြေအနေမျိုးကို ကိုယ်ကိုယ်တိုင် သိရမှာပါ
ကျန်တာတွေက မကောင်းဘူး ကျန်တာတွေက မတည့်ဘူးဆိုရင်
တရားဓမ္မနဲ့တော့ တည့်အောင်နေရမယ်..
မျက်စိ မကောင်းချင်နေ
ခါး မကောင်းချင်နေ
နား မကောင်းချင်နေ
ကျောက်ကပ် မကောင်းချင်နေ
အသည်း မကောင်းချင်နေ
ဘာပဲဖြစ်ဖြစ် စိတ်ကလေးကောင်းနေဖို့ လိုပါတယ်..
ဒီစိတ်ကလေး ကောင်းနေအောင်
ဘုရားအပေါ်မှာ နှစ်နှစ်ကာကာယုံကြည်တဲ့
သဒ္ဒါတရားလေး ကောင်းနေဖို့ လိုပါတယ်..
အဲဒီသဒ္ဒါတရားလေး ကောင်းနေလို့ရှိရင်
ခန္ဓာကြီးဆိုတာ အသက်ကြီးမှ သေသွားတဲ့သူက
မကောင်းလို့ ပစ်ရတယ်ဆိုပေမယ့်
အသက်ငယ်တဲ့သူကလည်း
ငယ်ငယ်ရွယ်ရွယ်နဲ့ ကောင်းနေတုန်း ပစ်ထားခဲ့ရတာပါပဲ..
ဒီတော့ ကိုယ်သတိထားရမှာက
အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်ပဲ..
မြတ်စွာဘုရားဂုဏ်တော်တွေနဲ့ ထုံမွှမ်းပြီးနေထားတဲ့စိတ်ဟာ
ဘယ်တော့မှ အောက်ကိုမရောက်စေဘူး..

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး🙏🙏🙏

သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု☸️☸️☸️☸️☸️☸️☸️☸️သေချာတဲ့ရင်းနှီးမြှုပ်နှံမှုက ဘာလဲလို့ဆိုတာကို မြတ်စွာဘုရားက ယခုလိုရှင်းပြတ...
11/11/2024

သေချာတဲ့ ရင်းနှီးမြှုပ်နှံမှု
☸️☸️☸️☸️☸️☸️☸️☸️
သေချာတဲ့ရင်းနှီးမြှုပ်နှံမှုက ဘာလဲလို့ဆိုတာကို မြတ်စွာဘုရားက ယခုလိုရှင်းပြတယ်။ “လိမ္မာပါးနပ်တဲ့သူ အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် တကယ်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ချင်ပြီဆိုရင် ထိုပစ္စည်းဥစ္စာကို အသုံးပြုပြီး ဒါနကောင်းမှုလုပ်တယ်” ဒါ ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ။
ဒါနကောင်းမှုလုပ်တာက အခက်အခဲတွေ၊ ပျက်စီးဆုံးရှုံးမှု တွေနဲ့ တစ်ခုမှမကြုံရဘူး။ ကိုယ်ဒါနလုပ်ထားတာသိလို့
ဒါနကို ခိုးယူလို့မရဘူး၊ နေရာရွေ့သွားအောင် လုပ်လို့မရဘူး၊ နဂါးတွေ ဘီလူးတွေက ရွှေ့ယူသွားလို့ မရဘူး၊ ကုသိုလ်ကံ ကုန်ခြင်းဆိုတာလည်းမဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ ရင်းနှီးမြှုပ်နှံမှုထဲမှာ ဒါနကောင်းမှုပြုပြီး ရင်းနှီးမြှုပ်နှံမှုဟာ အလွန်သေချာတယ်လို့ မြတ်စွာဘုရားက ဟောတာ။

နောက်တစ်ခု ရင်းနှီးမြှုပ်နှံတာက ပစ္စည်းဥစ္စာကို ရင်းနှီးမြှုပ်နှံတာ မဟုတ်ဘူး။ အေး၊ တို့တော့ ဒါနကောင်းမှု များများကြီးမပြုနိုင်ဘူး၊ အဲဒီတော့ တစ်ခြား နည်းနဲ့မြုပ်နှံရမယ်၊ ဘယ်လိုမြှုပ်နှံရမလဲဆိုရင် ကိုယ်ကျင့်တရားနဲ့လည်း ရင်းနှီး မြှုပ်နှံလို့ ရတယ်တဲ့။ အနည်းဆုံး ငါးပါးသီလ
မကျိုး မပေါက် မပျောက် မကြား ရအောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုတဲ့ ကိုယ်ကျင့်တရား။ သီတင်းနေ့များမှာ (၈)ပါးသီလ, (၉)ပါးသီလ ခံယူဆောက်တည်ခြင်းဆိုတဲ့ သီလအကျင့်တရား။ အဲဒီ ကိုယ်ကျင့်တရား ထိန်းသိမ်းစောင့်ရှောက်မှုဟာလည်း စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲတဲ့။

နောက်တစ်ခုကတော့ ကိုယ့်ရဲ့စိတ်ကလေးကို သမာဓိစွမ်းအားနဲ့ ထိန်းပေးတာ၊ စိတ်ကလေး လွင့်ပါးမှုမရှိအောင်၊ ကောင်းတဲ့အာရုံတစ်ခုပေါ်မှာ စိတ်လေး ငြိမ်အောင် သမာဓိတရား ကြိုးစားအားထုတ်တယ်။ ဆိုလိုတာက သမထကျင့်စဉ် တစ်ခုကို ကျင့်ပြီးတော့လည်း ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရတယ်။ ဒါလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ။

နောက်တစ်ခုက ပညာအဆင့်ဆင့်ရင်းနှီးမြှုပ်နှံမှု၊ မိမိတို့မှာ လောကီပညာပဲ ဖြစ်ဖြစ်၊ လောကုတ္တရာပညာပဲဖြစ်ဖြစ် နောက်ဆုံး အဆင့်မြင့်တဲ့ ဝိပဿနာပညာ စတဲ့ ပညာရပ်တွေကို မိမိတို့သန္တာန်မှာရအောင် ကြိုးစားအားထုတ်ခြင်းဖြင့်လည်း ရင်းနှီးမြှုပ်နှံမှုဆိုတာ ဖြစ်တယ်တဲ့။ ဒါက သေချာတဲ့ ပစ္စည်းဥစ္စာ ရင်းနှီးမြှုပ်နှံမှ တစ်ခုပဲ။ ပျက်စီးတာတွေ မရှိနိုင်ဘူးတဲ့။

ဒါနဖြင့် မြှုပ်နှံရမည့် ဌာန
☸️☸️☸️☸️☸️☸️☸️☸️
ဒါနဆိုတဲ့ မြှုပ်နှံမှုလုပ်ချင်လို့ရှိရင် ဘယ်နေရာမှာမြှုပ်မလဲ။ ရတနာရွှေအိုးကြီးတွေမြုပ်တဲ့အခါ၊ ပစ္စည်းဥစ္စာတွေကိုမြှုပ်ပြီး သိမ်းတဲ့အခါ ရေထွက်လုနီးပါးဖြစ်တဲ့ တွင်းနက်ကြီးတွေတူးပြီး အဲဒီတွင်းထဲမှာ တော်တော်နဲ့ ဖော်ထုတ်လို့မရအောင် ထည့်ပြီးတော့ထားတဲ့နည်းနဲ့ မြှုပ်နှံတယ်။
အခု ဒါနဆိုတဲ့ ကုသိုလ်ကောင်းမှုကိုတော့ ဘယ်မှာမြှုပ်မလဲဆိုတော့ မြှုပ်နှံတဲ့နေရာကို မြတ်စွာ ဘုရားကဟောတယ်။
ဒါနဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုကိုလုပ်မယ်ဆိုရင် ဗုဒ္ဓမြတ်စွာရဲ့ ဓာတ်တော် မွေတော် တွေကို ထည့်သွင်းပြီးတော့ ပူဇော်ထားတဲ့ စေတီပုထိုးတွေမှာ မြှုပ်နှံလို့ရတယ်။ နောက်တစ်ခုက သံဃာတွေမှာမြှုပ်နှံလို့ရတယ်။ သံဃာ့ဂုဏ်ကို အာရုံပြု၍၊ သံဃာ တွေကို လှူဒါန်းခြင်းဖြင့် ဒါနကုသိုလ် ရင်းနှီးမြှုပ်နှံလို့ရတယ်။ နောက်တစ်ခုက ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ပဲဖြစ်စေ လှူဒါန်းပြီး ရင်းနှီးမြှုပ်နှံလို့ရတယ်။ နောက် ရင်းနှီး မြှုပ်နှံမှုက ကိုယ့်အိမ်ရောက်လာတဲ့ဧည့်သည် (သို့) ဖိတ်ထားလို့ ရောက်လာတဲ့ ဧည့်သည်တွေကို ကျွေးမွေးဧည့်ခံတာလည်း ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲတဲ့။
နောက်တစ်ခုက မိဘနှစ်ပါးထင်ရှားရှိနေတဲ့ပုဂ္ဂိုလ်တွေဟာ မိဘကို ပြုစု လုပ်ကျွေးတာဟာလည်း ရင်းနှီးမြှုပ်နှံနေတာတစ်ခုပဲတဲ့။ မိသားစုထဲမှာ “အစ်ကိုကြီး အဖအရာ၊ အစ်မကြီး အမိအရာ” ဆိုတဲ့အတိုင်း မိမိရဲ့မိသားစုထဲမှာ မိဘနှစ်ပါး မရှိတော့ဘူးဆိုရင် အစ်ကိုကြီး၊ အစ်မကြီးတွေမှာလည်း ရင်နှီးမြှုပ်နှံပေးလို့ရတယ် လို့ ဒီလိုဆိုလိုတယ်။ အဲဒီမှာ ဒါနကောင်းမှုပြုပြီးတော့ ရင်းနှီးမြှုပ်နှံလိုက်တာဟာ သေချာတဲ့ ရင်းနှီးမြှုပ်နှံမှုကြီးတစ်ခုဖြစ်တယ်လို့ မြတ်စွာဘုရားကဟောတယ်။
နယ်လှည့်ဟောကြား မြတ်တရား အတွဲ(၅)
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
#ပူဇော်သူ- Kyaw Thin (27.4.2024) စနေနေ့

ကိုးစနေပြီးတော့ ထပ်မံထူးခြားတာကတော့ 11 ရက် ၊ 11 လဟာ မြန်မာလို ၁၁ ရက်နေ့ကျရောက်နေတာပါပဲ ။ 1️⃣ ဆိုတဲ့ဂဏန်းဟာ စတင်ခြင်းကို ...
11/11/2024

ကိုးစနေပြီးတော့ ထပ်မံထူးခြားတာကတော့ 11 ရက် ၊ 11 လဟာ မြန်မာလို ၁၁ ရက်နေ့ကျရောက်နေတာပါပဲ ။

1️⃣ ဆိုတဲ့ဂဏန်းဟာ စတင်ခြင်းကို ကိုယ်စားပြုတယ် ။ ရှင်သန်ခြင်းကို ရရှိစေတယ် ။ ၁ ဂဏန်း လေးခုဆုံတဲ့ ၁၁ လပိုင်း ၁၁ ရက်နေ့မှာ နေမင်းရဲ့စွမ်းအားဟာပိုပြီးတိုးလာမယ်လို့ ဂမ္ဘီရပညာမှာဆိုပါတယ် ။ 1111 ဟာ အိန်ဂျယ်နံပါတ်ဖြစ်တယ် ။

ဒီနေ့မှာ မိမိတို့ကို စောင့်ရှောက်တဲ့နတ်တွေ (ကိုယ်စောင့်နတ် ၊ အိမ်စောင့်နတ် စသဖြင့် နတ်အပေါင်းကို မေတ္တာပို့ပြီး ဆုတောင်းပါ) လုပ်ရမယ့် အချိန်က နေ့ (သို့မဟုတ်) ည ၁၁ နာရီ ၊ မိမိယုံကြည်ရာ ဘာသာရဲ့ ကျောင်းဆောင်ရှေ့မှာ အမွှေးတိုင်ထွန်းပါ ၊ ရေမွှေးဖြန်းပါ ။ နတ်တွေကို အာရုံပြုမေတ္တာပို့ပြီး မိမိအလိုချင်ဆုံး ဆုတစ်ခုကို လေးလေးနက်နက် တောင်းပါ ။

☄ မကြာခင် အမှန်တကယ်ဖြစ်လာပါလိမ့်မယ် ။ ကိုယ့်ဖက်ကလည်း ကိုယ်လိုချင်တဲ့ ဆုအတွက် ပုံမှန်ကြိုးစားအားထုတ်နေပါ ။ ဆုတောင်းချည်းသက်သက်တော့ ဖြစ်လာမှာမဟုတ်ပါ ။ မိမိကြိုးစားနေတာကို နတ်တွေက ပိုမိုလွယ်ကူချောမွေ့အောင် ကူညီပေးလိမ့်မယ်ဆိုတဲ့ သဘောပါပဲ ။

credit to original with respect

11/11/2024

page ​လေးက ​ကြော်ငြာလို့မရ​တော့တာနဲ့ post ​လေး​တွေ မတင်ဖြစ်​နေတာပါရှင့်

Address

Taungthaman

Telephone

+959774457669

Website

Alerts

Be the first to know and let us send you an email when K8-Family posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to K8-Family:

Share