Myint Mo specialist clinic-မြင့်မိုရ် အထူးကုဆေးခန်း

  • Home
  • Myanmar
  • Thanlyin
  • Myint Mo specialist clinic-မြင့်မိုရ် အထူးကုဆေးခန်း

Myint Mo specialist clinic-မြင့်မိုရ်  အထူးကုဆေးခန်း ပိတ်ရက်မရှိနေ့စဥ် မနက်၈နာရီမှည၈နာရီထိ ဖွင့်လှစ်ပါသည်

🙏🏻🙏🏻🙏    မနက်ဖြန်ကျရောက်မယ့် မြန်မာတို့ရဲ့ နှစ်သစ် မင်္ဂလာ သင်္ကြန်အခါသမယမှစ၍ မိတ်ဆွေများအားလုံး တစ်နှစ်ပတ်လုံးကိုယ်၊ စိ...
12/04/2024

🙏🏻🙏🏻🙏

မနက်ဖြန်ကျရောက်မယ့် မြန်မာတို့ရဲ့ နှစ်သစ် မင်္ဂလာ သင်္ကြန်အခါသမယမှစ၍ မိတ်ဆွေများအားလုံး တစ်နှစ်ပတ်လုံးကိုယ်၊ စိတ်၊ နှလုံး (၃)ပါးစလုံး ကျန်းမာချမ်းသာလို့ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း ဆုမွန်တောင်းပေးလိုက်ပါတယ်ခင်ဗျာ

Eid Mubarak to you all.....Islam ဘာသာဝင်များ သာယာချမ်းမြေ့သော နေ့ထူးနေ့မြတ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မြင့်မိုရ်အထ...
11/04/2024

Eid Mubarak to you all.....
Islam ဘာသာဝင်များ သာယာချမ်းမြေ့သော နေ့ထူးနေ့မြတ်လေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ မြင့်မိုရ်အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ....

"Happy Chinese New Year 2024"2024 နဂါးနှစ်သစ်မှာ မိဘပြည်သူများကံကောင်းချမ်းသာခြင်းများနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမ...
10/02/2024

"Happy Chinese New Year 2024"

2024 နဂါးနှစ်သစ်မှာ မိဘပြည်သူများကံကောင်းချမ်းသာခြင်းများနှင့်ပြည့်စုံပြီး ပျော်ရွှင်ချမ်းမြှေ့နိုင်ကြပါစေခင်ဗျာ🐉🐉🐉

11/01/2024

"Happy Karen New Year"

၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့ ယနေ့တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ကို မြင့်မိုရ်အထူးကုဆေးခန်းမိသားစု မှဝမ်းမြောက်စွာ ကြိုဆိုပါသည်။
မင်္ဂလာရှိသော ကရင်နှစ်သစ်ကူးနေ့ဖြစ်ပါစေ။

HAPPY NEW YEAR ပါ  မင်္ဂလာရှိသောနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ နှစ်သစ် မှာကျန်းမာ...
31/12/2023

HAPPY NEW YEAR ပါ မင်္ဂလာရှိသောနှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ။ နှစ်သစ် မှာကျန်းမာပျော်ရွှင်ပြီးချစ်ခင်ရသူများနှင့်အတူ သာယာကြည်နူးဖွယ် အချိန်ကောင်းများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ကျွန်တော်တို့MyintMo SpecialistClinicမိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်ခင်ဗျာ။🙏

❤️Merry Christmas to you all ❤️25.12.2023 မှာကျရောက်သော ပျော်ရွှင်စရာ ခရစ္စမတ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ...
25/12/2023

❤️Merry Christmas to you all ❤️

25.12.2023 မှာကျရောက်သော ပျော်ရွှင်စရာ ခရစ္စမတ်နေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မိဘပြည်သူများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများဖြင့် ပြည့်စုံပါစေကြောင်း မြင့်မိုရ်အထူးကုဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

သီတင်းကျွတ်အချိန်အခါမှာ မိသားစု၀င်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေလို့ ကျွန်...
28/10/2023

သီတင်းကျွတ်အချိန်အခါမှာ မိသားစု၀င်များအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံနိုင်ကြပါစေလို့ ကျွန်တော်တို့ မြင့်မိုရ် အထူးကုဆေးခန်း မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ

မင်္ဂလာပါခင်ဗျာ           မနက်ဖြန်(7.10.2023)စနေနေ့ကစပြီးအပတ်စဥ် စနေနေ့ နေ့လည်၂နာရီမှ၄နာရီအထိ ​အစာအိမ်နှင့်အူလမ်းကြောင်း...
06/10/2023

မင်္ဂလာပါခင်ဗျာ

မနက်ဖြန်(7.10.2023)စနေနေ့ကစပြီးအပတ်စဥ် စနေနေ့ နေ့လည်၂နာရီမှ၄နာရီအထိ ​အစာအိမ်
နှင့်အူလမ်းကြောင်းအထူးကုသမားတော်ကြီး ဆေးခန်းထိုင်မှာဖြစ်လို့ လာရောက်ပြသချင်သူများအနေဖြင့်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်ခင်ဗျာ

Booking တင်ရန် : ☎️09790690778,09456688858,09795674357

ဆေးခန်းလိပ်စာ : အမှတ်၂၂,ဘုရင့်နှောင်လမ်း၊အောင်ချမ်းသာရပ်ကွက်၃၊သန်လျင်မြို့နယ်။

"မျက်စိနာခြင်း(Conjunctivitis)"အားလုံးပဲ မင်္ဂလာပါဒီတစ်ခေါက်မှာတော့ လူတော်တော်များများအဖြစ်များနေတဲ့ မျက်စိနာခြင်းအကြောင...
01/10/2023

"မျက်စိနာခြင်း(Conjunctivitis)"

အားလုံးပဲ မင်္ဂလာပါ
ဒီတစ်ခေါက်မှာတော့ လူတော်တော်များများအဖြစ်များနေတဲ့ မျက်စိနာခြင်းအကြောင်းကိုပြောပြသွားမှာဖြစ်ပါတယ်....

✅အဲ့ဒီတော့ မျက်စိနာတယ်ဆိုတာဘာလဲ?
ကျွန်တော်တို့ရဲ့မျက်စိအတွင်းထဲမှာ အမဲရောင်အလယ်နေရာလေးကိုCorneaလို့ခေါ်ပြီးမျက်လုံးရဲ့အရေးကြီးဆုံးအစိတ်အပိုင်းလဲဖြစ်ပါတယ် သူ့ရဲ့ဘေးနားကအဖြူနေရာတွေကိုတော့ Conjunctiva လို့ခေါ်ပါတယ်....အခုဖြစ်နေတဲ့ မျက်စိနာတယ်ဆိုတဲ့နေရာက အဲ့ဒီအဖြူနေရာလေးမှာ နီရဲပြီး ရောင်ရမ်းတာမျိုး(pink eye)ကိုခေါ်ပါတယ်....

✅အများအားဖြင့် Adenovirus လို့ခေါ်တဲ့ virus ပိုးကြောင့်အဖြစ်များပါတယ်။ တခြားbacteriaပိုး၊ဓာတ်မတည့်ခြင်း(Allergy)တို့ကြောင့်လည်းဖြစ်နိုင်ပါတယ်

✅ဘယ်လို လက္ခဏာမျိုးတွေ ခံစားရလဲဆိုတော့
-မျက်စိနီရဲပြီး ရံဖန်ရံခါ မျက်ခွံတွေပါရောင်နေမယ်
-မျက်ရည်ထွက်မယ် မျက်လုံးထဲတစ်ခုခု၀င်နေသလိုမျိုး ခိုးလုခုလု ဖြစ်နေမယ်
-မျက်စိဖွင့်ရခက်တာ မျက်စိယားယံတာတွေဖြစ်မယ်
-virus ပိုးကြောင့်ဖြစ်တဲ့အတွက် နှာစေးတာ ချောင်းဆိုးတာ လည်ပင်းနာတာ ဖျားနာတာတို့နဲ့လဲတွဲပြီးဖြစ်တတ်ပါတယ်။

✅Virusကြောင့် ကူးစက်နှုန်းမြန်ပြီး မျက်စိနာတဲ့သူရဲ့ထိတွေ့ကိုင်တွယ်မှုကနေ့တဆင့် ကူးစက်ခြင်းဖြစ်ပါတယ်။(Contact transmission)

✅ဘယ်လိုကုသမလဲ❓❓
-Virusကြောင့်ဖြစ်လို့ပိုးသတ်ဆေးပါတဲ့မျက်စဥ်းတွေခတ်ဖို့မလိုအပ်ပါဘူး
-မျက်ရည်တုခတ်တာ(မျက်လုံးခိုးလုခုလု ဖြစ်တာကိုသက်သာစေပါတယ်)
-အာဟာရပြည့်၀အောင်စားပါ
-ကောင်းကောင်းအနားယူပါ
-ရေစိုအ၀တ်သန့်လေးနဲ့ မျက်လုံးကိုအုပ်တာမျိုးလုပ်နိုင်ပါတယ်
-မျက်စိနာတဲ့ဖက်ကို လက်နဲ့ပွတ်တာမျိုးမလုပ်ပါနဲ့
-ကိုယ်ခံအားကောင်းတာနဲ့ ၄-၅ရက်အတွင်းသက်သာသွားပါလိမ့်မယ်
-Steroidပါတဲ့မျက်စဥ်းတွေက ကိုယ်ခံအားကိုကျစေလို့ရောဂါပိုဆိုးနိုင်ပါတယ် အဲ့တာကြောင့်ကိုယ့်သဘောနဲ့ကိုမျက်စဥ်းဆေးတွေမခတ်ကြပါနဲ့ခင်ဗျ

🔴အကယ်၍ 🚨🚨🚨
-အမြင်အာရုံချို့တဲ့လာခြင်း
-မျက်၀တ်ရည် အ၀ါရောင်များထွက်ခြင်း
-အလင်းရောင် မခံနိုင်တော့တာမျိုးဖြစ်လာရင်တော့ မျက်စိဆရာ၀န်နဲ့အမြန်ဆုံးပြသသင့်ပါတယ်ခင်ဗျာ

ခုလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို မျှဝေ ပေးမှာမို့လို့ ကျွန်တော်တို့ရဲ့ MyintMo Specialist Clinic Pageလေးကို Like and Follow လေးလုပ်ထားလို့ရပါတယ်ခင်ဗျာ....

"ကျန်းမာဖို့ရေများများသောက်ကြစို့🩺🩺🩺"မိတ်ဆွေတို့ရေ မနက်မိုးလင်းအိပ်ရာထတိုင်း ရေတခွက်အမြဲ သောက်ဖြစ်ကြရဲ့လားဗျ? ဒီတခေါက်ကိ...
25/09/2023

"ကျန်းမာဖို့ရေများများသောက်ကြစို့🩺🩺🩺"

မိတ်ဆွေတို့ရေ မနက်မိုးလင်းအိပ်ရာထတိုင်း
ရေတခွက်အမြဲ သောက်ဖြစ်ကြရဲ့လားဗျ?
ဒီတခေါက်ကိုတော့ရေသောက်ပေးရုံနဲ့ရရှိနိုင်မယ့်ကျန်းမာရေးအကျိုးကျေးဇူးတွေကိုပြောပြပေးသွားမှာပါ….

ကျွန်တော်တို့ရဲ့ခန္တာကိုယ်မှာရေဓာတ်၆၀ရာခိုင်နှုန်းပါ၀င်ပါတယ်။လူတယောက်ဟာတနေ့တာလိုအပ်ချက်အရရေကိုအနည်းဆုံး၂လီတာမှအများဆုံး၄လီတာထိသောက်ပေးသင့်ပါတယ်။တချို့ကျန်းမာရေးအခြေအနေလိုအပ်ချက်အရ အပြောင်းအလဲရှိနိုင်ပါတယ်(ဥပမာ-ချွေးထွက်များတဲ့အချိန် ပူတဲ့အချိန်တွေမှာဆိုရင် ရေဓာတ်ပိုလိုအပ်နိုင်ပါတယ်)

ဒါဆို ရေသောက်နည်းရင်ဘာတွေဖြစ်မလဲ❓❓❓
-ဆီးချုပ်၀မ်းချုပ်ဖြစ်ခြင်း
-ကိုယ်လက်မအီမသာဖြစ်ခြင်း
-ခေါင်းမူးခြင်း
-ပင်ပန်းနှုံးချိခြင်း
-မောပန်းနွမ်းနယ်ခြင်း
-အသားအရေခြောက်ခြင်းစတဲ့ပြဿနာတွေဖြစ်နိုင်ပါတယ်။

အဲ့တာဆိုရေများများသောက်ရင်ရော ဘာကောင်းကျိုးတွေရမလဲ❓❓❓
-ရေဟာ ကယ်လိုရီ လုံး၀မရှိတာမို့လို့ ၀ိတ်ချရာမှာအထောက်အကူအများကြီးပေးပါတယ်
-အစာအိမ်နဲ့အူလမ်းကြောင်းကိုသန့်ရှင်းစေပြီးကျောက်ကပ်ကနေလည်းမလိုလားအပ်တဲ့အဆိပ်အတောက်တွေကိုဆီးသွားခြင်းကနေတဆင့်လုပ်ဆောင်ပေးနိုင်ပါတယ်
-အရိုးအဆစ်နဲ့ကြွက်သားတွေရဲ့လှုပ်ရှားမှုကိုကောင်းမွန်စေပါတယ်
-အသားအရေကြည်လင်စေတယ်
-ရေဓာတ်ဆုံးရှုံးမှုကိုကာကွယ်ပေးတယ်
-စိတ်ကိုလန်းဆန်းစေတယ်
-ခန္တာကိုယ်ရဲ့ဇီ၀ဖြစ်စဥ်ကိုလှုံ့ဆော်ပေးလို့ပေါ့ပေါ့ပါးပါးဖြစ်နေမယ်

အဲ့တာတွေအပြင်တခြားအကျိုးကျေးဇူးတွေလည်းအများကြီးရှိနေပါသေးတယ်။
ကဲ ဒါဆိုရေဘာလို့သောက်သင့်လည်းဆိုတာသိပြီမို့လို့ ဒီနေ့ကစပြီမနက်အိပ်ရာထတိုင်းရေစသောက်ကြည့်ကြပါခင်ဗျာ

တခြားကျန်းမာရေးနဲ့ပတ်သက်ပြီးဗဟုသုတတွေတင်ပေးမှာဖြစ်လို့ Myint Mo Specialist clinicရဲ့pageလေးကိုLike and followလုပ်ထားပေးကြပါအုံးခင်ဗျာ။ အချိန်ပေးဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်…အားလုံးပဲမင်္ဂလာရှိပြီးကျန်းမာသောသောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေ😊😊😊

ရာသီတုပ်​ကွေးကာကွယ်​ဆေး လာ​ရောက်ထိုးနှံနိုင်ပါပြီ📣
14/04/2023

ရာသီတုပ်​ကွေးကာကွယ်​ဆေး လာ​ရောက်ထိုးနှံနိုင်ပါပြီ📣

မင်္ဂလာပါခင်ဗျာ           မနက်ဖြန်(4.2.2023)​ ​နေ့လည် ၁၂နာရီမှာ နား၊နှာ​ခေါင်း၊လည်​ချောင်း အထူးကုဆရာ၀န်ကြီး ဆေးခန်းထိုင်...
03/02/2023

မင်္ဂလာပါခင်ဗျာ

မနက်ဖြန်(4.2.2023)​ ​နေ့လည် ၁၂နာရီမှာ နား၊နှာ​ခေါင်း၊လည်​ချောင်း အထူးကုဆရာ၀န်ကြီး ဆေးခန်းထိုင်မှာဖြစ်လို့ လာရောက်ပြသချင်သူများအနေဖြင့်ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်ခင်ဗျာ

Booking တင်ရန် : 09790690778,09456688858

ဆေးခန်းလိပ်စာ : အမှတ်၂၂,ဘုရင့်နှောင်လမ်း၊အောင်ချမ်းသာရပ်ကွက်၃၊သန်လျင်မြို့နယ်။

Address

No(22), Bayint Naung Street, Aung Chan Thar Ward(3), Thanhlyin
Thanlyin

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959790690778

Website

Alerts

Be the first to know and let us send you an email when Myint Mo specialist clinic-မြင့်မိုရ် အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myint Mo specialist clinic-မြင့်မိုရ် အထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram