Thazin Dental Clinic

Thazin Dental Clinic Near Thandwe Post office Use Hygenic & Clean Tools.

Bay of Bengal မုန်တိုင်းငယ် source:IMDအချိန် |အဆင့် |လေတိုက်နှုန်း(မိုင်)  |မိုးရွာသွန်းမှု~~~~~~~~~~~~~~~~~~ ၂၁-၁၂:၃၀ |...
21/03/2022

Bay of Bengal မုန်တိုင်းငယ်
source:IMD
အချိန် |အဆင့် |လေတိုက်နှုန်း(မိုင်) |မိုးရွာသွန်းမှု
~~~~~~~~~~~~~~~~~~
၂၁-၁၂:၃၀ |မုန်တိုင်းငယ်၊
ရန်ကုန် မှ ၅၂၀ ကီလိုမီတာ၊ အနောက်တောင် |
တနာရီ မိုင် ၄၀

မြန်မာပြည် အောက်ပိုင်း၊ မိုးစတင်ရွာ၊ မိုးအသင့်အတင့်
~~~~~~~~~~~~~~~~~~~~
၂၂-၁၂:၃၀ ဆိုင်ကလုံး မုန်တိုင်း၊
ရန်ကုန် မှ ၂၇၀ ကီလိုမီတာ၊ အနောက်၊တောင်၊အနောက်၊
တနာရီ မိုင် ၄၀
မြန်မာပြည် အောက်ပိုင်း၊ မိုးအဆက်မပြတ်ရွာ၊ မိုးကြီး
~~~~~~~~~~~~~~~~~~~~
၂၃-၁၂:၃၀ ဆိုင်ကလုံး မုန်တိုင်း၊
ရန်ကုန် မှ ၃၄၀ ကီလိုမီတာ၊ အနောက်၊မြောက်၊
တနာရီ ၃၅ မိုင်
မြန်မာပြည် အောက်ပိုင်း၊ မိုးအဆက်မပြတ်ရွာ၊ မိုးကြီး

~~~~~~~~~~~~~~~~~~~
မုန်တိုင်း ရိုက်ခတ်နိုင်သော ဒေသများ
****************************
၂၂ -၂၃ ရက် ဧရာဝတီ၊ ရန်ကုန်၊ ရခိုင်၊ မကွေး တနင်္သာရီ၊
လေပြင်း၊ မိုးသီးထန်၊ မိုးကြိုးပစ်၊
အိမ် အမိုးပျက်စီး၊ သစ်ပင်လဲ၊ အနိမ့်ပိုင်း ရေမြုတ်၊

၂၃-၂၄ ရက် ဧရာဝတီ၊ မကွေး၊ရခိုင်၊ချင်း၊ နေပြည်တော်၊ ကယား၊ ကရင်၊ မွန်၊ တနင်္သာရီ
မိုးသီးထန် > အသင့်အတင့် ရွာ အခြေအနေ ပုံမှန်ပြန်ဖြစ်၊

Credit

Captain Ngwe Lin

https://www.facebook.com/100001526359751/posts/5203274213066739/

အိုမီခရွန် ပြည်တွင်းကူးစက်မှု စတွေ့နေပါပြီအိုမီခရွန်လက္ခဏာတွေက … - (၄၈)နာရီအတွင်း လက္ခဏာပြတယ် …(၁) နှာချေမယ် ၊ ပင်ပန်းနွ...
02/02/2022

အိုမီခရွန် ပြည်တွင်းကူးစက်မှု စတွေ့နေပါပြီ

အိုမီခရွန်လက္ခဏာတွေက …

- (၄၈)နာရီအတွင်း လက္ခဏာပြတယ် …

(၁) နှာချေမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိဖြစ်နေမယ် …

(၂) လည်ချောင်းယားမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ...

(၃) ခါးအောက်ပိုင်းနာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ် ...

(၄) မစားမသောက်ချင်ဖြစ်လာမယ် ...

အထက်ပါလက္ခဏာတွေဖြစ်ရင် အများပြည်သူဆိုင်ရာနေရာတွေကို မသွားခြင်းဖြင့် ကူညီပါ …
Credit မူရင်း

ရှေ့သွားကျဲနေလို့ စိတ်ညစ်နေပါသလား၊ သွားပိုးပေါက်လေးတွေရှိလို့ ရှေ့သွားလေးတွေ မလှမပါ့ဖြစ်ပြီး ရဲရဲဝံ့ဝံ့မပြုံးရတာကြာနေသူမ...
31/01/2022

ရှေ့သွားကျဲနေလို့ စိတ်ညစ်နေပါသလား၊ သွားပိုးပေါက်လေးတွေရှိလို့ ရှေ့သွားလေးတွေ မလှမပါ့ဖြစ်ပြီး ရဲရဲဝံ့ဝံ့မပြုံးရတာကြာနေသူများအတွက် မိမိသွားအရောင်နှင့် ထပ်တူကြပြီး လှပတဲ့အပြုံးများကို ဖန်တီးပေးမယ့် '' သဇင် '' သွားနှင့်ခံတွင်းဆေးခန်းသို့ ကြွမြန်းခဲ့ကြပါ။

Photo crd
15/01/2022

Photo crd

ကိုဗစ်ပိုးအသစ် B.1.1.529 ပေါ်လာလို့ ဥရောပနဲ့ အာရှဒေသက လေဆိပ်တွေ ပြန်ပိတ်လိုက်ရပါပြီ။ဗြိတိန်က ဒီပိုးဟာ ဆေးမကြောက်တဲ့ကောင်...
26/11/2021

ကိုဗစ်ပိုးအသစ် B.1.1.529 ပေါ်လာလို့ ဥရောပနဲ့ အာရှဒေသက လေဆိပ်တွေ ပြန်ပိတ်လိုက်ရပါပြီ။

ဗြိတိန်က ဒီပိုးဟာ ဆေးမကြောက်တဲ့ကောင်ဖြစ်ပြီး အဆိုးဆုံးပဲလို့ပြောကာ ပိုးစတွေ့တဲ့ တောင်အာဖရိကအပါ ၆ နိုင်ငံအား လေယာဉ်ပျံသန်းခွင့် ပိတ်လိုက်ပါတယ်။ အာရှတိုက်က ဂျပန်ကလည်း အဆိုပါ ၆ နိုင်ငံကို ပိတ်လိုက်ပါတယ်။

ကိုဗစ်ပိုးသစ်သတင်းကြောင့် စီးပွါးရေးကျဆင်းတော့မှာမို့ ရေနံဈေးနှုန်းဟာ ၅% ကျပြီး ၂ လအတွင်း အနိမ့်ဆုံး ထိုးကျသွားပါတယ်ဂရုစိုက်ပါ...

Credit....

09/11/2021

ကိုဗစ် သောက်ဆေးတွေ ဈေးပေါလာတော့မည်။

အရင်ဆေးတစ်စုံစာ ဒေါ်လာ ၇၀၀ တန်ကို အခု ဘင်္ဂလားဒေ့ရှ်ဆေးဝါးကုမ္ပဏီက လိုင်စင်ယူထုတ်ကာ ၃၃ ဒေါ်လာထဲနဲ့ စတင်ရောင်းချပေးသွားတော့မှာပါ။ လက်လီတစ်ပြားချင်းဝယ်ရင်တော့ ဒေါ်လာ ၈၂ ပြား ကျသင့်ပါတယ်။ Merck ရဲ့ဆေးဖော်မြူလာကို WHO အစီအစဉ်နဲ့ရယူကာ ထုတ်လုပ်ရောင်းချမှာမို့ ချမ်းသာတဲ့တိုင်းပြည်တွေဆီ တင်ပို့ရောင်းချခွင့်မပြုပါဘူး။

Merck ဟာ ကမ္ဘာ့ပထမဆုံး ကိုဗစ်သောက်ဆေးတီထွင်ခဲ့တဲ့ကုမ္ပဏီဖြစ်ကာ ယခုအခါ အိန္ဒိယဆေးထုတ်လုပ်ရေးကုမ္ပဏီ (၈)ခုနဲ့ပါ စာချုပ်ချုပ်ထားလိုက်ပါပြီ။ ဒါဟာ ဆင်းရဲတဲ့တိုက်းပြည်တွေကပြည်သူတွေတတ်နိုင်တဲ့ဈေးနဲ့ ရောင်းချပေးနိုင်ဖို့ရာ ကုလသမဂ္ဂကျန်းမာရေးဌာနနဲ့ ပူးပေါင်းခဲ့ခြင်းပဲ ဖြစ်ပါသတဲ့။

Ref: Reuters

ကိုဗစ်သောက်ဆေးကို UK မှာစတင်သုံးဆွဲခွင့်ပြုပြီဖြစ်ပါတယ်။ထုတ်လုပ်မှုသိုလှောင်မှုလွယ်ကူတဲ့အတွက်lower- to middle-income နို...
08/11/2021

ကိုဗစ်သောက်ဆေးကို UK မှာစတင်
သုံးဆွဲခွင့်ပြုပြီဖြစ်ပါတယ်။
ထုတ်လုပ်မှု
သိုလှောင်မှုလွယ်ကူတဲ့အတွက်
lower- to middle-income နိုင်ငံတွေအတွက်
သင့်တော်တယ်လိုဆိုပါတယ်။

Ref-https://www.washingtonpost.com/health/2021/11/04/covid19-pill-merck-molnupiravir-approval-uk/

ျေးနှုန်း

molnupiravir သောက်ဆေးကို US မှာ
(၅)ရက်သောက်ဆေးတစ်ဖုံအတွက်
USD (700) ကျမယ်လို့သိရပါတယ်။

ယခုငွေစျေးနဲ့ဆိုကျပ်(၁၄)သိန်းနီးပါးကျပါမယ်။
မြန်မာလူမျိုးအတွက်တော့စျေးကြီးပါတယ်။

သို့သော်အန္ဒိယနိုင်ငံဆေးကုမ္ပဏီတွေကို
ထုတ်လုပ်မှုခွင့်ပြုပြီးစျေးနှုန်းမထိမ်းချုပ်ဘဲ
တန်ဘိုးလျှော့ရောင်းခွင့်ပြုမယ်လို့သိရပါတယ်။

Source- Forbes & Nature

Credit...

https://m.facebook.com/story.php?story_fbid=10215533006517958&id=1823311875

💠 စတုတ္ထလှိူင်းကိုကာကွယ်ရန် ကိုဗစ်နှင့်ပတ်သက်၍သိထားသင့်တဲ့ ပို့စ်တချို့ 💠 *******t*******h*******u*******r*******a******...
11/10/2021

💠 စတုတ္ထလှိူင်းကိုကာကွယ်ရန် ကိုဗစ်နှင့်ပတ်သက်၍
သိထားသင့်တဲ့ ပို့စ်တချို့ 💠 *******t*******h*******u*******r*******a*******

သွေးပျစ်ရင် သွေးတွင်း အောက်စီဂျင် ကျတာကြောင့် ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင် စောင့်ရှောက်ဖို့ လိုပါတယ်။
သွေးပျစ်ရတဲ့ အကြောင်းက စိတ်နဲ့ ပတ်သက်တဲ့ခံစားချက်၊ ခန္ဓာနဲ့ ပတ်သက်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့ ပတ်သက်ပါတယ်။

သွေးပျစ်လာရင် ခန္ဓာကပေးတဲ့ မက်ဆေ့ ၄မျိုးကတော့_

၁။ မနက်ထလာရင် ခေါင်းမူးတယ်၊ အားမရှိဖြစ်တယ်။ မနက်စာစားပြီးမှ တဖြည်းဖြည်း နိုးကြားလာပြီး ညနက်လေ လန်းဆန်းလေ ဖြစ်လာတယ်။

၂။ နေ့လည်စာစားပြီးရင် အရမ်းအိပ်ချင်တယ်၊ မအိပ်လို့ မရတာမျိုး။

၃။ ဆောင့်ကြောင့်ထိုင်ချလိုက်တာနဲ့ မွန်းကြပ်ပြီး အသက်ရှူလို့မကောင်းတာ၊ ခန္ဓာကိုယ် ဝဖြိုးတာ။

၄၊ အမြင်အာရုံ ရုတ်တရက် ဝေဝါးတာ၊ ချက်ချင်း
ကောင်းကောင်းမမြင်ရတာ။ ခန္ဓာက သွေးပျစ်ကြောင်း အချက်ပြလာပြီဆိုရင် အမြန်ကုစားကြပါ။

သွေးပျစ်တာကို သက်သာစေဖို့ နည်းလမ်း၅မျိုးကတော့_
*******t*******h*******u*******r*******a*******

၁။ ရေများများသောက်ပါ။

၂။ ကိုလက်စထရောကို တားဆီးနိုင်တဲ့ ဟင်းသီးဟင်းရွက်တွေဟာ ရေဓာတ် အများကြီးပါတဲ့အပြင် ကြွယ်ဝတဲ့ ဗီတာမင်စီနဲ့ ဖိုက်ဘာအမျှင်ဓာတ်တွေပါပါတယ်၊ ဒါကြောင့် ဟင်းသီးဟင်းရွက်၊ ပြောင်းဖူး၊ အသီးအနှံ အစေ့အဆံ အစုံစားပါ။

၃။ တိရစ်ဆာန် ဝမ်းတွင်းကလီစာ လျှော့စားပါ ။

၄။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။

၅။ အရက်နဲ့ ဆေးလိပ်ကို ဖြတ်ပါ။

သွေးပျစ်ရင် ရေများများသောက်ဖို့ "ပထမ" ဆိုတော့
ရေ နဲ့ ပတ်သက်တာကို နည်းနည်းထပ်ပြီး မျှဝေပါမယ်။

ဒါကြောင့် သွေးပျစ်တာမဖြစ်အောင် သွေးတွင်း အောက်စီဂျင်များအောင် ရေများများသောက်ပါ။ အထူးသဖြင့် ရေနွေးများများသောက်ပါ။ ရေနွေးက အဆီတှကျေို ခြေဖျက်နိုင်တယ်၊ အစာကြေတယ်၊ သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်။

ရေသောက်ခြင်းရဲ့ အကျိုးအာနိသင် ( ၈ )မျိုးကတော့
*******t*******h*******u*******r*******a******* ၁။ အဆိပ်အတောက်တွေကို သန့်စင်စေတယ်။ ၂။ အရေပြားကို သန့်ရှင်း ကျန်းမာစေတယ်။ ၃။ ကြွက်သားကို သန်မာစေတယ်။ ၄။ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေတယ်။ ၅။ စွမ်းအင် တိုးပွားစေတယ်။ ၆။ ဝိတ်ကျစေတယ်။ ၇။ ခေါင်းကိုက်တာကို သက်သာစေတယ်။ ၈။ မှတ်သားနိုင်တဲ့စွမ်းရည်ကို တိုးပွားစေတယ်။

- ရေခဲရေကို ရှောင်ပါ။
- ရိုးရိုးရေကို များများသောက်ပါ။ - ရေနွေးကို များများသောက်ပါ။

- ရိုးရိုးရေနွေးဖြူအပြင်၊ ရေနွေးကို လက်ဖက်ခြောက် ခတ်သောက်တာ၊
- ပျားရည်နဲ့ သံပရာ ညှစ်သောက်တာကလည်း ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ Credit.... - [ ] https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051

♦️ #သွေးခဲပြီးမသေစေလိုပါ ♦️
*****t*****h*****u*****r*****a***** အခုတလော ကြုံတွေ့နေကြရတာက သွေးခဲပြီး သေတဲ့ အဖြစ်တွေပါပဲ။

ကိုဗစ်ရောဂါကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး
အသက် ဘေး က လွတ်လာကြပေမယ့် နောက်ပိုင်း မှာ သွေးခဲပြီး ရုတ်တရက်သေနေကြပါတယ်။

အဲဒီသွေးခဲခြင်းမဖြစ်အောင်နည်းလမ်းရှာကြဖို့လိုပါတယ်။

သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေသောက်ကြ
ရတယ်။ ဒါကြောင့် သွေးကျဲဆေးဈေးတွေမိုးပေါ် ရောက်သွားတယ်။ လူအများမေးကြတာက သဘာဝ နည်းနဲ့ သွေးကျဲအောင် လုပ်လို့မရဘူးလားတဲ့။

ရပါတယ်။သဘာဝနည်းနဲ့ သွေးကျဲအောင် လုပ်တဲ့
နည်းကို အခုပြောပြပါမယ်။

သွေးကျဲဆေးလိုပဲ သဘာဝမှာ သွေးကျဲအောင် လုပ်
ပေးနိုင် တာကတော့ကြက်သွန်ဖြူဖြစ်ပါတယ်။ ကြက်သွန်ဖြူဟာ ဓါတုသွေးကျဲဆေးထက် အများ ကြီးပိုကောင်းပါတယ်။

ပြီးတော့ ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်တဲ့ ပုလိပ်
ရောဂါကိုလည်း ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြ တာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးသင့်တယ်။

သဘာဝမှာ သွေးမခဲအောင်လုပ်ပေးနိုင်တာရှိပါ
သေးတယ်။ အဲဒါကတော့ နနွင်း ဖြစ်ပါတယ်။ နနွင်းက ဆီနဲ့ဖျော်သောက် မှ အူတွေကနေ စုပ် ယူနိုင်တာဖြစ်တယ်။ အခုလိုအခါမှာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း၊ ညနေတစ်ဇွန်း သောက်သင့် တယ်။

နောက်တစ်ခုကတော့ သံလွင်ဆီဖြစ်တယ်။ ဆံချည်
မျှင်သွေးကြောလေးတွေ အတွင်းထဲအထိ ရှင်းလင်း ပေးနိုင်တာ ကမ္ဘာပေါ်မှာသံလွင်ဆီတစ်မျိုးပဲရှိတယ်။

နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်
သောက်ကြပေါ့။သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ် နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့။

သွေးပျစ်ရတာက ရေသောက်နည်းလို့။ ရေများများသောက်မှ သွေးက ကျဲလာမှာဖြစ်တယ်။ဘဒါကြောင့် တစ်နေ့ကို ရေ ၄ လီတာလောက် သောက်ရမယ်။ ရေခပ်နွေးနွေး သောက်တာ အကောင်းဆုံးပဲ။

သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေ
များတယ်။ အချဉ်ဓါတ်စားပေးရင် သွေးကျဲတယ်။ ဒါကြောင့်သံပရာရည် ချဉ်ချဉ်လေးသောက်ပေး ဖို့ကောင်းတယ်။

အနောက်နိုင်ငံကတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။ အခု မြန်မာပြည်မှာတော့ ကင်ပွန်း
ချဉ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။

သွေးထဲမှာရောနေတဲ့ အရည်ကြည်တစ်မျိုးရှိပါတယ်။အဲဒါကို သွေးသည်းခြေလို့ ခေါ်ပါတယ်။ သွေးသည်း
ခြေ နည်းနေရင် လည်းသွေးကပျစ်တတ်တယ်။

သွေးသည်းခြေဓါတ် အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့ကြောင်ရှာ၊ခွေးတောက်၊ငရုတ်ခါး၊ဆင်တုံးမနွယ်၊ရဲယို၊ဒန့်ဒလွန်တွေစားပေးသင့်တယ်။ အခါးစားမှလည်း ဝါယောအားကောင်းပြီး သွေးလည်
ပတ်မှု မှန်မှာဖြစ်တယ်။

အထိုင်များအအိပ်များရင် သွေးလေးပြီး သွေးခဲတတ်
တယ်။ ဒါကြောင့်လမ်းလျှောက်ပေးရမယ်။ လမ်းလျှောက်လို့ခြေသလုံးကြွက်သားတွေညှစ်တော့မှ‌ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။‌ ခြေသလုံး၂ခုဟာ ဒုတိယနှလုံးတွေ ဖြစ်တယ်။ ခပ်ဖြေးဖြေးလျှောက်ပေါ့။ သွေးခဲတာခြေထောက် ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြော ထဲမှာ ပါလာပြီး နှလုံး၊ ဦးနှောက်တွေမှာ သွား ပိတ်တာ များတယ်။

သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခု
ပြောခဲ့တာ တွေကို Network နဲ့လုပ်မှ ပြည့်စုံမှာ ဖြစ်တယ်။ ဒီလိုပဲ ဉာဏ်ရှိသလို လုပ်ရမှာပဲ။ ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် သေဘေးကနေ ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

ချစ်ခင်လေးစားလျှက်..
မူရင်းစာရေးသူ (sharing is caring) https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051 ~~~~t~~~h~~~u~~~r~~~a~~~~

ကိုဗစ်က ရေသိပ်ကြိုက်တယ်
ရောဂါပျောက်လို့ ဆေးရုံကဆင်းတယ် လူနာကို လန်းဆန်းသွားအောင် ရေချိုးပေးတယ် လူနာက ရေချိုးပေးဖို့တောင်းဆိုတယ် ရေချိုးတယ်

မိနစ်၂၀ နာရီဝက်လောက်မှာ မောတယ်ဆိုပြီး သေတယ်

ကိုဗစ်က အဆုတ်ကို ရုတ္တရက်တိုက်ခိုက်တာပါ
အဆုတ်သွေးကြောလေးတွေခဲသွားတာပါ

ကျမကို ကုတဲ့ဆရာဝန်ဆိုရင် သူ့ဆေးခန်းလာပြတဲ့
သူတိုင်းကို ရောဂါပျောက်သွားလည်း ၂၁ရက် ရေ မထိ ရေမချိုးဖို့ အထပ်ထပ်မှာတယ် Toilet သွားရင် တောင် စက္ကူသုံးဖို့ဘဲပြောတယ်

အအေးမခံဖို့မှာတယ်

လေဝင်လေထွက်ကောင်းအောင် တံခါးတွေဖွင့်ခိုင်း
ထားပေမယ့် လေစိမ်းတိုက်ခံတာမျိုးမလုပ်ဖို့မှာတယ်

ခုနကဘဲ မိတ်ဆွေတစ်ယောက် ဆေးရုံဆင်းပြီး
၆ရက် မပြည့်သေးဘူး ကောင်းသွားပြီဆိုပြီး ၅မိနစ်လောက်ဘဲရေချိုးတယ်

မိနစ်၂၀လောက်မှာ မောတယ်ဆိုပြီး သေတယ်

အဖြစ်မှန်တွေပါ

လူများများသိအောင် သတိပေးကြပါ

Credit Original Uploader
https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051 ~~~t~~~h~~~u~~~r~~~a~~~ 21.8.2021

ပုံမှန် ၉၈ - ၉၉% ရှိတဲ့သူတစ်ယောက်က
၉၅ ကနေ မတက်တော့ဘူးဆို ကျတော့မယ်ဆိုတာ သိရပါမယ်။ လိုအပ်တဲ့ ကုသမှု အချိန်မီ စတင်ရပါမယ်။ ကျရင် အောက်စီဂျင်ရှူရုံနဲ့ ကိုဗစ်က မပျောက်ပါဘူး။ လေအိတ်တွေ ပျက်စီးကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါ့အပြင် လေအိတ်ပတ်ဝန်းကျင်မှာ ရောင်ရမ်းကုန်လို့ အောက်စီဂျင်ကျတာပါ။ ဒါကို မကုဘဲ အောက်စီဂျင်ပဲ ရှူနေလို့ မရပါဘူး။ လေအိတ်တွေ ပျက်စီးတာကို မတားဘဲ အောက်စီဂျင် သက်သက်ပဲ ရှူနေလို့ကတော့ ပိုဆိုးဆိုးလာဖို့ပဲ ရှိပါမယ်။ ကိုဗစ် တစ်ခုပဲ ကုလို့လည်း မရပါဘူး။ နဂိုရှိရင်းစွဲ ရောဂါတွေကိုလည်း ကုရပါမယ်။ ဆီးချိုရှိရင် ဆီးချိုက ထိန်းရခက်အောင် တက်ပါတယ်။ ကိုဗစ်အတွက် သုံးတဲ့ ဆေးတွေကလည်း ဆီးချို‌ သွေးတိုးကို ပိုဆိုးစေပါတယ်။ Dexa တွေ၊ Prednisolone တွေ ဖောဖောသီသီ သုံးရုံနဲ့ ကိုဗစ်ကို ကုလို့မရပါဘူး။ လူတကိုယ်လုံးကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ် ကုသရ ပါတယ်။ တစ်ဦးနဲ့ တစ်ဦးစီအတွက် ကုသပုံဟာ တူမလိုနဲ့ မတူပါဘူး။

နောက်ဆုံးမှတ်ရမှာက...
လက္ခဏာတစ်ခုခု စဖြစ်တဲ့ ရက်ကနေ (၇ ) ရက်ပြည့်ရင် ဆေးခန်း သွားကို သွားပြရပါမယ်။

ကိုဗစ်ကြောင့် အောက်စီဂျင်ကျပြီး အချိန်မီ မကု
သလိုက်နိုင်တဲ့ အဖြစ်ဆိုးတွေ မြင်လည်း မမြင်ချင်၊ ကြားလည်း မကြားချင်တော့ပါ။ https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051

💠 ကိုဗစ် ပြုစုကုသပုံ အဆင့်ဆင့် 💠
====t====h====u====r====a==== ၁။ ဖျားပြီ ညောင်းကိုက်ပြီဆိုတာနဲ့ ကိုဗစ်ဖြစ်ပြီဆို တာ လက်ခံလိုက်ပါ။ (ဆရာဝန်နဲ့ ပြိုင်ငြင်းမနေပါနဲ့)

၂။ ကိုဗစ်လို့လက်ခံပြီး ကိုဗစ်ပိုး မစစ်ဆေးရသေးသော်လည်း ကိုဗစ်စည်းကမ်းအတိုင်း နေထိုင်ပါ။

၃။ အစားများများစားပါ။ အရည်များများသောက်ပါ။
ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။ နေပူစာလှုံပါ။

၄။ ပထမ ၇ ရက်အတွင်း အောက်စီဂျင် တနေ့ ၃ ကြိမ်
တိုင်းပါ။ ၇ ရက်ကျော်လျှင် မိမိ၏ ပုံမှန်တိုင်းတာမှုမှ ၃ % ကျပြီဆိုလျှင် ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ကုသပါ။

၅။ အောက်စီဂျင် စပြီး ကျပြီဆိုကတည်းက မနက်၊
နေ့၊ ည အစာစားပြီးတိုင်း ရေနွေးငွေ့ရှူပါ။ တခါရှူလျှင် အနည်းဆုံး ၅ မိနစ်၊ အများဆုံး ၁၅ မိနစ်ထက် မပိုရ။ ရေနွေးအပေါ်တွင် အနည်းဆုံး ၈ လက်မအကွာ၌ မျက်လုံးပိတ်၍ မျက်နှာသုတ်ပုဝါ ခေါင်းတွင် ခြုံ၍ အသက်ပြင်းပြင်း ရှူသွင်း ရှူထုတ် ပြုရမည်။ မျက်နှာသုတ်ပုဝါအား လေလုံအောင် မဖုံးထားရပါ။ ရေနွေးပူမလောင်စေရန် သတိပြုပါ။

၆။ အစားစားပြီး ရေနွေးငွေ့ ရှူပြီးပါက အသက်ရှူလေ့
ကျင့်ခန်း လုပ်ရပါမယ်။ အသက်ရှူလေ့ကျင့်ခန်း ၂ မျိုး ထဲမှ ချောင်းတအားဆိုနေလျှင် ပြင်းပြင်းရှူ တစက္ကန့် အောင့် ပြင်းပြင်းရှူထုတ် ၅ မိနစ်လုပ်ပါ။ ချောင်းမဆိုး ဘဲ ခံနိုင်ရည်ရှိလာလျှင် ၄ စက္ကန့်ပြင်းပြင်းရှူ၊ ၇ စက္ကန့် အောင့်ထား၊ ၈ စက္ကန့် ရှူထုတ် လေ့ကျင့်ခန်း ၅ မိနစ် လုပ်ပါ။

၇။ စားမယ်၊ ရှူမယ် ပြီးရင် မှောက်ပါမယ်။ မှောက်
နေစဉ် ချီးပါသေးပေါက်၊ ဟိုလူနဲ့စကားပြော ဒီလူနဲ့ စကားပြော မလုပ်ရပါ။ အနည်းဆုံး တနာရီ အများ ဆုံး ၄ နာရီမှောက်ရပါမယ်။ တအားမောနေလျှင် တအားဝ နေလျှင် ထိုင်လျှက် မှောက်ခြင်းဖြင့် စ လုပ်ပါ။ သက်သာလာလျှင် အိပ်ယာပေါ်မှာ မှောက်ပါ။ အိပ်ယာပေါ်မှာ မှောက်လျှင် ဗိုက်မပိအောင် ခေါင်းအုံးများ သေချာ ခုထားရပါမယ်။ ပုခုံးကို အမြင့်ဆုံး ဖြစ်အောင်ထားပါ။

၈။ ဆရာဝန်နှင့် အမြဲဆက်သွယ် တိုင်ပင်နေရပါမယ်။ ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို သေချာ နားထောင်ရပါမယ်။
https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051

♦️👉အိမ်သူအိမ်သားများ၏ တာဝန်👈♦️
======t====h====u====r===a======

ဒီအချိန်မှာ ကူးစက်ရောဂါ ပေါက်ကွဲပျံ့နှံ့နေတဲ့
အချိန်မှာ လူနာများ သက်သာ ကောင်းမွန်ဖို့ ဆရာဝန် များချည်းသာ တာဝန်ရှိတာ မဟုတ်ပါဘူး။ လူနာရဲ့ ဆွေမျိုးသားချင်းများရဲ့ အခန်းကဏ် ဍဟာလည်း အလွန် အရေးကြီးပါတယ်။ ဆရာဝန်က လူနာကို မှာကြားလိုက်တာတွေကို ဘေး ကနေ သေချာနားထောင်ပြီး မိမိလူနာ အကျိုးအတွက် စနစ်တကျ လိုက်နာဆောင်ရွက်စေဖို့ ကူညီပေးရပါမယ်။ တချို့လူနာတွေက ကိုဗစ်ဖြစ်ပြီလို့ ပြောလိုက်တာနဲ့ စိတ်ဓာတ်တွေ ကျသွားပါတယ်။ ကြောက်လန့်သွား ကြပါတယ်။ နောက်ပြီး မထူးဇာတ်ခင်းကြပါတယ်။ ဆရာဝန်ပြောတာကို ဘာတစ်ခုမှ အလေးအနက် မထားတော့ပါဘူး။ မိမိထင်ရာလုပ်၊ နေချင်သလို နေကြတော့တဲ့ သူတွေလည်း တွေ့ရပါတယ်။ ကိုဗစ်ဆိုတာ လေဖြတ်သလို၊ တခြားနာတာရှည် ရောဂါတွေလို အချိန်အကြာကြီး ပြုစုကြရမှာ မဟုတ်ပါဘူး။ ၂ ပတ်လောက်သာ သေချာ ပြုစုပေးရင် အသက် အန္တရာယ် မရှိနိုင်ပါဘူး။ မလိုအပ်ဘဲ သေဆုံးမှုတွေ ကို လျှော့ချနိုင်ပါတယ်။ စဖျားတဲ့နေ့ကနေ ၇ ရက်အထိကာလမှာ အစား ကောင်းကောင်း ကျွေးမယ်၊ စိတ်ဓာတ်မကျအောင် အားပေးမယ်။ ဆရာဝန်ညွှန်ကြားထားတာတွေကို စနစ်တကျဖြစ်အောင် ကူညီပေးမယ်။ တပတ်ကျော်ရင် ရောဂါ စပြီးဆိုးတတ်တော့ ပိုပြီး ဂရုစိုက်မယ်။ အသက်ရှူလေ့ကျင့်ခန်းတွေ၊ နေထိုင်ရမယ့် ပုံစံတွေကို သေချာလုပ်ခိုင်းမယ်။ အားတင်းထားဖို့ အားပေးမယ်။ ၁၀ ရက်ကျော်လို့ အောက်စီဂျင် ပုံမှန်ပဲဆို အတော် လေး စိတ်ချရပါပြီ။ နောက်ထပ် ‌၄ ရက်ကို သေချာ ဂရုတစိုက် ထပ်ပြီး စောင့်ရှောက်မယ်ဆို လူနာအသက်အန္တရာယ်နဲ့ သေ ဆုံးနှုန်းကို သိသိသာသာလျှော့ချနိုင်မှာပါ။ ပထမ ၇ ရက်အတွင်းမှာ စိတ်ပူစရာမရှိပါဘူး။ အဲဒီအချိန်မှာ လူနာကို စိတ်အေးအေးနဲ့ စောင့်ရှောက်နိုင်ပါတယ်။ တစ်ပတ်နဲ့ ၁၀ ရက်အတွင်းကို အထူးဂရုစိုက်ပြီး ဆရာဝန် ညွှန်ကြားချက်တွေကို တသွေမတိမ်း လိုက်နာရုံပါပဲ။ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ အသက်အန္တရာယ်ရှိမှာပါ။ ဒီလိုသာ အိမ်သား‌တွေရဲ့ တာဝန်ကျေမယ်ဆိုရင် စိတ်ဆင်းရဲ ဝမ်းနည်းရတာတွေကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါတယ်။ ကဲ ကိုဗစ်ကို ကြောက်မနေဘဲ ခပ်မာမာနဲ့ ရင်ဆိုင် လိုက်ကြရအောင်။

Credit: ဒေါက်တာသန်းထိုက်
/ Health & Knowledge https://m.facebook.com/story.php?story_fbid=384015983091226&id=100044484822051 15 - 9 - 2021 Photo Credit

ဆေးလိပ်သောက်သူ များ သတိပြုဖွယ်...ကိုဗစ်ကူးစက်ခံရမှု ကြောင့် ဆေးရုံ တက်ရောက်ကုသရ သူများတွင် ဆေးလိပ်သောက်သူ များ ၆၀% မှ ၈၀...
30/09/2021

ဆေးလိပ်သောက်သူ များ သတိပြုဖွယ်...

ကိုဗစ်ကူးစက်ခံရမှု ကြောင့် ဆေးရုံ တက်ရောက်ကုသရ သူများတွင် ဆေးလိပ်သောက်သူ များ ၆၀% မှ ၈၀% အထိ ပါနေပပြီး အသက်ဆုံးရှုံးရန် အခွင့်အလမ်းများကြောင်း ဆန်းစစ်ချက်များ က ဖော်ပြထားပါတယ်...

Credit...

https://www.theguardian.com/society/2021/sep/27/smokers-much-more-likely-to-be-admitted-to-hospital-with-covid-19-study-suggests

COVID-19 Infection and Vaccination ကိုဗစ်ဖြစ်ပြီးတဲ့လူက ဘယ်လောက်ကြာမှ ကာကွယ်ဆေးထိုးလို့ရပါလဲဆရာရှင့် တခုလောက်မေးချင်လို့...
20/09/2021

COVID-19 Infection and Vaccination ကိုဗစ်ဖြစ်ပြီးတဲ့လူက ဘယ်လောက်ကြာမှ ကာကွယ်ဆေးထိုးလို့ရပါလဲ

ဆရာရှင့် တခုလောက်မေးချင်လို့ပါ အိမ်မှာအဖေနဲ့အမေက ၆၀ ကျော်နဲ့ ၇၀ ကျော်ပါ ကိုဗစ်ခုမှဖြစ်ပြီးတာပါ ကာကွယ်ဆေးထိုးလို့ရလားရှင့် စောင့်ရအုံးမှာလား ရှင့်

ကိုဗစ်ဖြစ်ပြီးတဲ့လူက ဘယ်လောက်ကြာမှ ကာကွယ်ဆေးထိုးလို့ရပါလဲ
- ကိုဗစ် ကူးစက်ခံရသူတွေ ရောဂါလက္ခဏာတွေရှိနေစဉ် ကိုဗစ်ကာကွယ်ဆေး မထိုးရသေးပါ။
- လူနာတယောက်နဲ့တယောက်၊ တိုင်းပြည်တခုနဲ့တခု မတူတတ်ပါ။
- သက်ဆိုင်ရာကျန်းမျာရေးဌာနက သတ်မှတ်ချက်အတိုင်း ထိုးနိုင်သည်။
- ယူကေမှာပိုးတွေ့ (သို့) ရောဂါလက္ခဏာပြတဲ့အချိန်ကနေ (၂၈) ရက်ကြာရင် ထိုးနိုင်ပြီလို့သတ်မှတ်ထားပါတယ်။
- Isolation ခေါ် သီးခြားနေထိုင်ရခြင်းကာလကနေ လွတ်ရင် ကာကွယ်ဆေးထိုးနိုင်ပြီ။
- တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။
- အသက် (၁၈) နှစ်အောက်တွေကို ကိုဗစ်ကာကွယ်ဆေး နိုင်ငံတွေအလိုက် သတ်မှတ်ချက် မတူ။ ဥပမာ ယူအက်စ်အေမှာ အခု (၁၂) နှစ်အထက်ထိုး။
- တနည်းအားဖြင့် တခြားသူတွေကို ကူးစက်နိုင်တဲ့ရက်ကျော်ရင် ထိုးနိုင်ပြီ။

ကိုဗစ်ကာကွယ်ဆေး တမျိုးထိုးပြီးနောက် တခြားကာကွယ်ဆေးထိုးရန် လမ်းညွှန် မရှိ။ ကာကွယ်ဆေး တမျိုးမကထိုးခြင်းအတွက် သုတေသန မစုံလင်သေး။ မထိုးရလို့လည်း မတွေ့သေး။

ကိုဗစ်ကာကွယ်ဆေး ပဌမအကြိမ်ထိုးပြီး ကိုဗစ်ကူးစက်ခံရသူတွေလည်း ဒုတိယဆေးထိုးရန် ကိုဗစ်လက္ခဏာတွေ ပျောက်တဲ့အထိ စောင့်ရမယ်။

ပဌမအကြိမ်မှာ ဆေးတမျိုးထိုးသူ နောက်တကြိမ်မှာ ဆေးအမျိုးအစားတမျိုးထိုးခြင်း ဆေးသုတေသန မရှိ။

ကူးစက်ခံရသူတွေနဲ့ ကာကွယ်ဆေးထိုးထားသူတွေ အင်တီဘော်ဒီစမ်းပါ လမ်းညွှန်ချက် မရှိ။ မြန်မာပြည်မှာ အင်တီဘော်ဒီစမ်းတာ အလေ့အကျင့်လိုဖြစ်နေတယ်။ သူများတိုင်းပြည်တွေမှာ မခိုင်းပါ။

ဒေါက်တာတင့်ဆွေ
Swe

27/08/2021

#ရေသောက်ပါ...

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ မနက်၃နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာ တွေ့ရတယ်

၃နာရီ မှ ၈နာရီ ကြားမှ ရေသောက် အနဲဆုံးဖြစ်ပြီး သွေးအပြစ်ဆုံးအချိန်မို့ နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ...

အိပ်ရေးပျက်မှာစိုးလို ညဖက်ရေ မသောက်တဲ့အကျိုးဆက် ပါ လို့ နှလုံးဆရာဝန်ကြီးတွေပြောပါတယ်

နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ် ...
သွေးမပျစ်အောင် ရေကိုသတိရတိုင်း သောက်ပေးကြပါ

ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။ ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။ ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်

လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။ မမှန်ဘူးခင်ဗျား ။

နှလုံးနာတဲ့ ဝေဒနာ အဲ့ (Heart Attack) နှင့် ရေဆိုတာ ဒွန်တွဲနေပါတယ်။

လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့် ဆီးပိုသွားတတ်သလဲ

နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။ ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။ ၀ပနြတယြေ။ ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့် တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့ ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။

ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။ ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ် ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ခင်ဗျား။

မှန်ပါတယ်။
အဲ ဒါပေမယ့် ။ နှလုံးရောဂါကု ပညာရှင်တွေရဲ့ အဆိုအရ ရေကို ပိုသောက်ပေးသင့်တဲ့ အချိန်တွေကို သတ်မှတ်ပေးထားပါတယ်။

ဘယ်လို သတ်မှတ်ထားသလဲ။
မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာကိုယ်အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။

နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။ အစာကြေ လွယ်တာကို ခံစားရပါမယ်။

ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။

အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့် နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။

အဲ ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။ ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ Leg Cramp မှလည်း ကင်းဝေးစေပါတယ်။

ဘာကြောင့်လဲ။

ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်သိချင်လျှင် (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of American College of Cardiology)မှာ ဖတ်ကြည့်ပါ။

နှလုံးနာတဲ့ရောဂါ heart attack ဆိုတာဟာ နေ့ဘက်မှာပဲ ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန် အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။ အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက် (baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မ၀င်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin) တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့ အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။

(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင် ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။ ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့ ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။

ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာ အပေါ် တင်လိုက်တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့ (အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။

Heart attack အဲ နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့် ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။

ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။
မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။ ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။

အဲ ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့ ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။

နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့ ခင်ဗျား။

မှန်ပါတယ်။
အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀(ခြောက်ဆယ်) ရာခိုင်နှုန်းက နှလုံးနာဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။

မြန်မာတွေ ပြောလေ့ရှိတဲ့ အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။

ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။

(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။

အဲ ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း အဲ ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။

နောက် ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။
အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။

အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။

အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water) ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။

တိုတိုလေးပါ။
ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။

မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။

စာရှုသူ ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။

(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။

(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။

အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။

(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။

အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။

မှန်ပါတယ်။
ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။

*Credit:
ဦးလှဝင်း (လေသူရဲတစ်ဦး)

Address

Thandwe

Telephone

+959788905294

Website

Alerts

Be the first to know and let us send you an email when Thazin Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram