တက်နေဝင်း - Tet Nay Win Healthcare Center

တက်နေဝင်း - Tet Nay Win Healthcare Center ဆေးခန်း နှင့် ကျန်းမာရေး ဝန်ဆောင်မှု များ

“ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင် နဲ့ ဆေးကုမ္ပဏီ လောက မှာ ဆယ်စုနှစ် ကြာ အတွေ့အကြုံရှိတဲ့ဆရာဝန်များ” ကိုယ်တိုင် သင်ကြားပေးမယ့် “...
29/10/2022

“ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင် နဲ့ ဆေးကုမ္ပဏီ လောက မှာ ဆယ်စုနှစ် ကြာ အတွေ့အကြုံရှိတဲ့ဆရာဝန်များ” ကိုယ်တိုင် သင်ကြားပေးမယ့် “အဆင့်မြင့် ဆေးဝါး ကျွမ်းကျင် သင်တန်း”💊🩺

ကုသိုလ်လည်းရ ၊ ဝမ်းလည်းလှ တဲ့ သမာအာဇီဝ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်ပြီး အထက်တန်းပညာအဆင့်မှစပြီး အသက်အရွယ် မရွေး တက်ရောက်နိုင်ပါတယ်

- - - - - - - - - - - - - - - - - - - - - - -

ဘယ်လိုတွေ သင်ကြားပေးမှာလဲ 📚

“နားလည် သိကျွမ်း တက်မြောက်” သည် အထိ

အခေါ်အဝေါ် ၊ အသုံးနှုန်းများ
အသံထွက်များ
စာလုံးပေါင်းများ အစ
မြန်မာလိုရော အင်္ဂလိပ်လိုပါ

အသေးစိတ် စိတ်ရှည်လက်ရှည် သင်ကြားပေးမှာဖြစ်ပါတယ်

- - - - - - - - - - - - - - - - - - - - - - -

ဘာတွေသင်ကြားပေးမှာလဲ❓

📌ဆေးဝါးပညာရပ် မိတ်ဆက်ခြင်း
📌ဆေးဝါး အမျိုးအစား ပုံသဏ္ဍန် များ
📌ဆေးအညွှန်း နှင့် ဆေးအညွှန်းစာ များ
📌ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ ရောင်းချရမည့် ဆေးများ/ OTC/ ဖြည့်စွက်စာများအကြောင်း
📌အခြေခံ ခန္ဓာကိုယ် ဖွဲ့စည်းပုံ များ အကြောင်း
📌Brand name/ Generic Name/ Therapeutic Groups
📌ရောဂါ အလိုက် ဆေးဝါးများ အသုံးပြုပုံ
📌ဆေးဝါး နှင့် ဘေးထွက် ဆိုးကျိုးများ
📌ထိန်းချုပ်ဆေးဝါး၊ အထူးထိန်းချုပ်ဆေးဝါးများ နှင့် ရေခဲဆေးများအကြောင်း
📌Medical Device နှင့် Instrument များအကြောင်း

📌ဆေးဆိုင်ဖွင့်ရန် နေရာ ရွေးချယ်ခြင်း၊ ဆိုင်ခန်း ပြင်ဆင်ခြင်း နှင့် ဆေးဆိုင်လိုင်စင် လျောက်ထားခြင်း
📌ဆေးဝါးများ ထားသို သိမ်းဆည်းခြင်း
စာရင်းဇယားများပြုလုပ်ခြင်း
📌ဆေးဆိုင် အတွက် လိုအပ်သော ဆေးများ ဝယ်ယူခြင်း
📌ဆေးဝါးများကို စျေးနှုန်းသတ်မှတ်ခြင်း
📌ဆေးဆိုင်ဖွင့်ရန် လိုအပ်သော ဆေးဝါးများ စာရင်း

📌ဆရာဝန် နှင့် ဆေးရုံ Speciality များ အကြောင်း
📌ဆေးကုမ္ပဏီ ၊ ဆေးဆိုင်တွင် လုပ်ကိုင်မည့် ဝန်ထမ်းများ အတွက် အခြေခံ ကျင့်ဝတ်များ
📌ဆေးကုမ္ပဏီ နှင့် ဆေးဆိုင်များ တွင် အသုံးပြုရမည့် Sales & Marketing နှင့် Customer Service အခြေခံများ

ဒါတွေ အပြင် Practical ၊ Field Visit နဲ့ Exam လည်းရှိတာမို့ မတတ်မြောက်မှာ လုံးဝ (လုံးဝ) ပူစရာမလိုပါဘူး

ဘယ်လို လူတွေ တက်သင့်လဲ❓

- - - - - - - - - - - - - - - - - - - - - - -

📌မိသားစုတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးလိုသူများ
📌ကိုယ်ပိုင်ဆေးဆိုင်များဖွင့်လိုသူများ
📌ဆေးဆိုင်များတွင် လုပ်ကိုင်လိုသူများ
📌ဆေးကုမ္ပဏီများတွင် လုပ်ကိုင်လိုသူများ

- - - - - - - - - - - - - - - - - - - - - - -

သင်တန်းပြီးသွားရင် ဘာတွေရမလဲ❓

Certificate ပေးအပ်ပါမယ်
ဆေးဆိုင်များ၊ ဆေးကုမ္ပဏီ များမှာ အလုပ်အကိုင်များ ကူညီ ရှာဖွေပေးသွားပါမယ်
အလုပ်အင်တာဗျူးများ ဖြေရန် အတွက် အကြံဥာဏ်ကောင်းများပေးသွားဦးမယ့် အပြင်

သိလိုတာတွေကိုလည်း သင်တန်းဆင်းပြီးသွားရင်တောင် အချိန်မရွေး ကူညီအကြံပေးဖြေကြားသွားပေးမှာ ဖြစ်ပါတယ်

ဒီလိုအခြေခံမှစပြီး အလုပ်လုပ်နိုင်သည်အထိ သေချာသင်ပေးမဲ့ သင်တန်းကို တက်ရောက်ဖို့
ရွေးချယ်လိုက်ပါနော်။

သင်တန်း နေရာ၊ အချိန်

📍နေရာ - တက်နေဝင်း ဆေးခန်း၊ အမှတ်(၁၆) စျေးချိုလမ်း၊ မြို့မစျေးအနီး၊ သန်လျင် မြို့နယ်၊ ရန်ကုန် မြို့

⏰အချိန် - စနေ နှင့် တနင်္ဂနွေ၊ မနက် ၉ နာရီ မှ ၁၂ နာရီ

🗓️သင်တန်းစဖွင့်မည့် နေ့ - ဒီဇင်ဘာ ၃ ရက်နေ့

သင်တန်းကာလ -(၂)လ

သင်တန်းကြေး-၂သိန်း

📞အသေးစိတ်ဆက်သွယ်မေးမြန်းရန် - 09-795671964 / 09-962777432

‼️လူဦးရေ အကန့်အသတ် ဖြင့်သာ ****

စိတ်ဝင်စားတယ် ဆိုရင်တော့ ဒီ post လေးရဲ့ အောက်မှာ comment ပဲ ဖြစ်ဖြစ်၊ Page ရဲ့ Cb မှာ ပဲ ဖြစ်ဖြစ် လာရောက် မေးမြန်းစုံစမ်းထားနိုင်ပါတယ်

မကြာခင်မှာ သင်တန်းအပ်တာ ကို စိစစ် လက်ခံ တော့မှာ ဖြစ်လို့ Page ကို လည်း Like & Follow လုပ်ထားဖို့ တိုက်တွန်းထားပါရစေ

Address

Yangon
Thanlyin
11291

Website

Alerts

Be the first to know and let us send you an email when တက်နေဝင်း - Tet Nay Win Healthcare Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share