Shwe Chan Thar Pharmacy-ရွှေချမ်းသာဆေးဆိုင်

  • Home
  • Myanmar
  • Thanlyin
  • Shwe Chan Thar Pharmacy-ရွှေချမ်းသာဆေးဆိုင်

Shwe Chan Thar Pharmacy-ရွှေချမ်းသာဆေးဆိုင် Medical supply store

👶ဘေဘီလေးတွေအတွက် အဓိက လိုအပ်မဲ့ ဆေးလေးတွေ စုဆောင်းထားကြမယ်..!❤️အခုလို အချိန် အခါ အတွင်းမှာ ဘေဘီလေးတွေ အတွက် လိုအပ်တဲ့ ဆေ...
10/12/2021

👶ဘေဘီလေးတွေအတွက် အဓိက လိုအပ်မဲ့ ဆေးလေးတွေ စုဆောင်းထားကြမယ်..!❤️

အခုလို အချိန် အခါ အတွင်းမှာ ဘေဘီလေးတွေ အတွက် လိုအပ်တဲ့ ဆေးပစ္စည်းလေးတွေ စုစည်းထားသင့်တာလေးတွေ ပြောပြပေးမယ်နော်..! တစ်ခုခု ဆို ဆေးခန်းပြေးဖို့ မလွယ်တဲ့ အခြေအနေ အချိန် အခါမို့.. လိုအပ်တာလေးတွေ ကြိုဆောင်ထားပါ..

❤️ Baby AirX drop

ကလေး လေးနာတာ ဖြစ်ဖြစ်.. အစားများလို့ ရင်ပြည့်ချင်တာ ဖြစ်ဖြစ် .. ဗိုက်မကောင်း တဲ့အချိန် ဖြစ်ဖြစ် ဘေဘီလေးတွေ အတွက် အရမ်းကို အသုံးဝင်တဲ့ ဆေးပါ..

❤️ babygesic (drop) Biogesic for Kids Myanmar

ဘေဘီလေးတွေ မအီမလည် ဖြစ်တာ.. ကိုယ်တွေ ပူပြီ.. အီနေတာတွေအတွက် မရှိမဖြစ်လေးပါ

❤️ ဘေဘီလေးတွေ အားဆေး

အားဆေးကတော့ ကိုယ်တိုက်နေကျ အဆင်ပြေတဲ့ အားဆေးလေးကို exp date ကြည့်ပြီး ဝယ်ထား​ပေါ့နော်

❤️ ဝမ်းပျက်ဝမ်းလျှော အတွက်
➡️ Bioflor
➡️ Pharolit (ကလေးဓာတ်ဆားပါ)
➡️ Semodazol (ပိုးသတ်ဆေးပါ) လိုအပ်မှ တိုကိရတာပါ..
နဲနဲလောက်ပဲဆိုရင်တော့ (Bioflor နဲ့ Pharolit ) နဲ့ အဆင်ပြေပါတယ်

❤️ နှားစေး /နှာမွှန် /နှာပိတ် တာတွေ အတွက်

➡️ physiodose (နှာခေါင်းအတွင်း အစက်ချတာပါ) ကလေးတွေ နှာပိတ် တာတို့ဘာတို့အတွက် မရှိမဖြစ်ပါ
➡️Rhinozol (nasal drops) သူလည်း နှာခေါင်းအတွင်း အစက်ချတာပါပဲ..
➡️ Olbas for children ( ဒါလေးကလည်း အရမ်းအသုံးဝင်ပါတယ်.. ကလေးတွေနှာပိတ် တာဆို အင်္ကျီလေးမှာ အစက်လေး ၂စက်လောက် ချပေးထားလိုက်ရင် သူတိူ့လေးတွေ နေလို့ကောင်းပြီး .. နှာပွင့်ပါတယ်)

❤️ ကိုယ်ပူပြီးဖျားတာ အတွက်

➡️ biogesic for kids
➡️ Sporidex (ပိုးသတ်ဆေး) (ဖျားတာ.. ချောင်းဆိုးတာအတို့အတွက် ပိုးသတ်ဆေးပါ လိုအပ်မှ တိုက်ရတာပါ.. လိုရမယ်ရ ဆေးခန်းမသွားနိုင်တဲ့အချိနိ အတွက် ဆောင်ထားခိုင်းတာပါ)
➡️ PAI -cooling gel patchအပူကျ ကပ်တဲ့ (အပူကျပလာစတာ)

❤️ မေပြုံးဖွားပျော် ရင်လူးဆေးလေးပါ..

ချောင်းဆိုး/ရင်ကျပ်/ဝမ်းချုပ်/လေထိုး/လေအောင့် တာတွေအတွက် အရမ်းကောင်းပါတယ်

❤️ Diaper cream

diaper cream က diaper ဝတ်ပေးတဲ့အချိန် အသုံးဝင်တဲ့အပြင်.. အခြားသော ဘေဘီလေးတွေ rash လေးတွေ အတွက် လည်း အရမ်းကောင်းပါတယ်..

❤️ KIRI (mosquito patch)
ဘေဘီလေးတွေ ခြင် မကိုက်အောင် ကပ်ပေးတာပါ

❤️ Wet tissue & Tissue

❤️ Baby oil

ဒီလို အချိန် အခါမှာမေမေ တွေရော ဘေဘီလေးတွ ရော အဆင်ပြေပါစေ..!





အမှတ်C(62)၊မီးသတ်ဦးစီးမှူးရုံးအရှေ့၊ကျိုက်ခေါက်ဘုရားလမ်း၊အောင်ချမ်းသာ၊သန်လျင်မြို့။
09696386200,09781040453

ကွဲပြားတဲ့ Omicron လက္ခဏာကိုဗစ်မျိုးကွဲတခုဖြစ်တဲ့ Omicron B.1.1 529 ဟာ အရင်ကိုဗစ် လက္ခဏာများတဲ့ ပုံစံမတူပဲ ကွဲပြားကြောင်...
10/12/2021

ကွဲပြားတဲ့ Omicron လက္ခဏာ

ကိုဗစ်မျိုးကွဲတခုဖြစ်တဲ့ Omicron B.1.1 529 ဟာ အရင်ကိုဗစ် လက္ခဏာများတဲ့ ပုံစံမတူပဲ ကွဲပြားကြောင်းကို South Africa Medical Board ရဲ့ Chairman Dr. Angelique Coetzze နဲ့ သူရဲ့လုပ်ဖော်ကိုင်ဖက်နဲ့ အဖွဲ့ဝင်များက တင်ပြသွားပါတယ်

🩸Omicron ဟာ Delta နဲ့ကွဲပြားပေမယ့် Beta 351 version နဲ့ ဆင်တူကြောင်း တွေ့ရှိရပါတယ်
🩸 အနံ့ပျောက်ခြင်း အရသာပျောက်ခြင်း လက္ခဏာမတွေ့ရပါဘူး ဘာကြောင့်လဲဆိုရင် အနံ့အရသာခံ olfactory epithelial ကို ထိခိုက်ခြင်းမရှိလို့ပါ
🩸ချောင်းဆိုးခြင်း လည်ချောင်းနာခြင်း စတဲ့ လက္ခဏာတွေလည်းမရှိသလောက်နည်းပါတယ်
🩸 သူ့မှာအဓိက တွေ့ရတာက
ကြွက်သား နာခြင်း၊ ညောင်းညာကိုက်ခဲခြင်း နဲ့ မောပန်းလွယ်ခြင်းစတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်
🩸 ဝမ်းသာ စရာတခုက ရောဂါပိုးတွေ့ရှိသူတွေဟာ အိမ်မှာနားနေရင်းဖြင့် ရက်အနည်းငယ်အတွင်းသက်သာပျောက်ကင်းကြတာကိုတွေ့ရတယ်လို့ ဆိုပါတယ် / Oxygen ကျခြင်းလက္ခဏာလည်း မတွေ့ရှိသေးတာကြောင့် ပြင်းထန်တဲ့ ကိုဗစ်ပိုးမဟုတ်လောက်ဘူးလို့ ဆိုရပါမယ်

⛔️ သို့သော်လည်းပဲ ချောင်းဆိုးခြင်းလက္ခဏာမပြတဲ့ ဒီရောဂါပိုးဟာ စကားပြောဆိုရာကနေ အလွယ်တကူ ကူးဆက်နိုင်ပါတယ်

💥 လက္ခဏာမပြင်းထန်ဘူးဆိုပြီး ​ပေါ့​လျော့လို့ မရ​ကြောင်းလည်း အထူးသတိပြုရမှာဖြစ်ပါတယ်

✅ ကာကွယ်​ဆေးထိုးထားတာက​ မထိုးထားတာထက် ပိုပြီးခံနိုင်ရည်ရှိဖို့ အလားအလာပိုများမှာပါ။
​ရောဂါပြင်းထန်မှု နှင့်​ သေဆုံးနှုန်း ​တွေက​တော့ ဆက်လက်​စောင့်ကြည့် ရဦးမှာမို့ အစိုးရိမ်လွန်တာထက်
မဖြစ်ခင် ကြိုတင်ကာကွယ်ထားတာက ပိုအကျိုးရှိပါလိမ့်မယ်။✅

🌷အခုကာလဟာ နိုင်ငံတကာမှာ ခရီးသွားအပန်းဖြေကာလဖြစ်တာမို့ တတ်နိုင်သလောက် မိမိဘက်က Social preventive measures တွေဖြစ်တဲ့ Mask တပ် လက်ဆေး social distancing ကို တတ်နိုင်သလောက်လိုက်နာကြဖို့ အကြံပေးချင်ပါတယ်

🙏ကမ္ဘာကြီး နှင့် လူသားအ​ပေါင်းတို့ ပိုးကင်းစင်ကာ အမြန်ဆုံးကျန်းမာ ​ပျော်ရွှင်နိုင်ကြပါ​စေ🙏






References:
https://www.foxnews.com/health/south-african-doctor-omicron-variant-symptoms-unusual-mild
https://www.manchestereveningnews.co.uk/news/uk-news/key-symptoms-new-omicron-coronavirus-22299912
https://www.nbcboston.com/news/local/new-omicron-variant-emerges-amid-covid-spike-in-massachusetts/2576453/

The world is on high alert as new cases of the potentially more contagious omicron variant of the coronavirus continue to get reported in Britain and across the globe. Amid fears that the recently identified new variant has the potential to be more resistant to the protection offered by vaccines, th...

မင်္ဂလာပါခင်ဗျ🙏                       လူကြီးမင်းတို့ပုံမှန်သောက်သုံးနေသောဆေးဝါးများကို စျေးနှုန်းချိုသာမှန်ကန်သော ရွှေချ...
01/12/2021

မင်္ဂလာပါခင်ဗျ🙏

လူကြီးမင်းတို့ပုံမှန်သောက်သုံးနေသောဆေးဝါးများကို စျေးနှုန်းချိုသာမှန်ကန်သော ရွှေချမ်းသာဆေးဆိုင် သို့ စာရင်းလေးပေးထားရုံဖြင့် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနေပါပြီ။
အသေးစိတ်သိရှိလိုသောအကြောင်းရာများကို page messenger မှတစ်ဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျ။

အမှတ်C(62),မီးသတ်ဦးစီးမှူးရုံးအရှေ့၊ကျိုက်ခေါက်ဘုရားလမ်း၊အောင်ချမ်းသာ၊သန်လျင်မြို့။
Ph: 09969386200 , 09781040453

Address

Thanlyin

Telephone

+959969386200

Website

Alerts

Be the first to know and let us send you an email when Shwe Chan Thar Pharmacy-ရွှေချမ်းသာဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Chan Thar Pharmacy-ရွှေချမ်းသာဆေးဆိုင်:

Share