Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင်

  • Home
  • Myanmar
  • Thanlyin
  • Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင်

Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်

❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။1. ထုံကျဉ်တာခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပ...
08/10/2023

❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။

1. ထုံကျဉ်တာ

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’s ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

2. ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ
ဖြစ်တာ

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း
သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

7. ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။
Crd:

💝အာရုံကြောအားကောင်းစေတဲ့အစားအစာများ။

❣️အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

❣️ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်ရှင်

❣️အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်ရှင်

💓ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

💓ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

💓ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

💓ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

💝အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

💓ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

💓ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

💓ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💓ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

💓ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

💓ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါရှင်။

မြန်မာ့တို့ရဲ့ ချစ်စရာယဥ်ကျေးမှု ဓလေ့လေးတခုကတော့ သီတင်းကျွတ် အချိန်အခါရောက်တိုင်း..လူကြီး မိဘဆရာသမားတွေ ကို ကန်တော့ ကြတာ...
03/10/2023

မြန်မာ့တို့ရဲ့ ချစ်စရာယဥ်ကျေးမှု ဓလေ့လေးတခု
ကတော့ သီတင်းကျွတ် အချိန်အခါရောက်တိုင်း..
လူကြီး မိဘဆရာသမားတွေ ကို ကန်တော့ ကြတာ
ဖြစ်ပါတယ်။

လူကြီးမိဘ ဆရာသမားတွေအတွက် နေ့စဥ်
မရှိမဖြစ် လိုအပ်တဲ့ အရာလေးကတော့ ဆေးဝါးပစ္စည်းပါ။

နေ့စဥ်လိုအပ်တဲ့ဆေးဝါးပစ္စည်းနဲ့
လူကြီးမိဘဆရာသမားတွေကို ကန်တော့ချင်ရင်တော့....
ဆေးဝါးမျိုးစုံ ပါတဲ့ Medical Box မျိုးစုံကို
မြင့်မိုရ်ဆေးဆိုင် မှာ ရနေပါပြီနော်....

မိမိတို့စိတ်ကြိုက် ဆေးအမျိုးအစား အလိုက်
ရွေးချယ် ကန်တော့နိုင်ပါတယ်🙏🙏
နေ့စဥ်ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုအပ်သောဆေးဝါးများကို Myint Mohr Pharmacy မှရရှိန်ုင်ပါပြီရှင့်💁💁
ဆက်သွယ်မှာယူလိုပါကလဲ
📞09.443527511
သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

👉ခုရက် ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါတွေ အဖြစ်များနေပါတယ်👈ကူးစက်ခံရပြီဆိုရင်တော့မျက်သားလေးတွေနီပြီးပူလာမယ်၊မျက်စိ...
02/10/2023

👉ခုရက် ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါတွေ အဖြစ်များနေပါတယ်👈
ကူးစက်ခံရပြီဆိုရင်တော့မျက်သားလေးတွေနီပြီးပူလာမယ်၊မျက်စိစူးလာမယ်ဖြစ်ပါတယ်ရှင်.......
အဲ့လိုဖြစ်လာပီဆိုရင်တော့ Hulocip eye/ear dropsဆိုတဲ့ဆေးကောင်းလေးကိုညွှန်းပေးချင်ပါတယ်🙆
မျက်လုံးထဲကို နှစ်နာရီခြားပြီးတစ်ကြိမ် အစက်နှစ်စက်မှန်မှန်လေးချပေးခြင်းဖြင့်အမြန်ဆုံးသက်သာပျောက်ကင်းသွားမှာဖြသ်ပါတယ်နော်....

မျက်စိနာကူးပြီလို့ သိရင် .... Hulocip eye/ear dropsမျက်စင်းလေး ခတ်ပါလို့....ညွှန်းလိုက်ပါရစေရှင့်🥰

မဂ်လာပါရှင့်......ချစ်လှစွာသော မိတ်ဆွေများရှင့်...အခုလိုရာသီမှာ အဖြစ်အများဆုံးလိုပြောရမဲ့ ရောဂါကတော့ မျက်စိနာတာ ဖြစ်ပါတယ...
30/09/2023

မဂ်လာပါရှင့်......
ချစ်လှစွာသော မိတ်ဆွေများရှင့်...
အခုလိုရာသီမှာ အဖြစ်အများဆုံးလိုပြောရမဲ့ ရောဂါကတော့ မျက်စိနာတာ ဖြစ်ပါတယ်.နော်...
ဒါပေမဲ့... စိတ်မပူပါနဲ့ရှင့်...ကျမတို့မြင့်မိုရ်ဆေးဆိုင်မှာ ဆေးကောင်းလေးကို ညွှန်ပေးချင်ပါတယ်ရှင့်.👉အဲ့ဆေးကောင်းလေးကတော့
COOL EYES အစက်ချဆေးရည်လေး ဖြစ်ပါတယ် ရှင့်.ဒီဆေးဟာ လူကြီးကော၊ကလေးငယ်များပါသုံးဆွဲနိုင်ပါတယ်ရှင့်..
ဆက်သွယ်မှာယူလိုပါက....
အမှတ်( ၅၆) ၊သတိပဌာန်လမ်းမကြီး​ပေါ်၊ ထန်းနှစ်ပင်ကျောင်းလမ်းထိပ်ဘေး၊မြင့်မိုရ်ဆေးဆိုင် ။
၀၉.၄၄၃၅၂၇၅၁၁ ၊ ၀၉. ၇၅၉၉၀၂၀၁၇

***Revicon Max***ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့နေသူများ၊ ကိုယ်ခံအားကောင်း၍ ကျန်းမာသန်စွမ်းလိုသူ လူကြီးလူငယ်များ၊ အလုပ်ပင်...
13/09/2023

***Revicon Max***
ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့နေသူများ၊ ကိုယ်ခံအားကောင်း၍ ကျန်းမာသန်စွမ်းလိုသူ လူကြီးလူငယ်များ၊ အလုပ်ပင်ပန်း၍ အားအင်ကုန်ခမ်းနေသူများအတွက် အထူးသင့်လျှော်ပါတယ်။ စျေးနှုန်းလေးကတော့ ၁၀လုံးတစ်ကဒ်ကိုမှ ၄၈၀၀ ကျပ်ပဲကျသင့်မှာ ဖြစ်ပါတယ်ရှင့်💁
ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
အမှတ်(၅၆) ထန်းနှစ်ပင်ကျောင်းလမ်းထိပ်၊သတိပဌာန်လမ်းမကြီး၊မြင့်မိုရ်ဆေးဆိုင်
☎09.443527511
09.759902017

Address

Thanlyin
11291

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959443527511

Website

Alerts

Be the first to know and let us send you an email when Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram