Dr. Tin Htun Naing

Dr. Tin Htun Naing အထွေထွေ ရောဂါကု ဆရာဝန်

ကိုယ့်အသက်အရွယ် ကိုယ့်ကျန်းမာရေးကိုမှ ဂရုမစိုက်နိုင်ပဲ အရက်ကျေးကျွန် သားလူပျိုအတွက် စိတ်ပူနေရှာတဲ့အမေကြီး…အရက်ဒဏ်ကြောင့်...
20/11/2025

ကိုယ့်အသက်အရွယ် ကိုယ့်ကျန်းမာရေးကိုမှ ဂရုမစိုက်နိုင်ပဲ အရက်ကျေးကျွန် သားလူပျိုအတွက် စိတ်ပူနေရှာတဲ့အမေကြီး…

အရက်ဒဏ်ကြောင့် ခေါင်းအစ ခြေအဆုံး ခံစားနေရတဲ့ဝေဒနာတွေ သက်သာလို သက်သာငြား လက်လေးကို ဆုပ်ကိုင်ပြီး မေတ္တာတွေပေးနေတာ…

ဆေးကုပြီး ၃ ရက်မြောက်မှာ သေ မင်း ခံတွင်းဝ က လွတ်ပြီမို့ ဝမ်းသာနေတဲ့ အမေကြီး မျက်နှာ ကြည့်ရတာ ကြည်နူးဖို့ကောင်းချက်ပဲ…

ကိုယ်လည်း ဆရာဝန် တစ်ယောက် အနေနဲ့ ကုသိုလ် မတရားရတာပဲ…

☘️☘️☘️

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

ညနေ ၃:၄၅
၂၀/၁၁/၂၀၂၅ ရေးသည်။

14/11/2025

ကျွန်မ သမီးလေး အခြေအနေကောင်းရဲ့လား ဆရာ…

ခုဖြစ်တာကတော့ နံရိုးနာနေတာပါပဲ…
ကင်ဆာရဲ့နောက်ဆက်တွဲကြောင့်လည်းဖြစ်နိုင်သလို သာမန်နာတာလည်းဖြစ်နိုင်ပါတယ်…

ကျောက်ကပ်ကရောဆရာ…

သတ်မှတ်ထားတဲ့ရက် ရောက်ရင် ကျောက်ကပ်ကပြန်ဆေးရမယ်အမ…
မဆေးရင်တော့ အခြေအနေမကောင်းဘူး…

မျက်ရည်တွေကျပြီး ပြောတဲ့စကားတွေက သိပ်ရင်နာဖို့ကောင်းတယ်…

ကုစရာပိုက်ဆံမရှိတော့တဲ့ဘဝရယ်…
ကင်ဆာနဲ့ကျောက်ကပ်ပျက်နေတဲ့နေ့ရက်တွေက သိပ်ဆိုးတာပါပဲ…
😢😢😢

ဘုရားသာရှိရင် ဘုရားကိုသွားပြီးအသနားခံမိမှာ…

"တပည့်တော်လူနာ ကျောက်ကပ်ဆေးဖို့ လိုတဲ့ပိုက်ဆံလေးတွေ စွန့်ပါဘုရား” လို့….
😢🙏😢

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်

ည ၇:၀၀
၁၄/၁၁/၂၀၂၅ ရေးသည်။

01/11/2025

တမြန်နေ့က ဆေးခန်းလာပြတဲ့ အရက်စွဲလူနာ မနေ့က ဆုံးတယ်

သေဆုံးကြောင်းအတည်ပြုဖို့ လိုက်ကြည့်ပေးရတယ်

အလောင်းက အိမ်ရဲ့အနောက်ဆုံး အဖီလေးထဲမှာ…

အဖီလေးက အိမ်သာရဲ့ အနောက် မျက်စောင်းထိုး ကပ်ရပ်မှာ…

ပိန်ခြောက်ကပ်နေတဲ့ အလောင်းကိုကြည့်ပေးဖို့ အဖီထဲ သတိထားတက်ရတယ်

အိမ်သာနံ့ ရေဆိုးနံ့ အမှိုက်ပုပ်နံ့တွေ…
ညှီစို့စို့အနဲ့တွေကြား အရက်ကျေးကျွန်ကြီးကတော့ ဘဝကူးသွားတာပဲ…

အရက်စွဲတာကိုလည်း အပြစ်မတင်ရက်တော့ပါဘူး…
သေ လောက်အောင် သောက်သွားတာကိုလည်း အပြစ်မတင်ရက်တော့ပါဘူး…

ကြီးရင့်လာတဲ့ ဇရာရယ်
ပျော်စရာမရှိတော့တဲ့ဘဝရယ်က ကျေနပ်စရာတွေမှ မရှိတော့တာ…

မမှိတ်ပဲ ကျန်နေတဲ့ တိမ်ဖုံး မျက်လုံး နှစ်လုံးကို ရသလောက်ပိတ်ပေးပြီး အဖီလေးပေါ်ကနေ သတိထားပြီး ပြန်ဆင်းခဲ့လိုက်တယ်…..
🥲🥲🥲

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်

မနက် ၁၂:၁၂
၂/၁၁/၂၀၂၅ ရေးသည်။

06/10/2025

နောက် ရှက်ကီကြောင် တစ်ယောက်ရှိသေး…

ကိုယ့်ကို လာခေါ်တဲ့ အချိန်မှာ သူ ကြောင်နေတာ ၃ ရက်လောက်ရှိပြီ

ပထမတစ်ရက် ငြိမ်အောင် လုပ်ပေးတယ်

မရဘူး မျက်လုံးကို ပြူးပြီး ကို ကြောင်နေတာ တစ်ပွေတည်း

မအိပ်တာ လည်း ၃ ရက်
😂😂😂

နောက်တစ်ရက်ကျ ည မိုးချုပ်ကြီး လာပင့်တယ်
အတော် ထိန်းမရလို့တဲ့
ကိုယ် ရောက်သွားချိန် သကောင့်သားက ဓာတ်မီး တစ်လက်နဲ့ အိမ်အောက်ထဲ ဘာတွေ ဝင်ရှာနေလဲ မသိဘူး ကုန်းကုန်းကွကွ နဲ့

အိမ်က လူတွေ ကိုလည်း တစ်ယောက်မှ အနား ပေးမကပ်ဘူး ရန်ရှာနေတာ
😊😊😊

ကိုယ်ကတော့ ခပ်တင်းတင်းပဲ

“ဟေ့လူ ဘာတွေ လုပ်နေတာလဲ”

အံမယ် ကိုယ့် ကို အိမ်အောက်ကနေ ဓာတ်မီးနဲ့ ထိုးကြည့်ပြီး ပြုံးပြတယ် ပြီးတော့ ဘက်ဆုတ်ပြီး ထွက်လာတယ်

“လာ ဗိုလ်ကြီး…ထိုင်”

“ငင်”

ကိုယ်တောင် ကြောင်ပြီး နောက်လှည်ကြည့်လိုက်သေး

နောက်မှာ ဘာ ဗိုလ်ကြီးမှ မရှိဘူး

အိမ်က လူတွေ ကလည်း အနားကပ်မရတော့ ၂ ခါ ပြေးစာ မှာ ရပ်နေကြတာ
😂😂😂

ကဲ ထားတော့…

ဟေ့လူ ဘလာ ဘလာ ဆိုပြီး တော်ကီ ခဏဖုတ်ပြီး ဆေးထိုးဖို့ ဖြောင်းဖြ ရတယ်

ထိုးပြီးရင် တစ်ခါတည်း အိပ်ပျော်မှာမို့ ခြင်ထောင်ထဲ ဝင်ခိုင်းရသေး

ကိုယ်လည်းဝင် ရတယ်လေ သူ့ ခြင်ထောင်ထဲ

ခြင်ထောင်ထဲ သူနဲ့ကိုယ်နဲ့ ရောက်ပြီ ဆိုမှ ဆေးထိုးခံတယ်

အဲ့ချိန်ထိ ကိုယ်က သူ့ရဲ့ ဗိုလ်ကြီး ပဲ သူ က တပ်သား
😂😂😂

အဲ့ည ဆေးထိုးပြီးတော့ အဲ့ဘဲ အတော်ဟန် သွားတယ်

ကိုယ်လည်း ကံကောင်းသွားတယ်

နောက်တစ်ရက်သာ သွားထိုးရရင် ကိုယ်က ဗိုလ်ချုပ် သူက ဗိုလ်မှူးကြီး လောက် ဖြစ်နေလောက်ပြီ
😂😂😂

(ရှက်ကီကြောင် တွေ ချစ်တဲ့ ဒေါက်တင်)

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်
၆ အောက်တိုဘာ ၂၀၂၂ ရေးသည်။

06/10/2025

ရှက်ကီကြောင် တစ်ယောက် ဆေးခန်း လာပြတယ်

ဆိုင်ကယ်ဘေးတွဲ ပေါ်က မဆင်းနိုင်လို့ ဆေးခန်းရှေ့ မှာထွက်ကုပေးရတယ်

“ကဲပြော ဘာဖြစ်”

“ဒီလိုရှိတယ်ဆရာ ကျွန်တော် တစ်တိုင်းပြည်လုံး ကို အုပ်လိုက်တာလေ”

“အေး အုပ်လိုက်တော့ ဘာဖြစ်သွားလဲပြော”

“အလင်းတွေ အကုန် ပျောက်သွားရောလေ ကြည့်ပါလား”

သကောင့်သားက ကောင်းကင်ကြီး ကို လက်ညှိုးထိုးပြတယ်

ကိုယ်တောင် ယောင်ကြီး မော့ကြည့်လိုက်သေး…

မှောင်နေတာပဲ…

😂😂😂

မှောင်မှာလေ အချိန်လည်း ကြည့်ဦး ည ၉:၃၀

ငါရှင်ချင်တယ် ရှက်ကီမန်း ရယ်

😂😂😂😂😂

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်
၆ အောက်တိုဘာ ၂၀၂၂ ရေးသည်။

04/10/2025

Celebrating my 5th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

22/09/2025

အဆုတ်နှစ်ဖက်လုံး ပျံ့နေတဲ့ TB…

ဝမ်းတွေက မည်းပြီး သွေးပါ…

အစာလုံးဝနီးပါး မစားတာ ၂ လ…

ချိုင်းကြားက ပြည်တည်နာက ခွဲထားပြီးတာတောင် ပြည် ကထွက်နေဆဲ…

အဲ့ပြည်တည်နာ ကိုတောင် မနည်းချော့မော့ခွဲထားရတာ…

ပြသနာက လုံးဝ ဆေးထိုးမခံတာပဲ…
(လုံးဝမှ တစ်ကယ့်ကို လုံးဝ)

အသက်ငယ်သေးတော့ မ thay စေချင်သေးဘူး…

ကုလို့ရတဲ့ရောဂါကို ကုပေးမယ်ဆိုတာတောင် ဆေးထိုး လုံးဝ မခံတာ….

အရိုးပေါ်အရေတင်နေပေမယ့် ဆေးထိုးမယ် ပြောလိုက်ရင် လက်ညှိုးကြီးထိုးပြီး ပြန်ကျိန်းတာ ကြောက်ဖို့တောင်ကောင်းတယ်…

ဘယ်တတ်နိုင်မလဲ….

ဆေးထိုးမခံရင်တော့ သူလည်းသိပ်မခံတော့ပါဘူး…

ခင်ဗျားတို့တော့ တွေ့ဖူးသလားမသိဘူး….

ကျွန်တော်ကတော့ အသီးတွေ ချပြီး ခါးခါးသီးသီးကို ဆေးထိုးမခံတဲ့ လူနာတွေ တွေ့ဖူးတယ်…

ဒီတစ်ယောက်က အဆိုးဆုံးပဲ…

ဒေါက်တာတင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

ည ၁၀:၅၈
၂၂/၉/၂၀၂၅ ရေးသည်။

22/08/2025

ဒီနေ့ ဆေးခန်းဖွင့်ဖွင့်ချင်း ရောက်လာတဲ့ S uicide လူနာ…

အရည် ၂ မျိုး သောက်ချလာတာ…

ချက်ချင်း လိုတာတွေ အကုန်လုပ်…

ဆေးရုံချက်ချင်းလွှဲ…

(လမ်းမှာ) လူနာကို အပြစ်တင်စကားတွေ မပြောဖို့ အားပေးဖို့ လူနာရှင်တွေကို အထပ်ထပ်မှာ…

အကျိုးအကြောင်း ဖုန်းပြန်ဆက်ပေးဖို့ မှာ…

စိတ်မောတယ်…

လူနာကို အသက်ကယ်ပေးနေချိန်မှာ လူနာအပေါ်ထားမိတဲ့ ဂရုဏာဒေါသတွေ ကို အကုန်ဖယ်တယ်…
ကားပေါ်တက်တဲ့ထိ ကိုယ့်ရဲ့ကုသမှုက မပြတ်ဘူး…
ညနေက လူနာရှင်က ဖုန်းဆက်လာတယ်

လူနာက ဆေးရုံ မှာ ခုထိ အခြေအနေ တည်ငြိမ်နေတယ်တဲ့…
ဝမ်းသာတာပေါ့…ဆရာဝန်ပဲ…

ကိုယ့်လူနာ အသက်ရှင်နေတာကြားရတာလောက် ကြည်နူးရတာ မရှိဘူးလေ…
လောကကြီးထဲက ထွက်သွားချင်တဲ့ သူကို ဆွဲထားရတာ သိပ်ခက်တာပဲ..

လူနာ အသက်ရှင်ပါစေဗျာ

🙏🙏🙏

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်
ည ၇:၅၉
၂၁/၈/၂၀၂၅ ရေးသည်။

22/08/2025

အသက် ၈၆ နှစ်အမေကြီး….

နားသိပ်မကောင်းတော့ နား နားကပ်ပြီး မေးရတယ်

“ဘာဖြစ် တာလဲ အမေကြီး”

“အန်ပြီး ချီးယိုတာ…”

အော်ပြီးကို ပြောတာနော်

ကိုယ့်မျက်နှာတောင် သူ့နားကနေ အမြန် ခွါလိုက်ရတယ်

ဝမ်းလျှောတယ် ပြောလည်း ရတာကို…

အမေကြီးနော်…ဝွန်း…

😂😂😂

(ချစ်တဲ့စိတ်နဲ့ရေးတာနော်…)

ဒေါက်တာတင်ထွန်းနိုင်
အထွေထွေရောဂါကု ဆရာဝန်

ည ၈:၁၅
၁၈/၈/၂၀၂၅ ရေးသည်။

13/08/2025

ခါးရိုးထိပြီး အောက်ပိုင်းသေ သွားတဲ့လူနာ ဒီနေ့ ဆုံးပါတယ်

လွန်ခဲ့တဲ့ ၃ ရက် က သူ့ကို ဆီးပိုက်သွားလဲပေးခဲ့တယ်…
သူ့ဖုန်းရောင်းလိုက်လို့ ဆရာရေ

ဪ ဟုတ်ကဲ့….
ဆီးပိုက် လဲစရာရှိတာ လဲပေးလိုက်တယ်…

ပြီးတော့ မေးလိုက်သေးတယ်…
ဖုန်းက ဘာလို့ရောင်းလိုက်တာလဲဗျ

သူ့ပိုင်ဆိုင်မှုက နောက်ဆုံးအနေနဲ့ ဒါပဲရှိတော့လို့တဲ့ဆရာရေ

ရောင်းပြီး ရသမျှ ပိုက်ဆံကို အိမ်ရှေ့ ဆွမ်းခံကြွတဲ့ ကိုယ်တော် တွေကို လှူချင်လို့တဲ့…
Wowww….

ကောင်းလိုက်တဲ့ အလှူ ညီရေ

သာဓု သာဓု သာဓု ပါကွာ…
လူနာက သိပ်စကားမပြောနိုင်တော့ဘူး…

လူနာ အမေက အိမ်ပင့် ပညာပူဇော်ခလေး ထုတ်ပေးတယ်…
လူနာ အမေလက်ထဲက အဲ့ပိုက်ဆံ ယူပြီး လူနာ့လက်ထဲကို သေချာ ပြန်ထည့်ပေးလိုက်တယ်…

ဒီငွေကို ညီလေး လှူနေတဲ့ ကိုယ်တော်တွေကို အကုန်ပြန်လှူပေးပါ ညီရေ…

အကိုတို့ နှစ်ယောက် ကုသိုလ်တူတူ ရတာပေါ့ကွာ…
🙏🙏🙏.
အံ့ဩအားနာနေတဲ့ လူနာဆွေမျိုးတွေရဲ့ ပီတိကလည်း မြင်ရတာ ကြည်နူးစရာ ဗျာ
အောက်ပိုင်း thay နေလို့ တောင့်တင်းနေတဲ့ အရိုးငေါငေါ ခြေထောက်တွေရယ်

၂ နှစ်လောက် အိပ်ရာထဲ လဲနေလို့ ရတဲ့ အိပ်ရာနာ ဗရပွရယ်နဲ့ လူနာက သူ့ရဲ့ နောက်ဆုံး အချိန်ကို ဖုန်းရောင်းရငွေလေးနဲ့ ကုသိုလ်ပြုသွားရှာတယ်

ရလိုက်တဲ့ ကုသိုလ်တရားက သံသရာကြွေးတွေ တစ်ပိုင်းတစ်စ ကြေရင်ပဲ ကျေနပ်စရာပါ

သူ့ရဲ့ ကုသိုလ်မှာ ကိုယ်လည်း ဝင်လှူခွင့် ရခဲ့တာတော့ ကျေနပ်ရတယ်

ကောင်းမွန်ရာ ရောက်ပါစေ ညီရေ…

😢😢😢

ဒေါက်တာ တင်ထွန်းနိုင်
အထွေထွေရောဂါကုဆရာဝန်
ည ၁၁:၅၈
၁၃/၈/၂၀၂၅ ရေးသည်။

03/08/2025

လွန်ခဲ့တဲ့ နှစ်က ကလေးတစ်ယောက် ဆေးခန်းလာပြတယ်…

လူကြီးသောက်တဲ့ ဆေးတစ်မျိုးကို ဆယ်လုံး သောက်လိုက်တာ…

ကလေးက ဆေးခန်းထဲလည်းရောက်ကတည်းက ပတ်ပြေးနေတာ ထိန်းလို့ကိုမရဘူး…(ဆေးရဲ့ Overdose Side effects ကြောင့်)

ဆေးရုံလွှတ်တယ်…မသွားဘူး…

လိုတာတွေ လုပ်ပေးလိုက်တယ်…
အဲ့ကလေး အသက်အန္တရာယ်မထိပဲ အဆင်ပြေသွားတယ်…
တစ်ခါတစ်လေကျရင်လေ……

ဘဝက သိပ်ခက်ခဲလာရင် အဲ့ကလေးလိုပဲ ထိန်းမရလောက်အောင် ပတ်ပြေးချင်တယ်…

“အားးး” လို့အကျယ်ကြီး အော်ပစ်လိုက်ချင်တယ်…

ပြီးရင် ထိုင်ရီမယ်…

ငိုချင်လည်းငိုမယ်ပေါ့…
😊😊😊
အဲ့ကလေး ပတ်ပြေးနေတာကြည့်ပြီး တွေးမိခဲ့တာလေးတွေ…
တစ်ခါတစ်လေ ကျွန်တော်တို့တွေဟာ ရူးသွပ်ဖို့ ထိုက်တန်ပါတယ်…
ခဏလေးဖြစ်ဖြစ်ပေါ့…

ဒေါက်တာ တင်ထွန်းနိုင်

မနက် ၁၂:၄၈
၄/၈/၂၀၂၅ ရေးသည်။

31/07/2025

သားအိမ်အားဆေး ထိုးချင်လို့ ဆရာ
ကလေးလိုချင်လို့

ကလေးထပ်ရရင် ဒါတွေပျောက်မယ်ဆိုပြီး ဆရာက ပြောလိုက်လို့ဆိုပဲ
(ရမ်းကုက ရမ်းပြောလိုက်တာ 😊)

သူပြတဲ့ “ဒါတွေ” ဆိုတာ ပွေး တွေ
တစ်ကိုယ်လုံး နေရာလပ်မကျန် ပေါက်နေတဲ့ ပွေးတွေ
ဖွေးနေတာပဲ 😊

ကလေးယူရင် ကလေးပဲရမယ်
ပွေး မပျောက်ဘူး သမီး
ပွေးပျောက်ချင်ရင် ပွေးကိုကုမှ ရမယ် 😜

ရမ်းကုပြောတာတွေ ယုံကြ
ရမ်းကုတွေနဲ့ပဲ ကုကြ
ပျော်စရာကြီး 😂😂😂

ဒေါက်တင် (ဆရာဝန် အစစ်)
မနက် ၁၂:၀၁
၁/၈/၂၀၂၅ ရေးတာ….

Address

Thanlyin
11291-11293

Opening Hours

Monday 08:30 - 20:00
Tuesday 08:30 - 20:00
Wednesday 08:30 - 20:00
Thursday 08:30 - 20:00
Friday 08:30 - 20:00
Saturday 08:30 - 20:00
Sunday 08:30 - 20:00

Website

Alerts

Be the first to know and let us send you an email when Dr. Tin Htun Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share