Good Lucky Tourism & Health Services

Good Lucky Tourism & Health Services We Provide The Best Tourism & Health Services. Contact us for more details - 09256238332 | 09420930471

မဂ်လာပါ မိတ်ဆွေ တို့ရေ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်မျာလိုအပ်ပါက Good Lucky health and Tourism Services ကိုသတိရပေးပါရှင့်...
02/06/2025

မဂ်လာပါ မိတ်ဆွေ တို့ရေ ပြည်တွင်းပြည်ပ လေယာဉ်လက်မှတ်မျာလိုအပ်ပါက Good Lucky health and Tourism Services ကိုသတိရပေးပါရှင့်
ဆက်သွယ်ရန်ဖုန်း 09256238332

အားလုံးသောမိတ်ဟောင်းမိတ်သစ်အပေါင်းမဂ်လာနှစ်သစ် 2025 ဖြစ်ကြပါစေကြောင်း Good Lucky health and tourism မိသားစု မှတောင်းဆုပြ...
20/04/2025

အားလုံးသောမိတ်ဟောင်းမိတ်သစ်အပေါင်းမဂ်လာနှစ်သစ် 2025 ဖြစ်ကြပါစေကြောင်း Good Lucky health and tourism မိသားစု မှတောင်းဆုပြုအပ်ပါတယ်ရှင့်🙏Happy New year 2025.May you be all happy and healthy 🙏

ဟိတ် 😊ဘန်ကောက် ဆွမ်ခရန် ရေသဘင်ပွဲတော်မှာ လည်ဖိူ့စဉ်းစားနေပြီဆို Good lucky health and Tourism service ကိုသတိရပေးပါရှင့်G...
21/03/2025

ဟိတ် 😊ဘန်ကောက် ဆွမ်ခရန် ရေသဘင်ပွဲတော်မှာ လည်ဖိူ့စဉ်းစားနေပြီဆို Good lucky health and Tourism service ကိုသတိရပေးပါရှင့်
Good lucky office ph 09256238332

လေယာဉ်ထိုင်ခုံတွေ အပြာရောင်ဖြစ်ရတဲ့ အကြောင်းအရင်း။လေယာဉ်ခရီး မကြာခဏ သွားဖူးသူတွေအနေနဲ့ လေကြောင်းလိုင်း တော်တော်များများရ...
21/01/2025

လေယာဉ်ထိုင်ခုံတွေ အပြာရောင်ဖြစ်ရတဲ့ အကြောင်းအရင်း။

လေယာဉ်ခရီး မကြာခဏ သွားဖူးသူတွေအနေနဲ့ လေကြောင်းလိုင်း တော်တော်များများရဲ့ လေယာဉ်ထိုင်ခုံတွေဟာ အပြာရောင်ဖြစ်နေတာကို သတိထားမိကြမှာပါ။

ဘာကြောင့် အပြာရောင်ကို အသုံးပြုကြတာလဲ။

တချို့လူတွေကတော့ အပြာရောင်က ကောင်းကင်ကို ရည်ညွှန်းတာလို့ ယူဆကြပေမယ့် တခြားအချက်တွေလည်း ရှိနေပါသေးတယ်။

အောက်မှာတော့ Bright Side မှာတွေ့ရှိထားတဲ့ လေယာဉ်ထိုင်ခုံတွေနဲ့ ပတ်သက်တဲ့အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက လေကြောင်းလိုင်းတွေ အကုန်လုံးလိုလို ခုံအပြာရောင်တွေကို အသုံးပြုခဲ့ပါတယ်။

ဗြိတိန်သိပ္ပံပညာရှင်တွေအဆိုအရ အပြာရောင်ဟာ လုံခြုံစိတ်ချမှုရှိခြင်းကို ရည်ညွှန်းကြောင်းနဲ့

(၉၀) ရာခိုင်နှုန်းသော လူတွေဟာ လေကြောင်းလိုင်းရွေးချယ်ကြရာမှာ လေယာဉ်အမှတ်တံဆိပ် အရောင်ပေါ်မူတည်ပြီး မသိစိတ်ကနေ ရွေးချယ်လေ့ရှိပါတယ်တဲ့။

ဖုန်မှုန့်၊ အစွန်းအထင်းနဲ့ ခြစ်ရာ၊ရှရာတွေဟာ အပြာရောင်ပေါ်မှာဆိုရင် သိပ်ပြီးသိသာထင်ရှားလေ့ မရှိပါဘူး။

ဒါကြောင့် အပြာရောင်က တခြားအရောင်နုတွေထက်စာရင် ပိုတာရှည်ခံ သုံးနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်များမှာဆိုရင် အချို့လေကြောင်းလိုင်းတွေဟာ အနီရောင်ကူရှင်တွေကို သုံးလေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အနီရောင်က ခရီးသည်တွေအချင်းချင်း ရန်လိုမှုကို မြင့်တက်စေတာကြောင့် နောက်ပိုင်းမှာ အပြာရောင်ပြောင်းလဲခဲ့ရကြောင်း သိရပါတယ်။

ဒါတွေကတော့ လေယာဉ်ထိုင်ခုံတွေကို အပြာရောင်အဖြစ် ထားရှိရခြင်းနဲ့ပတ်သတ်တဲ့ ယေဘူယျအချက်တွေပါ။ တခြားအကြောင်းပြချက်တွေနဲ့ အသုံး ပြုကြတာလည်း ရှိနိုင်ပါတယ်။

လေယာဉ်ထိုင်ခိုင်ခုံကို အပြာရောင်ထားရှိရမယ်လို့ သတ်မှတ်မထားပါဘူး။ ဒါကြောင့် လေယာဉ်ထိုင်ခုံတွေကို အနီရောင်၊ အစိမ်းရောင် ထားပြီးအသုံးပြုတဲ့ လေကြောင်းလိုင်းတွေလည်းရှိကြပါတယ်။

လေယာဉ်ထိုင်ခုံတွေကို သားရေတုသို့မဟုတ် အထည်သားတွေနဲ့ ပြုလုပ်ကြပါတယ်။

နာရီပေါင်းများစွာကြာအောင် ပျံသန်းရတဲ့ ရက်ရှည်ခရီးစဉ်တွေဆိုရင်တော့ ထိုင်ခုံတွေကို အထည်သားနဲ့ပြုလုပ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အထည်သားဟာ ချွေးစုပ်တာကြောင့် အရေပြားကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။

သားရေတုထိုင်ခုံတွေကိုတော့ ရေတိုခရီးစဉ်တွေမှာအသုံးပြုပါတယ်။ စားရင်းသောက်ရင်းနဲ့ တစ်ခုခု ထိုင်ခုံပေါ်ဖိတ်ကျရင်တောင် ခုံမှာ အစွန်း အထင်း ကျန်ခဲ့မှာ မဟုတ်လို့ပါ။

လေယာဉ်ထိုင်ခုံ ခေါင်းနောက်မှီက အဝတ်ကလေးကိုတော့ Headrest covers - antimacassar လို့ ခေါ်ကြပါတယ်။

ဒီလို အဝတ်အပိုင်းကလေးတွေကို ဗစ်တိုးရီးယန်းခေတ်က ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

ထိုစကားဟာ အမျိုးသားတွေသုံးတဲ့ ခေါင်းလိမ်းဆီ macassar ဆိုတဲ့ စကားကနေ ဖြစ်လာတာပါ။

ထိုဆီက အင်မတန် ပျစ်နှစ်တာကြောင့် ပရိဘောဂတွေမှာ အစွန်းအထင်းဖြစ်လွယ်ပါတယ်။

ဒါကြောင့်လူတွေက တန်ဖိုးကြီးတဲ့ပရိဘောဂတွေမှာ ဆီကြောင့် အပျက် အစီး အစွန်းအထင်းတွေ မဖြစ်ရလေအောင် ထိုင်ခုံထိပ် ခေါင်းမှီနေရာတွေမှာ အဝတ်အပိုင်းလေးကို ချုပ်လုပ်တပ်ဆင်ခဲ့ကြတာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျား
#လေယာဉ်
#ထိုင်ခုံ

အားလုံးသောမိတ်ဟောင်းမိတ်သစ်အပေါင်းမဂ်လာနှစ်သစ် 2025 ဖြစ်ကြပါစေကြောင်း Good Lucky health and tourism မိသားစု မှတောင်းဆုပြ...
31/12/2024

အားလုံးသောမိတ်ဟောင်းမိတ်သစ်အပေါင်းမဂ်လာနှစ်သစ် 2025 ဖြစ်ကြပါစေကြောင်း Good Lucky health and tourism မိသားစု မှတောင်းဆုပြုအပ်ပါတယ်ရှင့်🙏Happy New year 2025.May you be all happy and healthy 🙏

18/12/2024

မိတ်ဆွေတို့ရေ ပြည်တွင်း ပြည်ပခရီးစဉ်များသွားမယ်ဆို Good Lucky Tourism & Health Services ကို သတိရလိုက်ပါ
မှန်ကန်သောစျေးနှုန်း, ကောင်းမွန်သော ဝန်ဆောင် မှုများနဲ့ စိတ်ချယုံကြည်စွာအားပေးနိုင်ပါတယ် Visa services များလည်း သက်သာသောဝန်ဆောင်ခများနှင့်ဆောင်ရွက်ပေးနေပါပြီ
ငွေစျေးအတက်အကျရှိတာမို့ မိမိသွားမည့်ခရီးစဉ်နေ့မတိုင်ခင် နှစ်ပတ် အနည်းဆုံး ကြိုတင်ပြီး ပြည်တွင်း ပြည်ပခရီးစဉ် လက်မှတ်များဝယ်ယူနိုင်ပါပီ အစဉ်အားပေးနေသော ဖောက်သည်တော်များနဲ့ မိတ်ဟောင်း မိတ်သစ်များအားလုံးကိုလေးစားစွာ ကျေးဇူးတင်ပါတယ်ရှင့်🙏
ဆက်သွယ်ရန်ရုံးဖုန်း 09256238332/09420930471

26/10/2024

လေယာဉ်ထိုင်ခုံတွေ အပြာရောင်ဖြစ်ရတဲ့ အကြောင်းအရင်း။

လေယာဉ်ခရီး မကြာခဏ သွားဖူးသူတွေအနေနဲ့ လေကြောင်းလိုင်း တော်တော်များများရဲ့ လေယာဉ်ထိုင်ခုံတွေဟာ အပြာရောင်ဖြစ်နေတာကို သတိထားမိကြမှာပါ။

ဘာကြောင့် အပြာရောင်ကို အသုံးပြုကြတာလဲ။

တချို့လူတွေကတော့ အပြာရောင်က ကောင်းကင်ကို ရည်ညွှန်းတာလို့ ယူဆကြပေမယ့် တခြားအချက်တွေလည်း ရှိနေပါသေးတယ်။

အောက်မှာတော့ Bright Side မှာတွေ့ရှိထားတဲ့ လေယာဉ်ထိုင်ခုံတွေနဲ့ ပတ်သက်တဲ့အချက်အလက်အချို့ကို တင်ပြပေးလိုက်ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက လေကြောင်းလိုင်းတွေ အကုန်လုံးလိုလို ခုံအပြာရောင်တွေကို အသုံးပြုခဲ့ပါတယ်။

ဗြိတိန်သိပ္ပံပညာရှင်တွေအဆိုအရ အပြာရောင်ဟာ လုံခြုံစိတ်ချမှုရှိခြင်းကို ရည်ညွှန်းကြောင်းနဲ့

(၉၀) ရာခိုင်နှုန်းသော လူတွေဟာ လေကြောင်းလိုင်းရွေးချယ်ကြရာမှာ လေယာဉ်အမှတ်တံဆိပ် အရောင်ပေါ်မူတည်ပြီး မသိစိတ်ကနေ ရွေးချယ်လေ့ရှိပါတယ်တဲ့။

ဖုန်မှုန့်၊ အစွန်းအထင်းနဲ့ ခြစ်ရာ၊ရှရာတွေဟာ အပြာရောင်ပေါ်မှာဆိုရင် သိပ်ပြီးသိသာထင်ရှားလေ့ မရှိပါဘူး။

ဒါကြောင့် အပြာရောင်က တခြားအရောင်နုတွေထက်စာရင် ပိုတာရှည်ခံ သုံးနိုင်ပါတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ အချက်တစ်ချက်က ၁၉၇၀ ခုနှစ်နဲ့ ၁၉၈၀ ခုနှစ်များမှာဆိုရင် အချို့လေကြောင်းလိုင်းတွေဟာ အနီရောင်ကူရှင်တွေကို သုံးလေ့ရှိခဲ့ပါတယ်။

ဒါပေမယ့် အနီရောင်က ခရီးသည်တွေအချင်းချင်း ရန်လိုမှုကို မြင့်တက်စေတာကြောင့် နောက်ပိုင်းမှာ အပြာရောင်ပြောင်းလဲခဲ့ရကြောင်း သိရပါတယ်။

ဒါတွေကတော့ လေယာဉ်ထိုင်ခုံတွေကို အပြာရောင်အဖြစ် ထားရှိရခြင်းနဲ့ပတ်သတ်တဲ့ ယေဘူယျအချက်တွေပါ။ တခြားအကြောင်းပြချက်တွေနဲ့ အသုံး ပြုကြတာလည်း ရှိနိုင်ပါတယ်။

လေယာဉ်ထိုင်ခိုင်ခုံကို အပြာရောင်ထားရှိရမယ်လို့ သတ်မှတ်မထားပါဘူး။ ဒါကြောင့် လေယာဉ်ထိုင်ခုံတွေကို အနီရောင်၊ အစိမ်းရောင် ထားပြီးအသုံးပြုတဲ့ လေကြောင်းလိုင်းတွေလည်းရှိကြပါတယ်။

လေယာဉ်ထိုင်ခုံတွေကို သားရေတုသို့မဟုတ် အထည်သားတွေနဲ့ ပြုလုပ်ကြပါတယ်။

နာရီပေါင်းများစွာကြာအောင် ပျံသန်းရတဲ့ ရက်ရှည်ခရီးစဉ်တွေဆိုရင်တော့ ထိုင်ခုံတွေကို အထည်သားနဲ့ပြုလုပ်ကြပါတယ်။

ဘာကြောင့်လဲဆိုတော့ အထည်သားဟာ ချွေးစုပ်တာကြောင့် အရေပြားကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။

သားရေတုထိုင်ခုံတွေကိုတော့ ရေတိုခရီးစဉ်တွေမှာအသုံးပြုပါတယ်။ စားရင်းသောက်ရင်းနဲ့ တစ်ခုခု ထိုင်ခုံပေါ်ဖိတ်ကျရင်တောင် ခုံမှာ အစွန်း အထင်း ကျန်ခဲ့မှာ မဟုတ်လို့ပါ။

လေယာဉ်ထိုင်ခုံ ခေါင်းနောက်မှီက အဝတ်ကလေးကိုတော့ Headrest covers - antimacassar လို့ ခေါ်ကြပါတယ်။

ဒီလို အဝတ်အပိုင်းကလေးတွေကို ဗစ်တိုးရီးယန်းခေတ်က ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

ထိုစကားဟာ အမျိုးသားတွေသုံးတဲ့ ခေါင်းလိမ်းဆီ macassar ဆိုတဲ့ စကားကနေ ဖြစ်လာတာပါ။

ထိုဆီက အင်မတန် ပျစ်နှစ်တာကြောင့် ပရိဘောဂတွေမှာ အစွန်းအထင်းဖြစ်လွယ်ပါတယ်။

ဒါကြောင့်လူတွေက တန်ဖိုးကြီးတဲ့ပရိဘောဂတွေမှာ ဆီကြောင့် အပျက် အစီး အစွန်းအထင်းတွေ မဖြစ်ရလေအောင် ထိုင်ခုံထိပ် ခေါင်းမှီနေရာတွေမှာ အဝတ်အပိုင်းလေးကို ချုပ်လုပ်တပ်ဆင်ခဲ့ကြတာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ
crd to original writer
Good Lucky health and Tourism

ပျော်စရာသီတင်းကျွတ်ဖြစ်ပါစေကြောင်း Good Lucky Health and Tourism မိသားစု မှဆုမွန်​ကောင်း တောင်းပေးလိုက်ပါတယ်ရှင့်
18/10/2024

လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ။ (လေယာဉ်ထဲမှာ သင်မြင်တွေ့ရမယ့်အရာတွေ)သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့...
04/10/2024

လေယာဉ်ကိုယ်ထည်အတွင်းက အမှတ်အသားတွေ။

(လေယာဉ်ထဲမှာ သင်မြင်တွေ့ရမယ့်အရာတွေ)

သင်လေယာဉ်နဲ့ ခရီးသွားမယ်ဆိုရင် Cabin လို့ခေါ်တဲ့ လေယာဉ်ခရီးသည်တင်အခန်းထဲကို ဝင်ရပါမယ်။

သင့်လက်မှတ်ပေါ်မှာပါတဲ့ ထိုင်ခုံနံပါတ်အတိုင်း ရှာဖွေပြီး ထိုင်ရပါမယ်။

မရှာတတ်ရင်လည်း မပူပါနဲ့။ လေယာဉ် မောင်/မယ်တွေက ကူညီရှာဖွေ ပေးပါတယ်။

အခုပြောချင်တာက အဲဒီလိုရောက်သွားတဲ့အချိန်မှာ သင်မြင်တွေ့ရမယ့် စာတန်းတွေ၊ အမှတ်အသား ဆိုင်းဘုတ်တွေအကြောင်း ဖြစ်ပါတယ်။

အပျင်းပြေ ဒီ " Signs and Placards" အကြောင်းလေး အဆုံးထိ ဖတ်ကြည့်ပေးကြပါအုံးနော်။

၁။ Fasten Seat Belt

ဒါကတော့ သင့်ကို ထိုင်ခုံမှာ ထိုင်နေစဉ် ခါးပါတ်ပါတ်ထားဖို့ သတိပေးတဲ့ အချက်ပြမီးပါ။

စာတန်းလည်းပါတတ်သလို၊ ခါးပါတ်ပုံလေးနဲ့ ပြတာမျိုးလည်း ရှိပါတယ်။

မီးမပျောက်မချင်း သင့်ခါးပါတ်ကို ပါတ်ထားရမှာပါ။ တစ်ခါတစ်လေ မီးငြိမ်းသွားပေမဲ့ လေယာဉ်မောင်/မယ်တွေက ခါးပါတ်ကို ဆက်ပါတ်ထားဖို့ အကြံပြုတာကို ကြားရပါလိမ့်မယ်။

အကာင်းဆုံးကတော့ ကိစ္စမရှိရင် ခါးပါတ်ကို ပါတ်ထားတာက သင့်အတွက် စိတ်ချရပါတယ်။

၂။ No Smoking/ No Device

အရင်ကတော့ ဆေးလိပ်သောက်တာကို လေယာဉ်ပေါ်မှာ ခွင့်ပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ လုံးဝ ခွင့်မပြုတော့ပါဘူး။

ဒါ့ကြောင့် No Smoking ဆိုင်းဘုတ်အစား၊ No Device ကို ပြောင်းတပ်လာပါတယ်။ ဒါကတော့ ဖုန်းတို့၊ ကွန်ပျူတာတို့ မသုံးရဆိုတဲ့ အဓိပ်ပါယျပါ။

၃။ Exit

လေယာဉ်ရဲ့ ထွက်ပေါက်တွေကို ညွန်ပြတာ ဖြစ်ပါတယ်။ လေယာဉ်အမျိုးအစားအလိုက် ထွက်ပေါက်တွေ အနည်းအများ ကွာပါတယ်။

ဒီဆိုင်းဘုတ်ပေါ်မှာ မြှားပုံ အမှတ်အသားပါလို့ မြှားရဲ့ ညွှန်ပြတဲ့ အတိုင်းသွားရင် ထွက်ပေါက်ကို ရောက်မှာ ဖြစ်ပါတယ်။

၄။ Seat No.
ခုံနံပါတ်တွေကိုတော့ သင့်ထိုင်ခုံအပေါ်ဖက်က "Overhead Luggage Bin" ရဲ့ အနားစပ်မှာ ရေးထားပါတယ်။ "1A,B" "2A,B" စသဖြင့်ပေါ့။

၅။Life Vest is Under Your Seat

သင့်ရှေ့ခုံရဲ့ ကျောမှီပေါ်က စာတန်းပါ။ ဒါက သင့်ခုံရဲ့ အောက်ပိုင်းမှာ တွဲချုပ်ထားတဲ့ အိတ်တစ်လုံး ရှိပါတယ်။ အဲဒီ အိတ်ထဲမှာ အသက်ကယ် အင်္ကျီရှိတာကို ပြောတာပါ။

၆။ Safety Instruction Card

သင့်ရှေ့ခုံရဲ့ ကျောဖက်အိတ်ထဲမှာ ပလတ်စတစ်နဲ့ ဖုံးအုပ်ထားတဲ့ စာရွက်တစ်ရွက်ကို တွေ့ရပါလိမ့်မယ်။

ဒီထဲမှာတော့ အရေးပေါ် အခြေအနေမှာ သင်လိုက်နာ လုပ်ဆောင်ရမယ့် အချက်တွေကို ပုံနဲ့ စာနဲ့ပါ ဖော်ပြပေးထားပါတယ်။ ဒါက ခုံတိုင်းမှာ ထည့်ပေးထားပါတယ်။

၇။ Reading Light / Crew Call

သင်ထိုင်ခုံမှာ ထိုင်လိုက်ပြီး အပေါ်ကို မော့ကြည့်ရင် လေပိုက်ခေါင်း အပေါက်နဲ့အတူ ခလုပ်လေးတွေ တွေ့ရပါလိမ့်မယ်။

ညအချိန် ပျံသန်းလို့ တစ်စီးလုံး အမှောင်ချထားချိန်မှာ သင်ဟာ Reading Light ခလုပ်ကိုနှိပ်ပြီး တစ်ကိုယ်ရေစာ မီးနဲ့ စာကြည့်နိုင်ပါတယ်။

သင့်မှာ အခက်အခဲရှိလို့ လေယာဉ်မောင်/မယ်ကို အကြောင်းကြားချင်ရင် Crew Call ခလုပ်ကို နှိပ်လိုက်ပါ။ သူတို့ရောက်လာပါလိမ့်မယ်။

၈။ Emergency Exit (အရေးပေါ်ထွက်ပေါက်)

အရေးပေါ်ထွက်ပေါက် ဘယ်နေရာမှာ ရှိတယ်ဆိုတာ မီးအနီရောင်နဲ့ ညွှန်ပြထားပါတယ်။

၉။ Floor Path Marking

သင့်ထိုင်ခုံကို သွားနေစဉ်မှာ သတိထားပြီး ကြမ်းပြင်ကို ကြည့်လိုက်ပါ။ လျှောက်လမ်းမှာ ခင်းထားတဲ့ ကော်ဇောအနားစွန်တွေမှာ ရောင်ပြန်တိပ်နဲ့ မျဉ်းဖြောင့်အတိုင်း တစ်ဖက်တစ်ချက် ကပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဒါတွေက သင့်ကို ထွက်ပေါက်ဆီကို ညွှန်ပြနေပါတယ်။

၁၀။ Lavatory (သန့်စင်ခန်း)

သန့်စင်ခန်းမှာလည်း တံခါးမှာကတည်းက ဆိုင်းဘုတ်အမှတ်အသားတွေ တွေ့ရပါလိမ့်မယ်။ လူရှိမရှိကို "Occupied"အမှတ်အသားနဲ့ ဖော်ပြထားပါတယ်။

အတွင်းမှာ ဆိုရင်လည်း အိမ်သာတက်ပြီး ရေဆွဲပါဆိုတဲ့ အဓိပ်ပါယျရှိတဲ့ "Flush" ဆိုတဲ့ ခလုပ်ကို တွေ့ရပါလိမ့်မယ်။ အမှိုက်ထည့်ရမယ့် နေရာကိုလည်း ပုံနဲ့ ပြထားပါတယ်။

အခြားသော " Signs and Placards" တွေ အများကြီးရှိပါသေးတယ်။ အဲ့ဒါတွေကတော့ လေယာဉ်အမှုထမ်းတွေနဲ့ ဆိုင်တာမျိုးတွေ များပါတယ်။

သင်နဲ့ ပါတ်သက်တဲ့ အမှတ်အသားများကို တင်ပြခဲ့တာဖြစ်လို့ နှစ်သက်ကြမယ်ထင်ပါတယ်။
လိုတာရှိရင်လည်း မန့်ခဲ့ကြပါအုံးလို့။

Address

No. 91, Tarwa University Main Road, Nyaung Bin Bus Stop
Thanlyin

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+959256238332

Website

Alerts

Be the first to know and let us send you an email when Good Lucky Tourism & Health Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Good Lucky Tourism & Health Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram