Physiotherapy နှင့် လက်တွေ့အသုံးချပညာ

  • Home
  • Myanmar
  • Thanlyin
  • Physiotherapy နှင့် လက်တွေ့အသုံးချပညာ

Physiotherapy နှင့် လက်တွေ့အသုံးချပညာ Physiotherapy.

17/03/2023

သိထားဖို့ လိုပါမယျ

ီ_ဘာ_ဘာ

01/01/2023

" တရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့
စီးပွားရေးလမ်းညွှန် (၁၇) ချက် "

၁။ ဆိုင်နေရာကောင်းခြင်းဟာ
ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ
ဆိုင်နေရာထက် ပိုအရေးကြီးနေတတ် ပြန်တယ်။

၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ
အရေးကြီးပါတယ်။
ဖောက်သည်ကို ပိုမြဲစေပါတယ်။

၎။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊
ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ
အရေးကြီးပေမဲ့
နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက
ပိုရောင်းကောင်းနေတတ်ပါတယ်။
ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက
ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊
မဝယ်မချင်းတိုက်တွန်းနေတာမျိုးရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ သူကိုလည်း
ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့သူလိုပဲ မျှမျှတတ ဆက်ဆံပါ ။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ ဝယ်သူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို
ဆဲဆိုအပြစ်တင်ခြင်းဟာ ဝယ်သူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို
အမျိုးလို သဘောထားပါ။
တတ်နိုင်သမျှ သူတို့ရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်း
ပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ
ဖောက်သည်ကို လျစ်လျူရှုတာ ၊
စော်ကားတာနဲ့ အတူတူပဲ။

၁၂။ ဈေးနူန်းတစ်ခုတည်း ဖြစ်ပါစေ ။
တစ်ခုခုကြောင့် ဈေးလျှော့ရောင်း ခြင်းဟာ
စိတ်ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။
ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုပါနဲ့ ။
ဝယ်သူ ကြိုက်တဲ့ပစ္စည်းဟာ
ဝယ်သူ အကျိုးရှိစေတဲ့ ပစ္စည်းလည်း ဖြစ်ပါစေ ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊
လက်ဆောင်ကို လူတိုင်းနှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။
ဝယ်သူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊
ကလေးဈေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။
(ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်း
မလုပ်ဘူး) ဆိုတာ သိပါစေ။

၁၆။ အသစ်ထွင်ပါ။
ဝယ်သူကို ဆွဲဆောင်နိုင်အောင်အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီးသေးသေး
အစွမ်းကုန် ကြိုးစားပါ။
ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။
ဝယ်သူ များလာအောင်
ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

တန်ဖိုးဖြတ်လို့မရတဲ့ဆေးကုသမှုတွေပါလူ့လောကမှာအရာရာတွေကိုအကောင်းဆုံးစိတ်စေတနာတွေကအခုရောက်ရာဘုံဘဝမှာစံစား ခံစားနေရပါစေ ဉီးမ...
15/11/2022

တန်ဖိုးဖြတ်လို့မရတဲ့ဆေးကုသမှုတွေပါ
လူ့လောကမှာအရာရာတွေကိုအကောင်းဆုံး
စိတ်စေတနာတွေကအခုရောက်ရာဘုံဘဝမှာစံစား ခံစားနေရပါစေ ဉီးမြတ်သူရေ

•••  ခုကာလမှာ ဆေးခန်းသွားရတဲ့အခက်ခဲတွေ များတာကြောင့် ကျွန်တော့မိတ်ဆွေတွေ အိမ်မှာနေရင်းကုစားလို့ရအောင် လွယ်ကူ ရိုးရှင်းတဲ...
24/11/2020

••• ခုကာလမှာ ဆေးခန်းသွားရတဲ့အခက်ခဲတွေ များတာကြောင့် ကျွန်တော့မိတ်ဆွေတွေ အိမ်မှာနေရင်းကုစားလို့ရအောင် လွယ်ကူ ရိုးရှင်းတဲ့လေ့ကျင့်ခန်းလေးတွေတင်ပေးတာပါ။
Lumber Pain ခါးနာနဲ့ Lower Back Pain ခါးနဲ့အောက်ပိုင်းတလျှောက် နာကျင်ကိုက်ခဲမှု့တွေ လျော့ပါး ပျောက်ကင်းစေတဲ့ လေ့ကျင့်ခန်းလေးတွေပါ လေ့ကျင့်ခန်းတခုကို ပုံမှာညွှန်ပြသည့် အချိန်အတိုင်း ဖြေးဖြေးမှန်မှန် အင်အားကိုအများကြီးမသုံးဘဲ ပြုလုပ်နိုင်ပါတယ်။
လေ့ကျင့်ခန်းလေးတွေအတွက် ပုံလေးများနဲ့တကွ ပြသထားပါတယ်။

Myat Thu
Traditional Medicin.
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကျွန်တော်အခုတင်ထားတဲ့ Post လေးဟာ လွယ်ကူပြီးရိုးရှင်းပါတယ် လက်နှိတ် ပြုပြင်ခြင်းအတတ်ပညာဟာ မှန်ကန်စွာပြုပြင်နိုင်ရင် ကျန်း...
05/10/2020

ကျွန်တော်အခုတင်ထားတဲ့ Post လေးဟာ လွယ်ကူပြီးရိုးရှင်းပါတယ် လက်နှိတ် ပြုပြင်ခြင်းအတတ်ပညာဟာ မှန်ကန်စွာပြုပြင်နိုင်ရင် ကျန်းမာရေးအတွက်သာမက ခံစားနေရတဲ့ရောဂါ နဲ့ဝေဒနာတို့ကို အမှန်သက်သာပျောက်ကင်းစေပါတယ်။
လူ့ခန္ဓာကိုယ်တခုလုံးမှာအရေးကြီးဆုံး အစိတ်အပိုင်းတခုဖြစ်တဲ့ ​ကျောရိုးပိုင်းကို ကုသနိုင်ရင် ကျောရိုးနဲ့ဆက်စပ်နေတဲ့ ဦးခေါင်းပိုင်း၊ လည်ပင်းဆစ်ရိုးပိုင်း၊ ကျောရိုးဆစ်ပိုင်း၊ ခါးဆစ်ပိုင်း၊ မြီးညှောင့်ရိုးပိုင်းထိ ကုသပြီးဖြစ်သလို ကျောရိုးဆစ်နဲ့ ဆက်နွယ်တဲ့ ခန္ဓာကိုယ်အတွင်းပိုင်း အင်္ဂါရပ်တွေအထိအကျိုးသက်ရောက်စေပါတယ်။
ပုံလေးတွေကိုလေ့လာပြီး ပုံ ၁ မှာပြထားတဲ့
ခြေထောက်အတွင်းပိုင်း ခြေမအောက်နားကနေ အတွင်းခြေမျက်စေ့အောက်နားထိ နေရာတလျှောက်ဟာ ကျောရိုးဆစ်နဲ့တိုက်ရိုက်ဆက်စပ်နေတဲ့နေရာဖြစ်လို့ ထိုနေရာလေးတလျှောက်ကို မိမိရဲ့ လက်မကိုအသုံးပြုပြီး ပုံပြပါကျောရိုးပုံလမ်းကြောင်းလေးအတိုင်း အထက်အောက် ခံနိုင်ရုံအားသုံးပြီး ၁၀ မိနစ်လောက်လက်နိတ်ပြုပြင်ပေးနိင်ပါတယ်။
ပုံ ၃ မှာပြထားတဲ့ကျောရိုးဆစ်တလျှောက်နဲ့တိုက်ရိုက်ဆိုင်တဲ့ ခန္ဓာကိုယ်အင်္ဂါရပ်တွေကိုလည်းတနည်းအားဖြင့်အကျိုးပြုပေးပါတယ်။
ပုံ ၂ မှာကျောရိုးဆစ်တလျှောက်ဆက်စပ်နေတဲ့ ဦးခေါင်းပိုင်း၊ လည်ဆစ်ရိုးပိုင်း၊ ကျောရိုးဆစ်ပိုင်း၊ ခါးပိုင်းနဲ့၊ မြီးညှောင့်ရိုးပိုင်းတို့ကို ခွဲခြားပြထားတဲ့ပုံလေးပါလေ့လာကြည့်ပါ။
မှန်ကန်တဲ့ကုထုံးတခုအတွက် တိုက်ရိုက်သက်ဆိုင်တဲ့နေရာကိုရွေးချယ်ကုသခြင်းဟာ အိမ်တအိမ်ရဲ့အတွင်းပိုင်းကိုဝင်တဲ့ တံခါးပေါက်ကိုသိရှိခြင်းပါဘဲ အိမ်ကိုလှည့်ပါတ်ပြီးသွားစရာမလိုတဲ့အတွက် အချိန်ကုန် လူပင်ပန်းမှု့နည်းသလို မိမိကိုယ်တိုင်ကုသရတဲ့အတွက် ပညာနဲ့အတူ ယုံကြည်မှု့ပါတိုးတက်စေပါတယ်။
အခုလို stay home ကာလမှာ ဝေဒနာတခုအတွက်ကုစရာဆေးခန်းရှားပါးချိန်ဖြစ်လို့ ဒီ Posts လေးကတနည်းနည်းတော့အကျိုးပြုနိုင်မယ်လို့ယူဆပြီး တင်လိုက်ရခြင်းပါ။

*ဆေးဆယ်ခွက်ဟာ လက်တချက်နဲ့ညီမျှပါတယ်
ကဲမိတ်ဆွေ စလုပ်ကြည့်ကြရအောင်။
*** အားလုံးကျန်းမာပြီး ချမ်းသာကြပါစေ.....

ဦးမြတ်သူ တဆ၅၀၃၅
အရိုး၊ အကြော၊ အဆစ်ကု

မရေးဖြစ် မတင်ဖြစ်တာကြာခဲ့ပြီ ကျွန်တော့မိတ်ဆွေများကို လေးစားမှု့နဲ့အကြံပြုရေးသားပါတယ် Covit 19 ကာလမှာ ဖျားနာခြင်းအပါအဝင် မ...
13/09/2020

မရေးဖြစ် မတင်ဖြစ်တာကြာခဲ့ပြီ ကျွန်တော့မိတ်ဆွေများကို လေးစားမှု့နဲ့အကြံပြုရေးသားပါတယ် Covit 19 ကာလမှာ ဖျားနာခြင်းအပါအဝင် မဖြစ်မနေကုရမယ့်အကြီးစားရောဂါ ဝေဒနာများကိုသာ ဆေးရုံဆေးခန်းပြကြပါ အတော်အသင့်အဖြစ်များဝေဒနာတွေကို လတ်တလောမိမိအိမ်မှာသာ တဦးတယောက်သောသူအကူညီနဲ့ကုသကြဖို့တိုက်တွန်းပါရစေ၊
ခုတင်ထားတဲ့ Post လေးက အဖြစ်များတဲ့ The Pain In The Neck and Back Pain Once And For All ပါ လည်ဆစ်ရိုးပိုင်း ၊ နှင့် နောက်ကျောပိုင်းတလျှောက် နာကျင်ကိုက်ခဲခြင်းများအတွက် ပုံ ( 1 to 6 ) မှာပြထားသည့်အတိုင်း ပြုပြင်ရမည့်နေရာတနေရာကို ၁ မိနစ် ခန့် ပေါင်း ၆ မိနစ် စာပြုပြင်နည်းလေးပါ ထိရောက်မှု့ရှိပြီး ရိုးရှင်းပါတယ် တနေ့ ၂ကြိမ်ခန့်ပြုပြင်ပေးနိုင်ပါတယ် ကဲမိတ်ဆွေတို့ အိမ်ထဲမှာနေရင်း ကိုယ့် ကိုကိုယ် ကုသကြရအောင်။ကုသပေးမည့်သူရဲ့ လက်ထားရမယ့်အနေအထားလေးတွေနဲ့ ပြုပြင်ရမယ့်လက်သွားရမယ့်ပုံစံလေးတွေကို မျှားနဲ့ပြထားပါတယ်။

😷အားလုံးကျန်းမာကြပါစေ

Back Pain Relief in 7 Minutes.ခါးနာ၊ နောက်ကျောတလျှောက်နာကျင်ကိုက်ခဲ ခြင်း ဝေဒနာများအတွက် အောက်ဖော်ပြပါလေ့ကျင့်ခန်း ၇ မျိ...
08/02/2020

Back Pain Relief in 7 Minutes.

ခါးနာ၊ နောက်ကျောတလျှောက်နာကျင်ကိုက်ခဲ ခြင်း ဝေဒနာများအတွက် အောက်ဖော်ပြပါလေ့ကျင့်ခန်း ၇ မျိုးကို *တမျိုး ၁မိနစ်ခန့် ညိမ်သက်စွာဆွဲထားပေးပြီး ၇ မျိုး၊ ၇မိနစ်ခန့်ပြုလုပ်ပေးခြင်းဖြင့် ခံစားနေရတဲ့ ဝေဒနာကို လျော့ပါး ပျောက်ကင်းနိုင်ပါတယ်။*အားလုံးကျန်းမာပျော်ရွှင်ကြပါစေ

U.M.T Naywunni...................................................................................

မင်္ဂလာညချမ်းလေးပါ ... အဖြစ်များသေါ ​ဝေဒနါအတွက်လက်တွေ့ကုထုံးလေးတခု ပြန်လည်တင်ပေးပါတယ်။
06/11/2019

မင်္ဂလာညချမ်းလေးပါ ... အဖြစ်များသေါ ​ဝေဒနါအတွက်လက်တွေ့ကုထုံးလေးတခု ပြန်လည်တင်ပေးပါတယ်။

ကိုယ်တိုင်လေ့လာ ကိုယ်တိုင်ကုသမှု့ပြုရင်း မိမိခန္ဓာကိုယ်ကို ပြုပြင်ထိမ်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်
05/10/2019

ကိုယ်တိုင်လေ့လာ ကိုယ်တိုင်ကုသမှု့ပြုရင်း မိမိခန္ဓာကိုယ်ကို ပြုပြင်ထိမ်းသိမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်

ကိုယ့်မိသားစုအတွင်း ခါးနာသူရှိရင် ဒီ post လေးကိုလေ့လာပြီးပြုပြင်ပေးနိုင်ဖို့ရည်ရွယ်ပါတယ်။အားလုံးမင်္ဂလာပါ
03/10/2019

ကိုယ့်မိသားစုအတွင်း ခါးနာသူရှိရင် ဒီ post လေးကိုလေ့လာပြီးပြုပြင်ပေးနိုင်ဖို့ရည်ရွယ်ပါတယ်။
အားလုံးမင်္ဂလာပါ

Address

Thanlyin

Opening Hours

Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Telephone

095177140

Website

Alerts

Be the first to know and let us send you an email when Physiotherapy နှင့် လက်တွေ့အသုံးချပညာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Physiotherapy နှင့် လက်တွေ့အသုံးချပညာ:

Share