01/11/2021
အခုတလောတယောက်ဖြစ်ရင် တအိမ်လုံးနီးပါးကူးစက်
ဖြစ်နေကြတဲ့ တုပ်ကွေးက ရာသီတုပ်ကွေးဆိုပေမယ့် အရင်ကထက် ဝေဒနာ ပိုခံစားရတာကို တွေ့ရပါတယ်။
ကျနော်တို့ ဘယ်လို လက္ခဏာတွေတွေ့ရနိုင်သလဲကတော့
- ဖျားနာပါတယ် (ချမ်းတုန်နိုင်)
- လည်ချောင်းနာ (သိပ်မဆိုး)
- ခေါင်းအရမ်းထိုးကိုက် မထနိုင်
- ချောင်းဆိုး (ချောင်းခြောက်/ ချွဲပါ ၂ မျိုးလုံးဖြစ်နိုင်)
- ညောင်းသာ ကိုယ်လက်ကိုက်ခဲ
- ပါးစပ်အရသာပျက်/ ခါးတတ်တာပါ (အရသာမပျောက်ပါ)
- နှာရည်ယို နှာပိတ် (အနံမပျောက်ပါ)
- အာသီးရောင် (အစာရေမြိုချလျှင်နာတာမျိုး)
တွေ့ရပါတယ်။
ကျနော်ကို ဒီရက်ပိုင်းဖြစ်လိုက်သေးတယ် ညောင်းညာကိုက်ခဲ မထနိုင်တာ အတော်ဆိုးတာပါ ခြေဆစ်လက်ဆစ် အသေးအကြီးအကုန်ကိုက်ခဲ မလှုပ်ချင်လောက်အောင်ပါ။ တော်သေးကိုယ့်ကိုယ် ကုလိုက်တာ တရက်နဲ့တညပဲခံလိုက်ရလို့ပါ။
ဒီ တုပ်ကွေး
ဖြစ်ပြီဆိုရင် လူတယောက်နဲ့ တယောက် ကိုယ်ခံအား အပေါ်မူတည်ပြီး
အနည်းဆုံး၂ ရက် ၃ ရက်ကနေ တခါတလေ တစ်ပတ်လောက်ထိ ကြာနိုင်ပါတယ်။
ရာသီတုပ်ကွေးဆိုတာက ဗိုင်းရပ်စ်ပိုး(Virus) ကြောင့် ဖြစ်တာမို့ အမြန်ပျောက်အောင်ကုလို့မရပဲ လက္ခဏာတွေသက်သာအောင်ပဲ ကုလို့ရပါတယ်။ ပြောချင်တာ ဖျားရင်အဖျားကျဆေးသောက် ကိုယ်ပူကျအောင်ရေပတ်တိုက်ပါ။ အကိုက်အခဲပျောက်ဆေးသောက်
ချောင်းဆိုးနှာစီးရင်သက်ဆိုင်ရာဆေးသောက်ပါ အိပ်ယာထဲနားပါ စွပ်ပြုတ် ဟင်းရွက်ပြုတ် အသီးဖျော်ရည် ဓာတ်ဆားရေ အရည်ဓာတ်များများသောက်ပေးပါ ။ နာလန်ထမြန်ပါတယ်။ ရောဂါလက္ခဏာတွေကိုကုသရမှာပါ ။
အဓိကလက်သည် agent တုပ်ကွေး virus ကို တော့ ကျနော်တို့ ကိုယ်ခံအားစနစ်ကပဲတိုက်ထုတ်သွားမှာပါ။ တစ်ပတ်လောက် မှာ သက်သာပျောက်ကင်းသွားပါလိမ့်မယ်။
တချို့ ရောဂါအခံရှိသူတွေ အကြောင်းကြောင်းကြောင့် ကိုယ်ခံအားနည်းနေ
သူတွေမှာတော့ ဒီထက်ပို ကြာနိုင်ပါတယ်။
ဒါကြောင့် အခုအချိန်မှာ ဒါလေးတွေကို ပြန်သတိထားပြီး လုပ်ကြဖို့ တိုက်တွန်းချင်လို့ပါ။
- ဘယ်သွားသွားMask တပ်ပါ။
(တအိမ်သားထဲမှာ ဖျားနာခဲ့ရင်လဲ mask တပ်ခိုင်းပါ ပြုစုကုသသူတွေလဲ mask တပ်ပြီးမှသာအနားကပ်ပါ)
- ကိုယ်ခံအားကောင်းအောင် နေပါ။
- လက်ဆေးပါ(အပြင်ကပြန်လာအပြီး လူနာကိုပြုစုအပြီး လက်ခဏ ခဏ ဆေးပါ)
-မိုးမိ အအေးမိမခံပါနှင့်
ဟုတ်ပါပြီ ဆက်ပြီး ကိုယ်ခံအားကောင်းအောင် နေဖို့ဆို ဘာတွေလိုအပ်သလဲက တော့
- စားချိန်မှန်မှန်စားပါ
(အဓိက မနက်စာမလွှတ်ပါစေနှင့် အစာကိုအချိန်မှန် ပုံမှန်စားပေးပါ)
- ရေများများသောက်
(တနေ့နှစ်လီတာခန့်သောက်ပါ)
- အိပ်ချိန်မှန်မှန်အိပ်
(တနေ့ကိုအနည်းဆုံး၆နာရီကနေ၈နာရီခန့်အိပ်စက်ပါ);
ညနောက်ကျမှာအိပ် မနက်နေဖင်ထိုးမှထတာတွေကကျန်းမာရေးအတွက်မကောင်းပါ
- အာဟာရစုံအောင်စား ပါ
(အသီးအရွက်မစားချင်ဘူးအသားချည်းစားမယ်ဘာညာဂျေးမများပဲအသီးအရွက်အသားထမင်းမျှတအောင်စားပါ အသားဓာတ် ကစီဓာတ် အမျှင်ဓာတ်အစုံပါအောင်စားပါ)
နောက်ထပ်သတိချပ် ရမှာက ရာသီတုပ်ကွေးအပြင် ဗီလိန်ကြီး ကိုဗစ်လည်း ဖြစ်နေနိုင်သေးပါတယ် ဗျ ။
ကိုဗစ်အကြောင်းကတော့ အခုအချိန်မှာပြောစရာမလိုအောင် ဆောင်ရန်၊ ရှောင်ရန်တွေကို ကျတော်တချိန်လုံးရေးတင်နေခဲ့ပြီးသားမို့ သိနေကြပြီ ထင်ပါတယ်ခင်ဗျာ။
တခုခု ဖျားပြီနာပြီဆိုလဲ ရပ်ကွက်ထဲကလူပြောတဲ့ ဆေးမီးတိုတွေ ကွမ်းယာဆိုင်ဆေးဆိုင်က လူရောင်းတဲ့စပ်ဆေးတွေ မသောက်ပဲ နီးစပ်ရာဆရာဝန်ပြကြပါလို့ ။
မိမိတို့အသက် ကျန်းမာရေးကို အနည်းဆုံး ၆နှစ် ၇နှစ်ေဆးပညာ လေ့လာထားတဲ့ ဆရာဝန်လက်ထဲပဲအပ်ပါ
အထက်ကလို ရမ်းကုတွေပေါက်ကရဆေးတွေနဲ့ အချိန်မကုန်ပါနဲ့လို့ ။
ရောဂါကို ကြောက်ကြပါ ဆေးရုံဆေးခန်းဆရာဝန်ကို မကြောက်ကြပါနှင့် ခင်ဗျာ ။ မိမိတို့အသက်လောက်ဘယ်အရာမှတန်ဖိုးမရှိပါ။
အားလုံးပဲ ရာသီတုပ်ကွေးရော ကိုဗစ်ရော မဖြစ်အောင် ဂရုစိုက်နေထိုင်ကြပါ။
စာဖတ်သူမိတ်ဆွေများ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။
#ဒေါက်တာဖြိုးဇော်
https://www.facebook.com/100044543254862/posts/408576500637122/