Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင်

  • Home
  • Myanmar
  • Thanlyin
  • Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင်

Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်

❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။1. ထုံကျဉ်တာခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပ...
08/10/2023

❣️အာရုံကြောအားနည်း နေတဲ့ လက္ခဏာ (၇) မျိုး။

1. ထုံကျဉ်တာ

ခြေတွေ၊ လက်တွေ ထုံကျဉ်တာ ဖြစ်ဖူးတယ်မလား။ ရာသီဥတုအေးလို့လည်း မဟုတ်ပါဘဲ မကြာခဏ ထုံကျဉ်တာ နေရခက်ပါတယ်။ ဗီတာမင် B12 အားနည်းခြင်းက အာရုံကြောတွေကိုဖုံးအုပ်ပေးထားတဲ့ အကာအကွယ်အလွှာကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ Crohn’s ရောဂါ သို့မဟုတ် တခြား အူလမ်းကြောင်းရောဂါတွေကြောင့်လည်း ဗီတာမင်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

2. ပိုချမ်းတတ်တာ

အရင်ကဆို မှုလောက်မှာမဟုတ်တဲ့ အအေးဓာတ်လောက်ကို အခုမှ အရမ်းချမ်းတတ်နေတာမျိုး။ နည်းနည်းအေးတာနဲ့ ကိုယ်က ခိုက်ခိုက်တုန်နေတာမျိုး ခံစားရတယ်ဆို သွေးအားနည်းနေတာဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းထဲမှာ B12 ဓာတ်မလုံလောက်လို့ သွေးနီဥတွေ နည်းတာ ဖြစ်စေနိုင်ပါတယ်။ ဒါဆို ခြေဖျား၊ လက်ဖျားတွေ အေးစက်ပြီး တဆတ်ဆတ်တုန်ပြီး ချမ်းတတ်တာပေါ့။

3. ဦးနှောက်လုပ်ဆောင်ချက်တွေကမောက်ကမ
ဖြစ်တာ

စိတ်ဓာတ်ကျတာ၊ အာရုံရှုပ်ထွေးတာ ၊မေ့တတ်လာတာ၊ အာရုံစူးစိုက်မရတာတွေက B12 အားနည်းရာကနေ ဖြစ်လာတဲ့လက္ခဏာတွေပါ။

4. အားနည်းတာ

လူကအားနည်းသလိုဖြစ်နေတယ်၊ ကြွက်သားတွေအားမရှိဘူး၊ ပင်ပန်းနုံးချိနေမယ်၊ ခေါင်းမူးတယ်ဆိုရင် အာရုံကြောအားနည်း တာဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေ ပိုဆိုးလာတယ်၊ ကြာလာတယ်ဆိုရင် ဆရာဝန်ပြပြီး အားဆေးသောက်သင့်သောက်ရပါမယ်။

5. နှလုံးခုန်မြန်တာ

နှလုံးခုန်မြန်တာကလည်း အာရုံကြောအားနည်း တဲ့ လက္ခဏာထဲမှာ ပါဝင်ပါတယ်။ ကြက်သား၊ ကြက်ဥ၊ ငါး တို့ကနေ ဗီတာမင်B12 ရရှိနိုင်ပါတယ်။ B12 ချို့တဲ့တယ်ဆိုရင် သွေးအားနည်းခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ အာရုံကြောထိခိုက်ခြင်းနဲ့ တခြားပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

6. ပါးစပ်အနာ

သွားဖုံး သို့မဟုတ် လျှာမှာ အနာလေးတွေ ဖြစ်လာတယ်ဆိုရင် B12 အားနည်းတာ၊ သွေးအားနည်းခြင်း
သို့မဟုတ် တခြားရောဂါ အကြောင်းရင်းတစ်ခုခုကြောင့် ဖြစ်နေနိုင်ပါတယ်။

7. ဗိုက်ပြဿနာ

ခံတွင်းပျက်တာ၊ အရမ်းပိန်သွားတာ၊ ဝမ်းချုပ်တာ စတဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ကိုယ်ထဲမှာ B12 ပမာဏချို့တဲ့လွန်းရင် ဆရာဝန်ပြပြီး အားဆေးထိုးသင့် ထိုးရပါမယ်။
Crd:

💝အာရုံကြောအားကောင်းစေတဲ့အစားအစာများ။

❣️အာရုံကြော အားနည်းလာပြီးလာဆိုရင် အာရုံကြောတွေ ပျက်စီးခြင်းတွေနဲ့ အခြားသော ခန္ဓာကိုယ်တွင် လက္ခဏာအမျိုးမျိုး ဖြစ်ပေါ်တတ်ပါတယ်။

❣️ဒါကြောင့် အာရုံကြော စနစ် အားကောင်းလာစေဖို့အတွက် အစားအစာကနေ ပြုလုပ်လိုရပါတယ်။ ကဲ ဘယ်လိုအရာတွေက အာရုံကြောစနစ်ကို အားကောင်းစေလလဲ ကြည့်လိုက်ရအောင်ရှင်

❣️အာရုံကြောစနစ် ကျန်းမာဖို့အတွက် ဒီဓါတ်တွေလိုအပ်ပါတယ်ရှင်

💓ဗီတာမင် B1 (သီရာမင်း)

ခြေထိပ်လက်ထိပ်လေးတွေမှာ အာရုံခံစားမိစေဖို့ လုပ်ဆောင်ပေးပါတယ်။

💓ဗီတာမင် B6

အာရုံခံစားမှုတွေကို သိရှိခံစားနိုင်စေဖို့ အရေးပါတဲ့ ဓါတ်တစ်ခုပါ။

💓ဗီတာမင် B12

ခြေလက်တွေ ထုံကျဉ်တာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။

💓ကော့ပါး

သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေပြီး အာရုံကြောကို ကျန်းမာစေနိုင်ပါတယ်။

💝အာရုံကြောကျန်းမာစေဖို့ ဘာတွေစားမလဲ

💓ဟင်းနုနွယ်

အာဟာရနဲ့ဗီတာမင်တွေကြွယ်ဝစေတယ်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓါကိုယ် ကျန်းမာစေနိုင်သလို ဦးနှောက်နဲ့အာရုံကြောကိုလည်း ကျန်းမာစေနိုင်ပါတယ်။

💓ဆန်လုံးညို

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာကျန်းမာစေနိုင်ပါတယ်။ အန္တရာယ်ရှိတဲ့homocysteines ပမာဏမြင့်တက်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ပါဝင်တာကြောင့် အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

💓ကိုကိုး

ဓါတ်တိုးဆန့်ကျင် အာနိသင်တွေကြွယ်ဝတာကြောင့်oxidative stressတွေကြောင့်ဖြစ်လာမယ့် အာရုံကြောထိခိုက်မှုပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

💓ငါး

အထူးသဖြင့်ကတော့ ပင်လယ်ငါးပါ။ Omega- 3 fatty acids ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်တွေကို ကျန်းမာစေနိုင်ပါတယ်။

💓ငှက်ပျောသီး

ပိုတက်ဆီယမ်ကြွယ်ဝတဲ့ ငှက်ပျောသီးလေးက ဦးနှောက်နဲ့အာရုံကြောစနစ်ကိုရေဓါတ်ပြည့်အောင်ဖြည့်ပေးပြီး အာရုံကြောစနစ် ကျန်းမာအောင်လုပ်ဆောင်ပေးပါတယ်။

💓ကြက်သွန်ဖြူ

ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်တာကြောင့် ဦးနှောက်နဲ့အာရုံကြောစနစ်ကို ကျန်းမာစေနိုင်ပါတယ်။
ဦးနှောက်နဲ့အာရုံကြောစနစ် ကျန်းမာစေဖို့အတွက် အခုပြောခဲ့တဲ့ အစားအသောက်လေးတွေကိုနေ့စဉ်တစ်ခု နှစ်ခုလောက်ပါဝင်အောင်စားသုံးပေးပြီး အာရုံကြောကျန်းမာအောင်စောင့်ရှောက်လိုက်ပါရှင်။

မြန်မာ့တို့ရဲ့ ချစ်စရာယဥ်ကျေးမှု ဓလေ့လေးတခုကတော့ သီတင်းကျွတ် အချိန်အခါရောက်တိုင်း..လူကြီး မိဘဆရာသမားတွေ ကို ကန်တော့ ကြတာ...
03/10/2023

မြန်မာ့တို့ရဲ့ ချစ်စရာယဥ်ကျေးမှု ဓလေ့လေးတခု
ကတော့ သီတင်းကျွတ် အချိန်အခါရောက်တိုင်း..
လူကြီး မိဘဆရာသမားတွေ ကို ကန်တော့ ကြတာ
ဖြစ်ပါတယ်။

လူကြီးမိဘ ဆရာသမားတွေအတွက် နေ့စဥ်
မရှိမဖြစ် လိုအပ်တဲ့ အရာလေးကတော့ ဆေးဝါးပစ္စည်းပါ။

နေ့စဥ်လိုအပ်တဲ့ဆေးဝါးပစ္စည်းနဲ့
လူကြီးမိဘဆရာသမားတွေကို ကန်တော့ချင်ရင်တော့....
ဆေးဝါးမျိုးစုံ ပါတဲ့ Medical Box မျိုးစုံကို
မြင့်မိုရ်ဆေးဆိုင် မှာ ရနေပါပြီနော်....

မိမိတို့စိတ်ကြိုက် ဆေးအမျိုးအစား အလိုက်
ရွေးချယ် ကန်တော့နိုင်ပါတယ်🙏🙏
နေ့စဥ်ကျန်းမာရေးစောင့်ရှောက်မှုအတွက်လိုအပ်သောဆေးဝါးများကို Myint Mohr Pharmacy မှရရှိန်ုင်ပါပြီရှင့်💁💁
ဆက်သွယ်မှာယူလိုပါကလဲ
📞09.443527511
သို့ဆက်သွယ်မှာယူနိုင်ပါတယ်ရှင့်

👉ခုရက် ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါတွေ အဖြစ်များနေပါတယ်👈ကူးစက်ခံရပြီဆိုရင်တော့မျက်သားလေးတွေနီပြီးပူလာမယ်၊မျက်စိ...
02/10/2023

👉ခုရက် ကူးစက်လွယ် မျက်သားရောင် မျက်စိနာရောဂါတွေ အဖြစ်များနေပါတယ်👈
ကူးစက်ခံရပြီဆိုရင်တော့မျက်သားလေးတွေနီပြီးပူလာမယ်၊မျက်စိစူးလာမယ်ဖြစ်ပါတယ်ရှင်.......
အဲ့လိုဖြစ်လာပီဆိုရင်တော့ Hulocip eye/ear dropsဆိုတဲ့ဆေးကောင်းလေးကိုညွှန်းပေးချင်ပါတယ်🙆
မျက်လုံးထဲကို နှစ်နာရီခြားပြီးတစ်ကြိမ် အစက်နှစ်စက်မှန်မှန်လေးချပေးခြင်းဖြင့်အမြန်ဆုံးသက်သာပျောက်ကင်းသွားမှာဖြသ်ပါတယ်နော်....

မျက်စိနာကူးပြီလို့ သိရင် .... Hulocip eye/ear dropsမျက်စင်းလေး ခတ်ပါလို့....ညွှန်းလိုက်ပါရစေရှင့်🥰

မဂ်လာပါရှင့်......ချစ်လှစွာသော မိတ်ဆွေများရှင့်...အခုလိုရာသီမှာ အဖြစ်အများဆုံးလိုပြောရမဲ့ ရောဂါကတော့ မျက်စိနာတာ ဖြစ်ပါတယ...
30/09/2023

မဂ်လာပါရှင့်......
ချစ်လှစွာသော မိတ်ဆွေများရှင့်...
အခုလိုရာသီမှာ အဖြစ်အများဆုံးလိုပြောရမဲ့ ရောဂါကတော့ မျက်စိနာတာ ဖြစ်ပါတယ်.နော်...
ဒါပေမဲ့... စိတ်မပူပါနဲ့ရှင့်...ကျမတို့မြင့်မိုရ်ဆေးဆိုင်မှာ ဆေးကောင်းလေးကို ညွှန်ပေးချင်ပါတယ်ရှင့်.👉အဲ့ဆေးကောင်းလေးကတော့
COOL EYES အစက်ချဆေးရည်လေး ဖြစ်ပါတယ် ရှင့်.ဒီဆေးဟာ လူကြီးကော၊ကလေးငယ်များပါသုံးဆွဲနိုင်ပါတယ်ရှင့်..
ဆက်သွယ်မှာယူလိုပါက....
အမှတ်( ၅၆) ၊သတိပဌာန်လမ်းမကြီး​ပေါ်၊ ထန်းနှစ်ပင်ကျောင်းလမ်းထိပ်ဘေး၊မြင့်မိုရ်ဆေးဆိုင် ။
၀၉.၄၄၃၅၂၇၅၁၁ ၊ ၀၉. ၇၅၉၉၀၂၀၁၇

***Revicon Max***ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့နေသူများ၊ ကိုယ်ခံအားကောင်း၍ ကျန်းမာသန်စွမ်းလိုသူ လူကြီးလူငယ်များ၊ အလုပ်ပင်...
13/09/2023

***Revicon Max***
ဗီတာမင်နှင့်သတ္တုဓါတ်ချို့တဲ့နေသူများ၊ ကိုယ်ခံအားကောင်း၍ ကျန်းမာသန်စွမ်းလိုသူ လူကြီးလူငယ်များ၊ အလုပ်ပင်ပန်း၍ အားအင်ကုန်ခမ်းနေသူများအတွက် အထူးသင့်လျှော်ပါတယ်။ စျေးနှုန်းလေးကတော့ ၁၀လုံးတစ်ကဒ်ကိုမှ ၄၈၀၀ ကျပ်ပဲကျသင့်မှာ ဖြစ်ပါတယ်ရှင့်💁
ဆက်သွယ်မှာယူချင်တယ်ဆိုရင်တော့
အမှတ်(၅၆) ထန်းနှစ်ပင်ကျောင်းလမ်းထိပ်၊သတိပဌာန်လမ်းမကြီး၊မြင့်မိုရ်ဆေးဆိုင်
☎09.443527511
09.759902017

Metformin (မက်ဖော်မင်)ဆီးချို ​​သွေးချို​ရောဂါဝေဒနာရှင်အတွက် ဆေးကောင်း တစ်မျိုးဖြစ်ပါတယ်ရှင့်...။အသုံးပြုပုံ👉 ဆီးချို ​​...
05/09/2023

Metformin (မက်ဖော်မင်)

ဆီးချို ​​သွေးချို​ရောဂါဝေဒနာရှင်အတွက် ဆေးကောင်း တစ်မျိုးဖြစ်ပါတယ်ရှင့်...။

အသုံးပြုပုံ👉 ဆီးချို ​​သွေးချိုရောဂါတွင်အသုံးပြု
နိုင်ပါတယ်နော်....။
-အထူးသဖြင့်​​တော့ ဝသောလူနာများ၊အစားရှောင်ရုံဖြင့်သွေးချိုကိုထိန်းမရသောအခါအသုံးပြုနိင်ပါတယ်နော်...။
💊 Insulinဆေး နှင့်သော်လည်းကောင်း၊
💊 အခြား သွေးချိုကျ(စားဆေး)များနှင့်သော်လည်း တွဲဖက်၍ သောက်သုံးန်ိုင်ပါတယ်နော်...။ ထို့ဆေးကောင်းလေးကို မှာယူလိုပါက..
မြင်မိုရ်ဆေးဆိုင် တွင်မှာယူသုံးစွဲနိုင်ပါတယ်ရှင့်...။
ဆက်သွယ်ရန်လိပ်စာ....

#အမှတ်( ၅၆)၊ သတိပဌာန်လမ်းမကြီး၊မြို့မစျေးအနောက်ဘက်ခြမ်း၊ ထန်းနှစ်ပင်ကျောင်းလမ်းထိပ်မှာ ရှင်..။
09 443 527 511
09 759 902 017

မြင့်မိုရ်ဆေးဆိုင်အဂ်လိပ်ဆေး မြန်မာဆေးအမျိုးမျိုးအားသန်လျင်မြို့အတွင်းအိမ်အရောက်ပို့ဆောင်ပေးနေပါပီရှင့်🚴ဆက်သွယ်မှာယူလိုပ...
03/09/2023

မြင့်မိုရ်ဆေးဆိုင်
အဂ်လိပ်ဆေး မြန်မာဆေးအမျိုးမျိုးအားသန်လျင်မြို့အတွင်းအိမ်အရောက်ပို့ဆောင်ပေးနေပါပီရှင့်🚴
ဆက်သွယ်မှာယူလိုပါက☎09.443527511
09.759902017

"Calcivita For Children "(အလုံး 60ပါဝင်ပါသည်)🔸ကိုယ်ဝန်ဆောင်မိခင်များ🔸နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အသုံးပြု န...
10/07/2023

"Calcivita For Children "
(အလုံး 60ပါဝင်ပါသည်)
🔸ကိုယ်ဝန်ဆောင်မိခင်များ
🔸နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အသုံးပြု နိုင်ပါသည်
🔸Vitamin A ပါဝင်သောကြောင့် အမြင်အာရုံကို
ကောင်းမွန်စေပြီး ဦးနှောက်မှတ်ဉာဏ် တိုးတက်ကောင်းမွန်စေပါသည်
🔸 Vitamin D3 ပါဝင်သောကြောင့် အရိုးအဆစ်များကို ကြံ့ခိုင်သန်မာစေ၍ အရပ်ရှည်ကြီးထွားစေပါသည် တစ်နေ့ 1 လုံးနေ့စဉ် မှီဝဲ သုံးစွဲနိုင်ပါသည်။

Moh pharmacy ဝယ်ယူရရှိနိုင်ပါပြီရှင်။✔🧡
🗣️အထူးလျှော့ဈေးနဲ့ဝယ်ယူရရှိနိုင်ပါပြီရှင့်

အအေးမိပြီး နှာစေး၊ နှာရည်ယိုရင် နှာခေါင်းတွေပိတ်ပြီး အသက်ကောင်းကောင်းရှုလို့မရတဲ့ ဒုက္ခကလည်း မသေးဘူးလေ။ လူကြားထဲသွားလို့...
30/06/2023

အအေးမိပြီး နှာစေး၊ နှာရည်ယိုရင် နှာခေါင်းတွေပိတ်ပြီး အသက်ကောင်းကောင်းရှုလို့မရတဲ့ ဒုက္ခကလည်း မသေးဘူးလေ။ လူကြားထဲသွားလို့ နှာခေါင်းတရှုံ့ရှုံ့နဲ့ဆို စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒါဆိုရင်Neo Mixagrip က ကူညီပါရစေနော်။ နှာစေး၊ နှာရည်ယိုတာတွေကို Neo Mixagrip ကသက်သာပျောက် ကင်းစေတာကြောင့် ကိုယ်နဲ့မကွာ ဆောင်ထားဖို့တော့မမေ့နဲ့နော်။
Myanmar
#မြင့်မိုရ်ဆေးဆိုင် တွင်ဝယ်ယူရရှိနိုင်ပါပြီနော်💁

ခန္ဓာကိုယ်အတွင်း အသက်ရှူကြောင်းကတစ်ဆင့် ဝင်ရောက်လာတတ်တဲ့ ဖုန်၊ မီးခိုးနဲ့ အခြားသော အန္တရာယ်ဖြစ်စေတဲ့ အမှုန်အမွှားတွေကို ...
26/06/2023

ခန္ဓာကိုယ်အတွင်း အသက်ရှူကြောင်းကတစ်ဆင့် ဝင်ရောက်လာတတ်တဲ့ ဖုန်၊ မီးခိုးနဲ့ အခြားသော အန္တရာယ်ဖြစ်စေတဲ့ အမှုန်အမွှားတွေကို ခန္ဓာကိုယ်ပြင်ပကို ဖယ်ထုတ်ရှင်းလင်းဖို့အတွက် နှာခေါင်း၊ လည်ချောင်း နဲ့ အဆုတ်အတွင်းမှာ ချွဲသလိပ်တွေ ကို သဘာဝအလျောက်ထုတ်လုပ်ပေးပါတယ်။ 🥰

နှာခေါင်း၊ လည်ချောင်းနဲ့ အဆုတ်အတွင်းအပါအဝင် အသက်ရှူလမ်းကြောင်းတစ်လျှောက် သန့်စင်စေဖို့အတွက် ချွဲသလိပ်တွေက ကူညီပေးတာဖြစ်ပေမယ့် တစ်ခါတလေ ရာသီဥတုအပြောင်းအလဲကြောင့်ဖြစ်စေ၊ ဆေးလိပ်အသောက်များလို့ဖြစ်စေ၊ ဓာတ်မတည့်ခြင်းနဲ့ ရောဂါပိုးဝင်ရောက်ခြင်းတွေကြောင့်ဖြစ်စေ ခန္ဓာကိုယ်က ချွဲသလိပ်တွေ အလွန်အကျွံမိထုတ်မိတာမျိုးတွေရှိလာတဲ့အခါ လည်းချောင်းကိုယားယံစေပြီး ချောင်းဆိုးခြင်းကိုဖြစ်စေပါတယ်။ 😤

ဒီလိုအခြေအနေတွေ ကြုံတွေ့လာရပြီဆို ချောင်းဆိုးစေတဲ့ ချွဲသလိပ်တွေကို အမြန်ဆုံးဖယ်ရှားပေးတဲ့ Musol ကိုသာ သတိရလိုက်ပါ။💯




#ချောင်းဆိုးပျောက်ဆေး
#ချွဲသလိပ်ကြေဆေး
#မြင့်မိုရ်ဆေးဆိုင် တွင်ဝယ်ယူရရှိနိုင်ပါပီရှင့်

ယနေ့ရရှိနိုင်သောဆေးဝါးများ
24/06/2023

ယနေ့ရရှိနိုင်သောဆေးဝါးများ

ဖလူဇာ အအေးမိတုပ်ကွေး၊ဖျားနာပျောက်ဆေးမှာ PPA  မပါဝင်ဘူးဆိုတာ သင်သိပါသလား?တခြားအဖျားပျောက်ဆေးတွေမှာပါတဲ့Phenylpropanolamin...
23/06/2023

ဖလူဇာ အအေးမိတုပ်ကွေး၊ဖျားနာပျောက်ဆေးမှာ PPA မပါဝင်ဘူးဆိုတာ သင်သိပါသလား?
တခြားအဖျားပျောက်ဆေးတွေမှာပါတဲ့Phenylpropanolamine (PPA) ဟာအထူးသဖြင့်အမျိုးသမီးတွေကိုဦးနှောက်အတွင်းသွေးယိုစီးစေပြီးလေဖြတ်လေငန်းဖြစ်စေနိုင်ပါတယ်။ PPA ဟာတခြားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ စိတ်ကြွခြင်း၊ စိတ်ကယောင်ကတန်းဖြစ်ခြင်း၊ အာရုံစူးစိုက်မရခြင်း စတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ PPAပါတဲ့အဖျားပျောက်ဆေးများဟာဆေးအာနိသင်ပြတာမြန်ပေမယ့် side effectတွေရှိနေတာကြောင့် မြန်မာနိုင်ငံအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ PPAပါသောဆေးများကိုဆရာ၀န်ညွန်ကြားချက်မပါဘဲမသောက်ကြရန်အတွက်လည်းအထူးသတိပေးနှိုးဆော်ထားပါတယ်။Fluzaအဖျားပျောက်ဆေးမှာဆိုရင်တော့ဖြင့် PPAလုံး၀လုံး၀မပါတာကြောင့်မိသားစု၀င်တိုင်းယုံကြည်စိတ်ချစွာသောက်သုံးနိုင်ပါတယ်။ မိသားစု၀င်တိုင်းရဲ့ကျန်းမာရေးအတွက် Fluzaကိုသာဆောင်ထားကြပါနော်။
#မြင့်မိုရ်ဆေးဆိုင် တွင်ဝယ်ယူရရှိနိုင်ပါပီနော်။

Address

Thanlyin
11291

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 18:00

Telephone

+959443527511

Website

Alerts

Be the first to know and let us send you an email when Myint Mohr Pharmacy - မြင့်မိုရ်ဆေးဆိုင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share